Return to Video

စီးပွားရေး ပူဖောင်းတွေ ဘာကြောင့် ပေါ်ပေါက်လာကြရတာလဲ? - Prateek Singh

  • 0:07 - 0:10
    ခင်ဗျားတို့ဟာ ကျူးလစ်ပန်းစည်း ဝယ်ဖို့
    ဘယ်လောက်များ ပေးမလဲ?
  • 0:10 - 0:12
    ဒေါ်လာ အနည်းငယ်လောက်လား? ဒေါ်လာ ရာချီလား?
  • 0:12 - 0:14
    ဒေါ်လာ တသန်းဆိုရင်ကော?
  • 0:14 - 0:16
    ပေးချင်မှာ မဟုတ်ဘူးနဲ့တူတယ်။
  • 0:16 - 0:19
    ခင်ဗျားတို့ဟာ ဒီအိမ်အတွက် ဒါမှမဟုတ်
    အိမ်မွေး တိရိစ္ဆာန် အစားအစာကို ရောင်းတဲ့
  • 0:19 - 0:23
    ဝက်ဘ်ဆိုက် တစိတ်တဒေသကို ပိုင်ဆိုင်ဖို့ကော
    ဘယ်လောက် ပေးမလဲ?
  • 0:23 - 0:25
    ခေတ်အလိုက် ခုနက ကျူးလစ်ပန်းတွေ၊
  • 0:25 - 0:29
    အိမ်ခြံမြေ နဲ့ pets.com ရှယ်ယာတွေကို
  • 0:29 - 0:33
    ၎င်းတို့ တန်တာထက်ကို ပိုတဲ့ ဈေးနဲ့
    ရောင်းနိုင်ခဲ့ကြတယ်။
  • 0:33 - 0:38
    ကိစ္စတိုင်းထဲမှာ ဈေးဟာ တက်ပြီးရင်းတက်လာလျက်
    အဲဒီနောက် ရုတ်ခနဲ ကျဆင်းသွားခဲ့တယ်။
  • 0:38 - 0:41
    စီးပွားရေးပါရဂူတွေက အဲဒါကို
    ပူဖောင်းလို့ ခေါ်ကြတယ်။
  • 0:41 - 0:43
    အဲဒီလို ပူဖောင်းတွေ တကယ်ဖြစ်ပျက်ပုံကို
    လေ့လာကြည့်ကြရအောင်။
  • 0:43 - 0:47
    နားလည်လွယ်ရန် ကျတော်တို့ရဲ့ ကျူးလစ်ကို
    ပြန်ယူပြီး စတင်ကြရအောင်။
  • 0:47 - 0:52
    ၁၇ ရာစုထဲမှာ နယ်သာလန် နိုင်ငံဟာ Dutch
    ရွှေခေတ်ထဲကို ခြေနင်း ဝင်ခဲ့တယ်။
  • 0:52 - 0:57
    ၁၆၃၀ ခုနှစ်မှာ Amsterdam ဟာ အရေးကြီးတဲ့
    ကုန်သွယ်ရေး ဌာနတခု ဖြစ်လာတယ်။
  • 0:57 - 1:01
    ဒတ်ခ်ျ သဘောင်္တွေဟာ အာရှမှနေပြီး ဟင်းခတ်
    အမွှေးအကြိုင်းတွေကို အကြီးအကျယ် သယ်လာကြလို့
  • 1:01 - 1:03
    ဥရောပမှာ အမြတ်တွေ ရရှိခဲ့ကြတယ်။
  • 1:03 - 1:08
    အဲဒါကြောင့် Amsterdam မြို့ဟာ ချမ်းသာလာကာ
    ကုန်သည်တွေ၊ ကုန်ကူးသူတွေနဲ့ ပြည့်နေခဲ့ပြီး
  • 1:08 - 1:11
    သူတို့ဟာ ပန်းခြံတွေနဲ့
    ဝန်းရံနေခဲ့ကြတဲ့ လှပတဲ့
  • 1:11 - 1:14
    အိမ်ကြီးခမ်းကြီးများထဲမှာ
    နေထိုင်ခဲ့ကြပါတယ်။
  • 1:14 - 1:17
    ထိုခေတ်တုန်းက ပန်းတမျိုးဟာ အထူးကို
    အရောင်းသွက်နေခဲ့ပါတယ်-
  • 1:17 - 1:19
    ကျူးလစ်ပန်းပါပဲ။
  • 1:19 - 1:22
    အရှေ့ဖက်ခြမ်းကနေပြီး လာခဲ့ကြတဲ့ ကုန်သွယ်ရေး
    သင်္ဘောတွေက
  • 1:22 - 1:23
    အဲဒီကျူးလစ် ပန်းတွေကို သယ်ယူလာခဲ့ကြတာပါ။
  • 1:23 - 1:26
    အဲဒါကြောင့် အဲဒီပန်းဟာ အထူးအဆန်းပန်း
    ဆိုပြီး ယူဆခံခဲ့ရတယ်၊
  • 1:26 - 1:28
    ပြီးတော့ ကျူးလစ်ဥကို မြေထဲ
    ချပေးလိုက်တဲ့နောက်
  • 1:28 - 1:32
    ပန်းပွင့်လာဖို့ နှစ်ချီ စောင့်ဖို့လိုတော့
    အဲဒီပန်းကို စိုက်ပျိုးရတာ ခဲယဉ်းခဲ့တယ်။
  • 1:32 - 1:36
    တဖန် ၁၆၃၀ ပြည့်လွန်နှစ်များမှာ
    ကျူးလစ်ပန်းကို ဗိုင်းရပ်စ်ပိုး ကူးစက်ရာမှ
  • 1:36 - 1:39
    ပန်းတွေကို ပိုလှလာအောင် မျိုးစပ်နည်း
    သိလာကြရာ
  • 1:39 - 1:43
    ပွင့်ချပ်တွေ ရောင်စုံဖြစ်အောင်၊ မီးလျှံလို
    အစင်းအကျားဖြင့် မျိုးစပ်ထုတ်လုပ်လာကြတယ်။
  • 1:43 - 1:47
    အဲဒီကျူးလစ်ပန်းဆိုရင် ပုံမှန် ကျူးလစ်ပန်း
    ထက်ကို ပိုရှားပါးခဲ့တယ်၊
  • 1:47 - 1:51
    အဲဒါရဲ့ ရလဒ်အဖြစ် အဲဒီပန်း အမျိုးအစားရဲ့
    ဈေးဟာ စပြီးမြင့်တက်လာခဲ့တယ်၊
  • 1:51 - 1:54
    အဲဒါနဲ့အတူ ကျူးလစ်ပန်းတွေဟာ
    ခေတ်စားလာကြတော့တယ်။
  • 1:54 - 1:57
    ကျူးလွန်ပန်းဟာ အဲဒီနိုင်ငံမှာ
    ဟိုလေးတကျော် ဖြစ်ခဲ့ကာ
  • 1:57 - 2:01
    မကြာမီမှာပဲ ကျူးလစ်ပန်းတွေကို လူတွေဟာ
    မရရအောင် လိုက်လံရှာပြီး ဝယ်လာကြတယ်။
  • 2:01 - 2:04
    တခုခုရဲ့ ဈေးဟာ မြင့်တက်လာခြင်းနဲ့
    ပင်ကိုယ် တန်ဖိုးသိပ်မများပေမဲ့
  • 2:04 - 2:07
    လူတွေက ငွေအမြောက်အများ ပေးလိုကြတယ်ဆိုတဲ့
    အချက်နှစ်ချက် ပေါင်းမိတဲ့အခါမှာ
  • 2:07 - 2:12
    လူတွေဟာ အရူးအမူး ဖြစ်လာတတ်ကြတယ်။
  • 2:12 - 2:16
    မကြာခင်တုန်းက အရူးအမူးဖြစ်ခဲ့ကြတဲ့ သာဓကမှာ
    ၁၉၉၀ ပြည့်လွန်တုန်းက dot-com တွေပါပဲ။
  • 2:16 - 2:21
    ဝက်ဘ်ဆိုက် အသစ်တွေရဲ့ ရှယ်ယာတွေဟာ ၁၇ ရာစု
    ကျူးလစ် ပန်းတွေလိုပါပဲ။
  • 2:21 - 2:24
    လူတိုင်းဟာ နည်းနည်းတော့ဝယ်ထားချင်ခဲ့တယ်။
  • 2:24 - 2:27
    ကျူးလစ်ပန်းတွေကို လိုချင်သူ များလေလေ၊
    ဈေးဟာ ပိုပိုမြင့်တက်သွားခဲ့ပါတယ်။
  • 2:27 - 2:30
    တချိန်တုန်းက၊ ကျူးလစ်ပန်း တပွင့်တည်းကို
  • 2:30 - 2:36
    ကျွမ်းကျင်တဲ့ လက်မှုပညာရှင်ရဲ့ တနှစ်၀င်ငွေ
    ဆယ်ဆ တန်ဖိုးဖြင့် ရောင်းနိုင်ခဲ့တယ်။
  • 2:36 - 2:37
    ရှယ်ယာဈေးကွက်ထဲမှာ
  • 2:37 - 2:41
    ရှယ်ယာ တခုခုရဲ့ ဈေးဟာ ရင်းနှီးရှင်များရဲ့
    ရောင်းလိုအား နဲ့ ဝယ်လိုအားပေါ်မှာ မူတည်တယ်။
  • 2:41 - 2:43
    ကုမ္ပဏီတခုခုက အနာဂတ်မှာ ဝင်ငွေ
    များလာမယ်လို့ ထင်ရရင်
  • 2:43 - 2:47
    ရှယ်ယာဈေးဟာ မြင့်တက်လာဖို့ များပါတယ်။
  • 2:47 - 2:49
    ငွေကိုရင်းလိုကြသူတို့ဟာ ရှယ်ယာကို
    တိုးတိုး ဝယ်လာကြလေရာ
  • 2:49 - 2:53
    ဝယ်လိုအား တိုးလာတာနဲ့အမျှ ဈေးဟာပိုလို့ကို
    မြင့်တက်လာရတယ်။
  • 2:53 - 2:58
    အဲဒါဟာ လိပ်ပတ်လည်သလို ဖြစ်လာနိုင်ကာ
    ရင်းနှီးရှင်တို့ဟာ
  • 2:58 - 3:02
    ရှယ်ယာတန်ဖိုးကို ပင်ကိုယ်ထက် သိသိသာသာ
    မြင့်တက်လာစေရင်း ထောင်ချောင်ထဲ မိသွားလျက်
  • 3:02 - 3:04
    ပူဖောင်းကြီးကို ဖန်တီးပေးလာကြတယ်။
  • 3:04 - 3:08
    အဲဒီလို အရူးအမူးဖြစ်မှုကို အဆုံးသတ်ပစ်ဖို့
    ပူဖောင်း ပေါက်ထွက်သွားဖို့ လိုအပ်တာက
  • 3:08 - 3:11
    ရှယ်ယာ ဒါမှမဟုတ် ကျူးလစ်တွေရဲ့ ဈေးဟာ
    ၎င်းရဲ့ တန်ဖိုးထက်ကို အဆပေါင်းများစွာမှ
  • 3:11 - 3:13
    ကြီးမြင့်နေတာကို လူတွေအားလုံး
    နားလည်လာကြရန်ပါပဲ။
  • 3:13 - 3:17
    ခုနက အရူးအမူးဖြစ်မှု နှစ်ခုစလုံး
    အဲဒီလိုနည်းဖြင့် အဆုံးသတ်ခဲ့ကြတယ်။
  • 3:17 - 3:19
    ရုတ်တရက်ဆိုသလို ဝယ်လိုအားဟာ
    ရပ်စဲသွားခဲ့တယ်။
  • 3:19 - 3:22
    ဈေးနှုန်းတွေဟာ ထိုးကျနိမ့်ဆင်းသွားကြကာ
  • 3:22 - 3:23
    ပေါက်ထွက်သွားခဲ့တယ်!
  • 3:23 - 3:26
    ပူဖောင်းတွေ ပေါက်ထွက်သွားကြလို့၊ ဈေးကွက်ဟာ
    ဖရိုဖရဲဖြစ်ခဲ့ရတယ်။
  • 3:26 - 3:30
    ပညာရှင်တွေဟာ ပူဖောင်း ပေါ်ပေါက်လာရခြင်းရဲ့
    အကြောင်းရင်းတွေကို အားထုတ်လေ့လာလျက်
  • 3:30 - 3:33
    ဘယ်လို ဟောကိန်းထုတ်မလဲ၊ ဘယ်လိုရှောင်ရမလဲ
    ဆန်းစစ်နေကြတယ်။
  • 3:33 - 3:36
    ကျူးလစ်ပန်းကို အရူးအမူးဖြစ်ခဲ့မှုဟာ
    ပူဖောင်းဆိုင်ရာ အခြေခံမူတွေကို နားလည်ဖို့
  • 3:36 - 3:39
    ကူပေးလျက် ၂၀၀၀ ပြည့်လွန်နှစ်များတုန်းက ဒ
    မြင်ခဲ့ကြရတဲ့ အိမ်ခြံမေ ပူဖောင်းလို
  • 3:39 - 3:42
    မကြာမီလေးတင်က သာဓတွေကို
    နားလည်လာအောင် ကူပေးနိုင်တဲ့
  • 3:42 - 3:45
    သိပ်ကို ထိရောက်မြင်သာတဲ့ သာဓကကောင်းပါပဲ။
  • 3:45 - 3:48
    စီးပွားရေးဟာ တဟုန်ထိုးတက်လာလိုက်၊
    ကသောင်းကနင်းဖြစ်လိုက် အဆင့်တွေကို
  • 3:48 - 3:50
    ဆက်ပြီး ကျော်ဖြတ်နေရမှာပါ။
  • 3:50 - 3:53
    ကျွန်တော်တို့ဟာ အရူးအမူးဖြစ်မှု နောက်တခု
    ပေါ်ထွန်းလာမှာ စောင့်စားရင်း၊
  • 3:53 - 3:55
    နောက်ပူဖောင်းတခု ပေါက်ထွက်သွားမှာကို
    စောင့်စားရင်း၊
  • 3:55 - 3:57
    ကျူးလစ် ပန်းတွေဖြင့် ဘဝအရသာကို ခံစားကြပါ၊
  • 3:57 - 4:01
    အဲဒီကျူးလစ်ပန်းတွေအတွက် တပုံတခေါ်ကြီး
    ပေးဆပ်ရန် မလိုတာကို ကျေးဇူးတင်ပါ။
Title:
စီးပွားရေး ပူဖောင်းတွေ ဘာကြောင့် ပေါ်ပေါက်လာကြရတာလဲ? - Prateek Singh
Speaker:
Prateek Singh
Description:

သင်ခန်းစာအပြည့်ကို ကြည့်ရန်: http://ed.ted.com/lessons/what-causes-economic-bubbles-prateek-singh

၁၆၀၀ ပြည့်လွန်နှစ်များတုန်းက၊ ထူးဆန်းလှပတဲ့ ကျူးလစ်ပန်းဟာ တနိုင်ငံလုံးမှာ ဟိုလေးတကျော် ဖြစ်လာခဲ့ကာ၊ အဲဒီပန်းဥ တဥတည်းကိုတောင် လက်မှုပညာရှင် တယောက်ရတဲ့ တနှစ်လုံးလစာထက် ဆယ်ဆ ပိုတန်တဲ့ ဈေးနဲ့ ရောင်းနိုင်ခဲ့တယ်။ ရုတ်တရက်ဆိုသလို ဝယ်လိုအားဟာ ကျဆင်းသွားရာ ကျူးလစ် ဈေးကွက်ဟာ အတော်ကြာ အခြေအနေ ဆိုးဝါးနေခဲ့တယ်။ ဘယ်လို ဖြစ်သွားတာလဲ? Prateek Singh က အားလုံးက အရူးအမူးဖြစ်ခြင်းလို့ ခေါ်ကြတဲ့ စီးပွားရေးလုပ်ငန်း တခုရဲ့ အထွဍ်အထိပ် စက်ဝန်းအကြောင်းကို ရှင်းပြထားပါတယ်။
Prateek Singh ရဲ့ သင်ခန်းစာကို Simon Ampel ကု သရုပ်ဖေါ်ပေးထားတာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:17

Burmese subtitles

Revisions