Return to Video

ဆိုလာပြားတွေ ဘယ်လိုလုပ်ဆောင်သလဲ - Richard Komp

  • 0:08 - 0:11
    ကမ္ဘာမြေသည် နေစွမ်းအင်ကို
    အမြောက်အများကို လက်ခံလျက်ရှိသည်မှာ
  • 0:11 - 0:15
    တီရာဝပ် ပေါင်း ၁.၇၃ သန်း အထိဖြစ်ပါတယ်
  • 0:15 - 0:19
    ထိုပမာဏသည် ကမ္ဘာ့လူသားထုတရပ်လုံး
    အသုံးပြုသည်ထက် အဆ ၁ သိန်းပိုပါတယ်
  • 0:19 - 0:21
    ဒီတော့ ကမ္ဘာဟာ နေစွမ်းအင်အပေါ်
  • 0:21 - 0:24
    လုံး၀ မှီခိုအားထားသွားနိုင်ဖို့ဆိုတာ
    တနေ့နေ့မှာ ဖြစ်လာနိုင်ပါ့မလား
  • 0:24 - 0:26
    ဒီမေးခွန်းကို ဖြေဖို့..
  • 0:26 - 0:32
    ဆိုလာပြားတွေက နေစွမ်းအင်ကို လျှပ်စစ်စွမ်း
    အင်သို့ ပြောင်းပုံကို အရင်လေ့လာဖို့လိုတယ်
  • 0:32 - 0:36
    ဆိုလာပြားတွေကို ဆိုလာဆဲလ်..လို့ခေါ်တဲ့
    ပိုသေးငယ်တဲ့ ယူနစ်တွေနဲ့ ပြုလုပ်ထားပြီး
  • 0:36 - 0:39
    ဆိုလာဆဲလ် အများစုကိုတော့
    မြေပေါ်မှာ ဒုတိယအကြွယ်၀ဆုံးဖြစ်တဲ့
  • 0:39 - 0:43
    တပိုင်းလျှပ်ကူး အမျိုးအစားဖြစ်တဲ့
    စီလီကွန်မှ ပြုလုပ်ပါတယ်
  • 0:43 - 0:45
    ဆိုလာဆဲလ် တစ်ခုထဲမှာ
  • 0:45 - 0:49
    စီလီကွန်ပုံဆောင်ခဲကို လျှပ်ကူးလွှာနှစ်ချပ်
    ကြားမှာ ညှပ်ထည့်ထားပါတယ်
  • 0:49 - 0:54
    စီလီကွန် အက်တမ်တစ်လုံးစီက အနီးအပါးက
    အခြားအက်တမ်လေးလုံးနဲ့ ချိတ်ဆက်လျက်
  • 0:54 - 0:58
    အီလက်ထရွန်တွေကို လျှပ်စစ်မစီးဖို့
    နေသားတကျ ထိန်းသိမ်းပါတယ်
  • 0:58 - 0:59
    အဓိကသော့ချက်က ဒီမှာပါ..
  • 0:59 - 1:04
    စီလီကွန် ဆိုလာဆဲလ် တစ်ခုဟာ ကွဲပြားတဲ့
    ဆီလီကွန် နှစ်လွှာကို အသုံးပြုထားပါတယ်
  • 1:04 - 1:07
    n-type စီလီကွန်တစ်ခုမှာ၊
    အီလက်ထရွန်တွေ ပိုလျှံလျက်ရှိပြီး
  • 1:07 - 1:12
    p-type စီလီကွန်မှာ၊ အီလက်ထရွန်တွေအတွက်
    နေရာလွတ်တွေ ခေါ် hole တွေ ပိုလျှံပါတယ်
  • 1:12 - 1:14
    ဆီလီကွန် နှစ်မျိုး ဆုံမိတဲ့နေရာမှာ
  • 1:14 - 1:18
    အီလက်ထရွန်တွေက p-n အဆက်
    ကိုဖြတ်ကာ ဦးတည်ရာမဲ့သွားရင်း
  • 1:18 - 1:20
    အပေါင်း လျှပ်စစ်ကို တဖက်မှာ ချန်လျက်
  • 1:20 - 1:23
    အနုတ်လျှပ်စစ်ကို အခြားဘက်မှာ ဖန်တီးကြပါတယ်
  • 1:23 - 1:27
    သင့်အနေနဲ့.. အလင်းကို နေမှပစ်လွှတ်လိုက်တဲ့
  • 1:27 - 1:28
    ဖိုတွန် ခေါ် အလွန်သေးငယ်တဲ့
  • 1:28 - 1:30
    အမှုန်တွေရဲ့စီဆင်းမှုအဖြစ် ယူဆနိုင်ပါတယ်
  • 1:30 - 1:34
    အဲဒီ ဖိုတွန်တွေအနက်တစ်လုံးက စီလီကွန်ကို
    အင်ပြည့်အားပြည့်နဲ့ ရိုက်ခတ်လိုက်တဲ့အခါ
  • 1:34 - 1:39
    စီလီကွန်ရဲ့ နှောင်တည်းမှုမှ အီလက်ထရွန်ကို
    ဆွဲထုတ်သွားနိုင်ပါတယ်
  • 1:39 - 1:43
    အနုတ်လျှပ်စစ်ဆောင်တဲ့ အီလက်ထရွန်နဲ့
    အပေါင်းလျှပ်စစ်ဆောင်တဲ့ hole တို့
  • 1:43 - 1:46
    အခုဆို ဟိုဟိုဒီဒီကို လွတ်လွတ်လပ်လပ်
    သွားကြပါပြီ
  • 1:46 - 1:49
    ဒါပေမဲ့ p-n အဆက်ရှိ
    လျှပ်စစ်စက်ကွင်းကြောင့်
  • 1:49 - 1:51
    ၎င်းတို့သည် တစ်လမ်းမောင်းသာ သွားပါလိမ့်မယ်
  • 1:51 - 1:53
    အီလက်ထရွန်ကိုတော့ n ဘက်သို့ ဆွဲလိုက်ပြီး
  • 1:53 - 1:56
    hole ကို p ဘက်သို့ ဆွဲလိုက်ပါတယ်
  • 1:56 - 2:02
    ရွှေ့လျားနိုင်တဲ့ အီလက်ထရွန်ကို ဆဲလ်ရဲ့
    အပေါ်ဘက်ရှိ သတ္ထုချောင်းများက စုစည်းပါတယ်
  • 2:02 - 2:04
    ထိုမှတဆင့် ၎င်းတို့သည်
    ပြင်ပ ပတ်လမ်းကို ဖြတ်စီးရင်း
  • 2:04 - 2:06
    လျှပ်စစ်ဆိုင်ရာအလုပ်ကို မီးလုံးမှာ
  • 2:06 - 2:08
    မီး အလင်းပေးသလို လုပ်နေကြသည်မှာ
  • 2:08 - 2:12
    ကျောဖက်က အလူမီနီယံ လျှပ်ကူးပြားထံ
    ပြန်ဖြတ် မသွားခင်အထိပါပဲ
  • 2:12 - 2:15
    ဆီလီကွန် ဆဲလ်တစ်ခုစီက
    ဗို့ အား တဝက်သာ ထုတ်ပေမဲ့
  • 2:15 - 2:19
    ပါဝါပိုကောင်းဖို့ ၎င်းတို့ကို
    အတန်း၊ အကန့်အလိုက် တွဲထားနိုင်ပါတယ်
  • 2:19 - 2:23
    နေရောင်ခံပြား ၁၂ ချပ်က ဆလ်ဖုန်းတစ်လုံး
    အားသွင်းဖို့ လောက်ငှပေမဲ့
  • 2:23 - 2:26
    တအိမ်လုံးကို ပါဝါပေးဖို့တော့
    အချပ် အတွဲပေါင်းများစွာ လိုပါတယ်
  • 2:26 - 2:29
    ဆိုလာဆဲလ်က အီလက်ထရွန်တွေဟာ
    ရွှေ့လျားတဲ့ အစိတ်အပိုင်းမျှသာဖြစ်လို့
  • 2:29 - 2:32
    ၎င်းတို့အားလုံးဟာ ဒုံရင်းအရပ်ဆီ
    ပြန်ရောက်သွားပါတယ်
  • 2:32 - 2:34
    ကုန်သွား ခမ်းသွားတာမျိုး ဘာမှ မရှိပါဘူး
  • 2:34 - 2:37
    ဒီတော့ ဆိုလာဆဲလ်တွေက
    ဆယ်စုနှစ်ပေါင်းများစွာ တာရှည်ခံပါတယ်
  • 2:37 - 2:43
    ဒီလိုဆို နေစွမ်းအင်အပေါ် လုံး၀ မှီခိုဖို့
    ကျုပ်တို့ကို ဘယ်အရာက ဟန့်တားထားပါသလဲ
  • 2:43 - 2:45
    နိုင်ငံရေးဆိုင်ရာ အကြောင်းတရားတွေ
    ပါဝင်ပါတယ်
  • 2:45 - 2:49
    နဂိုအတိုင်း ဆက်ထားဖို့ လော်ဘီလုပ်တဲ့
    စီးပွားရေးတွေကတော့ ဖော်ထုတ်မပြပါဘူး
  • 2:49 - 2:53
    အခုဒီမှာတော့ ရုပ်ပိုင်းနဲ့ ပို့ဆောင်ရေး
    အပိုင်း စိန်ခေါ်မှုတွေကို အာရုံစိုက်ကြစို့
  • 2:53 - 2:54
    အဲဒီမှာ အသိသာ အထင်ရှားဆုံးက
  • 2:54 - 2:59
    နေစွမ်းအင်ဟာ ကမ္ဘာတဝမ်းကို
    မညီမမျှ ဖြန့်ကျက်ထားခြင်း ဖြစ်ပါတယ်
  • 2:59 - 3:01
    အချို့နေရာတွေက တခြားနေရာတွေထက်
    နေရောင်ပိုရပါတယ်
  • 3:01 - 3:03
    ဒါကလည်း ပုံမှန်မရှိပါဘူး
  • 3:03 - 3:07
    မိုးအုံ့တဲ့နေ့ သို့မဟုတ် ညဘက်တွေမှာတော့
    ရရှိနိုင်တဲ့ နေစွမ်းအင်ဟာ ပိုနည်းမှာပါ
  • 3:07 - 3:10
    ဒီတော့ နေစွမ်းအင်ကို အပြည့်အ၀
    အားထားနိုင်ဖို့ဆိုတာ
  • 3:10 - 3:14
    လျှပ်စစ်ကို နေသာတဲ့အရပ်မှ တိမ်ထူရာအရပ်ထံ
    စွမ်းရည်ပြည့်ပို့တဲ့ နည်းလမ်းတွေနဲ့
  • 3:14 - 3:17
    ထိရောက်တဲ့ စွမ်းအင်သိုလှောင်မှုဖြစ်ဖို့
    လိုအပ်ပါတယ်
  • 3:17 - 3:20
    ဆဲလ်ကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည်ကလည်း
    စိန်ခေါ်မှုတစ်ခု ဖြစ်နေပါသေးတယ်
  • 3:20 - 3:23
    နေရောင်ကို စုပ်ယူမှုအစား အလင်းပြန်မယ်
    ဒါမှမဟုတ်
  • 3:23 - 3:28
    ပတ်လမ်းကနေ မသွားခင် ပြုတ်ထွက်သွားတဲ့
    အီလက်ထရွန်ဟာ hole ထဲကို ပြန်ကျမယ်ဆိုရင်..
  • 3:28 - 3:31
    ဒါဟာ ဖိုတွန်ရဲ့ စွမ်းအင် ဆုံးရှုံးတာပါပဲ
  • 3:31 - 3:33
    စွမ်းဆောင်ရည် အကောင်းဆုံး ဆဲလ်သည်ပင်
  • 3:33 - 3:39
    ရရှိတဲ့ နေရောင်ရဲ့ ၄၆%ကိုသာ
    လျှပ်စစ်အဖြစ် ပြောင်းပါသေးတယ်
  • 3:39 - 3:44
    စျေးကွက်ထဲက အများစုက
    အမြင့်ဆုံးစွမ်းဆောင်ရည်က ၁၅ - ၂၀% ပါပဲ
  • 3:44 - 3:46
    ဒီ ကန့်သတ်ချက်တွေ ရှိပေမဲ့
  • 3:46 - 3:47
    တကယ်တော့ ဒီနေ့ခေတ်ရဲ့
  • 3:47 - 3:51
    ဆိုလာနည်းပညာက တကမ္ဘာလုံးကို
    ပါဝါပေးဖို့ ဖြစ်နိုင်ပါတယ်
  • 3:51 - 3:53
    နေရာလွတ်များစွာနဲ့
    အခြေခံအဆောက်အအုံတွေ
  • 3:53 - 3:55
    တည်ဆောက်ဖို့ ရန်ပုံငွေတွေ လိုအပ်ပါတယ်
  • 3:55 - 3:59
    ခန့်မှန်းခြေအားဖြင့် စတုရန်းမိုင်ပေါင်း
    ဆယ်ဂဏန်းမှ ထောင်ပေါင်း များစွာတိုင်...
  • 3:59 - 4:01
    ဒါဆို အများကြီးလို့ ထင်စရာပါ
  • 4:01 - 4:06
    ဒါပေမဲ့ ဆာဟာရ သဲကန္တာရ တစ်ခုနဲ့ပင်
    ဧရိယာ စတုန်းမိုင် ၃ သန်းကျော် ရှိပါတယ်
  • 4:06 - 4:09
    ဆိုလာဆဲလ်တွေကို ပိုကောင်း၊
    ပိုစျေးချိုအောင် လုပ်နေစဉ်မှာပဲ
  • 4:09 - 4:12
    လျှပ်စစ်သွယ်တန်းမှုတွေကို
    ယှဉ်ပြိုင်လုပ်ဆောင်နေရပါမယ် ပြီးတော့
  • 4:12 - 4:17
    ရေပေါ်ဆိုလာခင်းလို တီထွင်ဆန်းသစ်မှုတွေနဲ့
    မြေပြင်ကို လုံး၀ ပြောင်းနိုင်ပါတယ်
  • 4:17 - 4:19
    အတွေးစမ်းသပ်ချက်တွေရဲ့ တဘက်မှာတော့
  • 4:19 - 4:21
    အားကိုး အားထားလောက်တဲ့
    လျှပ်စစ်ဓာတ်အားကို
  • 4:21 - 4:24
    မသုံးစွဲရသေး သူ၊ တစ် ဘီလျံကျော်
    ရှိတယ်ဆိုတဲ့ အချက်ရှိပါတယ်
  • 4:24 - 4:27
    အထူးသဖြင့်တော့ နေရောင်များစွာရရှိတဲ့
  • 4:27 - 4:29
    ဖွံဖြိုးဆဲတိုင်းပြည်တွေမှာပါ
  • 4:29 - 4:30
    အဲဒီလို နေရာမျိုးတွေမှာ
  • 4:30 - 4:35
    နေစွမ်းအင်က ရေနံဆီလို တခြားရနိုင်တဲ့
    အရာတွေထက် ပိုစျေးသက်သာပြီး
  • 4:35 - 4:37
    ပိုဘေးကင်းပါတယ်
  • 4:37 - 4:39
    ပြောရမယ်ဆို Finland သို့မဟုတ် Seattle ပင်
  • 4:39 - 4:42
    ထိရောက်တဲ့ နေစွမ်းအင်ဟာ
    အလှမ်းဝေးနေဆဲပါပဲ
Title:
ဆိုလာပြားတွေ ဘယ်လိုလုပ်ဆောင်သလဲ - Richard Komp
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: https://ed.ted.com/lessons/how-do-solar-panels-work-richard-komp

ကမ္ဘာမြေကြီးက လက်ခံရရှိနေတဲ့ နေစွမ်းအင် ပမာဏမှာ ၁၇၃ ၀၀၀ ဝပ် အထိရှိပါတယ်။ ထို စွမ်းအင် ပမာဏသည် ကမ္ဘာ့လူဦးရေရဲ့ သုံးစွဲနိုင်မှုထက် အဆပေါင်းများစွာပိုပါတယ်။ ဒီတော့ တစ်နေ့နေ့မှာ နေစွမ်းအင်အပေါ်ကို လုံး၀မှီခိုအားထားလာနိုင်မလား။ ဆိုလာပြားတွေ နေစွမ်းအင်မှ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးပုံကို Richard Kompက စူးစမ်းဖော်ပြထားပါတယ်။

သင်ခန်းစာတင်ဆက်သူ- Richard Komp၊ ရုပ်သံလှုပ်ရှားမှု - Globizco။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:59

Burmese subtitles

Revisions