Return to Video

ကမ္ဘာဂြိုဟ်ကို လုပ်ကျွေးပေးမယ့် သင်္ဂြိုဟ်ရေး နည်းလမ်း

  • 0:01 - 0:03
    ကျွန်မ သေတဲ့အခါ
  • 0:03 - 0:08
    တိရိစ္ဆာန်တွေ စားပစ်နိုင်အောင် ကျွန်မ
    ခန္ဓာကိုယ်ကို ထားပေးစေလိုပါတယ်။
  • 0:09 - 0:14
    ခန္ဓာကိုယ်ကို တိရိစ္ဆာန်တွေ စားနိုင်ဖို့
    ချိတ်ဆွဲတာ လူတိုင်း မကြိုက်နိုင်ကြပါ။
  • 0:14 - 0:15
    (ရယ်သံများ)
  • 0:15 - 0:19
    ရှင်တို့ဟာ ဘဝနိဂုံးပိုင်းအကြောင်းကို
    ကိုယ့်မိသားစုနဲ့ ဆွေးနွေးခဲ့လားမသိ၊
  • 0:19 - 0:23
    မီးသင်္ဂြိုဟ်ဖို့ကို ဆုံးဖြတ်ပြီးနေပြီလား။
  • 0:23 - 0:26
    အပြည့်အဝ ထုတ်ဖော်ပြောရပါက၊
  • 0:26 - 0:32
    ကျွန်မ အလောင်းအတွက် ကျွန်မ အဆိုပြုချင်တဲ့
    ဟာက လက်ရှိအချိန်မှာ တရား မဝင်သေးပါ၊
  • 0:32 - 0:34
    ဒါပေမဲ့ လုပ်ခဲ့သူတော့ ရှိခဲ့တယ်။
  • 0:34 - 0:38
    လူ့သမိုင်း တလျှောက်မှာ လူသေ အလောင်းတွေကို
    ချထားလာခဲ့ကြတာပါ၊
  • 0:38 - 0:40
    လှစ်ဟ မြှုပ်နှံမှုလို့ အဲဒါကို ခေါ်ပါတယ်။
  • 0:40 - 0:44
    လက်တွေ့တွင် အခုပြောနေချိန်မှာကို
    အဲဒါ ဖြစ်ပျက်နေပုံ ရပါတယ်။
  • 0:45 - 0:47
    တိဘက်နိုင်ငံရဲ့ တောင်ထူထပ်တဲ့
    နေရာတွေမှာ
  • 0:47 - 0:49
    "ကောင်းကင်မှာ သဂြိုဟ်" ကြတဲ့
    အစဉ်အလာ ရှီတယ်၊
  • 0:49 - 0:53
    လင်းတငှက်တွေ စားပစ်ကြမယ် ဆိုပြီး
    သဂြိုဟ်တဲ့ အစဉ်အလာပါ။
  • 0:54 - 0:59
    အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် ဖာရစီ ဘာသာ
    ကိုးကွယ်ကြတဲ့ သူတွေ ဆိုရင်၊
  • 0:59 - 1:03
    "ဆိတ်ငြိမ် မျှော်စင်" လို့ ခေါ်တဲ့
    အဆောက်အဦထဲတွင် လူသေကို ထားကြတယ်။
  • 1:04 - 1:06
    ယဉ်ကျေးမှုဆိုင်ရာ
    စိတ်ဝင်စားစရာတွေ ရှိပါတယ်။
  • 1:06 - 1:11
    ဒါပေမဲ့ အဲဒါဟာ အနောက်ကမ္ဘာမှာ
    လူကြိုက် မများသေးပါဘူး-
  • 1:11 - 1:13
    ကိုယ်က မျှော်လင့်ထားတာ
    အဲဒါမျိုးမှ မဟုတ်တာ။
  • 1:13 - 1:18
    အမေရိကမှာ လူသေသွားရင် ဓာတုနည်းဖြင့်
    မွမ်းမံပြင်ဆင်ပြီး
  • 1:18 - 1:22
    ဒေသထဲက သင်္ချိုင်းမှာ သွားပြီး
    သင်္ဂြိုဟ်လေ့ ရှိကြတယ်၊
  • 1:22 - 1:24
    မကြာသေးမီက ဆိုရင် မီးသင်္ဂြိုဟ်ကြပါတယ်။
  • 1:25 - 1:28
    ကျွန်မ ကိုယ်၌ဟာ မကြာမီက သက်သားလွတ်
    စားသုံးသူပါ၊
  • 1:28 - 1:32
    ဒီတော့ ကျွန်မအသက်ရဲ့ အစပိုင်း
    နှစ် ၃၀ အတွင်းမှာ ကျွန်မဟာ
  • 1:32 - 1:34
    တိရိစ္ဆာန်တွေကို တစ်ဝကြီး
  • 1:34 - 1:36
    လက်ထဲ ရောက်လာသမျှကို စားလာခဲ့တယ်။
  • 1:37 - 1:41
    ဒီတော့ ကိုယ်သေတဲ့ အခါမှာ သူတို့အား
    စားသုံးဖို့ ပြန်ပြီး အစားပေးသင့်တယ်။
  • 1:41 - 1:43
    (ရယ်သံများ)
  • 1:43 - 1:45
    ကျွန်မကလည်း သတ္တဝါပဲ မဟုတ်လား?
  • 1:45 - 1:50
    ဇီဝဗေဒအရ ဒီအခန်းထဲ ရှိကြသူ
    အားလုံးဟာ သတ္တဝါတွေပါပဲ။
  • 1:51 - 1:54
    ကျွန်မတို့ အားလုံးပါ သတ္တဝါတွေ
    ဖြစ်ကြတာကို လက်ခံလိုက်ရင်
  • 1:54 - 1:57
    ခြောက်ခြားဖွယ်
    အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။
  • 1:57 - 2:01
    ကျွန်မတို့ဟာလည်း ကမ္ဘာပေါ်က အခြား
    အကောင်းများလိုပဲ
  • 2:01 - 2:05
    သေကြေပျက်စီးကြရမှာကို
    လက်ခံဖို့လည်း လိုပါမယ်။
  • 2:06 - 2:09
    လွန်ခဲ့တဲ့ ကိုးနှစ်အတွင်းမှာ ကျွန်မဟာ
    အသုဘလုပ်ငန်းထဲ လုပ်ကိုင်ခဲ့သူပါ၊
  • 2:09 - 2:12
    အစပိုင်းတွင် မီးသဂြိုလ်စက်
    အော်ပရေတာ ဖြစ်ခဲ့တယ်၊
  • 2:12 - 2:14
    အဲဒီနောက် အသုဘ စီစဉ်ပေးသူ
  • 2:14 - 2:17
    မကြာမီက ကျတော့ ကိုယ်ပိုင်
    အသုဘလုပ်ငန်း ပိုင်ဆိုင်သူပါ။
  • 2:17 - 2:19
    ကျွန်မဆီမှာ သတင်းကောင်းလည်း ပါပါတယ်-
  • 2:19 - 2:25
    ရှင်တို့အားလုံး ဆွေးမြေ့လျက်
    သေရမှာမျိုးကို ရှောင်ရှားချင်ကြရင်၊
  • 2:25 - 2:29
    အသုဘ လုပ်ငန်းတွေက ရှင်တို့အနေနဲ့
    အဲဒီလို ရှောင်ရှားနိုင်အောင် လိုအပ်တဲ့
  • 2:29 - 2:31
    အကူအညီ အားလုံးကို ပေးနိုင်ကြတယ်။
  • 2:31 - 2:34
    ဒါဟာ ဒေါ်လာ ဘီလီယံများစွာ
    တန်ဖိုးရှိတဲ့ လုပ်ငန်းပါ၊
  • 2:34 - 2:37
    ၎င်းရဲ့ စီးပွားရေးပုံစံကျတော့
    အလောင်းအား ကာကွယ်ပေးရန်၊
  • 2:37 - 2:42
    သန့်စင်ပေးရန် နှင့် လှပအောင်
    မွမ်းမံပေးရန်ကို အခြေခံထားတာပါ။
  • 2:43 - 2:46
    အသုဘ လုပ်ငန်းဟာ၊ ရည်ရွယ်ချက်နဲ့လား မသိ၊
    လူသားကို အထူးခြွင်းချက်
  • 2:46 - 2:50
    အဖြစ် သဘောထားရမယ် ဆိုတဲ့ အချက်ကို
    အထူးအလေးပေးတယ်။
  • 2:50 - 2:52
    အဲဒါကြောင့်မို့လို့
    အဲဒါအတွက် ဘာလုပ်ပေးရမလဲ၊
  • 2:52 - 2:54
    ဘယ်လောက် ကုန်ကျမလဲ၊
  • 2:54 - 2:56
    ပတ်ဝန်းကျင် အတွက် အဲဒါ ကောင်းမကောင်း၊
  • 2:56 - 2:59
    လူသားဟာ ထိုက်တန်တာမို့လို့
    ကျွန်ုပ်တို့ လိုတာကို လိုက်လုပ်ကြပါမယ်။
  • 3:00 - 3:02
    သေဆုံးမှုဟာ စိတ်ဓာတ်အရ
  • 3:02 - 3:07
    ခံရခက်ခဲကာ ခက်ခဲရှုပ်ထွေးနိုင်တာကို၊
    ဆွေးမြေ့မှုထဲတွင် အလှတရား ရှိတာကို--
  • 3:07 - 3:10
    ကျွန်ုပ်တို့ ရောက်လာခဲ့ကြတဲ့ မြေကြီးဆီသို့
    ပြန်ရောက်သွားခြင်းရဲ့ သဘာဝအလှကို
  • 3:10 - 3:13
    ဘယ်သူမှာမှ ဘယ်လိုမှာမှ
    ဂရုမစိုက် နားမလည်လိုကြပါ။
  • 3:14 - 3:17
    ဒီနေရာမှာ ကျွန်မကို တလွဲမှားပြီ
    မထင်မြင်စေလိုပါဘူး-
  • 3:17 - 3:20
    လူကို သင်္ဂြိဟ်ရန် လိုအပ်တာကို
    ကျွန်မ လုံးဝသဘောတူပါတယ်၊
  • 3:20 - 3:23
    အထူးသဖြင့် ကျွန်မက ချစ်ကြတဲ့
    လူတွေနဲ့ ပတ်သက်လာရင်ပေါ့လေ။
  • 3:23 - 3:26
    ဒါပေမဲ့ ကျွန်မတို့ဟာ အဲဒီလို
    သင်္ဂြိုဟ်ကြရာတွင် ပတ်ဝန်းကျင်ကို
  • 3:26 - 3:29
    မထိထိုက်စေတဲ့ လုပ်ကိုင်နည်း၊
    နည်းစနစ်တွေ ကြံဆဖို့ လိုအပ်နေလို့
  • 3:29 - 3:32
    ကျွန်မတို့ဟာ ရွေးချယ်စရာ
    နည်းအသစ်တွေကို ရှာကြရမယ်။
  • 3:32 - 3:37
    ဒီတော့ ခုနက ကာကွယ်ရေး၊ သန့်စင်ရေး နဲ့
    လှပစေရေး အတွေးဆီကို ပြန်သွားကြပါစို့။
  • 3:37 - 3:40
    ကျွန်မတို့ လူသေ အလောင်းကနေပြီး စကြမယ်။
  • 3:40 - 3:43
    အသုဘ လုပ်ငန်းက သင်ရဲ့ လူသေအလောင်းကို
    ကာကွယ်ပေးရန်
  • 3:43 - 3:48
    သင့်မိသားစုအား ရော်ဘာဖြင့် အလုံပိတ်ထားမယ့်
    သစ် သို့မဟုတ် သတ္ထုနဲ့ လုပ်ထားတဲ့ ခေါင်းကို
  • 3:48 - 3:50
    ဝယ်ယူရန် ကမ်းလှမ်းပါမယ်။
  • 3:50 - 3:54
    သင်္ဂြိုဟ်မယ့်နေ့တွင် သင်္ချိုင်းမှာ
    ခေါင်းကို မြေထဲတွင် ပြုလုပ်ထားတဲ့
  • 3:54 - 3:57
    ကြီးမားတဲ့ ကွန်ကရစ် သို့မဟုတ် သတ္တု
    အလုံတိုက်ခန်းထဲကို ချပေးလိုက်မယ်။
  • 3:58 - 4:02
    ကျွန်မတို့ဟာ အရင်းအမြစ်တွေ အများကြီးကို၊
    ကွန်ကရစ်၊ သတ္တု၊ သစ်မာ -
  • 4:02 - 4:06
    မြေအောက်ထဲမှာ မြှုပ်နှံပစ်လိုက်ကြပါတယ်။
  • 4:06 - 4:09
    ကိုယ်က သင်္ဂြိုဟ်မှာ မြှုပ်နှံ
    သင်္ဂြိုဟ်ရန် ရွေးလိုက်တဲ့ အခါမှာ၊
  • 4:09 - 4:14
    အဲဒီ အလောင်းဟာ ပတ်ဝန်းကျင်ရှိ အညစ်
    အကြေးများနဲ့ ထိတွေ့စရာ အကြောင်း မရှိပါ။
  • 4:15 - 4:16
    သင်ဟာ တီကောင်တွေ အတွက်
  • 4:16 - 4:18
    အစားအစာ မဖြစ်နိုင်တော့ပါ။
  • 4:19 - 4:23
    နောက်တစ်ချက်က၊ လုပ်ငန်းဟာ သင့်အလောင်းကို
    ဆေးစီရင်ပေးလျက် သန့်စင်ပေးပါမယ်-
  • 4:24 - 4:26
    သေသွားကြသူတို့အား ဓာတုနည်းဖြင့်
    ထိန်းသိမ်းထားရန် အတွက်ပါ။
  • 4:26 - 4:29
    အဲဒီ လုပ်ထုံးလုပ်နည်းက
    သင့်သွေးတွေကို ထုတ်ယူမယ်၊
  • 4:29 - 4:33
    formaldehyde ခေါ် အဆိပ်အတောက် ဖြစ်ပြီး
    ကင်ဆာ ဖြစ်စေတဲ့ ပစ္စည်းနဲ့ အစားထိုးပေးမယ်။
  • 4:33 - 4:36
    အများပြည်သူတို့ရဲ့ ကျန်းမာရေးအတွက်
    လုပ်ပေးရတာလို့ ဆိုကြတယ်
  • 4:36 - 4:38
    အလောင်းဟာ အန္တရာယ် ပြုနိုင်လို့ပါ။
  • 4:38 - 4:41
    ဒါပေမဲ့ ဒီအခန်းထဲမှာ ရှိကြတဲ့ ဆရာဝန်များက
    စိုးရိမ်စရာ ကောင်းတဲ့
  • 4:41 - 4:44
    အီဘိုလာလို ကူးစက်ရောဂါနဲ့ သေဆုံးခဲ့သူ
  • 4:44 - 4:49
    အတွက်သာလျှင် အဲဒီလို ပြုလုပ် စီမံပေးရန်
    လိုတာကို ထောက်ပြကြမှာပါ။
  • 4:50 - 4:53
    လူသားခန္ဓာကိုယ် ဆွေးမြေ့မှုကတောင်၊
    အမှန်ကို ပြောရရင်၊
  • 4:53 - 4:56
    နည်းနည်းလေး ပုပ်စော်နံတတ်ကာ
    မနှစ်မြို့ဖွယ်ကောင်းတာ မှန်ပေမဲ့၊
  • 4:56 - 4:58
    လုံးဝကို အန္တရာယ် မရှိပါ။
  • 4:59 - 5:03
    ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယားဟာ
    ဆွေးမြှေ့မှုကို ဖြစ်စေတဲ့
  • 5:03 - 5:05
    ဘက်တီးရီးယားမျိုး မဟုတ်ပါဘူး။
  • 5:07 - 5:11
    နောက်ဆုံးအနေနဲ့ အသုဘ လုပ်ငန်းက
    အလောင်းကို လှပအောင် မွမ်းမံပေးမယ်။
  • 5:11 - 5:15
    သူတို့က သဘာဝ အလျောက် သေသွားတဲ့
    သင့်မိခင် ဒါမှမဟုတ် ဖခင်ရဲ့ အလောင်းကို
  • 5:15 - 5:18
    ဒီအတိုင်း ထားရင်
    ကြည့်မကောင်းဘူးလို့ ဆိုကြပါမယ်။
  • 5:18 - 5:19
    သူတို့ဟာ မိတ်ကပ် လုပ်ပေးခိုင်းကြပါမယ်။
  • 5:19 - 5:21
    ပြီးတော့ ဝတ်စုံ ဝတ်ပေးကြမယ်။
  • 5:21 - 5:25
    အဲဒီလူရဲ့ မျက်နှာ လန်းဆန်းလာစေရန်
    သူတို့ဟာ ဆေးတွေကို ထိုးပေးကြမယ်-
  • 5:25 - 5:26
    လှဲနေရန် အတွက်ပါ။
  • 5:28 - 5:30
    ဆေးစီရင်မှု ဆိုတာကလည်း လှည့်ကွက်ပါ၊
  • 5:30 - 5:34
    သေခြင်းနှင့် အဲဒီနောက်မှာ ဆွေးမြေ့မှုဟာ
    သဘာဝ သက်ရှိ အားလုံးတို့အတွက် ပုံမှန်
  • 5:34 - 5:37
    ချုပ်ငြိမ်းမှု မဟုတ်သယောင် ပြောဆိုကြပါမယ်။
  • 5:39 - 5:44
    ခုနက ပြောပြခဲ့တဲ့ အလှပြင်ပေးမှု၊
    သန့်စင်ပေးမှု နဲ့ ကာကွယ်ပေးမှုကို
  • 5:44 - 5:46
    ရှင်တို့ အားလုံးကပါ
    လိုလားတာ မဟုတ်ဘူးဆိုရင်၊
  • 5:46 - 5:47
    ရှင်တို့ချည်း မကပါဘူး။
  • 5:47 - 5:50
    လူတွေ အကြားမှာ
    လှုပ်ရှားမှုလှိုင်း တစ်ခု ရှိပါတယ်၊
  • 5:50 - 5:53
    အသုဘ ဒါရိုက်တာများ၊ ဒီဇိုင်နာများ၊
    ပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုသူများ-
  • 5:53 - 5:57
    ပတ်ဝန်းကျင်ကို အကျိုးပြုမယ့် သေဆုံးမှု
    နည်းလမ်းကို ရှာကြံနေကြပါတယ်။
  • 5:57 - 6:00
    အဲဒီလူများအတွက် သေရမှုဟာ
  • 6:00 - 6:04
    ရှေးရိုး အစဉ်အလာ၊ မိတ်ကပ်၊ ဝတ်စုံ အသစ်
    ပါရမယ်လို့ မခံယူကြပါ။
  • 6:05 - 6:06
    လက်ရှိ ကျင့်သုံးနေကြတဲ့
  • 6:06 - 6:10
    သေဆုံးရေး နည်းလမ်းတွေဟာ
    အရင်းအမြစ်တွေ ဖြုန်းပစ်ကာ ဓာတုဗေဒများကို
  • 6:10 - 6:14
    အားကိုးနေရတာဟာ ဘယ်လိုမှ ရေရှည်
    ရပ်တည်နိုင်စွမ်း မရှိတာ ရှင်နေတယ်။
  • 6:14 - 6:16
    မီးနဲ့သင်္ဂြိုဟ်မှုတောင်၊
  • 6:16 - 6:20
    ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တယ်လို့
    ယူဆကြတဲ့ နည်းကတောင်၊
  • 6:20 - 6:22
    မီးသင်္ဂြိုဟ်တိုင်းမှာ၊
  • 6:22 - 6:27
    မိုင် ၅၀၀ ကားနဲ့ခရီးအတွက်
    သုံးတဲ့ ဓာတ်ဆီကို ဖြုန်းခြင်းနဲ့တူတယ်။
  • 6:28 - 6:30
    ဒီတော့ ဘယ်လိုမျာ လုပ်ကြမလဲ။
  • 6:31 - 6:35
    ပြီးခဲ့တဲ့နွေရာသီတုန်းက ကျွန်မဟာ
    North Carolina တောင်တွေကို သွားခဲ့တယ်၊
  • 6:35 - 6:38
    နွေရာသီ နေပူထဲမှာ သစ်သား အစအနတွေကို
    ပုံးနဲ့ လိုက်စုခဲ့ရတယ်။
  • 6:39 - 6:43
    ကျွန်မဟာ Western Carolina University ရဲ့
    "Body Farm" မှာ ရှိနေခဲ့တယ်၊
  • 6:43 - 6:47
    ပိုတိကျစွာ ပြောရရင်
    "လူသား ဆွေးမြေ့ရေး ဌာန" မှာပါ။
  • 6:47 - 6:50
    သိပ္ပံအတွက် ပေးလှူခဲ့ကြတဲ့ ခန္ဓာကိုယ်ကို
    ဒီကို ယူဆောင်လာတယ်၊
  • 6:50 - 6:54
    အနာဂတ်တွင် ခန္ဓာကိုယ်ဆိုင်ရာ ဆေးပညာကို
    ထောက်ကူပေးရန် ဆွေးမြေ့မှုကို လေ့လာတာပါ။
  • 6:55 - 6:56
    အဲဒီနေ့တွင်၊
  • 6:56 - 7:01
    အဲဒီမှာ ဆွေးမြေ့မှု အဆင့် အမျိုးမျိုးမှာ
    ရှိနေခဲ့ကြတဲ့ အလောင်း ၁၂ ခု ချထားခဲ့ပါတယ်။
  • 7:01 - 7:03
    တချို့ဆိုရင် အရိုးစုကို မြင်နေရပါပြီ၊
  • 7:03 - 7:05
    တစ်ခုကျတော့ ခရမ်းရောင်
    အိပ်ရာဝတ်စုံနဲ့၊
  • 7:05 - 7:08
    တစ်ခုကိုကျတော့
    ဆံပင်ဖြူတွေနဲ့ မြင်ကြရတယ်။
  • 7:09 - 7:12
    ခန္ဓာကိုယ်ဆိုင်ရာ ဆေးပညာကို
    သူတို့ လေ့လာနေတာ အံ့အားသင့်စရာပါပဲ၊
  • 7:12 - 7:15
    ဒါပေမဲ့ ကျွန်မ အဲဒီကို သွားခဲ့တာ
    အဲဒါကြောင့် မဟုတ်ခဲ့ပါ။
  • 7:15 - 7:18
    ကျွန်မ အဲဒီကို သွားခဲ့တာက Katrina Spade
    ခေါ် ကျွန်မရဲ့ လုပ်ဖော်က
  • 7:18 - 7:22
    သေသွားသူတွေကို မီးသင်္ဂြိဟ်မယ့် အစား
    စနစ် တစ်ခုကို တီထွင်နေလို့ပါ၊
  • 7:22 - 7:24
    သေသွားသူတွေကို ဆွေးမြေ့စေမယ့် စနစ်ပါ။
  • 7:25 - 7:27
    သူမက အဲဒီစနစ်ကို "Recomposition" လို့
    နာမည် ပေးထားတယ်၊
  • 7:27 - 7:31
    ပြီးတော့ အဲဒီနည်းကို နှစ်အတော်ကြာ
    တိရစ္ဆာန်များနှင့် စမ်းသပ် နေခဲ့တယ်။
  • 7:31 - 7:33
    သူမရဲ့ စိတ်ကူးထဲက ဌာနမှာဆိုရင်
  • 7:33 - 7:36
    မိသားစုဟာ သေဆုံးသွားတဲ့ သူတို့ရဲ့
    ချစ်သူကို လာပြီး အပ်လိုက်တဲ့ အခါမှာ
  • 7:36 - 7:40
    အဟာရ ပြည့်ဝတဲ့ ပေါင်းစပ် ပစ္စည်းများထဲ
    ချထားပေးကာ လေးပတ်မှ ခြောက်ပတ် အတွင်းမှာ
  • 7:40 - 7:44
    ခန္ဓာကိုယ်ကို မြေဆီလွှာ အဖြစ်သို့ ရောက်
    သွားအောင် ဆွေးမြေ့ ချေဖျက်ပေးမှားပါ။
  • 7:44 - 7:46
    အဲဒီ လေးပတ်မှ ခြောက်ပတ် အတွင်းမှာ၊
  • 7:46 - 7:50
    ကိုယ့်ရဲ့ မော်လီကျူးတွေဟာ အခြား
    မော်လီကျူးများ အဖြစ် ပြောင်းလဲသွားကြမယ်၊
  • 7:50 - 7:52
    တကယ်တွင် ကိုယ်ဟာ ပုံစံ ပြောင်းလဲသွားတာပါ။
  • 7:52 - 7:55
    ဒီလို လုပ်ပေးနိုင်မယ်ဆိုရင်
    လူအများအပြားတို့က သစ်ပင်အောက်မှာ
  • 7:55 - 7:56
    မြှုပ်နှံပေးရန် ဒါမှမဟုတ်
  • 7:56 - 7:58
    အပင်တစ်ပင် ဖြစ်လာရန် ဆန္ဒပြုကြတာတွေနဲ့
  • 7:58 - 8:01
    အံဝင်ခွင်ကျ ဖြစ်တဲ့ နည်းများ ဖြစ်လာမလား?
  • 8:01 - 8:04
    အစဉ်အလာ မီးသင်္ဂြိုဟ်ရာတွင်၊
    ပြာအဖြစ် ကျန်ရစ်ခဲ့တာတွေ-
  • 8:04 - 8:06
    အဇီဝမူလ အရိုး အစအနများ-
  • 8:06 - 8:09
    မြေဆီလွှာထဲတွင် မှန်ကန်စွာသာ
  • 8:09 - 8:12
    ဖြန့်ဖျူးမပေးရင်၊ ထူတဲ့ မြေဖူလို
    အလွှာမျိုးကို ဖြစ်ပေါ်လာစေကာ၊
  • 8:12 - 8:15
    တကယ်တမ်းတွင် အပင်တွေကို ထိခိုက်
    သို့မဟုတ် သေကြေစေနိုင်တယ်။
  • 8:15 - 8:18
    ဒါပေမဲ့ ကိုယ်က ဆွေးမြေ့သွားပြီ၊ လက်တွေ့မှာ
    မြေဆီလွှာ ဖြစ်လာပြီ ဆိုရင်တော့၊
  • 8:18 - 8:21
    ကိုယ်ဟာ အပင်တွေအတွက် အာဟာရ ဖြစ်လာနိုင်ပြီး
  • 8:21 - 8:24
    ထာဝရ ဖြစ်လာချင်ခဲ့သို သေသွားပြီးနောက်မှာ
    ထောက်ပံ့ပေးသူ ဖြစ်လာနိုင်ပါတယ်၊
  • 8:24 - 8:26
    ကိုယ်ဟာ အဲဒီလို ဖြစ်ထိုက်ပါတယ်။
  • 8:27 - 8:30
    ဒီတော့ အနာဂတ်တွင် အဲဒါဟာ သင်္ဂြိုဟ်ရေး
    ဆိုင်ရာ ရွေးစရာ ဖြစ်နိုင်တယ်။
  • 8:30 - 8:33
    ဒါနဲ့ အနဂတ်တွင် သုဿာန်တွေကော
    ဘယ်လို ဖြစ်လာကြမလဲ?
  • 8:33 - 8:37
    ကျွန်တော်တို့ဆီမှာ မြေဟာ မလုံမလောက်
    ဖြစ်လာလို့ သင်္ချိုင်းတွေကို ထားဖို့တောင်
  • 8:37 - 8:39
    မလိုဘူးလို့ ယူဆသူတွေ အများကြီး ရှိပါတယ်။
  • 8:40 - 8:42
    ကျွန်ုပ်တို့က အဲဒါကို
    ပုံစံပြောင်းလိုက်လို့
  • 8:42 - 8:45
    အလောင်းဟာ မြေရဲ့ ရန်သူ မဟုတ်တော့ဘဲ
    ကယ်တင်ပေးမယ့်သူ
  • 8:45 - 8:47
    ဖြစ်လာမယ်ဆိုရင်ကော?
  • 8:48 - 8:50
    ထိန်းသိမ်းပေးမယ့် သင်္ဂြိဟ်ြခင်း
    အကြောင်း ပြောနေတာပါ၊
  • 8:50 - 8:54
    ကျယ်ြပန့်တဲ့ မြေပြင်ကို
    ဂေါပကအဖွဲ့ တစ်ခုက ဝယ်ထားမယ်။
  • 8:55 - 9:00
    အဲဒီနည်းရဲ့ အကောင်းဆုံးအချက်က
    အလောင်း တချို့ကို မြေထဲကို ချပေးလိုက်တာနဲ့
  • 9:00 - 9:03
    အဲဒါကို ဘယ်သူမှ တို့ထိ မရတော့ပါ၊
    အဲဒီမှာ ဘာမှ ဆောက်လုပ် မရတော့ပါ၊
  • 9:03 - 9:06
    ဒါကြောင့်မို့လို့ "ထိန်းသိမ်းပေးမယ့်
    သင်္ဂြိဟု်မှု နည်းလို့ ခေါ်တာပါ။
  • 9:06 - 9:10
    အဲဒါဟာ ကိုယ့်ကိုကိုယ် သေသွားတဲ့ နောက်မှာ
    အပင်အဖြစ် ပြောင်းလဲပစ်မှု ဖြစ်လာမယ်-
  • 9:10 - 9:12
    "ဘယ်နှယ်ဗျာ၊ ကိုယ်တော့
    သဘော မတူနို်င်ပေါင်!
  • 9:12 - 9:15
    တကယ်ပဲ၊ ကိုယ်တော့ မလိုချင်ဘူး၊
    ဒီမှာဘဲ ဆွေးမြေ့ပါရစေ။"
  • 9:15 - 9:17
    (ရယ်သံများ)
  • 9:17 - 9:19
    မိသားစုကနေပြီး သင်္ချိုင်းအား ပေးမယ့်
    ငွေကြေးမှန်သမျှကို
  • 9:19 - 9:22
    မြေကို ကာကွယ်ပေးရန်နဲ့ စီမံခန့်ရန်
    သုံးစွဲသွားမှာပါ။
  • 9:23 - 9:28
    အဲဒီမှာ မြင်နေကျ ခေါင်းရင်း မှတ်တိုင်
    နှင့် သင်္ချိုင်းတွေ ရှိမှာ မဟုတ်ပါ။
  • 9:28 - 9:30
    ဂူတွေကို အဲဒီမြေ တဝှမ်းလုံးမှာ
    ဖြန့်ကျက် ထားလျက်
  • 9:30 - 9:32
    ကျောက်တုံးလေး သို့မဟုတ် သတ္တူအဝိုင်းလေးနဲ့
  • 9:32 - 9:35
    မှတ်သားပေးထားတဲ့ မြေပုံလေးတွေ ရှိမှာပါ၊
  • 9:35 - 9:38
    ဒါမှမဟုတ် GPS နဲ့သာ
    ရှာလို့ တွေ့ရမှာမျိုး ဖြစ်နိုင်တယ်။
  • 9:39 - 9:40
    ဘာယ်လိုမှ ဆေးနဲ့စီရင်ပေးရန် မလိုပါ၊
  • 9:40 - 9:43
    လေးလံတဲ့ သတ္တူခေါင်းတွေ မလိုတော့ပါ။
  • 9:43 - 9:46
    ကျွန်မရဲ့ အသုဘဌာန ဆိုရင်
    မိုးမခပင်နဲ့ ဝါးနဲ့ ယက်ထားတဲ့
  • 9:46 - 9:49
    သေတ္တာလိုဟာမျိုး ရောင်းတာ ရှိပေမဲ့
  • 9:49 - 9:54
    ဒါပေမဲ့ တကယ်တော့ မိသားစု အများစုတို့က
    သာမန် အဝတ်စလေးကိုပဲ ပိုကြိုက်ကြတယ်။
  • 9:54 - 9:58
    ဒီမှာဆိုရင် သင်္ချိုင်း အများစုမှာ လိုအပ်
    တတ်တဲ့ မြေတိုက်ခန်းကြီးတွေလည်း မရှိပါ၊
  • 9:58 - 10:01
    ရှိနေတဲ့ မြေပြင်နေရာကို အဲဒီလို
    အထူးပုံသွင်း ဆောက်လုပ်ရန် မလိုအပ်ပါ။
  • 10:02 - 10:06
    မိသားစုတွေက ဒီကို လာနိုင်ကြကာ၊
    သဘာဝကြားမှာ အပန်းဖြေနိုင်ြကတယ်၊
  • 10:06 - 10:09
    သူတို့ အပင်တစ်ပင် သို့မဟုတ်
    ချုံတစ်ချုံကို စိုက်နိုင်ကြမယ်၊
  • 10:09 - 10:11
    ဒီဒေသထဲ ပေါက်ရောက်နေကျ အပင်တွေကိုသာ
    ခွင့်ပြုပေးမှာပါ။
  • 10:12 - 10:16
    အဲဒီလိုနည်းဖြင့် သေဆုံးသွားကြသူတို့ဟာ
    မြေပြင်ထဲမှာ အဆုံးအစမရှိ ရောနှောသွားကြမယ်။
  • 10:16 - 10:19
    ထိန်းသိမ်းပေးမယ့် သင်္ချိုင်းများဆီမှာ
    မျှော်လင့်ချက် ရှိပါတယ်။
  • 10:20 - 10:25
    ၎င်းတို့က မြို့ပြနှင့်ကျေးလက်ဒေသ
    နှစ်မျိုးအတွက် စိမ်းလန်းဒေသ ဖြစ်လာကြမှာပါ။
  • 10:26 - 10:30
    သက်ဆိုင်ရာ ဒေသတွင် ပကတိ ပေါက်နေကျ
    အပင်များနဲ့ တိရစ္ဆာန်များကို ပြန်ပြီး မျိုးပွားစေမှာပါ။
  • 10:30 - 10:33
    အများပြည်သူတို့အတွက်
    နေရာတွေ၊ ကမ္မဌာန်းကျင့်ရန် နေရာ၊
  • 10:33 - 10:36
    အတန်းများနဲ့ ဖြစ်ရပ်များကို
    ကျင်းပစည်းရုံးရန်
  • 10:36 - 10:38
    နေရာတွေ စသဖြင့် သဘာဝ ပတ်ဝန်းကျင်နဲ့
  • 10:38 - 10:41
    ပူးဆွေးမှုတို့ ဆုံစည်းမိတဲ့
    နေရာများ ဖြစ်လာနိုင်ကြတယ်။
  • 10:42 - 10:46
    အရေးအကြီးဆုံး အချက်က ၎င်းတို့ဟာ
    ကျွန်ုပ်တို့ အားလုံးအတွက်၊
  • 10:46 - 10:51
    မြေထဲက ကျင်းကလေး တစ်ခုထဲတွင် ပြန်ပြီး
    ဆွေးမြေ့ခွင့်ကို ပေးကြခြင်းပါပဲ။
  • 10:52 - 10:53
    မြေဆီလွှာဟာ၊
  • 10:53 - 10:55
    ကျွန်မ စိတ်ထင်၊
  • 10:55 - 10:57
    ကျွန်ုပ်တို့က လွမ်းနေပါတယ်။
  • 10:57 - 10:59
    ကျွန်မစိတ်ထင် လူအများအပြားတို့က
  • 10:59 - 11:01
    လက်ရှိ သင်္ဂြိုဟ်ရေး စနစ်ဟာ သူတို့အတွက်
  • 11:01 - 11:05
    လက်တွေ့တွင် အဓိပ္ပါယ် မရှိတော့တာကို
    နားလည် လာမိကြတယ်။
  • 11:06 - 11:07
    ကျွန်မတို့ အများစုအတွက်၊
  • 11:08 - 11:12
    သန့်စင်ပေးလိုက်ကာ လှပအောင် မွမ်းမံပေးမှုဟာ
    ကိုယ့်အတွက် မဟုတ်သလို ခံစားရတယ်။
  • 11:12 - 11:15
    ကျွန်မတို့ အသက်ရှင် နေထိုင်မှုဘဝကို
    အဲဒါဟာ ထင်ဟပ်ပေးခြင်း မရှိပါ။
  • 11:16 - 11:20
    သေသူတွေကို ကျွန်ုပ်တို့ သင်္ဂြိုဟ်ကြပုံဟာ
    ရာသီဥတု ပြဿနာကိုများ ဖြေရှင်ပေးနိုင်မလား?
  • 11:20 - 11:21
    မဟုတ်ပါ။
  • 11:21 - 11:24
    ဒါပေမဲ့ အဲဒါဟာ ထင်ရှားတဲ့
    လှုပ်ရှားမှုတွေ ဖြစ်လာစေမယ်။
  • 11:24 - 11:28
    ဒီကမ္ဘာဂြိုဟ်ရဲ့ နိုင်ငံသား တစ်ဦး
    အနေနဲ့ အမြင်ကို ပြောင်းစေမယ်။
  • 11:29 - 11:33
    ကျွန်မတို့ ပိုပြီးနှိမ့်ချရာနဲ့ အသိစိတ်ကို
    ဖေါ်ထုတ်တဲ့ နည်းနဲ့ သေနိုင်ကြမယ်ဆိုရင်၊
  • 11:33 - 11:36
    အဲဒီအခွင့်အလမ်းကို အသုံးချသင့်တယ်လို့
    ကျွန်မ ယုံကြည်ပါတယ်။
  • 11:36 - 11:37
    ကျေးဇူးတင်ပါတယ်။
  • 11:38 - 11:41
    (လက်ခုပ်သံများ)
Title:
ကမ္ဘာဂြိုဟ်ကို လုပ်ကျွေးပေးမယ့် သင်္ဂြိုဟ်ရေး နည်းလမ်း
Speaker:
Caitlin Doughty
Description:

ကျွန်ုပ်တို့ အားလုံးက တစ်နေ့မဟုတ် တစ်နေ့တွင် ဖြေကြရမယ့် မေးခွန်း ရှိပါတယ် - ကိုယ် သေသွားတဲ့ အခါမှာ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုများ ဖြစ်သွားစေလိုပါသလဲ? အသုဘ ဌာန
တစ်ခုမှ ဒါရိုက်တာဖြစ်သူ Caitlin Doughty င ကျွန်ုပ်တို့ အားလုံးတို့အား ရှောင်လွဲမရနိုင်တဲ့ သေဆုံးမှုအတွက် ပြင်ဆင်ရေး နည်းလမ်းသစ်တွေကို စူးစမ်း တင်ြပထားပါ
တယ်။ စဉ်းစားစရာ ဒီဟောပြောချက်ထဲတွင် လူတွေရဲ့ ခန္ဓာကိုယ်ကို မြေကြီဆီသို့ ပိုပြီး ဂေဟာစနစ်နဲ့ အံဝင်ခွင်ကျ ဖြစ်ကာ နှိမ့်ချမှု သဘော နဲ့ အသိစိတ်ကို ဖေါ်ြပတဲ့ ("ပြန်လည်စုစည်းရေး" နဲ့ "ထိန်းသိမ်းပေးရေး မြှုပ်နှံမှု") လိုနည်းဖြင့် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်များကို မြေကြီးဆီသို့ ထည့်ပေးသင့်တာကို ပြောပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:54

Burmese subtitles

Revisions