Return to Video

သစ်တောလေးများ နေရာတိုင်းမှာ ပျိုးထောင်နည်း။

  • 0:00 - 0:02
    ကျွန်တော်ဟာ စက်မှုအင်ဂျင်နီယာပါ။
  • 0:02 - 0:05
    ကျွန်တော်ရဲ့ ဘဝထဲမှာ အချိန်နဲ့
    ရင်းမြစ်တွေကို အဖြစ်နိုင်ဆုံး အနည်းဆုံး
  • 0:05 - 0:08
    အနည်းဆုံး သုံးပြီးထုတ်ကုန် အများဆုံး
    ထုတ်လုပ်ရေးဟာ
  • 0:08 - 0:09
    အဓိက ပန်းတိုင်ကြီး ဖြစ်ခဲ့ပါတယ်။
  • 0:09 - 0:11
    တိုယိုတာမှာ လုပ်ခဲ့စဉ်တုန်းက
  • 0:11 - 0:13
    ကျွန်တော် Dr. Akira Miyawaki နဲ့
    မတွေ့ခင်အထိ
  • 0:13 - 0:15
    ကျွန်တော် သိခဲ့သမျှဟာ
    ကားထုတ်လုပ်မှုသာ ဖြစ်ခဲ့ပါတယ်၊
  • 0:15 - 0:19
    စက်ရုံကို သူရောက်လာခဲ့တာက စက်ရုံထဲ
    သစ်တော ဆောက်လုပ်ပြီး
  • 0:19 - 0:21
    စက်ရုံကို ကာဗွန်အကျိုးသက်ရောက်မှု
    ချေဖျက်ဖို့ ဖြစ်ပါတယ်။
  • 0:21 - 0:23
    ကျွန်တော်ဟာ အဲဒီစိတ်ကူးကို အားကျမိလို့
  • 0:23 - 0:26
    အဲဒီနည်းကို လေ့လာရန် ဆုံးဖြတ်ခဲ့ကာ
  • 0:26 - 0:29
    သူ့အဖွဲ့ထဲမှာ စေတနာ့ဝန်ထမ်း ပါဝင်ခဲ့ပါတယ်။
  • 0:29 - 0:30
    မကြာမီမှာပဲ၊ ကျွန်တော်ဟာ
  • 0:30 - 0:33
    ကျွန်တော် အိမ်ရဲ့ နောက်ဖေးမှာ
    သစ်တောကို ပျိုးထောင်လာပါတယ်၊
  • 0:33 - 0:37
    ဒါကတော့ အဲဒါသုံးနှစ်အကြာမှာ မြင်ရပုံပါပဲ။
  • 0:37 - 0:38
    ဒီသစ်တောတွေဟာ၊
  • 0:38 - 0:40
    သမရိုးကျ စိုက်ယူတဲ့ သစ်တောများနဲ့စာရင်၊
  • 0:40 - 0:42
    ကြီးထားမှုနှုန်းဟာ ၁၀ ဆပိုမြန်ပါတယ်၊
  • 0:42 - 0:45
    င်းတို့ဟာ အဆ ၃၀ ပိုပြီး သိပ်သည်းကြပြီး၊
  • 0:45 - 0:49
    ဇီဝမျိုးစုံမှု အဆ ၁၀၀ ပိုများပါတယ်။
  • 0:49 - 0:52
    ကျွန်တော်တို့ နောက်ဖေးမှာ အဲဒီသစ်တော
    ရှိလာတဲ့ နှစ်နှစ်အတွင်းမှာ၊
  • 0:52 - 0:53
    မြေအောက်ရှိ ရေဟာ နွေရာသီမှာ
  • 0:53 - 0:55
    ခြောက်မသွားတာကို ကျွန်တော် သတိထားမိတယ်၊
  • 0:55 - 0:58
    ဒီနေရာ တဝိုက်မှာ ရှာတွေ့နိုင်ခဲ့တဲ့
    ငှက်မျိုးစိတ်တွေရဲ့
  • 0:58 - 1:00
    အရေအတွက် နှစ်ဆတိုးလာခဲ့ပါတယ်။
  • 1:00 - 1:01
    လေရဲ့ အရည်အသွေး ပိုကောင်းလာတယ်၊
  • 1:01 - 1:03
    ပြီးတော့ ကျွန်တော်တို့ဟာ
    အထူးအားစိုက်ရခြင်း မရှိဘဲ
  • 1:03 - 1:05
    ကျွန်တော်တို့ရဲ့ အိမ်နောက်ဖေးမှာကိုပဲ
  • 1:05 - 1:08
    အသီးတွေကို ရာသီလိုက်
    ဆွတ်ခူး စားသုံးလာနိုင်ကြပါတယ်။
  • 1:08 - 1:10
    ကျွန်တော် ဒီလိုသစ်တောတွေကို
    ပိုလို့ကို ပျိုးထောင်လိုပါတယ်။
  • 1:10 - 1:12
    အဲဒီရလဒ်တွေကြောင့် အားတက်လာတိုက်တာ
  • 1:12 - 1:14
    အဲဒီလို သစ်တောတွေကို ကျွန်တော်ဟာ
  • 1:14 - 1:16
    ကားတွေကိုထုတ်လုပ်သလို၊
    ဒါမှမဟုတ် ဆော့ဝဲ ပြုစုသလို
  • 1:16 - 1:20
    ဒါမှမဟုတ် လုပ်ငန်းတစ်ခုလို ကျွန်တော်ဟာ
    ဇောက်ချ လုပ်ကိုင်ချင်ခဲ့လို့
  • 1:20 - 1:22
    အဲဒီလို သဘာဝ သစ်တောများကို ဖန်တီးပေးတဲ့
  • 1:22 - 1:24
    အစမှအဆုံးအထိကို ဝန်ဆောင်ပေးတဲ့
  • 1:24 - 1:27
    ကုမ္ပဏီ တစ်ခုကို ထူထောင်ခဲ့ပါတယ်။
  • 1:27 - 1:30
    ဒါပေမဲ့ သစ်တော ပျိုးထောင်ရေးကိစ္စကို
    အဓိက လုပ်ငန်း
  • 1:30 - 1:32
    ဒါမှမဟုတ် စက်မှုလုပ်ငန်း
    တစ်ခုအဖြစ် လုပ်ကိုင်ဖို့
  • 1:32 - 1:35
    သစ်တော ပျိုးထောင်ရေးလုပ်ငန်းကို
    စံနှုန်းချပေးလိုတယ်။
  • 1:35 - 1:37
    အဲဒါနဲ့ မိမိရဲ့ အရည်အသွေးနဲ့
    ထိရောက်မှုအတွက် ထင်ရှားတဲ့
  • 1:37 - 1:39
    တိုယိုတာ ထုတ်လုပ်ရေး စနစ်ကို
  • 1:39 - 1:42
    သစ်တော ထုတ်လုပ်မှု လုပ်ငန်းအတွက်
    စံအဖြစ် သတ်မှတ်လိုက်တယ်။
  • 1:42 - 1:45
    ဥပမာ တစ်ခုအဖြစ်၊ TPS ခေါ်
    တိုယိုတာ ထုတ်လုပ်ရေး စနစ်ရဲ့
  • 1:45 - 1:48
    ဗဟိုချက်ဟာ heijunka ဆိုတာပါ၊
  • 1:48 - 1:49
    အဲဒါက ကား မော်ဒယ် အမျိုးမျိုးကို
  • 1:49 - 1:52
    တစ်ခုတည်းသော လိုင်းဖြင့်
  • 1:52 - 1:53
    ဆင်ပေးခြင်းကို ဆိုလိုပါတယ်။
  • 1:53 - 1:56
    ကျွန်တော်တို့ဟာ ကားတွေကို
    အပင်တွေနဲ့ အစားထိုးလိုက်ပါတယ်၊
  • 1:56 - 2:00
    အဲဒါကို သုံးလိုက်လို့ အထပ်များစွာပါတဲ့
    သစ်တောတွေကို ပျိုးထောင်နိုင်ပါပြီ။
  • 2:00 - 2:03
    အဲဒီ သစ်တောတွေဟာ ဒေါင်လိုက်
    နေရာတွေကို ၁၀၀ ရာခိုင်နှုန်း အသုံးချပါတယ်။
  • 2:03 - 2:05
    ၎င်းတို့ဟာ ဘယ်လောက် သိပ်သည်းကြသလဲဆိုတော့
  • 2:05 - 2:08
    အဲဒီထဲကို ဝင်ပြီး လမ်းလျှောက် မရနိုင်ပါဘူး
  • 2:08 - 2:11
    ဥပမာ၊ ကျွန်တော်တို့ဟာ
    ၃၀၀-အပင် ရှိတဲ့ သစ်တောကို ဖန်တီးနိုင်ပါတယ်
  • 2:11 - 2:14
    အဲဒါဟာ ကား ၆ စီး ရပ်နိုင်တဲ့
    ကားထားရုံ နေရာလေးမှာ ဖြစ်ပါတယ်။
  • 2:14 - 2:18
    ကုန်ကျစရိတ်ကို ပြီးတော့ ကျွန်တော်တို့ရဲ့
    ကာဗွန် ခြေရာတွေကို လျှော့ချနိုင်ရန် အတွက်၊
  • 2:18 - 2:21
    ကျွန်တော်တို့ဟာ အဲဒီထဲက
    သက်ရှိအလေးချိန်ပမာဏကို
  • 2:21 - 2:24
    မြေဆီလွှာ ပြုပြင်ပေးတဲ့အရာနှင့်
    မြေဩဇာအဖြစ် အသုံးပြုနေကြပါပြီ။
  • 2:24 - 2:27
    ဥပမာ၊ အုန်းခွံတွေကို စက်ထဲ ကြိတ်လိုက်ပြီး
  • 2:27 - 2:30
    ကောက်ရိုး၊ စပါးခွံအမှုန့်ကို
  • 2:30 - 2:34
    သဘာဝ မြေဩဇာနဲ့ ရောပေးထားတာကို
  • 2:34 - 2:36
    မြေဆီလွှာထဲကို ထိုးသိပ်ပေးထားတဲ့ အပေါ်မှာ
  • 2:36 - 2:38
    ကျွန်တော်တို့ရဲ့ သစ်တောကို စိုက်ပေးပါတယ်။
  • 2:38 - 2:41
    စိုက်ပေးလိုက်တဲ့ နောက်မှာ၊ ကျွန်တော်တို့ဟာ
  • 2:41 - 2:44
    မြေကို မြက်ပင် သို့မဟုတ်
    ကောက်ရိုးဖြင့် ဖုံးအုပ်ပေးပါတယ်
  • 2:44 - 2:45
    သွင်းပေးလိုက်တဲ့ ရေအားလုံးဟာ
  • 2:45 - 2:48
    လေထုထဲကို ပြန်ပြီး အငွေ့ပြန်မသွားဖို့ပါ။
  • 2:48 - 2:50
    အဲဒီလို ရိုးရိုးလေး
    ကြံဆတီထွင်မှုတွေကို သုံးပြီး
  • 2:50 - 2:51
    ကျွန်တော်တို့ဟာ ဒီနေ့မှာ
  • 2:51 - 2:55
    သစ်တော တစ်ခုကို iPhone တစ်ခုရဲ့
    ဈေးလောက်နဲ့ကို ဖန်တီးပေးနိုင်ပါတယ်။
  • 2:55 - 2:58
    ဒီနေ့ဆိုရင်၊ ကျွန်တော်တို့ဟာ
    သစ်တောတွေကို အိမ်တွေထဲမှာ၊
  • 2:58 - 3:02
    ကျောင်းတွေမှာ၊ ကုမ္ပဏီ စက်ရုံတွေမှာ
    တောင် စိုက်ပေးနေကြပါပြီ။
  • 3:02 - 3:04
    ဒါပေမဲ့ ဒါဟာ မလုံလောက်သေးပါဘူး။
  • 3:04 - 3:06
    ကိစ္စအဝဝကို မိမိုတို့ရဲ့
    လက်ထဲကို ရယူချင်ကြတဲ့
  • 3:06 - 3:09
    လူတွေ အများအပြား ရှိကြပါတယ်။
  • 3:09 - 3:11
    အဲဒီတော့ အဲဒါကို ခွင့်ပြုပေးကြပါစို့။
  • 3:11 - 3:15
    ဒီနေ့မှာ ကျွန်တော်တို့ အင်တာနက်-အခြေခံ
    ပလက်ဖောင်းကို ပြုစုနေကြပါတယ်
  • 3:15 - 3:18
    အဲဒီလိုနည်းဖြင့် ကျွန်တော်တို့ရဲ့
    နည်းပညာကို မျှပေးလိုပါတယ်
  • 3:18 - 3:19
    အခမဲ့ ဖွင့်ပေးဖို့ပါ
  • 3:19 - 3:21
    အဲဒါကို အသုံးပြုပြီး လူတိုင်းဟာ
  • 3:21 - 3:23
    ကိုယ်ပိုင် သစ်တော ဖန်တီးနိုင်တယ်
  • 3:23 - 3:25
    ကျွန်တော်တို့ရဲ့ နည်းပညာကို သုံးရင်
  • 3:25 - 3:27
    ကျွန်တော်တို့ အဲဒီမှာ
    မရှိဘဲနဲ့ လုပ်နိုင်ပါတယ်။
  • 3:27 - 3:28
    ခလုတ်ကို ကလစ်လိုက်ရုံနဲ့
  • 3:28 - 3:29
    သူတို့ ဒေသထဲက ရှိနိုင်တဲ့
  • 3:29 - 3:31
    အပင်တွေရဲ့ မျိုးစိတ်တွေကို သိနိုင်ကြပါတယ်။
  • 3:31 - 3:35
    သက်ဆိုင်ရာ နေရာမှာ ဟာ့ဒ်ဝဲ
    သေးသေးလေး တစ်ခုကို တပ်ဆင်လိုက်ခြင်းဖြင့်
  • 3:35 - 3:38
    ကျွန်တော်တို့ဟာ အဲဒီက မြေကို
    အဝေးမှနေပြီ စမ်းသပ်နိုင်ပါတယ်၊
  • 3:38 - 3:42
    အဲဒီရလဒ်ကို သုံးပြီး အဝေးမှနေပြီး
    သစ်တော ပျိုးထောင်ရေး လုပ်ငန်းကို
  • 3:42 - 3:45
    တစ်ဆင့်ပြီး တစ်ဆင့်
    လမ်းညွှန်ပေးနိုင်ကြပါမယ်။
  • 3:45 - 3:48
    အဲဒါ့အပြင် ကျွန်တော်တို့ဟာ
    အဲဒီမှာ ရှိမနေတောင်မှ
  • 3:48 - 3:50
    သစ်တောကြီးထွားမှုကို
    စောင့်ကြပ်ပေးနိုင်ပါတယ်။
  • 3:50 - 3:53
    ဒီနည်းပညာမှာ ကြီးမားတဲ့ အလားအလာရှိတာကို
  • 3:53 - 3:55
    ကျွန်တော် ယုံကြည်ပါတယ်။
    ဒါကို မျှဝေပေးခြင်းဖြင့်၊
  • 3:55 - 3:58
    ကျွန်တော်တို့ ဒေသရင်းသစ်တောတွေကို
    ပြန်ထူထောင်ပေးနိုင်ပါတယ်။
  • 3:58 - 3:59
    ခင်ဗျားတို့ အိမ်ကို ပြန်ရောက်ရင်၊
  • 3:59 - 4:01
    ပလပ်မြေကွက် တစ်ခုခု တွေ့မြင်ရရင်၊
  • 4:01 - 4:05
    အဲဒါဟာ သစ်တော တစ်ခုအတွက်
    နေရာကောင်းဖြစ်နိုင်တာကို မမေ့ကြပါနဲ့။
  • 4:05 - 4:07
    ကျေးဇူး အများကြီး တင်ပါတယ်။ ကျေးဇူးပါပဲ။
  • 4:07 - 4:09
    (လက်ခုပ်တီးသံများ)
Title:
သစ်တောလေးများ နေရာတိုင်းမှာ ပျိုးထောင်နည်း။
Speaker:
Shubhendu Sharma
Description:

လူတွေပြုစုပျိုးထောင်ပြီး၊ သဘာဝရဲ့ကိုယ်ပိုင် လက်နက်တွေအဖြစ်နဲ့ ထားပစ်ခံရတဲ့ သစ်တောတစ်တော သက်တမ်းစေ့လာဖို့ အနည်းဆုံးနှစ်(၁၀၀)ကြာပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို (၁၀) ဆ ပိုမြန်လိုက်မယ်ဆိုရင်ရော။ ဒီဟောပြောချက် အတိုလေးထဲမှာ ဂေဟ စွန့်ဦးထွင်သူ (TED ဝိုင်းတော်သား) Shubhendu Sharma ဘယ်နေရာမှာမဆို အသေးစား ဂေဟစနစ်တစ်ခု ဘယ်လိုဖန်တီးမလဲ ဆိုတာကို ရှင်းပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
04:22

Burmese subtitles

Revisions