Return to Video

ရှုပ်ထွေးတဲ့ ဆဲလ်တွေ ဆင့်ကဲပြောင်းလဲလာခဲ့ကြပုံ ကျွန်ုပ်တို့ရဲ့ ယူဆချက်။ - Adam Jacobson

  • 0:07 - 0:10
    သင်ဟာ အခြားသတ္တဝါ တစ်ကောင်ကို
    ဝါးမျိုလိုက်လို့
  • 0:10 - 0:12
    သူ့ရဲ့ စွမ်းရည်တွေ ရသွားရင်
    ဘယ်လိုများ ဖြစ်လာမလဲ။
  • 0:12 - 0:17
    သင်ဟာ ငှက်လေး တစ်ကောင်ကို ဝါးမျိုပြီး
    ချက်ချင်း ပျံသန်းနိုင်တာကို တွေးကြည့်ပါ။
  • 0:17 - 0:19
    ဒါမှမဟုတ် မြွေဟောက် တစ်ကောင်ကို မျိုပြီး
  • 0:19 - 0:23
    သင့်သွားတွေကနေ အဆိပ်ရည်တွေ
    ပန်းထုတ်နိုင်တယ်လို့ပေါ့။
  • 0:23 - 0:25
    သက်ရှိ သမိုင်းကြောင်း တစ်လျှောက်မှာ၊
  • 0:25 - 0:30
    အထူးသဖြင့် ရှုပ်ထွေးတဲ့
    Eukaryote ဆဲလ်တွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ
  • 0:30 - 0:33
    အဲ့လိုအရာတွေ တစ်ချိန်လုံး ဖြစ်နေခဲ့ပါတယ်။
  • 0:33 - 0:36
    သက်ရှိ ဆဲလ်တစ်ခုက
    နောက်တစ်ခုကို ဝါးမျိုပြီး
  • 0:36 - 0:42
    နောက်သက်ရှိ အသစ်တစ်ခုအဖြစ် ပေါင်းစည်းပြီး
    ဆဲလ်နှစ်ခုလုံးရဲ့ စွမ်းရည်တွေ ရရှိသွားတယ်။
  • 0:42 - 0:45
    လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၂၀၀၀ ဝန်းကျင်က
  • 0:45 - 0:49
    ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးဟာ
    Prokaryote ဆိုတဲ့
  • 0:49 - 0:55
    အမြှေးပါး ကာရံထားတဲ့ အင်္ဂါငယ်တွေ မရှိတဲ့
    ဆဲလ်တစ်လုံး သတ္တဝါတွေချည်းဖြစ်ခဲ့ကြတယ်။
  • 0:55 - 0:57
    သူတို့ထဲက သုံးကောင်ကို
    အနီးကပ် လေ့လာကြည့်ကြစို့။
  • 0:57 - 1:01
    တစ်ကောင်က အရွယ်ကြီးပြီး
    ရေစက်နဲ့တူတဲ့ ဆဲလ်ဖြစ်တယ်။
  • 1:01 - 1:06
    သူဟာ ဆဲလ်အမြှေးပါးတွေကို ထွေးပိုက်ပြီး
    အနီးအနားက အရာတွေကို ဝါးမျိုနိုင်တယ်။
  • 1:06 - 1:08
    နောက်တစ်ခုက ဘက်တီးရီးယား ဆဲလ်ပါ။
  • 1:08 - 1:14
    သူက နေစွမ်းအင်ကိုသုံးပြီး အစာကို သကြား
    ဖြစ်အောင် ပြောင်းပေးနိုင်တယ်။
  • 1:14 - 1:19
    တတိယ တစ်ခုကတော့ အောက်ဆီဂျင်ဓာတ်ငွေ့နဲ့
    သကြားလိုမျိုး အာဟာရတွေကို ဖြိုခွဲကာ
  • 1:19 - 1:24
    ထွက်လာတဲ့ စွမ်းအင်ကို ရှင်သန်ရေးအတွက်
    သုံးမယ့် ပုံစံအဖြစ် ပြောင်းလဲနိုင်တယ်။
  • 1:24 - 1:29
    ရေစက်ပုံစံ ဆဲလ်တွေဟာ အလင်းကနေ
    အစာချက်တဲ့ ဘက်တီးရီးယားတွေကို ဝါးမျိုတယ်။
  • 1:29 - 1:35
    အဲဒီ ဘက်တီးရီးယားတွေက ရေစက်ပုံစံ ဆဲလ်ထဲမှာ
    နေပြီး ပုံမှန်အတိုင်း ပွားများကြတယ်။
  • 1:35 - 1:37
    ဒါပေမဲ့ ဒီသက်ရှိ နှစ်ခုဟာ
    ချိတ်ဆက်သွားပါပြီ။
  • 1:37 - 1:40
    တကယ်လို့ ဒီသက်ရှိဖွဲ့စည်းမှုကို
    သင်ဟာ အမှတ်မထင် တွေ့မိရင်
  • 1:40 - 1:43
    ဒီအရာက သက်ရှိတစ်ကောင်ပဲလို့
    သင် တွေးမိလိမ့်မယ်။
  • 1:43 - 1:46
    အလင်းနဲ့အစာချက်နိုင်တဲ့
    အစိမ်းရောင် ဘက်တီးရီးယားက
  • 1:46 - 1:47
    ရေစက်ဆဲလ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး
  • 1:47 - 1:50
    အဲဒီဆဲလ်ရဲ့ ဇီဝဖြစ်စဉ်ထဲတွင်
    ပါဝင် လုပ်ဆောင်ပေးတယ်၊
  • 1:50 - 1:52
    သင့်အင်္ဂါ တစ်ခုဖြစ်တဲ့ နှလုံးကနေပြီး
  • 1:52 - 1:56
    သင့်သွေးတွေကို ညှစ်ထုတ်ပေးတဲ့
    လုပ်ငန်းကို လုပ်ကိုင်သလိုပါပဲ။
  • 1:56 - 2:01
    သက်ရှိဆဲလ်တွေ အတူတကွ ရှင်သန်ကြတဲ့
    ဒီဖြစ်စဉ်ကို Endosymbiosis လို့ ခေါ်ပါတယ်။
  • 2:01 - 2:04
    ဒီဖြစ်စဉ်မှာ သက်ရှိတစ်ခုထဲမှာ
    သက်ရှိနောက်တစ်ခုက နေထိုင်ပါတယ်။
  • 2:04 - 2:07
    ဒါပေမယ့် Endosymbiosis က
    အဲဒီမှာ ရပ်မသွားပါဘူး။
  • 2:07 - 2:11
    တကယ်လို့ နောက်ဘက်တီးရီးယား တစ်ကောင်
    ဝင်လာခဲ့ရင် ဘာတွေဖြစ်မလဲ။
  • 2:11 - 2:15
    အခု ဒီဆဲလ်မျိုးစိတ်တွေဟာ
    အဆင့်မြင့် ရှုပ်ထွေးစပြုနေပါပြီ။
  • 2:15 - 2:17
    သူတို့ဟာ အရွယ်ကြီးပြီး
    ရှုပ်ထွေးတဲ့ အရာတွေဖြစ်တဲ့
  • 2:17 - 2:21
    Chloroplast နဲ့ Mitochondria တွေနဲ့
    ပြည့်နှက်နေပါတယ်။
  • 2:21 - 2:24
    ဒီအရာတွေက အတူတကွ အလုပ်လုပ်ပြီး
    နေရောင်ကိုအသုံးချကာ
  • 2:24 - 2:25
    သကြားဓာတ်ကို ထုတ်လျက်
  • 2:25 - 2:28
    အဲဒီ သကြားဓာတ်ကို အောက်ဆီဂျင်ကို
    သုံးပြီး ဖြိုခွဲပါတယ်။
  • 2:28 - 2:33
    အဲဒီအချိန်မှာ ကမ္ဘာ့လေထုထဲ
    စပေါ်လာခဲ့တဲ့ အောက်ဆီဂျင်ကို သုံးတာပေါ့။
  • 2:33 - 2:35
    သက်ရှိတမျိုးက အခြားသက်ရှိကို
    ဝါးမျိုခြင်းက
  • 2:35 - 2:39
    ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ
    လိုက်လျော ညီထွေ​ေတဲ့
  • 2:39 - 2:41
    နည်းတစ်နည်း ဖြစ်ပါတယ်။
  • 2:41 - 2:46
    ဒီဇာတ်လမ်းလေးက ဇီဝဗေဒပညာရှင်တွေ ပြောနေတဲ့
    Endosymbiotic သီအိုရီကို မီးမောင်းထိုးပြီး
  • 2:46 - 2:51
    ရှုပ်ထွေးတဲ့ ဆဲလ်တွေရဲ့ ဆင့်ကဲဖြစ်စဉ်အတွက်
    လက်ရှိမှာ အကောင်းဆုံးရှင်းလင်းချက်ဖြစ်တယ်။
  • 2:51 - 2:53
    ဒီအယူအဆကို ထောက်ခံတဲ့
    သက်သေသာဓက အများအပြားရှိပေမဲ့
  • 2:53 - 2:56
    အဓိကအချက် သုံးခုကို ကြည့်ကြရအောင်။
  • 2:56 - 2:59
    ပထမအနေနဲ့ ကျွန်တော်တို့ရဲ့ ဆဲလ်ထဲက
    Chloroplast နဲ့ Mitocondria တွေက
  • 2:59 - 3:03
    ရှေးဦး ဘက်တီးရီးယားများ အတိုင်း
    ပွားများကြတယ်။
  • 3:03 - 3:05
    ရှေးဦး ဘက်တီးရီးယားတွေက
    အခုထိ ရှိပါသေးတယ်။
  • 3:05 - 3:10
    ဆဲလ်ထဲက အဲဒီအရာတွေကို ဖျက်စီးလိုက်ရင်
    အသစ် ထပ်မံ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။
  • 3:10 - 3:12
    ဆဲလ်က အဲဒီအရာတွေကို
    မဖန်တီးနိုင်ပါ။
  • 3:12 - 3:15
    သူတို့ကိုယ်တိုင်ပဲ ပွားများနိုင်ပါတယ်။
  • 3:15 - 3:17
    ဒုတိယ သက်သေ တစ်ခုကတော့
  • 3:17 - 3:23
    Chloroplast နဲ့ Mitochondria တွေမှာ
    ကိုယ်ပိုင် DNA နဲ့ Ribosome တွေရှိပါတယ်။
  • 3:23 - 3:25
    သူတို့ DNA က အဝိုင်းပုံသဏ္ဍာန်ရှိပြီး
  • 3:25 - 3:29
    ရှေးဦး ဘက်တီးရီးယားရဲ့ DNA နဲ့
    သိသာထင်ရှားစွာ ဆင်တူနေပါပြီး
  • 3:29 - 3:32
    တူညီတဲ့ မျိုးဗီဇတွေများစွာ ပါဝင်ပါတယ်။
  • 3:32 - 3:37
    Chloroblast နဲ့ Motochondria တို့ရဲ့
    ပရိုတိန် းစီစက်ဖြစ်တဲ့ Ribosome တွေဟာလည်း
  • 3:37 - 3:41
    ရှေးဦး ဘက်တီးရီးယားတွေရဲ့ Ribosome တွေရဲ့
    ဖွဲ့စည်းပုံနဲ့ တူညီနေပါတယ်။
  • 3:41 - 3:43
    ဒါပေမဲ့ ကျန်တဲ့ Eukaryote ဆဲလ်တွေရဲ့
  • 3:43 - 3:46
    Ribosome တွေနဲ့တော့ ကွာခြားပါတယ်။
  • 3:46 - 3:51
    နောက်ဆုံးအနေနဲ့ ဆဲလ်ဝါးမျိုခြင်းမှာပါတဲ့
    အမြှေးပါးတွေကို စဉ်းစားကြည့်ပါ။
  • 3:51 - 3:56
    Chloroplast နဲ့ Mitochondria နှစ်ခုလုံးမှာ
    ကာရံထားတဲ့ အမြှေးပါး နှစ်ထပ်ရှိပါတယ်။
  • 3:56 - 3:58
    အတွင်းလွှာ နဲ့ အပြင်လွှာ ဖြစ်ပါတယ်။
  • 3:58 - 4:02
    အတွင်းလွှာမှာ အဆီ နဲ့ ပရိုတိန်း ပါဝင်ပြီး
  • 4:02 - 4:04
    အပြင်လွှာမှာတော့ အဲတာတွေ မပါဝင်ပါဘူး။
  • 4:05 - 4:07
    အဲဒါက ဘာလို့ အရေးပါတဲ့ အချက်ဖြစ်တာလဲ။
  • 4:07 - 4:10
    ဘာလို့လဲဆိုတော့ သူတို့အပြင်လွှာဟာ
    ရေစက်ဆဲလ်ရဲ့ အမြှေးပါး ဖြစ်နေလို့ပါ။
  • 4:10 - 4:13
    Endosymbiosis ဖြစ်စဉ်မှာ
    သူတို့ကို ဝါးမျိုခံခဲ့ရစဉ်တုန်းက
  • 4:13 - 4:18
    အဲဒီအလွှာက ထွေးပိုက်ခံခဲ့ရလို့
    ကိုယ်ပိုင်အလွှာဟာ အတွင်းလွှာဖြစ်သွားတာပါ။
  • 4:18 - 4:20
    သေချတာ တစ်ခုကတော့
    အဲဒီ အဆီတွေနဲ့
  • 4:20 - 4:25
    ပရိုတိန်းတွေကို ရှေးဦး ဘက်တီးရီးယားတွေရဲ့
    အမြှေးပါးတွေမှာလည်း တွေ့ရပါတယ်။
  • 4:25 - 4:27
    ယခုအခါ ဇီဝဗေဒ ပညာရှင်တွေဟာ
    ဒီအယူအဆနဲ့ပဲ
  • 4:27 - 4:32
    Eukaryote သက်ရှိ အများအပြားရဲ့
    မူလဇာစ်မြစ်ကို ရှင်းပြကြပါတယ်။
  • 4:32 - 4:36
    ရေကူးကန်နံရံပေါ်က အစိမ်းရောင်
    ရေညိှလေးကို ယူကြည့်ပါ။
  • 4:36 - 4:41
    ဗိုင်းငင်ပုံစံ အမြီးရှိတဲ့
    Eukaryote ဆဲလ်အကြီးတစ်ခုဟာ
  • 4:41 - 4:48
    တစ်ချိန်က ဒီရေညိှဆဲလ်လေးကို ဝါးမျိုခဲ့ပြီး
    Euglena အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
  • 4:48 - 4:50
    Euglena ဟာ နေရောင်ခြည်ကိုသုံးပြီး
    အစာချက်ကာ
  • 4:50 - 4:52
    အောက်ဆီဂျင်နဲ့ သကြားဓာတ်ကိုဖြိုခွဲလျက်
  • 4:52 - 4:54
    ရေအိုင်ထဲမှာ ကူးခတ်နိုင်ပါတယ်။
  • 4:54 - 4:56
    ဒါ့အပြင် ဒီသီအိုရီမှာ တွက်ထားတဲ့အတိုင်း
  • 4:56 - 5:00
    Euglenaရဲ့ Chloroplast မှာ
    အမြှေးသုံးထပ်ရှိပါတယ်။
  • 5:00 - 5:04
    ဝါးမျိုမခံရသေးခင်ကတော့ နှစ်ထပ်ပေါ့။
  • 5:04 - 5:07
    Endosymbiotic သီအိုရီရဲ့
    ဝါးမျိုခြင်း လုပ်ငန်းစဉ်က
  • 5:07 - 5:10
    သက်ရှိတွေရဲ့ အားကောင်းတဲ့
    စွမ်းရည်တွေကို ပေါင်းစပ်ပေးပြီး
  • 5:10 - 5:13
    ကမ္ဘာပေါ်မှာ လိုက်လျောညီထွေစွာ
    နေထိုင်နိုင်ဖို့ အထောက်အကူပြုပါတယ်။
  • 5:13 - 5:16
    ရလဒ်ကတော့ သက်ရှိတွေရဲ့
    လုပ်ကိုင်နိုင်စွမ်းဟာ
  • 5:16 - 5:18
    သီးခြားစီ ရှိနေစဉ်ကထက်
    ပိုမိုစွမ်းထက်လာပြီး
  • 5:18 - 5:21
    ဒါဟာ ဆင့်ကဲဖြစ်စဉ်အရ
    ကျော်လွှားမှု ဖြစ်ခဲ့ပြီး
  • 5:21 - 5:23
    ဒီနေ့ ကျွန်ုပ်တို့ ကမ္ဘာကြီးပေါ်မှာ
    တွေ့မြင်ကြရတဲ့
  • 5:23 - 5:27
    အဏုဇီဝ ပိုးမွှားတွေ၊ အပင်တွေနဲ့
    တိရစ္ဆာန်တွေကို ပေါ်ထွန်းလာစေခဲ့တာပါ။
Title:
ရှုပ်ထွေးတဲ့ ဆဲလ်တွေ ဆင့်ကဲပြောင်းလဲလာခဲ့ကြပုံ ကျွန်ုပ်တို့ရဲ့ ယူဆချက်။ - Adam Jacobson
Description:

သင်ခန်းစာ အပြည့်အဝကို ကြည့်ရှုရန် - http://ed.ted.com/lessons/how-we-think-complex-cells-evolved-adam-jacobson

သင်ဟာ ငှက်ကလေး တစ်ကောင်ကို ဝါးမျိုလိုက်ပြီး ချက်ချင်း ပျံသန်းနိုင်တဲ့ အစွမ်းကိုရသွားတယ်....ဒါမှမဟုတ် မြွေဟောက် တစ်ကောင်ကို စားလိုက်ပြီး အဆိပ်ရည်တွေ ပန်းထုတ်နိုင်တယ်လို့ စိတ်ကူးကြည့်ပါ။ သက်ရှိတွေရဲ့ သမိုင်းကြောင်း တစ်လျှောက် (အတိအကျဆိုရင် ရှုပ်ထွေးတဲ့ Eukaryote ဆဲလ်တွေရဲ့ ဆင့်ကဲဖြစ်စဉ် တစ်လျှောက်) မှာ ဒီလိုအရာတွေက တစ်ချိန်လုံးဖြစ်နေခဲ့ပါတယ်။ Adam Jacobson က သက်ရှိ တစ်ကောင်က အခြားသက်ရှိ တစ်ကောင်ရဲ့ အထဲမှာ အတူတကွ နေထိုင်ခြင်းဖြစ်တဲ့ Endosymbiosis အကြောင်းကို ရှင်းပြထားပါတယ်။

Adam Jacobson ရဲ့ သင်ခန်းစာကို Camilla Gunborg Pedersen မှ လှုပ်ရှားပုံများဖြင့် ရိုက်ကူးပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:42

Burmese subtitles

Revisions