Return to Video

သမိုင်းနှင့် Genghis Khan ။ Alex Gendler

  • 0:07 - 0:11
    ဥရောပ-အာရှ တိုက်တစ်လွှားမှာ ရပ်တန့်လို့
    မရနိုင်တဲ့ အောင်ပွဲတစ်ခုကို ဆင်နွှဲတဲ့
  • 0:11 - 0:16
    ရှင်သန်ခဲ့ဖူးသူတွေထဲမှာ ကြောက်စရာ
    အကောင်းဆုံး စစ်နယ်ရှင်တွေထဲက တစ်ယောက်ပါ။
  • 0:16 - 0:19
    ဒါပေမဲ့ Genghis Khan ဟာ ရက်စက်တဲ့
    အရိုင်းအစိုင်း တစ်ယောက်လား။
  • 0:19 - 0:24
    ဒါမှမဟုတ် ခေတ်သစ်ကမ္ဘာအတွက်
    လမ်းထွင်ပေးခဲ့တဲ့ စည်းရုံးပေးသူလား။
  • 0:24 - 0:29
    " History vs. Genghis Khan"
    မှာ ကြည့်ကြမယ်။
  • 0:29 - 0:32
    "ကဲ ခဏလေး တိတ်ကြပါ။
    ဒီနေ့ တရားပြိုင်က ဘယ်သူလဲဟေ့။
  • 0:32 - 0:36
    Khan ပါ။
  • 0:36 - 0:39
    လူကြီးမင်းဟာ Genghis Khan နဲ့
    ရင်းနှီးနေတာ သိပါတယ်။
  • 0:39 - 0:44
    ၁၃ ရာစု စစ်နယ်ရှင် သူ့ရဲ့စစ်ရေး
    တိုက်ပွဲတွေက သန်းချီတဲ့ လူတွေကို သေစေပြီး
  • 0:44 - 0:48
    ဒါတွေနောက်ပိုင်းမှာ အပျက်အစီး
    ကလွဲပြီး ဘာမှ မကျန်ခဲ့ပါ။"
  • 0:48 - 0:53
    "ကန့်ကွက်တယ်။ အရင်ဆုံးက
    Genghis Kahn လို့ အသံထွက်တာ။
  • 0:53 - 0:54
    တကယ်လား။"
  • 0:54 - 0:56
    မွန်ဂိုလီးယားဘာသာနဲ့ဆို ဟုတ်ပါတယ်။
  • 0:56 - 1:00
    သူဟာ လူ့သမိုင်းမှာ အကြီးကျယ်ဆုံး
    ခေါင်ဆောင်တွေထဲက တစ်ယောက်ဆိုတာထားလိုက်။
  • 1:00 - 1:05
    Born Temüjin ဟာ ဖခင်မဲ့ကျန်ခဲ့ပြီး
    ကလေးဘဝက ခိုကိုးရာမဲ့ခဲ့တယ်။
  • 1:05 - 1:10
    ဒါပေမဲ့ စစ်ဖြစ်နေတဲ့ မွန်ဂိုလူမျိုးစုတွေ
    ကို စုစည်းဖို့ အတောမသတ် ပဋိပက္ခတွေကို
  • 1:10 - 1:14
    ဆက်လက် ကျော်လွှားပြီး ကမ္ဘာက မြင်ကြတဲ့
    အကြီးမားဆုံး အင်ပါယာကို ပုံသွင်းခဲ့တယ်။
  • 1:14 - 1:19
    နောက်ဆုံးမှာတော့ ပစိဖိတ်ကနေ
    ဥရောပ ဗဟိုဒေသအထိ ကျယ်ပြန့်ခဲ့တယ်။"
  • 1:19 - 1:22
    "ကျူးကျော်မှုနဲ့ လူသတ်ပွဲကနဲ့ပတ်သက်ပြီး
    ဘာက ဒီလောက်ကြီးကျယ်တာလဲ။
  • 1:22 - 1:25
    တရုတ်ပြည် မြောက်ပိုင်းဟာ
    လူဦးရေရဲ့ ၃ ပုံ ၂ ပုံ ဆုံးရှုံးခဲ့တယ်။"
  • 1:25 - 1:30
    "Jin မင်းဆက်ဟာ မြောက်ပိုင်း လူစုတွေကို
    အကြာကြီး ဒုက္ခပေးနှောင့်ယှက်ခဲ့တယ်။
  • 1:30 - 1:34
    အချင်းချင်း တိုက်ခိုက်ဖို့ လာဘ်ထိုးပြီး
    အခါအားလျော်စွာ သူတို့ကို တိုက်ခိုက်တယ်။
  • 1:34 - 1:37
    Genghis Khan ဟာ မွန်ဂိုတွေကို
    စုစည်းဖို့ က​ြိုးစားခဲ့သူ
  • 1:37 - 1:41
    နောက်ဆုံး Khan လို အလားတူ
    ကံကြမ္မာကို ကြုံရခါနီး မဖြစ်ခဲ့ဘူး။
  • 1:41 - 1:44
    လူဦးရေ ပြောင်းလဲမှုက ညံ့ဖျင်းတဲ့
    လူဦးရေစာရင်းထားခြင်းကို ထင်ဟပ်လောက်တယ်။
  • 1:44 - 1:49
    ဆင်းရဲသား လယ်သမားများစွာကို
    Khan ရဲ့ တပ်ထဲကို ခေါ်တာ ထည့်မပြောသေးဘူး။"
  • 1:49 - 1:52
    "သင် အလိုရှိရာ ကိန်းဂဏန်းတွေကို
    ကောက်ယူ၊ခွဲခြားနိုင်ပေမဲ့
  • 1:52 - 1:58
    ၎င်းတို့က နေထိုင်သူတွေနဲ့အတူ
    မြို့ကြီးတွေအားလုံးကို ဖျက်ပစ်ခဲ့တယ်။"
  • 1:58 - 2:01
    "Khan က ရန်သူတွေကို လက်နက်ချပြီး
    လက်ဆောင်ပဏ္ဏာ ဆက်သဖို့ လိုလားပေမဲ့
  • 2:01 - 2:05
    သစ္စာစောင့်သိမှုနဲ့ သံတမန် ဥပဒေကို
    ခိုင်မာစွာ ယုံကြည့်ခဲ့တယ်။
  • 2:05 - 2:10
    အစုလိုက် အပြံလိုက် အသတ်ခံရတဲ့ မြို့တွေက
    လက်နက်ချပြီးနောက် ပုန်ကန်တဲ့ မြို့တွေ
  • 2:10 - 2:12
    (သို့) သံတမန်တွေအဖြစ် အသတ်ခံရတာပါ။
  • 2:12 - 2:17
    သူ့ဥပဒေက တရားမျှတမှုရဲ့
    တင်းကျပ်တဲ့ နားလည်ခြင်းပါ။
  • 2:17 - 2:21
    "မှတ်တမ်းမျိုးစုံက ပြတာက သူ့ရဲ့စစ်တပ်
    ရက်စက်မှုကတရားမျှတမှုကို ကျော်လွန်ပြီး
  • 2:21 - 2:24
    မိခင်ဝမ်းထဲက မမွေးသေးတဲ့ ကလေးတွေကို
    ဆွဲဖောက်တာ၊
  • 2:24 - 2:27
    ထောင်သားတွေကိုလူသား ဒိုင်းတွေ (သို့)
  • 2:27 - 2:30
    ဖမ်းဆီးရ စက်တွေကို ထောက်ပံ့ဖို့
    ကျုံး ဖြည့်စာတွေအဖြစ်သုံးတာ
  • 2:30 - 2:32
    သိမ်းပိုက်တဲ့ မြို့တွေက မိန်းမအားလုံးကို
    ခေါ်သွားတာတို့ပါ။"
  • 2:32 - 2:35
    "တော်တော့။ ရိုင်းစိုင်လိုက်တာ။"
  • 2:35 - 2:39
    "ဒါက အခြား အလယ်ခေတ် စစ်တပ်တွေထက်
    အများကြီး ပိုဆိုးခဲ့တာ တကယ်လား။"
  • 2:39 - 2:42
    "ဒါက Genghis Khan ယုတ်မာမှုတွေကို
    ခွင့်လွှတ်မပေးဘူး။"
  • 2:42 - 2:45
    "ဒါပေမဲ့ ဒါက Genghis Khan ကို
    သွေးဆာနေတဲ့ အရိုင်းအစိုင်းဆိုတာထက်
  • 2:45 - 2:48
    သူ့အချိန်အတွက်တော့ သာမန်လောက်ပဲ
    ဖြစ်စေတယ်။
  • 2:48 - 2:52
    တကယ်က သတို့သမီး ပြန်ပေးဆွဲမှုဖျက်သိမ်း
    လိုက်တဲ့ လူမျိုးစုတွေကို စုစည်းပြီးနောက်
  • 2:52 - 2:55
    မွန်ဂို အမျိုးသီးတွေရဲ့ အဆင့်တွေဟာ
    အများစုထက် ပိုသာခဲ့တယ်။
  • 2:55 - 2:57
    အိမ်တွင်း အလုပ်တွေကို ထိန်းချုပ်တယ်။
  • 2:57 - 2:59
    ခင်ပွန်းတွေကို ကွာရှင်းနိုင်ခဲ့တယ်။
  • 2:59 - 3:01
    ယုံကြည့်ရတဲ့ အကြံပေးတွေ ဖြစ်ခဲ့တယ်။
  • 3:01 - 3:04
    Temujin ဟာ သူရဲ့ ပထမဆုံး သတို့သမီးနဲ့
    တစ်သက်လုံး နေခဲ့ပြီး
  • 3:04 - 3:08
    သူမရဲ့ တရားမဝင်သား ဖြစ်နိုင်တာကို
    သားအရင်းအဖြစ် ကျွေးမွေးပြုစုခဲ့တယ်။
  • 3:08 - 3:12
    Genghis Khan ရဲ့ အမွေအနှစ်ဟာ
    ဘေးဒုက္ခတစ်ဆိုတာ ထားလိုက်ပါ။
  • 3:12 - 3:17
    သားစဉ်မြေးဆက်တွေရဲ့ အောင်နိုင်မှုအတွင်း
    ဥရောပ-အာရှတစ်လွှားမှာ လူသန်း ၄၀ အထိ သေတယ်၊
  • 3:17 - 3:21
    ကမ္ဘာ့လူဦးရေရဲ့ ၁၀ % ပါ။
  • 3:21 - 3:24
    ဒါက Golden Horde's Siege of Kaffa ကနေ
    ဥရောပကို သယ်ဆောင်လာတဲ့
  • 3:24 - 3:28
    Black Plague မှ အသေအပျောက်တွေကို
    တွက်မထားသေးဘူး။"
  • 3:28 - 3:30
    "ဒါက တမင်မလုပ်တာတော့ သေချာတယ်။"
  • 3:30 - 3:33
    "တကယ်က ပလိပ်ရောဂါကြောင့် သူ့တို့ရဲ့တပ်တွေ
    သေနေတာကို မြင်တော့
  • 3:33 - 3:37
    ရောဂါကူးစက်နေတဲ့ ခန္ဓာကိုယ်တွေကို
    မြို့တံတိုင်းတွေပေါ် ကျော်ပစ်ခဲ့ကြတယ်။
  • 3:37 - 3:39
    "မသတီစရာကြီးပါ။"
  • 3:39 - 3:41
    "ခင်ဗျား ကိုးကားနေတဲ့မှတ်တမ်းတွေက
  • 3:41 - 3:44
    ဒီအဖြစ်နောက်ပိုင်း နှစ်တစ်ရာကျော်က
    ရေးခဲ့တာတွေပါ။"
  • 3:44 - 3:46
    ဒါတွေက ဘယ်လောက်
    စိတ်ချရတယ်လို့ ခင်ဗျား ထင်လဲ။
  • 3:46 - 3:51
    နောက် Genghis Khan တည်ထောင်တဲ့ အင်ပါယာရဲ့
    အကျိုးကျေးဇူးတွေကို ကျန်သူတွေက ခံစားတယ်။"
  • 3:51 - 3:52
    "အကျိုးကျေးဇူးတွေ"
  • 3:52 - 3:56
    "မွန်ဂို အင်ပါယာက ပြည်သူအားလုံးကြားမှာ
    ဘာသာရေး သဘောထားကြီးမှု ကျင့်သုံးတယ်။
  • 3:56 - 4:01
    စစ်သည်တွေကို ကောင်းကောင်း ဆက်ဆံတယ်၊
    မွေးတာထက် အရည်အချင်းလိုက်ကာ ရာထူးပေးတယ်။
  • 4:01 - 4:03
    ဧရာမ စာပို့စနစ်ကို တည်ဆောက်ခဲ့ပြီး
  • 4:03 - 4:06
    အများလက်ခံတဲ့
    ဥပဒေစည်းမျဉ်းကို ခိုင်မာစေခဲ့တယ်။
  • 4:06 - 4:08
    ယဉ်ကျေးမှု ထောက်ပံပေးတာ
    မပါသေးဘူးနော်။"
  • 4:08 - 4:12
    ခင်ဗျားဆိုလိုတာက Hulagu Khan ရဲ့
    ဒီခေတ်ရဲ့ ယဉ်ကျေးမှုမြို့တော်
  • 4:12 - 4:14
    Baghdad ပျက်သုဉ်းခြင်းလား။
  • 4:14 - 4:19
    စာကြည့်တိုက်၊ ဆေးရုံနန်းတော်စတာတွေမီးလောင်
    တယ်။ ရေသွင်း တူးမြောင်းတွေ မြုပ်သွားတယ်။
  • 4:19 - 4:22
    "Baghdad က ကံဆိုးခဲ့တာပါ။
  • 4:22 - 4:24
    ဒါပေမဲ့ ၎င်းရဲ့ Kalif က လက်နက်ချဖို့
    ငြင်းဆန်ခဲ့တယ်။
  • 4:24 - 4:30
    နောက်တော့ Hulagu ဟာ အကြောင်းမဲ့ ဖျက်ဆီး
    မှုအတွက် Berke Khan ရဲ့အပြစ်ပေးတာခံရတယ်။
  • 4:30 - 4:33
    ယဉ်ကျေးမှုကို ဖျက်ဆီးဖို့က
    မွန်ဂို မူဝါဒမဟုတ်ဘူး။
  • 4:33 - 4:37
    အမြဲလိုလို သိမ်းပိုက် နေရာတွေက ဆရာဝန်တွေ၊
    ပညာရှင်တွေနဲ့ လက်မှုပညာသည်တွေကိုကယ်ပြီး
  • 4:37 - 4:39
    သူတို့ကို နိုင်ငံတစ်လျှောက်လုံး
    ပြောင်းရွေ့ကာ
  • 4:39 - 4:42
    ကမ္ဘာတစ်လွှားကို အသိသုတ ပျံနှံ့စေတယ်။"
  • 4:42 - 4:45
    "၎င်းရဲ့ ပြည်သူတွေကို အမှောင်ခေတ်မှာ
    ထားခဲ့တဲ့ Kievan Rus
  • 4:45 - 4:48
    ပျက်စီးခြင်း ကျတော့ရော။
  • 4:48 - 4:51
    ပြန်လည်ဆန်းသစ်ရေးခေတ်က အနောက်ဥရောပ
    တစ်လွှား ပျံနှံ့ခဲ့တယ်ဆိုတာတောင်ပါ။
  • 4:51 - 4:54
    "အနောက်ဥရောပက အဲဒီအချိန်မှာ
    မငြိမ်းချမ်းသလောက်ပါ။
  • 4:54 - 4:59
    မွန်ဂိုအုပ်ချုပ်ရေး တည်ငြိမ်မှုက ပိုးလမ်းမ
    နောက်တစ်ခါ စည်ပင်ဖို့ ဖြစ်စေပြီး
  • 4:59 - 5:02
    အရှေ့နဲ့ အနောက်ကြားမှာ ကုန်သွယ်ရေးနဲ့
    ယဉ်ကျေးမှု ဖလှယ်ခွင့်ပေးတယ်။
  • 5:02 - 5:07
    စစ်ဖြစ်နေတဲ့ မင်းညီမင်းသားနိုင်ငံတွေကနေ
    စုစည်းတဲ့ နိုင်ငံတွေအဖြစ် ရုရှားနဲ့
  • 5:07 - 5:09
    တရုတ်ကို ပုံသွင်းခဲ့တဲ့ အမွေအနှစ်ပါ။
  • 5:09 - 5:11
    တကယ်က အင်ပါရာနောက်ပိုင်း ကြာတဲ့အခါ
  • 5:11 - 5:13
    Genghis Khan ရဲ့ သားစဉ်မြေးဆက်ကို
  • 5:13 - 5:17
    ဥရောပ-အာရှတစ်ခွင် အုပ်ချုပ်နေတဲ့
    သူကောင်းမျိုးတွေကြားမှာ တွေ့နိုင်တယ်။"
  • 5:17 - 5:21
    "အာဏာရှင်တစ်ယောက်ဟာ နောက်ထပ် အာဏာရှင်တစ်
    ယောက်ကို စေ့ဆော်မယ်ဆိုတာအဆန်းမှမဟုတ်တာ။"
  • 5:21 - 5:24
    "ခင်ဗျား သူ့ကို ခေါ်တာက သတိထားနော်။
    ခင်ဗျားနဲ့ ပတ်သက်နေနိုင်တယ်။"
  • 5:24 - 5:26
    "ဘာပြောတယ်။"
  • 5:26 - 5:30
    "ယနေ့ လူ ၁၆ သန်းဟာ Genghis Khan ကနေ
    ဆင်းသက်လာသူတွေပါ။
  • 5:30 - 5:32
    လူ ၂၀၀ မှာ တစ်ယောက်ပါ။"​
  • 5:32 - 5:36
    ကြီးကျယ်တဲ့ ဧကရာဇ်တိုင်းအတွက်
    သန်းချီတဲ့ အောင်နိုင်ခဲ့တာတွေရှိတယ်။
  • 5:36 - 5:38
    ဘယ်သူ့ဇာတ်လမ်းတွေ ရှင်ကျန်နေမှာလဲ။
  • 5:38 - 5:41
    ခေါင်းဆောင်တစ်ယောက်ရဲ့ သမိုင်း(သို့)
    ယဉ်ကျေးမှုဆိုင်ရာ ထူးခြားမှုက
  • 5:41 - 5:45
    တစ်လျှောက်လုံးမှာ သူတို့ ကြောင့်ဖြစ်တဲ့
    သေမှုတွေထက် အလေးသာနိုင်လား။
  • 5:45 - 5:50
    ဒါတွေက သမိုင်းကို စမ်းသပ်စစ်ဆေးတော့
    ပေါ်လာတဲ့ မေးခွန်းတွေပါ။
Title:
သမိုင်းနှင့် Genghis Khan ။ Alex Gendler
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/history-vs-genghis-khan-alex-gendler တွင် ကြည့်ရှုပါ။

သူဟာ ဥရောပ-အာရှ တိုက်တစ်လွှားမှာ ရပ်တန့်လို့မရနိုင်တဲ့ အောင်ပွဲတစ်ခုကို ဆင်နွှဲတဲ့ ရှင်သန်ခဲ့ဖူးသူတွေထဲမှာ ကြောက်စရာ အကောင်းဆုံး စစ်နယ်ရှင်တွေထဲက တစ်ယောက်ပါ။ 
ဒါပေမဲ့ Genghis Khan ဟာ ရက်စက်တဲ့ အရိုင်းအစိုင်း တစ်ယောက်လား။ ဒါမှမဟုတ် ခေတ်သစ်ကမ္ဘာအတွက် လမ်းထွင်ပေးခဲ့တဲ့ စည်းရုံးပေးသူလား။ Alex Gendler ကနေပြီး ဒီအငြင်းပွားဖွယ်ရာ ပုဂ္ဂိုလ်ကို သမိုင်းနဲ့ Genghis Khan မှာ စမ်းသပ်စစ်ဆေးထားပါတယ်။

သင်ခန်းစာကို Genghis Khan က ပြုစုပြီး လှုပ်ရှားမှုပုံရိပ်များကို Brett Underhill က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
06:07

Burmese subtitles

Revisions