Return to Video

အထီးကျန် စိတ်ဝေဒနာက ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ လွတ်ပေးလိုက်ပုံ။

  • 0:01 - 0:02
    ခေါင်းထဲမှာ ရှိပေမဲ့ ဒါကို
  • 0:02 - 0:05
    လူအများကြီးကို မပြောဖြစ်ဘူး။
  • 0:05 - 0:07
    ကျွန်မမှာ တစ်ချိန်တည်းမှာ
    ဆက်ဖြစ်နေတဲ့
  • 0:07 - 0:09
    ထောင်ချီတဲ့ လျှို့ဝှက် ကမ္ဘာတွေရှိတယ်။
  • 0:09 - 0:12
    ကျွန်မဟာ အထီးကျန်
    စိတ်ဝေဒနာရှင်လည်းဖြစ်ပါတယ်။
  • 0:12 - 0:14
    လူတွေက အထီးကျန် စိတ်ဝေဒနာကို
    တကယ့်
  • 0:14 - 0:17
    တိကျတဲ အမှတ်အသားပြ သရုပ်ဖော်
    ချက်တွေနဲ့ ဖော်ထုတ်တတ်ကြတယ်။
  • 0:17 - 0:20
    ဒါပေမဲ့ တကယ်က ကျွန်မတို့ဖြစ်တာရဲ့
    လုံးဝမူကွဲတစ်ခုပါ။
  • 0:20 - 0:22
    ဥပမာ ကျွန်မမောင်လေး၊
  • 0:22 - 0:23
    ပြင်းထန်တဲ့ အထီးကျန်
    စိတ်ဝေဒနာရှင်။
  • 0:23 - 0:26
    နှုတ်ရေးမရသူ။ စကားလုံးဝ
    မပြောတတ်သူပါ။
  • 0:26 - 0:28
    ဒါပေမဲ့ ကျွန်မက စကားပြောရတာ
    ကြိုက်တယ်။
  • 0:28 - 0:31
    လူတွေက မကြာခဏ အထီးကျန်
    စိတ်ဝေဒနာကိုသချာင်္၊ သိပ္ပံတို့
  • 0:31 - 0:34
    ကြိုက်ကလွဲပြီး အခြားဘာမှ
    မကြိုက်တာနဲ့ တွဲတတ်ကြတယ်။
  • 0:34 - 0:36
    ဒါပေမဲ့ ဆန်းသစ်တီထွင်တာကို ကြိုက်တဲ့
  • 0:36 - 0:38
    အထီးကျန် စိတ်ဝေနာရှင်
    တော်တော်များများကို သိတယ်။
  • 0:38 - 0:41
    ဒါပေမဲ့ ဒါက သမားရိုးကျပုံစံတစ်ခုဖြစ်ပြီး
  • 0:41 - 0:43
    အကြောင်းအရာတွေရဲ့ သမားရိုးကျပုံစံဟာ
  • 0:43 - 0:46
    အမြဲမဟုတ်တောင် မကြာခဏတော့ မှားပါတယ်။
  • 0:46 - 0:48
    ဥပမာ လူအတော်များများက
  • 0:48 - 0:53
    အထီးကျန် စိတ်ဝေဒနာကို "Rain Man"လို့
    ချက်ချင်း တွေးမိကြတယ်။
  • 0:53 - 0:54
    လူတိုင်း ထင်မြင်ချက်က
  • 0:54 - 0:57
    အထီးကျန် စိတ်ဝေဒနာရှင်တိုင်းဟာ
    Dustin Hoffman တဲ့။
  • 0:57 - 1:00
    ဒါမမှန်ပါဘူး။
  • 1:00 - 1:03
    ဒါပေမဲ့ ဒါက အထီးကျန်
    စိတ်ဝေဒနာရှင်တွေပဲ မဟုတ်ဘူး၊
  • 1:03 - 1:05
    LGBTQ လူတွေ၊ အမျိုးသမီးတွေ၊ POC တွေရောပါတာ
  • 1:05 - 1:08
    ကျွန်မ မြင်ဖူးတယ်။
  • 1:08 - 1:10
    လူတွေဟာ သတ်မှတ်ထားတဲ့ တံဆိပ်တစ်ခုနဲ့
  • 1:10 - 1:13
    သေတ္တာလေးတစ်ခုထဲကို
    အရာတိုင်း ကို ထည့်သွင်းဖို့
  • 1:13 - 1:16
    ကြိုးစားကြတာ
    တစ်မျိုးဖြစ်မှာကို ကြောက်လွန်းတယ်။
  • 1:16 - 1:17
    ဒါက လက်တွေ့ဘဝမှာ
  • 1:17 - 1:20
    ကျွန်မ တကယ်ကို ကြုံခဲ့ရတဲ့ တစ်ခုပါ။
  • 1:20 - 1:23
    "အထီးကျန် စိတ်ဝေဒနာရှင်တွေ"လို့
    ဂူဂဲလ်မှာ ရိုက်ရှာတော့
  • 1:23 - 1:25
    သင်တို့ ရိုက်တော့မှာနဲ့ဆိုင်တဲ့
  • 1:25 - 1:27
    အကြံပေးချက်တွေ ပေါ်လာတယ်။
  • 1:27 - 1:28
    "အထီးကျန် စိတ်ဝေဒနာရှင်တွေ" လို့
  • 1:28 - 1:32
    ဂူဂဲလ်မှာရှာတော့ ထိပ်ဆုံး ရလဒ်က
    "မကောင်းဆိုးဝါး"တွေ တဲ့။
  • 1:32 - 1:34
    ဒါဟာ အထီးကျန် စိတ်ဝေဒနာကို လူတွေ
  • 1:34 - 1:36
    တွေးမိတဲ့အခါ ပထမဆုံး တွေးမိတာပါ။
  • 1:36 - 1:38
    သူတို့ သိတယ်။
  • 1:38 - 1:41
    (ရယ်သံများ)
  • 1:45 - 1:47
    အထီးကျန် စိတ်ဝေဒနာရှင်ဖြစ်လို့
    ကျွန်မလုပ်နိုင်တာတစ်ခုက
  • 1:47 - 1:50
    ဒါဟာ မစွမ်းတာထက် စွမ်းတာဖြစ်ပြီး
  • 1:50 - 1:53
    သိပ်ကို ရှင်းလင်းတဲ့ စိတ်ကူးရှိတာပါ။
  • 1:53 - 1:55
    ဒါကို နည်းနည်း ရှင်းပြပါရစေ။
  • 1:55 - 1:57
    အများစုမှာ ကမ္ဘာနှစ်ခုထဲ
    လမ်းလျှောက်နေသလိုပါ။
  • 1:57 - 2:00
    လက်တွေ့ကမ္ဘာရှိတယ်၊
    ကျွန်မတို့အားလုံး မျှဝေတဲ့
  • 2:00 - 2:02
    ကမ္ဘာနဲ့ စိတ်အတွေးထဲက ကမ္ဘာပါ။
  • 2:02 - 2:05
    စိတ်အတွေးထဲက ကမ္ဘာက
    တစ်ခါတစ်လေ လက်တွေ့ကမ္ဘာထက်
  • 2:05 - 2:07
    ပိုပြီး လက်တွေ့ကျတယ်။
  • 2:07 - 2:11
    ဆိုပါစို့၊ ကိုယ့်စိတ်ကို လွတ်ပေးဖို့
    ကျွန်မအတွက် အရမ်းလွယ်ပါတယ်၊
  • 2:11 - 2:13
    အကြောင်းက သေတ္တာလေးထဲ
    ကိုယ့်ကို သွင်းဖို့ မကြိုးစားလို့ပါ။
  • 2:13 - 2:16
    အထီးကျန် စိတ်ဝေဒနာဖြစ်တာရဲ့
    အကောင်းဆုံး တစ်ခုပါ။
  • 2:16 - 2:18
    ဒါလုပ်ဖို့ တိုက်တွန်းဖို့မလိုဘူး။
  • 2:18 - 2:20
    ကိုယ်လုပ်ချင်တာကို ကိုယ်တွေ့တယ်။
  • 2:20 - 2:23
    ဒါလုပ်ဖို့ နည်းလမ်းတစ်ခုတွေ့ပြီး
    အဆင်ပြေတာပါ။
  • 2:23 - 2:25
    ကိုယ့်ကိုယ်ကို သေတ္တာထဲ
    ကြိုးစား သွင်းနေရင်
  • 2:25 - 2:27
    ကျွန်မ ဒီမှာ ရှိမှာမဟုတ်ဘူး၊
    ကျွန်မ အခု
  • 2:27 - 2:30
    လုပ်ထားတာရဲ့ တစ်ဝက်ကို
    ပြီးမြောက်မှာ မဟုတ်ဘူး။
  • 2:30 - 2:31
    ဒါပေမဲ့ ပြဿနာတွေ ရှိပါတယ်။
  • 2:31 - 2:34
    အထီးကျန် စိတ်ဝေဒနာဖြစ်တာရဲ့
    ပြဿနာတွေရှိပြီး
  • 2:34 - 2:36
    စိတ်ကူးတွေ များလွန်းတာနဲ့
    ပြဿနာတွေရှိပါတယ်။
  • 2:36 - 2:38
    ယေဘုယျအနေနဲ့ ကျောင်းက ပြဿနာဖြစ်နိုင်တယ်၊
  • 2:38 - 2:42
    ဒါပေမဲ့ နေ့တဓူဝ သင်ခန်းစာက
  • 2:42 - 2:45
    မတွေးတတ်အောင်
  • 2:45 - 2:48
    ပျင်းစရာကောင်းတာကို
    ဆရာကို ရှင်းပြရခြင်းနဲ့
  • 2:48 - 2:51
    ကိုယ်က သင်ခန်းစာမှာမရှိပဲ
  • 2:51 - 2:55
    ခေါင်းအတွင်းက ကမ္ဘာထဲမှာ
    တိတ်တဆိတ် ခိုလှုံနေတာဟာ
  • 2:55 - 2:58
    ပြဿနာစာရင်းကို ထပ်ပေါင်းတာပါ။
  • 2:58 - 3:00
    (ရယ်သံများ)
  • 3:00 - 3:05
    နောက်ပြီး ကိုယ့်စိတ်ကူးက ဖမ်ယူထားတော့
  • 3:05 - 3:07
    ခန္ဓာက ၎င်းကိုယ်ပိုင် ဘဝကိုယူတယ်။
  • 3:07 - 3:09
    ကိုယ်တွင်း ကမ္ဘာမှာ အရမ်းစိတ်
    လှုပ်ရှားစရာ တစ်ခုခုဖြစ်တဲ့အခါ
  • 3:09 - 3:11
    ပြေးလိုက်ရတယ်၊
  • 3:11 - 3:13
    ရှေ့နောက် လှုပ်ယမ်းရတယ်၊
  • 3:13 - 3:15
    ဒါမှမဟုတ် တစ်ခါတစ်လေ အော်ဟစ်တယ်။
  • 3:15 - 3:17
    ဒါက စွမ်းအင် အများကြီးပေးတယ်။
  • 3:17 - 3:20
    ဒီစွမ်းအင်အားလုံးအတွက်
    ထွက်ပေါက်တစ်ခု ရှိဖို့လိုတာပေါ့။
  • 3:20 - 3:22
    ဒါပေမဲ့ ဒါကို ကလေးဘဝကတည်းက လုပ်တာပါ၊
  • 3:22 - 3:23
    ပေါက်စန ကောင်မလေး အရွယ်ကတည်းကပါ။
  • 3:23 - 3:26
    ကျွန်မ မိဘတွေက ဒါက ချစ်စရာလေး
    ဆိုပြီး အမှုမထားခဲ့ပေမဲ့
  • 3:26 - 3:28
    ကျွန်မ ကျောင်းတက်တော့
  • 3:28 - 3:30
    ချစ်စရာကောင်းတယ်လို့ သဘောမတူကြဘူး။
  • 3:30 - 3:33
    ဖြစ်နိုင်တာက လူတွေဟာ
    အက္ခရာသင်္ချာ သင်ခန်းစာမှာ
  • 3:33 - 3:36
    ထအော်တဲ့ ကောင်မလေးနဲ့
    မိတ်ဆွေ မဖြစ်ချင်တာပါ။
  • 3:36 - 3:40
    ဒါက ဒီနေ့နဲ့ ဒီခေတ်မှာ
    ပုံမှန်ဖြစ်တာ မဟုတ်ပေမဲ့
  • 3:40 - 3:43
    အထီးကျန် စိတ်ဝေဒနာရှင် ကောင်မလေးနဲ့
    မိတ်ဆွေမဖြစ်ချင်တာတော့ ဖြစ်နိုင်တယ်။
  • 3:43 - 3:47
    လူတွေက သာမန်လို့ တံဆိပ်တပ်ထားတဲ့
    သေတ္တာထဲ ကိုယ့်ကိုယ်ကို
  • 3:47 - 3:49
    မဝင်နိုင်တဲ့ (သို့) မသွင်းနိုင်တဲ့
    တစ်ယောက်ယောက်နဲ့
  • 3:49 - 3:52
    မပေါင်းချင်တာ ဖြစ်နိုင်တယ်။
  • 3:52 - 3:54
    ဒါပေမဲ့ ကျွန်မအတွက်တော့ ရပါတယ်။
  • 3:54 - 3:57
    အကြောင်းက ဖွဲကြမ်းထဲက
    ဂျုံစေ့ ရွေးတာဖြစ်ပြီး
  • 3:57 - 3:59
    စစ်မှန်တဲ့လူတွေကို ရှာတွေ့နိုင်ကာ
  • 3:59 - 4:02
    ဒီလူတွေကို မိတ်ဆွေတွေအဖြစ်
    ရွေးပေါင်းလို့ ရလို့ပါ။
  • 4:02 - 4:05
    ဒါပေမဲ့ ဒါကို တွေးမိရင် ပုံမှန်ဆိုတာ ဘာလဲ။
  • 4:05 - 4:07
    ဒါက ဘာကို ဆိုလိုတာလဲ။
  • 4:07 - 4:10
    ဒါဟာ ရဖူးတဲ့ အကောင်းဆုံး
    ချီးကျူးမှုလို့ စိတ်ကူးကြည့်ပါ။
  • 4:10 - 4:12
    "အိုး မင်းဟာ တကယ့် ပုံမှန်ပေါ့။
  • 4:12 - 4:14
    (ရယ်သံများ)
  • 4:14 - 4:17
    ဒါပေမဲ့ ချီးကျူးမှုတွေကတော့
  • 4:17 - 4:18
    "မင်းဟာ ထူးဆန်းတယ်၊"
  • 4:18 - 4:20
    "မင်းဟာ သေတ္တာအပြင်ကို ထွက်လိုက်တယ်။"
  • 4:20 - 4:22
    ဒါက "မင်းဟာ အံ့သြစရာပေါ့။"
  • 4:22 - 4:24
    ဒီတော့ လူတွေ ဒါတွေဖြစ်ချင်ရင်
  • 4:24 - 4:26
    ဘာလို့ အတော်များများက ပုံမှန်ဖြစ်ဖို့
    အားထုတ်နေတာလဲ။
  • 4:26 - 4:31
    ဘာလို့ လူတွေဟာ ကိုယ့်ရဲ့ တောက်ပတဲ့ ကိုယ်
    ပိုင် အလင်းကို ပုံစံခွက်ထဲ လောင်းချနေတာလဲ။
  • 4:31 - 4:36
    လူတွေဟာ ပုံစံများမှုကို ကြောက်လွန်းလို့
    လူတိုင်းကို ကြိုးစားပြီး အတင်းခိုင်းတယ်။
  • 4:36 - 4:40
    ပုံမှန်ဖြစ်လာဖို့ မလုပ်ချင်၊
    မလုပ်နိုင်သူတွေကိုတောင်ပါ။
  • 4:40 - 4:43
    LGBTQ တွေ၊ (သို့) အထီးကျန်
    စိတ်ဝေဒနာရှင်တွေအတွက်
  • 4:43 - 4:46
    သူတို့ကို ပုံမှန် ကြိုးစား၊ လုပ်ခိုင်းဖို့
    စခန်းတွေရှိတယ်။
  • 4:46 - 4:51
    ဒီနေ့၊ ဒီခေတ်မှာ ဒါကို လူတွေ
    လုပ်ကြတာက လန့်စရာကြီးပါ။
  • 4:51 - 4:55
    ခြုံလိုက်ရင် ကျွန်မ အထီးကျန် စိတ်ဝေဒနာ
    နဲ့ စိတ်ကူးကို ကမ္ဘာကြီးနဲ့တောင် မလဲဘူး။
  • 4:55 - 4:57
    ကျွန်မက အထီးကျန် စိတ်ဝေဒနာဖြစ်လို့
  • 4:57 - 5:00
    BBC ကို မှတ်တမ်းတင်ဆောင်းပါးတွေ တင်ထားတယ်။
  • 5:00 - 5:03
    စာအုပ်တစ်အုပ် ရေးလက်စပါ၊
  • 5:03 - 5:05
    ဒါလုပ်နေတာက ဒါက ဆန်းကျယ်တယ်။
  • 5:05 - 5:08
    ကျွန်မ စွမ်းဆောင်ခဲ့တာတွေထဲက
    အကောင်းဆုံးတစ်ခုက
  • 5:08 - 5:11
    ကျွန်မ စွမ်းဆောင်ပြီးမြောက်ဖို့ စဉ်းစားတာက
  • 5:11 - 5:12
    ကျွန်မ မောင်လေး၊ ညီမလေးနဲ့
  • 5:12 - 5:14
    ဆက်သွယ်ခြင်း နည်းလမ်းတွေ
    တွေ့ထားတာပါ။
  • 5:14 - 5:18
    စကားမပြောနိုင်ဘူးလို့ ပြောခဲ့တဲ့သူတွေပါ။
    သူတို့ စကားမပြောနိုင်ပါဘူး။
  • 5:18 - 5:21
    မကြာခဏ လူတွေက စကားမပြောနိုင်
    သူကို အရေးမထားတတ်ပေမဲ့
  • 5:21 - 5:23
    ဒါက ရူးမိုက်တာပါ၊ အကြောင်းက
    ကျွန်မရဲ့ မောင်လေးနဲ့ ညီမလေးဟာ
  • 5:23 - 5:26
    မျှော်လင့်နိုင်သလောက်တော့
    အကောင်းဆုံး မောင်နှမတွေပါ။
  • 5:26 - 5:28
    အကေင်းဆုံးတွေပါပဲ၊ သူတို့ကို အရမ်းချစ်ပြီး
  • 5:28 - 5:32
    အခြားအရာတွေထက် သူတို့ကို
    ကျွန်မ ပိုဂရုပိုစိုက်ပါတယ်။
  • 5:32 - 5:35
    သင်တို့ကို မေးခွန်းတစ်ခု ချန်ထားခဲ့ပါ့မယ်။
  • 5:35 - 5:38
    လူတစ်ဦးရဲ့ စိတ်တွေထဲ မဝင်နိုင်ရင် သူတို့ဟာ
  • 5:38 - 5:40
    အထီးကျန် စိတ်ဝေဒနာ ဖြစ်ဖြစ်၊ မဖြစ်ဖြစ်
  • 5:40 - 5:43
    သာမန်ကနေ ကွဲနေတဲ့ တစ်ခုခုကို
    အပြစ်ပေးမယ့်အစား
  • 5:43 - 5:45
    တစ်ဦးဦးက သူတို့ရဲ့ စိတ်ကူးကို
  • 5:45 - 5:49
    ပွင့်အန်တဲ့အခါတိုင်း ဘာဖြစ်လို့ ထူးခြားမှု
    ကိုဂုဏ်ပြုပြီး အားမပေးကြတာလဲရှင်။
  • 5:49 - 5:50
    ကျေးဇူးတင်ပါတယ်။
  • 5:50 - 5:55
    (လက်ခုပ်သံများ)
Title:
အထီးကျန် စိတ်ဝေဒနာက ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ လွတ်ပေးလိုက်ပုံ။
Speaker:
Rosie King
Description:

"လူတွေဟာ တစ်မျိုးဖြစ်သွားမှာကို ကြောက်လွန်းလို့ သတ်မှတ်ထားတဲ့ တံဆိပ်တစ်ခုပါ သေတ္တာလေးထဲကို အရာတိုင်းကို ထည့်သွင်းဖို့ ကြိုးစားကြတယ်။"လို့ ဆိုသူကတော့ ရဲရင့်ပြီး မထီတရီနိုင်တဲ့ အထီးကျန် စိတ်ဝေဒနာရှင် ၁၆ နှစ်သမီး Rosie King ပါ။ သူမသိချင်တာက ဘာကြောင့် လူတိုင်းဟာ ပုံမှန်ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး အရမ်းစိတ်ပူကြတာလဲ။ သူမဟာ ကလေးတိုင်း၊ မိဘတိုင်း၊ ဆရာတိုင်းနဲ့ ထူးခြားမှုကို အောင်ပွဲခံလိုသူတိုင်းအတွက် ကျယ်လောင်ပြတ်သားတဲ့ နှိုးဆော်ချက်တရပ်ကို အသံပေးထားပါတယ်။ ဒါဟာဆိုရင် လူသား မတူကွဲပြားမျိုးစုံလင်မှုရဲ့ အလားအလာဆီ ဝဲပျံနေတဲ့ သက်သေအထောက်အထားတစ်ခုပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:08

Burmese subtitles

Revisions