Return to Video

ဗန်ဂိုးရဲ့ "Starry Night" နောက်ကွယ်က ထင်မှတ်မထားမိတဲ့ သင်္ချာပညာရပ်။ Natalya St. Clair

  • 0:07 - 0:10
    လူ့ဦးနှောက်ရဲ့မှတ်သားဖွယ်
    အကောင်းဆုံး အသွင်အပြင်တစ်ခုက
  • 0:10 - 0:14
    အဆင်တွေကို မှတ်မိပြီး၊
    သရုပ်ဖော်နိုင်စွမ်းပါ။
  • 0:14 - 0:16
    နားလည်ဖို့ကြိုးစားခဲ့တဲ့
    အခက်ဆုံးအဆင်တွေအနက်
  • 0:16 - 0:21
    ပြေပြစ်တဲ့ အင်အားတွေထဲက ရှုပ်ထွေးတဲ့
    စီးမျောမှု သဘောထားအမြင်ပါ။
  • 0:21 - 0:23
    ဂျာမန် ရူပဗေဒပညာရှင်
    Werner Heisenberg ပြောခဲ့တာက
  • 0:23 - 0:27
    "ကျွန်တော် ဘုရားသခင်ကိုတွေ့တဲ့အခါ
    မေးခွန်းနှစ်ခု မေးမိမယ်။
  • 0:27 - 0:31
    ဘာကြောင့် အနုမာန အယူအဆပေါ်လာရတာလဲ။
    ဘာကြောင့် ရှုပ်ထွေးမှုဖြစ်ရတာလဲ။
  • 0:31 - 0:35
    ပထမမေးခွန်းအတွက် သူ့မှာ အဖြေတစ်ခုရှိ
    မယ်လို့ ကျွန်တော် တကယ်ပဲ ယုံကြည်မိတယ်။"
  • 0:35 - 0:38
    ရှုပ်ထွေးမှုဟာ သင်္ချာအရ နားလည်ဖို့
    ခက်ခဲသလောက် ၎င်းအသွင်ကိုဖော်ဖို့
  • 0:38 - 0:42
    ပန်းချီပညာကို ကျွန်တော်တို့
    အသုံးပြုနိုင်ပါတယ်။
  • 0:42 - 0:47
    ၁၈၈၉ ဇွန်လမှာ ဗင်းဆင့် ဗန်ဂိုးဟာ
    Saint-Rémy-de-Provence က
  • 0:47 - 0:52
    Saint-Paul-de-Mausole စိတ္တဇဆေးရုံမှာ
    သူ့အခန်းပြတင်းကနေ နေမထွက်ခင်
  • 0:52 - 0:54
    ရှုခင်းတစ်ခုကို ရေးဆွဲခဲ့တယ်။
  • 0:54 - 0:57
    စိတ်ဖောက်ပြန်တဲ့အဖြစ်တစ်ခုမှာ
    သူ့နားရွက်သူဖြတ်ပြီး
  • 0:57 - 0:58
    ကိုယ်တိုင်ဆေးရုံတက်ခဲ့တဲ့နေရာပါ။
  • 0:59 - 1:02
    "Starry Night" ထဲက
    သူ့ရဲ့စက်ဝိုင်းပုံ စုတ်ချက်တွေက
  • 1:02 - 1:08
    ဝေ့လည်နေတဲ့ တိမ်တွေ၊ ကြယ်ဝဲဂယက်တွေနဲ့
    ပြည့်နေတဲ့ ညကောင်းကင်တစ်ခုကို ဖန်တီးတယ်။
  • 1:08 - 1:12
    ဗန်ဂိုးနဲ့ အခြားသော စိတ္တဇပန်းချီဆရာတွေဟာ
    အလင်းကို ရှေ့ကလူတွေနဲ့ မတူတဲ့နည်းနဲ့
  • 1:12 - 1:13
    သရုပ်ဖော်ကြတယ်၊
  • 1:13 - 1:16
    ဥပမာ နေပြောက်တွေပါတဲ့
    ရေစက်တွေဖြတ်ပြီး
  • 1:16 - 1:18
    လှုပ်ရှားမှုကို ဖမ်း.ယူသလိုလိုပေါ့၊
  • 1:18 - 1:22
    (သို့) ဒီမှာတော့ ညကောင်းကင်ပြာရဲ့
    နို့နှစ်ရောင်လှိုင်းတွေကနေ
  • 1:22 - 1:24
    မှိတ်တုတ်မှိတ်တုတ်နဲ့
    အရည်ပျော်တဲ့ ကြယ်ရောင်ပေါ့။
  • 1:25 - 1:27
    အကျိုးဆက်က ပတ္တူစပေါ်က အရောင်တွေထဲက
  • 1:27 - 1:31
    အလင်းရဲ့အပြင်းအား
    တောက်ပမှုကြောင့်ဖြစ်တာပါ။
  • 1:31 - 1:34
    တူညီတဲ့ တောက်ပမှုသာရှိရင်
    အလင်းကွဲပြားမှုနဲ့
  • 1:34 - 1:38
    လှုပ်ရှားမှုကိုသာ
    မြင်ပြီး အရောင်ကိုမမြင်တဲ့
  • 1:38 - 1:41
    အမြင်ပိုင်းအပြင်လွှာရဲ့
    ပိုအကြမ်းစားနိုင်တဲ့အပိုင်းဟာ
  • 1:41 - 1:43
    အရောင်မတူတဲ့ ဧရိယာနှစ်ခုကို
    ရောစပ်သွားလိမ့်မယ်။
  • 1:43 - 1:45
    ဒါပေမဲ့ ဦးနှောက်ရဲ့ ပရိုင်းမိတ် ကဏ္ဍခွဲက
  • 1:45 - 1:48
    ကွဲပြားနေတဲ့ အရောင်တွေကို
    ရောစပ်ခြင်းမရှိပဲ မြင်လိမ့်မယ်။
  • 1:49 - 1:51
    ချက်ချင်းဖြစ်နေတဲ့
    ဒီအဓိပ္ပာယ်ကောက်ယူမှုနှစ်ခုနဲ့အတူ
  • 1:51 - 1:57
    စိတ္တဇပန်းချီလက်ရာများစွာက အလင်းဟာ တရွရွ၊
    တဖျပ်ဖျပ်နဲ့ တမူထူးစွာတောက်ပတယ်ထင်ရတယ်။
  • 1:58 - 2:00
    ဒါက ဒါနဲ့ အခြား စိတဇပန်းချီလက်ရာတွေ
  • 2:00 - 2:03
    အလင်း ရွေ့ရှားပုံအကြောင်း သိသားတဲ့
    အစစ်အမှန်တစ်ခုကို
  • 2:03 - 2:07
    အမိအရယူဖို့အမြန် ဖန်တီးထားတဲ့
    ပေါ်လွင်တဲ့ စုတ်ချက်တွေကို အသုံးပြုပုံပါ။
  • 2:08 - 2:11
    နောက် ခြောက်နှစ်အကြာမှာ ရုရှား
    သင်္ချာပညာရှင် Andrey Kolmogoro ကနေ
  • 2:11 - 2:14
    အလျား R မှာရှိတဲ့ အုံကြွတဲ့
    ပြေပြစ်မှုတစ်ခုထဲက
  • 2:14 - 2:18
    စွမ်းအင်ဟာ R ရဲ့ 5/3rds အလိုက်
    ပြောင်းလဲတယ်လို့ အဆိုပြုတဲ့အခါ
  • 2:18 - 2:22
    ရှုပ်ထွေးမှုရဲ့ သင်္ချာဆိုင်ရာ နားလည်မှု
    လို့ ထောက်ပံ့ပေးခဲ့တယ်။
  • 2:22 - 2:24
    ရှုပ်ထွေးမှုရဲ့ ပြည့်စုံတဲ့ သရုပ်ဖော်ဟာ
  • 2:24 - 2:28
    ရူဗဗေဒမှာ ဖြေရှင်းမရတဲ့ပြဿနာတွေထဲက
    တစ်ခုဖြစ်ကျန်ပေမဲ့ Kolmogorov ဟာ
  • 2:28 - 2:30
    ရှုပ်ထွေးတဲ့ စီးမျောမှု လုပ်ဆောင်ပုံနဲ့
  • 2:30 - 2:33
    သိသာစွာ နီးစပ်တယ်လို့
    စမ်းသပ်ဆဲ တိုင်းတာမှုတွေက ပြတယ်၊
  • 2:33 - 2:37
    စွမ်းအင် ဖြာဆင်းမှုတစ်ခုရှိရင်
    ရှုပ်ထွေးတဲ့ စီးမျောမှုဟာ ၎င်းဘာသာ တူတယ်။
  • 2:38 - 2:41
    တစ်နည်းဆိုရရင် ဝဲဂယ်ကြီးတွေရဲ့
    စွမ်းအင်ဟာ ဝဲဂယ်ငယ်တွေဆီ ပြောင်းတယ်၊
  • 2:41 - 2:43
    ၎င်းဟာ အခြား ပမာဏတွေနဲ့ အလားတူပါ။
  • 2:44 - 2:47
    ဒါရဲ့ သာဓကတွေက တိမ်ဖွဲ့စည်းမှုတွေနဲ့
    ကြယ်တွေအချင်းချင်းကြားက
  • 2:47 - 2:51
    ဖုန် ဒြပ်မှုန်တွေဖြစ်တဲ့
    Jupiter's Great Red Spot မှာပါဝင်တယ်၊
  • 2:52 - 2:55
    ၂၀၀၄ ခုနှစ်မှာ Hubble Space Telescope
    ကိုသုံးရင်း
  • 2:55 - 3:00
    သိပ္ပံပညာရှင်တွေဟာ ကြယ်တစ်လုံးနားက ဖုန်နဲ့
    ဓာတ်ငွေ့ရဲ့ အဝေးက တိမ်လုံးတွေ့ခဲ့ပြီး
  • 3:00 - 3:03
    ၎င်းက ဗန်ဂိုးရဲ့ "Starry Night"ကို
    အမှတ်ရစေခဲ့တယ်။
  • 3:04 - 3:07
    ဒါက မက္ကဆီကို၊ စပိန်နဲ့
    အင်္ဂလန်က သိပ္ပံပညာရှင်တွေကို
  • 3:07 - 3:11
    ဗန်ဂိုးပန်ချီကားတွေထဲက တောက်ပမှုကို
    အသေးစိတ်လေ့လာဖို့ တွန်းအားပေးတယ်။
  • 3:11 - 3:16
    ဗန်ဂိုးရဲ့ ပန်းချီကားများစွာမှာ ပုန်းနေတဲ့
    Kolmogorov ရဲ့ညီမျှခြင်းနဲ့နီးစပ်တဲ့
  • 3:16 - 3:20
    ရှုပ်ထွေး ပြေပြစ်တဲ့ တည်ဆောက်မှုတွေရဲ့
    ထူးခြားတဲ့ အဆင်တစ်ခုရှိတာကို တွေ့ခဲ့တယ်။
  • 3:21 - 3:23
    သုတေသီတွေဟာ ဒီပန်းချီကားတွေကို
    ဒစ်ဂျစ်တယ်လုပ်ကာ
  • 3:23 - 3:27
    ပစ်ဇယ်နှစ်ခုကြားက တောက်ပမှု
    ပြောင်းလဲပုံကို တိုင်းတာခဲ့တယ်။
  • 3:27 - 3:30
    ပစ်ဇယ်ကွဲကွာခြင်းတွအတွက် တိုင်းတာတဲ့
    မျဉ်းကွေးတွေကနေ
  • 3:30 - 3:34
    ဗန်ဂိုးရဲ့ စိတ်ရူးသွပ်မှု ကာလက ပန်းချီကား
    တွေဟာ ပြေပြစ်တဲ့ ရှုပ်ထွေးမှုနဲ့ဆင်တူ
  • 3:34 - 3:37
    ထူးခြားစွာ ပြုမူတယ်လို့ ကောက်ချက်ချခဲ့တယ်။
  • 3:38 - 3:42
    ဗန်ဂိုးရဲ့ဘဝထဲက အေးချမ်းတဲ့ကာလကက
    ဆေးတံနဲ့ ကိုယ်တိုင်ရေးပုံတူဟာ
  • 3:42 - 3:44
    ဒီအလားတူမှု လက္ခဏာ မပြသခဲ့ဘူး။
  • 3:44 - 3:47
    အခြား ပန်းချီပညာရှင်တွေရဲ့ ဘယ်လက်ရာမှလည်း
  • 3:47 - 3:49
    အပေါ်ယံအားဖြင့် တူညီတဲ့ ရှုပ်ထွေးပုံမရဘူး။
  • 3:49 - 3:51
    ဥပမာ၊ Munch ရဲ့ "The Scream" ပါ
  • 3:51 - 3:55
    ဗန်ဂိုးရဲ့ ရှုပ်ထွေးတဲ့ ပါရမီက
    ရှုပ်ထွေးမှုကို သရုပ်ဖော်စေတာလို့
  • 3:55 - 3:57
    ပြောဖို့ လွယ်လွန်းပေမဲ့
  • 3:57 - 4:02
    ပြင်းထန်တဲ့ ဝေဒနာခံစားမှုတစ်ခုထဲက
    နိုးကြွတဲ့ အလှဆိုတဲ့အချက်ကို အတိအကျ
  • 4:02 - 4:04
    ဖော်ပြဖို့ကည်း အတော်ခက်လွန်းပါတယ်။
  • 4:04 - 4:08
    ဗန်ဂိုးဟာ သဘာဝက လူသားတွေရဲ့ ရှေ့မှောက်ကို
    ဆောင်ကြဉ်းလာတဲ့
  • 4:08 - 4:10
    အလွန်ခက်တဲ့ အယူအဆတစ်ုခုကို
    သိမြင်၊ကိုယ်စားပြုဖို့၊
  • 4:10 - 4:14
    လှုပ်ရှားမှု၊ ပြေပြစ်မှုနဲ့ အလင်းရဲ့
    အနက်ရှိုင်းဆုံး
  • 4:14 - 4:16
    လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူ
  • 4:16 - 4:20
    သူမတူတဲ့ စိတ်မျက်လုံးကို ပေါင်းစည်းဖို့
    တစ်နည်းနည်းနဲ့ စွမ်းခဲ့ပါတယ်။
Title:
ဗန်ဂိုးရဲ့ "Starry Night" နောက်ကွယ်က ထင်မှတ်မထားမိတဲ့ သင်္ချာပညာရပ်။ Natalya St. Clair
Speaker:
Natalya St. Clair
Description:

သင်ခန်းစာအပြည့်အစုံကို http://ed.ted.com/lessons/the-unexpected-math-behind-van-gogh-s-starry-night-natalya-st-clair တွင် ကြည့်ရှုပါ။

ရူပဗေဒပညာရှင် Werner Heisenberg ပြောခဲ့တာက "ကျွန်တော် ဘုရားသခင်ကိုတွေ့တဲ့အခါ မေးခွန်းနှစ်ခု မေးမိမယ်။ ဘာကြောင့် အနုမာန အယူအဆ ပေါ်လာခဲ့ရတာလဲ။ ဘာကြောင့် ရှုပ်ထွေးမှု ဖြစ်ရတာလဲ။ ပထမမေးခွန်းအတွက်တော့ သူ့မှာ အဖြေတစ်ခုရှိလိမ့်မယ့်လို့ ကျွန်တော် တကယ်ပဲ ယုံကြည်မိတယ်။" ရှုပ်ထွေးမှုဆိုတာကို သင်္ချာပညာအရ နားလည်ဖို့ ခက်ခဲသလောက် ၎င်းရဲ့အသွင်ကို သရုပ်ဖော်ဖို့ ပန်းချီပညာကို ကျွန်တော်တို့ အသုံးပြုနိုင်ပါတယ်။ Natalya St. Clair ကနေပြီး ဗန်ဂိုးဟာ သူ့လက်ရာထဲ့ကလှုပ်ရှားမှု၊ ပြေပြစ်မှုနဲ့ အလင်းရဲ့ နက်ရှိုင်းတဲ့ လျှို့ဝှက်မှုကို ဘယ်လိုဖမ်းယူခဲ့တယ်ဆိုတာကို သာဓကဆောင်ပြထားပါတယ်။

သင်ခန်းစာကို Natalya St. Clair က ပြုစုပြီး လှုပ်ရှားရုပ်ပုံများကိုတော့ Avi Ofer က ဖန်တီးထားပါတယ်​။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:39

Burmese subtitles

Revisions