Return to Video

ခြေ၊ လက်အင်္ဂါအတုများရဲ့ နာကျင်ရသော ပြဿနာ

  • 0:01 - 0:05
    ကျွန်တော်က ဆီရဲရာ လီယွန်းမှာ မွေးဖွားကြီးပြင်းခဲ့တာပါ။
  • 0:05 - 0:07
    အနောက်အာဖရိကမှာရှိတဲ့ သေးငယ်ပြီး
  • 0:07 - 0:09
    အရမ်းလှပတဲ့ နိူင်ငံတစ်ခုပေါ့။
  • 0:09 - 0:12
    ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေနဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ ပင်ကိုယ်စွမ်းရည်
  • 0:12 - 0:14
    နှစ်မျိုးစလုံး ကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံပါ။
  • 0:14 - 0:16
    ဒါပေမယ့် ဆယ်စုနှစ်တစ်ခုစာကြာခဲ့ပြီး ရွာလုံးကျွတ်လိုက်ဆိုသလို မီးရှို့ခံခဲ့ရတဲ့
  • 0:16 - 0:19
    (၉၀)ခုနှစ်ပ်ိုင်းက ပုန်ကန်စစ်ပွဲကြောင့်
  • 0:19 - 0:22
    ဆီရဲရာ လီယွန်းဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်
  • 0:22 - 0:26
    ဒီကာလအတွင်းမှာ ခန့်မှန်းခြေ (၈၀၀၀)လောက်ရှိတဲ့ ယောက်ျား၊ မိန်းမ၊ ကလေးတွေဟာ
  • 0:26 - 0:30
    သူတို့ရဲ့ လက်တွေ၊ခြေထောက်တွေ ဆုံးရှုံးခဲ့ပါတယ်။
  • 0:30 - 0:33
    ကျွန်တော် (၁၂)နှစ်သားအရွယ်မှာ အဲဒီတိုက်ပွဲ တစ်ခုကနေ
  • 0:33 - 0:36
    ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ ဘေးလွတ်ရာကို ရှောင်ပြေးစဉ်မှာ
  • 0:36 - 0:39
    ငါတို့ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံမျိုး
  • 0:39 - 0:42
    ငါတို့ရဲ့ကလေးတွေ မကြုံစေဖို့
  • 0:42 - 0:45
    ငါလုပ်နိုင်တာမှန်သမျှ လုပ်မယ်လို့ ကျွန်တော် သန္နိဋ္ဌာန်ချလိုက်ပါတယ်။
  • 0:45 - 0:48
    အမှန်တကယ်တော့ သူတို့လေးတွေဟာ စစ်ပွဲ နဲ့ ကိုယ်အင်္ဂါဖြတ်တောက်ကုသခြင်းတွေက
  • 0:48 - 0:50
    အာဏာရရှိရေးအတွက် နည်းဗျူဟာတစ်ခုမဟုတ်တော့တဲ့ ဆီရဲရာ လီယွန်းရဲ့
  • 0:50 - 0:55
    အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်
  • 0:55 - 0:59
    ကျွန်တော် သိကျွမ်းတဲ့ ၊ချစ်ခင်ရတဲ့ သူတွေ
  • 0:59 - 1:00
    ဒီဝမ်းနည်းကြေကွဲစရာ အဖြစ်ဆိုးကနေ နာလန်ထူလာတာကို ကြည့်နေမိတဲ့အခိုက်မှာ
  • 1:00 - 1:03
    ကျွန်တော့်ကို အလွန်အမင်း စိတ်သောကဖြစ်စေတာက
  • 1:03 - 1:06
    ဒီနိုင်ငံမှာရှိတဲ့ ခြေလက်ဖြတ်တောက်ခံထားရတဲ့သူတွေအများစုဟာ
  • 1:06 - 1:08
    ခြေတု၊လက်တုတွေသုံးကြမှာ မဟုတ်ဘူးဆိုတာပါ။
  • 1:08 - 1:10
    ကျွန်တော်တွေ့တွေ့နေခဲ့တဲ့ အကြောင်းပြချက်ကတော့
  • 1:10 - 1:12
    သူတို့တွေရဲ့ ခြေတု၊လက်တုစွပ်တဲ့ အံစွပ်တွေက
  • 1:12 - 1:17
    သိပ်ပြီး ခွင်ကျမဟုတ်တော့ နာကျင်စေတာကြောင့်ပါတဲ့
  • 1:17 - 1:20
    ခြေတု၊လက်တုစွပ်တဲ့ အံဆိုတာကတော့
  • 1:20 - 1:23
    ခြေ၊လက်ဖြတ်ခံထားရသူတွေက သူတို့ရဲ့ကြွင်းကျန်တဲ့ ခြေ၊လက်အင်္ဂါကို ထည့်သွင်းတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊
  • 1:23 - 1:25
    ဒါက ခြေချင်းဝတ်အတုကို ဆက်ပေးထားတာပါ။
  • 1:25 - 1:27
    ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင်
  • 1:27 - 1:31
    လူနာတစ်ယောက်အတွက် သက်တောင့်သက်သာဖြစ်တဲ့ အံစွပ်တစ်ခုရနိုင်မယ်ဆိုရင်တောင်
  • 1:31 - 1:35
    အချိန် (၃)လ ကနေ တစ်ခါတစ်ရံ နှစ်နဲ့ချီပြီး အချိန်ယူရတာမျိုးရှိတွေရှိတတ်တော့ဗျာ။
  • 1:35 - 1:38
    ခြေတု၊လက်တု ပညာရှင်တွေဟာ ကုန်ကြမ်းပစ္စည်း တစ်မျိုးတည်းပါတဲ့
  • 1:38 - 1:40
    ခြေ၊လက်အတု အစွပ်တွေကို ဖန်တီးဖို့ ပုံသွင်းခြင်းနဲ့ပုံလောင်းခြင်းတွေမျိုးလို
  • 1:40 - 1:44
    သမာရိုးကျ နည်းစနစ်တွေကိုပဲ အသုံးပြုနေကြတုန်းပဲလေ။
  • 1:44 - 1:47
    ဒီလို အစွပ်မျိုးတွေက မကြာခဏဆိုသလို လူနာရဲ့ ခြေလက်အင်္ဂါပေါ်ကို
  • 1:47 - 1:49
    မခံရပ်နိုင်လောက်တဲ့ ဖိအား ပမာဏတွေ ဖြစ်ပေါ်စေတတ်တယ်လေ။
  • 1:49 - 1:54
    ဖိမိပြီးတော့ဖြစ်တဲ့ နာကျင်တာတွေ၊ အရည်ကြည်ဖုပေါက်တာတွေ ဖြစ်ကျန်ခဲ့တာပေါ့။
  • 1:54 - 1:56
    ခြေကျင်းဝတ်အတုဟာ ဘယ်လောက်ပဲ
  • 1:56 - 1:59
    အားကောင်းကောင်း အရေးမကြီးပါဘူး။
  • 1:59 - 2:02
    ခြေတုအစွပ်က သက်တောင့်သက်သာ မဖြစ်ဘူးဆိုရင်တော့
  • 2:02 - 2:03
    ခြေထောက်ကို သုံးလို့ရမှာ မဟုတ်သလို
  • 2:03 - 2:05
    ဒါဟာ ကျွန်တော်တို့ ခေတ်မှာ လက်ခံနိုင်စရာလည်း မရှိဘူးဆိုရုံပဲပေါ့။
  • 2:07 - 2:10
    ဒီလိုနဲ့ တစ်နေ့မှာ လွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်က
  • 2:10 - 2:11
    ပါမောက္ခ ဟာ့(ဂ်) ဟား(ရ်)နဲ့ဆုံမိတုန်းက
  • 2:11 - 2:14
    သူကျွန်တော့ကို မေးတာက ကျွန်တော် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိလားတဲ့။
  • 2:14 - 2:16
    ကျွန်တော်က မသိသေးပါဘူးဗျာ၊
  • 2:16 - 2:18
    ဒါပေမဲ့ ဒါကို နည်းလမ်းရှာကြည့်ချင်ပါတယ်လို့ဖြေလိုက်ပါတယ်။
  • 2:18 - 2:22
    ဒီလိုနဲ့ MIT Media Lab မှာ ကျွန်တော့်ရဲ့ ပါရဂူဘွဲ့အတွက်
  • 2:22 - 2:24
    သမာရိုးကျ ခြေတုအစွပ်တွေထက်
  • 2:24 - 2:27
    ပိုပြီးသက်တောင့်သက်သာဖြစ်တဲ့ စိတ်တိုင်းကျခြေတုစွပ်တွေကို
  • 2:27 - 2:29
    မြန်မြန်ဆန်ဆန် ဈေးသက်သက်သာသာနဲ့
  • 2:29 - 2:32
    ပုံစံထုတ်ခဲ့ပါတယ်။
  • 2:32 - 2:34
    လူနာရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံသဏ္ဍာန်အမှန်ကို ဖမ်းယူဖို့အတွက်
  • 2:34 - 2:38
    သံလိုက် အသံလှိုင်း လှုံ့ဆော်မှုစနစ်ပါတဲ့ ပုံရိပ်ဖမ်းခြင်းကို အသုံးပြုခဲ့ပါတယ်။
  • 2:38 - 2:41
    နောက်ပြီးတော့ သာမန် တွန်းအားတွေ အပေါ်မှာ သက်ရောက်နေတဲ့
  • 2:41 - 2:43
    ကိုယ်တွင်းပိုင်းဆိုင်ရာ ဖိညှစ်အားနဲ့ ဝန်ပိခြင်းတွေကို ပိုပြီးကောင်းကောင်းမွန်မွန် ကြိုတင်ခန့်မှန်းနိူင်ဖို့အတွက်
  • 2:43 - 2:45
    ကန့်သတ်ထားတဲ့ အစိတ်အပိုင်းဆိုင်ရာ ပုံစံငယ်ပြုလုပ်ခြင်းအတတ်ပညာကို သုံးပါတယ်။
  • 2:45 - 2:50
    ဒီနောက်မှာတော့ ခြေတုအစွပ်တစ်ခု ထုတ်လုပ်ဖို့အတွက် ဖန်တီးပါတယ်။
  • 2:50 - 2:53
    လူနာရဲ့ ကိုယ်ခန္ဓာတည်ဆောက်မှု အပေါ်ရှိ
  • 2:53 - 2:57
    ဖိအားကို လိုအပ်တဲ့ နေရာမှာ သက်သာစေတဲ့
  • 2:57 - 3:00
    ကုန်ကြမ်းမျိုးစုံပါဝင်တဲ့ ခြေတုအစွပ်တစ်ခုကို ဖန်တီးဖို့
  • 3:00 - 3:03
    သုံးဖက်မြင် ပုံနှိပ် ကိရိယာကို သုံးပါတယ်။
  • 3:03 - 3:06
    တိုတိုပြောရရင် ဆန်းသစ်တဲ့ အစွပ်တွေကို မြန်မြန်ဆန်ဆန်နဲ့
  • 3:06 - 3:10
    ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ဖို့အတွက် ကိန်းဂဏန်းအချက်အလက်တွေကို အသုံးပြုနေပါတယ်။
  • 3:10 - 3:12
    Media Lab မှာ လက်စသတ်ခဲ့တဲ့
  • 3:12 - 3:14
    တလောက စမ်းသပ်စစ်ဆေးမှုတစ်ခုမှာ
  • 3:14 - 3:16
    ကျွန်တော်တို့ရဲ့ လူနာတွေထဲက တစ်ယောက်ဖြစ်တဲ့
  • 3:16 - 3:19
    အနှစ်(၂၀)လောက် ခြေတစ်ဖက် ဖြတ်ခံထားရသူ အမေရိကန် စစ်ပြန်ကြီးတစ်ယောက်၊
  • 3:19 - 3:22
    ခြေထောက်အတုတွေ အများကြီးလည်း တပ်ခဲ့ဖူးသူပါ။
  • 3:22 - 3:26
    ကျွန်တော်တို့ ပုံနှိပ်ထုတ်လုပ်ထားတဲ့ အစိတ်အပိုင်းတစ်ခုနဲ့ပတ်သက်ပြီး သူပြောတာကတော့
  • 3:26 - 3:30
    " ဒါက အရမ်းကို နူးညံ့တာပဲဗျာ၊ ခေါင်းအုံးတွေပေါ်မှာ လမ်းလျှောက်ရသလိုမျိုးပဲဗျ။
  • 3:30 - 3:32
    နောက်ပြီးတော့ သောက်ရမ်းကို မိုက်တယ်ဗျာ။
  • 3:32 - 3:36
    (ရယ်သံများ)
  • 3:36 - 3:39
    ကျွန်တော်တို့ခေတ်မှာ မသန်စွမ်းဖြစ်ခြင်းဟာ
  • 3:39 - 3:41
    ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်မှုမျိုးကနေ
  • 3:41 - 3:44
    တားဆီးနေခြင်းမျိုး မဖြစ်သင့်ပါဘူး။
  • 3:44 - 3:47
    ကျွန်တော့်ရဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒကတော့
  • 3:47 - 3:49
    ကျွန်တော်တို့ သုသေသနအဖွဲ့ကနေ တီထွင်ဖန်တီးတဲ့ ကိရိယာတွေနဲ့ လုပ်ငန်းစဉ်တွေဟာ
  • 3:49 - 3:52
    စွမ်းဆောင်ရည်မြင့်ကိုယ်အင်္ဂါအတုတွေကို လိုအပ်နေသူတွေအတွက်
  • 3:52 - 3:55
    ဖန်တီးဆောင်ကြဉ်းလာဖို့ အသုံးပြုနိုင်ဖို့ပါ
  • 3:55 - 4:00
    ကျွန်တော့်အနေနဲ့တော့ စစ်ပွဲနဲ့ အနာရောဂါ ဖြစ်ခြင်းကြောင့်
  • 4:00 - 4:04
    ထိခိုက်ခံစားကြရသူတွေရဲ့ စိတ်နှလုံးတွေကို စတင် ကုစားဖို့ နေရာတစ်ခုဆိုတာဟာ
  • 4:04 - 4:08
    သူတို့ရဲ့ ကိုယ်ခန္ဓာတွေအတွက် သက်တောင့်သက်သာဖြစ်ပြီး၊ တတ်နိူင်လောက်တဲ့ကြားခံပေါင်းကူးပေးတဲ့ စနစ်တွေ
  • 4:08 - 4:10
    ဖန်တီးပေးခြင်းနည်းလမ်းပဲ ဖြစ်ပါတယ်။
  • 4:10 - 4:13
    ဆီရဲယာ လီယွန်းပဲဖြစ်ဖြစ်၊ ဘော့စတန်မှာပဲဖြစ်ဖြစ်ပါ၊
  • 4:13 - 4:16
    ဒါဟာဆိုရင် သူတို့ရဲ့လူသားဆိုင်ရာစွမ်းပကား အသိတရားကို ပြန်လည်ထိန်းသိမ်းပေးရုံမကပဲ၊
  • 4:16 - 4:20
    အမှန်တကယ်ကို ပြောင်းလဲပေးနိူင်တယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
  • 4:20 - 4:23
    ကျေးဇူးအများကြီး တင်ပါတယ်။
  • 4:23 - 4:27
    (လက်ခုပ်သံများ)
Title:
ခြေ၊ လက်အင်္ဂါအတုများရဲ့ နာကျင်ရသော ပြဿနာ
Speaker:
David Sengeh
Description:

ဘယ်အရာက David Sengeh ကို ပိုမို သက်တောင့်သက်သာဖြစ်စေတဲ့ ခြေ၊လက်အင်္ဂါအတုကို ဖန်တီးဖို့တွန်းအားပေးခဲ့ပါလိမ့်။ သူဟာ ဆီရဲရာ လီယွန်းမှာကြီးပြင်းခဲ့ပြီးတော့ သူချစ်ခင်မြတ်နိူးတဲ့ များလှစွာသောသူတွေဟာ အဲဒီက လူမဆန်တဲ့ ပြည်တွင်းစစ် အပြီးမှာ ခြေလက်အင်္ဂါတွေ ဆုံးရှုံးနေကြရပါတယ်။ လူတွေဟာ သူတို့မှာရှိတဲ့ ခြေတုတွေကို တပ်ဆင်မထားကြတာကို သူသတိထားမိတဲ့ အခါမှာတော့ ဘာကြောင့်လဲဆိုတာကို စတင် ရှာဖွေတော့တာပေါ့။ ပြီးတော့ MIT Media Lab က သူ့အဖွဲ့နဲ့အတူ ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကို ဖော်ထုတ်ဖို့ပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
04:43
  • ႊႊThe original translation can bring this hopeful talk to our people who are currently in a similar situation. Very amazing job!

Burmese subtitles

Revisions Compare revisions