Return to Video

J. V. Maranto - သမိုင်း၀င်ကြောက်စရာကောင်းဆုံး အရောင်များ

  • 0:07 - 0:12
    ၁၈၉၈ ခုနှစ်မှာ Marie နဲ့ Pierre Curie ဟာ
    ရေဒီယမ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
  • 0:12 - 0:14
    အားသစ်ဖြစ်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့်
  • 0:14 - 0:16
    ရေဒီယမ်ကို သွားတိုက်ဆေးတွေ
  • 0:16 - 0:17
    ဆေး၀ါးတွေ
  • 0:17 - 0:17
    ရေတွေနဲ့
  • 0:17 - 0:19
    အစားအစာမှာ သုံးခဲ့ပါတယ်
  • 0:19 - 0:20
    သူ့ရဲ့တောက်ပတဲ့အစိမ်းရောင်ကြောင့်
  • 0:20 - 0:24
    အလှအပ ပစ္စည်းတွေနဲ့ လက်၀တ်ရတနာတွေမှာပါ
    ထည့်သွင်းအသုံးပြုခဲ့ပါတယ်။
  • 0:24 - 0:26
    ၂၀ ရာစု အလယ်ပိုင်းမှာမှ
  • 0:26 - 0:30
    ရေဒီယမ်ရဲ့ ရေဒီယိုသတ္တိကြွဆိုးကျိုးတွေဟာ
  • 0:30 - 0:33
    ကောင်းကျိုးထက်တောင် ပိုများနေကြောင်း
    တွေ့ရှိခဲ့ပါတယ်။
  • 0:33 - 0:36
    ကံဆိုးချင်တော့ ရေဒီယမ်ဟာ
    သမိုင်းကြောင်းအရ အန္တရာယ်ကင်းတယ်
  • 0:36 - 0:39
    (သို့) အသုံးဝင်တယ်လို့ထင်ရတဲ့ သဘာဝအရောင်ဖြစ်ရုံသာမက
  • 0:39 - 0:41
    ဖြစ်သွားတာက သေစေနိုင်လောက်တယ်ဆိုတာပါ
  • 0:41 - 0:44
    ဒီကြေကွဲဖွယ် အရည်အသွေးမှာ ကိုယ်တိုင်နဲ့
    ကိုယ်ဖန်တီးတဲ့ အရာတွေကို
  • 0:44 - 0:47
    အလှဆင်ဖို့ ရှည်ကြာစွာသုံးခဲ့တဲ့ အရောင်
    ရောင်ခြယ်ပစ္စည်း သုံးခုပါတယ်
  • 0:47 - 0:48
    အဖြူရောင်
  • 0:48 - 0:49
    အစိမ်းရောင်နဲ့
  • 0:49 - 0:52
    လိမ္မော်ရောင် တို့ ဖြစ်ပါတယ်။
  • 0:52 - 0:54
    ကဲ အဖြူရောင်ကို စပြောရအောင်။
  • 0:54 - 0:56
    ဘီစီလေးရာစုလောက်မှာ
  • 0:56 - 1:01
    ဂရိတွေဟာ ခဲကို ယနေ့ ကျွန်တော်တို့သိကြတဲ့
    အဖြူရောင်ခြယ်ပစ္စည်းအဖြစ် အသုံးပြုခဲ့တယ်။
  • 1:01 - 1:02
    ပြသာနာကတော့
  • 1:02 - 1:06
    လူတွေမှာ ခဲဟာ ခန္ဓာကိုယ်ထဲ
    တိုက်ရိုက်စိမ့်၀င်ပြီး
  • 1:06 - 1:07
    သွေးမှတစ်ဆင့်
  • 1:07 - 1:08
    တစ်ရှူးတွေကို
  • 1:08 - 1:11
    မွှေနှောက်ပါတယ်။
  • 1:11 - 1:12
    အာရုံကြောစနစ်ထဲကိုရောက်တာနဲ့
  • 1:12 - 1:15
    ကယ်စီယမ်ဓာတ်ရဲ့ လုပ်ငန်းတွေကို
    နှောင့်ယှက်ပြီး
  • 1:15 - 1:18
    ဉာဏ်ထိုင်းတာတွေကနေ
  • 1:18 - 1:21
    သွေးတိုးတာတွေအထိ ဖြစ်စေပါတယ်။
  • 1:21 - 1:24
    ဒီအဆိပ်အတောက်အချက်အလက်တွေ မတွေ့ရှိသေးခင်
  • 1:24 - 1:27
    ၁၉ ရာစုအထိ ခဲကို
  • 1:27 - 1:31
    အဖြူရောင်ခြယ်ဆေးအဖြစ် သမိုင်းတစ်လျှောက်
  • 1:31 - 1:33
    စွဲစွဲမြဲမြဲသုံးခဲ့ကြပါတယ်။
  • 1:33 - 1:37
    အဖြူရောင်ဆေးကို ပြုလုပ်ဖို့
    ခဲတုံးကို အမှုန့်ဖြစ်အောင် ခြေရတာမို့
  • 1:37 - 1:40
    အဆိပ်အမှုန့်တွေအများကြီး ထိတွေ့ရပါတယ်။
  • 1:40 - 1:44
    အဲ့သည့်တုန်းက ပန်းချီဆရာလေနာ လို့
    လူသိတဲ့ရောဂါဟာ
  • 1:44 - 1:48
    တကယ်တော့ ခဲဆိပ်သင့်ခြင်း ပါပဲ။
  • 1:48 - 1:50
    ပန်းချီဆရာတွေဟာ အကြောဆွဲတာ
  • 1:50 - 1:51
    စိတ်ကျရောဂါဖြစ်တာ
  • 1:51 - 1:52
    ချောင်းဆိုးတာ
  • 1:52 - 1:53
    မြင်လွှာကျဥ်းတာ
  • 1:53 - 1:57
    မျက်စိကွယ်တာအထိ ဖြစ်ကြပါတယ်။
  • 1:57 - 2:00
    ဒါပေမဲ့ ခဲဖြူရဲ့ စွဲမက်ဖွယ်အဖြူရောင်ဟာ
  • 2:00 - 2:05
    Vermeer တို့လို ပန်းချီဆရာကြီးတွေကိုတောင်
    မသုံးရမနေနိုင်လောက်အောင်
  • 2:05 - 2:06
    ပြိုင်ဘက်ကင်း စွဲဆောင်နိုင်ခဲ့လို့
  • 2:06 - 2:12
    ၁၉၇၀ မှာ ဥပဒေနဲ့ ပိတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
  • 2:12 - 2:13
    အဖြူရောင်ဟာ ဖြူဖျော့အားနည်းခြင်း
  • 2:13 - 2:16
    ဆိုတဲ့အသွင်ကို ဆောင်သလိုမျိုး
  • 2:16 - 2:20
    နောက်ထပ်ကြောက်စရာအရောင်တစ်ခုက အစိမ်းပါ။
  • 2:20 - 2:24
    ၁၈ ရာစုနှစ်မှာ Scheele's နဲ့ Paris ဆိုတဲ့
  • 2:24 - 2:28
    လူလုပ် အစိမ်းရောင်ခြယ်ပစ္စည်းတွေ
    စတင်အသုံးပြုလာခဲ့ပါတယ်။
  • 2:28 - 2:30
    သူတို့ဟာ သာမန်သဘာ၀ပစ္စည်းကထုတ်တဲ့
  • 2:30 - 2:33
    စိမ်းရောင်ခြယ်ပစ္စည်းတွေထက်
    ပိုတောက်ပပြီး ပိုစိုစိုပြေပြေရှိပါတယ်။
  • 2:33 - 2:36
    ဒါ့ကြောင့် အချိန်တိုအတွင်း လူသိများလာပြီး
  • 2:36 - 2:38
    အ၀တ်အထည်
  • 2:38 - 2:39
    နံရံကပ်စက္ကူ
  • 2:39 - 2:39
    ဆပ်ပြာ
  • 2:39 - 2:40
    ကိတ်မုန့်အလှဆင်
  • 2:40 - 2:41
    ကလေးကစားစရာ
  • 2:41 - 2:42
    ချိုချဥ် နဲ့
  • 2:42 - 2:44
    အ၀တ်တွေမှာ ဆိုးဆေးအဖြစ် သုံးလာပါတယ်
  • 2:44 - 2:46
    ဒီရောင်ခြယ်ပစ္စည်းတွေဟာ
    cupric hydrogen arsenic ဆိုတဲ့
  • 2:46 - 2:49
    ဓာတ်ပေါင်းတစ်မျိုးကနေ ပြုလုပ်ထားပါတယ်။
  • 2:49 - 2:51
    အာဆင်းနစ်ဟာ လူသားတွေရဲ့
  • 2:51 - 2:54
    ဆဲလ်အချင်းချင်း ချိတ်ဆက်လုပ်ဆောင်မှုကို
    ပျက်စီးပါတယ်။
  • 2:54 - 2:56
    ပမာဏများလာတာနဲ့
  • 2:56 - 2:59
    ကင်ဆာနဲ့ နှလုံးရောဂါတွေကိုပါ ဖြစ်စေပါတယ်။
  • 2:59 - 3:03
    ဒါ့ကြောင့် ၁၈ ရာစုမှာ
    အထည်ချုပ်လုပ်သားတွေ အဆိပ်မိတာ
  • 3:03 - 3:07
    အစိမ်းရောင်၀တ်ဆင်တဲ့ အမျိုးသမီးတွေ
    သတိလစ်လဲကျတာတွေ
  • 3:07 - 3:10
    မကြာခဏ ဖြစ်ပွားလာပါတယ်။
  • 3:10 - 3:13
    အစိမ်းရောင်အိပ်ခန်းမှာ
    ကြမ်းပိုးမနေဘူးလို့တောင် ပြောခဲ့ပါတယ်။
  • 3:13 - 3:17
    နပိုလီယံ အာဆင်းနစ်အဆိပ်မိသေဆုံးတာကလည်း
    သူ့ရဲ့ အစိမ်းရောင်သုတ်ထားတဲ့ အိပ်ခန်းမှာ
  • 3:17 - 3:21
    နှစ်ရှည်အိပ်ခဲ့တာကြောင့်လို့
    ခန့်မှန်းကြပါတယ်။
  • 3:21 - 3:24
    အဆိပ်မှန်း မသိခဲ့လို့ သုံးစွဲခဲ့ကြပြီး
  • 3:24 - 3:28
    ၁၈၂၂ မှာမှ အဆိပ်သင့်ပစ္စည်းမှန်း
    သိလာခဲ့ရပါတယ်။
  • 3:28 - 3:32
    ရာစုနှစ်တစ်ခုအကြာမှာတော့
    ပိုးသတ်ဆေးအဖြစ် ပြန်လည်သုံးစွဲခဲ့ပါတယ်။
  • 3:32 - 3:36
    လူလုပ်အစိမ်းရောင်ဟာ
    ကြောက်စရာအကောင်းဆုံးအရောင် ဆိုပေမဲ့
  • 3:36 - 3:40
    ရေဒီယမ်ရဲ့ ရေဒီယိုသတ္တိကြွမှုတွေ
    မပါသေးပါဘူး။
  • 3:40 - 3:43
    နောက်ထပ်ကြောက်မက်ဖွယ်အရောင်ကတော့
    လိမ္မော်ရောင်ပါ။
  • 3:43 - 3:47
    ဒုတိယကမ္ဘာစစ်မတိုင်မှီက
    ကြွေထည်ထုတ်လုပ်သူတွေဟာ
  • 3:47 - 3:50
    ယူရေနီယမ်အောက်ဆိုက် ကို အရောင်ခြယ်ဖို့
    အသုံးပြုခဲ့ပါတယ်။
  • 3:50 - 3:53
    သူတို့ရဲ့ အနီနဲ့ လိမ္မော်ရောင်တောက်တောက်ဟာ
  • 3:53 - 3:57
    အတော်ကလေးဆွဲဆောင်မှုရှိပါတယ်။
    ရေဒီယိုသတ္တိကြွမှုဆိုတာကြီးကို
  • 3:57 - 4:02
    ၁၈၀၀ နှောင်းပိုင်းအထိ လူတွေမသိကြသေးပါဘူး။
  • 4:02 - 4:06
    ကင်ဆာရောဂါတွေဖြစ်စေတယ်ဆိုတာရော
    မသိခဲ့ကြပါဘူး။
  • 4:06 - 4:08
    ဒုတိယကမ္ဘာစစ်မှာတော့
  • 4:08 - 4:13
    အမေရိကန်အစိုးရဟာ အနုမြူဗုံးလုပ်ဖို့
    ယူရေနီယမ်ကို လိုက်သိမ်းခဲ့တယ်ဆိုပေမဲ့့
  • 4:13 - 4:18
    ၁၉၅၉ အနုမြူစွမ်းအင် အစည်းအ၀ေးအပြီးမှာ
    ပြန်လည်ဖြေလျှော့ပေးခဲ့တာကြောင့်
  • 4:18 - 4:22
    ကြွေထည် ဖန်ထည်တွေမှာ
    ပြန်လည်အသုံးပြုခဲ့ပါတယ်။
  • 4:22 - 4:24
    ဆယ်စုနှစ်တစ်ခုစာ ဆက်လက်ထုတ်ခဲ့တဲ့
  • 4:24 - 4:28
    လိမ္မော်ရောင်ပန်းကန်တွေဟာ ဒီကနေ့အထိ
    ဆိုကျိုးများပေးနေဆဲဖြစ်ပါတယ်။
  • 4:28 - 4:33
    အဆိုပါခေတ်ဟောင်းပန်းကန်တွေမှာ
    ရေဒီယိုသတ္တိကြွမှုတွေ ရှိနေပေမဲ့့
  • 4:33 - 4:37
    အန္တရာယ်သတိပေးချက်တွေ ထုတ်ရလောက်အောင်တော့
    မများပါဘူး သို့သော်
  • 4:37 - 4:39
    US ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့က
  • 4:39 - 4:44
    ဒီပန်းကန်တွေနဲ့ အစားအစာမစားဖို့
    တိုက်တွန်းထားပါတယ်
  • 4:44 - 4:48
    ကျွန်တော်တို့ဟာ ဆိုးဆေးတွေကနေ
    ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့နေဆဲဖြစ်ပေမဲ့
  • 4:48 - 4:51
    ကျွန်တော်တို့ရဲ့ သိပ္ပံပညာအသိကလည်း
    ဒီဆိုးကျိုးတွေကို ရှောင်ဖို့
  • 4:51 - 4:53
    အကူအညီပေးနေခဲ့ပါတယ်။
Title:
J. V. Maranto - သမိုင်း၀င်ကြောက်စရာကောင်းဆုံး အရောင်များ
Speaker:
J. V. Maranto
Description:

ရေဒီယမ်ကို ပထမဆုံး တွေ့ရှိခဲ့တဲ့အချိန်တုန်းက သူ့ရဲ့တဲ့ အစိမ်းရောင်လဲ့လဲ့လေးဟာ လူတွေကို အလှအပထုတ်ကုန်များ နဲ့ ရတနာပစ္စည်းများမှာ ထည့်သွင်းအသုံးပြုဖို့ စိတ်ကူးဖြစ်ပေါ်စေခဲ့တယ်။ သိပ်မကြာခင်မှာပဲ ရေဒီယမ်ရဲ့ ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေဟာ ကောင်းကျိုးထက်တောင်များနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကံဆိုးချင်တော့ ရေဒီယမ်ဟာ သမိုင်းကြောင်းအရ အန္တရာယ်ကင်းတယ် (သို့) အသုံးဝင်တယ်လို့ထင်ရတဲ့ သဘာဝအရောင်ဖြစ်ရုံသာမက သေစေနိုင်လောက်တယ်ဆိုတာပါဖြစ်သွားတယ်။ . V. Maranto က သမိုင်းဝင် ကြောက်စရာအကောင်းဆုံး အရောင်တွေကို အသေးစိတ် လေ့လာတင်ပြထားပါတယ်။

တင်ပြသူ - J. V. Maranto
ကာတွန်းရုပ်ရှင် - Juan M. Urbina

သင်ခန်းစာအသေးစိတ် - http://ed.ted.com/lessons/history-s-deadliest-colors-j-v-maranto

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:14

Burmese subtitles

Revisions