Return to Video

သင့်ဘဝကို ပြောင်းလဲသွားစေမယ့် စကားလုံး သုံးလုံး။ Mark Holder | TEDxKelowna

  • 0:12 - 0:14
    ကျွန်တော် တကယ့်ကို စိတ်ထက်သန်တဲ့
  • 0:14 - 0:17
    တစ်ခုခုအကြောင်း
    ဟောပြောခွင့်ပေးတဲ့အတွက် ကျေးဇူးပါ။
  • 0:17 - 0:18
    ပျော်ရွှင်မှုပါ။
  • 0:18 - 0:22
    ကျွန်တော်က ဗြိတိသျှ ကိုလမ်ဘီယာ
    တက္ကသိုလ်မှာ ပျော်ရွှင်မှု သိပ္ပံကို
  • 0:22 - 0:24
    လေ့လာတဲ့ သုတေသန အသင်းတစ်ခုကို ဦးဆောင်တယ်။
  • 0:26 - 0:27
    သုတေသန အသင်းတစ်ခု ဦးဆောင်တယ်၊
  • 0:27 - 0:29
    စိတ်ကြီးဝင်နေလိုက်တာနော်။
  • 0:29 - 0:30
    ကျွန်တော် တကယ် လုပ်တာ ပြောပါရစေ။
  • 0:30 - 0:34
    တကယ်လုပ်တာက ကျွန်တော် အရှက်မရှိ
    အမှတ်ယူတဲ့ လက်ဖျားခါရတဲ့အလုပ်ကို
  • 0:34 - 0:36
    လုပ်ကြတဲ့ အင်မတန်တော်တဲ့
  • 0:36 - 0:41
    ဘွဲ့ကြိုကျောင်းသားတွေ၊ ဘွဲ့ရကျောင်းသားတွေ၊
    ပါမောက္ခတွေနဲ့ အလုပ်တွဲလုပ်တာပါ။
  • 0:41 - 0:42
    အခု ကျွန်တော် လုပ်တော့ဟာက
  • 0:42 - 0:45
    ဒါရဲ့ နောက်ထပ် နမူနာတစ်ခုသက်သက်ပါ။
  • 0:45 - 0:47
    ဒါကို လုပ်နေခဲ့တာ လွန်ခဲ့တဲ့
    ဆယ်နှစ်လုံးလုံးပါ။
  • 0:47 - 0:50
    ဒီဆယ်နှစ်အတွင်းမှာ စကားလုံး သုံးလုံးကို
    ဖော်ထုတ်ထားတယ်။
  • 0:51 - 0:56
    သင့်ပျော်ရွှင်မှုကို တိုးပွားစေခြင်းနဲ့
    ဘဝကို ပြောင်းလဲစေမယ့် စကားလုံး သုံးလုံးပါ။
  • 0:56 - 0:58
    ဒါပေမဲ့ အလှည့်ကျ
    ဟောပြောချက်တစ်ခုလိုပဲ
  • 0:58 - 0:59
    (ရယ်သံများ)
  • 0:59 - 1:02
    သင့်ဆုလာဘ် မရခင်အထိတော့
    အဆုံးထိ စောင့်ဖို့ လိုတာပေါ့ဗျာ။
  • 1:02 - 1:04
    ဒါက စကားလုံး သုံးလုံးပါ။
  • 1:04 - 1:05
    (ရယ်သံများ)
  • 1:06 - 1:08
    ဒီဟောပြောချက်ရဲ့ ရည်ရွယ်ချက်ကို တွေ့တော့
  • 1:08 - 1:10
    "ငါ ကြီးလာရင် ဘာဖြစ်ချင်တာလဲ"
  • 1:10 - 1:12
    ဒါက ကွက်တိ အံကျမှု၊ ချစ်စရာ
    အံကျမှုတစ်ခုလို့ ထင်ခဲ့တယ်။
  • 1:12 - 1:16
    ဘာလို့ဆိုတော့ ကျွန်တော်တို့ အများစုအတွက်
    စာရင်းရဲ့ ထိပ်ဆုံးအနီးမှာ
  • 1:16 - 1:18
    စာရင်းရဲ့ထိပ်မှာ ရှိတာက
  • 1:18 - 1:20
    ကျွန်တော်တို့ ပျော်ချင်ကြတာလေ။
  • 1:20 - 1:22
    ဇာတ်လမ်တစ်ပုဒ်ကို သွားသတိရစေတယ်။
    John Lennon ရဲ့ ဖာတ်လမ်းပါ။
  • 1:22 - 1:24
    Beatles ရဲ့ အဖွဲဝင်ဟောင်းလေ။
  • 1:24 - 1:26
    John Lennon ပြောခဲ့တာက
  • 1:28 - 1:30
    သူ ကလေးဘဝတုန်းက ကြီးပြင်းလာတော့
  • 1:30 - 1:32
    သူ့အမေက သူ့ကို ပြောတာက
  • 1:32 - 1:34
    "John ရေ၊ ဘဝမှာ အရေးကြီးဆုံးအရာက
  • 1:34 - 1:37
    အရေးကြီးဆုံးအရာက ပျော်ရွှင်ဖို့ပဲ"တဲ့။
  • 1:37 - 1:39
    ဒါနဲ့ John အတန်းကျောင်းရောက်တော့
  • 1:39 - 1:42
    ဆရာမက အတန်းကို တာဝန်တစ်ခုပေးပြီး
  • 1:42 - 1:45
    ကလေးတိုင်းကို မေးခွန်းတစ်ခုမေးတယ်။
  • 1:45 - 1:47
    မေးခွန်းကတော့
  • 1:47 - 1:50
    "မင်းတို့ ကြီးလာရင် ဘာဖြစ်ချင်ကြလဲ"တဲ့။
  • 1:50 - 1:53
    ဒါနဲ့ John Lennon ပြောလိုက်တာက
    "ကျွန်တော် ပျော်ချင်ပါတယ်"တဲ့။
  • 1:53 - 1:55
    ဒါနဲ့ ဆရာမက "မဟုတ်ဘူး၊ John ။
  • 1:55 - 1:58
    မင်း မေးခွန်းကို နားမလည်ဘူး"တဲ့။
  • 1:58 - 2:02
    ဒါနဲ့ John Lennon ပြောလိုက်တာက
    "မဟုတ်ဘူး၊ ဘဝကို ဆရာမ နားမလည်ပါဘူး"တဲ့။
  • 2:02 - 2:04
    (ရယ်သံများ)
  • 2:04 - 2:08
    ကျွန်တော် ထင်တာက John Lennon က
    သူ့ဆရာမကို စွဲချက်တင်ခဲ့တဲ့ ဝေဖန်မှုဟာ
  • 2:08 - 2:10
    ကျန်းမာရေး သုတေသီတွေ၊
  • 2:10 - 2:15
    ကျန်းမာရေး စောင့်ရှောက်မှု ဆရာဝန်တွေကို
    စွဲချက်တင်နိုင်တဲ့ ဝေဖန်မှုတစ်ခုပါ။
  • 2:15 - 2:17
    ကျွန်တော့လို လူတွေကို စွဲချက်တင်နိုင်တယ်
  • 2:17 - 2:20
    ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ
    ဘဝဆိုတာအကြောင်းကို ချန်ထားတာမျိုးလေ၊
  • 2:21 - 2:23
    ပျော်ရွှင်မှု အကြောင်းပါ။
  • 2:23 - 2:25
    အောက်ပါ ကိုးကားချက်ထဲမှာ
    ဒါကို သာဓက ပြပါရစေ။
  • 2:26 - 2:31
    "သင့်ရဲ့ ကယောင်ချောက်ချား ပဟေဠိကို ယူပြီး
    တွေ့နေကျ မပျော်ရွင်မှု အဖြစ် ပြောင်းတာ
  • 2:32 - 2:35
    အောင်မြင်ရင် အများကြီးကို ရလိုက်ပါပြီ"တဲ့။
  • 2:36 - 2:37
    တကယ်ပဲလား။
  • 2:37 - 2:39
    ဒီကိုးကားချက်ကို ကျွန်တော် မုန်းတယ်။
  • 2:39 - 2:43
    ဒီကိုးကားချက်ကို အတော်ကြီး သဘောကျတာက
    ပထမဆုံး ဒါက မှားနေတယ်။
  • 2:43 - 2:44
    အခု ပျော်ရွှင်မှုကို ထောင်ချီတဲ့
  • 2:44 - 2:50
    ကလေးတွေ၊ မြီးကောင်ပေါက်တွေနဲ့
    လူကြီးတွေဆီမှာ တိုင်းတာခဲ့ကြတယ်။
  • 2:51 - 2:52
    ပျော်ရွှင်မှုကို လူတွေမှာတိုင်းတယ်
  • 2:52 - 2:54
    Zambia ကနေ New Delhi အထိ
  • 2:55 - 2:58
    Dubai ကနေ Western Canada အထိပါ
  • 2:58 - 3:00
    နောက်ပြီး တွေ့ရှိခဲ့တာက
    အတေွ့များတာ ပျော်ရွှင်မှုဖြစ်ပြီး
  • 3:00 - 3:02
    မပျှော်ရွှင်မှု မဟုတ်တာပါ။
  • 3:02 - 3:05
    ဒီအကိုးအကားကို သဘောမကျတဲ့
    ဒုတိယ အကြောင်းရင်းက
  • 3:05 - 3:08
    ကျွန်တော်တို့အတွက် သိပ်နိမ့်တဲ့
    အဟန့်အတားကို သတ်မှတ်ပေးလို့ပါ
  • 3:08 - 3:12
    ဒါက ပြောတာက ခံစားမှုဆိုင်ရာ အကြွင်းအကျန်
    တွေကနေ လူတွေကို ခေါ်ထုတ်ပြီး
  • 3:12 - 3:16
    မပျော်ရွှင်မှုဆီ နည်းနည်းလေး မတင်ရင်
    အောင်မြင်တယ်တဲ့။
  • 3:16 - 3:18
    တကယ်ပဲလား။
  • 3:18 - 3:20
    ကျွန်တော်တို့ ဒါထက် ပိုလုပ်နိုင်ပြီး
  • 3:20 - 3:22
    ပိုကောင်းအောင် လုပ်နိုင်တယ်။
  • 3:22 - 3:24
    ပိုလုပ်တာနဲ့ပိုကောင်းအောင်လုပ်တဲ့အပိုင်းက
  • 3:24 - 3:27
    သင့်ဘဝကို ပြောင်းလဲပေးနိုင်တဲ့
    စကာ၊လုံး သုံးလုံးပါ။
  • 3:28 - 3:31
    တကယ်က စိတ်စိစစ်မှု
    သီအိုရီရဲ့ ဖခင်Sigmund Freud ရဲ့
  • 3:31 - 3:33
    အကိုးအကားတစ်ခုဖြစ်ပြီး
  • 3:33 - 3:35
    စိတ်ပညာရဲ့ ဇစ်မြစ်တွေကို
    အပျက်သဘော မှန်ဘီလူးတွေနေ
  • 3:35 - 3:38
    ကျွန်တော်တို့ကို ပြောပြပါတယ်။
  • 3:38 - 3:43
    ဒါက စိတ်ပညာရဲ့ ဇာစ်မြစ်တွေတင်မဟုတ်ဘဲ
    မျက်မှောက် စိတ်ပညာပါ။
  • 3:43 - 3:45
    ကျွန်တော့ရုံးမှာ အဘိဓာန်တစ်အုပ်ရှိတယ်။
  • 3:45 - 3:50
    စိတ်ပညာရှင်တွေ သုံးတဲ့ စကားလုံးတွေ အားလုံး
    ပါတဲ့ အတော်ထူတဲ့ အဘိဓာန်ကြီးတစ်အုပ်ပါ။
  • 3:50 - 3:54
    ဒါနဲ့ ဒီအဘိဓာန်ကို ယူပြီး "depression"
    ဆိုတဲ့ စကားလုံးကို ရှာကြည့်လိုက်တော့
  • 3:54 - 3:58
    depression ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်
    ၁၈ မျိုးရှိတယ်။
  • 3:58 - 4:01
    စိတ်ဓာကျခြင်းအကြောင်း အများကြီး သိရတယ်။
  • 4:01 - 4:04
    ဒီနောက်မှာ "happiness" ကို ရှာကြည့်တယ်။
  • 4:04 - 4:06
    စိတ်ဓာတ်ကျခြင်း ဖွင့်ဆိုချက် ၁၈ ခု၊
  • 4:06 - 4:07
    ပျော်ရွှင်မှုကျတော့ရော။
  • 4:09 - 4:10
    ဒီထဲမှာ မရှိဘူးဗျ။
  • 4:10 - 4:13
    ဒါက မျက်မှောက်ခေတ် စိတ်ပညာရှင်တွေရဲ့
    ဝေါဟာရထဲမှာ မရှိသလိုမျိုးလေ။
  • 4:13 - 4:16
    ဒါက စိတ်ပညာအကြောင်း ဝေဖန်ချက်
    သက်တစ်ခုမဟုတ်ပါဘူး။
  • 4:17 - 4:20
    စိတ်ပညာ၊ ဆေးပညာ၊ စိတ်ရောဂါကုသမှုနဲ့
    အာရုံကြောသိပ္ပံတို့ဆိုတာက
  • 4:20 - 4:22
    အစဉ်အလာအားဖြင့် အာရုံစိုက်တာက
  • 4:22 - 4:25
    သင့်မှာ ဘာမှာယွင်းနေတာနဲ့
    ဒါကို ဘယ်လို ပြင်ဆင်ပုံကိုပါ။
  • 4:25 - 4:29
    ဒါတွေက ချို့ယွင်းချက်တွေ၊ ရောဂါနဲ့
    မူမမှန်မှုတွေနဲ့ ဆိုင်တာပါ။
  • 4:29 - 4:31
    ဒါက တကယ် ကောင်းတဲ့ အရာတစ်ခုပါ။
  • 4:31 - 4:32
    ကောင်းတဲ့ အရာတစ်ခုလေ။
  • 4:32 - 4:37
    ဒါကြောင့် နည်းလမ်းသစ်တွေရလာတယ်၊
    စိတ်နဲ့ ကိုယ်ကျန်းမာရေး စိန်ခေါ်မှုတွေနဲ့
  • 4:37 - 4:40
    လူတွေကို ခွဲခြားပြီး
    ကူညီပေးတဲ့ နည်းလမ်းတွေပါ။
  • 4:40 - 4:43
    တကယ် ကောင်းတဲ့ အရာတစ်ခုပါ။
  • 4:43 - 4:46
    ဒါတစ်ခုတည်းပဲလို့တွေ ကျွန်တော် မထင်ဘူး။
  • 4:46 - 4:49
    ထပ်ပြောရရင် ဒါထက်ပိုပြီး လုပ်နိုင်တယ်၊
  • 4:49 - 4:51
    ဒါထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ်။
  • 4:51 - 4:56
    ပိုလုပ်ဖို့၊ ပိုကောင်းကောင်းလုပ်နည်း
    တစ်ခုက အသစ် ပေါ်တဲ့ စိတ်ပညာနယ်ပယ်တစ်ခုပါ။
  • 4:57 - 4:59
    အပြုသဘော စိတ်ပညာလို့ခေါ်တဲ့
    နယ်ပယ်တစ်ခုပါ။
  • 4:59 - 5:00
    အပြုသဘော စိတ်ပညာက
  • 5:00 - 5:03
    သင် ဘာမှားယွင်းတယ်၊ ဒါကို ဘယ်လို
    ပြင်ဆင်တယ်ဆိုတာနဲ့ မဆိုင်ဘူး။
  • 5:03 - 5:05
    အပြုသဘော စိတ်ပညာက
  • 5:05 - 5:08
    သင် ဘာနဲ့အဆင်ပြေတယ်ဆိုတာနဲ့
    ဒါကို ဘယ်လို တိုးမြှင့်ပုံပါ။
  • 5:08 - 5:09
    သင် ဘာနဲ့ အဆင်ပြေလဲ။
  • 5:10 - 5:14
    သင်နဲ့ အဆင်ပြေတယ်ဆိုတာက ချစ်တတ်ဖို့နဲ့
    အခြားသူတွေရဲ့အချစ်ခံဖို့ သင့်အရည်အချင်းပါ။
  • 5:14 - 5:17
    သင့် ကြင်နာမှုပါ၊ သင့်ရဲ့ ကျေးဇူးသိမှုပါ။
  • 5:17 - 5:20
    သင့်ရဲ့ အင်အား၊ သင့်ရဲ့ သတ္တိ၊
    သင့်ရဲ့ ရဲရင့်မှုပါ။
  • 5:20 - 5:24
    သင့်ရဲ ရှင့်သန်ခြင်း၊ စည်ပင်ခြင်းကို
    ပံ့ပိုးပေးတာနဲ့ဆိုင်ပါတယ်။
  • 5:24 - 5:27
    ဒါက ဘဝကို ရှင်သန်ထိုက်အောင်
    ဖြစ်စေပြီး
  • 5:27 - 5:29
    တကယ်တမ်းက သင့်ပျော်ရွှင်မှု
ပါဝင်ပါတယ်။
  • 5:31 - 5:34
    အပြုသဘော စိတ်ပညာ သုတေသနက
    ပြသတာတွေအနက် တစ်ခုကတော့
  • 5:34 - 5:36
    လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်တုန်းက
  • 5:36 - 5:40
    ပျော်ရွှင်မှုအတွက် အားလုံးနဲ့ ကိုက်ညီတဲ့
    ပုံစံတစ်ခု မရှိတာပါ။
  • 5:41 - 5:44
    ကျွန်တော့ကို ပျော်ရွှင်စေတာက သင့်ကို
    ပျော်ရွင်စေတာနဲ့ အတော်ကြီးခြားနားနိုင်တယ်
  • 5:44 - 5:46
    အခု ပျော်ရွှင်စေတာက
  • 5:46 - 5:51
    လွန်ခဲ့တဲ့ ၁၀ နှစ် နဲ့ နောင် အနှစ် ၂၀ မှာ
    သင်ကို ပျော်ရွှင်စေမှာနဲ့ ခြားနားပါတယ်
  • 5:51 - 5:55
    တစ်ချိန်လုံး သင်နဲ့ လူအားလုံးအတွက်
    ပျော်ရွှင်မှုကို တိုးပွားစေမယ့်
  • 5:55 - 5:58
    တစ်ခုတည်းသော နည်းနာဆိုတာ မရှိဘူး။
  • 5:59 - 6:02
    ဒါပေမဲ့ အပြုသဘော စိတ်ပညာက
    သင်ပေးတဲ့ နောက်ထပ်တစ်ခုက
  • 6:02 - 6:06
    ပျော်ရွှင်တဲ့ လူတွေမှာရှိတဲ့
    တူညီတဲ့တစ်ခုပါ။
  • 6:07 - 6:11
    သူတိုတွေမှာ ခိုင်မာ၊ မြင်မား၊ အဆင့်ရှိတဲ့
    ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေရှိကြတယ်။
  • 6:11 - 6:14
    ကောင်းမွန်တဲ့ ကိုယ်ရေးကိုယ်တာ
    ဆက်ဆံရေးတွေနဲ့ (သို့) ကျေနပ်စရာ
  • 6:14 - 6:17
    ချစ်ရေးချစ်ရာ ဆက်ဆံရေးမှာ
    ပါဝင်မှုမရှိဘဲ ပျော်နေတဲ့
  • 6:17 - 6:22
    လူတစ်ယောက်ကို ရှာတွေ့ဖို့က
    တကယ့်ကို ခက်ခဲပါတယ်။
  • 6:24 - 6:27
    ဒီတော့ ဘယ်သူတွေက ကိုယ်ရေးကိုယ်တာ
    ဆက်ဆံရေးတွေကနေ အကျိုးရှိလဲ။
  • 6:28 - 6:30
    ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေရှိရင်
  • 6:30 - 6:35
    လူကြီးတွေ ပိုပျော်ကြပုံအကြောင်း
    ဥပမာတွေက
  • 6:35 - 6:37
    စာပေနဲ့ သိပ္ပံမှာ ပြည့်နှက်နေတယ်။
  • 6:37 - 6:39
    ကျွန်တော်တို့ အလုပ်မှာ
    ကလေးတွေကို ကြည့်ပြီး
  • 6:39 - 6:42
    သူတို့မှာ ဆက်ဆံရေးတွေနဲ့ ပုံမှန် တွေ့တဲ့
  • 6:42 - 6:47
    သူငယ်ချင်းတွေရှိရင် သူတို့
    ပျော်ကြလားဆိုတာ ရှာဖွေတယ်။
  • 6:47 - 6:51
    တကယ်တမ်းက စိတ်ကူးသူငယ်ချင်းတွေ
    ဆိုတာတောင် ရပါတယ်။
  • 6:51 - 6:55
    စိတ်ကူး သူငယ်ချင်းတွေရှိတဲ့
    ကလေးတွေဟာ ပိုပျော်ကြတယ်။
  • 6:55 - 6:57
    ပိုရယ်မောကြတယ်၊ ပိုပြုံးကြတယ်။
  • 6:57 - 6:58
    ပိုပျော်တဲ့သူတွေပါ။
  • 6:58 - 7:01
    ဒါက သာမန် လူထုဆီကတင် မဟုတ်ပါဘူး။
  • 7:01 - 7:05
    ခံနိုင်စွမ်းမဲ့တဲ့ လူထုတွကိုလည်း
    ကျွန်တော်တို့ ကြည့်ပါတယ်။
  • 7:05 - 7:08
    ဥပမာ၊ ဦးနှောက် ထိခိုက်မှု ရရှိထားတဲ့
    လူတွေကို ကြည့်ပါတယ်။
  • 7:08 - 7:13
    ယာဉ်တိုက်မှု(သို့) လေဖြတ်တာကနေ
    ဦးနှောက် ထိခိုက်မှု ရရှိတဲ့ လူတွေပါ၊
  • 7:14 - 7:16
    သူတို့တွေလည်း မပျော်ရွှင်ကြဘူး။
  • 7:16 - 7:18
    အကုန်လုံးတော့ မဟုတ်ဘူး။
    တချို့ကတော့ ပျော်နေဆဲပါ။
  • 7:18 - 7:21
    ဦးနှောက် ထိခိုက်မှုတွေနဲ့
    ပျော်နေဆဲလူတွေပါ။
  • 7:21 - 7:25
    ဦးနှောက် ထိခိုက်မှုရဲ့ ချွတ်ယွင်းချက်တွေ
    (သို့) ပြဿနာတွေကနေ
  • 7:25 - 7:30
    သက်သာရာရအောင် (သို့) ကာကွယ်ဆေး
    ထိုးခံထားရတဲ့ လူမျိုးတွေဟာ
  • 7:30 - 7:33
    မြင့်မားတဲ့ အဆင့်ရှိတဲ့
    လူမှု ဆက်ဆံရေးရှိသူတွေပါ။
  • 7:33 - 7:35
    ဒါတွေက သူတို့ကို မပျော်ရွှင်မှုကနေ
    ကာကွယ်တယ်။
  • 7:35 - 7:38
    စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ် ကမောက်ကမ
    ဖြစ်နေသူတွေကို ကြည့်ခဲ့တယ်။
  • 7:39 - 7:41
    ဒါတွေထဲက တစ်ယောက်က alexithymia ပါ။
  • 7:41 - 7:43
    Alexithymia ဟာ သူတို့ကိုယ်တိုင်နဲ့
  • 7:43 - 7:45
    အခြားသူတွေရဲ့ စိတ်ခံစားမှုတွေကို
  • 7:45 - 7:50
    ဖော်ထုတ်ရာမှာနဲ့ ဆက်သွယ်ရာမှာ
    အခက်အခဲရှိနေသူတွေဖြစ်တဲ့ ရောဂါပါ။
  • 7:51 - 7:54
    alexithymia ရောဂါဖြစ်နေတဲ့ လူတစ်ယောက်နဲ့
    သင် ချိန်းတွေ့ရင်
  • 7:54 - 7:56
    "ဘယ်လို ခံစားနေရလဲ" လို့ သင်မေးရင်
  • 7:56 - 8:00
    သူတို့ ဖြေကြမှာက
    "ဒီနေ့ နောက်ပိုင်း စတိုးဆိုင်ကို သွားမယ်။"
  • 8:00 - 8:02
    သင်က "အတော်လေး အဆင်ပြေပုံမရဘူး"ပေါ့။
  • 8:02 - 8:07
    ဒီတော့ သင်က "ဘာ၊ မဟုတ်ဘူး၊ ဆိုလိုတာက
    ကိုယ်တွင်းမှာ၊ ဘယ်လို ခံစားနေရလဲ"လို့လေ။
  • 8:07 - 8:10
    သူတို့ ပြောလောက်တာက
    "ကဲ၊ ငါ ဗိုက်နည်းနည်း ဆာတယ်။"
  • 8:10 - 8:15
    စိတ်ခံစားမှု ကမ္ဘာကို မခံစားရတော့
    သူတို့ဟာ မပျော်မရွှင်ဖြစ်ရတယ်။
  • 8:15 - 8:20
    မပျော်ရွှင်မှုကို အားရစရာမရှိတဲ့ လူမှု
    ဆက်ဆံရေးတွေက တစ်စိတ်တစ်ပိုင်း ရှင်းပြတယ်။
  • 8:21 - 8:24
    ကြမ်းတမ်းတဲ့ စိတ်ဝေဒနာနဲ့
    ပျော်ရွှင်မှုကို ကြည့်တယ်။
  • 8:24 - 8:28
    ကြမ်းတမ်းတဲ့ စိတ်ဝေဒနာရှင်တွေဟာ
    လူ့အဖွဲအစည်းတွေရဲ့ Ted Bundys တွေပါ။
  • 8:28 - 8:30
    လူကောင်းတွေ မဟုတ်က​ြဘူး။
  • 8:30 - 8:32
    ကြိုးကိုင်ခြယ်လှယ်တယ်၊ လှည့်စားတယ်။
  • 8:32 - 8:34
    အခြားသူတွေကို အသုံးချတယ်၊
    နောင်တရတာ မရှိဘူး။
  • 8:35 - 8:38
    မျှဝေခံစားမှု မရှိကြဘူး။
    လူတွေကို အသုံးချကြတယ်။
  • 8:39 - 8:42
    ကြမ်းတမ်းတဲ့ စိတ်ဝေဒနာရှင်တွေဟာ
    တကယ့်ကို ပျော်လောက်တယ်လို့
  • 8:42 - 8:43
    ကျွန်တော် ထင်တယ်။
  • 8:43 - 8:46
    နောက်ဆုံးမှာတော့ သူတို့ လိုချင်တာကို
    ရကြတာပဲလေ။
  • 8:46 - 8:50
    အခြားသူတွေကိုခအသုံးချတာနဲ့ ပတ်သက်ပြီး
    ဆိုးဆိုးဝါးဝါး မခံစားရကြဘူး။
  • 8:50 - 8:53
    တစ်ဖက်ကကြည့်ရင် သူတို့ တကယ်
    ပျော်ရွှင်ကြတယ်လို့ ထင်တယ်။
  • 8:53 - 8:57
    နောက်ဆုံးမှာတော့ သူတို့မှာ အခြားသူတွေ
    ခြယ်လှယ်ခြင်းက ဖော်ပြတဲ့
  • 8:57 - 9:00
    တကယ့်ကို အားရစရာမရှိတဲ့
    လူမှုဆက်ဆံရေးတွေ ရှိတာပါ။
  • 9:00 - 9:05
    ကဲ ကြမ်းတမ်းတဲ့ စိတ်ဝေဒနာရှင်တွေက
    မပျော်ဘူးလို့ ဖြစ်သွားပြီး
  • 9:05 - 9:10
    သူတို့ရဲ့ မပျော်ရွှင်မှုကို သူတို့ရဲ့
    အားရစရာမရှိတဲ့ ဆက်ဆံရ​ေးတွေက ရှင်းပြတယ်။
  • 9:11 - 9:13
    ဒီတော့ ဒါက သာမန်မြင်က​ြပုံပါ။
  • 9:13 - 9:16
    ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေဟာ
    ကျွန်တော်တို့ကို ပျော်ရွှင်စေတာ သိကြပါတယ်။
  • 9:16 - 9:20
    ဟုတ်ပါတယ်၊ ဒါက သုတေသန စာပေက
    ကျွန်တော်တို့ကို ပြောပြတာပါ။
  • 9:20 - 9:27
    ဒါဟာ ပျော်ရွှင်မှုဟာ ဆက်ဆံရေးကို တိုးတက်
    စေတယ်ဆိုတဲ့ ဆန့်ကျင်ဘက်လည်းဖြစ်ပါတယ်။
  • 9:27 - 9:28
    ဒီတော့ ဆက်ဆံရေးတွေနဲ့
  • 9:28 - 9:32
    ပျော်ရွှင်မှုကြားက
    တင်းကျပ်တဲ့ ဆက်နွယ်မှုအရ
  • 9:32 - 9:36
    ဆက်ဆံရေးတွေကို ဖွံ့ဖြိုးအောင်လုပ်နေစဉ်မှာ
    ပျော်ရွှင်မှုကို ကြည့်နေသင့်ပါတယ်။
  • 9:37 - 9:39
    တစ်ယောက်ယောက်ကို
    ပိုးပန်းနေရင်၊လူပျိုလည့်နေရင်
  • 9:39 - 9:41

    အွန်လိုင်း ချိန်းတွေ့နေပြီး
  • 9:41 - 9:44
    ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ရဲ့
    ပုံကိုတွေရင်
  • 9:44 - 9:47
    သင် ပြောမိတာ "အိုး၊ စာရင်းထဲသာ
    ထည့်လိုက်ပေတော့"
  • 9:47 - 9:50
    (ရယ်သံများ)
  • 9:50 - 9:54
    ဒီဟာတွေကို သင် လုပ်တဲ့အခါ
    ပျော်ရွှင်မှုကို ထည့်တွက်ဖို့လိုပါတယ်။
  • 9:54 - 9:57
    ဒီတော့ ဘွဲ့ကြိုတွေကျောင်းသားအကြောင်း
    သုတေသနလုပ်ပြီး
  • 9:57 - 9:58
    သူတို့ကို မေးခဲ့တာက
  • 9:58 - 10:02
    "အဖော်တစ်ယောက်၊ ကြင်ဖော်တစ်ယောက်၊
    ရေရှည်တည်တံ့တဲ့
  • 10:02 - 10:06
    ကြင်ဖော်တစ်ယောက်နဲ့
    သင့်ဆက်ဆံရေးမှာ သင် ဘာကို ရှာဖွေလဲ။"
  • 10:06 - 10:08
    ကဲ၊ ဒါတွေက ဘွဲ့ကြိုကျောင်းသားတွေဆိုတော့
  • 10:08 - 10:10
    ဒါကို သူတို့ကို ရှင်းပြဖို့လိုတယ်။
  • 10:10 - 10:11
    သင် ပြောတာက
  • 10:12 - 10:17
    ဘွဲ့ကြိုကျောင်းသားတွေ ပြောမှာက
    "ရေရှည် ချစ်သံယောဇဉ်လား။
  • 10:17 - 10:20
    သီတင်းပတ်ကုန် တစ်ခုလုံးအတွက် ဆိုလိုတာလား။"
  • 10:20 - 10:22
    ဒီမှာတော့ ဒါကို မရည်ရွယ်ပါ။
  • 10:22 - 10:25
    ရေရှည် ဆက်ဆံရေးတစ်ခုကို
    ဆိုလိုတာပါ။
  • 10:25 - 10:28
    ဒီလူနဲအတူ ကလေးတွေ ရလောက်တဲ့အထိ၊
    ကျန်တဲ့ ဘဝကို ဒီလူတွေနဲ့
  • 10:28 - 10:30
    ကုန်ဆုံးတဲ့အထိလို့ တွေးမိတဲ့အထိပါ။"
  • 10:30 - 10:33
    ဘွဲ့ကြိုကျောင်းသားတွေ ဒါကို နားလည်တဲ့အခါ
    ပြောကြမယ့်ဟာကတော့
  • 10:33 - 10:40
    ၅၃% က အချစ်ဟာ အရေးပါတယ်၊ ၃၂% က
    အပေါင်းအသင်း အရေးပါတယ်လို့ ပြောကြတယ်။
  • 10:40 - 10:45
    ၄% ကတော့ ချစ်ရေးချစ်ရာကို ၂% ကတော့
    ငွေကြေးပိုင်းလုံခြုံမှုကို အသိအမှတ်ပြုတယ်။
  • 10:45 - 10:50
    ၁%၊ ၁% ပဲ လိင်ကိစ္စကို ပြောတယ်။
  • 10:50 - 10:53
    ဒီရလဒ်တွေဟာ အကြောင်းရင်း နှစ်ခုအတွက်
    အရေးပါပါတယ်။
  • 10:53 - 10:56
    ပထမတစ်ခုက ပြတာက
  • 10:56 - 10:59
    ဘွဲကြိုကျောင်းသားတွေရဲ့ ၁% သာလျှင်
    ရိုးသားတာပါ။
  • 10:59 - 11:03
    (ရယ်သံများ)
  • 11:03 - 11:07
    (လက်ခုပ်သံများ)
  • 11:09 - 11:11
    ကျေးဇူးပါ။
  • 11:11 - 11:15
    ဒုတိယတစ်ခုက ပြတာက
    ဒါကို ကျွန်တော်တို့ အထင်မှားတယ်ဆိုတာပါ။
  • 11:15 - 11:19
    သင့်ပျော်ရွှင်မှုရဲ့ တစ်ခုတည်းသော
    အကောင်းဆုံးခန့်မှန်းချက်တစ်ခုက
  • 11:19 - 11:22
    သင့်ကြင်ဖော်ရဲ့ ပျော်ရွှင်မှုပါ။
  • 11:23 - 11:25
    အခြားသူတွေက အရေးပါတယ်။
  • 11:27 - 11:30
    ဒီတော့ ခင်ဗျားတို့ အခု တွေးနေတာကို
    ကျွန်တော်သိတယ်။
  • 11:30 - 11:33
    ခင်ဗျားတို့ရဲ့စိတ်တွေကို ဖတ်နိုင်တယ်။
    ဒါက စိတ်ပညာ နောက်ခံနဲ့ လာတာပါ။
  • 11:34 - 11:35
    ခင်ဗျားတို့ တွေးနေတာက
  • 11:35 - 11:39
    ဆက်ဆံရေးတွေနဲ့ ပျော်ရွှင်မှုဟာ
    ကောင်းကောင်း ဆက်နွယ်နေတယ်
  • 11:39 - 11:40
    ခင်ဗျားတို့ ဟာ ရွေပဲဗျ။
  • 11:40 - 11:45
    ရွှေလို့ဆိုတာက ခင်ဗျားတို့မှာ Facebook
    မိတ်ဆွေ ၆၃၁၈ ယောက်ရှိလို့ပါ။
  • 11:45 - 11:47
    ဒါပေမဲ့ ဒီမှာ ဒါကို မရည်ရွယ်ပါဘူး။
  • 11:47 - 11:51
    သင့်ရဲ့ ဆက်ဆံရေးတွေရဲ့ အရည်အသွေးက
    အရေးပါတာပါ၊ အရေအတွက် မဟုတ်ဘူး။
  • 11:51 - 11:53
    လှပတဲ့ စကော့ ဆိုရိုးကို တွေးကြည့်ပါ။
  • 11:53 - 11:56
    သင့် တစ်သက်တာလုံးရဲ့ မိတ်ဆွေစစ်တွေကို
    လက်တစ်ဘက်တည်းရဲ့လက်ချောင်းတွေပေါ်မှာ
  • 11:56 - 12:00
    ရေတွက်ကြည့်လို့ရတယ်တဲ့။
  • 12:00 - 12:02
    ကျွန်တော်တို့ ရည်ညွှန်းတာက ဒါပါ။
  • 12:03 - 12:06
    လွန်ခဲ့တဲ့ ၂၅ နှစ်က လူတွေကို မေးခဲ့ရင်ပေါ့
  • 12:08 - 12:09
    မိတ်ဆွေတွေကို စာရင်းလုပ်ပါ။
  • 12:09 - 12:12
    အရေးကြီးတဲ့ ဆုတ်ဆိုင်းမှုဖြစ်ရင်
    သွားလို့ရတဲ့ မိတ်ဆွေတွေပေါ့။
  • 12:12 - 12:15
    ဥပမာ သင့်မှာ စိတ်မကျန်းမာမှု ဖြစ်ခဲ့ရင်
  • 12:15 - 12:16
    သင် ဘယ်သူကို သွားစကားပြောနိုင်လဲ။
  • 12:17 - 12:20
    လွန်ခဲ့တဲ့၂၅ နှစ်က လူတွေစာရင်းမှာ
    မိတ်ဆွေသုံးယောက်ရှိတယ်။
  • 12:21 - 12:22
    ဒါပေမဲ့ အခုတော့ မတူတော့ဘူလေ။
  • 12:22 - 12:28
    အခု ကျွန်တော်တို့မှာ Facebook၊ SnapChat
    ရှိတယ်၊
Twitter နဲ့ အီးမေးလ်ရှိတယ်။
  • 12:28 - 12:32
    လွန်ခဲ့တဲ့ ၂၅ နှစ်က မိတ်ဆွေ သုံးယောက်သာ
    ရှိခဲ့တာက ကုန်လွန်သွားပြီလေ။
  • 12:32 - 12:35
    အခုဆို မိတ်ဆွေ တစ်ယောက်နဲ့ တစ်ဝက်ပဲ
    ရှိတော့တဲ့အထိကို ရောက်သွားပြီ။
  • 12:36 - 12:39
    ဦးတည်ရာ အမှားဆီ ရောက်သွားကြပြီ။
  • 12:39 - 12:43
    သိတဲ့အတိုင်း Facebook မှာ တင်တဲ့၊
    Twitter မှာ တင်တာနဲ့
  • 12:43 - 12:45
    eHarmony မှာ သင် လိမ်တာတွေလေ။
  • 12:45 - 12:47
    (ရယ်သံများ)
  • 12:47 - 12:50
    ဒါပေမဲ့ ဒီမှာ သရုပ်ဖော်သလို
    ဆက်ဆံရေးအတွက် မရှိမဖြစ်
  • 12:50 - 12:56
    ကျွန်တော်တို့ ဆက်သွယ်မှု နည်းလမ်းထဲကို
    တကယ် ရောက်ရှိနိုင်တဲ့
  • 12:56 - 13:00
    လူမှု ပလက်ဖောင်းတွေကို အသိအမှတ်ပြုဖို့
    ကျွန်တော်တို့အတွက် ကြီးလွန်းတဲ့
  • 13:00 - 13:02
    အပူတပြင်း အလုပ်တစ်ခုလို့ မထင်ဘူး။
  • 13:03 - 13:06
    (ရယ်သံများ)
  • 13:06 - 13:10
    ဒီတော့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေရဲ့
    အရေးပါမှုကို ထောက်ဆလျှင်
  • 13:10 - 13:11
    ဒါတွေ ပျိုးထောင်ဖို့ ဘာလုပ်ကြလဲ။
  • 13:11 - 13:14
    ဒါနဲ့ပတ်သက်ပြီး သိပ္ပံပညာက
    ကျွန်တော်တို့ကို ဘာပြောလဲ။
  • 13:14 - 13:16
    ကဲ နောက်ဆုံးတော့
  • 13:19 - 13:24
    ဒါက သင့်ဘဝကို ပြောင်းလဲသွားစေမယ့်
    စကားလုံး သုံးလုံး သက်ဝင်လှုပ်ရှားရာပါ။
  • 13:24 - 13:28
    ဒီစကားလုံး သုံးလုံးကိ နာတာရှည်တွေ၊
    ဆီးချိုရောဂါသည်တွေနဲ့ မေးမြန်းမှုတွေမှာ
  • 13:30 - 13:31
    ဖန်တီးခဲ့တာပါ။
  • 13:31 - 13:33
    ဆေးရုံ လူနာတွေရှိတယ်။
  • 13:33 - 13:35
    ဆေးရုံ လူနာတွေဆီသွားတဲ့
    သုတေသီတွေရှိတယ်။
  • 13:35 - 13:37
    ဒီရိုးရှင်းတဲ့ စကားသုံးလုံးကို သုံးခြင်းက
  • 13:37 - 13:41
    လူနာတွေဟာ အများကြီး ပိုဆက်သွယ်မှုရှိ၊
    ပိုတွယ်တာမှုရှိတယ်လို့ခံစားရတယ်။
  • 13:41 - 13:45
    တွေဆုံမေးမြန်းသူတွေနဲ့ အများကြီး
    ပိုပြီး ရင်းနှီးမှုရှိခဲ့ကြတယ်။
  • 13:45 - 13:49
    ဒီစကားလုံး သုံးလုံးကတော့
    "ငါ့ကို ထပ်ပြောပါဦး"တဲ့။
  • 13:49 - 13:53
    ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးရှိနေတဲ့
    တစ်ယောက်ယောက်ကို စကားပြောနေရင်
  • 13:53 - 13:55
    သင်ဟာ ရှေ့ကို ကိုင်းလိုက်ပြီး
    သူတို့မျက်လုံးထဲကို ကြည့်ကာ
  • 13:55 - 13:58
    "ငါ့ကို ထပ်ပြောပါဦး" လို့ ပြောလိုက်ပါ။
  • 13:58 - 14:00
    ဆိုလိုတာက "ငါ့ကိုယ်ပိုင် ဇာတ်လမ်းကို
    ဆက်မပြောတော့ဘူး။
  • 14:02 - 14:03
    ငါ ကြားဖြတ် မပြောတော့ဘူး။
  • 14:03 - 14:06
    မင်းရဲ့ ဇာတ်လမ်းက ခိုင်လုံတယ်။
    ငါ့အတွက် အဓိပ္ပါယ်ရှိတယ်။
  • 14:06 - 14:07
    ငါ့ကို ထပ်ပြီး ပြောပါဦး။
  • 14:10 - 14:12
    ဒါက နားထောင်ပေးခြင်းရဲ့
    တန်ဖိုးကနေ လာတာပါ။
  • 14:12 - 14:16
    "ဘာကြောင့် စကားဝိုင်းတစ်ခုကို နားထောင်
    တာလဲ"လို့ ဘွဲ့ကြိုကျောင်းသားတွေကို မေးတော့
  • 14:16 - 14:19
    သူတို့က နားထောင်သူရဲ့
    တန်ဖိုးကိုပြောပြတယ်။
  • 14:19 - 14:22
    တစ်ယောက်ယောက်ကို နားထောင်တာက
    သတင်းအချက်အလက်ရဖို့လို့ သူတို့ပြောတယ်။
  • 14:22 - 14:24
    မှန်ပါတယ်။ ဒါက အကြောင်းပြချက်
    ကောင်းတစ်ခုပါ။
  • 14:24 - 14:27
    ဒါပေမဲ့ ဒါက နားထောင်ဖို့
    တစ်ခုတည်းသော အကြောင်းပြချက်ဆိုရင်
  • 14:27 - 14:29
    သတင်းအချက်အလက် သိပြီဆိုတာနဲ့၊
  • 14:29 - 14:32
    ဒီလူ ဘာပြောတော့မယ်ဆိုတာ သိပြီလို့
    ထင်လိုက်တာနဲ့
  • 14:32 - 14:34
    နားထောင်တာရပ်ပြီး
    ကြားဖြတ်ပြောတော့တာပဲလေ။
  • 14:35 - 14:38
    ဒါပေမဲ့ နားထောင်တဲ့အခါ
    ပြောသူအတွက်လည်း တန်ဖိုးရှိပါတယ်။
  • 14:38 - 14:40
    ပြောသူတစ်ယောက်ကို နားထောင်ကြတဲ့အခါ
  • 14:40 - 14:44
    သူတို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို
    ထုတ်ဖော်ပြဖို့ အခွင့်အရေးတစ်ခု ပေးတာပါ။
  • 14:44 - 14:45
    နားထောင်တဲ့အခါ
  • 14:45 - 14:50
    သူတို့ရဲ့ဇာတ်လမ်း အရေးပါတယ်လို့ သူတို့ကို
    ပြောပြဖို့ ပြောသူကို ခိုင်လုံစေတာပါ။
  • 14:50 - 14:52
    နားထောင်တဲ့အခါ
  • 14:52 - 14:56
    ပြောသူကို ပြောရင်းနဲ့ အဖြေတွေ
    ရှာတွေစေဖို့ အခွင့်အလမ်းတစ်ခု ပေးတာပါ။
  • 14:57 - 15:02
    ကျွန်တော်တို့ နားထောင်တဲ့အခါ
    ပြောသူရဲ့ အောင်မြင်မှုကို ချီးကျုးဖို့နဲ့
  • 15:02 - 15:06
    သူတို့မှာ အနှောင့်အယှက်တွေ ရှိရင်နှစ်သိမ့်
    ပေးဖို့ အခွင့်ပေးတာပါ။
  • 15:08 - 15:09
    ထပ်ပြောပါဦး။
  • 15:09 - 15:13
    ထပ်ပြောပါဦး ဆိုတာက ပြောသူကို တန်ဖိုး
    အားလုံး သင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။
  • 15:14 - 15:16
    ထပ်ဆောင်း စကားသုံးလုံးရှိပါတယ်။
  • 15:16 - 15:18
    ဒီနေ့လယ် ခင်ဗျားတို့ ဒီမှာရှိတာ
    ကောင်းတယ်
  • 15:18 - 15:20
    တစ်နေ့လုံး ဒါကိ လုပ်လို့မရဘူးလေ။
  • 15:20 - 15:21
    (ရယ်သံများ)
  • 15:21 - 15:23
    သူတို့ အသုံးပြုတဲ့ ဖြည့်စွက် စကားလုံး
    သုံးလုံးရှိပါတယ်။
  • 15:24 - 15:26
    နောက်တော့ ဘာဖြစ်သွားလဲ။
  • 15:26 - 15:29
    ဒါက ပြောသူကို ခိုင်လုံစေတဲ့ အလားတူ
    ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးတယ်​ေ
  • 15:29 - 15:33
    ထပ်ပြောပါဦး။ နောက်တော့ ဘာဖြစ်သွားလဲ။
  • 15:33 - 15:36
    စကားစု နှစ်စုပါ၊ တစ်ခုစီမှာ
    စကားလုံး သုံးလုံးပါတယ်။
  • 15:36 - 15:38
    သင့်ဘဝကို ပြောင်းလဲစေမယ့်
    ရိုးစင်းတဲ့ စကားလုံး သုံးလုံးပါ။
  • 15:38 - 15:43
    သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေကို
    တိုးတက်စေရင်း သင့်ဘဝကို ပြောင်းလဲစေမှာပါ။
  • 15:44 - 15:48
    သင့်ကို ပိုပျော်ရွှင်စေရင်း
    သင့်ဘဝကို ပြောင်းလဲစေမှာပါ။
  • 15:49 - 15:50
    ရိုးစင်းတဲ့ စကားလုံး သုံးလုံးပါ။
  • 15:50 - 15:53
    "ထပ်ပြောပါဦး"နဲ့ "နောက်တော့
    ဘာဖြစ်သွားလဲ"ဟာ
  • 15:53 - 15:55
    သင်နဲ့ မိတ်ဆွေမဖြစ်သေးတဲ့
  • 15:55 - 15:58
    သူစိမ်းတွေနဲ့ သင့်ဆက်ဆံရေးတွေ
    တိုးတက်စေဖို့သင် သုံးနိုင်တဲ့
  • 15:58 - 16:01
    ရိုးစင်းတဲ့ စကားလုံး သုံးလုံးပါ။
  • 16:01 - 16:03
    သင့်ကလေးတွေနဲ့၊ သင့်လုပ်ဖော်တွေနဲ့၊
    သင့်မိသားစုနဲ့၊
  • 16:03 - 16:08
    သင် ချစ်ရသူတွေနဲ့ သင့်မိတ်ဆွေတွေနဲ့
    သင့်ဆက်ဆံရေး တိုးတက်စေဖို့ပါ။
  • 16:08 - 16:09
    သင့်ဆက်ဆံရေးတွေနဲ့
  • 16:10 - 16:14
    ပျော်ရွှင်မှုကို တိုးတက်စေမယ့်
    ရိုးစင်းတဲ့ စကားလုံး သုံးလုံးပါ။
  • 16:14 - 16:17
    သင် ပိုလပ်နိုင်အောင်၊
    ပိုကောင်းကောင်း လုပ်နိုင်အောင်
  • 16:17 - 16:19
    အခုချက်ချင်း သင်လုပ်နိုင်တဲ့
  • 16:19 - 16:21
    ရိုးစင်းတဲ့ စကားလုံး သုံးလုံးပါ။
  • 16:21 - 16:22
    ကျေးဇူးအများကြီးတင်ပါတယ်။
  • 16:22 - 16:25
    (လက်ခုပ်သံများ)
Title:
သင့်ဘဝကို ပြောင်းလဲသွားစေမယ့် စကားလုံး သုံးလုံး။ Mark Holder | TEDxKelowna
Description:

ဒီစေ့ဆော်မှုပေးတဲ့ ဟောပြောချက်ထဲမှာ Dr. Mark Holder ကနေပြီး အခြားသူတွေနဲ့ ဆက်ဆံရေးတွေမှာ အဆင်ပြေစေတာနဲ့ ၎င်းဆက်ဆံရေးတွေကို ပြုစုပျိုးထောင်ပုံကို ရှာကြည့်တဲ့ အပြုသဘော စိတ်ပညာကို ဆွေးနွေးတင်ပြထားပါတယ်။ မိတ်ဆွေတွေ၊ ချစ်ခင်ရသူတွေနဲ့ သင့် ဆက်ဆံရေးကို တိုးမြှင့်ပေးပြီး သင့်ရဲ့ ပျော်ရွှင်မှုကို တိုးပွားစေတဲ့ သင့်ဘဝကို ပြောင်းလဲစေမယ့် ရိုးစင်းတဲ့ စကားလုံး သုံးလုံးကို သာဓကဆောင်ထားပြထားတယ်။ ဒီ ရိုးစင်းတဲ့ စကားလုံး သုံးလုံကို အခုချက်ချင်း အသုံးပြုကြဖို့ပါ။

ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
16:33

Burmese subtitles

Revisions