Return to Video

ကြိုးမဲ့ အင်တာနက်အတွက် လုံးဝဆန်းသစ်တဲ့ တီထွင်မှု

  • 0:01 - 0:04
    အများပြည်သူရဲ့ ရှေ့မှာ ကျွန်တော်
    ပထမဦးဆုံး အကြိမ် ပြချင်တာက
  • 0:04 - 0:08
    သာမန် LED မီးလုံးထံမှ ဗီဒီယိုကို
    နေရောင်ခြည်စု ဆဲလ်ထံသို့
  • 0:08 - 0:12
    ထုတ်လွှင့်ပေးလို့ ရနိုင်ကြောင်းကိုပါပဲ၊
  • 0:12 - 0:18
    ဒီနေရာမှာ လက်ပ်တော့က ဖမ်းယူမယ့်
    စက်အဖြစ် ပါဝင်ပါမယ်။
  • 0:18 - 0:21
    ဒီထဲမှာ Wi-Fi ကွန်ရက် ဘယ်လိုမှ
    ပါဝင်ရန် မလိုပါဘူး။
  • 0:21 - 0:24
    အဲဒါက ဘာလုပ်ဖို့ အတွက်လဲလို့
    ခင်ဗျားတို့ မေးနိုင်ကြပါတယ်။
  • 0:24 - 0:26
    ထောက်ပြချင်တဲ့ အချက်က ဒီလိုပါ-
  • 0:26 - 0:29
    အနာဂတ်ထဲမှာ ဒီဂျီတယ်
    ကွာဟချက်ကို ချိတ်ဆက်ပိတ်ပစ်ရန်အတွက်
  • 0:29 - 0:32
    ပြီးတော့ “အင်တာနက် ပစ္စည်းများ”
    လို့ခေါ်ကြတဲ့ အင်တာနက်နဲ့
  • 0:32 - 0:36
    ချိတ်ဆက်နေကြတဲ့ ကျွန်တော်တို့ဟာ
    ဘီလီယံချီတဲ့ ကိရိယာတွေ အတွက်ပါ --
  • 0:36 - 0:39
    ကျွန်တော်တို့ဟာ အင်တာနက်ကို
    အများကြီး လိုအပ်လာကြမှာပါ။
  • 0:39 - 0:43
    အင်တာနက်ကို အဲဒီတို တိုးချဲ့သုံးမှုဟာဖြင့်
    စွမ်းအင်သုံးမှု လုံးဝနီးပါး မျှတဖို့
  • 0:43 - 0:46
    လိုအပ်မယ်လို့ ကျွန်တော် ယူဆပါတယ်။
  • 0:46 - 0:51
    တနည်းအားဖြင့် ရှိနေဆဲ အဆောက်အအုံ
    တွေကို အတတ်နိုင်ဆုံးသုံးရန် လိုတယ်။
  • 0:51 - 0:56
    အဲဒီနေရာမှာမှ နေရောင်စု ဆဲလ်နဲ့ LED တို့
    ဝင်ကူနိုင်ကြမှာပါ။
  • 0:57 - 0:59
    ကျွန်တော်ဟာ ၂၀၁၁ ခုနှစ်တုန်းက TED မှာ
  • 0:59 - 1:01
    Li-Fi တနည်း Light Fidelity လို့ ခေါ်တာကို
  • 1:01 - 1:03
    ပထမဦးဆုံး အကြိမ် ပြသခဲ့ဘူးပါသေးတယ်။
  • 1:04 - 1:10
    Li-Fi ဟာ သာမန် LED တွေကို သုံးပြီး
    ဒေတာကို အံ့ဖွယ်မြန်ဆန်စွာ ပို့နိုင်ကာ
  • 1:10 - 1:12
    အဲဒါဟာ လုံခြုံစိတ်ချရမှုလည်း ရှိပါတယ်။
  • 1:13 - 1:16
    ဒေတာကို အလင်းရောင်ဖြင့်
    ပို့ဆောင်ပေးနိုင်ပြီး
  • 1:16 - 1:19
    တောက်ပမှုရဲ့ အပြောင်းအလဲများဖြင့်
    ကုဒ်သွင်းပေးနိုင်ပါတယ်။
  • 1:20 - 1:24
    ကျွန်တော်တို့ ဝန်းကျင်မှာ LED တွေ
    အများကြီးရှိတာကို တွေ့နိုင်ကြပါတယ်၊
  • 1:24 - 1:29
    ဒီတော့ Li-Fi လွှင့်ထုတ်ရေးစက်တွေ
    ဝန်းကျင်ထဲမှာ အများကြီး ရှိနေကြပါတယ်။
  • 1:29 - 1:35
    အခုအထိ ကျွန်တော်တို့ဟာ အထူးကိရိယာများကို-
    သေးငယ်တဲ့ ဖိုတို ခြေရာခံစက်ကိရိယာများကို
  • 1:35 - 1:38
    သုံးလျက် ဒေတာထဲ ကုဒ်သွင်းထားတဲ့
    အချက်အလက်တွေကို ရယူနိုင်ကြပါတယ်။
  • 1:39 - 1:43
    ကျွန်တော်ကလည်း ကျွန်တော်တို့ရဲ့ Li-Fi
    မီးလုံးများထဲမှ နေပြီး ဒေတာကို ရယူရန်
  • 1:43 - 1:46
    ရှိနေဆဲ အဆောက်အအုံတွေကို သုံးလိုပါတယ်။
  • 1:46 - 1:51
    အဲဒါကြောင့်မို့လို့ နေရောင်စုဆဲလ်များနဲ့
    နေရောင်စု အချပ်တွေကို စူးစမ်းလာရတာပါ။
  • 1:51 - 1:56
    နေရောင်စု ဆဲလ်ဟာ အလင်းရောင်ကို စုပ်ယူလျက်
    လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။
  • 1:57 - 2:02
    အဲဒါကြောင့်မို့ နေရောင်စု ဆဲလ်တွေကို
    သုံးပြီး မိုဘိုင်းဖုန်း အားသွင်းနိုင်တာပါ။
  • 2:02 - 2:03
    ဒါပေမဲ့၊ သတိရနေရန် လိုတာက
  • 2:03 - 2:09
    ဒေတာကို LED ရဲ့ မသိသာတဲ့ တောက်ပမှု
    အပြောင်းအလဲဖြင့် ကုဒ်သွင်းပေးထားတယ်ဆိုတော့
  • 2:09 - 2:13
    ဝင်လာတဲ့ အလင်းရောင်က ပြောင်းလဲနေမယ်ဆိုရင်
  • 2:13 - 2:16
    ဆဲလ်မှ ထုတ်ယူရရှိမယ့်
    စွန်းအင်ဟာ အလားတူပဲ ပြောင်းလဲပါမယ်။
  • 2:17 - 2:20
    ဒီတော့ ပို့လွှတ်လိုက်တဲ့ ဒေတာနဲ့
    ကိုက်ညီမယ့် စွမ်းအင်ကို ကျွန်တော်တို့
  • 2:20 - 2:26
    ထုတ်ယူရရှိကြမယ်ဆိုတော့၊
    အလင်းရောင်နဲ့ နေရောင်ခြည်စု ဆဲလ်ကို
  • 2:26 - 2:29
    သုံးခြင်းဖြင့် အချက်အလက်တွေကို
    ရယူနိုင်ကြမယ့်
  • 2:29 - 2:31
    နည်းစနစ်ကို ပိုင်ဆိုင်ထားခြင်း သဘောပါပဲ။
  • 2:32 - 2:34
    ဒီနေရာမှာ တကယ့်မေးခွန်းက-
  • 2:34 - 2:38
    ကျွန်ုပ်တို့ရဲ့ LED မီးလုံးတွေက
    ထုတ်လွှင့်ပေးမယ့် တောက်ပမှု
  • 2:38 - 2:42
    အပြောင်းအလဲကို မြန်ဆန်စွာနဲ့ တိကျစွာ
    ရနိုင်ကြပါ့မလား။
  • 2:43 - 2:46
    ကျွန်တော်ကတော့ ရနိုင်တယ်လို့ ဖြေပါမယ်။
  • 2:47 - 2:48
    ဝယ်လို့ရနိုင်တဲ့ နေရောင်စု ဆဲလ်ထံမှ
  • 2:48 - 2:52
    တစ်စက္ကန့်မှာ ၅၀ megabytes ရနိုင်တာကို
  • 2:52 - 2:54
    ဓာတ်ခွဲခန်း စမ်းသပ်မှုမှာ တွေ့ခဲ့ပါတယ်။
  • 2:55 - 2:59
    အဲဒီနှုန်းဟာ ဒီနေ့လှိုင်းခွင်ကျယ်
    ဆက်သွယ်မှုများထက်ကို ပိုမြန်ပါတယ်။
  • 2:59 - 3:03
    အခုတော့ အဲဒါကို လက်တွေ့ ပြပါရစေ။
  • 3:05 - 3:09
    ဒီသေတ္တာထဲမှာ ရှိနေတာက ဆိုင်မှာ
    ဝယ်လို့ရတဲ့ ပုံမှန် LED မီးလုံးပါ။
  • 3:11 - 3:14
    ဟောဒါက ဆိုင်မှာ
    ဝယ်လို့ရတဲ့ ပုံမှန်နေရာင်ခြည်စု ဆဲလ်ပါ။
  • 3:14 - 3:16
    အဲဒါကို လက်ပ်တော့နဲ့ ဆက်ထားပါတယ်။
  • 3:17 - 3:19
    ပြီးတော့ ထွက်လာမယ့်
    စွမ်းအင်ကို ကြည့်မြင်ရဖို့
  • 3:19 - 3:23
    ကူပေးမယ့် ကိရိယာ တစ်ခုလည်း
    ရှိနေပါတယ်။
  • 3:23 - 3:26
    အဲဒီကိရိယာ တစ်ခါတစ်လေ
    တချို့အရာတွေကို ပြသပေးနိုင်ပါတယ်။
  • 3:26 - 3:30
    ဒီတဝိုက်မှာ ပြန့်ကြဲနေတဲ့ အလင်းရောင်
    ထဲမှ ဆဲလ်က စွမ်းအင်ကို ထုတ်ပေးနေလို့ပါ။
  • 3:31 - 3:34
    အခု ကျွန်တော် စလုပ်မှာက
    မီးလုံးကို ဖွင့်ပေးမှာပါ၊
  • 3:34 - 3:36
    ရိုးရိုးလေး၊ မီးလုံးကိ ဖွင့်လိုက်ပါမယ်၊
  • 3:36 - 3:38
    ခဏလေးအတွက်ပါ၊
  • 3:38 - 3:42
    ခင်ဗျားတို့ သတိထားမိနိုင်ခဲ့ကြတာက
    ကိရိယာဟာ ညာဘက်ကို ရွှေ့သွားပါတယ်။
  • 3:43 - 3:45
    ဒီနေရောင်ခြည်စု ဆဲလ်ဟာ၊ ခဏတဖြုတ်၊
  • 3:45 - 3:48
    ဒီဖွင့်ပေးလိုက်တဲ့ လူလုပ်မီးလုံးထံမှ
    စွမ်းအင်ကို ထုတ်ပေးခဲ့တာကိုပါ။
  • 3:49 - 3:52
    အဲဒါကို ပိတ်လိုက်တာနဲ့၊ ကျဆင်းသွားတာ
    မြင်နိုင်ပါတယ်။
  • 3:52 - 3:53
    အခု ဖွင့်လိုက်ပါပြီ ...
  • 3:53 - 3:56
    ဒီတော့ နေရောင်ြခည်စု
    ဆဲလ်ထံမှ စွမ်းကို ထုတ်ယူနိုင်ကြပါတယ်။
  • 3:57 - 4:02
    နောက်တစ်ခု ကျွန်တော် လုပ်ပြမှာက
    ဗီဒီယိုကို ပြသပေးမှုပါ။
  • 4:03 - 4:06
    ကျွန်တော်ဟာ ခလုတ်ကို
    နှိပ်ပြီး လုပ်ပေးလိုက်တာပါ။
  • 4:06 - 4:10
    အဲဒီလိုနည်းဖြင့် ဒီမှာ LED မီးလုံးဟာ
    ဗီဒီယို တိုက်ရိုက် လွှင့်ပေးနေပါတယ်
  • 4:11 - 4:15
    LED ရဲ့ တောက်ပမှုကို မသိမသာ
    ပြောင်းလဲပေးခြင်းဖြင့် လုပ်နိုင်တာပါ၊
  • 4:15 - 4:17
    အဲဒါကို ကျွန်တော်တို့ဟာ မျက်စိနဲ့
    မြင်မရနိုင်ပါဘူး၊
  • 4:17 - 4:20
    အပြောင်းအလဲတွေဟာ သိပ်ကို မြန်လွန်းလို့
    မသိမြင်နိုင်ကြပါ။
  • 4:21 - 4:24
    ကျွန်တော် ထောက်ပြချင်တာကို သက်သေထူပြရန်
  • 4:24 - 4:27
    ကျွန်တော်ဟာ နေရောင်စု ဆဲလ်ထံမှ
    အလင်းရောင်ကို ပိတ်ဆို့နိုင်ပါတယ်။
  • 4:28 - 4:31
    ခင်ဗျားတို့ သတိထားမိကြမှာက
    စွမ်းအင်ထုတ်လုပ်မှု ကျဆင်းသွားပါတယ်၊
  • 4:31 - 4:33
    တချိန်တည်းမှာ ဗီဒီယို ရပ်သွားပါတယ်။
  • 4:33 - 4:37
    ကျွန်တော်က အတားအဆီးကို ဖယ်ရှားလိုက်ရင်
    ဗီဒီယိုဟာ ပြန်စတင်ပါမယ်။
  • 4:37 - 4:44
    (လက်ခုပ်သံများ)
  • 4:44 - 4:46
    အဲဒါကို ထပ်တလဲလဲ လုပ်ပြနိုင်ပါတယ်။
  • 4:46 - 4:51
    ဗီဒီယို ထုတ်လွှင့်မှုကို ရပ်စဲလိုက်တာနဲ့
    စွမ်းအင် ထုတ်လုပ်မှုလည်း ရပ်တန့်သွားပါတယ်။
  • 4:51 - 4:56
    ဒီတော့ နေရောင်ခြည်စု ဆဲလ်ဟာ
    အသံလွှင့်စက်ဖြစ်နိုင်တာကို ပြသပါတယ်။
  • 4:56 - 5:01
    ဒီ LED မီးလုံးဟာ လမ်းပေါ်က မီးလုံးဖြစ်တယ်၊
    အဲဒီမှာ မြူထူနေတယ် ဆိုပါစို့။
  • 5:02 - 5:04
    ကျွန်တော်ဟာ မြူထူနေတာကို
    စမ်းလုပ်ကြည့်ပါမယ်၊
  • 5:04 - 5:07
    လက်ကိုင်ပုဝါကို ကျွန်တော် ယူလာခဲ့တာ
    အဲဒါ့အတွက်ပါ။
  • 5:07 - 5:09
    (ရယ်မောသံများ)
  • 5:09 - 5:13
    လက်ကိုင်ပုဝါကို နေရောင်ြခည်စု ဆဲလ်ပေါ်
    ဖုံးအုပ်လိုက်ကြပါစို့။
  • 5:14 - 5:16
    ပထမ ခင်ဗျားတို့ သတိထားမိမှာက
  • 5:16 - 5:20
    စွမ်းအင် ထုတ်လုပ်မှုဟာ မျှော်လင့်ခဲ့သလို
    ကျဆင်းလာခဲ့တယ်၊
  • 5:20 - 5:22
    ဒါပေမဲ့၊ ဗီဒီယို ဆက်မြင်နေရတုန်းပါပဲ။
  • 5:23 - 5:25
    ဆိုလိုတာက၊ အတားအဆီး ရှိနေတာတောင်မှာ၊
  • 5:25 - 5:29
    လက်ကိုင်ပုဝါကို ဖြတ်ပြီး ဆဲလ်ဆီကို
    လာနေတဲ့ အလင်းရောင်ဟာ
  • 5:29 - 5:35
    ဆဲလ်အနေနဲ့ ကုဒ်ကို ပြန်ဖွင့်နိုင်ကာ
    အချက်အလက်တွေကို ထုတ်လွှင့်ရန်လုံလောက်တယ်၊
  • 5:35 - 5:37
    အထူးပြတ်သားတဲ့ ဗီဒီယိုကို ပြပေးနိုင်ပါတယ်။
  • 5:39 - 5:45
    အရေးကြီးတဲ့အချက်က နေရောင်ခြည်စု ဆဲလ်ကို
    အလင်းဖြင့် ကုဒ်သွင်းထားတဲ့
  • 5:45 - 5:48
    နှုန်းမြင့် ကြိုးမဲ့ အချက်ပြမှုများကို
    ဖမ်းယူတဲ့ စက်အဖြစ် သုံးနိုင်ြခင်းပါပဲ၊
  • 5:48 - 5:53
    ၎င်းရဲ့ အဓိကဖြစ်တဲ့ စွမ်းအင်ထုတ်လုပ်ရေး
    အင်္ဂါရပ်ကို အသုံးချနေခြင်းပါပဲ။
  • 5:54 - 5:56
    အဲဒါကြောင့်မို့လို့ တဲအိမ် အမိုးပေါ်ရှိ
  • 5:56 - 6:00
    နေရောင်ခြည်စု ဆဲလ်ကို
  • 6:00 - 6:03
    လှိုင်းခွင်ကျယ် ဖမ်းစက်အဖြစ် သုံးနိုင်လာကာ
  • 6:03 - 6:07
    အနီးရှိ တောင်ကုန်းပေါ်က လေဆာ ဌာန၊
    လမ်းမီးမှ အချက်အလက်တွေကို ရယူနိုင်ပါတယ်။
  • 6:08 - 6:11
    လာတဲ့ အလင်းရောင်က ဆဲလ်ရဲ့ ဘယ်နေရာကို
    လာထိုးမယ် ဆိုတာ အရေးမကြီးပါဘူး။
  • 6:12 - 6:13
    ပြူတင်းပေါက်မှာတပ်ဆင်တဲ့
  • 6:13 - 6:17
    ဖောက်မြင်ရတဲ့ နေရောင်ခြည်စု ဆဲလ်တွေကိုလည်း
    အလားတူ သုံးနိုင်ပါတယ်။
  • 6:17 - 6:20
    လမ်းပေါ်က အဆောက်အအုံများထဲမှာ
    တပ်ဆင်ထားတဲ့ ဆဲလ်တွေ၊
  • 6:20 - 6:25
    ဒီလို သန်းချီရှိကြတဲ့ ကိရိယာများထဲမှာ
    တပ်ဆင်ထားတဲ့ ဆဲလ်တွေ
  • 6:25 - 6:27
    Internet of Things ဆိုတာကို
    ဖန်တီးကြပါမယ်။
  • 6:27 - 6:28
    ရိုးရှင်းနေတဲ့ အချက်က
  • 6:28 - 6:31
    ဒီကိရိယာတွေကို ကျွန်တော်တို့
    မပြောင်းလဲချင်ကြပါ၊
  • 6:31 - 6:34
    အဆိုးဆုံးဆိုလို့ လအနည်းကြာရင်
    ဓာတ်ခဲတွေကိုသာ လဲချင်ကြတာပါ။
  • 6:34 - 6:36
    ကျွန်တော် အစောပိုင်းက ပြောခဲ့သလို၊
  • 6:36 - 6:38
    ဒါကို အများပြည်သူကို
    ပထမဦးဆုံးအကြိမ် ပြပေးတာပါ။
  • 6:39 - 6:41
    ဓာတ်ခွဲခန်း စမ်းသပ်ပြသမှုနဲ့
    ဆင်တူပါတယ်။
  • 6:41 - 6:42
    စမ်းသပ်ရေးပုံစံမျိုးပါ။
  • 6:42 - 6:46
    ဒါပေမဲ့ ဒါကို ကျွန်တော်တို့ဟာ ဈေးကွက်ထဲကို
    နှစ်နှစ် သုံးနှစ်အတွင်းမှာ
  • 6:46 - 6:48
    တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
  • 6:48 - 6:54
    ပြီးတော့ ဒီဂျီတယ် ကွာဟချက်ကို ပိတ်ရန်၊
    ပြီးတော့ သန်းချီရှိနေကြတဲ့
  • 6:54 - 6:55

    ကိရိယာတွေကို အင်တာနက်သို့
  • 6:55 - 6:58
    ဆက်သွယ်ပေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
  • 6:58 - 7:00
    ဒါတွေကို စွမ်းအင် သုံးစွဲမှု
  • 7:00 - 7:02
    အလုံးအရင်းဖြင့် ကြီးထွားမလာစေဘဲ
    လုပ်နိုင်ပါမယ်၊
  • 7:02 - 7:05
    နေရောင်စု ဆဲလ်တွေဟာ
    ချွေတာပေးကြမှာပါ။
  • 7:05 - 7:06
    ကျေးဇူးတင်ပါတယ်။
  • 7:06 - 7:11
    (လက်ခုပ်သံများ)
Title:
ကြိုးမဲ့ အင်တာနက်အတွက် လုံးဝဆန်းသစ်တဲ့ တီထွင်မှု
Speaker:
Harald Haas
Description:

လိုအပ်တဲ့ ပံ့ပိုးမှု အဆောက်အအုံတွေ မရှိကြလို့ အင်တာနက် မသုံးနိုင်ကြတဲ့ ပြည်သူ သန်း ၄၀၀၀ ကျော်တို့အတွက် ရှိနေဆဲ နည်းပညာတွေကို သုံးပြီး အင်တာနက်ကို စီစဉ်ပေးနိုင်မယ်ဆိုရင်ကော။ ဆိုင်တွေမှာ ဝယ်လို့ရနိုင်တဲ့ LED မီးလုံးများနဲ့ နေရောင်စု ဆဲလ်တွေကို သုံးလျက် Harald Haas ရဲ့ အဖွဲ့က နည်းပညာ အသစ်တစ်ခုကို တီထွင်လိုက်ကြရာ အလင်းရောင်ကို သုံးပြီး ဒေတာကို ထုတ်လွှင့်ပေးနိုင်ပါမယ်။ အဲဒါဟာ ဒီဂျီတယ် ကွာဟချက် ပြဿနာကိုပါ ဖြည့်ဆည်းပေးနိုင်ပါတယ်။ အင်တာနက် အနာဂတ် မြင်ကွင်းကို ကြည့်ကြည့်ကြပါစို့။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:24

Burmese subtitles

Revisions