Return to Video

ဘာကြောင့် ဓာတ်ပုံတွေက သမရိုးကျပုံစံတွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေရတာပါလဲ။

  • 0:01 - 0:02
    မင်္ဂလာပါ နေ့လည်ခင်းပါရှင်။
  • 0:02 - 0:04
    ကျွန်မနာမည်က Uldus ပါ
  • 0:04 - 0:08
    ရုရှားက ဓာတ်ပုံအခြေခံတဲ့ ပန်းချီပညာရှင်ပါ
  • 0:08 - 0:11
    ဒီနည်းကို စခဲ့တာ လွန်ခဲ့တဲ့ ၆နှစ်လောက်ကပါ
  • 0:11 - 0:14
    ရွဲ့တဲ့တဲ့ ကိုယ်တိုင်ရေးပုံတူတွေနဲ့
  • 0:14 - 0:17
    လူမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာတွေ၊
  • 0:17 - 0:20
    လူမှုရေးကိစ္စတွေနဲ့
    ပတ်သက်ပြီး များပြားလှတဲ့
  • 0:20 - 0:22
    သမရိုးကျ ပုံစံတွေကိုချပြဖို့ပါ
  • 0:22 - 0:25
    [ကျွန်မက ရုရှားလူမျိုးပါ၊ မူးယစ်ဆေးဝါး၊
    သေနတ်တွေ၊ကလေးအပြာကားတွေ ရောင်းတယ်။]
    [Vodka=ရေ၊Vodkaကို ကြိုက်တယ်။]"
    (ရယ်သံများ)
  • 0:25 - 0:29
    ဓာတ်ပုံပညာကို သတင်းတိုပို့တဲ့ကိရိယာအဖြစ် သုံးပါတယ်
    [ကျွှန်မကို လက်ထပ်ပါ။ကျွန်မ ဗီဇာတစ်စောင်လိုအပ်ပါတယ်]
  • 0:29 - 0:32
    ဒီနေ့ ကျွန်မဟာ ကင်မရာရှေ့မှာ ဖျော်ဖြေနေပြီး
  • 0:32 - 0:36
    Wonder Woman လိုသတ္တိရှိဖို့
    ကြိုးစားနေတုန်းပါ
  • 0:36 - 0:40
    အဓိပ္ပါယ်ရှိတဲ့သတင်း၊ သုခုမဟန်၊
    အလှအပ၊ အထားအသို၊ အသော့အထေ့
  • 0:40 - 0:46
    နောက်ပြီး လက်မှုပစ္စည်းတွေကို
    ဟန်ချက်ညီဖို့ အာရုံစိုက်ပါတယ်။
  • 0:46 - 0:49
    ဒီနေ့ ကျွန်မရဲ့ပရောဂျက်
    အကြောင်းပြောပြမလို့ပါ
  • 0:49 - 0:52
    ဒါကို Desperate Romantics လို့
    အမည်ပေးထားပါတယ်
  • 0:52 - 0:54
    ဒါတွေက ကျွန်မရဲ့ လက်မှုပစ္စည်းတွေပါ၊
    ဒါမှမဟုတ်
  • 0:54 - 0:59
    အင်္ဂလန် ၁၉ရာစု အလယ်ခေတ်
    Raphaelites Brotherhood ရဲ့
  • 0:59 - 1:01
    ခေတ်မတိုင်မီ ပန်းချီကားချပ်တွေပေါ့။
  • 1:01 - 1:03
    ကျွန်မဟာ ပန်းချီကားချပ်ကို ယူလိုက်ပြီး
  • 1:03 - 1:06
    ရုရှားနိုင်ငံမှာ ကျွန်မကို ဝန်းရံနေတဲ့
    ကိစ္စရပ်တွေအကြောင်း
  • 1:06 - 1:10
    ခေတ်ပြိုင် အဓိပ္ပါယ်သစ်တွေကို
    ထည့်သွင်းပေးတာကို
  • 1:10 - 1:11
    ပြောပြချင်တာပါ။
  • 1:11 - 1:15
    ကိုယ်ဟန်ပြမောင်၊ မယ်တွေ မဟုတ်ပေမဲ့
  • 1:15 - 1:18
    စိတ်ဝင်စားစရာ နောက်ခံ ဇာတ်လမ်းရှိတဲ့
    လူတွေကို ရိုက်ကူးနေရင်းပေါ့။
  • 1:18 - 1:20
    ဒီကောင်လေးက အကပညာရှင် တစ်ယောက်ပါ၊
  • 1:20 - 1:22
    အသက်(၁၂)နှစ်ပဲ ရှိပါသေးတယ်။
  • 1:22 - 1:25
    ဒါပေမဲ့ အလယ်တန်းကျောင်းမှာ ကျတော့
    သူအကသင်တန်း တက်တာကို ကွယ်ဝှက်ထားရကာ
  • 1:25 - 1:27
    လူမဆန်မှု မျက်နှာဖုံးကို ဝတ်ဆင်ပြီး၊
  • 1:27 - 1:30
    ပင်ကိုယ်စရိုက်မဲ့တဲ့
    မုန်တိုင်းမြင်စီးတပ်သားလို
  • 1:30 - 1:35
    ကျန်တဲ့ အတန်းဖော်တွေနဲ့
    တသားထည်းဖြစ်ဖို့ ကြိုးပမ်းနေရသူပေါ့။
  • 1:35 - 1:38
    ဒီကောင်လေးမှာ ရည်မှန်းချက်တွေ၊
    အိပ်မက်တွေ ရှိနေပေမဲ့
  • 1:38 - 1:41
    လူမှုရေးအရ လက်ခံခြင်းခံရဖို့
    ဒါကို ကွယ်ဝှက်ထားရပါတယ်
  • 1:41 - 1:43
    အကြောင်းကတော့ မတူကွဲပြားနေတာက မလွယ်ဘူးလေ
  • 1:43 - 1:46
    အထူးသဖြင့် ရုရှားမှာပေါ့။
  • 1:46 - 1:49
    နောက် ပုံတူရဲ့
    အဓိပ္ပါယ်ကောက်ယူမှုက တင်စားမှုပါ
  • 1:49 - 1:51
    ပြီးတော့ ဒါက နီကီတာပါ၊
  • 1:51 - 1:55
    စိန့် ပီတာစဘာတ်က ဘားတွေထဲက တစ်ခုမှာ
  • 1:55 - 1:57
    လုံခြုံရေး အစောင့်တစ်ယောက်ပေါ့။
  • 1:57 - 2:00
    သူပြောချင်တာက "ကျုပ်ဒေါသထွက်နေချိန်မှာ
    ခင်ဗျား ကျုပ်ကိုကြိုက်မှာမဟုတ်ဘူး။"
  • 2:00 - 2:02
    ရုပ်ရှင်ထဲက Hulk ကို
    ကိုးကားပြောရရင်ပေါ့။
  • 2:02 - 2:04
    ဒါပေမဲ့ သူဒေါသထွက်တာကို
    တစ်ခါမှမမြင်ဖူးဘူး
  • 2:04 - 2:08
    သူ့ရဲ့စိတ်ထိခိုက်လွယ်မှုတွေနဲ့
    စိတ်ကူးယဉ်ဆန်တဲ့အခြမ်းကိုဖုံးထားတယ်
  • 2:08 - 2:10
    အကြောင်းက ရုရှားမှာက ငနဲတွေကြားမှာ
  • 2:10 - 2:12
    စိတ်ကူးယဉ်ဆန်တယ် ဆိုတာက မမိုက်ဘူးလေ။
  • 2:12 - 2:15
    ဒါပေမဲ့ မိန်မတွေဝိုင်းတာ ကျတော့
    မိုက်တာပေါ့၊
  • 2:15 - 2:17
    မာန်ကြွနေတဲ့ ယောကျာ်းကြီးပုံ ပေါက်နေတာပေါ့
  • 2:17 - 2:19
    (ရယ်သံများ)
  • 2:19 - 2:21
    တစ်ခါတစ်လေမှာတော့ ကျွန်မရဲ့ ပရောဂျက်ထဲမှာ
  • 2:21 - 2:23
    ပန်းချီကားကိုယူပြီး၊
  • 2:23 - 2:25
    အဲဒါကို အဓိပ္ပါယ်သစ်ကိုပေး
  • 2:25 - 2:26
    ပြီးတော့ ဒါနဲ့ပတ်သက်ပြီး၊
  • 2:26 - 2:29
    ဆွဲဆောင်မှုအသစ်ကို ပေးလိုက်ပါလိမ့်မယ်။
  • 2:29 - 2:33
    တစ်ခါတလေတော့ မျက်နှာပေါက်တွေကိုယှဉ်ပြီး
  • 2:33 - 2:35
    စကားလုံးတွေနဲ့ ကစားကြည့်နေပါလိမ့်မယ်၊
  • 2:35 - 2:39
    irony၊ Iron Man၊ ironing man လို့ပေါ့
  • 2:39 - 2:43
    (ရယ်သံများ)
  • 2:43 - 2:44
    ရုရှားမှာ ကျွန်မကိုဝိုင်းနေတဲ့
    လူမှုရေးကိစ္စတွေကို
  • 2:44 - 2:46
    စကားဝိုင်းထဲကို ယူဆောင်လာဖို့အတွက်
  • 2:46 - 2:50
    လက်မှုပစ္စည်းတွေကို အသုံးချပါတယ်။
  • 2:50 - 2:53
    ရုရှားမှာမှာလက်ထပ်တာနဲ့
    ပတ်သက်ပြီး စိတ်ဝင်စားစရာကတော့
  • 2:53 - 2:56
    အသက်(၁၈)၊ (၁၉)အရွယ်မှာ မိန်းကလေးအများစုဟာ
  • 2:56 - 3:00
    အသင့်ဖြစ်နေပြီး လက်ထပ်ဖို့ကို
    စိတ်ကူးယဉ်နေပြီလေ
  • 3:00 - 3:02
    ကလေးဘဝကတည်းက သင်ပေးတာက
    အောင်မြင်တဲ့ လက်ထပ်ခြင်းဟာ
  • 3:02 - 3:04
    အောင်မြင်တဲ့ဘဝပဲလို့ဆိုကြလေတော့
  • 3:04 - 3:07
    မိန်းကလေးအများစုဟာ လင်ကောင်းတစ်ယောက်ရဖို့
  • 3:07 - 3:09
    တိုက်ကြ၊ ခိုက်ကြသလိုမျိုးပဲပေါ့။
  • 3:09 - 3:10
    နောက်ပြီး ကျွန်မကျတော့ရော။
  • 3:10 - 3:12
    ကျွနမအသက်က (၂၇)နှစ်ပါ။
  • 3:12 - 3:14
    ရုရှား အသိုင်းအဝိုင်းမှာ
    ကျွန်မဟာအပျိုဟိုင်းကြီးဖြစ်ပြီး
  • 3:14 - 3:17
    လက်ထပ်ဖို့ မျှော်လင့်ချက်ကင်းမဲ့ နေတာပေါ့။
  • 3:17 - 3:20
    ဒါကြောင့် မက်ဆီကန်
    တိုက်ခိုက်ရေးမျက်နှာဖုံးတပ်
  • 3:20 - 3:23
    မင်္ဂလာဝတ်စုံဝတ်ထားပြီး ပန်းခြံထဲမှာ
  • 3:23 - 3:27
    ထင်ရာစိုင်းနေတဲ့ကျွန်မကို ရှင်တို့တွေ့ရတာပေါ့
  • 3:27 - 3:30
    ဒါပေမဲ့ သတိတော့ရလိုက်ပါရှင်၊
    ထေ့တာငေါ့တာဟာ အဓိကအချက်ပါ၊
  • 3:30 - 3:32
    ဒါဟာ တကယ်တော့ ရည်မှန်းချက်တွေအတွက်၊
  • 3:32 - 3:35
    အိပ်မက်တွေအတွက် တိုက်ကြ၊ခိုက်ကြဖို့
  • 3:35 - 3:38
    သမရိုးကျပုံစံတွေကို ပြောင်းလဲဖို့
    မိန်းကလေးတွေကို တွန်းအားပေးနေတာပေါ့ရှင်။
  • 3:38 - 3:42
    ဒါကြောင့် သတ္တိရှိကြပါ၊ အရွဲ့တိုက်ကြပါ၊
    ဒါက အထောက်အကူဖြစ်ပါတယ်။
  • 3:42 - 3:46
    ပျော်ပျော်ရွင်ရွင်နေပြီး ပဉ္စလက်အတတ်ကို
    ဖန်တီးကြပါတော့လားရှင်။
  • 3:46 - 3:50
    (လက်ခုတ်တီးသံများ)
Title:
ဘာကြောင့် ဓာတ်ပုံတွေက သမရိုးကျပုံစံတွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေရတာပါလဲ။
Speaker:
ယူလ်ဒပ်(စ်) ဘက္ခတီယိုဇီနာ
Description:

ပန်းချီပညာရှင် ယူလ်ဒပ်(စ်) ဘက္ခတီယိုဇီနာက ဓာတ်ပုံတွေကို သုံးပြီး သူမရဲ့ဇာတိ ရုရားမှာရှိတဲ့ လူမှုရေးဆိုင်ရာ စံတွေကို လှောင်ပြောင်လိုက်ပါတယ်။ ရုရှားလူငယ်ယဉ်ကျေးမှုထဲကို ဖျတ်ခနဲ ဝင်ကြည့်လိုက်ပြီး၊တိုတောင်းပြီး ပျော်စရာကောင်းတဲ့ နှိုးဆော်ချက်ကလေးတစ်ခုက ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးတော့ အလေးနက်ကြီးမထားမိကြဖို့ကို ပြောထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
04:03

Burmese subtitles

Revisions