Return to Video

ဟာရီကိန်မုန်တိုင်းတွင်းသို့ လှေလှော်ခတ်ခဲ့သူ ကျွန်မရဲ့ သူရဲကောင်း အမျိုးသမီးအတွက် သီချင်း။

  • 0:01 - 0:03
    ၁၉၉၈ ခု ဇွန်လမှာ
  • 0:03 - 0:08
    Tori Murden McClure ဟာ North Carolina က
    Nags Head ကနေ France ကိုထွက်ခဲ့တယ်။
  • 0:08 - 0:10
    ဒါက သူမရဲ့လှေ American Pearl ပါ။
  • 0:10 - 0:13
    ၂၃ ပေရှည်ပြီး ၎င်းရဲ့ အကျယ်ဆုံးနေရာမှာ
  • 0:13 - 0:15
    ခြောက်ပေပဲ ရှိတာပါ။
  • 0:15 - 0:20
    ကုန်းပတ်က Ford F -150 ကုန်ကားရဲ့
    ကြမ်းခင်း အရွယ်ပါ။
  • 0:20 - 0:22
    Tori နဲ့ သူမရဲ့ သူငယ်ချင်းတွေ လက်နဲ့
    တည်ဆောက်ခဲ့ပြီး
  • 0:22 - 0:25
    ပေါင် ၁၈၀၀ လောက် အလေးချိန်ရှိပါတယ်။
  • 0:25 - 0:27
    သူမရဲ့ အစီအစဉ်က အတ္တလန်တိတ် သမုဒ္ဒရာကို
  • 0:27 - 0:29
    သူမတစ်ဦးတည်း လှော်ပြီး ဖြတ်သွားဖို့ပါ။
  • 0:29 - 0:32
    စက်မပါ၊ ရွက်မပါနဲ့ပေါ့။
  • 0:32 - 0:35
    ဘယ်မိန်းမသား၊ ဘယ် အမေရိကန်မှ
    အရင်က မလုပ်ခဲ့ဖူးတာပေါ့။
  • 0:35 - 0:37
    ဒါ သူမရဲ့ လမ်းကြောင်းဖြစ်မယ်။
  • 0:37 - 0:41
    မြောက်အတ္တလန်တိတ် သမုဒ္ဒရာအဝကို
    ဖြတ်တဲ့ မိုင် ၃၆၀၀ ကျော်ပါ။
  • 0:41 - 0:44
    လုပ်ငန်းအားဖြင့် Tori ဟာ Kentucky က
    သူမရဲ့ ဇာတိမြို့
  • 0:44 - 0:45
    Louisville မှာ ပရောဂျက်
  • 0:45 - 0:47
    အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ပါတယ်။
  • 0:47 - 0:50
    ဒါပေမဲ့ သူမရဲ့ ဝါသနာက
    စူးစမ်းရှာဖွေခြင်းပါ။
  • 0:50 - 0:52
    ဒါ သူမရဲ့ ပတမဆုံး စူးစမ်းလေ့လာရေး
    ခရီးတော့ မဟုတ်ဘူး
  • 0:52 - 0:57
    လွန်ခဲ့တဲ့နှစ်များစွာက တောင်ဝင်ရိုးစွန်း
    ကို ဦးဆုံး နှင်းလျှောစီးသူ ဖြစ်ခဲ့တယ်။
  • 0:57 - 0:59
    ကောလိပ်မှာ ပြောင်မြောက်တဲ့
    လှေလှော်သမားဖြစ်
  • 0:59 - 1:02
    ပြီး ၁၉၉၂ US အိုအံပစ်အသင်းမှာတောင်
    တစ်နေရာ ဝင်ပြိုင်ခဲ့တယ်။
  • 1:02 - 1:06
    ဒါပေမဲ့ ဒါကတော့ မတူပါဘူး။
  • 1:06 - 1:13
    (ဗီဒီယို) (ဂီတ) Murden McClure:
    ဟိုင်း၊ ဇူလိုင် ၅ ရက် တနင်္ဂနွေပါ။
  • 1:13 - 1:15
    ဒေသစံတော်ချိန် နံနက် ၉ နာရီ၊
  • 1:15 - 1:18
    ဒီတော့ Kentucky အချိန်ပါ။
  • 1:18 - 1:20
    DL: Tori ဟာ ဒီဗီဒီယိုတွေကို
    လှော်ရင်းက ရိုက်ခဲ့တာ
  • 1:20 - 1:23
    ဒါက သူမရဲ့ ပင်လယ်မှာ ၂၁ မြောက်နေ့ပါ။
  • 1:23 - 1:25
    ဒီနေရာမှာ သူမဟာ မိုင် ၁၀၀၀ ကျော်
    ခရီးပေါက်ခဲ့ပြီး
  • 1:25 - 1:28
    နှစ်ပတ်ကျော်အတွင်း ဘာရေဒီယို
    အဆက်အသွယ်မှ မရခဲ့ပါဘူး။
  • 1:28 - 1:31
    သူမရဲ့ အဝေးဆက်သွယ်မှု စနစ်အားလုံးကို
    ဖျက်ပစ်တဲ့ မုန်တိုင်းနောက်လိုက်ရင်း
  • 1:31 - 1:33
    ရောက်တာ ငါးရက်ပဲရှိသေးတယ်
  • 1:33 - 1:35
    နေ့အများစုဟာ ဒီလိုပါ၊
  • 1:35 - 1:39
    ဒီနေရာမှာ သူမလှော်ခတ်ချက်
    နှစ်သိန်းကျော် ရှိခဲ့ပါပြီ၊
  • 1:39 - 1:41
    လှိုင်းနဲ့ လေကို အံတုရင်းပေါ့။
  • 1:41 - 1:45
    တစ်ချို့နေ့တွေမှာ ၁၅ ပေလောက်ပဲ
    ခရီးတွင်တယ်။
  • 1:45 - 1:46
    ဟုတ်ပါတယ်။
  • 1:46 - 1:49
    စိတ်ပျက်စရာကောင်းလိုက်တဲ့ အဲဒီနေ့တွေလို
  • 1:49 - 1:52
    အခြားနေ့တွေကျတော့ ဒီလိုလေ။
  • 1:52 - 1:55
    (ဗီဒီယို) TMM: ကျွန်မရဲ့ မိတ်ဆွေလေးတွေကို
    ပြချင်ပါတယ်။
  • 1:55 - 2:00
    DL: ငါးတွေ၊ လင်းပိုင်တွေ၊ ဝေလငါးတွေနဲ့
  • 2:00 - 2:02
    ငါးမန်းတွေ၊ ပင်လယ်လိပ်ကြီးတွေတောင်
  • 2:02 - 2:05
    သူမတွေ့ခဲ့တယ်။
  • 2:05 - 2:08
    နှစ်ပတ်အပြီး ဘယ်လူသား
    အဆက်အသွယ်မှ မရှိခဲ့ဘူး။
  • 2:08 - 2:10
    Tori ဟာ VHF ရေဒီယိုက တဆင့် ဒေသတွင်း
  • 2:10 - 2:13
    ကုန်သင်္ဘော တစ်စင်းနဲ့ အဆက်အသွယ်ရခဲ့တယ်။
  • 2:13 - 2:17
    (ဗီဒီယို) TMM: ရှင်တို့မှာ မိုးလေဝသ
    အစီရင်ခံစာရှိလား။
  • 2:17 - 2:20
    လူတစ်ဦး။ ခင်းဗျားရဲ့ ရှေ့မှာ
  • 2:20 - 2:22
    အနိမ့်ဖက်ကို ရှေ့ရှုနေတယ်၊
  • 2:22 - 2:24
    ခင်ဗျား သွားနေတာက အရှေ့မြောက်ကို
  • 2:24 - 2:26
    ကျုပ်တို့နောက်မှာတော့ အမြင့်ရှိတယ်။
  • 2:26 - 2:28
    ဒါကနေ အရှေ့၊
  • 2:28 - 2:30
    အရှေ့မြောက်ကိုလည်း လာနေတယ်။
  • 2:30 - 2:32
    TMM: ကောင်းတာပေါ့။
  • 2:32 - 2:36
    DL: ဒီနေရာမှာ သူမဟာ အခြားလူသားတစ်ဦးနဲ့
    စကားပြောရတာ တော်တော်ပျော်နေတယ်။
  • 2:36 - 2:38
    (ဗီဒီယို) TMM: ဒီတော့ မိုးလေဝသ
    အစီရင်ခံစာက မကြာခင်
  • 2:38 - 2:41
    ဘာထူးခြားခြားမှ ဖြစ်မှာ မဟုတ်ဘူးတဲ့။
  • 2:41 - 2:43
    DL: မိုးလေဝသ အစီရင်ခံစာက မပြောခဲ့တာက
  • 2:43 - 2:46
    သူမဟာHurricane Danielle လမ်းကြောင်း
    တည့်တည့်ကို လှော်ခတ်နေတာပါ။
  • 2:46 - 2:50
    မြောက်အတ္တလန်တိတ် မှတ်တမ်းမှာ
    အဆိုးဝါးဆုံး ဟာရီကိန်း ရာသီပါ။
  • 2:52 - 2:55
    (ဗီဒီယို) TMM: ခြေကျင်းဝတ် လိမ်သွားတယ်။
  • 2:55 - 2:59
    အခုဆို အရှေ့ကနေ လေအရမ်း ထန်ပါတယ်။
  • 2:59 - 3:01
    လေကတိုက်နေတယ်။
  • 3:01 - 3:04
    အရမ်းတိုက်နေတာ။
  • 3:04 - 3:07
    ၁၂ ရက်ကြာ မုန်တိုင်းနောက်မှာ
  • 3:07 - 3:09
    လေပြင်းပြင်း မတိုက်ပဲ
  • 3:09 - 3:11
    လေးရက်ကြာ လှော်လို့ရတယ်။
  • 3:11 - 3:13
    အခုတော့ သိပ်မပျော်တော့ပါဘူး။
  • 3:13 - 3:14
    ဒီမနက်တုန်းက ပျော်ခဲ့သလောက်
  • 3:14 - 3:18
    အခုတော့ မပျော်တော့ဘူး၊ ဒီတော့...
  • 3:20 - 3:22
    DL: ပင်လယ်မှာ သုံးလနီးပါးကြာပြီးတော့
  • 3:22 - 3:25
    မိုင် ၃၀၀၀ ကျော် ခရီးပေါက်ခဲ့ပါတယ်။
  • 3:25 - 3:27
    ခရီးရဲ့ သုံးချိုး နှစ်ချိုး ရောက်ခဲ့တယ်၊
  • 3:27 - 3:30
    ဒါပေမဲ့ မုန်တိုင်းနဲ့ လှိုင်းတွေဟာ
    ခုနှစ်ထပ်တိုက်လောက်ကြီးပါတယ်။
  • 3:30 - 3:33
    သူမရဲ့ လှေဟာ ဆက် ဆက် မှောက်နေတာပေါ့။
  • 3:33 - 3:36
    တစ်ချို့တွေက ထောင်ပြီး ကျွမ်းထိုး
    မှောက်ခုံတွေဆိုတော့
  • 3:36 - 3:38
    လှော်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။
  • 3:38 - 3:41
    (ဗီဒီယို) TMM: မနက် ၆ နာရီ ၃၀ ပါ။
  • 3:42 - 3:45
    ကျွန်မဟာ ပုံဆိုးပန်းဆိုး ကြီးဖြစ်နေတယ်။
  • 3:45 - 3:48
    လှေ နှစ်ခါမှောက်တယ်။
  • 3:48 - 3:53
    နောက်ဆုံးအခေါက်မှာ ကျောနဲ့ လှေထိပ်က
    အခြင်ကို ဖယ်လိုက်တယ်။
  • 3:56 - 4:00
    အခုဆို မှောက်တာ ခြောက်ခါရှိပါပြီ။
  • 4:00 - 4:02
    နောက်ဆုံးအခေါက်က ကန့်လန့်ကြီးပါ။
  • 4:02 - 4:05
    ကျွန်မမှာ Argus အချက်ပြမီးပါတယ်။
  • 4:05 - 4:07
    အန္တရာယ်ကျရောက်တဲ့ အချက်ပြလုပ်မလို့ပဲ
  • 4:07 - 4:11
    ဒါပေမဲ့ ရှင်းရှင်းပြောရင် ဒီလှေလေးကို
    မြင်မယ်လို့တော့ မထင်ဘူးလေ။
  • 4:11 - 4:13
    အခုဆို ရေအောက် တော်တော်လေး နစ်နေပြီ၊
  • 4:13 - 4:17
    ဦးခန်းပိုင်းလေးပဲ ပေါ်နေတော့တာလေ။
  • 4:17 - 4:20
    မနက် ၁၀ နာရီလောက်ပါ။
  • 4:20 - 4:23
    မှောက်တဲ့ အကြိမ်တွေကို မသိတော့ဘူး။
  • 4:23 - 4:26
    ၁၅ မိနစ် တစ်ခါလောက်ကို မှောက်နေပုံရတယ်။
  • 4:26 - 4:30
    ဘယ်ဘက်လက်မောင်းတော့ ကျိုးလောက်ပြီ ထင်တယ်။
  • 4:33 - 4:35
    လှိုင်းတွေဟာ
  • 4:35 - 4:37
    လှေကို အပိုင်းပိုင်း ဆွဲဖြဲနေတယ်။
  • 4:39 - 4:40
    ကျွန်မ ဆက်ဆုတောင်းနေတယ်
  • 4:40 - 4:43
    အကြောင်းက ဒါကို ကျော်ဖို့ဆိုတာက
    မသေချာတော့ဘူးလေ။
  • 4:43 - 4:45
    DL: Tori သူမရဲ့ အန္တရာယ်
    အချက်ပြမီး ပြလိုက်တော့
  • 4:45 - 4:48
    ဖြတ်သွားတဲ့ ကုန်တင်သင်္ဘော
    တစ်စင်းက သူမကို ကယ်လိုက်ပါတယ်။
  • 4:48 - 4:52
    မျောနေတဲ့ သူမရဲ့ လှေကို နှစ်လအကြာမှာ
    France အနီးမှာ သွားတွေ့တယ်။
  • 4:52 - 4:56
    ဒါကို သတင်းစာမှာ ဖတ်ခဲ့ရတာပါ။
  • 4:56 - 5:00
    ၁၉၉၈ ခုမှာ ကျွန်မဟာ Kentucky က
    Louisville မှာနေနေတဲ့ အထက်တန်းကျောင်းသူပါ။
  • 5:00 - 5:02
    အခုတော့ New York မှာ နေပါတယ်။
    သီချင်းရေးသူပေါ့။
  • 5:02 - 5:06
    သူမရဲ့ ဇာတ်လမ်းက ကျွန်မကို ညိသွားတော့
    သူမရဲ့ ဇာတ်လမ်းကို
  • 5:06 - 5:09
    "Row" လို့ခေါ်တဲ့ ဂီတဇာတ်လမ်းအဖြစ်
    ပြောင်းလိုက်တယ်။
  • 5:13 - 5:15
    Tori အိမ်ပြန်လာတော့
  • 5:15 - 5:16
    သူမဟာ စိတ်ပျက်အားငယ်နေတယ်။
  • 5:16 - 5:18
    ပိုက်ဆံကလည်းပြတ်ပေါ့။
  • 5:18 - 5:20
    လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်ဖို့
  • 5:20 - 5:22
    ခက်ခဲတဲ့ အချိန်ပေါ့။
  • 5:24 - 5:27
    ဒီမြင်ကွင်းမှာ သူမက အိမ်မှာ ထိုင်နေတယ်။
  • 5:27 - 5:29
    ဖုန်းလာနေတယ်။ သူ့မိတ်ဆွေတွေက ခေါ်နေတာပါ။
  • 5:29 - 5:31
    ဒါပေမဲ့ သူတို့ကို ဘယ်လိုပြောရမယ် သူမမသိဘူး
  • 5:31 - 5:34
    သူမ ဒီသီချင်းကို ဆိုတယ်။
    "ချစ်ရတဲ့ နှလုံးသား" လို့ခေါ်ပါတယ်။
  • 5:34 - 5:38
    (ဂစ်တာသံ)
  • 5:40 - 5:44
    ကိုယ်အိပ်မက်မက်စဉ်က
  • 5:44 - 5:47
    ကိုယ့်ခန္ဓာကိုယ်ကို
  • 5:47 - 5:51
    ကိုယ်မရောက်ဖူးသေးတဲ့ လှပတဲ့
  • 5:51 - 5:54
    နေရာတွေဆီ ယူဆောင်သွားခဲ့တယ်။
  • 5:54 - 5:57
    Gibraltar နဲ့ လရောင်ထဲမှာ
  • 5:57 - 6:01
    လောင်ကျွမ်းနေတဲ့ Kentucky ရဲ့
  • 6:01 - 6:04
    ကြယ်ပွင့်တွေကို ကိုယ်တွေ့ခဲ့တယ်၊
  • 6:04 - 6:07
    ကိုယ့်ကို ပြုံးပြနေလို့ပေါ့။
  • 6:07 - 6:11
    ဒီမှာ ကိုယ်နိုးထတော့
  • 6:11 - 6:14
    ကောင်းကင်ဟာ သိပ်ကို အုံ့ဆိုင်းနေတယ်။
  • 6:14 - 6:18
    ကိုယ်သိတဲ့ လူတွေရှိတဲ့ ပွဲကို
  • 6:18 - 6:21
    လမ်းလျှောက်သွားခဲ့တယ်၊
  • 6:21 - 6:24
    ကိုယ့်ကိုလည်း သိဖို့ကြိုးစားကြပြီး
  • 6:24 - 6:27
    ကိုယ်ဘယ်ကလဲလို့ မေးကြတယ်။
  • 6:27 - 6:31
    ကိုယ်မြင်တာတွေကို
  • 6:31 - 6:34
    သူတို့ကို ရှင်းမပြနိုင်ဘူး။
  • 6:34 - 6:41
    အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ
  • 6:41 - 6:44
    အာရုံစိုက်ထားပါ၊
  • 6:44 - 6:48
    အစကနေ သွားလိုက်ပါ။
  • 6:48 - 6:54
    အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ
  • 6:54 - 6:57
    မြေပုံကနေ မင်းပြုတ်ကျနိုင်တယ်
  • 6:57 - 7:02
    ဒါပေမဲ့ ပြိုကွဲ မသွားဘူးလေ။
  • 7:02 - 7:03
    အိုး ဝိုး ဝိုး
  • 7:03 - 7:08
    အား အား အား အား
  • 7:08 - 7:12
    အား အာ
  • 7:12 - 7:14
    အား အား အား
  • 7:14 - 7:18
    ကိုယ် အဲဒီကိုရောက်တော့
  • 7:18 - 7:21
    သမုဒ္ဒရာက ကိုယ့်ကို ပွေ့ဖက်၊
  • 7:21 - 7:24
    လှုပ်ရမ်းပြီး ပစ်လွှတ်လိုက်လိမ့်မယ်၊
  • 7:24 - 7:28
    ကလေးတစ်ယောက်လို့ ပေါ့ပေါ့လေး
  • 7:28 - 7:31
    ဒါပေမဲ့ အခုတော့ လေးလံနေတယ်
  • 7:31 - 7:34
    ဘာကမှ ကိုယ့်ကို မနှစ်သိမ့်ဘူး။
  • 7:34 - 7:38
    ကိုယ့်စိတ်ဟာ ရေမျောသစ်စလို
  • 7:38 - 7:41
    ထိန်းမရ၊ ရိုင်းစိုင်းကာ မျောပါနေတယ်။
  • 7:41 - 7:48
    အား နားဆင်ပါ၊ ချစ်ရတဲ့ နှလုံးသားရေ
  • 7:48 - 7:51
    အာရုံစိုက်ထားပါ၊
  • 7:51 - 7:54
    အစကနေ သွားလိုက်ပါ။
  • 7:54 - 8:01
    အား နားဆင်ပါဦး၊ ချစ်ရတဲ့ နှလုံးသားရယ်၊
  • 8:01 - 8:04
    မြေပုံကနေ မင်းပြုတ်ကျနိုင်တယ်
  • 8:04 - 8:08
    ဒါပေမဲ့ ပြိုကွဲ မသွားဘူးလေ။
  • 8:08 - 8:12
    အိုး
  • 8:15 - 8:18
    နောက်ဆုံးမှာတော့ Tori ဟာ သူမဟာ
    ပုံမှန်ပြန်ဖြစ်လာပြီး
  • 8:18 - 8:21
    သူမရဲ့ မိတ်ဆွေတွေနဲ့ ပြန်
    အချိန်ဖြုန်းပါတယ်။
  • 8:21 - 8:24
    လူတစ်ယောက်နဲ့ဆုံပြီး ပထမဆုံးချစ်မိခဲ့တယ်။
  • 8:24 - 8:28
    နောက်ထပ် Louisville နယ်သား
    Muhammad Ali ဆီမှာ
  • 8:28 - 8:30
    အလုပ်သစ်တစ်ခု လုပ်ဖို့ ရပါတယ်။
  • 8:30 - 8:33
    တစ်နေ့ သူမရဲ့ အလုပ်ရှင်နဲ့ နေ့လည်စာမှာ
  • 8:33 - 8:35
    Tori ဟာ အခြား အမျိုးသမီး နှစ်ဦးဟာ
    သူမ သေမလောက်
  • 8:35 - 8:38
    ကြိုးစားလုပ်ခဲ့တာဖြစ်တဲ့ အတ္တလန်တိတ်
    အလယ်ကို
  • 8:38 - 8:41
    လှေလှော်ဖြတ်ဖို့ ခရီးစထွက်တော့မယ်ဆိုတဲ့
    သတင်းကို မျှဝေလိုက်တယ်။
  • 8:41 - 8:45
    သူ့ရဲ့ တုံ့ပြန်မှုက Ali ရဲ့ထုံးစံအတိုင်း၊
  • 8:45 - 8:46
    "သမုဒ္ဒရာကို ဖြတ်သန်းလုနီးပါး
  • 8:46 - 8:50
    လှော်ခတ်ခဲ့တဲ့ မိန်းမတစ်ယောက်လို
    ဘဝမျိုးနဲ့ မင်း မဖြတ်သန်းချင်ဘူးပေါ့။"
  • 8:50 - 8:52
    သူပြောတာမှန်တယ်။
  • 8:52 - 8:54
    Tori ဟာ American Pearl ကိုပြန်ဆောက်
  • 8:54 - 8:56
    ပြီး ၁၉၉၉ ခု ဒီဇင်ဘာလမှာ
  • 8:56 - 8:58
    သူမ ဖြတ်ခဲ့တယ်။
  • 8:58 - 9:01
    (လက်ခုပ်သံများ) (ဂစ်တာသံ)
  • 9:05 - 9:07
    ကျေးဇူးတင်ပါတယ်။
  • 9:07 - 9:10
    (လက်ခုပ်သံများ)
Title:
ဟာရီကိန်မုန်တိုင်းတွင်းသို့ လှေလှော်ခတ်ခဲ့သူ ကျွန်မရဲ့ သူရဲကောင်း အမျိုးသမီးအတွက် သီချင်း။
Speaker:
Dawn Landes
Description:

အဆိုတော်နဲ့ သီချင်းရေးသားသူ Dawn Landes ဟာ အတ္တလန်တိတ် သမုဒ္ဒရာကို လှေငယ်လေးတစ်စင်းနဲ့ ဖြတ်သန်းဖို့ အိမ်မက်ခဲ့ပေမဲ့ ခုနှစ်ထပ်တိုက်လောက် ကြီးမားခဲ့တဲ့လှိုင်းလုံးကြီးတွေကြောင့် တိမ်းမှောက်လုနီးပါးဖြစ်ခဲ့ရသူ Tori Murden McClure ရဲ့ ဇာတ်လမ်းကို ဖေါ်ကျူးထားပါတယ်။ ဗီဒီယို၊ ဇာတ်လမ်း၊ သီချင်း ကနေပြီး Landes ဟာ ကျယ်ပြောတဲ့သမုဒ္ဒရာ အလယ်က တစ်ကိုယ်တည်း မိန်းမသားတစ်ယောက်ရဲ့ စိတ်သဘောထားကို စိတ်ကူးမြင်ယောင်လိုက်တာပါ။ (ဤဟောပြောချက်မှာ Pop-Up Magazine popupmagazine.com or @popupmag on Twitter မှ ဧည့်သည်အဖြစ် တာဝန်ယူကျင်းပခဲ့တဲ့ TED2015 ပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:26

Burmese subtitles

Revisions