Return to Video

အနုပညာရှင်တစ်ဦးရဲ့ စိတ်ကိုဖြတ်သန်းသွားတဲ့ ခရီး

  • 0:01 - 0:03
    ကျွန်တော့ကို တောင်ပေါ်မှာ
    လိင်တူဆက်ဆံတဲ့မိန်းမတွေက
  • 0:03 - 0:06
    စောင့်ရှောက်ခဲ့ပြီး New York City ကို
    မှင်စာလေးအသွင် ပြန်လာတာမျိုးပေါ့။
  • 0:06 - 0:08
    (ရယ်သံများ)
  • 0:08 - 0:12
    တကယ်ပဲ ခေါင်းကရှုပ်ပွနေပေမဲ့
    နောက်တော့ ဒါနဲ့ပဲ အသားကျသွားမှာပါ။
  • 0:13 - 0:15
    ကျွန်တော် ၈နှစ်သားတုန်းကအကြောင်းနဲ့
    စပါမယ်။
  • 0:16 - 0:18
    သစ်သားသေတ္တာ တစ်လုံးကိုယူပြီး
  • 0:18 - 0:23
    သေတ္တာထဲ တစ်ဒေါ်လာတန်၊ မှင်တံ တစ်လက်နဲ့
    ခက်ရင်း ၁ ခုထည့်ပြီး Colorado မှာမြှပ်ခဲ့တယ်
  • 0:23 - 0:29
    ထင်မိတာက နှစ် ၅၀၀ မှာ ထူးဆန်းတဲ့လူသား
    (သို့) ဂြိုလ်သားတွေဟာ သေတ္တာကိုတွေ့ပြီး
  • 0:29 - 0:33
    ကျွန်တော်တို့ မျိုးစိတ်တွေ စိတ်ကူးတွေဖလှယ်
    ပုံကိုသိနိုင်လိမ့်မယ်၊
  • 0:33 - 0:35
    spaghetti ဘယ်လိုစားခဲ့တာလဲ
    ဖြစ်နိုင်တာပေါ့။
  • 0:35 - 0:37
    ကျွန်တော် တကယ်မသိခဲ့ပါဘူး။
  • 0:37 - 0:39
    ဘာပဲဖြစ်ဖြစ် ဒါကပျော်စရာပါ။
  • 0:39 - 0:43
    ဘာလို့လဲဆို ဒီမှာ ကျွန်တော် နှစ် ၃၀
    ကြာပြီးမှာ သေတ္တာတွေ လုပ်တုန်းလေ။
  • 0:44 - 0:47
    အခု ဟာဝိုင်ယီက တစ်နေရာမှာရောက်နေပြီး
  • 0:47 - 0:50
    တောင်တက်၊ ရေလွှာလျှောစီးပြီး
    အဆန်းတွေ လုပ်ချင်တယ်။
  • 0:50 - 0:52
    အမေအတွက် ဓာတ်ပုံ ဖြတ်ညှပ်ကပ်တစ်ခု
    လုပ်နေခဲ့တယ်
  • 0:52 - 0:54
    အဘိဓာန်တစ်အုပ်ယူပြီး
    ဆုတ်ဖြဲလိုက်တယ်၊
  • 0:54 - 0:57
    ပြီးတော့ဒါကို Anges Martin
    ရဲ့အကွက်လိုမျိုး လုပ်ပြီး
  • 0:57 - 1:00
    ဒီအပေါ်ကို သစ်စေးလောင်းလိုက်တာ
    ပျားတစ်ကောင် ညပ်သွားတယ်။
  • 1:00 - 1:03
    အခုသူမဟာ ပျားတွေကို ကြောက်နေကာ
    သူတို့နဲ့ မတည့်တော့ဘူးပေါ့။
  • 1:03 - 1:07
    ဒါနဲ့ ပတ္တုစပေါ် သစ်စေးထပ်လောင်းတယ်
    (သို့) အဲဒါခုခုကို ဖုံးနိုင်တယ်လို့တွေးတုန်း
  • 1:07 - 1:08
    အဲဒီအစား ဆန့်ကျင်ဘက်ဖြစ်သွားတယ်
  • 1:08 - 1:10
    ဒါက ပုံကြီးချဲ့သလို ဖြစ်ခဲ့တယ်။
  • 1:10 - 1:12
    အဘိဓာန် စာသားပေါ်က
    မှန်ဘီလူး တစ်လက်လို့ပေါ့။
  • 1:13 - 1:16
    ဒီတော့ ဘာလုပ်ခဲ့လဲဆို
    သေတ္တာတွေ ထပ်လုပ်တာပေါ့။
  • 1:16 - 1:20
    ဒီတစ်ခါတော့ လျှပ်စစ်ပစ္စည်းတွေ၊ ဖားတွေ
  • 1:20 - 1:23
    လမ်းမှာတွေ့တဲ့ ပုလင်းဆန်းတွေနဲ့
    တွေ့တာတွေ ထည့်တာပေါ့။
  • 1:23 - 1:26
    အကြောင်းက တစ်ဘဝလုံးပစ္စည်းတွေ ရှာနေပြီး
  • 1:26 - 1:29
    အဆက်အစပ်ဖို့ကြိုးစားကာ ဒီပစ္စည်းတွေ
    ကြားက ဇာတ်လမ်းတွေကို ပြောတာမို့ပါ။
  • 1:30 - 1:32
    ဒီလိုနဲ့ ပစ္စည်းတွေ တစ်ဝိုက်ကို စဆွဲပြီး
  • 1:32 - 1:36
    သဘောပေါက်မိတာက အိုးဘုရားသခင်၊
    ငါဟာ အာကာသမှာ ပုံဆွဲနိုင်ပါလားဟ၊
  • 1:36 - 1:38
    လွတ်လပ်စွာ မျောနေတဲ့ မျဉ်းတွေ
    ဆွဲတတ်တယ်၊
  • 1:38 - 1:41
    မှုခင်းဖြစ်တဲ့နေရာက လူသေအလောင်း
    တစ်ဝိုက်မှာ ဆွဲပုံမျိုးပေါ့။
  • 1:41 - 1:42
    ဒီတော့ ပစ္စည်းတွေကိုထုတ်ကာ
  • 1:42 - 1:45
    ထွင်ထားတဲ့ မျိုးစိတ်တွေရဲ့ ကိုယ်ပိုင်
    မျိုးခွဲပညာကိုဖန်တီးတယ်။
  • 1:45 - 1:49
    ပထမဆုံးက ရုက္ခဗေဒဆိုင်ရာ၊
    ဘယ်သူတွေ ဒါကိုရိပ်စားမိလဲဗျာ။
  • 1:50 - 1:53
    ဒီနောက် ထူးဆန်းတဲ့ အင်းဆက်တွေနဲ့
    သတ္တဝါတွေ ပြုလုပ်ပါတယ်။
  • 1:54 - 1:57
    တကယ် ပျော်စရာကောင်းတယ်၊
    သစ်စေး အလွှာတွေမှာ ပုံစဆွဲနေတုန်းပါ။
  • 1:57 - 2:00
    ဒါကမိုက်တယ်၊ တကယ့်ကို ပြပွဲတွေ၊
    ပစ္စည်းတွေစရလာတယ်၊
  • 2:00 - 2:03
    ပိုက်ဆံရနေတာပေါ့၊ ရည်းစားကို
    ညစာခေါ်သွားနိုင်တယ်၊ Sizzler
  • 2:03 - 2:05
    ကိုသွားတာတို့ဘာတို့ပေါ့။
  • 2:05 - 2:06
    အရမ်းမိုက်တယ်၊ ကိုယ့်လူရေ။
  • 2:06 - 2:08
    (ရယ်သံများ)
  • 2:08 - 2:12
    တစ်ခါတော့ လူသားအသွင်ရောက်ခဲ့တယ်။
  • 2:12 - 2:16
    ပကတိအရွယ် သစ်စေးရုပ်ထုတွေ၊
    အတွင်းလွှာတွေမှာ လူသားပုံတွေနဲ့ပေါ့၊
  • 2:16 - 2:19
    ဒါက ထူးကဲပါတယ်၊ ခြွင်းချက်
    တစ်ခုတော့ ရှိတာပေါ့။
  • 2:19 - 2:20
    ကျွန်တော်က သေတော့မှာလေ။
  • 2:21 - 2:24
    ဘာလုပ်ရမှန်းမသိခဲ့ဘူး၊ သစ်စေးတွေက
    ကျွန်တော့ကို သတ်တော့မှာလေ။
  • 2:24 - 2:26
    ညတိုင်းဒါကို တွေးတွေးပြီး
    အိပ်ရာဝင်ခဲ့တယ်။
  • 2:26 - 2:28
    ဒါကြောင့် ဖန်သားကို စမ်းသုံးခဲ့တယ်။
  • 2:28 - 2:30
    ဖန်သား အလွာတွေပေါ်မှာ ပုံစဆွဲခဲ့တယ်၊
  • 2:30 - 2:34
    ပြတင်း ၁ချပ်ပေါ်မှာဆွဲသလိုမျိုး၊
    နောက်ပြတင်း တစ်ထပ်ပေါ်ထပ်တင်၊
  • 2:34 - 2:36
    ပြီးတော့ နောက် တစ်ချပ်၊ ဒီပြတင်း
    တွေ ပေါင်းလိုက်တော့
  • 2:36 - 2:38
    သုံးဘက်မြင် အခင်းအကျင်း တစ်ခုဖြစ်သွားတယ်။
  • 2:39 - 2:41
    ပြီးတော့ ဒါက တကယ်အလုပ်ဖြစ်တယ်၊
    သစ်စေးသုံးတာကိုရပ်လို့ရခတယ်လေ။
  • 2:42 - 2:43
    ဒါကို နစ်အတော်ကြာ
    လုပ်ခဲ့တယ်။
  • 2:43 - 2:48
    "သုံးကားတွဲပန်းချီ"လို့ခေါ်တဲ့
    လက်ရာကြီးအဖြစ် အဆုံးသတ်ခဲ့တယ်။
  • 2:48 - 2:50
    "သုံးကားတွဲပန်းချီ"ဟာအဓိက
    စေ့ဆော်မှုရတာက
  • 2:50 - 2:53
    Heironymus ရဲ့The Garden of
    Earthly Delights" ပါ။
  • 2:53 - 2:56
    ဒါက စပိန်က ပရာဒိုပြတိုက်က
    ပန်းချီကား တစ်ချပ်ပါ။
  • 2:56 - 2:57
    ခင်ဗျားတို့ ဒီပန်းချီကားကို သိလား။
  • 2:57 - 2:59
    ကောင်းတယ်၊ အပြတ်မိုက်တယ်လေ။
  • 2:59 - 3:01
    ၎င်းရဲ့အချိန်ရှေ့ရောက်နေတယ်လို့
    ပြောကြတယ်။
  • 3:01 - 3:03
    " သုံးကားတွဲပန်းချီ"ဒါကို ဖြတ်ပြီး
    လျှောက်ပြမယ်။
  • 3:03 - 3:06
    ဒါက ပေါင် ၂၄၀၀၀ လေးပါတယ်။
  • 3:07 - 3:09
    ၁၈ ပေအရှည်ရှိပြီး
  • 3:09 - 3:12
    မျက်နှာ နှစ်ဘက်ဆိုတော့
    ၃၆ ပေရှိတဲ့ အခင်းအကျင်းပေါ့။
  • 3:12 - 3:13
    ခပ်ဆန်းဆန်းပုံမျိုးပေါ့။
  • 3:15 - 3:17
    ကောင်းပြီး၊ ဒါက သွေးရေပန်းလေ။
  • 3:17 - 3:19
    (ရယ်သံများ)
  • 3:19 - 3:22
    ဘယ်ဘက်မှာ
    ခရစ်တော်နဲ့ ကျိုင်းကောင်တွေပါ။
  • 3:22 - 3:24
    ဒါက ဂူတစ်လုံးပါ။
  • 3:24 - 3:27
    တိရစ္ဆာန်ခေါင်းနဲ့ သတ္တဝါတွေ လောက
    နှစ်ခုကြား သွားလာတဲ့နေရာပါ။
  • 3:27 - 3:29
    သူတို့ဟာ သဏ္ဍာန်ပြု လောကကနေ
  • 3:29 - 3:32
    သူတို့ပုန်းခိုရာ အလားတူ ရှုပ်ထွေး
    တဲ့ အပလောကကို သွားကြတယ်။
  • 3:32 - 3:35
    ဒါက တိရစ္ဆာန်ခေါင်းနဲ့ သတ္တဝါတွေ
    မီးပြတိုက်နားမှာရှိပြီး
  • 3:35 - 3:38
    သူတို့တွေ သမုဒ္ဒရာထဲ အစုလိုက်
    သေကြောင်းကြံတော့မယ့် နေရာပါ။
  • 3:38 - 3:41
    သမုဒ္ဒရာဟာ ထောင်ချီတဲ့ ဒြပ်တွေနဲ့လုပ်
    ထားတာပါ။
  • 3:41 - 3:43
    ဒါက တိုက်လှေမှာ ချည်နှောင်ခံရတဲ့
    နတ်ငှက်ပါ။
  • 3:43 - 3:44
    (ရယ်သံများ)
  • 3:44 - 3:46
    သမုဒ္ဒရာထဲက Billy Graham ပါ၊
  • 3:46 - 3:50
    ဆီယိုဖိတ်မှုက မိုးကုတ်စက်ဝိုင်း၊
    ဝါလ်ဒို၊အိုစမာ ဗင်လာဒင်ရဲ့ ခိုလှုံရာ၊
  • 3:50 - 3:52
    သမုဒ္ဒရာထဲကို အသေအချာ ကြည့်လိုက်ရင်
    ဆန်းပြားမှု
  • 3:52 - 3:54
    အဖုံဖုံကို မြင်တွေ့နိုင်ပါလိမ့်မယ်။
  • 3:55 - 3:57
    ဒါကတော့ အမျိုးသမီးသတ္တဝါပေါ့။
  • 3:57 - 4:01
    သမုဒ္ဒရာကနေထွက်လာပြီး
    လက်တစ်ဘက်ထဲ ဆီထွေးးချပြီး
  • 4:01 - 4:03
    အခြားတစ်ဘက်ကထွက်လာတဲ့ တိမ်တွေရှိပါတယ်။
  • 4:03 - 4:05
    သူမရဲ့လက်တွေဟာ ချိန်ခွင်လိုဖြစ်ကာ
  • 4:05 - 4:09
    သူမမှာ ကမ္ဘာမြေနဲ့ စကြာဝဠာရဲ့ ဟန်ချက်
    ညီတဲ့ဒဏ္ဍာရီအညွှန်းရှိတယ်။
  • 4:10 - 4:12
    ဒါက" သုံးကားတွဲပန်းချီ"
    ရဲ့ တစ်ဘက်ပါ။
  • 4:12 - 4:13
    ဒါက ဇာတ်ကြောင်း ပြောတာလေးပါ။
  • 4:13 - 4:15
    ဒါက သူမထွေးချနေတဲ့ လက်ပါ။
  • 4:16 - 4:18
    နောက်ပြီး အခြားဘက်ကို
    သွားလိုက်ရင်
  • 4:18 - 4:20
    သူမမှာ နှာမောင်းလို၊ ငှက်နှုတ်သီး
    လိုဟာရှိပြီး
  • 4:20 - 4:22
    နှာမောင်းကနေ တိမ်တွေကို
    ထွေးထုတ်နေပါတယ်။
  • 4:23 - 4:26
    နောက် " သုံးကားတွဲပန်းချီ"ကိုဆက်တဲ့
    ၁၈ ပေအရှည် မြွေအမြီးရှိတယ်၊
  • 4:27 - 4:30
    ဒါပေမဲ့ သူမအမြီးဟာ မီတောင်
    အနောက်ဘက်ကနေ မီးစွဲသွားတယ်။
  • 4:30 - 4:31
    (ရယ်သံများ)
  • 4:31 - 4:33
    ဘာလို့ အဲ့ဒါဖြစ်တာတော့ မသိဘူးဗျာ။
  • 4:33 - 4:34
    (ရယ်သံများ)
  • 4:34 - 4:36
    သိတဲ့အတိုင်းပဲ ဒါဖြစ်ခဲ့တယ်။
  • 4:36 - 4:40
    သူမအမြီးဟာ ၁၉၈၆ အကြမ်းဖက်
    သမား ကဒ်ပြားတွေနဲ့လုပ်ထားတဲ့
  • 4:40 - 4:42
    သတ္တဝါကြီးရဲ့မျက်ဆန်ထဲမှာ အဆုံးသတ်သွားတယ်။
  • 4:43 - 4:44
    ဒါတွေကို တွေ့ဖူးကြလားဗျ။
  • 4:44 - 4:47
    ၁၉၈၀ လွန်နှစ်တွေမှာ လုပ်ပြီး
    အကြမ်းဖက် ဘေ့စ်ဘောကဒ်တွေလိုပါ။
  • 4:47 - 4:48
    ခေတ်ရှေ့ပြေးပုံများနော်
  • 4:48 - 4:51
    (ရယ်သံများ)
  • 4:51 - 4:53
    ဒါက နောက်ဆုံး ပရောဂျက်ကို
    ခေါ်သွားမှာပါ။
  • 4:53 - 4:54
    ပရောဂျက် နှစ်ခုအတွင်းမှာ
  • 4:54 - 4:56
    တစ်ခုက "စိတ်ပထဝီများ" လို့ခေါ်ပြီး
  • 4:56 - 4:59
    ဒီလူတွေထဲက အယောက် ၁၀၀ ကိုဖန်းတီးဖို့
    ၆ နှစ်တာ ပရောဂျက်အကြောင်းပါ
  • 4:59 - 5:02
    တစ်ဦးစီဟာ ယဉ်ကျေးမှုရဲ့
    မော်ကွန်းတစ်ခုပါ။
  • 5:02 - 5:04
    စုတ်ဖြဲထားတဲ့ မီဒီယာနဲ့
    ကိစ္စရပ်တွေကနေပေါ့
  • 5:04 - 5:07
    စွယ်စုံကျမ်း ဒါမှမဟုတ် အဘိဓာန်တွေ၊
    မဂ္ဂဇင်း ဖြစ်ဖြစ်ပါ။
  • 5:07 - 5:10
    ဒါပေမဲ့ တစ်ခုချင်းဟာ လူသားသဏ္ဍာန်မှာ
    မော်ကွန်းတိုက်လို သရုပ်ဆောင်ကာ
  • 5:10 - 5:13
    ၂၀ ၊ ၄ (သို့) ၁၂ ယောက်တစ်ဖွဲ့
    ဖွဲ့ကာ ခရီးထွက်ပါတယ်
  • 5:14 - 5:16
    ဆဲလ်တွေလိုပဲ
    အတူလာပြီး ခွဲသွားတယ်။
  • 5:17 - 5:19
    ခင်ဗျားတို့က ဖြတ်သွားရုံပါ၊
    ကျွန်တော်က နှစ်ချီကြာနေတာပါ။
  • 5:19 - 5:23
    အခြေခံအားဖြင့် တစ်ခုစီဟာ အတွင်းဘက်က
    လူညပ်နေတဲ့
  • 5:23 - 5:25
    ပေါင် ၃၀၀၀ပ အဏုကြည့်ဆလိုက်ပါ။
  • 5:26 - 5:28
    ဒါက သူ့ရင်ဘတ်မှာ ဂူအသေးလေး
    တစ်လုံးရှိတယ်။
  • 5:29 - 5:32
    ဒါက သူ့ဦးခေါင်း ဒါကရင်ဘတ်၊
    အစကိုမြင်နိုင်သလိုလိုပေါ့။
  • 5:32 - 5:34
    ကိုယ်အောက်ဘက်ကို သွားပေးပါမယ်။
  • 5:34 - 5:38
    ဒါက ရင်ဘတ်ကထွက်လာတဲ့
    ရေတံခွန်တစ်ခုပါ။
  • 5:38 - 5:41
    သူ့လိင်တံကို ကာထားတယ်၊ လိင်တံဟုတ်ဟုတ်၊
    မဟုတ်ဟုတ်ဗျာ။
  • 5:41 - 5:42
    ဒွိလိင် သဘောမျိုး တစ်ခုပါ။
  • 5:43 - 5:46
    ဒီလက်ရာတွေကို သုတ်သုတ်လေး
    သွားလိုက်မယ်
  • 5:46 - 5:48
    ဒါတွေကိုအကြာကြီးရှင်း
    မပြနိုင်လို့ပါ။
  • 5:48 - 5:51
    မြင်နေရသလိုမျိုး အလွှာတွေရှိတယ်၊
  • 5:52 - 5:54
    ဒါက နှစ်ခြမ်းကွဲနေတဲ့ ကိုယ်ခန္ဓာပါ။
  • 5:54 - 5:56
    ဒါက ခေါင်းနှစ်လုံး ရှိပြီး
  • 5:56 - 5:58
    ခေါင်းနှစ်လုံးကြား ဆက်သွယ်နေတာပါ။
  • 5:58 - 6:00
    ဆေးလုံးတွေထွက်လာတာ
    ထူးဆန်းတဲ့ရုပ်တု
  • 6:00 - 6:02
    ကနေ ခေါင်းတစ်လုံးထဲ ဝင်သွားတာ
    တွေ့နိုင်ပါတယ်။
  • 6:02 - 6:05
    ရင်ခေါင်းအတွင်းဘက်မှာ
    သစ်တောသိပ္ပံ အသေးလေးတစ်ခုရှိတယ်။
  • 6:05 - 6:06
    တွေ့ကြပါသလားဗျာ။
  • 6:07 - 6:09
    ဘာဖြစ်ဖြစ်၊ ဒီဟောပြောချက်က ကျုပ်တို့နေတဲ့
  • 6:09 - 6:10
    ဒီသေတ္တာတွေ အကြောင်းချည်းပါ။
  • 6:11 - 6:13
    ကျုပ်တို့နေတဲ့သေတ္တာ၊ နေအဖွဲ့
    အစည်းဟာ သေတ္တာ ၁ လုံးပါ
  • 6:14 - 6:16
    ဒါကနေ နောက်ဆုံးသေတ္တာဆီ
    ခေါ်သွားပါမယ်။
  • 6:16 - 6:19
    ဒါက အုတ်သေတ္တာပါ၊
    "ရှေးဦးလက်ရာများ" လို့ခေါ်ပါတယ်။
  • 6:19 - 6:20
    ( အားပေးသံများ)
  • 6:20 - 6:25
    သေတ္တာအတွင်းဘက်မှာ
    ရူပဗေဒပညာရှင် တစ်ဦး၊
  • 6:25 - 6:28
    အာရုံကြောပညာရှင်၊ ပန်းချီဆရာ၊ ဂီတသမား၊
  • 6:28 - 6:33
    စာရေးဆရာ၊ ရေဒီယိုရုံ၊ ပြတိုက်၊
    ကျောင်း တစ်ကျောင်း၊
  • 6:33 - 6:38
    ကမ္ဘာမှာ ကျွန်တော်တို့ ဖန်တီးတဲ့ အရာတွေကို
    ဖြန့်ချီဖို့ ပုံနှိပ်လက်တံ ၁ချောင်း၊
  • 6:38 - 6:40
    ဥယျာဉ် တစ်ခုပါ။
  • 6:40 - 6:42
    ဒီသေတ္တာကို လှုပ်ခါလိုက်တော့
  • 6:42 - 6:45
    ဒီလူတွေအားလုံးဟာ ဒြပ်မှုန်တွေလိုပဲ
    စတင် ထိမှန်တော့တာမျိုးပေါ့။
  • 6:45 - 6:47
    ဒါဟာ ကမ္ဘာကိုပြောင်းလဲတဲ့နည်းလို့
    ထင်မိတယ်။
  • 6:47 - 6:51
    မိမိကိုယ်တွင်းနဲ့ နေထိုင်တဲ့ကမ္ဘာကို
    အနက်ပြန်ဖွင့်လိုက်ပါ။
  • 6:51 - 6:55
    ကျုပ်တို့အားလုံး အတူတူပဲဆိုတာ
    ပေါင်းဆုံ သိမြင်လာပါတယ်။
  • 6:55 - 6:56
    နိုင်ငံတွေ၊ နယ်ခြားတွေ ဘာသာတရား
  • 6:56 - 7:01
    ဆိုတဲ့ ခြားနားတဲ့ လှည့်စားချက်ဟာ
    အလုပ်မဖြစ်ဘူး ဆိုတာပါ။
  • 7:02 - 7:07
    ကျုပ်တို့ဟာ သေတ္တာတူ တစ်လုံးထဲက
    ပစ္စည်းတွေနဲ့လုပ်ထားတာပါ။
  • 7:07 - 7:11
    ဒီပစ္စည်းတွေကို ချိုချို သာသာနဲ့
    စတင် မလဲလှယ်ကြရင်တော့
  • 7:11 - 7:13
    မကြာခင်ပဲ သေကြတော့မှာပါ။
  • 7:13 - 7:14
    ကျေးဇူးတင်ပါတယ်။
  • 7:15 - 7:18
    (လက်ခုပ်သံများ)
Title:
အနုပညာရှင်တစ်ဦးရဲ့ စိတ်ကိုဖြတ်သန်းသွားတဲ့ ခရီး
Speaker:
Dustin Yellin
Description:

Dustin Yellin ကနေပြီး ရှုပ်ထွေးပြီး စိတ်ကူးယဉ်ဆန်မှုကိုနှိုးဆွပေးတဲ့ ဇာတ်လမ်းတွေကို
ပြောပြတဲ့ စိတ်ကိုညှို့ငင်ဖမ်းစားတဲ့ အနုပညာလက်ရာတစ်ခုကို ဖန်တီးလိုက်ပါတယ်။
ဒီ သူ့ရဲ့အနုပညာဟန်ကို သူဘယ်လိုတိုးတက်အောင်လုပ်ခဲ့ပါသလဲ။ အသက် ၈နှစ်ကနေ စတင်တဲ့ သူ့ရဲ့ ကိုယ်ပိုင်တစ်ဘာသာထူးခြားတဲ့ တွေးခေါ်ခြင်း၊ ထင်မြင်ခြင်း တွေနဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ခရီးကို မျှဝေထားပါတယ်။ သူ့ရဲ့နောက်ဆုံးအဓိကလက်ရာ တစ်ခုနှစ်ခုလောက်ထိ သူ့ကိုဦးတည်စေတဲ့ လမ်းကြောင်းကိုလိုက်ကြည့်လိုက်ပါဦး။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
07:32

Burmese subtitles

Revisions