Janine Shepherd: ခန္ဒာကိုယ် ပျက်ဆီးသွားတာနဲ့ လူတစ်ယောက်ဘဝပျက်ပြီလို့ ဆိုလို့မရဘူး
-
0:00 - 0:03ဘဝဆိုတာ အခွင့်အလမ်းတွေပဲ
-
0:03 - 0:07အခွင့်အလမ်းတွေကို ဖန်တီးမယ် အသုံးချမယ်၊ ကျွန်မအတွက်တော့
-
0:07 - 0:09အိုလန်ပစ်မှာ ၀င်ရောက်ယှဉ်ပြိုင် တဲ့အိပ်မက်ပဲဖြစ်တယ်.
-
0:09 - 0:12အဲဒီအိပ်မက် ကကျွန်မရဲ့ဘဝပဲ၊ ဘုရားကပေးတဲ့ဆုလာဒ်ပဲ
-
0:12 - 0:16နိုင်ငံတကာဝင်ရောက်ယှဉ်ပြိုင်တဲ့ သြစတြေးလျနိုင်ငံကိုယ်စားပြု စကိတ်စီးအားကစားသမား တစ်ဦးပါ။
-
0:16 - 0:17ဆောင်းရာသီ အိုလံပစ်အတွက် ပြင်ဆင်နေတဲ့သူပါ။
-
0:17 - 0:22ကျွန်မက ကျွန်မအဖွဲ့ဝင်တွေနဲ့အတူ စက်ဘီးစီးလေ့ကျင့်နေစဉ်။
-
0:22 - 0:24တောင်ပေါ်သို့ စီးတက်နေချိန်၊
-
0:24 - 0:27စစ်ဒနီ ရဲ့အနောက်ဘက် တောင်တန်းပြာပြာကြီးရဲ့ မြင်ကွင်းတွေနဲ့
-
0:27 - 0:29အရမ်းကိုပြီးပြည့်စုံတဲ့နွေဦးနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်၊
-
0:29 - 0:33နေရောင်ခြည်၊ ယူကလစ်ပင်အနံ့ နဲ့ကျွန်မအိပ်မက်..
-
0:33 - 0:35ကျွန်မဘဝက အရမ်းကိုကောင်းခဲ့ပါတယ်၊
-
0:35 - 0:38ကျွန်မတို့ စက်ဘီးစီးခဲ့တာ ၅ နာရီနဲ့ မိနစ်သုံးဆယ် ကြာခဲ့ပြီ။
-
0:38 - 0:40ကျွန်မအလွန်သဘောကျတဲ့ နေရာရောက်တော့
-
0:40 - 0:43အဲဒါကတော့ တောင်တန်းတွေပါ ကျွန်မကတောင်တန်းတွေကို ချစ်ခဲ့ပါတယ်။
-
0:43 - 0:46စက်ဘီးပေါ်ကဆင်းပြီး
-
0:46 - 0:49ခြေစုံချပြီး အေးစက်တဲ့တောင်ပေါ်လေကို ရှူရှိက်လိုက်တယ်။
-
0:49 - 0:51ကျွန်မ အဆုတ်တဲ့အထိကိုအေးစက်သွားတယ် ပြီးတော့ကျွန်မ
-
0:51 - 0:55ကျွန်မမျက်နှာပေါ်ကျလာတဲ့ နေရောင်ခြည်ကို ကြည့်နေမိတယ်။
-
0:55 - 0:58အဲဒီအချိန်မှာပဲ အရာအားလုံးက မှောင်မိုက်သွားခဲ့တယ်။
-
0:58 - 1:01'ငါဘယ်ရောက်နေတာလဲ။ ဘာဖြစ်သွားတာလဲ၊'
-
1:01 - 1:05ကျွန်မ တစ်ကိုယ်လုံးက နာကျဉ်မှုတွေနဲ့ ပြည့်နက်နေခဲ့တယ်။
-
1:05 - 1:08ငါ အရှိန်ပြင်းတဲ့ကုန်တင်ကားနဲ့ အတိုက်ခံလိုက်ရပြီ။
-
1:08 - 1:11စက်ဘီးဆက်စီးဖို့ ၁၀ မိနစ်ပဲကျန်တော့တဲ့အချိန်ဖြစ်ပါတယ်။
-
1:11 - 1:13အခင်းဖြစ်တဲ့ နေရာကနေ ကျွန်မကို လေယာဉ်နဲ့သယ်ဆောင်သွားတယ်။
-
1:13 - 1:16အသက်ကယ် လေယာဉ်နဲ့ စစ်ဒနီမြို့ ကကျောရိုးအထူးကုဌာနသို့
-
1:16 - 1:19အသက် အန္တရာယ်ဆိုးရိမ်ရတဲ့ အခြေအနေကို ကျွန်မရောက်ခဲ့ပါပြီ။
-
1:19 - 1:24ကျွန်မ လည်ပင်းရိုး နဲ့ကျောရိုး ၆ ခု၊
-
1:24 - 1:26ဘယ်ဘက် နံရိုးငါးခု၊
-
1:26 - 1:29ညာဘက် လက်မောင်း ၊ ကျာရိုးအာရုံကျောမကြီး လည်းထိသွားတယ်
-
1:29 - 1:31ခြေထောက်က အရိုးတချို့ ကျိုးသွားခဲ့ပါတယ်။
-
1:31 - 1:34ကျွန်မရဲ့ ခန္ဓာကိုယ်ညာဘက် ကိုဖွင့်ဟထားတယ်။
-
1:34 - 1:37ကျွန်မဦးခေါင်း ကို နဖူးကနေခွဲပြီး အနောက်ကိုစွဲလန် ပြီး
-
1:37 - 1:38အတွင်းက ဦးခေါင်းခွံကို မြင်သည်အထိ။
-
1:38 - 1:41ကျွန်မဦးခေါင်းဒဏ်ရာ ရယ် အတွင်းဒက်ရာရခဲ့တယ်။
-
1:41 - 1:43သွေးထွက်လွန်ပြီး...အမှန်တကယ်မှာ ကျွန်မသွေး ၅ လီတာ ဆုံးရှုံးခဲ့ပါတယ်။
-
1:43 - 1:46အဲဒီအရေအတွက်က ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးအကုန်ပါပဲ။
-
1:46 - 1:49အသက်ကယ် လေယာဉ် စစ်ဒနီမြို့ က Prince Henry ဆေးရုံရောက်တဲ့အချိန်မှာတော့
-
1:49 - 1:54ကျွန်မရဲ့ သွေးပေါင်ချိန်က ၄၀ကျော်ပဲရှိတော့တယ်။
-
1:54 - 1:59ကျွန်မအတွက်တော်တော်ဆိုးတဲ့ နေ့တစ်နေ့ပဲ။ (ရယ်သံများ)
-
2:03 - 2:08၁၀ ရက်လောက်ထိ ကျွန်မသတိမောနေခဲ့တယ်။
-
2:08 - 2:11ကျွန်မ စိတ်ဝိဉာဉ်က ခန္ဒာကိုယ်ထဲရောက်လိုက်
-
2:11 - 2:13ခန္ဓာကိုယ်အပြင်ရာက်ပြီး
-
2:13 - 2:15ကိုယ်ကို့ကို တခြားလူအနေနဲ့ ဘာဖြစ်နေလဲဆိုတာကို ကြည့်နေမိတယ်။
-
2:15 - 2:19'ငါဘာဖြစ်လို့ အဲလိုကျိုးပဲ့ပျက်ဆီးနေတဲ့ ခန္ဓာကို်ယ်ဆီပြန်သွားချင်မှာလဲ'
-
2:19 - 2:25ဒါပေမဲ့ အသံတစ်ခုက ကျွန်မကို ပြန်ခေါ်နေတယ်။ 'ပြန်လာခဲ့ပါ.. ငါနဲ့ပဲနေပါ'
-
2:25 - 2:27'ဟင့်အင်း အဲဒါအရမ်းခက်ခဲလွန်းအားကြီးတယ်'
-
2:27 - 2:30'လာပါ။ ဒါကငါတို့အတွက်အခွင့်အရေးတစ်ခုပဲ'
-
2:30 - 2:34'ဟင့်အင်း။ အဲဒီခန္ဓာကိုယ်က သုံးစားလို့မရတော့ဘူး'
-
2:34 - 2:40'လာပါ။ ငါနဲ့ပဲနေပါ။ ငါတို့တွေအတူတူရှိနေရင် ပြန်ကောင်းအောင်လုပ်နိုင်မှာပါ'
-
2:40 - 2:42ကျွန်မ လမ်းခွမှာရောက်နေပြီ။
-
2:42 - 2:46ကျွန်မသိခဲ့တယ်..ကျွန်မသာဒီခန္ဓာကိုယ်ထည် ပြန်မဝင်ဘူးဆိုရင် ဒီလောကကြီးကနေထွက်ခွာ သွားရတော့မယ်။
-
2:46 - 2:50အဲဒါက ဘဝတိုက်ပွဲ။
-
2:50 - 2:55၁၀ ရက်ပြည့်တော့ ကျွန်မပြန်လာဖို့ ဆုံးဖြတ်ခဲ့တယ်။
-
2:55 - 2:59အတွင်းသွေးထွက်မှု သိပ်သွားပြီ။
-
2:59 - 3:02စိုးရိမ်မှု တစ်ခုကတော့ ကျွန်မလမ်းပြန်လျှောက်နိုင်မလား ဆိုတာပဲ။
-
3:02 - 3:05ကျွန်မ ခါးအောက်ကစပြီး ခံစားမှု မရှိတော့လို့ပဲ။
-
3:05 - 3:07ကျွန်မလည်ပင်းရိုးကတော့ ပြန်ဆက်သွားပြီလို့ သူတို့က ကျွန်မမိဘတွေကိုပြောတယ်.
-
3:07 - 3:09ဒါပေမဲ့ နောက်ကျောရိုးကတော့ ရစရာမရှိအောင်ကိုကြေမွသွားပြီတဲ့။
-
3:09 - 3:13L1 ကျောရိုးကတော့ မြေပဲကို ပြစ်ချပြီး
-
3:13 - 3:16အစိတ်စိတ် အမွာမွာဖြစ်အောင်နင်းချေထားတာနဲ့ တူတယ်။
-
3:16 - 3:19အဲဒါကို သူတို့ operation လုပ်ရမှာတဲ့
-
3:19 - 3:22သူတို့ခွဲခန်းထဲ ၀င်သွားတယ် ကျွန်မကို ဓာတ်ခွဲကုတင်ပေါ်တင်ပြီး ကျွန်မကို စခွဲပါတယ်
-
3:22 - 3:24တကယ်တော့ ကျွန်မကို နှစ်ပိုင်းခွဲလိုက်တယ်...ကျွန်မ
-
3:24 - 3:27တစ်ကိုယ်လုံးမှာ ခွဲစိတ်ထားတဲ့အမာရွတ်တွနဲ့ ဖုံးအုပ်နေတယ်..
-
3:27 - 3:29သူတို့က ပြန်ယူနိုင်သလောက်အရိုးတွေကို ပြန်ဆက်တယ်.
-
3:29 - 3:31လည်ပင်းရိုးကို ပြန်နေရာချထားနိုင်တယ်
-
3:31 - 3:35ကျိုးသွားတဲ့ ကျောရိုး ၂ခုကတော့ထုတ်ပြီး ကျွန်မကျောတစ်ခုလုံးကို ပြန်တည်ဆောက်ခဲ့တယ်
-
3:35 - 3:38L1 ကျောရိုးကို ပြန်ဆောက်နိုင်ခဲ့တယ်။ ကျိုးနေတဲ့ ကျောရိုးနောက်တခုကို ထုတ်ပစ်ပြန်တယ်..
-
3:38 - 3:41ကျောရိုးဆစ် (၁၂) နဲ့ ခါးကျောရိုးဆစ် နံပတ်(၁)နဲ့ (၂) ပေါင်းသုံးခုကို....ပြန်ဆက်ပေးခဲ့တယ်
-
3:41 - 3:44ကျွန်မကို ပြန်ချုပ်ပါတယ်။ ကျွန်မ ခန္တာကိုယ်တခုလုံးကို ပြီးအောင်ချုပ်ဖို့ တစ်နာရီကြာခဲ့တယ်.
-
3:44 - 3:47ကျွန်မ အထူးကုသဆောင်မှာ သတိပြန်ရလာခဲ့ပါတယ်။ ဆရာဝန်တွေက အရမ်းကို စိတ်လှုပ်ရှား ပြီးဝမ်းသာခဲ့တယ်။
-
3:47 - 3:50အဲဒီ ခွဲစိတ်မှု အောင်မြင်သွားပြီ
-
3:50 - 3:53ကျွန်မ ခြေမနည်းနည်းလေး လှုပ်လာတယ်။
-
3:53 - 3:57အဲဒီချိန်မှာ ကျွန်မအတွေးကတော့ 'ကောင်းလိုက်တာ.. ငါ အိုလံပစ် ပွဲသွားရတော့မယ်'
-
3:57 - 3:59(ရယ်သံ)
-
3:59 - 4:01ကျွန်မအမြဲယုံကြည်ခဲ့တာက အဲလို ဖြစ်ရက်မျိုး
-
4:01 - 4:04ဆိုတာ တခြားလူတွေမှာပဲဖြစ်တတ်တာ.. ငါ့အတွက်မဟုတ်တာ သေချာတယ်..
-
4:04 - 4:06ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဆရာဝန်မ ကျွန်မဆီရောက်လာပြီး
-
4:06 - 4:10"Jannie, ခွဲစိတ်မှုကတော့ အောင်မြင်သွားပြီး၊ ကျွန်မတို့ တတ်နိုင်သလောက်
-
4:10 - 4:13လည်ပင်းရိုး နဲ့အရိုးတွေကို တတ်နိုင်သလောက်ပြန်ဆက်နိုင်ခဲ့တယ်။
-
4:13 - 4:14ဒါပေမဲ့ ထိခိုက်မှုဒဏ်ကတော့ တသက်လုံးပါသွားမှာပဲ
-
4:14 - 4:17အာရုံကျောမကြီးက တော့ကုသလို့မရဘူး။
-
4:17 - 4:20ကိုယ်တစ်ပိုင်း သေတဲ့လူအဖြစ်နဲ့ အတူ
-
4:20 - 4:23ဒီနာကျင်မှုတွေကို ခံစားရမှာ။
-
4:23 - 4:27ရှင့်မှာ ခါးအောက်ကစပြီး ခံစားမှုမရှိဘူး။
-
4:27 - 4:30အများဆုံး ၁၀ ကနေ ၂၀ ရာနှုန်းလောက်ပဲ ပြန်ကောင်းနိုင်တာ
-
4:30 - 4:33အတွင်းနာကျင်မှုတွေက တော့တစ်ဘဝလုံးခံစားသွားရမှာ။
-
4:33 - 4:35ဆီးပိုက်နဲ့ အမြဲနေ နေရမှာ
-
4:35 - 4:41လမ်းလျောက်နိုင်ခဲ့မယ်ဆိုရင်လဲ ဂျိုင်းထောက် နဲ့ဖြစ်မှာ
-
4:41 - 4:42ပြီးတော့ဆက်ပြောပါသေးတယ်။ 'Janine..
-
4:42 - 4:44နင့်ဘဝ ကိုနင်ပြန်စဉ်းစားရတော့မယ် ဘယ်လုပ်မလဲဆိုတာ
-
4:44 - 4:49အရင်တုန်းကလုပ်ခဲ့တာတွေ ဘယ်လိုမှပြန်လုပ်လို့ရမှာမဟုတ်တော့ဘူး'
-
4:49 - 4:52သူမ ပြောတာတွေကို ကျွန်မသေသေချာချာ နားထောင်တယ်။
-
4:52 - 4:54ကျွန်မက အားကစားသမားလေ။ ကျွန်မဘဝမှာ အဲဒါပဲသိတယ်...အဲဒါပဲလုပ်ခဲ့တယ်။
-
4:54 - 4:58အားကစားတာမလုပ်နိုင်တော့ဘူးဆိုရင် ကျွန်မဘာလုပ်ရမှာလဲ၊
-
4:58 - 5:01ကျွန်မကို ကျွန်မပြန်မေးတဲ့မေးခွန်းကတော့ ငါအားကစားမလုပ်နိုင်ခဲ့ဘူးဆိုရင်
-
5:01 - 5:03ငါဘယ်ဖြစ်ခဲ့မှာလဲ၊
-
5:08 - 5:11ကျွန်မကို အထူးကုစောင်ကနေ အရိုးအထူးကုစောင်ကို ပို့ခဲ့ပါတယ်။
-
5:11 - 5:13ကျွန်မ ပါးလွှာတဲ့ကုတင် ပေါ်လဲနေတယ်။
-
5:13 - 5:16ကျွန်မခြေထောက်တွေလုပ်ရှားမှုလုံးဝ မရှိဘူး။ ကျွန်မကို တင်းနေအောင်စီးထားတယ်
-
5:16 - 5:18သွေးခဲတွေကို ကာကွယ်ဖို့။
-
5:18 - 5:21လက်တစ်ဖက်ကတော့ ပတ်တီးစီးထားတယ် နောက်တစ်ဘက်ကတော့ သွေးသွင်းနေတယ်။
-
5:21 - 5:24လည်ပင်းမှာ လည်ပတ်နဲ့ ခေါင်းနှစ်ဘက်ကိုထိန်ထားတဲ့ ခေါင်းအုံးနဲ့
-
5:24 - 5:26ကျွန်မရဲ့ ကမ္ဘာကို
-
5:26 - 5:29ကျွန်မခေါင်းပေါ်မှာ ချိတ်ဆွဲထားတဲ့မှန်ကနေမြင်ခဲ့တယ်။
-
5:29 - 5:33ကျွန်မက လူနာ ၅ ဦးနဲ့ တစ်ခန်းထဲ မှာနေရတယ်။
-
5:33 - 5:35အရမ်းကို အံသြစရာကောင်းတာက အားလုံးက လဲနေကြတယ်လေ။
-
5:35 - 5:40ခန္ဒာကိုယ်မလုှပ်နိုင်ကြဘူး။ ကျွန်မတို့ တယောက်ကိုတယောက် မမြင်နိုင်ဘူး
-
5:40 - 5:43ဘယ်လောက်ကောင်းတဲ့ခံစားချက်လဲ။ ဘဝမှာ ဘယ်နှစ်ခါများ
-
5:43 - 5:48မမြင်ရပဲ ၊ ခွဲခြားမှုမရှိဘဲ
-
5:48 - 5:50လုံးဝ စိတ်ခံစားမှုကနေ ခင်မြင်လာကြလဲ။
-
5:50 - 5:53အပေါ်ရံ စကားတွေလဲမရှိဘူး
-
5:53 - 5:56ကျွန်မတို့က ကျွန်မတို့ရဲ့ ရင်တွင်းခံစားမှုတွေ စိုးရိမ်မှုတွေ
-
5:56 - 6:01ဒီဆေးရုံကထွက်ပြီး ဘဝ မျော်လင့်မှုတွေ
-
6:01 - 6:04ကျွန်မ သတိရသေးတယ်။ တစ်ညတော့ 'Jonathan' ဆိုတဲ့ သူနာပြုဆရာတစ်ယောက်ဝင်လာတယ်။
-
6:04 - 6:08ပိုက်တွေအများကြီးပါလာတယ်။
-
6:08 - 6:11ကျွန်မတို့ပေါ်ကို တစ်ပွေ့ဆီချပေးပြီး။ သူပြောတယ်..
-
6:11 - 6:13'အဲဒီပိုက်တွေကို အတန်းလိုက်ဖြစ်အောင် အတူတူဆက်ကြမယ်။'
-
6:13 - 6:17ကောင်းပြီလေ.. အဲဒီဆေးရုံမှာ တခြားဘာမှလုပ်စရာမှမရှိတာ..ကျွန်မတို့ ပိုက်တွေကိုဆက်ကြတာပေါ့
-
6:17 - 6:20ကျွန်မတို့ ဆက်ပြီးသွားတော့ သူကဖြည်းညင်းစွာလာပြီး
-
6:20 - 6:23အားလုံးဆက်ထားတဲ့ အပိုင်းတွေကို သူက
-
6:23 - 6:26တစ်ခန်းလုံးပြည့်သွားအောင်ဆက်ပေးတယ်။ ပြီးတော့သူကပြောပါတယ်..
-
6:26 - 6:30'ကောင်းပြီး။ အားလုံးပဲ ကိုယ့်ဆက်ထားတဲ့ ပိုက်တွေကိုကိုင်ထား။'
-
6:30 - 6:37ကျွန်မတို့ကလိုက်လုပ်တယ်.. သူဆက်ပြောပါတယ်။ 'အခု အချိန်မှာ ငါတို့တွေအကုန်လုံးက စည်းလုံးနေတယ်။'
-
6:37 - 6:43အဲတာကို ကိုင်ပြီး ကျွန်မတို့ အတူတူအသက်ရှူခဲ့တယ်။
-
6:43 - 6:47ဒီခရီးလမ်းကို ငါတစ်ယောက်တည်းလျောက်နေတာမဟုတ်ဘူးဆိုတာကို ကျွန်မတို့ သိခဲ့တယ်။
-
6:47 - 6:52ဆေးရုံထဲမှာ အသေလဲနေရင်းနဲ့တောင်
-
6:52 - 6:55အရမ်းကို တန်ဖိုးရှိပြီး နက်နဲ တဲ့အချိန်ကာလ
-
6:55 - 6:58စစ်မှန်သော ရင်းနီးမှု
-
6:58 - 7:02ကျွန်မဘယ်တုန်းကမှ မရခဲ့ဘူးသော
-
7:02 - 7:07ဒီဆေးရုံကနေထွက်သွားပြီးရင်
-
7:07 - 7:12ဘာလိုမှ အရင်လိုပြန်မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့ သိတယ်.
-
7:12 - 7:16၆ လပြည့်သွားတော့ အိမ်ပြန်ရမယ့်အချိန်ရောက်လာပြီ
-
7:16 - 7:19ကျွန်မအဖေက ကျွန်မကို wheelchair ပါ်တင်ပြီးအပြန်ဖက်ကို တွန်းသွားတာကို ကျွန်မ မှတ်မိသေးတယ်
-
7:19 - 7:22တစ်ကိုယ်လုံးကို ပတ်တီးစည်းထားတယ်
-
7:22 - 7:25ကျွန်မ မျက်နှာပေါ်ကိုနေရောင်ကျလာတဲ့ ပထမဆုံး ခံစားချက်ကိုပြန်ရခဲ့တယ်
-
7:25 - 7:27ကျွန်မ အဲဒါကိုခံစားနေရင်း တွေးမိတယ်
-
7:27 - 7:31ကျွန်မဘာဖြစ်လို့များ ဒါတွေကို "ငါအမြဲပိုင်ဆိုင်ရမယ်လို့ ခံယူခဲ့ဘူးလဲလို့"
-
7:31 - 7:35ကျွန်မဘဝကို ကျွန်မကျေနပ်သွားတယ်
-
7:35 - 7:37ဒါပေမဲ့ ကျွန်မဆေးရုံက အထွက် သူနာပြုတစ်ယောက် ကပြောတယ်
-
7:37 - 7:39"Janine ကျွန်မ ရှင့်ကိုအဆင်သင့်ဖြစ်စေချင်တယ်
-
7:39 - 7:42ဘာဖြစ်လို့လဲ ဆိုတော့ ရှင်အိမ်ရောက်တဲ့အချိန်မှာ တစ်ခုခုဖြစ်လိမ့်မယ်"
-
7:42 - 7:44အဲဒါနဲ့ ကျွန်မက "ဘာလဲ" လို့မေးတော့။ သူကပြောတယ်
-
7:44 - 7:46"ရှင်စိတ်ဓာတ်ကျလိမ့်မယ်"
-
7:46 - 7:49ကျွန်မ မကျစေရဘူး.. Jannie ဆိုတာ စက်လိုပဲ မာကြောတယ်
-
7:49 - 7:51ကျွန်မကို အဲလိုခေါ်ကြတယ်
-
7:51 - 7:54သူမက ပြန်ပြောတယ်... "ရှင့် စိတ်ဓာတ်ကျမှာ အဲဒါလူတိုင်းဖြစ်တယ်"
-
7:54 - 7:57ဒီဆေးရုံထဲ မှာတော့ ရှင့်ကိုယ်ကိုရှင် ပုံမှန်ပဲလို့ခံစားရတယ်
-
7:57 - 7:58ရှင် wheelchair ပေါ်ထိုင်နေရတာလဲ ပုံမှန်ပဲ
-
7:58 - 8:00ဒါပေမဲ့ ရှင်အိမ်ရောက်သွားတဲ့ အချိန်မှာ ရှင်သိလာလိမ့်မယ်
-
8:00 - 8:02ဘဝက ဘယ်လောက်ကွာခြားသွားလဲဆိုတာကို။
-
8:02 - 8:06ဒီလိုနဲ့ ကျွန်မ အိမ်ရောက်သွားတယ်။ အဲဒီချိန်မှာ တခုခုမှားနေတယ်။
-
8:09 - 8:12ကျွန်မသိလိုက်တယ် Sam ဆိုတဲ့သူနာပြု ပြောတာမှန်တယ်။
-
8:12 - 8:15ကျွန်မ စိတ်ဓာတ်ကျခဲ့တယ်။
-
8:15 - 8:18ကျွန်မက ထိုင်ခံပေါ်မှာထိုင်နေတယ်။ ခါးနောက်ပိုင်းကစပြီး ကျွန်မခံစားချက်မရှိဘူး
-
8:18 - 8:21ဆီးအိတ်ကိုဆွဲထားတယ်။ ကျွန်မလမ်းလျောက်နိုင်ဘူး။
-
8:21 - 8:24ကျွန်မဆေးရုံမှာ နေတုန်း အများကြီးပိန်သွားတယ်။
-
8:24 - 8:27ကျွန်မ ကိုယ်အလေးချိန် ပေါင် ၈၀ ပဲရှိတော့ွဒါ။
-
8:27 - 8:30ကျွန်မ အရှုံးပးချင်ခဲ့တယ်။
-
8:30 - 8:33ကျွန်မလုပ်ချင်တာ တခုက ကျွန်မဖိနပ်ဆီးပြီး အပြင်ဘက်ကိုပြေးချင်းတယ်။
-
8:33 - 8:37ကျွန်မရဲ့ အရင်လိုဘဝကို ပြန်လိုချင်တယ်။ ကျွန်မရဲ့ အရင်ခန္ဒာကိုယ်ကို ပြန်လိုချင်တယ်။
-
8:37 - 8:39ကျွန်မ အမေက ကုတင်ရင်းမှာထိုင်ပြီး
-
8:39 - 8:43ပြောတယ် "ဘဝက အရင်အတိုင်းပြန်ကောင်းလာနိုင်မလားဆိုတာကို ငါတွေးမိတယ်"
-
8:43 - 8:47ကျွန်မကတွေးတယ် "ဘယ်လိုမှ ပြန်မကောင်းနိုင်ဘူး၊ ငါ တန်ဖိုးထားခဲ့တာတွေ
-
8:47 - 8:52ငါလုပ်ခဲ့တာတွေ အကုန်လုံး
-
8:52 - 8:55ဆုံးရှုံးသွားပြီ"
-
8:55 - 9:00ကျွန်မ မေးခဲ့တယ်... "ဘာဖြစ်လို့ ငါ့ကြမှ ဖြစ်ရတာလဲ "
-
9:00 - 9:03အဲဒီချိန်မှာပဲ ကျွန်မသူငယ်ချင်းကို ကျွန်မ သတိရသွားတယ်
-
9:03 - 9:06ဆေးရုံမှာကျန်နေတဲ့ သူငယ်ချင်းတွေပေါ့
-
9:06 - 9:07အဓိက ကတော့ Maria
-
9:07 - 9:10Maria က သူမရဲ့ ၁၆ နှစ်ပြည့်တဲ့ မွေးနဲ့မှာပဲ
-
9:10 - 9:14ကားတိုက်မှုဖြစ်ပြီး ကိုယ်တစ်ပိုင်းသေသွားဒါ။
-
9:14 - 9:17လည်ပင်းက စပြီးလုပ်ရှားမှုမရှိဘူး။
-
9:17 - 9:20ပြီးတော့ လည်ပြွန်ကို ထိခိုက်ပြီး စကားပြောလို့မရဘူး
-
9:20 - 9:23သူတို့တွေက ကျွန်မကိုပြောတယ် "ငါတို့ နင်ကိုသူ့နားမှာ ထားမယ်။
-
9:23 - 9:25ဘာဖြစ်လို့လဲဆိုတော့ သူ့အတွကကောင်းမယ်ထင်လို့"
-
9:25 - 9:28ကျွန်မ စိတ်ပူခဲ့တယ်။ သူမနဲ့ ဘယ်လိုဆက်ဆံရမှာလဲ
-
9:28 - 9:30သူမရဲ့ ဘေးမှာနေပြီး
-
9:30 - 9:34ခက်ခဲ မယ်လို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ဒါတာက ကျွန်မအတွက် ကံကောင်းခြင်းပဲ
-
9:34 - 9:39ဘာဖြစ်လို့လဲ ဆိုတော့ Maria ကအမြဲ ပြုံးနေတာပဲ။
-
9:39 - 9:44သူမက အမြဲပျော်ရွှင်နေတယ်။ သူမ စကားပြန်ပြောတဲ့အချိန်မှာတောင်
-
9:44 - 9:50သူမ ပြောတာတွေ သိပ်နားမလည်ပေမဲ့ သူမဘယ်တုန်းကမှ မငြင်းခဲ့ဘူး။
-
9:50 - 9:56သူမဘာလို့များ ဒီလိုအခြေအနေကို လက်ခံနိုင်သလဲ ဆိုတာကို ကျွန်မနားမလည်ခဲ့ဘူး
-
9:56 - 10:00အဲဒါနဲ့ ကျွန်မတစ်ယောက်တည်းဒီလိုခံစားရတာ မဟုတ်ဘူးဆိုတာကို သတိပြန်ရသွားတယ်။
-
10:00 - 10:05ဘဝဆိုတာ ဒါပါပဲ။ ဒီဒုက္ခတွေ ဆိုတာငါတစ်ယောက်တည်း ခံစားရတာမဟုတ်ဘူး။
-
10:05 - 10:10လူတိုင်းခံစားရတယ်။ ဘဝမှာ ရွေးချယ်မှုရှိတယ်ဆိုတာကို ကျွန်မသိတယ်။
-
10:10 - 10:14ကျွန်မမှာ ရွေးချယ်ခွင့်ရှိတယ်။ ကျွန်မ ဆက်ပြီးကြိုးစားမယ်
-
10:14 - 10:19ကျွန်မ ရဲ့ခန္ဒာကိုယ် နဲ့
-
10:19 - 10:23ကျွန်မဘဝ ရဲ့အခြေအနေကို လက်ခံမယ်။
-
10:23 - 10:26ပြီတော့ "ဘာဖြစ်လို့ ငါ့ကြမှဖြစ်ရတာလဲ" လို့မမေးတော့ဘူး။
-
10:26 - 10:29"ဘာဖြစ်လို့ ငါမဖြစ်နိုင်ရမှာလဲ" လို့ပဲမေးတော့တယ်။
-
10:29 - 10:34ကျွန်မတွေးမိတယ် ဒီလိုလုံးဝအောက်ဆုံး ရောက်နေတဲ့ အချိန်က
-
10:34 - 10:40တစ်ခုခု ကိုပြန်စဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်။
-
10:40 - 10:44ကျွန်မကို ကျွန်မတီထွင် ဆန်းသစ်မှုကိုဖန်တီးတတ်တဲ့လူလို့ မထင်ခဲ့ဘူး။
-
10:44 - 10:48ကျွန်မက အားကစားသမား။ ကျွန်မ ခန္ဒာကိုယ်က ကျွန်မအတွက်စက်ပဲ။
-
10:48 - 10:53ဒါပေမဲ့အခုတော့ ကျွန်မကတီထွင် ဆန်းသစ်ရမဲ့ အလုပ်တစ်ခုကိုလုပ်ရတော့မယ်။
-
10:53 - 10:55အဲဒါကတော့ ကျွန်တို့အကုန်လုံးလုပ်နိုင်တဲ့ အလုပ်ဖြစ်တဲ့
-
10:55 - 10:57ဘဝကို ပြန်လည်တည်စောက်ခြင်းပဲ ဖြစ်တယ်။
-
10:57 - 11:00ဘာလုပ်ရမလဲ ဆိုတာကိုကျွန်မလုံးဝမသိခဲ့ဘူး
-
11:00 - 11:03ဒီလိုမရေရာတဲ့ ဘဝမှာ ကျွန်မဘာလုပ်ရမှာလဲ
-
11:03 - 11:05လွတ်လပ်မှုခံစားချက်ရလာတယ်။
-
11:05 - 11:08ကျွန်မက ဘယ်လမ်းလျောက်ရမယ်ဆိုတာလဲ မရှိဘူး
-
11:08 - 11:14ဒီလိုဖြစ်အဆုံးမရှိဘာမဆို ဖြစ်နိုင်တဲ့ဘဝကို ကျွန်မလေ့လာခွင့်ရခဲ့တယ်။
-
11:14 - 11:20အဲဒီအသိက ကျွန်မဘဝကိုပြောင်းခဲ့ပါတယ်။
-
11:20 - 11:25ကျွန်မ wheelchair ပေါ်မှာထိုင်နေရင်း - တစ်ကိုယ်လုံးက ပတ်တီးတွေနဲ့
-
11:25 - 11:29လေယာဉ်ပျံ တစ်စင်းပျံသန်းသွားတယ်။ ကျွန်မမော့ကြည့်လိုက်တယ်..
-
11:29 - 11:32"အဲဒါပဲ" ဆိုပြီးကျွန်မတွေးမိလိုက်တယ်။
-
11:32 - 11:36"ငါလမ်းလျောက်နိုင်ဘူးဆိုတော့ ငါပျံလို့တော့ရသေးတာပဲ"
-
11:36 - 11:39ကျွန်မအမေကို ကျွန်မပြောလိုက်တယ် "အမေ၊ ကျွန်မလေယာဉ်မောင်းသင်မယ်။"
-
11:39 - 11:43"အဲဒါ ကောင်းတယ်" လို့ သူမပြန်ပြောခဲ့တယ်။ (ရယ်သံ)
-
11:43 - 11:45"ကျွန်မကို လမ်းညွှန်စာအုပ်ပေး" ဆိုပြီးပြောတယ်။
-
11:45 - 11:47သူမက ကျွန်မကိုလမ်းပေးတယ်၊ ကျွန်မ လေယာဉ်မောင်းသင်တဲ့ကျောင်းကို ဖုန်းဆက်တယ်။
-
11:47 - 11:50"ကျွန်မ လေယာဉ်မောင်းသင်ဖို့ စရင်းသွင်းချင်တယ်လို့ပြောတယ်။"
-
11:50 - 11:53"ဘယ်အချိန်လောက်လာချင်လဲ " လို့ သူကမေးတယ်။
-
11:53 - 11:55"ကောင်းပြီလေ။ ကျွန်မက ကျွန်မသူငယ်ချင်း မောင်းပို့ပေးမှရမှာ
-
11:55 - 11:58ကျွန်မ ကားမောင်းလို့မရဘူး ၊ တကယ်တော့ လမ်းတောင်လျောက်လို့မရဘူး
-
11:58 - 11:59အဲဒါ အဆင်ပြေမလားမသိဘူး"
-
11:59 - 12:01ကျွန်မ စာရင်းသွင်းခဲ့တယ်။ နောက်တစ်ပတ် ကျတော့ ကျွန်မသူငယ်ချင်း Chris
-
12:01 - 12:03နဲ့ ကျွန်မအမေနဲ့ ကျွန်မကို လေယာဉ်ကွင်းလိုက်ပို့ခဲ့တယ်။
-
12:03 - 12:06ဒီပေါင် ၈၀ ပဲလေးတဲ့ ပတ်တီးနဲ့ပတ်ထားတဲ့
-
12:06 - 12:09ခန္ဒာကိုယ် (ရယ်သံ)
-
12:09 - 12:12ကျွန်မက လေယာဉ်မောင်းလိုင်စင် ရဖို့သင်ယူမဲ့
-
12:12 - 12:14လေယာဉ်မောင်းသင်တန်းသားတစ်ဦး ဖြစ်တင့်တဲ့ပုံမပေါ်ဘူးဆိုတာ ကျွန်မသိပါတယ်။
-
12:14 - 12:17ကျွန်မကမရပ်နိုင်လို့ ကောင်တာစားပွဲကို ကိုင်ထားတယ်။
-
12:17 - 12:19"ကျွန်မ လေယာဉ်မောင်းသင်တန်းတက်ဖို့ပါ" လို့ကျွန်မပြောတယ်။
-
12:19 - 12:22သူတို့က ကျွန်မကိုကြည့်ပြီး အနောက်ဖက်သို့ ပြေးဝင်သွားတယ်။
-
12:22 - 12:26"နင်သူ့ကိုယူ" "မဟုတ်ဘူး နင်သူ့ကိုယူ"
-
12:26 - 12:27နောက်ဆုံးမှာတော့ လူကြီးတစ်ယောက်ထွက်လားပြီး။
-
12:27 - 12:29"မင်္ဂလာပါ ကျွန်တော် Andrew ပါ။ ကျွန်တော် လေယာဉ်မောင်းသင်ပေးမဲ့သူပါ။"
-
12:29 - 12:30"ကောင်းလိုက်တာ" ဆိုပြီး ကျွန်မကပြောလိုက်တယ်။ သူတို့ကျွန်မကို ခေါ်သွားတယ်
-
12:30 - 12:32လေယာဉ်ပြေးလမ်းပေါ် ရောက်သွားတယ်။
-
12:32 - 12:34အဲဒီမှာ အနီရောင်၊ အဖြူရောင်၊ အပြာရောင် လေယာဉ်တွေရှိတယ်။
-
12:34 - 12:37အရမ်းလှတယ်။ သူတို့ကျွန်မကို လေယာဉ်မောင်းခန်းထဲ တင်ပေးတယ်။
-
12:37 - 12:39လေယာဉ်တောင်ပံ ကလေမတင်ပြီး စက်ခန်းထဲသို့ ခေါ်သွားတယ်။
-
12:39 - 12:42ကျွန်မကို ထိုင်ခို်င်းတယ်။ အဲဒီမှာတော့ ခလုပ်တွေ နံပါတ်အများကြီးပဲ
-
12:42 - 12:45"အဲဒီလောက်များတဲ့ ခလုပ်တွေ နံပါတ်တွေ အကုန်လုံးကို ဘယ်လိုသိနိုင်မလဲ " လို့ကျွန်မတွေးမိတယ်။
-
12:45 - 12:48ဆရာ Andrew ကရှေ့ကနေ လေယာဉ်စက်ကို စနိုးပါတယ်။
-
12:48 - 12:50သူပြောတယ် "ပြေးလမ်းပေါ် ပြေးတာကို စသင်မယ်"
-
12:50 - 12:52အဲဒါကတော့ ခြေထောက်ကို ခြေနင်းပေါ်တင်ပြီး
-
12:52 - 12:54လေယာဉ်ကို မြေကြီးပေါ်မှာ ထိန်းရတယ်။
-
12:54 - 12:56"မရဘူး။ ကျွန်မခြေထောက်တွေကိုအသုံးပြုလို့ မရဘူး" လို့ကျွန်မပြောတယ်
-
12:56 - 12:58"အော်" လို့ သူပြောတယ်။
-
12:58 - 13:00"ဒါပေမဲ့ ကျွန်ကလက်တွေကိုတော့ အသုံးပြုလို့ရတယ်" လို့ပြောတော့ သူက "ကောင်းပြီလေ"
-
13:00 - 13:04အဲဒါနဲ့ ပြေးလမ်းပြေကို အရှိန်တင်ပြီးတော့
-
13:04 - 13:06စမောင်းပါတယ်။
-
13:06 - 13:10ပြီးတော့ စက်ခေါင်းထဲကို ဘီးတွေတင်ပြီး လေယာဉ်စတက်ပါတယ်။
-
13:10 - 13:15ကျွန်မ မခံစားဖူးတဲ့ လွတ်လတ်မှုကို ခံစားလိုက်ရတယ်။
-
13:15 - 13:18Andres ကပြောတယ်။
-
13:18 - 13:20ကျွန်မတို့ လေယာဉ်မောင်းသင်တဲ့ နေရာကနေ
-
13:20 - 13:23"အဲဒီတောင်တန်းတွေကို မြင်လား"
-
13:23 - 13:24"မြင်တယ်"လို့ကျွန်မ ပြန်ပြောတယ်
-
13:24 - 13:29"ဒါဆို နင်ထိန်းပြီးအဲဒီတောင်တန်းတွေ ဆီမောင်းမယ်" လို့သူပြောတယ်
-
13:29 - 13:32ကျွန်မ ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်မမှတ်မိသွားတယ်
-
13:32 - 13:35သူပြောတဲ့ တောင်တန်းပြာဆိုတာက
-
13:35 - 13:38ကျွန်မ ဘဝပြန်စခဲ့တဲ့နေရာပဲ။
-
13:38 - 13:42ကျွန်မ လေယာဉ်ကို ထိန်းပြီး၊ ကျွန်မ စပြီးပျံသန်းခဲ့တယ်။
-
13:42 - 13:45ကျွန်မက ဆေးရုံကနေ တော်တော်ဝေးသွားပြီ
-
13:45 - 13:50အဲဒီအချိန်က စပြီးကျွန်မ လေယာဉ်မောင်းသမား တစ်ယောက်ဖြစ်မယ်လို့ ကျွန်မယုံကြည်တယ်
-
13:50 - 13:54ကျွန်မ လက်မှတ်ရဖို့ ဆေးစစ်ချက်အောင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေပါ။
-
13:54 - 13:57ဒါပေမဲ့ အဲဒါကို နောက်မှပဲပူတော့မယ်...အခုတော့ကျွန်မ မှာအိပ်မက်ရှိသွားပြီ။
-
13:57 - 14:01ကျွန်မ အိမ်ပြန်လာတယ်၊ ကျွန်မနေ့စဉ်မှတ်တန်း စာအုပ်ကို ယူပြီး၊ ကျွန်မအစီအစဉ် တစ်ခုဆွဲတယ်။
-
14:01 - 14:04ကျွန်မ လမး်လျောက်နိုင်အောင် တတ်နိုင်သလောက် ကြိုးစားမယ်
-
14:04 - 14:07ကျွန်ကို လူနှစ်ယောက်တွဲရတဲ့ အခြေအနေကနေစ ပြီး
-
14:07 - 14:10လူတစ်ယောက်ပဲ တွဲရတဲ့ အခြေအနေ
-
14:10 - 14:12ပြီး ထိုင်ခုံတွေ စားပွဲတွေကို ကိုင်ပြီသွားနိုင်တဲ့ အခြေအနေ
-
14:12 - 14:14ကိုင်စရာ တစ်ခုနဲ့ တစ်ခုနဲ့ သိပ်မဝေးဘူးဆိုရင်ပေါ့
-
14:14 - 14:16အဲဒါနဲ့ ကျွန်မ နံရံကို ကိုင်ပြီး လျောက်နိုင်တဲ့ အခြေအနေ
-
14:16 - 14:19ထိရောက်လာခဲ့တယ်။
-
14:19 - 14:22ဒီလိုပေါ့။ အမေက ပြောတယ် သူမကျွန်နောက်ကနေ အမြဲလိုက်ပြီး
-
14:22 - 14:26နံရံပေါ်က ကျွန်မလက်ရာတွေကို လိုက်သုပ်ရတယ်။ (ရယ်သံ)
-
14:26 - 14:31ဒါပေမဲ့လဲ အနည်းဆုံးတော့ ကျွန်မဘယ်တွေသွားခဲ့သလဲ ဆိုတာ သူသိရတာပေါ့
-
14:31 - 14:33ကျွန်မကို ဆရာဝန်တွေက ဆက်ပြီးခွဲစိတ်ကုသတယ်
-
14:33 - 14:35ကျွန်မ ခန္ဒာကိုယ်ကို အရင်အတိုင်းပြန်ဖြစ်အောင်။
-
14:35 - 14:39ကျွန်မ စာစစ်စာမေးပွဲကို အောင်ခဲ့တယ်။
-
14:39 - 14:42အံသြ စရာကောင်းတာက ကျွန်မ ဆေးစစ်ချက်လဲအောင်ခဲ့တယ်။
-
14:42 - 14:45ကျွန်မ ပျံသန်းဖို့ မီးစိမ်း ဖြစ်သွားပြီ။
-
14:45 - 14:47ကျွန်မ အချိန်တိုင်း ကျောင်းမှာပဲ
-
14:47 - 14:49ကျွန်မ အတွက်သာယာတယ််ဆိုတဲ့ နေရာရဲ့အဝေးကြီးမှာ။
-
14:49 - 14:51လေယာဉ်မောင်ဖြစ်ချင်နေတဲ့ လူငယ်တွေနဲ့ အတူ။
-
14:51 - 14:55ကျွန်မရဲ့ အရင်တုန်းက ဟိုင်ကိုင် ဒီကိုင်ပြီးလမ်းလျောက်နေတဲ့၊
-
14:55 - 14:57တစ်ကိုယ်လုံးမှာလဲ ပတ်တီးတွေနဲ့၊
-
14:57 - 15:01ဆေးထုပ်ကြီးတွေနဲ့၊ ဆီးပိုက်တွေနဲ့
-
15:01 - 15:02သူတို့က ကျွန်မကို ကြည့်ပြီးစဉ်းစား မိခဲ့မှာပဲ
-
15:02 - 15:06"အို။ အဲဒါဘယ်သူလဲ လာနောက်နေတယ်။ သူကလား လေယာဉ်မောင်းသင်မှာ မဖြစ်နို်င်ပါဘူး"
-
15:06 - 15:08ကျွန်မလဲ မဖြစ်နိုင်ဘူးလို့ တခါတလေ တွေးမိခဲ့ပါတယ်။
-
15:08 - 15:12အဲဒါကအရေးမကြီးဘူး။ ကျွန်မရဲ့ ဖြစ်ချင်မှုက
-
15:12 - 15:16အဲဒီအလေးချိန်မမီတဲ့၊ တစ်ကိုယ်လုံး ဒဏ်ရာတွေဖြစ်နေတဲ့ ကျွန်မကို
-
15:16 - 15:18ဖြစ်ချင်မှုဆိုတဲ့ စိတ်ကလေးကနေ တွန်းအားပေးခဲ့တယ်။
-
15:18 - 15:22တဖြည်းဖြည်း နဲ့ ကျွန်မကိုယ်ပိုင်လေယာဉ် မောင်းလိုင်စင်ရခဲ့တယ်။
-
15:22 - 15:27ပြီးတော့ ကျွန်မ ဆက်လေ့လာတယ်။ ကျွန်မသူငယ်ချင်းနဲ့ အတူ အော်စတေးလစ်ယား ကို ပတ်မောင်းတယ်။
-
15:27 - 15:30ပြီးတော့ စက်နှစ်လုံးပါတဲ့ လေယာဉ်ကိုမောင်းနိုင်ခဲ့တယ်။
-
15:30 - 15:33စက်နှစ်လုံးပါတဲ့ လေယာဉ်မောင်း လိုင်စင်ရခဲ့တယ်။
-
15:33 - 15:36ပြီးတော့ကျွန်မ ဆိုးရွားတဲ့ရာသီဥတုမှာမောင်းနိုင်အောင်လေ့ကျင့်ခဲ့တယ်
-
15:36 - 15:38အဲဒါနဲ့ ကျွန်မလေယာဉ်မောင်းသင်ပေးနိုင်တဲ့ လက်မှတ်ရခဲ့တယ်။
-
15:38 - 15:41ကျွန်မ လေယာဉ်လိုင်းတွေမှာ မောင်းနိုင်တဲ့ လိုင်စင်ရခဲ့တယ်။
-
15:41 - 15:44ကျွန်မ လေယာဉ်မောင်းသင် ဆရာလက်မှတ်ရခဲ့တယ်။
-
15:44 - 15:47ပြီတော့ ကျွန်မအဲဒီကျာင်းကို ပြန်ရောက်ခဲ့တယ်...
-
15:47 - 15:49ကျွန်မ လေယာဉ်မောင်းစသင်ခဲ့တဲ့ကျောင်း
-
15:49 - 15:53လေယာဉ်မောင်းသူ ဆရာအနေနဲ့ပေါ့၊
-
15:53 - 15:57အဲဒါတွေအကုန်လုံးက ကျွန်မဆေးရုံကနေထွက်ပြီး ၁၈အကြာမှာဖြစ်သွားဒါ။
-
15:57 - 16:08(လက်ခုပ် သံများ)
-
16:08 - 16:10ပြီးကျွန်မ အကြံရခဲ့တယ်.. "ဘာဖြစ်လို့ အဲဒီမှာပဲ ရပ်နေမှာလဲ"
-
16:10 - 16:14ငါအပေါ်အောက်မောင်းနိုင်အောင် လေ့လာမယ်
-
16:14 - 16:16ကျွန်မ သင်ယူခဲ့ပါတယ်။ အပေါ်အောက်မောင်းနည်း
-
16:16 - 16:20လေယာဉ်အလှပြ မောင်းသင်ဆရာ ဖြစ်လာခဲ့ပါတယ်။
-
16:20 - 16:27အမေ နဲ့ အဖေ လား.. ဘယ်တော့မှ လိုက်မဆီးဘူးဖူး။
-
16:27 - 16:32အဲဒီအချိန်မှာပဲ ကျွန်မသိခဲ့တယ် ခန္ဒာကိုယ်ပဲ တားလို့ရမယ်
-
16:32 - 16:37ကျွန်မရဲ့ စိတ်ဓာတ်ကိုတော့ ဘယ်လိုမှ ရပ်ထားလို့မရဘူး။
-
16:37 - 16:41Lao Tzu ဆိုတဲ့အတွေးအခေါ် ပညာရှင်က ပြောခဲ့တယ်
-
16:41 - 16:44" နင်အခုဖြစ်နေတဲ့ ဘဝကို လက်လွတ်လိုက်တဲ့အခါ
-
16:44 - 16:47နင်ဖြစ်သင့်တဲ့ဘဝ ဖြစ်လာမယ်"
-
16:47 - 16:52ကျွန်မအခုတော့ သိသွားပြီး ကျွန်မဖြစ်ခဲ့တဲ့ ဘဝကို ကျွန်မလက်မလွတ်လိုက်ဘူးဆိုရင်
-
16:52 - 16:56ကျွန်မ ဘဝအသစ်ကို ဘယ်လိုမှ ဖန်တီးနိုင်ခဲ့မှာမဟုတ်ဘူး။
-
16:56 - 17:01ကျွန်မ ဖြစ်သင့်တယ်ဆိုတဲ့ ဘဝကို လက်မလွတ်လိုက်မချင်းပေါ့
-
17:01 - 17:06ကျွန်မ အမြဲတမ်းတောင့်တနေတဲ့ ဘဝကို ကျွန်မရလိုက်မှာမဟုတ်ဘူး။
-
17:06 - 17:09တကယ့် အင်အားဆိုတာဘာလဲဆိုတာ ကျွန်မသိသွားပြီ။
-
17:09 - 17:12ခန္ဒာကိုယ်က လာတာမဟုတ်ဘူး။
-
17:12 - 17:17ကျွန်မရဲ့ ခွန်အားတွေ လုံးဝပြောင်းလဲသွားပေမဲ့လဲ
-
17:17 - 17:21ကျွန်မ ဘာလဲဆိုတာကို မပြောင်းလဲနိုင်ပါဘူး။
-
17:21 - 17:25လေယာဉ်မောင်း ဆိုတဲ့အလင်းရောင်လေးကတော့ အမြဲလင်းနေမှာပဲ
-
17:25 - 17:30ကျွန်မတို့ အားလုံးလိုပါပဲ
-
17:30 - 17:33ခန္ဒာကိုယ်ဆို တာကျွန်မ မဟုတ်ဘူး။
-
17:33 - 17:37ရှင့်တို့ ခန္ဒာကိုယ်ဆိုတာလဲ ရှင့်တို့မဟုတ်ဘူး
-
17:37 - 17:41အဲဒါကြောင့်မို့လို့ ရှင်တို့ဘယ်လိုပုံလဲ၊ ဘယ်လိုရုပ်လဲ
-
17:41 - 17:45ဘယ်ကလာတာလဲ၊ ဘာနဲ့ အလုပ်လုပ်လဲ ဆိုတာလုံးဝမအရေးမကြီးဘူး
-
17:45 - 17:51ဘာကအရေးကြီးတာလဲဆိုတော့ ကျွန်မတို့တတွေ လူသားချင်းစာနာမှု
-
17:51 - 17:55ကျွန်မတို့ ဘဝကို ကျွန်မတို့ကဘာလဲဆိုတဲ့ အကောင်းဆုံးဖန်တီးမှုရဲ့ သင်္ကေံာသ အဖြစ်
-
17:55 - 17:59...
-
17:59 - 18:01ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အကုန်လုံး ဆက်သွယ်နေတယ်။
-
18:01 - 18:05သန်းနဲ့ ချီတဲ့ ပိုက်တွေနဲ့
-
18:05 - 18:08အဲဒီအပိုင်းအစကို ဆက်ဖို့အချိန်ရောက်လာပြီ
-
18:08 - 18:10...
-
18:10 - 18:15ကျွန်မတို့ရဲ့ ဒီလိုစုစည်းထားတဲ့ အင်အားတွေကို
-
18:15 - 18:17ခန္ဒာကိုယ်အလှအပကို ဂရုမစိုက်တော့ဘဲ
-
18:17 - 18:21စိတ်နှလုံး ရဲ့အလှအပကိုပဲ အရေးပေး ရမယ့်အချိန်ရောက်လာပြီ။
-
18:21 - 18:25ကျွန်မနဲ့ အတူတူပါ၀င်မယ်ဆိုရင် ရှင်တို့ရဲ့ ပိုက်တွေကို လေထဲမြောက်ပေးပါ။
-
18:25 - 18:31ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံ)
-
18:31 - 18:36ကျေးဇူးတင်ပါတယ်။
- Title:
- Janine Shepherd: ခန္ဒာကိုယ် ပျက်ဆီးသွားတာနဲ့ လူတစ်ယောက်ဘဝပျက်ပြီလို့ ဆိုလို့မရဘူး
- Speaker:
- Janine Shepherd
- Description:
-
သူကားအတိုက်မခံရခင်တော့ Janine Shepherd က စကိက်စီး အိုလံပစ် ရွေတံဆိပ်ရဖို့ရည်ရွယ်ထားတဲ့သူ။ သူမရဲ့ ဘယ်လိုပြန်ကောင်းလာအောင် ကျိုးစားခဲ့တယ်ဆိုတဲ့ဖြစ်ရပ် လေးကိုပြောထားပါတယ်။ သူမပေးချင်တဲ့ အတွေးလေးကတော့ ခန္ဒာကိုယ်က အရေးမကြီးဘူး၊ အိပ်မက်အဟောင်းကိုပဲ ဖတ်တွယ်မနေရင် ကောင်းတဲ့အိပ်မက်သစ်တွေပေါ်လာပါလိမ့်မယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 18:57
Maggie S (Amara staff) edited Burmese subtitles for A broken body isn't a broken person | ||
TED edited Burmese subtitles for A broken body isn't a broken person | ||
TED edited Burmese subtitles for A broken body isn't a broken person | ||
TED edited Burmese subtitles for A broken body isn't a broken person | ||
Dimitra Papageorgiou approved Burmese subtitles for A broken body isn't a broken person | ||
Khine Lay accepted Burmese subtitles for A broken body isn't a broken person | ||
Khine Lay commented on Burmese subtitles for A broken body isn't a broken person | ||
Khine Lay edited Burmese subtitles for A broken body isn't a broken person |