Return to Video

အမေရိကမှာ လူမည်းသားတစ်ယောက် ဘယ်လို ပြုစုပျိုးထာင်မလဲ။

  • 0:01 - 0:03
    အရွယ်ရောက်တော့ အမြဲနားမလည်မိတာက
  • 0:03 - 0:06
    ဘာလို့များမိဘတွေကစည်းကမ်းတွေကို
    လိုက်နာခိုင်းလဲဆိုတာပါ။
  • 0:06 - 0:09
    ဆိုပါစို့၊ ဘာလို့ ကျွန်တော်မြက်ရိတ်ဖို့လိုတာလဲ။
  • 0:09 - 0:11
    ဘာလို့ အိမ်စာက အရမ်းကြီးအရေးကြီးတာလဲ။
  • 0:11 - 0:15
    ဘာလို့ ယာဂုထဲ jelly bean တွေထည့်လို့မရတာလဲ။
  • 0:15 - 0:18
    ကလေးဘဝမှာ အဲလိုမေးခွန်းတွေနဲ့
    ပြည့်နေခဲ့ပါတယ်။
  • 0:18 - 0:22
    ကလေးဖြစ်ခြင်းရဲ့သာမာန်ကိစ္စတွေနဲ့
    တစ်ခါတစ်လေ သိသွားမိတာက
  • 0:22 - 0:26
    ဘာလို့ဆိုတာ သေချာမသိတောင် မိဘစကား
    နားထောင်တာ အကောင်းဆုံးပဲဆိုတာပါ။
  • 0:26 - 0:29
    သူတို့ ကျွန်တော့ကို ဝေဖန်ပြီး
    မစဉ်းစားစေချင်လို့ မဟုတ်ပါ
  • 0:29 - 0:32
    သူတို့ဆုံးမမှုက မောငိနှမတွေကြား
    တင်းမာမှုကို သင့်မြတ်ဖို့နဲ့
  • 0:32 - 0:36
    သင့်မြတ်ဖို့နဲ့ ကျွန်တော့ကို လောကရဲ့
    ဖြစ်ရပ်တွေ နားလည်စေချင်တာပါ။
  • 0:36 - 0:40
    တစ်ချိန်တည်း လွှဲရှောင်မရတဲ့ ရှိရင်းစွဲကို
    အမြဲ လက်မခံတာ သေချာဖို့ပါ။
  • 0:40 - 0:43
    ဒါဟာ ပညာရေးရဲ့ အရမ်း အကျိုးရှိတဲ့
  • 0:43 - 0:45
    နည်းလမ်းတစ်ခုဆိုတာ သဘောပေါက်ခဲ့တယ်။
  • 0:46 - 0:50
    အနှစ်သက်ဆုံးဆရာ ဘရာဇီးသား
    စာရေးဆရာနဲ့ကျောင်းဆရာ Paulo Freire က
  • 0:50 - 0:53
    ပညာရေးလိုအပ်ချက်ကို အရေးပါတဲ့
    နိူးကြားခြင်းနဲ့ တူညီတဲ့
  • 0:53 - 0:57
    လူသားဆန်မှုအတွက်အသုံးပြုဖို့
    တိတိကျကျပြောထားပါတယ်။
  • 0:58 - 1:01
    သူ့ရဲ့ အကျော်ကြားဆုံးစာအုပ်
    "Pedagogy of the Oppressed" မှာဖေါ်ပြထားတာက
  • 1:01 - 1:05
    "အခြားသူတေွကို လူသားအစစ်
    အမှန်ဖြစ်ခြင်းမှ တားနေလို့ကတော့
  • 1:05 - 1:07
    ဘယ်သူမှလူသားအစစ်အမှန်ဖြစ်နိုင်မည်
    မဟုတ်" တဲ့။
  • 1:08 - 1:12
    ဒီအကြောင်း တစ်လောက တော်တော်
    တွေးနေခဲ့တယ်၊လူသားဆန်မှုစိတ်ကူးပါ။
  • 1:12 - 1:15
    အထူးသဖြင့် ဒီကမ္ဘာထဲက ရာနှုန်းပြည့်
    လူသားအဖြစ် အသိမှတ်ပြုခံရတဲ့
  • 1:15 - 1:18
    အထူးအခွင့်အရေးပေးအပ်တာ
    ခံရတဲ့သူတွေပါ
  • 1:18 - 1:21
    ပြီးခဲ့တဲ့လတွေတစ်လျှောက်မှာ
  • 1:21 - 1:24
    အမည်မပေါ်တဲ့ လူမည်းယောကျ်ားတွေ၊
    မိန်းမတွေဟာ သူတို့ရဲ့အသက်တွေကို
  • 1:24 - 1:28
    ရဲတွေ၊ကင်းစောင့်တွေရဲ့လက်မှာ ယူဆောင်
    တာခံရတာ ကမ္ဘာကကြည့်ခဲ့တယ်။
  • 1:28 - 1:31
    ဒီအဖြစ်တွေနဲ့ ဒါတွေနောက်က ဖြစ်သမျှ
    အားလုံးဟာ ကလေးဘဝနဲ့အမေရိကမှာ
  • 1:31 - 1:33
    လူမည်းယောကျ်ားလေး
    ပျိုးထောင်တာနဲ့ဆိုင်တဲ့
  • 1:33 - 1:37
    မိဘတွေလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဆီ
    ပြန်ခေါ်သွားပါတယ်။
  • 1:37 - 1:41
    အခု နားလည်သလို ကျွန်တော်
    အမြဲနားမလည်ခဲ့ပါဘူး။
  • 1:42 - 1:46
    တွေးမိတာက ဒါဟာဘယ်လိုခက်ခဲမယ်၊
    ညညကျွန်တော်အိမ်ပြန်လာဖို့အတွက်
  • 1:46 - 1:50
    ကျွန်တော့ ကလေးဘဝအပိုင်းအစတွေကို
    ဆုတ်ဖြဲပစ်ခဲ့ရတာမျိုးဟာ သူတို့အတွက်
  • 1:50 - 1:53
    ဘယ်လို တရားမျှတမှုမရှိ
    လဲဆိုတာကို ခံစားမိခဲ့ကြမလဲဆိုတာပါ။
  • 1:53 - 1:55
    ဥပမာ တွေးမိတာက တစ်ည
    ၁၂နှစ်သားတုန်းကပေါ့၊
  • 1:55 - 1:59
    အခြားမြို့ကို ညအိပ်ကွင်း
    ဆင်းထွက်တုန်းကဖြစ်ပုံကိုပါ။
  • 1:59 - 2:02
    ကျွနိတော်တို့သူငယ်ချင်းတွေ
    Super Soakers ဝယ်ပြီး
  • 2:02 - 2:06
    ရေဖြည့်ထားတဲ့ ကိုယ်ပိုင်စစ်ပွဲဇုန်
    ဟိုတယ် ကားရပ်စခန်းကို ပြန်ခဲ့တယ်။
  • 2:06 - 2:08
    ကားတေွနောက်မှာကျွန်တော်တို့ပုန်း၊
  • 2:08 - 2:11
    လမ်းမီးတိုင်တွေကြားက အမှောင်ထဲကိုပြေးဝင်
  • 2:11 - 2:14
    အကန့်အသတ်မဲ့တဲ့ရယ်သံဟာ
    စင်္ကြတစ်လျှောက်ပျံ့နှံလျက်ပေါ့ဗျာ။
  • 2:14 - 2:16
    ဒါပေမဲ့ ၁၀မိနစ်အတွင်းမှာပဲ
  • 2:16 - 2:19
    အဖေအပြင်ထွက်လာပြီး လက်မောင်းရင်းကနေ
  • 2:19 - 2:23
    ကျွန်တော်တို့အခန်းထဲကိုဆွဲခေါ်သွာလိုက်တာ
    တစ်ခါမှမကြုံဘူးတဲ့ဆုပ်ကိုင်ခြင်းနဲ့ပေါ့။
  • 2:23 - 2:24
    သူ့လုပ်ပုံက သူငယ်ချင်းတွေရှေ့မှာ
  • 2:24 - 2:28
    ကျွန်တော်ဘယ်လိုငကြောင်ပုံပေါက်
    စေခဲ့လဲဆိုတာျမပြောနိုင်ခင်
  • 2:28 - 2:31
    မင်း ဒီလောက်တောင် နုံရလား
    ဆိုပြီးလှောင်ပါတယ်။
  • 2:31 - 2:35
    ကြောက်စိတ်ကသူ့မျက်နှာကို
    လောင်မြိုက်ရင်း ကျွန်တော့မျက်လုံးကို
  • 2:35 - 2:38
    ကြည့်ပြောလိုက်တာက
    "သားရေ စိတ်တော့မကောင်းဘူးကွာ၊
  • 2:38 - 2:41
    ဒါပေမဲ့ မင်းရဲ့လူဖြူသူငယ်ချင်းတွေလို
    မင်းလုပ်လို့မရဘူးလေ။
  • 2:41 - 2:43
    သေနတ်ပစ်တမ်းကစားလို့မရဘူး။
  • 2:43 - 2:45
    အမှောင်ထဲမှာ လှည့်ပတ်ပြေးလို့မရဘူး၊
  • 2:45 - 2:48
    မင်းရဲ့သွားတွေနောက်ကလွဲပြီး ဘယ်မှာမှ
    မင်းပုန်းလို့မရဘူးကွ။"
  • 2:48 - 2:51
    သူဘယ်လောက်တောင်ထိတ်လန့်ခဲ့မလဲဆိုတာ
    အခုသိပါပြီ၊
  • 2:51 - 2:55
    ညရဲ့ ဟင်းလင်းပြင်ထောင်ချောက်ထဲ
    ဘယ်လိုအလွယ်တကူကျသွာနိူင်တယ်၊
  • 2:55 - 2:58
    တစ်ယောက်ယောက်က ဒီရေဟာ
    ဒါတွေအားလုံးကိုဆေးပစ်လိုက်ဖို့
  • 2:58 - 3:00
    အကြောင်းကောင်းတစ်ခုလို့
    ထင်မှားမိလိမ့်မယ်ဆိုတာ၊
  • 3:01 - 3:05
    ဘဝတစ်ခုလုံး ဒီလိုမှာကြားချက်တွေနဲ့
    လွှမ်းမိုးခံထားတာပါ။
  • 3:05 - 3:08
    အမြဲလက်တွေကို လူမြင်တဲ့နေရာမှာထား၊
    သိပ်မြန်မြန်မလှုပ်နဲ့၊
  • 3:08 - 3:10
    နေဝင်သွားရင် ခေါင်းစွပ်ကိုချွတ်ချထားလိုက်။
  • 3:10 - 3:13
    မိဘတွေက မောင်နှမတွေကိုအကြံပြုချက်
    ဝတ်ရုံထဲမှာပျိုးထောင်ခဲ့တာပါ။
  • 3:13 - 3:17
    အဆုတ်က အသက်ရှုတာ သူများ ခိုးမရအောင်
    အချက်ပေးခေါင်းလောင်းအများကြီး
  • 3:17 - 3:19
    ဒီအရေပြားကို သူတို့
    မမှတ်သားမိအောင်လို့။
  • 3:19 - 3:22
    ကြုတ်၊ဒါမှမဟုတ် ဒြပ်မဟုတ်ပဲ
    ကလေးတွေအဖြစ်ရှိဖို့ပါ။
  • 3:22 - 3:25
    ဒါ ကျွန်တော်တို့ကို သူများထက်ပိုကောင်း
    အောင်လုပ်ပေးနိုင်တယ်ထင်လို့မဟုတ်ဘူး၊
  • 3:25 - 3:28
    ရိုးရိုးလေး၊ကျွန်တော်တို့ကို အသက်
    ဆက်ရှင်ချင်တယ်ဆိုတာကြောင့်ပါ။
  • 3:28 - 3:30
    လူမည်းသူငယ်ချင်းတွေလည်း
    ဒီလိုမှာကြားချက်နဲဲ့ကြီးလာတာပါ။
  • 3:30 - 3:33
    ဒီဟောပြောချက်ပေးချိန်က ကျွန်တော်တို့ဟာ
    မြေကြီးထဲထုရိုက်ဖို့ခံရလောက်အောင်
  • 3:33 - 3:36
    Nအဆင်သင့်ဖြစ်နေတဲ့သံချောင်းနဲ့
    အမှားခံရလောက်အောင်ကြီးလာတဲ့အခါ၊
  • 3:36 - 3:40
    လူတွေက အမည်းရောင်ဒြပ်ကို ကြောက်စရာ
    အဖြစ်နာမ်တူပြုတဲ့အခါမှာပေါ့။
  • 3:40 - 3:43
    ဒါပေမဲ့ ရိုးရိုး ကလေးတစ်ယောက်
    အနေနဲ့ပဲ မဖြစ်နိူင်တာကို
  • 3:43 - 3:46
    သိပြီးကြီးပြင်းလာရတာဟာ ကလေးကို
    ဘာဖြစ်သွားစေလဲဗျာ။
  • 3:46 - 3:49
    အသက်ရှူဖို့ ဆယ်ကျော်သက်တွေရဲ့
    ပေါက်ကရစိတ်ကူးတွေဟာ
  • 3:49 - 3:51
    စူးစမ်းချင်လို့ကိုမရအောင်
    အန္တရယ်များလွန်းတယ်
  • 3:51 - 3:54
    အမှားလုပ်ခြင်းရဲ့ စည်းစိမ်ကျခွင့်
    ပေးမထားဘူးပေါ့။
  • 3:54 - 3:55
    တစ်ဦးဦးရဲ့သွယ်ဝိုက်တဲ့
    ဘက်လိုက်မှုဟာ
  • 3:55 - 3:58
    သူနောက်မနက် မနိူးတာရဲ့
    အကြောင်းဖြစ်လောက်တယ်ပေါ့။
  • 3:58 - 4:00
    ဒါပေမဲ့ ဒါက ကျွန်တော်တို့ကို ပိတ်ပင်တဲ့
    အရာတော့ မဟုတ်ပါဘူး။
  • 4:00 - 4:02
    အကြောင်းက ခန္ဓာကိုယ်တွေဟာ
    ကျည်ဆံနောက်မြီးအတွက်မဟုတ်ပဲ
  • 4:02 - 4:05
    စွန်လွှတ်၊ကြိုးခုန်ပြီး ဗိုက်ပေါက်တဲ့
    အထိရယ်မောကြဖို့ဆိုတာ
  • 4:05 - 4:09
    နားလည်အောင်ပျိုးထောင်ပေးတဲ့
    မိဘတွေ ရှိနေလို့ပါ။
  • 4:09 - 4:12
    အတန်းထဲမှာ လက်တွေဘယ်လိုမြှောက်ရမယ်
    ဆိုတာသင်ပေးတဲ့ ဆရာတွေရှိပြီး
  • 4:12 - 4:13
    အညံ့ခံဖို့အချက်ပြတာမဟုတ်ပဲ
  • 4:13 - 4:15
    အညံ့ခံဖို့တစ်ခုတည်းသောအကြောင်းက
  • 4:15 - 4:18
    ကျွန်တော်တို့ဟာဒီကမ္ဘာနဲ့
    မတန်ဘူးဆိုတဲ့ အတွေးပါ။
  • 4:18 - 4:21
    ဒီတော့ လူမည်းအသက်တွေ အရေးပါတယ်
    တစ်ပါးသူတွေမပါဘူးလို့ ပြောတာမဟုတ်ပါ။
  • 4:21 - 4:25
    ပြောရရင် အကြောက်တရားမဲ့တဲ့ တည်ရှိခြင်းနဲ့
    ထိုက်တာကို အတည်ပြုရမှာမို့ပါ။
  • 4:25 - 4:27
    များပြားတဲ့ အကြောင်းတွေက
    မတန်ဘူးလို့ပြောတော့
  • 4:27 - 4:29
    ကျွန်တော့သားဟာ မွေးတဲ့အခိုက်မှာပဲ
  • 4:29 - 4:31
    အပြစ်ရှိတယ်လို့ထင်တာမခံရတဲ့
    သူ့လက်က အရုပ်တစ်ခုဟာ
  • 4:31 - 4:35
    အရုပ်တစ်ခုထက်ဘာနဲ့မှအထင်မှားမခံရတဲ့
    ကမ္ဘာမှာ နေချင်တယ်။
  • 4:35 - 4:39
    ပြီးတော့ ကျွန်တော် ငြင်းဆိုတာက ဒီကမ္ဘာကို
    အသစ်တစ်ခုခုအသွင်မဆောက်တည်နိုင်ဘူး၊
  • 4:39 - 4:40
    ကလေးတစ်ယောက်ရဲ့အမည်ကို
  • 4:40 - 4:43
    တီရှပ်တစ်ထည် ဒါမှမဟုတ် ဂူပေါ်မှာ
    ရေးစရာမလိုတဲ့ တစ်နေရာ၊
  • 4:43 - 4:44
    လူတစ်ယောက်တန်ဘိုးဟာ သူတို့ရဲ့
  • 4:44 - 4:48
    အဆုတ်တွေဆိုတာထက်
    ဘာကမှ ပြဋ္ဌာန်းမထားတဲ့နေရာ၊
  • 4:48 - 4:52
    ကျွန်တော်တို့ တစ်ဦးခြင်းစီ အသက်ရှုလို့
    ရတဲ့နေရာဆိုတာပေါ့။
  • 4:52 - 4:53
    ကျေးဇူတင်ပါတယ်။
  • 4:53 - 4:56
    (လက်ခုပ်သံများ)
Title:
အမေရိကမှာ လူမည်းသားတစ်ယောက် ဘယ်လို ပြုစုပျိုးထာင်မလဲ။
Speaker:
Clint Smith
Description:

ကလေးဘဝတုန်းက မိဘတွေ၊ ဆရာသမားတွေဆီကနေ ဆန်းတယ်လို့ထင်ရပြီး စိတ်ရှုပ်စရာတောင် ကောင်းလှတဲ့ အကြံပေးချက်တွေကို အားလုံးရကြတယ်လေ။
ဒါက လူမည်းတွေအတွက် ကားရပ်ဖို့နေရာတစ်ခုမှာ သူငယ်ချင်းတွေနဲ့ ရေသေနတ်တွေနဲ့ ကစားနေသူ လူငယ်လေး Clint Smith အတွက်တော့ တစ်ညမှာ အစိုင်အခဲဖြစ်တည်ခဲ့တော့တာပေါ့။
နှလုံးကိုထိစေတဲ့ ဒီရေးဖွဲ့ချက်ကလေးမှာ ကဗျာဆရာက သူ့အဖေရဲ့ ဒေါသဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ တုံ့ပြန်မှုမြင်ကွင်းကို ချယ်မှုန်းထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
05:12

Burmese subtitles

Revisions