Return to Video

သင့် အိမ်ခြံနောက်ဖေးမှာ သစ်တော စိုက်ပျိုးနည်း

  • 0:01 - 0:03
    ဒါဟာ လူလုပ် သစ်တောပါ။
  • 0:04 - 0:07
    ဧကပေါင်း များစွာအထိကို
    ကျယ်ပြောနိုင်ပါတယ်၊
  • 0:07 - 0:10
    ဒါမှမဟုတ် နေရာသေးသေးလေးမှာ-
  • 0:10 - 0:13
    သင့်အိမ်ခြံလို သေးနိုင်ပါတယ်။
  • 0:15 - 0:19
    အခုပြလိုက်တဲ့ သစ်တောတိုင်းဟာ
    နှစ်နှစ်အရွယ်ပဲ ရှိပါသေးတယ်။
  • 0:19 - 0:22
    ကျွန်တော်ဆိုရင် ကျွနော့ အိမ်နောက်ဖေးမှာကို
    သစ်တော ရှိပါတယ်။
  • 0:23 - 0:25
    အဲဒီမှာ ဇီဝအကောင် အမျိုးမျိုး ရှိလာပါပြီ။
  • 0:26 - 0:30
    (ငှက်သံ)
  • 0:30 - 0:32
    နေ့စဉ် နံနက်တိုင်းမှာ ကျွန်တော်
  • 0:32 - 0:33
    Disney မင်းသမီးလို နိုးပါတယ်။
  • 0:33 - 0:35
    (ရယ်မောသံများ)
  • 0:35 - 0:36
    ကျွန်တော်က စွန့်ဦးရှင်ပါ၊
  • 0:36 - 0:41
    ဒီလို သစ်တောတွေကို စိုက်ပျိုးနိုင်အောင်
    ကျွမ်းကျင်ပညာရှင်အဖြစ် ကူညီပေးပါတယ်။
  • 0:41 - 0:43
    ကျွန်ုပ်တို့ဟာ စက်ရုံတွေ၊
  • 0:43 - 0:44
    ခြံလုပ်ငန်းကြီးတွေ၊
  • 0:44 - 0:45
    ကျောင်းတွေ၊
  • 0:46 - 0:47
    အိမ်ယာတွေ၊
  • 0:48 - 0:49
    အပန်းဖြေစခန်းတွေ၊
  • 0:50 - 0:52
    လူနေတိုက်ခမ်းအိမ်တွေ၊
  • 0:53 - 0:54
    အများပြည်သူ ပန်းခြံတွေ၊
  • 0:55 - 0:56
    တိရိစ္ဆာန် ဥယျာဉ်ကိုတောင်၊
  • 0:56 - 0:58
    ဒီလိုသစ်တောတေွ ရှိဖို့ကူခဲ့တယ်။
  • 0:59 - 1:03
    သစ်တောဆိုတာ အကောင်တွေ အမျိုးမျိုး
    နေထိုင်ကြတဲ့ သီးခြားမြေကွက် မဟုတ်ပါဘူး။
  • 1:04 - 1:10
    သစ်တောဟာ ကျွန်ုပ်တို့ရဲ့ မြို့ပြဘဝထဲက
    ခွဲခြားမရတဲ့ အပိုင်းလည်း ဖြစ်နိုင်ပါတယ်။
  • 1:10 - 1:12
    ကျွန်တော့အတွက် သစ်တောဆိုတာ၊
  • 1:12 - 1:15
    သစ်ပစ်တွေနဲ့ ပြွတ်သိပ်နေလို့
    ဝင်ပြီး လမ်းလျှောက်မရနိုင်တဲ့ နေရာပါ။
  • 1:16 - 1:18
    ဘယ်လောက် ကြီးတယ် သေးတယ်ဆိုတာ
    ဘာမှ အရေးမပါပါဘူး။
  • 1:19 - 1:22
    အခု ကျွန်ပ်တို့ အများစု နေထိုင်ကြတဲ့
    နေရာတွေဟာ သစ်တောတွေ ဖြစ်ခဲ့ကြပါတယ်။
  • 1:22 - 1:24
    လူတွေရဲ့ စွက်ဖက်မှု မတိုင်ခင်တုန်းကပါ။
  • 1:25 - 1:27
    ကျွန်ုပ်တို့ သစ်တော နေရာမှာ
    မြို့တွေ ဆောက်တယ်၊
  • 1:27 - 1:29
    São Paulo မြို့လိုဆိုပါစို့၊
  • 1:29 - 1:31
    ကျွန်ုပ်တို့ဟာ သဘာဝထဲက တစ်ပိုင်း
    ဖြစ်တာကို မေ့နေကြပါတယ်၊
  • 1:31 - 1:35
    ဒီဂြိုဟ်ပေါ်က ဒီ့ပြင် သတ္တဝါ အမျိုးမျိုး
    ၈.၄ သန်းနဲ့ ရောပြီး နေခဲ့ကြတာပါ။
  • 1:36 - 1:40
    အခုတော့ ကျွန်ုပ်တို့ရဲ့ ဝန်းကျင်ဟာ
    သဘာဝ ဝန်းကျင် မဟုတ်တော့ပါ။
  • 1:40 - 1:42
    တချို့အတွက်
    မဟုတ်တော့တာ သေချာတယ်။
  • 1:43 - 1:46
    တချို့နဲ့ ကျွန်တော်ဆိုရင် သစ်တောတွေကို
    ကျွမ်းကျင်စွာ ထူထောင်နိုင်ကြပါပြီ
  • 1:46 - 1:48
    ဘယ်နေရာမှာမဆို၊ နေရာအသီးသီးမှာပါ။
  • 1:49 - 1:51
    ကျွန်တော်ဟာ စက်မှု အင်ဂျင်နီယာပါ။
  • 1:51 - 1:53
    ကျွန်တော်ဟာ ကားထုတ်လုပ်တဲ့ ပါရဂူပါ။
  • 1:54 - 1:56
    ကျွန်တော် အရင်တုန်းက
    Toyota မှာ လုပ်ကိုင်စဉ်၊
  • 1:56 - 2:00
    သဘာဝ အရင်းအမြစ်တွေကနေပြီး ထုတ်ကုန်တွေကို
    ထုတ်လုပ်တာကို သင်ယူခဲ့ပါတယ်။
  • 2:01 - 2:02
    သာဓက တစ်ခု ပြပေးရန်၊
  • 2:02 - 2:05
    ကျွန်တော်တို့ဟာ ရာဘာပင်ထံမှ
    သစ်ရည်ကို ရယူကြပါမယ်၊
  • 2:05 - 2:07
    အဲဒါကို ရာဘာအဖြစ် ပြောင်းပစ်ကြမယ်၊
  • 2:07 - 2:09
    နောက်ဆုံးမှာ အဲဒီကနေပြီး တာယာကို
    ထုတ်လုပ်ပေးကြမယ်။
  • 2:09 - 2:12
    အဲဒီထုတ်ကုန်တွေဟာ ဘယ်တော့မှာမှ
    သဘာဝ ရင်းမြစ် ပြန်ဖြစ်မလာနိုင်ပါ။
  • 2:13 - 2:16
    ကျွန်ုပ်တို့ဟာ အဲဒီအပိုင်းတွေကို
    သဘာဝထံမှ ဖဲ့ထုတ်ယူလိုက်ကြကာ
  • 2:16 - 2:20
    ပြန်ပြောင်းမရနိုင်တဲ့ အနေအထားမျိုးသို့
    ပြောင်းလဲပစ်ကြပါတယ်။
  • 2:20 - 2:21
    အဲဒါဟာ စက်မှု ထုတ်လုပ်မှုပါ။
  • 2:22 - 2:25
    သဘာဝကျတော့၊ နောက်တစ်ဘက်မှ ကြည့်ရင်
    အလုပ်လုပ်ပုံက လုံးဝပြောင်းပြန်ပါ။
  • 2:26 - 2:30
    သဘာဝ စနစ်ဟာ အစိတ်အပိုင်းတွေကို
    စုစည်းပေးရင်း ထုတ်လုပ်ပါတယ်၊
  • 2:30 - 2:31
    အဏုမြူထဲ အဏုမြူပေါင်းပေးတယ်။
  • 2:32 - 2:37
    သဘာဝ ထုတ်ကုန် အားလုံးတို့ဟာ
    ပြန်ပြီး သဘာဝအရင်းအမြစ် ဖြစ်လာနိုင်ကြတယ်။
  • 2:38 - 2:41
    ကျွန်တော့အိမ်ရဲ့ နောက်ပိုင်းမှာ သစ်တောကို
  • 2:41 - 2:44
    စိုက်ပျိုးခဲ့စဉ် ကျွန်တော အဲဒီအချက်ကို
    သိနားလည်လာတယ်။
  • 2:44 - 2:48
    ပြီးတော့ အဲဒီလိုကြိုးပမ်းမှုဟာ သဘာဝနဲ့
    လက်တွဲလုပ်ခဲ့တာ ပထမဦးဆုံးပါ။
  • 2:48 - 2:49
    သဘာဝကို မဆန့်ကျင်ခဲ့ပါ။
  • 2:50 - 2:51
    အဲဒီအချိန်က စပြီး၊
  • 2:51 - 2:56
    ကျွန်ုပ်တို့ ကမ္ဘာတဝှမ်း ၂၅ မြို့တို့မှာ
    သစ်တော ၇၅ ခုကို စိုက်ပျိုးပေးလိုက်ပါပြီ။
  • 2:58 - 3:00
    နေရာသစ်မှာ ကျွန်ုပ်တို့ အလုပ်လုပ်တိုင်း၊
  • 3:00 - 3:05
    သစ်တောကို စိုက်ထူရန် လိုအပ်တဲ့
    အစိတ်အပိုင်း မှန်သမျှတိုင်းကို
  • 3:05 - 3:07
    အဲဒီနေရာမှာပဲ
    ရှာတွေ့နိုင်ခဲ့ကြတာချည်းပါပဲ။
  • 3:07 - 3:09
    ကျွန်ုပ်တို့ လုပ်ပေးရန်ဆိုလို့
    အဲဒါတွေကို စုစည်းပေးကာ၊
  • 3:09 - 3:11
    သဘာဝကို ဆက်လုပ်ပိုင်ခွင့်ပေးရန်ပါပဲ။
  • 3:13 - 3:16
    သစ်တောကို စိုက်ပျိုးရန်
    မြေဆီလွှာမှ စကြရပါမယ်။
  • 3:16 - 3:19
    မြေဆီလွှာကို တို့ကြည့်၊ ခံစားကြည့်၊
    မြည်းကြည့်တယ်၊
  • 3:19 - 3:21
    လိုအပ်နေတဲ့ အရည်အချင်းတွေကို
    သိနိုင်ရန်အတွက်ပါ။
  • 3:22 - 3:25
    မြေဆီလွှာထဲမယ် သေးနုပ်တဲ့ အပိုင်းလေးတွေ
    ပါရင် ကျစ်လစ်လာပါမယ်--
  • 3:25 - 3:27
    ရေတောင် စိမ့်မဝင်နိုင်အောင် ကျစ်နိုင်တယ်။
  • 3:28 - 3:33
    အနီးအနာမှာ ရှာရနိုင်တဲ့ ဇီဝဒြပ်ထု
    တချို့နဲ့ ရောပေးရပါမယ်၊
  • 3:33 - 3:35
    မြေဆီလွှာ ပိုပြီး ပွလာစေရန်အတွက်ပါ။
  • 3:37 - 3:39
    အဲဒီလိုဆို ရေစိမ့်ဝင်နိုင်လာမယ်။
  • 3:39 - 3:44
    မြေဆီလွှာဟာ ရေကို ထိန်းချုပ်ထားနိုင်စွမ်း
    မရှိပါက၊
  • 3:44 - 3:46
    ဇီဝထုတွေကို ထပ်ပြီ ရောပေးရပါမယ် --
  • 3:46 - 3:49
    ရေကိုစုပ်ယူနိုင်တဲ့ သစ်ဆွေးမြေ ဒါမှမဟုတ်
    ပွနေတဲ့အသီးတွေ
  • 3:49 - 3:53
    ထပ်ထည့်ပေးလိုက်ရင် ရေဟာ ကျန်နိုင်လျက်
    မြေဆီလွှာဟာ စိုစွတ်လာပါမယ်။
  • 3:54 - 3:58
    ကြီးထွားလာရန် အပင်တွေဟာ ရေ၊ နေရောင်နဲ့
    အာဟာရတွေ လိုပါတယ်။
  • 3:59 - 4:02
    မြေဆီလွှာထဲတွင် ဘာအာဟာရမှ မရှိဘူး
    ဆိုရင်ကော။
  • 4:02 - 4:05
    အာဟာရကို မြေဆီလွှာထဲကို
    တိုက်ရိုက်ထည့် မရပါဘူး။
  • 4:05 - 4:06
    အဲဒါ စက်မှုနည်းလမ်း ဖြစ်မယ်။
  • 4:06 - 4:08
    သဘာဝကို ဆန့်ကျင်တဲ့ နည်းပါ။
  • 4:08 - 4:11
    အဲဒါ့အစား မိုက်ခရိုဇီဝ အကောင်တွေကို
    ထည့်ပေးရမယ်။
  • 4:11 - 4:14
    ၎င်းတို့ကမှ လိုတဲ့ အာဟာရကို မြေဆီလွှာ
    ထဲမှာကို ထုတ်လုပ်ပေးကြမယ်။
  • 4:15 - 4:17
    သူတို့က ရောပေးလိုက်တဲ့
    ဇီဝဒြပ်ထုကို စားသုံးကြမယ်၊
  • 4:17 - 4:20
    ၎င်းတို့ဟာ စားလိုက် ပွားများလာလိုက်
    လုပ်ကိုင်ကြရုံပါပဲ။
  • 4:20 - 4:22
    သူတို့ အရေအတွက် ကြီးကြီးလာတာနဲ့
  • 4:22 - 4:24
    မြေဆီလွှာဟာ အသက်ရှူလာနိုင်ပါမယ်။
  • 4:24 - 4:25
    ၎င်းဟာ ရှင်သန်လာပါမယ်။
  • 4:26 - 4:29
    ကျွန်ုပ်တို့ အဲဒီဒေသက
    ပေါက်နေကျ အပင်တွေကို ဆန်းစစ်ပါတယ်။
  • 4:29 - 4:31
    ပေါက်နေကျက ဘာဆိုတာကို ဘယ်လို ဆုံးဖြတ်မလဲ။
  • 4:31 - 4:36
    လူတွေရဲ့ စွက်ဖက်မှု မတိုင်မီတုန်းက
    ရှိခဲ့သမျှဟာ ပင်ကိုယ် အပင်တွေပါ။
  • 4:36 - 4:37
    ရိုးစင်းတဲ့ စည်းကမ်းပါ။
  • 4:38 - 4:42
    ကျွန်တော်တို့ဟာ အမျိုးသားပန်းခြံကို
    စူးစမ်းကြည့်တယ်၊
  • 4:42 - 4:45
    သဘာဝ သစ်တော်ရဲ့ အကြွင်းအကျန်တွေကို
    ရှာကြည့်ဖို့ပါ။
  • 4:47 - 4:50
    ရှေးဟောင်း စေတီပုထိုး ဘုရားကျောင်းလို
  • 4:50 - 4:53
    ကိုးကွယ်ရာနေရာ တဝိုက်က
    သစ်တောတွေကို ကြည့်ကြတယ်။
  • 4:53 - 4:55
    ဘာတစ်ခုကိုမှ ရှာမတွေ့ရင်တော့
    နောက်ဆုံးမှာတော့
  • 4:55 - 4:57
    ပြတိုက်တွေဆီကို သွားပြီး
  • 4:57 - 5:02
    ရှေးခေတ်တုန်းက ရှိခဲ့ဘူးကြတဲ့ မျိုးစေ့
    ဒါမှမဟုတ် သစ်တွေကို ရှာကြည့်ကြပါတယ်။
  • 5:03 - 5:08
    ရနိုင်သမျှ ပန်းချီးကားတွေကို၊ ကဗျာတွေ၊
    စာပေတွေကို ဒေသထဲ ရှာကြပါတယ်၊
  • 5:08 - 5:11
    ဒေသမှာ ရှိခဲ့ဘူးတဲ့ အပင်
    အမျိုးအစားကို ရှာရန်အတွက်ပါ။
  • 5:11 - 5:13
    အပင်တွေကို သိလာပြီဆိုတော့၊
  • 5:13 - 5:15
    ၎င်းတို့ကို အလွှာလေးမျိုး ခွဲခြားပစ်တယ်-
  • 5:15 - 5:18
    ချုံပုတ်၊ အပင်မဟုတ်သေးတဲ့ အလွှာ၊
    အပင်အလွှာ နှင့် ရွက်ထူ အလွှာတွေ ပါပဲ။
  • 5:18 - 5:21
    အလွှာတစ်ခုစီအတွက် အချိုးအစားကို
    သတ်မှတ်ကြတယ်၊
  • 5:21 - 5:26
    ပြီးတော့ တစ်ခုချင်းစီထဲမှာ အပင်တွေရဲ့
    ရာခိုင်နှုန်းကို ဆုံးဖြတ်ကြတယ်။
  • 5:27 - 5:28
    အသီးသီးမယ့် သစ်တောကို
    စိုက်ချင်ကြရင်၊
  • 5:28 - 5:31
    သစ်သီးပင်တွေရဲ့ ရာခိုင်နှုန်းကို
    မြှင့်ပေးကြရပါမယ်။
  • 5:31 - 5:34
    ပန်းများပွင့်ရာ သစ်တောလည်း ဖြစ်နိုင်ပါတယ်။
  • 5:34 - 5:38
    ငှက်တွေ ဒါမှမဟုတ် ပျားတွေကို
    ဆွဲဆောင်မယ့် သစ်တော၊
  • 5:38 - 5:42
    ဒါမှမဟုတ် သဘာဝ အလျောက် အမြဲစိမ်း
    သစ်တောအဖြစ် ချန်ထားလို့လည်း ရနိုင်တယ်။
  • 5:44 - 5:47
    အစေ့တွေကို စုစည်းလျက် ပျိုးပင်တွေကို
    စိုက်ပျိုးယူပါတယ်။
  • 5:47 - 5:50
    တူတဲ့ အလွှာတစ်ခုထဲက အပင်တွေကို
    ဘေးချင်းကပ်လျက်
  • 5:50 - 5:52
    မစိုက်ရန် ကျွန်တော်တို့ အလေးထားရတယ်၊
  • 5:52 - 5:55
    နို့မဟုတ်ရင် မြင့်မားစွာ ထွားလာဖို့ကို
    အချင်းချင်း တိုက်ပွဲဝင်ကြရမှာပါ။
  • 5:55 - 5:58
    ပျိုးပင်တွေကို ကျွန်ုပ်တို့ နီးကပ်စွာ
    စိုက်ပေးကြပါတယ်။
  • 5:59 - 6:02
    မြေပေါ်မှာ ကျွန်ုပ်တို့ဟာ မြေဆွေး
    အလွှာထူထူကို လုပ်ပေးရတယ်၊
  • 6:02 - 6:04
    အပြင်မှာ ပူနေရင် မြေဆီလွှာ
    စွတ်စိုလျက် ရှိနေရန်အတွက်ပါ။
  • 6:05 - 6:06
    အေးတဲ့ အချိန်မှာဆိုလည်း
  • 6:06 - 6:10
    ရေခဲတာကို မြေဆွေး အပေါ်ယံမှာသာ တွေ့ရပါမယ်၊
  • 6:10 - 6:13
    အပြင်မှာ ရေခဲနေတောင်မှ မြေဆီလွှာဟာ
    ဆက်ပြီး အသက်ရှူနိုင်တုန်းပါ။
  • 6:13 - 6:17
    မြေဆီလွှာဟာ သိပ်ကို ပျော့ပါတယ် --
  • 6:17 - 6:20
    အမြစ်တွေဟာ လွယ်ကူစွာနဲ့
    လျင်မြန်စွာ ထိုးဖောက်
  • 6:20 - 6:21
    ဝင်နိုင်ကြပါတယ်။
  • 6:22 - 6:25
    အစပိုင်းတွင်၊ သစ်တောဟာ
    ကြီးထွားမှန်း မခံစားရပါဘူး၊
  • 6:25 - 6:26
    ဒါပေမဲ့၊ အနက်ပိုင်းမှာ ကြီးလာနေပါပြီ။
  • 6:27 - 6:28
    ပထမ သုံးလအတွင်းမှာ အမြစ်များဟာ
  • 6:28 - 6:30
    တစ်မီတာအထိကို နက်ရှိုင်းနေကြပါပြီ။
  • 6:31 - 6:33
    အဲဒီအမြစ်တွေဟာ ကွန်ရက်လို ဖြာနေလျက်
  • 6:33 - 6:34
    မြေဆီလွှာကို ကျစ်အောင် ကိုင်ထားတယ်။
  • 6:34 - 6:38
    အဏုဇီတ နှင့် မှိုတွေ အမြစ်ကွက်ရက်ထဲ
    နေထိုင်ကြတယ်။
  • 6:39 - 6:42
    တကယ်လို့ အပင်အနီးတဝိုက်မှာ အာဟာရ
    တချို့ မရနိုင်ဘူးဆိုရင်၊
  • 6:42 - 6:45
    အဲဒီအကောင်တွေဟာ အပင်အတွက် လိုအပ်တဲ့
    အာဟာရကို ရှာယူပေးကြမယ်။
  • 6:46 - 6:47
    မိုးရွာပြီဆိုရင်၊
  • 6:48 - 6:49
    နောက်တစ်နေ့မှာကိုပဲ၊
  • 6:49 - 6:51
    မှုိတွေ ပေါက်လာကြတာ အံ့ဩစရာပါ။
  • 6:51 - 6:54
    အောက်ပိုင်းရှိ မြေဆီလွှာထဲ
    လိုတဲ့ မှိုကွန်ရက် ရှိနေခြင်းကို ပြနေတယ်။
  • 6:55 - 6:57
    အဲဒီလို အမြစ်တွေ ပေါ်ထွန်း
    စွဲလာကြပြီ ဆိုတာနဲ့၊
  • 6:57 - 6:59
    သစ်တောဟာ မြေပေါ်မှာပါ
    စကြီးထွားလာပါတော့မယ်။
  • 7:00 - 7:04
    သစ်တော ကြီးထွားနေချိန်မှာ
    ကျွန်ုပ်တို့ဟာ ရေလောင်းပေးရတယ်--
  • 7:04 - 7:08
    လာမယ့် နှစ်နှစ်မှ သုံးနှစ်အထိ သစ်တောကို
    ကျွန်ုပ်တို့ ရေလောင်းပေးရပါမယ်။
  • 7:09 - 7:14
    ကျွန်ုပ်တို့ဟာ ရေအားလုံးနဲ့ အာဟာရကို
    အပင်တွေ အတွက်သာ ဖြစ်စေလိုပါတယ်၊
  • 7:14 - 7:17
    မြေပေါ်က ပေါင်းပင်တွေ အားလုံးကို
    ရှင်းပစ်ကြရပါမယ်။
  • 7:17 - 7:20
    အဲဒီသစ်တော ကြီးထွားလာတာနဲ့အမျှ
    နေရောင်ကို ကာပိတ်လာကြမယ်။
  • 7:21 - 7:23
    တဖြည်းဖြည်းနဲ့ သစ်တောဟာ သိပ်ကို
    ထူထပ်လာကာ နေရောင်ဟာ
  • 7:23 - 7:26
    မြေကြီးအထိကို ထိုးဖောက် မရနိုင်တော့ပါဘူး။
  • 7:26 - 7:29
    ပေါင်းပင်တွေဟာ နေရောင်လိုတယ်ဆိုတော
    အခု ကြီးထွားမလာနိုင်ကြတော့ပါ။
  • 7:30 - 7:31
    အဲဒီအဆင့်မှာ၊
  • 7:31 - 7:35
    သစ်တောထဲကို ကျရောက်လာတဲ့
    ရေစက်တိုင်းဟာ၊
  • 7:35 - 7:37
    လေထုထဲကို ပြန်ပြီး လွင့်စင်သွားတာမျိုး
    မရှိတော့ပါ။
  • 7:37 - 7:40
    ထူထပ်တဲ့ သစ်တောဟာ လေထုကို
    ပိုလို့ကို စိုစွတ်လာစေလို့
  • 7:40 - 7:42
    စွတ်စိုမှုဓာတ်ဟာ ကျန်ရှိနေမှာပါ။
  • 7:43 - 7:47
    ကျွန်ုပ်တို့ ရေလောင်းပေးမှုကို တဖြည်းဖြည်း
    လျှော့ချလျက် လုံးဝ ရပ်ပစ်ကြပါတယ်။
  • 7:47 - 7:49
    ရေလောင်း မပေးတာတောင်မှ၊
  • 7:49 - 7:53
    သစ်တောရဲ့ ကြမ်းပြင်ဟာ စိုစွတ်လျက် ရှိနေကာ
    တခါတရံ မှောင်မည်းနေတတ်ပါတယ်။
  • 7:54 - 7:57
    အခုတော့၊ သစ်ရွက်ဟာ အဲဒီလို
    သစ်တော ကြမ်းပြင်သို့ ကြွေကျလာရင်၊
  • 7:57 - 8:00
    ၎င်းဟာ ချက်ချင်းဆိုသလို
    ဆွေးမြေ့လာပါတော့မယ်။
  • 8:00 - 8:04
    အဲဒီလို ဆွေးလာတဲ့ ဇီဝထုဟာ
    မြေဆွေးကို ဖန်တီးပေးရာ၊
  • 8:04 - 8:05
    သစ်တော လိုအပ်တဲ့ အာဟာရပါပဲ။
  • 8:06 - 8:07
    သစ်တောဟာ ပိုကြီးထွားလာလေလေ၊
  • 8:07 - 8:09
    အရွက်တွေ
    တိုးတိုးကျလာလေလေ
  • 8:09 - 8:11
    ဖြစ်လို့ မြေဆွေး တိုးတိုးလာမှာပါ၊
  • 8:11 - 8:14
    သစ်တောအတွက် လိုတဲ့ အစားအစာ များလာတော့
    ပိုလို့ကို ကြီးထွားလာတော့မှာပါ။
  • 8:14 - 8:17
    အဲဒီလို သစ်တောရဲ့ ကြီးထွားမှုနှုန်းဟာ
    အဆမတန် မြန်လှတယ်။
  • 8:18 - 8:19
    အခြေခိုင်ပြီ ဆိုတာနဲ့
  • 8:19 - 8:24
    အဲဒီလို သစ်တောတွေဟာ ထပ်တလဲလဲ
    အသစ်ဖြစ်လာနေမှာပါ --
  • 8:24 - 8:25
    ထာဝရအထိကို ဖြစ်ကောင်းပါတယ်။
  • 8:26 - 8:29
    သဘာဝပုံစံ ဒီလို သစ်တောမျိုးအတွက်၊
  • 8:29 - 8:31
    ဘာမှ မစီမံ၊မခန့်ခွဲတာဟာ အကောင်း
    ဆုံး စီမံခန့်ခွဲမှုပါ။
  • 8:32 - 8:34
    အဲဒါဟာ တကယ့်ကို သစ်တောငယ်လေးပါ။
  • 8:34 - 8:36
    (ရယ်မောသံများ)
  • 8:37 - 8:39
    ဒီသစ်တောဟာ စုပေါင်းလျက် ကြီးထွားနေတာပါ။
  • 8:40 - 8:41
    ဒီလို အပင်တွေကိုပဲ --
  • 8:41 - 8:42
    တူတဲ့ အမျိုးအစားကိုပဲ --
  • 8:42 - 8:45
    တသီးတခြား စိုက်ပျိုးခဲ့မယ်ဆိုရင်
  • 8:45 - 8:46
    ဒီလို လျင်မြန်စွာ ကြီးထွားလာမှာ မဟုတ်ပါ။
  • 8:47 - 8:51
    နှစ် ၁၀၀ အရွယ်ရှိတဲ့ သစ်တောကို
    ၁၀ နှစ်တည်းနဲ့ ကျွန်ုပ်တို့ ဖန်တီးပေးကြတာ
  • 8:51 - 8:52
    အဲဒီလို နည်းနဲ့ပါ။
  • 8:52 - 8:53
    အထူးကို ကျေးဇူးတင်ပါတယ်။
  • 8:53 - 8:59
    (လက်ခုပ်သံများ)
Title:
သင့် အိမ်ခြံနောက်ဖေးမှာ သစ်တော စိုက်ပျိုးနည်း
Speaker:
Shubhendu Sharma
Description:

သစ်တောဆိုတာ လူတွေ နေထိုင်ရာဒေသများနဲ့ ကွာဝေးလျက် ကျယ်ပြန့်တဲ့ သဘာဝ အရင်းအမြစ် ဖြစ်ရန် မလိုပါဘူး၊ ကျွန်ုပ်တို့ဟာ သစ်တောတွောကို မြို့ထဲမှာတောင် စိုက်ပျိုးနိုင်ပါပြီ။ ဂေဟ စွန့်ဦးပညာရှင်နဲ့ TED လုပ်ကိုင်ဖေါ် Shubhendu Sharma ဆိုရင် မြေဆီလွှာ၊ အဏုဇီဝ အကောင်များနဲ့ ဇီဝဒြပ်ထုကို နည်းပညာသုံး မွမ်းမံပေးလျက် သိပ်ကို ထူထပ်ပြီး ဇီဝအကောင်တွေ မျိုးစုံတဲ့ ဒေသန္တရ သစ်တော အသေးစားတွေကို မြို့ပဒေသတွေမှာတောင် အောင်မြင်စွာ စိုက်ပျိုးနေသူပါ။ သင်ကလည်း အဲဒီလို အသေးစား သစ်တော ပါတီပွဲထဲ ပါဝင်ချင်ရင် နှစ် ၁၀၀ ကြာ ပျိုးထောင်ယူရမှာ ဖြစ်တဲ့ သစ်တောကို ၁၀ နှစ် အတွင်းမှာကို စိုက်ပျိုးယူပုံကို သူ တင်ပြထားတာ ကြည့်ရှုကြပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:11

Burmese subtitles

Revisions