Return to Video

တစ်မူထူးပြီးလှူကြမလား။

  • 0:00 - 0:02
    ကျွန်မသံသယရှိတာက
  • 0:02 - 0:04
    ဒီပိုက်ဆံကို အာဖရိကမှာ
    ထောက်ပံ့ရေးလုပ်သားတိုင်း
  • 0:04 - 0:06
    သူတို့အလုပ်သက်တမ်းမှာ
    ကာလတစ်ခုတော့ကြုံရတယ်
  • 0:06 - 0:09
    ပိုက်ဆံအားလုံးသူရဲ့ပရောဂျက်
    အတွက်ယူဆောင်ချင်တဲ့အခါပေါ့
  • 0:09 - 0:12
    ကျောင်းတစ်ကျောင်း ဒါမှမဟုတ်
    လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ
  • 0:12 - 0:14
    ဒါကို ခရီးဆောင်အိတ်ထဲ ထည့်၊
    နိုင်ငံထဲကအဆင်းရဲဆုံး
  • 0:14 - 0:18
    ရွာတွေပေါ်ကို ပျံသန်းတဲ့ လေယာဉ်ပေါ်ကိုတက်၊
  • 0:18 - 0:21
    ပြီးတော့ ပြူတင်းပေါက်ကနေ ပစ်ချတာလေ။
  • 0:21 - 0:23
    ဝါရင့်ထောက်ပံ့ရေး လုပ်သားဖြစ်တာကြောင့်
  • 0:23 - 0:26
    အေးစက်၊ တောင့်တင်းတဲ့ပိုက်ဆံကို ကမ္ဘာပေါ်က
  • 0:26 - 0:29
    အဆင်းရဲဆုံးသူတွေရဲ့လက်တွေထဲကို
    ထည့်ပေးလိုက်ခြင်းဆိုတဲ့
  • 0:29 - 0:31
    စိတ်ကူးဟာ ကြောင်တယ်လို့တော့ မထင်မိဘူး။
  • 0:31 - 0:35
    ဒါက တကယ်ကို စိတ်ကျေနပ်စရာ ကောင်းပုံပါ
  • 0:35 - 0:38
    ၁၀နှစ်လောက် အမှတ်အသားရှိတဲ့ အဲဒီကာလရှိခဲ့တယ်၊
  • 0:38 - 0:40
    ကံကောင်းချင်တော့ ဒီအယူအဆဟာတကယ်ပဲ
  • 0:40 - 0:44
    ရှိနေတယ်ဆိုတာ သိလိုက်ရတဲ့ အခါမှာလည်း
  • 0:44 - 0:48
    ဒါဟာ ထောက်ပံ့ရေး စနစ်အတွက်
    လိုအပ်မယ့်ဟာပါပဲ။
  • 0:48 - 0:51
    စီးပွားရေးပညာရှင်တွေကတော့ ခြွင်းချက်မရှိ
    ငွေလွှဲပြောင်းတာလို့ခေါ်တယ်။
  • 0:51 - 0:53
    ဒါအတိအကျပါပဲ။ ငွေကို ဘာအနှောင်အဖွဲ့မှ
  • 0:53 - 0:55
    မပါပဲ ပေးတာပါ။
  • 0:55 - 0:57
    ဖွံဖြိုးဆဲနိုင်ငံတွေက အစိုးရတွေကတော့
  • 0:57 - 0:58
    ဒါကိုလုပ်နေတာ ဆယ်စုနှစ်ချီနေပါပြီ။
  • 0:58 - 1:01
    အခုအခါမှပဲ နောက်ထပ် သာဓကတွေနဲ့
    နည်းပညာသစ်တွေက
  • 1:01 - 1:04
    အထောက်အပံ့ပို့ဆောင်ရေးအတွက်
  • 1:04 - 1:08
    ဒီပုံစံတစ်ခုလုပ်ဖို့ အလားအလာရှိလာတော့တယ်။
  • 1:08 - 1:11
    တော်တော်လေးရိုးရှင်းတဲ့ စိတ်ကူးပါ၊
    ဟုတ်တယ်နော်။
  • 1:11 - 1:15
    ကောင်းပြီ၊ဘာဖြစ်လို့ ဆင်းရဲသားတွေ
    အတွက် အခြားဟာတွေလုပ်တာ
  • 1:15 - 1:17
    ဆယ်စုနှစ်တစ်ခု ကုန်ဆုံးခဲ့သလဲ။
  • 1:17 - 1:21
    တကယ်တော့ ဆင်းရဲသားတွေ သူတို့ကိုယ်သူတို့လုပ်တာထက်
  • 1:21 - 1:23
    သူတို့အတွက်ပိုက်ဆံကိုပို့ပေးရင်
    ပိုကောင်းအောင်
  • 1:23 - 1:25
    လုပ်ပေးနိုင်တယ်လို့ ကျွန်မယုံကြည်ခဲ့မိခဲ့လို့ပါ။
  • 1:25 - 1:27
    ယူဆချက် ၂ခုကို စွဲကိုင်ထားပါတယ်။
  • 1:27 - 1:29
    တစ်- ဆင်းရဲသားတွေ ဆင်းရဲကြတာက တစ်စိတ်အားဖြင့်
  • 1:29 - 1:31
    ပညာမတတ်လို့၊ ကောင်းမွန်တဲ့
  • 1:31 - 1:33
    ရွေးချယ်မှုတွေ မလုပ်ခဲ့ကြလို့ပါ။
  • 1:33 - 1:36
    နှစ်- ဒါကြောင့် သူတို့လိုတာတွေကို
    သူတို့ဆီကိုရောက်ရှိဖို့ကို
  • 1:36 - 1:40
    တွက်ဆဖို့ ကျွန်မလို လူတွေလိုပါတယ်။
  • 1:40 - 1:44
    လက်တွေ့အရာတွေက တစ်နည်းတစ်ဖုံဖြစ်သွားတယ်။
  • 1:44 - 1:47
    မကြာသေးခင်နှစ်တွေက သုတေသီတွေဟာ
    ဆင်းရဲသားတွေကို ငွေသားပေးတဲ့အခါ
  • 1:47 - 1:50
    ဘာတွေဖြစ်ပေါ်တယ်ဆိုတာကို
    လေ့လာနေခဲ့ကြတယ်။
  • 1:50 - 1:53
    ဘုတ်အဖွဲ့အသီးသီးရဲ့
    ဒါဇင်နဲ့ချီတဲ့ လေ့လာမှုတွေပါ
  • 1:53 - 1:56
    လူတွေဟာ လွှဲပြောင်းရရှိတဲ့ငွေကို
    သူတို့ဘဝတိုးတက်ဖို့
  • 1:56 - 1:58
    အသုံးပြုကြတယ်လို့ ပြဆိုတယ်။
  • 1:58 - 2:01
    Uruguay ကကိုယ်ဝန်ဆောင် အမျိုးသမီးတွေက
    ပိုကောင်းတဲ့ အစားအစာတွေဝယ်
  • 2:01 - 2:03
    ပိုကျန်းမာတဲ့ ကလေးတွေ မွေးဖွားကြတယ်။
  • 2:03 - 2:06
    သီရိလင်္ကာက အမျိုးသားတွေကတော့
    စီပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံကြတယ်။
  • 2:06 - 2:09
    ကျွန်မတို့ အလုပ်ကိုလေ့လာကြတဲ့ ကင်ညာက
    သုသေသီတွေတွေ့ရှိတာက
  • 2:09 - 2:12
    လူတွေဟာ ပိုင်ဆိုင်မှုအမျိုးမျိုးမှာ
    ရင်းနှီးမြှပ်နှံကြတယ်၊
  • 2:12 - 2:16
    မွေးမြူရေးသုံး ကိရိယာကနေ
    အိမ်မွမ်းမံမှုအထိဖြစ်ပြီး
  • 2:16 - 2:18
    စီပွားရေးလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းတွေကနေ
  • 2:18 - 2:20
    ဝင်ငွေ တိုးပွားလာတာကို
  • 2:20 - 2:24
    ငွေပို့ပေးပြီးတစ်နှစ်အကြာမှာ မြင်တွေ့ရပါတယ်။
  • 2:24 - 2:27
    ဘယ်လေ့လာမှုကမှ လူတွေဟာ
  • 2:27 - 2:29
    အရက်သောက်တာတို့၊ ဆေးလိပ်တာတို့မှာ
    ပိုက်ဆံပိုသုံးတာ
  • 2:29 - 2:32
    ဒါမှမဟုတ် အလုပ်လျှော့လုပ်တာတွေ
    မတွေ့ရပါဘူးတဲ့။
  • 2:32 - 2:36
    တကယ်တော့ သူတို့အလုပ် ပိုလုပ်ကြပါတယ်။
  • 2:36 - 2:39
    ကဲဒါတွေက ရုပ်ဝတ္ထု လိုအပ်ချက်တွေပါ။
  • 2:39 - 2:42
    ဗီယက်နမ်မှာ သက်ကြီးပိုင်း လက်ခံရရှိသူတွေဟာ
  • 2:42 - 2:45
    သူတို့ရဲ့လွှဲပြောင်းရငွေကို အခေါင်းဖိုးအတွက်သုံးတယ်
  • 2:48 - 2:51
    Maslow မှားသွားခဲ့တယ်ဆိုရင်ကော
    ဆိုပြီး သိချင်လိုကြတယ်ဆိုရင်
  • 2:51 - 2:55
    ကျွန်မမြင်မိတာက ဒီရွေးချယ်မှုဟာ
    စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို
  • 2:55 - 2:58
    နက်နက်ရှိုင်းရှိုင်း နှိမ့်ချ ဦးစားပေးလိုက်ဖို့ပါ။
  • 2:58 - 3:00
    အစားအသောက် ဒါမှမဟုတ် ခေါင်းတွေအတွက်ပဲ
  • 3:00 - 3:03
    ကျွန်မရွေးချယ်မလား ဆိုတာတော့ ကျွန်မမသိဘူး၊
  • 3:03 - 3:06
    ဒါက မေးစရာဖြစ်လာပါတယ်။
  • 3:06 - 3:09
    အရင်းအမြစ်တွေကို ဆင်းရဲသားတွေကိုယ်စား
    ခန့်ခွဲပေးရာမှာ
  • 3:09 - 3:11
    ကျွန်မတို့တွေ ဘယ်လောက်များတော်ကြလဲ။
  • 3:11 - 3:14
    ကျွန်မတို့ဟာ ကုန်ကျစရိတ်အတွက် တန်ရဲ့လား။
  • 3:14 - 3:15
    နောက်ပြီးတော့ ကျွန်မတို့ရွေးချယ်တဲ့
    ပစ္စည်းတွေကို
  • 3:15 - 3:18
    လူတွေကိုပေးတဲ့အခါ ဖြစ်ပေါ်လာတဲ့
    မျက်မြင်ဒိဌ အထောက်အထားကို
  • 3:18 - 3:21
    ကြည့်နိုင်ပါတယ်။
  • 3:21 - 3:24
    အလွန်အမင်းဆင်းရဲတယ်ဆိုတဲ့
    သူတွေကို ခြံမွေးတိရိစ္ဆာန်တွေပေးတဲ့
  • 3:24 - 3:27
    အိန္ဒိယက အစီအစဉ် တစ်ခုကိုကြည့်ရှုတဲ့
    လေ့လာမှုတစ်ခုက တွေ့ရှိတာက
  • 3:27 - 3:31
    လက်ခံရရှိသူ ၃၀ ရာနှုန်းဟာ
  • 3:31 - 3:35
    သူတို့ကိုပေးထားတဲ့ ခြံမွေးတိရိစ္ဆာန်တွေကို
  • 3:35 - 3:39
    ရောင်စားလိုက်ကြတာကို တွေ့ရတယ်တဲ့။
  • 3:39 - 3:40
    ရယ်စရာအဖြစ်က
  • 3:40 - 3:43
    ဒီအစီအစဉ်ကပေးတဲ့ ဒေါ်လာ ၁၀၀ တန်တဲ့
  • 3:43 - 3:45
    ပစ္စည်းတိုင်းအတွက် ဒါကိုလုပ်ဖို့
  • 3:45 - 3:50
    နောက်ထပ် ၉၉ ဒေါ်လာကို စိုက်သုံးရခြင်းပါပဲ။
  • 3:50 - 3:53
    ဒီအစား ပိုက်ဆံထည့်ပေးဖို့ နည်းပညာသုံးမယ်
    ဆိုရင်ရော၊
  • 3:53 - 3:58
    ထောက်ပံ့ရေး အေဂျင်စီတွေကပဲဖြစ်ဖြစ်၊
    ဆင်းရဲသားတစ်ယောက်ရဲ့ လက်ထဲ ထည့်ပေးမယ့်
  • 3:58 - 4:02
    ကျွန်မတို့ထဲက တစ်ယောက်ဖြစ်ဖြစ်ပေါ့။
  • 4:02 - 4:04
    ယနေ့ ကင်ညာက လူ၄ဦးမှာ၃ဦးက
    မိုဘိုင်းပိုက်ဆံသုံးကြတယ်။
  • 4:04 - 4:07
    ဒါက အခြေခံအားဖြင့်
    ဘယ်ဆဲလ်ဖုန်းကိုမဆို သုံးလို့ရတဲ့
  • 4:07 - 4:09
    ဘဏ်စာရင်းတစ်ခုပါ။
  • 4:09 - 4:12
    ပေးပို့သူက ၁.၆ ရာခိုင်နှုန်း
    ဝန်ဆောင်ခ ပေးရပြီး
  • 4:12 - 4:14
    ခလုတ်တစ်ချက် နှိပ်ရုံနဲ့ ပိုက်ဆံဟာ
  • 4:14 - 4:17
    ကြားခံလူတွေမပါပဲ လက်ခံသူရဲ့
  • 4:17 - 4:20
    စာရင်းထဲကိုဝင်သွားမှာပါ။
  • 4:20 - 4:23
    ကျွန်မတို့ရဲ့ကိုယ်ပိုင်ဘဝမှာ
    လုပ်ငန်းတွေကို နှောင့်ယှက်နေကြတဲ့
  • 4:23 - 4:25
    နည်းပညာတွေလိုပဲ
  • 4:25 - 4:27
    ဆင်းရဲတဲ့နိုင်ငံတွေက ငွေပေးချေတဲ့
    နည်းပညာဟာထောက်ပံ့မှုကို
  • 4:27 - 4:30
    နှောက်ယှက်နိုင်ပါတယ်။
  • 4:30 - 4:33
    ပျံ့နှံမှုဟာ မြန်လွန်းတော့ ဒီနည်းလမ်းနဲ့
  • 4:33 - 4:35
    သန်းထောင်နဲ့ချီတဲ့ ကမ္ဘာကြီးရဲ့
    ဆင်းရဲသားတွေဆီရောက်ရှိဖို့
  • 4:35 - 4:38
    စိတ်ကူးလို့ရနိုင်ပါတယ်။
  • 4:38 - 4:40
    ဒါက ကျွန်မတို့တွေ GiveDirectly မှာ
    စတင်လုပ်ကိုင်ထားတာပါ။
  • 4:40 - 4:42
    ကျွန်မတို့ဟာ ဆင်းရဲသားတွေကို ပိုက်ဆံလွှဲပို့ရာမှာ
  • 4:42 - 4:45
    ထောက်ပံ့ဖို့ ရည်စူးထားတဲ့
    ပထမဦးဆုံးအဖွဲ့အစည်းပါ။
  • 4:45 - 4:50
    Kenya နဲ့ Uganda တစ်လွှားမှာရှိတဲ့ ကျေးလက်က
  • 4:50 - 4:51
    လူ ၃၅၀၀၀ကို မိသားစုတစ်စု
  • 4:51 - 4:54
    တစ်ကြိမ်ပေးပို့ငွေ ဒေါ်လာ ၁၀၀၀ နှုန်းနဲ့
  • 4:54 - 4:57
    ပေးပို့ပြီးပါပြီ။
  • 4:57 - 4:59
    အခုထိတော့ အဆင်းရဲဆုံးရွာတွေက
    အဆင်းရဲဆုံးသူတွေကို
  • 4:59 - 5:02
    ရှာထားပါတယ်၊ ကမ္ဘာ့ဒီအပိုင်းကလူတွေဟာ
  • 5:02 - 5:04
    ရွှံ့၊ သက်ကယ်နဲ့ ဆောက်ထားတဲ့အိမ်တွေမှာ၊
  • 5:04 - 5:05
    နေထိုင်သူများဖြစ်ပြီး
  • 5:05 - 5:08
    ဘိလပ်မြေ၊ သံနဲ့မဟုတ်ပါဘူး။
  • 5:08 - 5:10
    ဒီတော့ ဒါသင့်ရဲ့မိသားစုလို့ဆိုပါတော့။
  • 5:10 - 5:12
    ကျွန်မတို့သင့်တံခါးဝကို Android
    ဖုန်းတစ်လုံးနဲ့ ရောက်လာတယ်။
  • 5:12 - 5:15
    သင့်ရဲ့နာမည်ကိုယူ၊ သင်နဲ့
  • 5:15 - 5:16
    သင့်ရဲ့တဲကို ဓာတ်ပုံရိုက်ပြီး
  • 5:16 - 5:18
    GPS ညွှန်းချက်တွေကို တွဲလိုက်မယ်။
  • 5:18 - 5:21
    အဲဒီညမှာ အချက်အလက်အားလုံးကို
    cloud စနစ်ဆီကိုပို့ပြီး၊
  • 5:21 - 5:23
    တစ်ပိုင်းချင်းစီကို သီးခြားအဖွဲ့တစ်ခုကနေ
  • 5:23 - 5:25
    စစ်ဆေးလိုက်တယ်၊
  • 5:25 - 5:28
    ဥပမာ ဂြိုဟ်တုပုံရိပ်တွေပေါ့။
  • 5:28 - 5:30
    ဒီနောက် ကျွန်မတို့ပြန်လာပြီး
  • 5:30 - 5:32
    ဖုန်းမရှိသေးသူတွေကို
  • 5:32 - 5:35
    ရိုးရိုးဆဲလ်ဖုန်းတစ်လုံး ရောင်းပေးမယ်၊
  • 5:35 - 5:37
    သီတင်းပတ် အနည်းငယ်ကြာရင်
  • 5:37 - 5:39
    ဖုန်းထဲကို ပိုက်ဆံထည့်ပေးတယ်။
  • 5:39 - 5:41
    လွန်ခဲ့တဲ့ ၅နှစ်တုန်းက မဖြစ်နိုင်ခဲ့ဘူးလို့
  • 5:41 - 5:42
    ထင်ရတဲ့အရာကို
  • 5:42 - 5:44
    အခုတော့ ထူးထူးခြားခြားနဲ့
  • 5:44 - 5:45
    ခြစားမှုကင်းကင်း
  • 5:45 - 5:47
    လုပ်လို့ရပါပြီ။
  • 5:47 - 5:50
    ချို့ငဲ့သူတွေကို ပိုက်ဆံပိုပေးနိုင်လေ၊
  • 5:50 - 5:53
    ဒါက အလုပ်ဖြစ်တယ်လို့ အထောက်အထား ပိုရလေ၊
  • 5:53 - 5:56
    ကျွန်မတို့ပေးတဲ့ အရာတိုင်းကို
  • 5:56 - 5:58
    ပြန်ပြီး သုံးသပ်ဖြစ်လေပါ။
  • 5:58 - 6:02
    ဒီနေ့ ထောက်ပံ့မှုနောက်ကွယ်က
    တွေးခေါ်မှုဟာ များသောအားဖြင့်တော့
  • 6:02 - 6:05
    အင်း ကောင်းမှုတစ်ခုခုတော့ လုပ်တယ်ဆိုတာပါ။
  • 6:05 - 6:06
    ကျွန်မတို့ရဲ့ အကန့်အသတ်အဖြစ်
  • 6:06 - 6:09
    ကျေနပ်နေတဲ့အခါ
  • 6:09 - 6:11
    ထောက်ပံ့ပေးတာဟာ လုံးလုံးမထောက်ပံ့တာထက်
  • 6:11 - 6:14
    ပိုကောင်းပါတယ်လို့ ကိုယ့်ဘာသာကိုယ်
    ပြောတဲ့အခါမှာ
  • 6:14 - 6:17
    ကျွန်မတို့ဟာ ထိရောက်မှုမရှိပဲ
    ရင်းနှီးမြှုပ်နှံတတ်ကြတယ်။
  • 6:17 - 6:21
    ကျွန်မတို့ ကိုယ်ပိုင်စိတ်ကူးတွေဟာ
    အစီရင်ခံစာရေးရာမှာ
  • 6:21 - 6:23
    လေယာဉ်လက်မှတ်နဲ့ SUVတွေမှာ
    ဆန်းသစ်မှုတွေအဖြစ်
  • 6:23 - 6:27
    ကျွန်မတို့ကို သဘောပေါက်စေပါတယ်။
  • 6:27 - 6:29
    တွေးခေါ်မှုဖြစ်ခဲ့ရင်ရော
  • 6:29 - 6:34
    ငွေသားကို တိုက်ရိုက်ပေးတာထက်
    ပိုကောင်းအောင် ကျွန်မတို့လုပ်နိုင်မလား
  • 6:34 - 6:36
    ဆင်းရဲသားတွေ သူတို့ဘာသာ
    လုပ်နိုင်တာထက်၊
  • 6:36 - 6:38
    အဖွဲ့အစည်းတွေက ပိုပြီးကောင်းအောင်
    လုပ်နိုင်တယ်ဆိုတာကို
  • 6:38 - 6:41
    သူတို့ သက်သေပြဖို့တော့ လိုမှာပါ။
  • 6:41 - 6:44
    တကယ်တမ်း ငွေသားပေးခြင်းဟာ ရောဂါကိုအမြစ်ဖြတ်တာ၊ခိုင်မာတဲ့အဖွဲ့အစည်း တည်ဆောက်တာတို့လို
  • 6:44 - 6:49
    အများပိုင်ပစ္စည်းတွေကိုတော့
    ဖန်တီးနိုင်မှာတော့ မဟုတ်ပေမည့်လည်း
  • 6:49 - 6:51
    သီးခြားမိသားစုတွေရဲ့ ဘဝတိုးတက်ဖို့ ကျွန်မတို့
  • 6:51 - 6:54
    ဘယ်လို ကူညီပေးဖို့အတွက် ပိုမြင့်မားတဲ့
  • 6:54 - 6:57
    အကန့်တော့ သတ်မှတ်ပေးနိုင်တာပေါ့။
  • 6:57 - 6:59
    ထောက်ပံ့မှုကို ကျွန်မယုံကြည်တယ်။
  • 6:59 - 7:02
    အထောက်အပံ့အများစုဟာ လေယာဉ်ကနေ ပိုက်ဆံ
  • 7:02 - 7:04
    ပစ်ချပေးတာထက် ပိုကောင်းတယ်လို့ ယုံကြည်တယ်။
  • 7:04 - 7:06
    အရမ်းကို လုံးဝသေချာတာကတော့
  • 7:06 - 7:09
    ဒီနေ့ အထောက်အပံ့အများအပြားဟာ
    ဆင်းရဲသားတွေကို
  • 7:09 - 7:12
    တိုက်ရိုက်ပေးတာထက် ပိုမကောင်းတာပါ။
  • 7:12 - 7:16
    တစ်နေ့တော့ ဒါဖြစ်လာလိမ့်မယ်လို့
    မျှော်လင့်ပါတယ်။
  • 7:16 - 7:18
    ကျေးဇူးတင်ပါတယ်။
  • 7:18 - 7:22
    (လက်ခုပ်သံများ)
Title:
တစ်မူထူးပြီးလှူကြမလား။
Speaker:
Joy Sun
Description:

နည်းပညာက ကျွန်တော်တို့ကို ကမ္ဘာပေါ်မှာရှိတဲ့ အချို့တဲ့ဆုံးသူတွေကို ငွေသားတွေ တိုက်ရိုက် ပေးလှူဖို့ အခွင့်အလမ်းကို ပေးပါတယ်။ ဒါကို ကျွန်တော်တို့လုပ်သင့်လား။ ဒီစဉ်းစားဖွယ်ရာ ဟောပြောချက်ထဲမှာ ဝါရင့် ထောက်ပံ့ရေးလုပ်သား Joy Sun က ဆင်းရဲသားတွေကိုကူညီဖို့ နည်းလမ်း ၂ခုကို လေ့လာဖော်ထုတ်ထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:35

Burmese subtitles

Revisions