Return to Video

စက္ကူက ပလပ်စတစ်ကို နိုင်ပါ့မလား၊ ပတ်ဝန်းကျင်ဆိုင်ရာ အစဉ်အလာတစ်ခုကို ပြန်လည်သုံးသပ်ခြင်း

  • 0:01 - 0:03
    ကုန်ပဒေသာတိုက်ကြီးထဲ
    ရောက်နေသလို စိတ်ကူးကြည့်လိုက်စမ်းပါ။
  • 0:03 - 0:05
    စားသောက်ကုန်တွေကိုဝယ်နေတာဖြစ်ပြီး
  • 0:05 - 0:07
    သင့်ကို ပလပ်စတစ် ဒါမှမဟုတ်
    စက္ကူနဲ့ လုပ်ထားတဲ့
  • 0:07 - 0:10
    ထည့်စရာအိတ်ကို ရွေးချယ်ခွင့်ပေးထားပါတယ်။
  • 0:10 - 0:12
    ပတ်ဝန်းကျင်အတွက် မှန်ကန်တာကို
    လုပ်ချင်တယ်ဆိုရင်
  • 0:12 - 0:15
    သင် ဘယ်ဟာကို ရွေးမလဲ။
  • 0:15 - 0:17
    လူအများစုက စက္ကူ အိတ်ကိုပဲ
    ရွေးမှာ သေချာတယ်။
  • 0:17 - 0:18
    ကောင်းပြီ။ ဘာကြောင့်လဲ စဉ်းစားကြည့်ရအောင်။
  • 0:18 - 0:20
    ပထမကတော့ အဲဒါက အညိုရောင်ဖြစ်နေလို့ပါ။
  • 0:20 - 0:21
    ဒါက ပတ်ဝန်းကျင်အတွက် ကောင်းလိမ့်မယ်ပေါ့။
  • 0:21 - 0:24
    ဒါက ဇီဝနည်းဆွေးမြေ့ပျက်စီးစေနိုင်တယ်။
    ထပ်သုံးလို့ရတယ်။
  • 0:24 - 0:26
    တစ်ချို့ အခြေအနေတွေမှာဆိုရင်
    အသစ်ပြန်လုပ်လို့ရတယ်လေ။
  • 0:26 - 0:28
    ဒါကြောင့် လူတွေဟာ
    ပလပ်စတစ်အိတ်ကို ကြည့်လိုက်တဲ့အခါ
  • 0:28 - 0:31
    ဒီလိုမျိုးပဲ တွေးမိနေဖို့ ဖြစ်နိုင်ချေရှိပါတယ်။
  • 0:31 - 0:34
    ကျွန်မတို့အားလုံး သိထားတာတွေက
    ဆိုးဝါးလှပါတယ်။
  • 0:34 - 0:36
    ပြီးတော့ ပတ်ဝန်းကျင်အား ထိခိုက်မှုမျိုးတွေကို
  • 0:36 - 0:38
    ဘယ်လောက်ပဲကုန်ကုန်
    ရှောင်ရှားသင့်တယ်လို့ ထင်ကြလိမ့်မယ်။
  • 0:38 - 0:40
    ဒါပေမယ့် လူတွေဟာ အဲဒါနဲ့ပတ်သက်ပြီး
  • 0:40 - 0:42
    နောက်တစ်ဖက်မှ ကြည့်ကြည့်ရန်ကို
  • 0:42 - 0:45
    ရံဖန်ရံခါမှာ စိတ်ကူးတောင် မရကြပါဘူး။
  • 0:45 - 0:48
    ကျွန်မတို့တွေ ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါ
  • 0:48 - 0:49
    ဒါတွေကို ပတ်ဝန်းကျင်ကနေ ထုတ်ယူကြရပါတယ်။
  • 0:49 - 0:53
    ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု
    တစ်ပြုံလုံးကို ကျွန်မတို့ သိရန်လိုအပ်တာပါ။
  • 0:53 - 0:56
    ရှုပ်ထွေးတဲ့ ရွေးချယ်မှုတွေကို
    လုပ်ဖို့လိုရင်
  • 0:56 - 0:57
    ဘာဖြစ်တတ်တယ် ဆိုတာကို အားလုံးသိပါတယ်။
  • 0:57 - 1:00
    လူသားတွေဟာ ရိုးရှင်းတဲ့
    ဖြေရှင်းနည်းတွေကိုပဲ နှစ်သက်ကြတာပါ။
  • 1:00 - 1:03
    ရိုးရှင်းတဲ့ ဖြေရှင်းနည်းတွေကိုပဲ မကြာခဏ တောင်းခံတာပါ။
  • 1:03 - 1:04
    ဒါနဲ့ ကျွန်မက ဒီဇိုင်းလုပ်ငန်း လုပ်ပါတယ်။
  • 1:04 - 1:06
    ဒီဇိုင်းပညာရှင်တွေ နဲ့ ဆန်းသစ်တီထွင်သူတွေကို
  • 1:06 - 1:08
    ပတ်လည် ရည်ရှည်အသုံးခံရေးကို အကြံပေးတတ်ပါတယ်။
  • 1:08 - 1:09
    ဒီအခါမှာ လူတိုင်းက " အိုး လေးလာ
  • 1:09 - 1:11
    ပတ်ဝန်းကျင်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့
    ပစ္စည်းတွေပဲ လိုချင်တာနော်"တဲ့။
  • 1:11 - 1:14
    ဒါနဲ့ကျွန်မကပြောရတယ်။
    "ကောင်းပါပြီ၊ ဒီကိစ္စက ခက်ခဲရှုပ်ထွေးတယ်။
  • 1:14 - 1:15
    ပတ်ဝန်းကျင်နဲ့ အံဝင်ဂွင်ကျဖြစ်တာကို
    တိတိကျကျ သတ်မှတ်ဖို့ဆိုရင်
  • 1:15 - 1:17
    (၄) နာရီလောက်ကြာ ဆွေးနွေးဖို့လိုလိမ့်မယ်၊
  • 1:17 - 1:19
    အရာရာတိုင်းဟာ အဆင့်တစ်ခုခုမှာတော့
  • 1:19 - 1:21
    သဘာဝကနေ လာကြတာချည်းပါ၊
  • 1:21 - 1:23
    ပစ္စည်းတစ်ခုကို သင်ဘယ်လို အသုံးပြုလဲဆိုတာကသာ
  • 1:23 - 1:26
    ပတ်ဝန်းကျင်ဆိုင်ရာ
    အကျိုးသက်ရောက်မှုကို ဆုံးဖြတ်ပေးတာပါ။
  • 1:26 - 1:28
    ဒါကြောင့် တို့တွေ ဆုံးဖြတ်ချက်တွေချတဲ့ အခါမှာ
  • 1:28 - 1:30
    ဗိဇစိတ်ရဲ့ ကန်သတ်ချက်ဘောင်လိုဟာမျိုး
  • 1:30 - 1:32
    တစ်ခုခုကို အားကိုးဖို့ လိုပါတယ်။
  • 1:32 - 1:34
    ဒါကြောင့် ဒါကို ဗီဇစိတ်လာ
    အဲဒီလို အကန့်အသတ်ဘောင်ကို
  • 1:34 - 1:37
    တ်ဝန်းကျင်ဆိုင်ရာ အလေ့အထ လို့ဆိုချင်ပါတယ်။
  • 1:37 - 1:39
    ဒါဟာ ဦးခေါင်းရဲ့ နောက်ဖက်မှ လာတဲ့ စေ့ဆော်သံ တစ်ခု
  • 1:39 - 1:42
    ဒါမှမဟုတ်လည်း သင့်မြတ်မှန်ကန်တဲ့ အရာတစ်ခုကို
  • 1:42 - 1:43
    လုပ်လိုက်တဲ့ အခါမှာ၊
    စက္ကူအိတ်ကို ရွေးချယ်မိတဲ့ အခါဖြစ်ဖြစ်
  • 1:43 - 1:45
    ဆီစားသက်သာတဲ့ ကားကိုဝယ်မိတဲ့ အခါဖြစ်ဖြစ်ပေါ့လေ၊
  • 1:45 - 1:48
    အူလှိုက် အသည်းလှိုက် ခံစားရမှုမျိုး ဖြစ်ချင်ဖြစ်မှာပေါ့။
  • 1:48 - 1:51
    ပြီးတော့ ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အထ ဆိုတာဟာ
    သင့်မြတ်မှန်ကန်တာကို
  • 1:51 - 1:53
    လုပ်ဆောင်ဖို့ ကြိုးစာနေတာမို့လို့
    တကယ့်ကို အရေးပါတယ်။
  • 1:53 - 1:56
    ဒါပေမယ့် တကယ်ကိုပဲ ပတ်ဝန်းကျင်ဆိုင်ရာ
    စုစုပေါင်း ထိခိုက်မှုကို
  • 1:56 - 1:58
    လျှော့ချနိုင်တာကို ကျွန်မတို့ဘယ်လိုလုပ်သိနိုင်မလဲ။
  • 1:58 - 2:01
    တကယ်တော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး
  • 2:01 - 2:03
    တစ်ဦးချင်းစီအနေနဲ့ရော၊ ကျွမ်းကျင်သူတွေအနေနဲ့ ရော
  • 2:03 - 2:06
    လူ့အဖွဲ့အစည်း အနေနဲ့ပါ သဘာဝပတ်ဝန်းကျင်အပေါ်
    လက်တွေ့ အကျိုးသက်ရောက်ပါတယ်။
  • 2:06 - 2:08
    ဒါကြောင့် ပတ်ဝန်ကျင်ဆိုင်ရာ အလေ့ဆိုတာ
  • 2:08 - 2:10
    တွေ့ကြုံခံစားမှုတွေပေါ်မှာ
    အခြေခံရမှာ ဖြစ်သလို
  • 2:10 - 2:12
    အခြားသူတွေဆီက ကြားဖူးထားတဲ့
    အရာတွေကိုလည်း အခြေခံရမှာပေါ့။
  • 2:12 - 2:14
    ဒါက သိပ္ပံနည်းကျ ကန့်သတ်မှုဘောင်ကို
    အခြေခံလေ့ မရှိကြဘူး။
  • 2:14 - 2:16
    ဒါက တော်တော်ကိုခက်ခဲပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့
  • 2:16 - 2:18
    ကျွန်မတို့ အလွန့် အလွန်ကို
    ခက်ခဲရှုပ်ထွေးတဲ့ စနစ်ထဲမှာ နေထိုင်ရတာပါ။
  • 2:18 - 2:20
    ကျွန်မတို့ဆီမှာက အချင်းချင်းဆက်သွယ်ရေးနဲ့
    အပြန်အလှန်ဆက်နွယ်ရေး
  • 2:20 - 2:22
    လူသားဆိုင်ရာ စနစ်တွေရှိကာ
  • 2:22 - 2:24
    တပေါင်းတစည်းတည်း တည်ဆောက်ထားတဲ့
    လူအဖွဲ့အစည်းရှိတယ်။
  • 2:24 - 2:28
    စီးပွားရေးတစ်ခုလုံးအတွက်
    ပဓာနကျတဲ့ စက်မှုလုပ်ငန်း စနစ်တွေရှိတယ်။
  • 2:28 - 2:30
    ပြီးတော့ အဲဒါတွေ အားလုံးဟာ
    အကြီးမာဆုံး စနစ်ကြီးရဲ့ အတွင်းမှာ
  • 2:30 - 2:31
    ကျွန်မကတော့ အရေးကြီးဆုံးလို့တောင်
    အခိုင်အမာ ထောက်ပြချင်တဲ့
  • 2:31 - 2:34
    ဂေဟစနစ်ရဲ့ ဘောင်အတွင်းမှာ
    လည်ပတ်လုပ်ကိုင်ရတာပါ။
  • 2:34 - 2:35
    အားလုံး မြင်နိုင်ကြတဲ့ အတိုင်းပဲလေ၊
  • 2:35 - 2:37
    ကျွန်မတို့ တစ်ဦးချင်းစီအနေနဲ့
    ပြုလုပ်တဲ့ ရွေးချယ်မှုတွေ၊
  • 2:37 - 2:38
    ကျွန်မတို့မှာရှိတဲ့
    အလုပ်တစ်ခုစီတိုင်းအတွက် ပြုလုပ်ခဲ့တဲ့
  • 2:38 - 2:40
    ရွေးချယ်မှုတွေအပါအဝင် သင်ဟာ ဝါစဉ် အရ
  • 2:40 - 2:42
    နိမ့်ကျသည်ဖြစ်စေ၊ မြင့်မားသည်ဖြစ်စေ၊
  • 2:42 - 2:45
    ဒါတွေဟာ ခုနက စနစ်တွေအားလုံးကို
  • 2:45 - 2:48
    သက်ရောက်မှု တစ်ခုတော့ ရှိပါတယ်။
  • 2:48 - 2:50
    ကျွန်မတို့ဟာ တကယ်ပဲ ဒီဆက်နွယ်နေကာ
    ရှုပ်ထွေးလွန်းတဲ့ စနစ်တွေ
  • 2:50 - 2:52
    အပြန်အလှန် ချိတ်ဆက် လည်ပတ်မှု
    ရေရှည် တည်တံ့လာရေးကို
  • 2:52 - 2:55
    တကယ့်ကို လုပ်ဆောင်ချင်ကြတယ်၊
  • 2:55 - 2:58
    ပတ်ဝန်းကျင်အတွက် စုစုပေါင်း
    ရလဒ်ကောင်းကို ရရှိလိုကြတယ်ဆိုရင်
  • 2:58 - 3:01
    ကျွန်မတို့ဟာ နည်းလမ်းတွေကို
    ရှာကြံဖို့ လိုပါတယ်။
  • 3:01 - 3:02
    ကျွန်မတို့လုပ်ဖို့ လိုတာကတော့ နည်းနည်းနဲ့
  • 3:02 - 3:04
    ကျဲကျဲဝိုင်းတတ်အောင် သင်ယူဖို့ပါပဲ။
  • 3:04 - 3:06
    ကျွန်မတို့မှာ လူဦးရေက တိုးပွားလာနေပါတယ်။
  • 3:06 - 3:08
    လူတိုင်းကလည်း သူတို့ရဲ့
    မိုဘိုင်းဖုန်းတွေကို နှစ်သက်ကြတယ်။
  • 3:08 - 3:10
    အထူးသဖြင့် ဒီအခြေအနေမျိုးမှာပေါ့။
  • 3:10 - 3:14
    ရင်ဆိုင်နေရတဲ့ ပြဿနာ တချို့ကို ဖြေရှင်းဖို့
    ဆန်းသစ်တဲ့ နည်းလမ်းတွေ ရှာရမယ်။
  • 3:14 - 3:17
    ဒါနဲ့ ဇီဝ သံသရာ တွေးခေါ်မှု ဆိုတဲ့
    လုပ်ငန်းစဉ် ပေါ်ပေါက်လာခဲ့ရတာပါ။
  • 3:17 - 3:20
    အခြေခံအားဖြင့်တော့
    ပြုလုပ်ဖန်တီးလိုက်တဲ့ အရာမှန်သမျှဟာ
  • 3:20 - 3:23
    ဇီဝ သံသရာ အဆင့်တွေကို ဖြတ်သန်းရပါတယ်။
  • 3:23 - 3:24
    ဒီလိုနေရာမှာ ကျွန်မတို့ သိပ္ပံနည်းကျ လုပ်ကိုင်ကြတာကို
  • 3:24 - 3:26
    ဇီ၀ သံသရာကို အကဲခတ်မှု လို့ ခေါ်ပါတယ်၊
    လုပ်သမျှအရာတွေ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှု
  • 3:26 - 3:29
    အမေရိကမှာ "ဇီဝ သံသရာ ဆန်းစစ်မှု"လို့ ပြောကြတာပေါ့၊
  • 3:29 - 3:32
    အထက်မှာ ပြောဆိုခဲ့တဲ့ စနစ်များဆိုင်ရာ
    နည်းပညာပိုင်းထဲတွင်
  • 3:32 - 3:36
    လုပ်ကိုင်ကြတဲ့ အရာတိုင်းက သဘာ၀ ပတ်ဝန်းကျင်ကို
    ဘယ်လို အကျိုးသက်ရောက်နေကြောင်းကို
  • 3:36 - 3:38
    ပြတ်သားစွာ မြင်ရနိုင်ဖို့ ဖြစ်ပါတယ်။
  • 3:38 - 3:40
    ကျွန်မတို့တွေဟာ နောက်ကြောင်းကို
    ပြန်သွားရပါတယ်၊
  • 3:40 - 3:42
    ကုန်ကြမ်းပစ္စည်းတွေ ထုတ်ယူပုံကအစ
    ပြန်ကြည့်ရပါတယ်။
  • 3:42 - 3:44
    နောက်ပြီးတော့ ထုတ်လုပ်ခြင်း၊ ထုတ်ပိုးခြင်း၊
  • 3:44 - 3:46
    အသုံးပြုပုံ နဲ့ ဘဝသံသရာ အဆုံးပိုင်းအထိ
    ဆန်းစစ်ကြည့်ပါတယ်။
  • 3:46 - 3:48
    ပြီးတော့ အဲဒီလို အဆင့်တွေထဲက
    အဆင့်တစ်ဆင့်ချင်းဆီမှာ
  • 3:48 - 3:50
    ကျွန်မတို့ လုပ်ကိုင်ကြတဲ့ အရာများဟာ
  • 3:50 - 3:52
    သဘာဝ ပတ်ဝန်းကျင်နဲ့ အပြန်အလှန်အကျိုးပြုမှု ရှိနေရာ
  • 3:52 - 3:54
    အဲဒီ အပြန်အလှန်အကျိုးပြုမှုဟာ
  • 3:54 - 3:56
    ကမ္ဘာမြေပေါ်မှာ သက်ရှိတွေနေထိုင်လို့ရလာစေတဲ့
  • 3:56 - 4:00
    နည်းစနစ်တွေ နဲ့ ဝန်ဆောင်မှုတွေကို တကယ်လက်တွေ့မှာ
  • 4:00 - 4:02
    ဘယ်လို ဘယ်ပုံများ အကျိုးသက်ရောက်နေကြောင်း
    စောင့်ကြည့်မှတ်သားနိုင်ပါတယ်။
  • 4:02 - 4:04
    နောက်ပြီး ဒီလိုလုပ်ဆာင်ခြင်း
    ပြီးမြောက်သွားတဲ့ အခါမှာတော့
  • 4:04 - 4:08
    အလွန်တရာမှ စိတ်ဝင်စားဖို့ကောင်းတဲ့
    အကြောင်းအရာတချို့ကို သိလာရတယ်။
  • 4:08 - 4:10
    မှားယွင်းယုံကြည်မှု တသီကြီးကိုလည်း
    ကျွန်မတို့ အဆုံးသတ်လိုက်နိုင်ပါပြီ။
  • 4:10 - 4:15
    ပထမအနေနဲ့က အတော်ကို အသုံးတွင်နေတဲ့
    စကားလုံး တစ်လုံးရှိပါတယ်။
  • 4:15 - 4:16
    ဒီစာလုံးကို ဈေးကွက်ဖော်ဆောင်ရေးမှာ
    တော်တော်သုံးပါတယ်။
  • 4:16 - 4:18
    တော်တော်ကြီးကို သုံးခဲ့ကြတာက
    ကျွန်မတို့ရဲ့ ဒီစကားဝိုင်းထဲမှာ၊
  • 4:18 - 4:20
    ရေရှည်တည်တံ့မှု အကြောင်းကို
    ဆွေးနွေးတဲ့အခါတွေမှာပေါ့။
  • 4:20 - 4:23
    ဒီစာလုံးက "ဇီ၀ဆွေးမြေ့ပျက်စီးစေနိုင်မှု"
    ဆိုတဲ့ စကားလုံးပါ။
  • 4:23 - 4:28
    "ဇီ၀ဆွေးမြေ့ပျက်စီးစေနိုင်မှု" ဆိုတာ
    ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိ တစ်ခုပါ။
  • 4:28 - 4:31
    ပတ်ဝန်းကျင်ဆိုင်ရာ
    အဓိပ္ပါယ်သတ်မှတ်ချက် မဟုတ်ပါဘူး။
  • 4:31 - 4:33
    ကျွန်မရှင်းပြပါရစေ။
  • 4:33 - 4:34
    သဘာဝပစ္စည်း တစ်ခုခုဟာ
  • 4:34 - 4:36
    ပေါင်မုန့်၊ ဒါမှမဟုတ်လည်း
    စွန်ပစ်ထားတဲ့ စားစရာတစ်ခုခုလိုမျိုး ၊
  • 4:36 - 4:40
    စက္ကူစလိုမျိုး သဘာ၀ အမျှင်တစ်ခုခုကနေ
    ထုတ်လုပ်ထားတဲ့
  • 4:40 - 4:42
    သဘာ၀ အရာတစ်ခုဟာ နောက်ဆုံးမှာ
  • 4:42 - 4:44
    သဘာဝပတ်ဝန်းကျင်ထဲမှာ အဆုံးသတ်တဲ့ အခါတွင်
  • 4:44 - 4:47
    အဲဒါဟာ ရိုးရိုးတမ်းတမ်း ဆွေးမြေ့
    ပျက်သုဉ်း သွားတတ်ပါတယ်။
  • 4:47 - 4:49
    အဲဒီအရာတွေ ကြီးထွားလာစဉ်
    သိုလှောင်ထားခဲ့တဲ့ ကာဗွန်မော်လီကျူးတွေကို
  • 4:49 - 4:51
    ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် လေထုထဲကို
  • 4:51 - 4:53
    သဘာဝအတိုင်း ပြန်ထုတ်လွတ် ပေးလိုက်ပါတယ်။
  • 4:53 - 4:55
    ဒါပေမယ့် ဒါက အသားတင်
    ကျန်ရစ်ခဲ့တဲ့ အနေအထားတစ်ခုပါ။
  • 4:55 - 4:57
    လက်တွေ့မှာ သဘာဝပစ္စည်း အများစုကတော့
  • 4:57 - 4:58
    သဘာဝထဲမှာ အဆုံးသတ်ကြရတာတော့ မဟုတ်ပါဘူး။
  • 4:58 - 5:02
    အရာဝတ္ထုအများစုပေါ့၊ ထုတ်လုပ်တဲ့ စွန့်ပစ်ပစ္စည်းတွေဟာ
    မြေဖို့ အမှိုက်သရိုက်တွေ အဖြစ် အဆုံးသတ်သွားကြပါတယ်။
  • 5:02 - 5:04
    အဲဒီလို မြေဖို့လိုက်တော့
    ပတ်ဝန်းကျင် တစ်မျိုးပါ။
  • 5:04 - 5:06
    မြေဖို့ခြင်းမှာ ဆိုခဲ့တဲ့ ကာဗွန်မော်လီကျူးတွေဟာ
  • 5:06 - 5:08
    ဒီ့ပြင် နည်းလမ်းတစ်ခုနဲ့ ပျက်စီးသွားကြရပါတယ်။
  • 5:08 - 5:10
    မြေဖို့လိုက်တဲ့ နေရာထဲမှာ
    အောက်စီဂျင် ပါဝင်ခြင်းမရှိလို့ပါ။
  • 5:10 - 5:13
    အဲဒီမှာ အောက်စီဂျင်မရှိပါဘူး။ သိပ်သည်းကျပ်ညပ်နေပြီး အိုက်လှောင်နေပါတယ်။
  • 5:13 - 5:16
    ခုနကမော်လီကျူးတွေဟာ
    မီသိန်းဓာတ်ငွေ့ ဖြစ်လာပါတယ်။
  • 5:16 - 5:19
    မီသိန်းဓာတ်ငွေ့ ဆိုတာက
    ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထက်
  • 5:19 - 5:21
    (၂၅) ဆ ပိုပြီးပြင်းထန်တဲ့
    ဖန်လုံအိမ်ဓာတ်ငွေ့ တစ်မျိုးပါ။
  • 5:21 - 5:24
    ဒါကြောင့် ဘက်တီရီးယာပိုးနဲ့
    ဆွေးမြေ့ပျက်စီးစေနိုင်တဲ့
  • 5:24 - 5:26
    ပစ္စည်းတွေကနေ ထုတ်လုပ်ထားတဲ့
    စွန့်ပစ်ထားတဲ့ ဆလပ်ရွက်နဲ့
  • 5:26 - 5:27
    ကုန်ပစ္စည်း ဟောင်းတွေဟာ
  • 5:27 - 5:29
    မြေဖို့ခြင်းနည်းနဲ့ အဆုံးသတ်သွားမယ် ဆိုရင်တော့
  • 5:29 - 5:31
    ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
  • 5:31 - 5:32
    မြင်တဲ့အတိုင်းပါပဲလေ။ အခုအခါမှာတော့
  • 5:32 - 5:34
    ရုပ်ကြွင်း လောင်စာစွမ်းအင် လိုအပ်မှုကို
    အစားထိုးနိုင်တဲ့
  • 5:34 - 5:36
    မီသိန်းဓာတ်ငွေ့ကို
    ထိန်းချုပ်ပြီး စွမ်းအင်ထုတ်လုပ်တဲ့
  • 5:36 - 5:38
    နည်းစနစ် လုပ်ငန်းတွေ ရှိလာပါတယ်။
  • 5:38 - 5:40
    ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး
    ပါးနပ်ဖို့လိုတာပေါ့လေ။
  • 5:40 - 5:43
    ကျွန်မတို့တွေဟာ ဖြစ်ပျက်နှင့်ပြီးဖြစ်တဲ့
  • 5:43 - 5:45
    အကြောင်းအရာတွေကို ဘယ်လို စတင်ပြီး
    အကောင်ဆုံး မြှင့်တင်ပေးနိုင်မလဲ ဆိုတာကို
  • 5:45 - 5:47
    ရှာဖွေဖေါ်ထုတ်ဖို့ လိုပါတယ်။ ပြဿနာတွေကို
    သက်သာလာစေမယ့် နည်းစနစ်တွေနဲ့
  • 5:47 - 5:49
    ကူညီထောက်မမှုတွေကိုလည်း
    စတင်စီမံဖို့လည်းလိုအပ်ပါတယ်။
  • 5:49 - 5:52
    အခုအခါမှာ လူတွေက ဘာလုပ်တတ်ကြလဲဆိုတော့
    ကောက်ခါငင်ခါ နဲ့ ထတဲ့ပြီး
  • 5:52 - 5:55
    "ပလပ်စတစ်အိတ်တွေကို တားမြစ်ကြပါစို့၊
    ကျွန်မတို့ လူတွေကို စက္ကူအိတ်တွေပေးမှာပါ။
  • 5:55 - 5:57
    ဒါက ပတ်ဝန်းကျင်ကျင်အတွက်
    ပိုကောင်းပါတယ်။"လို့ ပြောတတ်ကြတာပဲ။
  • 5:57 - 5:58
    ဒါပေမယ့် ဒါကို အမှိုက်ပုံးထဲကို ပစ်လိုက်မယ်၊
  • 5:58 - 6:00
    သင်တို့ ဒေသမှာ အမှိုက်သရိုက်တွေကို
    မြေဖို့ခြင်းဟာ
  • 6:00 - 6:02
    သာမန် လုပ်ကိုင်နည်း တစ်ခုပဲဆိုရင်တော့
  • 6:02 - 6:07
    ကျွန်မတို့တွေဟာ ဒုက္ခနှစ်ထပ်ကွမ်း
    ဆိုတာမျိုးကို ကြုံရတော့မှာပါ။
  • 6:07 - 6:10
    ကျွန်မဟာ လုပ်ငန်းသဘာဝအားဖြင့်
    ထုတ်ကုန်ပစ္စည်း ဒီဇိုင်းပညာရှင်ပါ။
  • 6:10 - 6:11
    ဒီနောက်မှာတော့ လူမှုရေးသိပ္ပံကို
    ထပ်ဖြည့်လေ့လာခဲ့ပါတယ်။
  • 6:11 - 6:13
    လူသုံးကုန်တွေရယ်၊ ကျွန်မတို့အတွက် မရှိရင်ကို
    နေထိုင်မရနိုင်တာမျိုးဖြစ်လာတဲ့
  • 6:13 - 6:15
    ကျွန်မတို့ဘဝတွေကို
    ဖြည့်ဆည်းပေးလာကြတဲ့
  • 6:15 - 6:17
    လူသုံးကုန်တွေဟာ သဘာဝပတ်ဝန်းကျင်ကို
  • 6:17 - 6:18
    ဘယ်လိုမျိုး အကျိုးသက်ရောက်စေတယ် ဆိုတာကို
  • 6:18 - 6:20
    ကျွန်မ အရမ်းကို စိတ်ဝင်စားသွားပါတယ်။
  • 6:20 - 6:23
    အဲဒီအရာတွေဟာ ဆက်တိုက်ပြစ်မှု ကျူးလွန်သူတွေလိုပါပဲ။
  • 6:23 - 6:24
    ဒီမှာရှိတဲ့ လူတိုင်းမှာ ရေခဲသေတ္တာတစ်လုံးစီ
    ရှိကြတယ်ဆိုတာတော့
  • 6:24 - 6:26
    ကျွန်မအတတ်ပြောရဲတယ်။
  • 6:26 - 6:28
    ကျွန်မသိသလို အမေရိကမှာ ရေခဲသေတ္တာတွေ
  • 6:28 - 6:30
    တချိန်လုံး တိုးပွားလာနေခြင်းဟာ အံ့ဩရာကောင်းပါတယ်။
  • 6:30 - 6:32
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ရေခဲသေတ္တာတစ်လုံးရဲ့
  • 6:32 - 6:34
    ပုံမှန် အရွယ်အစားဟာ ပျမ်မျှအားဖြင့်
  • 6:34 - 6:35
    ထုထည်အားဖြင့် တစ်ကုဗပေ ပိုလို့ကိုကြီးလာပါပြီ။
  • 6:35 - 6:38
    ပြဿနာက ရေခဲ့သေတ္တာတွေ အခုအခါမှာ အရမ်းကိုကြီးလာလို့
  • 6:38 - 6:40
    ကျွန်မတို့ စားလို့မနိုင်တဲ့ ဒါမှမဟုတ်
    ရှာမတွေ့နိုင်တဲ့ အစားအသောက်တွေ
  • 6:40 - 6:42
    အလွယ်တကူနဲ့ ပိုပိုဝယ်လာကြပါတယ်။
  • 6:42 - 6:43
    ကျွန်မဆိုလိုတာက ကျွန်မဆီမှာ နှစ်နဲ့ချီပြီးရှိနေတဲ့
  • 6:43 - 6:46
    ရေခဲသေတ္တာ နောက်ဘက်ပိုင်းက ပစ္စည်းတွေကိုပါ။
  • 6:46 - 6:48
    ဘာဖြစ်လာလဲဆိုတော့ ကျွန်မတို့တွေဟာ
    အစားအသောက်တွေကို ပိုဖြုန်းတီးမိတာပေါ့။
  • 6:48 - 6:52
    အခုရှင်းပြနေသလိုပဲ အစားအသောက်ဖြုန်းတီးမှုဟာ
    ပြဿနာတစ်ခုပဲပေါ့။
  • 6:52 - 6:55
    တကယ်ဆိုရင် ဒီအမေရိကမှာ
    အိမ်အတွက် ဝယ်ယူလိုက်တဲ့
  • 6:55 - 6:58
    အစားအသောက် (၄၀) ရာခိုင်နှုန်းဟာ
    အလဟဿ ဖြစ်သွားတာပါ။
  • 6:58 - 7:02
    ကမ္ဘာ့ အစားအသောက်ထုတ်လုပ်မှုရဲ့
    ထက်ဝက်ဟာ အလဟဿ ဖြစ်သွားပါတယ်။
  • 7:02 - 7:05
    ကမ္ဘာ့ကုလသမဂ္ဂကထုတ်ပြန်တဲ့ နောက်ဆုံး စာရင်းအင်တွေပါ။ အစားအသောက်တွေရဲ့ တစ်ဝက်အထိနော်။
  • 7:05 - 7:09
    ဒါက ရူးနှမ်းမှုပဲပေါ့။ တစ်နှစ်ကို တန်ချိန် ၁.၃ ဘီလီယံလေ။
  • 7:09 - 7:11
    ကျွန်မကတော့ ရေခဲသေတ္တာတွေကို အပြစ်ဖို့တယ်။
  • 7:11 - 7:13
    အထူးသဖြင့်တော့ အနောက်တိုင်း နိုင်ငံများထဲကပေါ့။
  • 7:13 - 7:14
    ဘာဖြစ်လို့လဲဆိုတော့ ဒါက ပိုလွယ်တယ်လေ။
  • 7:14 - 7:17
    အများကြီးကို ရှုပ်ထွေးတဲ့ စနစ်တွေ
    အဲဒီထဲမှာ ပါဝင်ဖြစ်ပျက်နေတာကိုး။
  • 7:17 - 7:19
    သိပ်ပြီးတော့ ခပ်ပေါ့ပျက်ပျက် မဖြစ်စေချင်ဘူး။
  • 7:19 - 7:22
    ဒါပေမယ့် ဒါကိုဖြစ်စေတဲ့ အဓိကလက်သည်ကတော့
    ရေခဲသေတ္တာဖြစ်ပြီးတော့
  • 7:22 - 7:24
    အဲဒီထဲကမှ တစ်ခုသော အစိတ်အပိုင်းကတော့
    သူရဲ့အောက်ဘက်မှာရှိတဲ့
  • 7:24 - 7:26
    အအေးခန်း အကန့်လေးပဲပေါ့။
  • 7:26 - 7:27
    သင်တို့အားလုံးမှာ အဲဒီ အကန့်လေးတွေ
    ရှိတယ်မဟုတ်လား။
  • 7:27 - 7:29
    သင်တို့ ဆလတ်ရွက်တွေ ထည့်တဲ့ အကန့်လေးလေ။
  • 7:29 - 7:31
    ဆလတ်ရွက်တွေက အကန့်လေးတွေထဲမှာ
  • 7:31 - 7:33
    နူးအိပျော့ဖတ်သွားတတ်တယ်၊ မဟုတ်လား။
  • 7:33 - 7:34
    ဟုတ်တာပေါ့။ ပျော့ပျော့၊ အိအိ ဆလပ်ရွက်တွေပေါ့။
  • 7:34 - 7:36
    U.K မှာ ဘယ်လောက်တောင် ပြဿနာ
    ဖြစ်လာသလဲဆိုတော့
  • 7:36 - 7:38
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင်
    အစိုးရထုတ်ပြန်ချက် တစ်ခုမှာတော့
  • 7:38 - 7:41
    U.K မှာ ဖြုန်းတီး စွန့်ပစ်ခံရတဲ့ စားစရာတွေ အထဲမှာ
  • 7:41 - 7:43
    နူးအိနေတဲ့ဆလပ်ရွက်တွေဟာ
    ဒုတိယအများဆုံး လို့တောင်ဆိုထားတယ်။
  • 7:43 - 7:46
    "နူးအိနေသော ဆလပ်ရွက် အစီရင်ခံစာ"လို့တောင်
    အမည်ပေးထားတယ်။
  • 7:46 - 7:48
    ကောင်းပြီ။ ဒါဆို ဒါဟာပြဿနာတစ်ခုပဲပေါ့၊ လူတွေလေ။
  • 7:48 - 7:50
    သနားစရာ ဆလပ်ရွက်ကလေးတွေဟာ
    ဘယ်ဘက်၊ ညာဘက်၊ အလယ်ဘက်
  • 7:50 - 7:52
    ပစ်ထုတ်ခံနေရရှာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့
    အဲဒီအအေးခန်းအကန့်ဟာ တကယ်တမ်းကျတော့
  • 7:52 - 7:55
    ပစ္စည်းတွေကို ကြွပ်ပြီး လတ်ဆတ်နေအောင် လုပ်ဖို့
    စီမံထုတ်လုပ်ထားတာ မဟုတ်လို့ပါ။
  • 7:55 - 7:57
    ကောင်းပါပြီ။ သင်လိုအပ်တာက ကျပ်ညပ်နေတဲ့
    ပတ်ဝန်းကျင်တစ်ခုပါ။
  • 7:57 - 7:59
    သင်လိုအပ်တာက သဘာဝအတိုင်းဖြစ်လာမယ့်
    ဆွေးမြေ့ပျက်စီးခြင်းကို
  • 7:59 - 8:02
    ဟန့်တားမယ့် လေဝင်လေထွက်မရှိတဲ့
    ပတ်ဝန်းကျင်တစ်ခုပါ။
  • 8:02 - 8:04
    ဒါပေမယ့် အအေးခန်းအကန့်မှာရှိတဲ့
    အံဆွဲတွေကတော့
  • 8:04 - 8:05
    နည်းနည်းလေးပိုကောင်းအောင်
    လေလုံစွာ ပိတ်ထားတဲ့ အံဆွဲတစ်ခုပါပဲ။
  • 8:05 - 8:07
    ကျွန်မ အရမ်းအဖြစ်သည်းနေတာ သိသာနေပါပြီ။
  • 8:07 - 8:10
    ကျွန်မကို အိမ်ကိုလာလည်ဖို့ မဖိတ်ကြပါနဲ့နော်။
    ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဟာ
  • 8:10 - 8:12
    ရှင်တို့ရဲ့ ရေခဲသေတ္တာထဲကိုမွှေနှောက်ပြီး
    အခုလိုမျိုး လျှောက်ကြည့်နေတော့မှာလေ။
  • 8:12 - 8:14
    ဒါပေမယ့် တကယ့်တကယ်မှာ ဒါဟာပြဿနာတစ်ခုပါ။
  • 8:14 - 8:17
    ကျွန်မတို့တွေဟာ စနစ်ထဲကနေ ဆလပ်ရွက်လို
    တစ်ခုခုကို ဆုံးရှုံးသွားတဲ့အခါမှာ
  • 8:17 - 8:20
    ကျွန်မ ခုနကရှင်းပြခဲ့တဲ့ ဇီဝဓာတ်ချုပ်ငြိမ်းလို့ ရရှိတဲ့
    အကျိုးသက်ရောက်မှုကိုသာမကပဲ
  • 8:20 - 8:23
    တကယ်တော့ အဲဒီဆလပ်ရွက်ကိုပါ
    စိုက်ပျိုးဖို့လိုတော့တာပေါ့။
  • 8:23 - 8:26
    ဆလပ်ရွက်ရဲ့ ဇီဝသံသရာ အကျိုးသက်ရောက်မှုဟာ
    အင်မတန်ကြီးမားပါတယ်။
  • 8:26 - 8:27
    ကျွန်မတို့တွေဟာ မြေကြီးကို
    ခုတ်ထွင်ရှင်းလင်းဖို့ လိုလာပါပြီ။
  • 8:27 - 8:30
    မျိုးစေ့တွေကို ပျိုးဖို့ မီးစုန်ဓာတ်တွေ၊
  • 8:30 - 8:32
    မြေဩဇာတွေ၊ အဟာရဓာတ်တွေ၊ ရေဓာတ်၊
    နေရောင်ခြည်ဓာတ်တွေ လိုလာပါပြီ။
  • 8:32 - 8:34
    ဆလပ်ရွက်ထဲမှာ စုစည်းပေါင်းစပ်ပါဝင်တဲ့
  • 8:34 - 8:36
    အကျိုးသက်ရောက်မှုတွေ အားလုံးဟာ
    စနစ်ထဲကနေ ဆုံးရှုံသွားပါတယ်။
  • 8:36 - 8:38
    ဒါဟာဆိုရင် ရေခဲသေတ္တာထဲက
    စွမ်းအင် ဆုံးရှုံးမှုထက်
  • 8:38 - 8:42
    ပတ်ဝန်းကျင်ကို အရမ်းကိုပိုမိုကြီးမားတဲ့
    အကျိုးသက်ရောက်မှုပါ။
  • 8:42 - 8:45
    ပတ်ဝန်းကျင်ဆိုင်ရာ လေးနက်တဲ့ ပြဿနာတွေကို
    ကိုင်တွယ်ဖြေရှင်းတော့ မယ်ဆိုရင်
  • 8:45 - 8:48
    ဒီလိုအရာမျိုးကို အပြတ်အသတ် ပိုပြီး
    ကေင်းမွန်အောင် စီမံဖို့လိုပါတယ်။
  • 8:48 - 8:50
    ရေခဲသေတ္တာထဲမှာပါတဲ့ အအေးခန်းအကန့် နဲ့
    အရွယ်အစားက စတင်နိုင်ပါတယ်။
  • 8:50 - 8:52
    ဒီခန်းမထဲမှာ ရေခဲသေတ္တာဒီဇိုင်းထုတ်တဲ့
    သူတွေ ရှိနေရင်
  • 8:52 - 8:53
    ဒါဟာ သူတို့အတွက် ကြီးကျယ်တဲ့ အရာပါပဲ။
  • 8:53 - 8:56
    ပြဿနာကတော့ ပစ္စည်းတွေ ထုတ်လုပ်ပုံနဲ့
    ပတ်သက်ပြီး ကျွန်မတို့တကယ်ပဲ
  • 8:56 - 8:59
    ပြန်လည်သုံးသပ်ဖို့ စတင်ကြတော့မယ်လို့
    စိတ်ကူးမြင်ယောင်ကြည့်ကြပါစို့။
  • 8:59 - 9:03
    ဒါကြောင့်ကျွန်မ ရေခဲသေတ္တာကို ခေတ်မှီခြင်းရဲ့
    သင်္ကေတအဖြစ် ကြည့်လိုက်မိတယ်။
  • 9:03 - 9:05
    ဒါပေမယ့် တကယ်တမ်းကျတော့
    ရေခဲသေတ္တာတွေရဲ့ ပုံစံက
  • 9:05 - 9:07
    ၁၉၅၀ နှစ်တွေကတည်းက သိပ်အများကြီး
    ပြောင်းလည်းသွားခြင်း မရှိပါဘူး။
  • 9:07 - 9:11
    မဆိုစလောက်ကလေးပါ။
    အခြေခံအားဖြင့် သူတို့ဟာ ပုံးအကြီးကြီးတွေ၊
  • 9:11 - 9:12
    ပစ္စည်းတွေ သိုလှောင်တဲ့ အအေးဓာတ်ပေးတဲ့
    ပုံးတွေအဖြစ်နဲ့သာ ရှိနေဆဲပါ။
  • 9:12 - 9:14
    ကျွန်မတို့တကယ်ကိုပဲ ဒီပြဿနာတွေကို
    ရှာဖွေဖေါ်ထုတ်ပြီး၊
  • 9:14 - 9:17
    အဲဒါတွေကို ဖြေရှင်းနိုင်မယ့်
    ဆန်းသစ်ပြီး၊ အံဝင်ခွင်ကျဖြစ်မယ့်
  • 9:17 - 9:21
    ဒီဇိုင်းဆိုင်ရာ ဖြေရှင်းနည်းတွေရှာဖို့ အတွက်
  • 9:21 - 9:24
    စတင်ပြီး အသုံးပြုကြတော့မယ်လို့
    စိတ်ကူးမြင်ယောင်ကြည့်ကြပါစို့။
  • 9:24 - 9:27
    ဒါဟာဆိုရင် ဒီဇိုင်းက ဦးဆောင်တဲ့
    ပြောင်းလဲခြင်းပါ။
  • 9:27 - 9:30
    အရမ်းကို ပိုပြီး ရေရှည်တည်တံ့ နိုင်တဲ့
    စနစ်မျိုးကို
  • 9:30 - 9:33
    ဒီဇိုင်းကနေပြီး အဆုံးအဖြတ်ပေးသွားမှာပါ။
  • 9:33 - 9:35
    အစားအစာ (၄၀) ရာခိုင်နှုန်း ဖြုန်တီးခံရမှုဟာ
    အဓိကပြဿနာတစ်ခုပါ။
  • 9:35 - 9:39
    ဒီပမာဏကို ထက်ဝက်လျှော့ချပေးနိုင်တဲ့
    ရေခဲသေတ္တာကို ကျွန်မတို့ ပုံစံထုတ်နိုင်ရင်ရော...
  • 9:39 - 9:42
    ကျွန်မ စိတ်ဝင်စားတဲ့ နောက် ပစ္စည်းတစ်ခုကတော့
  • 9:42 - 9:43
    လျှပ်စစ် ရေနွေးကရားပါ။
  • 9:43 - 9:44
    ကျွန်မသိရသလောက်
  • 9:44 - 9:47
    ဒီနိုင်ငံကလူတွေ ရေနွေးကရား မသုံးကြဘူးဆိုတာပါပဲ။
    အဲဒါ တကယ် အဟုတ်ပဲလား။
  • 9:47 - 9:49
    ဒါပေမယ့် U.K မှာတော့ တော်တော်ကြီးကိုသုံးပါတယ်။
  • 9:49 - 9:52
    U.K မှာရှိတဲ့ အိမ်ထောင်စု (၉၇) ရာခိုင်နှုန်းကတော့
  • 9:52 - 9:55
    လျှပ်စစ်ရေနွေးကရား တစ်လုံးစီတော့ ပိုင်ဆိုင်ကြပါတယ်။
  • 9:55 - 9:56
    ဒါကြောင့် ဒါတွေကို လူကြိုက်များကြတယ်။
  • 9:56 - 9:59
    ကျွန်မသာ ဒီဇိုင်းထုတ်လုပ်တဲ့
    စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ တွဲလုပ်လုပ်၊
  • 9:59 - 10:01
    ဒါမှမဟုတ်လည်း ဒီဇိုင်းပညာရှင် အနေနဲ့ဖြစ်ဖြစ်၊
  • 10:01 - 10:03
    ဂေဟစနစ်နဲ့ သဟဇာတဖြစ်တာမျိုး
    ထုတ်လုပ်ချင်သေးတယ်ဆိုပါစို့။
  • 10:03 - 10:04
    ထုံးစံအတိုင်း ကျွန်မကိုအကြောင်းအရာ
    (၂) ခုကို မေးပါလိမ့် မယ်။
  • 10:04 - 10:08
    သူတို့မေးကြမှာက "လေးလာ၊ ငါတို့ ဒါကို နည်းပညာပိုင်းအရ
    ထိရောက်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ" ဆိုတာမျိုးပေါ့။
  • 10:08 - 10:11
    ဒီထုတ်ကုန်အတွက် စွမ်းအင်က ပြဿနာတစ်ခုဖြစ်နေတာ
    သိသာထင်ရှားနေလို့ပါ။
  • 10:11 - 10:14
    ဒီလိုမဟုတ်လည်း "ဒါကို စိမ်းလန်း ပစ္စည်းမျိုး
    ဖြစ်လာအောင် ကျွန်ုပ်တို့ဘယ်လိုပြုလုပ်ရမလဲ။"
  • 10:14 - 10:17
    " ဒီပစ္စည်းတွေ ထုတ်လုပ်တဲ့ နေရာမှာ
    ပတ်ဝန်ကျင် မထိခိုက်အောင်
  • 10:17 - 10:19
    ဘယ်လိုများထုတ်လုပ်ရမလဲ။" ဆိုတာမျိုးတွေပေါ့။
  • 10:19 - 10:20
    ဒီကလူတွေကော ဒိလိုမျိုးမေခွန်းတွေ
    ကျွန်မကို မေးကြဦးမှာလားရှင်။
  • 10:20 - 10:22
    သူတို့မေးတာက သဘာဝကျပုံရပါတယ်။
    ဟုတ်တယ်မို့လား။
  • 10:24 - 10:26
    ကောင်းပြီ၊ ကျွန်မအနေနဲ့ ပြောမိမှာက "ရှင်တို့က
    မဆိုင်တဲ့ ပြဿနာတွေကို အာရုံစိုက်နေတယ်"လို့ပေါ့။
  • 10:26 - 10:28
    ပြဿနာက အသုံးပြုတာနဲ့ ဆိုင်တာပါ။
  • 10:28 - 10:31
    ဒီပစ္စည်းကို လူတွေဘယ်လို အသုံးပြုကြသလဲ
    ဆိုတာနဲ့သာဆိုင်တာပါ။
  • 10:31 - 10:32
    (၆၅) ရာခိုင်နှုန်းသော ဗြိတိန်မှာရှိတဲ့ လူတွေက
  • 10:32 - 10:35
    သူတို့တွေ လက်ဖက်ရည် တစ်ခွက်ပဲဖျော်ဖို့လိုတဲ့
    အခါမှာ ရေနွေးကရာအိုးကို
  • 10:35 - 10:37
    ပြည့်လျှံနေအောင် ဖြည့်မိတတ်ကြတယ်
    ဆိုတာကို ဖွင့်ဟဝန်ခံကြပါတယ်။
  • 10:37 - 10:40
    ဒီအပိုဖြည့်လိုက်မိတဲ့
    ရေအကုန်လုံးကို ကျိုချက်ရာမှာ
  • 10:40 - 10:44
    စွမ်းအင်လိုအပ်ပါတယ်။
    ရေနွေးကရာအိုးတွေကို တစ်နေ့တာ
  • 10:44 - 10:47
    ကျိုချက်ဖို့ အသုံးပြုရတဲ့
    အပိုစွမ်းအင် ပမာဏဟာ
  • 10:47 - 10:49
    အင်္ဂလန်မှာရှိတဲ့ လမ်းမီးတိုင်တွေ
  • 10:49 - 10:51
    တစ်ညတာ မီးထွန်းဖို့အတွက် လုံလောက်တယ်လို့
  • 10:51 - 10:54
    တွက်ချက်ခန့် မှန်းထားကြတယ်။
  • 10:54 - 10:56
    ဒါပေမယ့် တတယ့် ကိစ္စကို ပြောချင်ပါတယ်။
  • 10:56 - 10:58
    "ကုန်ပစ္စည်း ထုတ်လုပ်သူရဲ့ ပျက်ကွက်ခြင်း"လို့ခေါ်ပါတယ်။
  • 10:58 - 11:01
    ထုတ်ကုန်စနစ် ဆုံးရှုံးမှု ရှိနေပေမဲ့ ဒီငနဲလေးတွေနဲ့
    ဆက်ပြီးစခန်းသွားနေရမှာပါ
  • 11:01 - 11:04
    သူတို့ဟာ နေရာအနှံ့ မှာရှိနေတတ်ပြီး၊ သူတို့ရှိနေမှန်းကို
    သင်တို့ သတိတောင်ထားမိမှာ မဟုတ်ဘူး။
  • 11:04 - 11:07
    ဟောဟိုမှာ ငနဲကတစ်ကောင်၊ သတိထားမိပါတယ်။
    သူ့နာမည်က ဆိုင်မွန်ပါ။
  • 11:07 - 11:10
    U.K မှာရှိတဲ့ အမျိုးသား လျှပ်စစ်ကုမ္ပဏီ
    တစ်ခုမှာ အလုပ်လုပ်ပါတယ်။
  • 11:10 - 11:12
    သူ့အလုပ်က လူတိုင်းရဲ့အိမ်တွေကို
    စွမ်းအင် အလုံအလောက်ရစေဖို့
  • 11:12 - 11:15
    ပင်မစနစ်ထဲကို ဝင်လာတဲ့
    လျှပ်စစ်ဓာတ်အားတွေကို
  • 11:15 - 11:16
    စောင့် ကြည့်စစ်ဆေးရတဲ့ အလုပ်ဆိုတော့
  • 11:16 - 11:18
    အတော့်ကို အရေးပါတဲ့ အလုပ်ပါ။
  • 11:18 - 11:20
    သူရောပဲ ရုပ်မြင်သံကြား ကြည့်နေတယ်လေ။
  • 11:20 - 11:22
    အကြောင်းရင်းကတော့ တစ်မူထူးခြားတဲ့
  • 11:22 - 11:24
    ဖြစ်ရပ်တစ်ခု U.K မှာဖြစ်နေပါတယ်။
  • 11:24 - 11:28
    လူကြိုက်များတဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေ
    ပြီးဆုံးချိန်မှာပေါ့။
  • 11:28 - 11:30
    စီးပွားရေးကြော်ငြာတွေ
    ဝင်လာတဲ့ မိနစ်ပိုင်းမှာပေါ့။
  • 11:30 - 11:32
    ဒီလူက ပြင်သစ်ကနေ နျူးကလီယားစွမ်းအင်ကို
  • 11:32 - 11:35
    အပြေးအလွှား လိုက်ဝယ်ရသေးတယ်။
  • 11:35 - 11:38
    ဘာဖြစ်လို့ လဲဆိုတော့ တစ်ချိန်တည်းမှာပဲ
  • 11:38 - 11:40
    လူတိုင်းက သူတို့ရဲ့ ရေနွေးအိုးတွေကို
    တည်နေကြတာမို့လို့ပါ။
  • 11:40 - 11:42
    (ရယ်သံများ)
  • 11:42 - 11:48
    တစ်သန်းခွဲမျှရှိတဲ့ ရေနွေးအိုးတွေလေ၊
    စိုးရိမ်ရတဲ့ ပြဿနာပေါ့။
  • 11:48 - 11:52
    သင်တို့ဟာ ရေနွေအိုးတွေကို ပုံစံထုတ်တော့မယ်လို့
    စိတ်ကူးကြည့်လိုက်ပါ။
  • 11:52 - 11:55
    ဒီစနစ် ချွတ်ယွင်းမှု အားလုံးကို ဖြေရှင်းဖို့
    နည်းလမ်းကို သင်တို့ တကယ်ကို တွေ့ မှာပါ။
  • 11:55 - 11:57
    ဘာဖြစ်လို့လဲဆိုတော့ ဒါက စနစ်အပေါ်ကို
  • 11:57 - 11:59
    သက်ရောက်နေတဲ့ ကြီးမားတဲ့
    ဖိအားပမာဏ တစ်ခုဖြစ်နေလို့ပါ။
  • 11:59 - 12:02
    ထုတ်ကုန်တစ်ခုဟာ ကမ္ဘာပေါ်မှာတည်ရှိလာတဲ့အခါ
  • 12:02 - 12:04
    ရှိလာမယ့် ပြဿနာကို မတွေးမိခဲ့ကြလို့ပါပဲ။
  • 12:04 - 12:07
    အခု ကျွန်မက ဈေးကွက်ထဲက
    ရေနွေးကရား အမျိုးမျိုးကို လေ့လာလျက်
  • 12:07 - 12:09
    အနည်းဆုံးဖြည့်ရမယ့် အမှတ်အသားလိုင်းတွေကို
    လိုက်ကြည့်ပါတယ်။
  • 12:09 - 12:10
    လက်ဖက်ရည်တစ်ခွက် ဖျော်ဖို့ ရေပမာဏ အတွက်
  • 12:10 - 12:12
    ရေဘယ်လောက်ဖြည့်ဖို့
    လိုမယ်ဆိုတာနဲ့ ပတ်သက်ပြီး
  • 12:12 - 12:15
    (၂) ခွက်နဲ့ (၅) ခွက်ခွဲ အကြားလောက်ပဲ
    လိုတဲ့ အကြောင်းကို
  • 12:15 - 12:18
    ဖေါ်ပြပေးထားတဲ့ အချက်အလက် ကလေးပါ။
  • 12:18 - 12:21
    ဒီမှာတွေ့ရတဲ့ ရေနွေးကရားကတော့
  • 12:21 - 12:23
    ထည့်စရာ နေရာ နှစ်ခုပါတဲ့ နမူနာတစ်ခုပါ။
  • 12:23 - 12:25
    တစ်ခုက ကျိုချက်တဲ့ အခန်းကလေးဖြစ်ပြီး
    နောက်တစ်ခုကတော့ ရေထည့်စရာဆိုပါတော့။
  • 12:25 - 12:28
    အမှန်တကယ်တော့ အသုံးပြုသူဟာ
    ဒီခလုပ်ကလေးကိုနှိပ်ပြီးတော့
  • 12:28 - 12:29
    ရေနွေးကို ကျိုချက်ရတာပေါ့။
  • 12:29 - 12:31
    ဆိုလိုတာက ကျွန်မတို့အားလုံးဟာ
    ပျင်းရိတဲ့အတွက်ကြောင့်ပါ။
  • 12:31 - 12:33
    လိုအပ်တဲ့ ပမာဏကို တိတိကျကျ ဖြည့်ရုံသက်သက်ပါ။
  • 12:33 - 12:35
    ကျွန်မကတော့ "အအလေ့အထ ပြောင်းလဲရေး
    ထုတ်ကုန်" လို့ခေါ်ပါတယ်။
  • 12:35 - 12:37
    ပြဿနာတွေကို ကြားဝင်ပြီး ကြိုတင်ဖြေရှင်းတဲ့
  • 12:37 - 12:41
    ထုတ်ကုန်တွေ၊ စနစ်တွေ၊ ဝန်ဆောင်မှုတွေပေါ့။
  • 12:41 - 12:44
    ကဲကဲ ဒါကတော့ နည်းပညာ ပွဲခင်းတစ်ခုပေါ့။
  • 12:44 - 12:46
    ဒိပစ္စည်းတွေဟာ တော်တော်လေး
    လူကြိုက်များတာ အသိသာကြီးပါ။
  • 12:46 - 12:48
    ဒါပေမယ့် ကျွန်မ စဉ်းစားမိတာက လောလောဆယ်
  • 12:48 - 12:50
    ကျွန်မတို့ အခုလို လုပ်နေကျ အဆမတန်မြင့်မားတဲ့
  • 12:50 - 12:52
    နှုန်းအတိုင်း ဒီပစ္စည်းမျိုးတွေကို ဆက်လက်ပြီး
  • 12:52 - 12:55
    ဒီဇိုင်းထုတ်လိုက်၊ ဝယ်လိုက်၊ လွင့်ပစ်လိုက်
    လုပ်နေကြဦးမှာလားဆိုတာကိုပါ။
  • 12:55 - 12:56
    လက်ရှိလောလောဆယ် ကမ္ဘာကြီးပေါ်မှာ
  • 12:56 - 12:58
    နေထိုင်နေကြတာက လူဦးရေ
    သန်းပေါင်း (၇) ထောင်ရှိပါတယ်။
  • 12:58 - 13:00
    မနှစ်ကအတိုင်းဆိုရင် မိုဘိုင်းဖုန်း သုံးသူ စာရင်းက
  • 13:00 - 13:04
    သန်းပေါင်း (၆) ထောင်ရှိပါတယ်။
  • 13:04 - 13:07
    နှစ်စဉ်နှစ်တိုင်း ထုတ်လုပ်ထွက်ရှိလာတဲ့
  • 13:07 - 13:08
    မိုဘိုင်းဖုန်း အရေအတွက်က သန်း (၁၅၀၀) ရှိပြီးတော့
  • 13:08 - 13:11
    တစ်ချို့ကုမ္ပဏီတွေက ထုတ်ပြန်ကြေညာတာက
    သူတို့ထုတ်လုပ်တဲ့
  • 13:11 - 13:13
    ဖုန်းအရေအတွက်က လူတွေရဲ့ မွေးဖွားနှုန်း
    ထက်တောင် ပိုများနေပါတယ်။
  • 13:13 - 13:16
    မနှစ်ကဆိုရင် အမေရိကန်ပြည်ထောင်စုမှာ
    စွန့်ပစ်လိုက်တဲ့ ဖုန်းတွေ (၁၅၂) သန်းရှိပါတယ်။
  • 13:16 - 13:18
    အဲဒီအထဲက (၁၁) ရာခိုင်နှုန်းကိုပဲ
    ပြန်ပြီး အသစ်ပြန်ထုတ်လုပ်ခဲ့တာပါ။
  • 13:18 - 13:21
    ကျွန်မက ဩစတြေးလျကပါ။ ကျွန်မတို့ဆီမှာ
    လူဦးရေ (၂၂)သန်းရှိပါတယ်။ မရယ်နဲ့နော်။
  • 13:21 - 13:24
    ပြီးတော့ ဖုန်းအလုံးရေ (၂၂) သန်းဟာ
  • 13:24 - 13:27
    လူတွေရဲ့ အံဆွဲတွေထဲမှာ ရှိနေကြတာ
    သိရပါတယ်။
  • 13:27 - 13:31
    ပြဿနာတွေကို ဖြေရှင်းရေး နည်းလမ်းတွေ
    ကျွန်မတို့ ရှာဖို့ လိုပါတယ်။
  • 13:31 - 13:34
    ဒီကိစ္စတွေက တော်တော်ရှုပ်ထွေးလွန်းပါတယ်။
  • 13:34 - 13:37
    သူတို့ အထဲမှာကိုက မြှုပ်နှံထားတာတွေ အများကြီးပါ။
  • 13:37 - 13:41
    ရွှေပဲပေါ့။ အခုအခါမှာ တန်နဲ့ချီတဲ့ ရွှေရိုင်းတွေထက်
  • 13:41 - 13:44
    တန်နဲ့ချီပြီးရှိနေတဲ့ မိုဘိုင်းဖုန်းအဟောင်း
    ကနေ ရွှေကို ရယူရတာ
  • 13:44 - 13:47
    တကယ်ပဲ အရမ်းကြီးကို
    ပိုပြီးဈေးပေါတယ်ဆိုတာ သင်တို့သိကြရဲ့လား။
  • 13:47 - 13:50
    ဒီအရာတွေထဲမှာ အလွန်အမင်းကို ရှုပ်ထွေးပြီး၊
    တန်ဖိုးကြီးမားတဲ့
  • 13:50 - 13:51
    ပစ္စည်းတွေ ပါဝင်လျက် ရှိနေပါတယ်။
  • 13:51 - 13:54
    တစ်စစီ ပြန်လည်ဖြုတ်ထုတ်ရေးကို
    အားပေးဖို့ နည်းလမ်းတွေ ရှာဖွေဖို့လိုပါတယ်။
  • 13:54 - 13:56
    အဲဒီလို မဟုတ်ရင် ဒါက ဒီလို ဖြစ်ပျက်နေတာမို့လို့ပါ။
  • 13:56 - 13:58
    ဂါနာမှာရှိတဲ့ အသိုက်အဝန်း တစ်ခုကို ဖေါ်ပြနိုင်ပါတယ်။
  • 13:58 - 14:00
    ကုလသမဂ္ဂက အစီရင်ခံစာအရ
  • 14:00 - 14:02
    e-waste ဒါမှဟုတ် လျှပ်စစ်
    စွန့်ပစ်ပစ္စည်းနဲ့ ပတ်သက်ပြီး
  • 14:02 - 14:05
    တန်ပေါင်း သန်း(၅၀) အထိ
    တရားမဝင် ကုန်ကူးမှုရှိနေတာကြောင့်ပါ။
  • 14:05 - 14:06
    ဒါကတော့ သူတို့တွေ ရွှေ နဲ့
  • 14:06 - 14:08
    တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ရယူပုံပါ။
  • 14:08 - 14:10
    သူတို့တွေဟာ အီလက်ထရွန်နစ်
    စွန့်ပစ်ပစ္စည်းတွေကို လေဟာပြင်ထဲမှာ
  • 14:10 - 14:12
    မီရှို့လိုက်ပါတယ်။
  • 14:12 - 14:15
    ဒါတွေကတော့ လူ့ အသိုက်အဝန်းတွေပါ။
    ဒါမျိုးက ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပျက်နေတာပါ။
  • 14:15 - 14:17
    ကျွန်မတို့တွေဟာ ဒီဇိုင်းပညာရှင်များ အဖြစ်၊
    စီးပွားရေးသမားတွေအဖြစ်၊
  • 14:17 - 14:19
    စားသုံးသူတွေအဖြစ်နဲ့
    ကိုယ်ရွေးချယ်လိုက်တာတွေရဲ့
  • 14:19 - 14:22
    အကျိုးဆက်တွေကို နားမလည်တာကြောင့်
  • 14:22 - 14:23
    ဒီလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွားနေပြီးတော့
  • 14:23 - 14:26
    အဲဒီလို လူတွေက နေထိုင်နေကြတာပါ။
  • 14:26 - 14:30
    ဒါကြောင့် ကျွန်မတို့ဟာ ဒီကမ္ဘာကြီးမှာ
    ရေရှည် နေထိုင်ဖို့လိုကြရင်တော့
  • 14:30 - 14:33
    ပိုပြီး ပါးနပ်တဲ့၊ နည်းစနစ်ကို ပိုပြီး အခြေခံတဲ့၊
  • 14:33 - 14:37
    ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖို့လိုအပ်ပါတယ်။
  • 14:37 - 14:41
    ဒါကြောင့် သင် ဖုန်းအသစ ္ဝယ်တဲ့
    အကြောင်းကို စိတ်ကူးကြည့်ရအောင်။
  • 14:41 - 14:43
    သင့်ရဲ့ ဖုန်းအဟောင်းကို အစားထိုး
    လဲလှယ်လိုက်တဲ့ အတွက်ကြောင့်
  • 14:43 - 14:45
    လူတွေဟာ ပျမ်းမျှအားဖြင့် သူတို့ ရဲ့ဖုန်းတွေကို
  • 14:45 - 14:47
    တစ်နှစ်ကျော် တစ်နှစ်ခွဲလောက်အကြာမှာ
    လဲလှယ်ကြတယ်ဆိုတော့၊
  • 14:47 - 14:50
    ဒီလိုပဲ ကျွန်မတို့ဟာ
    မိုဘိုင်ဖုန်းလဲလှယ်မှုကို မြင့်မားတဲ့နှုန်းနဲ့
  • 14:50 - 14:52
    ဆက်လက်ပြီး လုပ်နေဦးမယ်ဆိုရင်
    ဒီစနစ်ကိုယ်နှိုက်ကို
  • 14:52 - 14:54
    အစအဆုံး ကွင်းဆက်ပုံစံ ပိတ်ဖို့ ကြိုးပမ်းသင့်ပါတယ်။
  • 14:54 - 14:56
    ဒီဖုန်းတွေကို ထုတ်လုပ်သူတွေ အနေနဲ့၊
  • 14:56 - 14:58
    ဒီအခန်းထဲမှာကို တစ်ချို့ရှိနေတယ် ဆိုတာကိုလည်း
    ကျွန်မ သေချာပါတယ်၊
  • 14:58 - 15:01
    သူတို့တွေဟာ ပတ်လည်ကွင်းဆက်
    စနစ်များလို့ ကျွန်မတို့ ခေါ်တာကို
  • 15:01 - 15:02
    ဒါမှမဟုတ် ထုတ်ကုန် စနစ် ဝန်ဆောင်မှုတွေကို
    ကြည့်ရှုစစ်ဆေးဖို့ လိုနေပါတယ်။
  • 15:02 - 15:05
    ဒီလိုနဲ့ ဈေးကွက်ရဲ့ တောင်းဆိုမှု
    တစ်ခုရှိနေတာကိုရယ်၊ ပြီးတော့
  • 15:05 - 15:06
    ဈေးကွက်ရဲ့ တောင်းဆိုမှုက သူဘာသာသူ
    ပျောက်သွားမှာ မဟုတ်တာမို့လို့
  • 15:06 - 15:09
    ဒီပြဿနာကို ဖြေရှင်းပေးမယ့်
    ထုတ်ကုန်မျိုးကို ဒီဇိုင်းဆွဲရပါမယ်။
  • 15:09 - 15:12
    တစ်စစီ ဖြုတ်ပစနိုင်ဖို့ ဒီဇိုင်းဆွဲဖို့၊
    ပေါ့ပါးဖို့အတွက် ဒီဇိုင်းဆွဲရပါမယ်။
  • 15:12 - 15:14
    အခုအခါမှာ ဒီလိုမျိုး မဟာဗျူဟာ တစ်ချို့ ကို
  • 15:14 - 15:17
    Tesla Motors ရဲ့ ကားတွေမှာ သုံးနေတယ်လို့
    ကျွန်မ ကြားရပါတယ်။
  • 15:17 - 15:19
    ဒီလိုမျိုး ချဉ်းကပ်မှုတွေဟာ မခက်လှပေမယ့်
  • 15:19 - 15:21
    စနစ်ကို နားလည်လျက်
  • 15:21 - 15:24
    အလားအလာရှိကာ ဈေးကွက်က မောင်းနှင်ပေးမယ့်
  • 15:24 - 15:26
    စားသုံးသူ လိုအပ်ချက်ဆိုင်ရာ
    အခြားရွေးပိုင်ခွင့်တွေကို ရှာကြံကြမှသာ
  • 15:26 - 15:29
    ကျွန်မတို့ဟာ ရေရှည် တည်တံ့ ရပ်တည်ရေး အစီအစဉ်ကို
  • 15:29 - 15:31
    အခြေခံကျကျ ပြောင်းလဲမှုကို စတင်နိုင်မှာပါ။
  • 15:31 - 15:33
    ဒါတွေကို အသေးစိတ် ထောက်ပြရတာကို မုန်းပါတယ်။
  • 15:33 - 15:35
    စားသုံးမှုဟာ အကြီးမားဆုံး ပြဿနာပါ။
  • 15:35 - 15:41
    ဒါပေမယ့် ဒီဇိုင်းကတော့ အကောင်းဆုံး
    ဖြေရှင်းနည်းတွေထဲက တစ်ခုပါ။
  • 15:41 - 15:43
    ဒီပစ္စည်းမျိုးတွေက နေရာတိုင်းမှာ ရှိကြပါတယ်။
  • 15:43 - 15:46
    ဒါတွေကို ထုတ်လုပ်ပုံ အခြားရွေးစရာ နည်းလမ်းတွေကို
    ရှာဖွေဖော်ထုတ်ခြင်းအားဖြင့်
  • 15:46 - 15:47
    ကျွန်မတို့တွေ တကယ့်ကိုပဲ ဆန်းသစ်တီထွင်မှုကို
    စတင်နိုင်ပါတယ်။
  • 15:47 - 15:49
    တကယ့်ကိုပဲ ဆန်းသစ်တီထွင်မှု
    စတင်ဖို့ကို ပြောနေတာနော်။
  • 15:49 - 15:51
    ဒီခန်းမထဲက လူတွေဟာ အရမ်းကို ဆန်းသစ်တီထွင်လိုကြမှန်း
    ကျွန်မ သေချာပါတယ်။
  • 15:51 - 15:53
    ဒါပေမယ့် ရေရှည်တည်တံ့မှု ဆိုတာကို
  • 15:53 - 15:56
    ကန့်သတ်ဘောင်တစ်ခုအဖြစ်
    အသုံးပြုလျက်၊ နည်းစနစ်ကို အခြေခံတဲ့
  • 15:56 - 16:00
    ဖြေရှင်းနည်းတွေကို ရှာကြံမှုကို
    အားပေး လုပ်ဆောင်ရာဖို့ လိုတာပါ၊
  • 16:00 - 16:03
    ကျွန်မ ဒီရိုးရှင်းတဲ့ ပစ္စည်းတွေရဲ့ သာဓကများဖြင့် ပြသခဲ့သလို
  • 16:03 - 16:07
    ခုနက အချက်တွေအားလုံးဟာ ဒီ အဓိကပြဿနာတွေထဲမှာ
    ပါဝင်ပတ်သက်နေလို့ပါပဲ။
  • 16:07 - 16:09
    ဒီတော့ ကျွန်မတို့အနေနဲ့
    ကျွန်မတို့ ထုတ်လုပ်ပေးလိုက်တဲ့ ပစ္စည်းတွေရဲ့
  • 16:09 - 16:10
    သက်တမ်း တစ်လျှောက်လုံးကို
    ပိုင်းခြား ကြည့်ဖို့တော့ လိုအပ်တာပေါ့။
  • 16:10 - 16:12
    သင်ဟာ ရွေးစရာဆိုလို့ စက္ကူ
    ဒါမှမဟုတ် ပလပ်စတစ် ရှိခဲ့ရင်၊
  • 16:12 - 16:15
    ပြန်ပြီး အသုံးပြုလိုရတာက
    ပိုမိုပြီး အကျိုးရှိတာ ထင်ရှားလှတာတောင်၊
  • 16:15 - 16:18
    စက္ကူက ပိုဆိုးတယ်လို့ ပြောချင်တာပေါ့။
  • 16:18 - 16:20
    စက္ကူက ပိုဆိုးတယ်လို့ ဆိုရတာက
  • 16:20 - 16:22
    အဲဒါက ပလပ်စတစ်နဲ့စာရင်
    (၄) ဆကနေ (၁၀) ဆအထိ ပိုလေးတယ်။
  • 16:22 - 16:25
    တကယ်တမ်း ပလပ်စတစ် (၁) ကီလိုနဲ့
    စက္ကူ (၁) ကီလိုကို
  • 16:25 - 16:28
    ဇီဝ သံသရာ အမြင်ကနေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်၊
  • 16:28 - 16:29
    စက္ကူ (၁) ကီလိုက အပြတ်အသတ် ပိုကောင်းတာပေါ့။
  • 16:29 - 16:32
    ဒါပေမယ့် ပလပ်စတစ်အိတ် ဒါမှမဟုတ် စက္ကူအိတ်
    တစ်အိတ်စီရဲ့ အသုံးဝင်ပုံအရ
  • 16:32 - 16:35
    စားသောက်ကုန်တွေကို အိမ်ကို သယ်ယူဖို့ကျတော့
    ခုနကလို ပစ္စည်းတစ်ခုစီရဲ့ (၁) ကီလိုနဲ့ မပြီးနိုင်ပါဘူး။
  • 16:35 - 16:37
    အဲဒါ့အတွက် အရမ်းကို နည်းပါးတဲ့
    ပလပ်စတစ်နဲ့ လုပ်ရနိုင်ပေမဲ့
  • 16:37 - 16:39
    စက္ကူကျတော့ တော်တော်လေးကို ပိုပြီးသုံးဖို့ လိုတယ်။
  • 16:39 - 16:42
    အသုံးဝင်မှုကသာ ပတ်ဝန်းကျင်ဆိုင်ရာ
    အကျိုးသက်ရောက်မှုကို သတ်မှတ်ပြဋ္ဌာန်းပေးတာပါ။
  • 16:42 - 16:45
    ပြီးတော့ ဒီဇိုင်းပညာရှင်တွေက ပတ်ဝန်းကျင်အတွက်
    ကောင်းတဲ့ ပစ္စည်းတွေကိုပဲ တောင်းခံပါတယ်။
  • 16:45 - 16:48
    သင်တို့ အနေနဲ့ လုံး၀ ရှောင်ကြဉ်ရမယ့် ပစ္စည်းဆိုလို့
    အနည်းအကျဉ်းလောက်ပဲရှိတာကို ကျွန်မပြောလိုပါတယ်။
  • 16:48 - 16:50
    ကျန်တာတွေကတော့ အသုံးပြုပုံပေါ် မူတည်တာပါ။
  • 16:50 - 16:53
    နောက်ဆုံးမှာတော့ စီးပွားရေး စနစ်ထဲမှာ ကျွန်မတို့
    ဒီဇိုင်းဆွဲပြီး ထုတ်လုပ်လိုက်သမျှ အားလုံးဟာ
  • 16:53 - 16:55
    စားသုံးသူအနေနဲ့ဝယ်ယူတာတွေဟာ၊
    အသုံးပြုရန် အတွက်ပဲ ဖြစ်တာကိုး။
  • 16:55 - 16:57
    ကျွန်မတို့တွေ တစ်ခုခုကိုလိုချင်ကြတာမို့လို့
    ကျွန်မတို့ အဲဒါကို ဝယ်ကြတယ်။
  • 16:57 - 17:00
    ဒါကြောင့် အရာတွေ အားလုံးကို
    ခွဲခြမ်း ဆန်းစစ်လျက်၊
  • 17:00 - 17:04
    နောက်ပြီး သပ်သပ်ရပ်ရပ်၊ကျကျနန
    အိမ်တိုင်ရာရောက်ပို့ပေးတာတို့၊
  • 17:04 - 17:07
    စနစ် တစ်ခုလုံး နဲ့ အရာဝတ္ထုရဲ့ သက်တမ်း
    တစ်ခုလုံးကို အရာရာတိုင်းကို
  • 17:07 - 17:10
    ထုတ်ယူပုံမှအစ သက်တမ်းအဆုံးအထိ
    ခြေရာပြန်ကောက်ယူကာ ထည့်စဉ်းစားထားတဲ့
  • 17:10 - 17:13
    ကျော့ရှင်း လှပတဲ့ ထုတ်လုပ် ဖြန့်ဖြူးရေး
    နည်းလမ်းတွေကို ရှာကြံကြမှသာ
  • 17:13 - 17:16
    အမှန်တကယ်ကို ဆန်းသစ်တဲ့ ဖြေရှင်းနည်းတွေကို
    စပြီး တွေ့လာနိုင်မှာပါ။
  • 17:16 - 17:18
    တစ်လောက ကျွန်မနဲ့ တွဲလုပ်ခဲ့တဲ့
    ဝါရင့် ဒီဇိုင်းပညာရှင် တစ်ယောက်က
  • 17:18 - 17:22
    ကျွန်မကို ပြောခဲ့တာလေးတစ်ခုကို တိုတိုလေးနဲ့
    ပြန်ပြောပြရင်း အဆုံးသတ်ပါတော့မယ်။
  • 17:22 - 17:25
    "ဘယ်လိုဖြစ်လို့ ရှင်က ရေရှည်တည်တံ့မှုဆိုတာကို မလုပ်တာလဲ။
    အဲဒါကို ရှင်သိတာ ကျွန်မ သိတာပေါ့။" ကျွန်မ မေးခဲ့တယ်။
  • 17:25 - 17:29
    သူဖြေလိုက်တာက "ကောင်းပြီ၊ ဖောက်သည်အား ရေရှည်တည်တံ့မှုဆိုင်ရာ
    ပရောချက်ဂျက်တစ်ခု ဝယ်ဖို့ ကျွန်တော် ဆော်ဩခဲ့တယ်။
  • 17:29 - 17:31
    သူက ကျွန်တော့်ကို ပြန်ပြောလာတာက
  • 17:31 - 17:33
    ဒါဟာ အကုန်အကျပိုပြီး နည်းမယ်ဆိုတာကို ကျွန်တော် သိပါတယ်၊
  • 17:33 - 17:34
    ပိုပြီး ရောင်းကောင်းမယ် ဆိုတာလည်း ကျွန်တော် သိပါတယ်၊
  • 17:34 - 17:39
    ဒါပေမဲ့ ကျွန်တော်တို့ဟာ ရှေ့ဆောင်တီထွင်သူတွေ မဟုတ်ကြပါဘူး။
    ရှေ့ဆောင်တီထွင်သူတွေရဲ့ ကျောတွေမှာ မျှားတွေစိုက်လျှက်ကြီးနဲ့ မို့လို့ပါ။ " တဲ့လေ။
  • 17:39 - 17:41
    ကျွန်မ အထင်အရ ကျွန်မတို့ ဆီမှာ ရှေ့ဆောင်တီထွင်သူတွေ
    တစ်ခန်းလုံး အပြည့်ရှိပါတယ်။
  • 17:41 - 17:44
    အပြင်မှာလည်း နောက်ထပ် အများကြီးရှိတယ်လို့ မျှော်လင့်ပါတယ်။
    ဒီပြဿနာတွေ ဖြေရှင်းဖို့ ကျွန်မတို့ လိုအပ်နေလို့ပါ။
  • 17:44 - 17:45
    ကျေးဇူးတင်ပါတယ်။
  • 17:45 - 17:50
    (လက်ခုပ်သံများ)
Title:
စက္ကူက ပလပ်စတစ်ကို နိုင်ပါ့မလား၊ ပတ်ဝန်းကျင်ဆိုင်ရာ အစဉ်အလာတစ်ခုကို ပြန်လည်သုံးသပ်ခြင်း
Speaker:
Leyla Acaroglu
Description:

"ပတ်ဝန်းကျင်နဲ့ ပတ်သက်လာရင် ကျွန်မတို့ အများစုဟာ ကောင်းမွန်ကန်တာကိုလုပ်ချင်ကြပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စတွေဟာ စက္ကူအိတ်ကိုရွေးချယ်တာမျိုးလို ရိုရှင်းလွယ်ကူနေတာတော့ မဟုတ်ပါဘူး။"လို့ ရေရှည်တည်တံမှုကို နည်းဗျူဟာမြောက် တွေးခေါ်တတ်သူ လေးလာ Leyla Acaroglu က ပြောပါတယ်။စိမ်းလန်းစိုပြေရေးဆိုင်ရာ အယူမှားတွေကို တရားသေ စွဲကိုင်ထားကြတာတွေကို စွန့်လွတ်ကြဖို့၊ကမ္ဘာမြေပေါ်မှာ ဝန်ပိခြင်းတွေကို လျော့ပါးသက်သာစေမယ့် နည်းစနစ်တွေနဲ့ ထုတကုန်တွေကို ဖန်တီးနိူင်ဖို့ ပိုပြီးကြီးကြီးမားမားတွေးခေါ်ဖို့ဆိုတာဟာ ကျွန်ုပ်တို့ အတွက်တော့ ရဲဝံ့တဲ့ တောင်းဆိုချက်တစ်ရပ်ဖြစ်ပါတယ်။ လေးလာ အကလိုဂလူးဟာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲ ဖန်တီးဖို့အတွက် ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ နည်းစနစ်တွေကို အသုံးပြုပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
18:07

Burmese subtitles

Revisions Compare revisions