Return to Video

ပီရူးရဲ့ ပျောက်ဆုံးသွားကြပြီဖြစ်တဲ့ ယဉ်ကျေးမှုများကို ဂြိုဟ်တုဖြင့် ရှာဖွေနေခြင်း

  • 0:01 - 0:04
    ၁၉၁၁ ဇူလိုင်မှာ
  • 0:04 - 0:09
    အသက် ၃၅ နှစ်ရှိတဲ့ Yale ကျောင်းဆင်း
    ပါမောက္ခ တစ်ယောက်ဟာ သူအဖွဲ့နဲ့အတူ
  • 0:09 - 0:11
    မိုးသစ်တော စခန်းချမှ ထွက်လာခဲ့တယ်။
  • 0:11 - 0:13
    မတ်စောက်တဲ့ တောင်ကုန်းတစ်ခု တက်အပြီး
  • 0:13 - 0:16
    မျက်ခုံးက ချွေးသုတ်အပြီးမှာ
    သူ့အောက်ဖက်မှာ
  • 0:16 - 0:19
    မြင်ခဲ့တာကို သရုပ်ဖော်ခဲ့တယ်။
  • 0:19 - 0:22
    ထူထပ်တဲ့ မိုးသစ်တော သစ်ရွက်ကြားက
    မြင့်တက်လာတဲ့ ဂရက်နိုက်ကျောက်နဲ့
  • 0:22 - 0:26
    ဆောက်ထားတဲ့ လှပစွာ စုဆောက်ထားတဲ့
    အဆောက်အဦတွေရဲ့
  • 0:26 - 0:27
    မယုံနိုင်စရာ ဆက်ထားတဲ့
  • 0:27 - 0:29
    ဒီဝင်္ကပါကို တွေလိုက်ရတယ်။
  • 0:29 - 0:31
    ဒီပရောဂျက်အကြောင်း အံ့သြစရာက
  • 0:31 - 0:34
    National Geographic က ပထမဆုံး
    ရံပုံငွေ ထောက်ပံ့ထားပြီး
  • 0:34 - 0:38
    ၎င်းရဲ့ ၁၉၁၂ မဂ္ဂဇင်းရှေ့ဖုံးမှာ
    မျက်နှာသာပေးခဲ့တာပါ။
  • 0:39 - 0:43
    ဒီပါမောက္ခဟာ ဒီနေရာကို မှတ်တမ်း
    တင်ဖို့ နောက်ဆုံးပေါ်
  • 0:43 - 0:44
    ဓာတ်ပုံကိရိယာတွေသုံးခဲ့တယ်၊
  • 0:44 - 0:48
    စူစမ်းရှာဖွေရေး မျက်နှာစာကို
    ထာဝရ ပြောင်းလဲပစ်ခဲ့တယ်။
  • 0:48 - 0:51
    ဒီနေရာက Hiram Bingham
    ရှာဖွေ၊ စူးစမ်းခဲ့တဲ့
  • 0:51 - 0:54
    Machu Picchu ပါ။
  • 0:55 - 0:57
    ဒီနေရာကိုတွေ့တော့ သူမေးတာက
  • 0:57 - 0:59
    "ဒါဟာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပါ။
  • 1:00 - 1:01
    ဘာပါလိမ့်။"
  • 1:02 - 1:05
    ဒါနဲ့ ဒီနေ့
  • 1:05 - 1:07
    နှစ်တစ်ရာအကြာမှာ
  • 1:07 - 1:11
    အားလုံးကို ဒီအံ့သြစရာကောင်းတဲ့
    ခရီးဆီ ဖိတ်ကြားပါတယ်။
  • 1:12 - 1:14
    အသက် ၃၇ နှစ် Yale ကျောင်းဆင်း
    ပါမောက္ခတစ်ဦးပါ။
  • 1:14 - 1:17
    (အားပေးသံများ)
  • 1:17 - 1:20
    တစ်နိုင်ငံလုံးကို
    မြေပုံထုတ်ဖို့ နောက်ဆုံးပေါ်
  • 1:20 - 1:23
    နည်းပညာပဲ အသုံးပြုမှာပါ။
  • 1:24 - 1:27
    ဒါက Hiram Bingham
    စခဲ့တဲ့ အိပ်မက်တစ်ခုဆိုပေမဲ့
  • 1:27 - 1:30
    ကျွန်မတို့က ဒါကို ကမ္ဘာကို
    ပျံ့အောင်လုပ်နေတာပါ။
  • 1:30 - 1:35
    ရှေးဟောင်းသုတေသန စူးစမ်းမှုကို
    ပိုပွင့်လင်းပြီး အားလုံးပါဝင်အောင်လုပ်ရင်း
  • 1:35 - 1:38
    အရင်က တကယ်ကို မဖြစ်နိုင်လောက်တဲ့
    စကေးမျိုးပါ။
  • 1:39 - 1:42
    ဒါကြောင့် 2016 TED Prize အစီအစဉ်ကို
  • 1:42 - 1:44
    လက်တင် အမေရိကမှာ စမယ်ဆိုတာ
  • 1:44 - 1:49
    အားလုံးနဲ့ ဒီနေ့ မျှဝေဖို့
  • 1:49 - 1:51
    အရမ်းစိတ်လှုပ်ရှားနေတာပါ။
  • 1:52 - 1:54
    ပိုတိတိကျကျဆိုရင် ပီရူးပေါ့။
  • 1:55 - 1:56
    (လက်ခုပ်သံများ)
  • 1:56 - 1:58
    ကျေးဇူးတင်ပါတယ်။
  • 2:02 - 2:05
    Hiram Bingham ရဲ့ မဖြစ်နိုင်တဲ့
    အိပ်မက်ကို ယူပြီး
  • 2:06 - 2:09
    အားလုံးအတူ မျှဝေလို့ရတဲ့
  • 2:09 - 2:12
    အံ့ဖွယ် အနာဂတ်အဖြစ် ပြောင်းမှာပါ။
  • 2:12 - 2:14
    ပီရူးမှာ Machu Picchu ပဲ
    ရှိတာမဟုတ်ဘူး၊
  • 2:14 - 2:17
    ၎င်းဟာ ဒီမှာ မြင်ရတာလို
  • 2:17 - 2:18
    လုံးဝ အံ့မခန်းဖွယ်ရာ ရတနာရှိတယ်။
  • 2:18 - 2:22
    လူပုံတွေရဲ့ Moche အိုးထည်အတတ်ရှိတယ်။
  • 2:22 - 2:24
    Nazca မျဉ်းတွေနဲ့
  • 2:24 - 2:26
    အံ့ဖွယ် အထည်အလိပ်တွေရှိတယ်။
  • 2:27 - 2:30
    ဒီတော့ TED Prize အစီအစဉ်ရဲ့ အပိုင်းအြဖစ်
  • 2:30 - 2:33
    အံ့ဖွယ် အဖွဲ့အစည်းတစ်ချို့နဲ့
    တွဲဖက်တော့မှာပါ၊
  • 2:33 - 2:36
    အရင်ဆုံးက DigitalGlobe ပါ၊
    ရုပ်ထွက်မြင့်မားတဲ့
  • 2:36 - 2:39
    စီးပွားရေး ဂြိုဟ်တုပုံရိပ်ရဲ့
    ကမ္ဘာ့အကြီးဆုံး ထောက်ပံ့သူပါ။
  • 2:39 - 2:42
    သူတို့မှာရှိတဲ့ ဒီအံ့သြဖွယ်
    လူစုအရင်းအမြစ်ကနေ
  • 2:42 - 2:44
    ကျွန်မတို့ကို ကူဆောက်ပေးပါလိမ့်မယ်။
  • 2:44 - 2:45
    ရှင်တို့ တစ်ချို့ MH370
  • 2:45 - 2:50
    ပျက်ကျတာနဲ့ လေယာဉ်ရှာဖို့
    ဒါကို သုံးကောင်းသုံးလိမ့်မယ်။
  • 2:50 - 2:53
    တကယ်က ဂြိုဟ်တု ရုပ်ပုံနဲ့ပါ
    ကျွန်မတို့ကို ထောက်ပံ့ပေးနေမှာပါ။
  • 2:53 - 2:57
    National Geographic က ပညာရေးနဲ့ တကယ်တော့
    စူးစမ်းရေးနဲ့ပါ ထောက်ပံ့ပါလိမ့်မယ်။
  • 2:57 - 3:00
    ဒါ့အပြင် ဟောပြောမှုအစမှာ မြင်ခဲ့ကြတဲ့
    မှတ်တမ်းပုံနဲ့
  • 3:00 - 3:04
    သတင်းမှတ်တမ်းကားလိုမျိုး
    အပါအဝင် အစီအစဉ်အတွက်
  • 3:04 - 3:08
    ကြွယ်ဝတဲ့ အကြောင်းအရာတွေနဲ့
    ထောက်ပံ့နေမှာပါ။
  • 3:08 - 3:10
    အစီအစဉ်ကို စတင်တည်ဆောက်၊ ရေးဆွဲပြီးပါပြီ၊
  • 3:10 - 3:12
    အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။
  • 3:12 - 3:14
    အေးဆေးတဲ့ အပိုင်းက ဒါပါ။
  • 3:14 - 3:16
    Chase Childs ဦဆောင်တဲ့ ကျွန်မအသင်းဟာ
  • 3:17 - 3:20
    ဂြိုဟ်တုပုံရိပ်အချို့ကို စကြည့်ပြီးပါပြီ။
  • 3:20 - 3:23
    တကယ်က ဒီမှာမြင်ကြတာက ၀.၃ မီတာ ဒေတာပါ။
  • 3:23 - 3:25
    ပီရူးမြောက်ဘက်က Chan Chan လို့
    ခေါ်တဲ့နေရာပါ။
  • 3:25 - 3:27
    ၈၅၀ အေဒီ ကာလပါ။
  • 3:27 - 3:30
    တကယ့် အံ့သြစရာမြို့ပါ၊ ချဲ့ကြည့်ရအောင်။
  • 3:30 - 3:34
    ဒါက သင်တို့ မြင်လာရမယ့်
    အမျိုးအစားနဲ့ ဒေတာ အရည်အသွေးပါ။
  • 3:34 - 3:37
    သီးသန့် တည်ဆောက်မှုတွေ၊ သီးသန့်
    အဆောက်အအုံတွေ မြင်နိုင်ပါတယ်။
  • 3:37 - 3:41
    အရင်က မသိတဲ့ နေရာတွေ စတွေ့နှင့်ပြီးပါပြီ။
  • 3:41 - 3:43
    ကျွန်မတို့ ပြောနိုင်တာက အစီအစဉ်ရဲ့
    အပိုင်းအဖြစ်
  • 3:43 - 3:47
    ဒီတစ်ခုလို (သို့) ဖြစ်နိုင်ခြေရှိတဲ့
    ဒီနေရာကြီးလို အရင်က မသိတဲ့ ထောင်ချီတဲ့
  • 3:47 - 3:48
    နေရာအားလုံးကိုလည်း
  • 3:49 - 3:51
    အားလုံးက ကူရှာပေးပါလိမ့်မယ်။
  • 3:51 - 3:55
    ကံဆိုးတာက အကြီးစား ဖောက်ယူထားတဲ့
    နေရာတွေကိုလည်း စတွေ့ထားတာပါ။
  • 3:55 - 3:57
    ဒီနေရာမျိုးပေါ့။
  • 3:57 - 3:59
    ပီရူးက နေရာအတော်များများ အလှန့်ခံနေရတယ်။
  • 3:59 - 4:01
    အရေးကြီးတဲ့အပိုင်းက ဒီအချက်အလက်အားလုံးကို
  • 4:01 - 4:04
    ဒီနေရာတွေကို ကာကွယ်ခြင်းရဲ့
    ရှေ့တန်းတွေက ရှေးဟောင်းသုတေသီတွေနဲ့
  • 4:04 - 4:05
    မျှဝေတော့မှာပါ။
  • 4:06 - 4:10
    ဒါနဲ့ ပီရူးမှာပဲ UNESCO အပါအဝင်
    ၎င်းတို့ရဲ့ ယဉ်ကျေးမှု ဝန်ကြီးနဲ့
  • 4:10 - 4:11

    တွေ့ဆုံပါတယ်။
  • 4:11 - 4:13
    သူတို့နဲ့ အနီးကပ် ပူးပေါင်းနေပါတယ်။
  • 4:13 - 4:14
    အားလုံးသိတဲ့အတိုင်း
  • 4:14 - 4:17
    နေရာက အင်္ဂလိပ် စပိန်
    နှစ်ခုလုံးဖြစ်မှာဆိုတော့
  • 4:17 - 4:19
    ပီရူးနဲ့ လက်တင် အမေရိကတစ်လွှားက လူတွေ
  • 4:19 - 4:23
    ပါဝင်နိုင်အောင် လုပ်ဖို့
    လုံးဝကို အရေးပါပါတယ်။
  • 4:23 - 4:27
    ကျွန်မတို့ရဲ့ အဓိက ပရောဂျက် တွဲဖက်
    ဆောင်ရွက်သူက ဒီပုဂ္ဂိုလ်ကြီးပါ။
  • 4:27 - 4:29
    Catholic University က ပါမောက္ခ
  • 4:29 - 4:32
    Dr. Luis Jaime Castillo ပါ။
  • 4:32 - 4:36
    လေးစားလောက်တဲ့ ပီရူး ရှေးဟောင်း
    သုတေသီနဲ့ ဒုဝန်ကြီးဟောင်းဖြစ်တာကြောင့်
  • 4:36 - 4:40
    Dr. Castillo က ဒေတာတွေကို ရှေးဟောင်းသုတေသီ
    တွေနဲ့အတူ ညှိနှိုင်း မျှဝေဖို့ ကူညီနေတယ်။
  • 4:40 - 4:42
    မြေပေါ်က ဒီနေရာတွေကို
    သူတို့ စူးစမ်းနိုင်အောင်ပါ။
  • 4:42 - 4:46
    သူဟာ ဒီအံ့သြဖွယ် ဝေဟင် မြေပုံထုတ်
    ပရိုဂရမ်ပါ ဆောင်ရွက်နေပါတယ်။
  • 4:46 - 4:49
    ပုံတစ်ချို့ကို ကျွန်မနောက်မှာ
    မြင်နိုင်ပါတယ်။
  • 4:49 - 4:52
    ဒီဒေတာကို အစီအစဉ်ထဲမှာ ပေါင်းစပ်ပြီး
    သင်ကူရှာပေးတဲ့
  • 4:52 - 4:55
    နေရာသစ်တစ်ချို့ကို ပုံရိုပ်ဖမ်းဖို့လည်း
    ကူညီနေပါလိမ့်မယ်။
  • 4:56 - 4:58
    ကျွန်မတို့ရဲ့ မြေပြင် လက်တွဲဖော်
  • 4:58 - 5:02
    နယ်ကျော် ပညာရေးအပြင်
    နေရာ ထိန်းသိမ်းမှု အပိုင်းတွေပါ
  • 5:02 - 5:04
    ကူညီနေသူကတော့
  • 5:04 - 5:06
    Dr. Larry Coben ဦးဆောင်တဲ့ Sustainable
  • 5:06 - 5:07
    Preservation Initiative ပါ။
  • 5:07 - 5:09
    တစ်ချို ကမ္ဘာ့ အဆင်းရဲဆုံး
  • 5:09 - 5:11
    လူစုတွေဟာ ကမ္ဘာ့ အကျော်ကြားဆုံး
  • 5:11 - 5:15
    ရှေးဟောင်းသုတေသန နေရာတွေနဲ့
    အတူရှိတာကို တစ်ချို့ သိချင်မှသိမယ်။
  • 5:15 - 5:16
    SPI လုပ်တာက
  • 5:16 - 5:18
    ဒီလူစုတွေကို အထူးသဖြင့်
    အမျိုးသမီးတွေကို
  • 5:18 - 5:20
    စီးပွားရေး နည်းလမ်းသစ်တွေနဲ့
  • 5:20 - 5:23
    လုပ်ငန်းသင်တန်းတွေနဲ့
    စွမ်းအားပေးဖို့ ကူညီတာပါ။
  • 5:23 - 5:26
    ဒီတော့ သူတို့ကို ကမ္ဘာလှည့်ခရီးသည်တွေကို
    ရောင်းတဲ့ လှပတဲ့ လက်မှုပညာတွေ
  • 5:27 - 5:28
    ဖန်တီးတတ်အောင်
    ကူညီ သင်ကြားပေးပါတယ်။
  • 5:29 - 5:33
    ဒါက အမျိုးသမီးတွေကို ယဉ်ကျေးမှု
    အမွေအနှစ်ကို မြတ်နိုးပြီး ဒါကို
  • 5:33 - 5:34
    ပိုင်ဆိုင်ရယူဖို့ အင်အားပေးပါတယ်။
  • 5:34 - 5:38
    Lima အစွန်က Pachacamac လို့ခေါ်တဲ့
    ထင်ရှားတဲ့ ရှေးဟောင်း သုတေသန နေရာမှာ
  • 5:38 - 5:43
    ဒီအမျိုးသမီးတွေနဲ့ အချိန်အနည်းငယ်
    ကုန်ဆုံးခွင့်ရခဲ့တယ်။
  • 5:43 - 5:45
    ဒီအမျိုးသမီးတွေဟာ မယုံနိုင်အောင်
    လှုံ့ဆော်နိုင်ကာ
  • 5:45 - 5:50
    ထူးကဲတာက SPI ကနေပြီး သင်တို့ ကူရှာဖွေ
    ပေးတဲ့ နေရာတွေ အနီးက ဒီလူစုတွေကို
  • 5:50 - 5:52
    ပြောင်းလဲဖို ကျွန်မတို့ကို ကူညီပေးမယ်
    ဆိုတာပါ။
  • 5:53 - 5:55
    ပီရူးက အစပါပဲ။
  • 5:55 - 5:58
    ဒီအစီအစဉ်ကို ကမ္ဘာကို ဖြန့်မှာပါ။
  • 5:58 - 6:00
    ဒါပေမဲ့ ကမ္ဘာတစ်လွှားက လူတွေဆီက
    ထောင်ချီတဲ့
  • 6:00 - 6:03
    အီးမေးလ်တွေ ရနှင့်ပြီးပါပြီ။
    ပါမောက္ခတွေ၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့
  • 6:04 - 6:07
    အခြား ရှေးဟောင်းသုတေသီတွေ
    ပါဝင်ကူညီဖို့ အရမ်း စိတ်တက်ကြွသူတွေပေါ့။
  • 6:07 - 6:12
    တကယ်က Atlantis အပါအဝင် အံ့ဖွယ်
    နေရာတွေကို ကူရှာပေးဖို့
  • 6:12 - 6:14
    သူတို့က အကြံပေးနေပါတယ်။
  • 6:14 - 6:16
    Atlantis ကိုရှာနေမလားဆိုတာ ကျွန်မမသိဘူး။
  • 6:16 - 6:17
    ဒါပေမဲ့ ဘယ်သူမှ မသိပါဘူး။
  • 6:17 - 6:21
    ဒီတော့ ဒီအစီအစဉ်စဖို့
    စိတ်လှုပ်ရှားမိပါတယ်။
  • 6:21 - 6:23
    နှစ်ကုန်မှာတော့ တရားဝင် စတော့မှာပါ။
  • 6:23 - 6:25
    ကျွန်မ ပြောစရာရှိတာက
  • 6:25 - 6:31
    ကျွန်မအဖွဲ့ သီတင်းပတ်အနည်းငယ်က ရှာ
    တွေ့ထားတဲ့ အတိတ်ဆိုတာ အရိပ်အယောင်တစ်ခုပါ။
  • 6:31 - 6:35
    ကမ္ဘာကြီးက ရှာဖွေတာကတော့ စိတ်ကူးနိုင်
    စွမ်းရဲ့ အလွန်ဖြစ်ပါလိမ့်မယ်။
  • 6:35 - 6:38
    သင်တို့ရဲ့ ကုလားအုတ်တွေကို
    မြဲအောင်ကိုင်ထားကြပါ။
  • 6:38 - 6:39
    ကျေးဇူးအများကြီးတင်ပါတယ်။
  • 6:40 - 6:41
    (လက်ခုပ်သံများ)
  • 6:41 - 6:43
    ကျေးဇူးတင်ပါတယ်။
  • 6:43 - 6:45
    (လက်ခုပ်သံများ)
Title:
ပီရူးရဲ့ ပျောက်ဆုံးသွားကြပြီဖြစ်တဲ့ ယဉ်ကျေးမှုများကို ဂြိုဟ်တုဖြင့် ရှာဖွေနေခြင်း
Speaker:
Sarah Parcak
Description:

ကမ္ဘာတစ်ဝှမ်းမှာ သိန်းချီပြီးရှိတဲ့ ပျောက်ဆုံးနေကြတဲ့ ရှေးဟောင်း နေရာတွေဟာ မြေနက်ပိုင်းထဲ မြုပ်ဝင်နေပြီး မြင်မရကြတော့ပါ။ ဂြိဟ်တု ရှေးဟောင်းသုတေသနပညာရှင် Sarah Parcak ဟာ ဖောက်ထွင်းခိုးယူသူတွေ ရှာမတွေခင် ဒါတွေကို ရှာဖွေဖို့ သံန္နိဌာန်ချထားပါတယ်။ ၂၀၀၆ TED Prize နဲ့အတူ Parcak ဟာ ကမ္ဘာ့ ပုန်းကွယ်နေတဲ့ အမွေအနှစ်တွေကို ရှာဖွေ၊ ကာကွယ်ဖို့ စေတနာ့ဝန်ထမ်း စူစမ်းရှာဖွေသူများရဲ့ တပ်ဖွဲ့တစ်ခုကို လေ့ကျင့်သင်တန်းပေးတဲ့ GlobalXplorer လို့ခေါ်တဲ့ အွန်လိုင်း နိုင်ငံသား-သိပ္ပံ ကိရိယာကို တည်ဆောက်နေတာပါ။ ဒီဟောပြောချက်မှာ သူမက သူတို့ ပထမဦးဆုံး ကြည့်မယ့်နေရာကို အစမ်းကြည့်နိုင်အောင် တင်ပြထားပါတယ်။ Peru Machu Picchu ရဲ့ ဇာတိ၊ Nazca မျဉ်းများနဲ့ အြခားသော ရှာဖွေတွေ့ရှိရန် စောင့်စားနေကြတဲ့ ရှေးဟောင်းသုတေသုန အံ့ဖွယ်တွေပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:59

Burmese subtitles

Revisions