Return to Video

အားကစားက သင့်ကိုယ်ခန္ဓာနှင့် ဦးနှောက်ကို အကျိုးပြုပုံ။ Leah Lagos and Jaspal Ricky Singh

  • 0:07 - 0:10
    အခွင့်အရေးရှိတဲ့ အသင်းကိုကျော်ပြီး
    ပါမွှား အသင်းရဲ့အောင်မြင်မှု။
  • 0:10 - 0:13
    နောက်ဆုံးမိနစ် ပြစ်ဒဏ် ဂိုးချက်က
    ပြိုင်ပွဲကို နိုင်လိုက်တာ။
  • 0:13 - 0:16
    မြင်မားတဲ့ စွမ်းအင် လေ့ကျင့်မှု
    ပေါင်းစပ်ပုံဖော်နည်းပါ။
  • 0:16 - 0:20
    လူများစွာဟာ ကစားကွင်းထဲမှာ
    အောင်မြင်ပွဲခံလို၊
  • 0:20 - 0:21
    အသင်းတွေကို အားပေးပြီး
  • 0:21 - 0:23
    အားကစားတွေ လုပ်လိုကြတယ်။
  • 0:23 - 0:27
    ဒါပေမဲ့ မေးခွန်းတစ်ခုက အားကစားကို
    ဒီလောက် စွဲလန်းသင့်လား။
  • 0:27 - 0:30
    အားကစားလုပ်ခြင်းဟာ ကျွန်တော်တို့ သိမြင်
    သလို တကယ်ပဲ ကောင်းမွန်ပါသလား၊
  • 0:30 - 0:34
    ဒါမှမဟုတ် အားလပ်ချိန် ပျော်ရွှင်ဖို့နဲ့
    ဖျော်ဖြေရုံ သက်သက်ပဲလား။
  • 0:34 - 0:36
    သိပံ္ပပညာက ဘာပြောစရာရှိလဲ။
  • 0:36 - 0:41
    ပထမအနေနဲ့ လက်ခံထားတာက လေ့ကျင့်ခန်း
    လုပ်ခြင်းဟာ ကိုယ်နဲ့ စိတ်အတွက်ကောင်းပြီး
  • 0:41 - 0:42
    ဒါက တကယ့်ကို မှန်ပါတယ်။
  • 0:42 - 0:47
    အထူးသဖြင့် ငယ်စဉ်မှာ လေ့ကျင့်ခန်း လုပ်တာဟာ
    ကျန်းမာရေး အကျိုးကျေးဇူးမျိုးစုံရှိပါတယ်၊
  • 0:47 - 0:48
    ဥပမာ အရိုးတွေကို သန်မာစေတာ၊
  • 0:48 - 0:51
    သွေးလွှတ်ကြောတွေက မကောင်းတဲ့
    ကိုလက်စထရောတွေ ရှင်းပေးတာ၊
  • 0:51 - 0:56
    လေဖြတ်တာ၊သွေးတိုးနဲ့
    ဆီးချိုကို အနရာယ်ကိုလျော့စေတာတို့ပေါ့။
  • 0:56 - 0:59
    ကျွန်တော်တို့ ဦးနှောက်တွေဟာ
    လေ့ကျင့်ခန်းလုပ်တဲ့အခါ အင်ဒိုဖင်
  • 0:59 - 1:01
    အပါအဝင် ဓာတုပစ္စည်း
    အများကြီးလည်းထုတ်တယ်။
  • 1:01 - 1:02
    ဗဟို နာဗ်ကြော စနစ်ထဲက
  • 1:02 - 1:06
    နာကျင်မှု၊ ပျော်ရွှင်မှု တုံ့ပြန်မှုကို
    ထိန်းချုပ်တဲ့ ဒီသဘာဝ ဟိုမုန်းတွေဟာ
  • 1:06 - 1:11
    ဝမ်းသာပီတိ (သို့) အပြေးသမားရဲ့ ပီတိလို့
    ခေါ်ကြတာကို ဖြစ်စေနိုင်ပါတယ်။
  • 1:11 - 1:14
    အများအားဖြင့် တိုးလာတဲ့ အင်ဒိုဖင်နဲ့
    အမြဲမပြတ် ကိုယ်လက် လှုပ်ရှားမှုဟာ
  • 1:14 - 1:18
    စူးစိုက်မှုကို ထက်မြက်ကာ စိတ်နေစိတ်ထားနဲ့
    မှတ်ဉာဏ်ကို တိုးတက်စေနိုင်ပါတယ်။
  • 1:18 - 1:22
    ဒီတော့ အသင်းတစ်သင်းဝင်ပြီး ယှဉ်ပြိုင်တာလို
    တစ်ပတ်ကို ငါးရက် အားကစားရုံ
  • 1:22 - 1:25
    သွားခြင်းက အကျိုးကျေးဇူး
    အများကြီးရတယ်လို့ ဆိုလိုတာလား။
  • 1:25 - 1:28
    ကောင်းပြီ၊ ဒီမှာ စိတ်ဝင်စားစရာ
    ကောင်းတဲ့ အကြောင်းက
  • 1:28 - 1:32
    အားကစားတစ်ခုနဲ့ ကိုယ်ကြိုက်တဲ့
    အသင်းတစ်သင်းကို တွေ့နိုင်တယ်ဆိုရင်
  • 1:32 - 1:34
    လေ့ကျင့်ခန်းတစ်ခုတည်းရဲ့
    ရုပ်ပိုင်း၊ စိတ်ပိုင်း
  • 1:34 - 1:39
    အကျိုးတွေထက် ပိုလွန်တဲ့ အကျိုးမျိုးစုံ
    ရှိတယ်လို့ လေ့လာမှုတွေက ဆိုလို့ပါ။
  • 1:39 - 1:42
    အထင်ရှားဆုံး တစ်ချို့ကတော့
    စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေပါ၊
  • 1:42 - 1:44
    ရေတို၊ ရေရှည် နှစ်ရပ်စလုံးပါ။
  • 1:44 - 1:48
    ဒါတစ်ချို့က အသင်းတစ်သင်းမှာဆိုတဲ့
    အများနဲ့ဆိုင်တဲ့ အတွေ့အကြုံက လာတာပါ။
  • 1:48 - 1:52
    ဥပမာ အြခားသူတွေအပေါ် ယုံကြည်မှုနဲ့
    အားထားမှုပါ၊၊
  • 1:52 - 1:53
    အကူအညီ လက်ခံဖို့
  • 1:53 - 1:54
    အကူအညီပေးဖို့၊
  • 1:54 - 1:57
    ဘုံရည်မှန်းချက်ကို
    အတူတူလုပ်ဆောာင်ဖို့ပါ။
  • 1:57 - 2:00
    ထပ်မံပြီး အသင်းတစ်သင်းကို စိတ်နှစ်ထားပြီး
    ပျော်စရာတစ်ခုခုလုပ်ခြင်းဟာလည်း
  • 2:00 - 2:05
    ပုံမှန် လေ့ကျင့်ခန်း အကျင့်တစ်ခု
    တည်ဆောက်ဖို့ ပိုလွယ်ကူစေပါတယ်။
  • 2:05 - 2:08
    ကျောင်းအားကစားမှာ ပါဝင်ခြင်းဟာလည်း
    လေးနှစ်အထိ စိတ်ဓာတ်ကျခြင်း
  • 2:08 - 2:12
    ခံစားရမှု အန္တရာယ်က
    လျော့စေတယ်လို့ ပြဆိုပါတယ်။
  • 2:12 - 2:16
    တစ်ချိန်တည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု
    နဲ့ ယုံကြည်စိတ်ဟာ မြှင့်တင်မှု ရနိုင်တယ်။
  • 2:16 - 2:18
    ဒါအတွက် အကြောင်းရင်းတွေ ရှိပါတယ်။
  • 2:18 - 2:19
    တစ်ခုကို လေ့ကျင့်ရာမှာ တွေ့ရပါတယ်။
  • 2:19 - 2:22
    ကျွမ်းကျင်မှုတွေကို အထူးသဖြင့်
    နည်းပြကောင်းတစ်ယောက်နဲ့
  • 2:22 - 2:24
    အထပ်ထပ် လုပ်တာနဲ့ကို
  • 2:24 - 2:28
    ကြီးထွားတဲ့ စိတ်သဘောထားတစ်ခုကို
    ကိုယ့်ကိုယ်တွင်းမှာ အားဖြည့်ပေးပါတယ်။
  • 2:28 - 2:30
    သင်ပြောမှာက "ဒီနေ့ တစ်ခုခု
    မလုပ်နိုင်ရင်တောင်
  • 2:30 - 2:35
    ငါ့ကိုယ်ငါ အလေ့အကျင့်ကနေ တိုးတက်စေ
    ကာ နောက်ဆုံး အောင်မြင်နိုင်တယ်။"
  • 2:35 - 2:38
    ဒီစိတ်သဘောထားဟာ ဘဝမျိုးစုံ
    အတွက် အသုံးဝင်ပါတယ်။
  • 2:38 - 2:40
    နောက်ပြီး အရှုံးကနေ သင်ယူခြင်းပါ။
  • 2:40 - 2:45
    ပြောင်းလဲမှုနိုင်မှု အရှိဆုံးတစ်ခုဖြစ်တဲ့
    အားကစားလုပ်ခြင်းရဲ့ ရေရှည် အကျိုးတွေပါ။
  • 2:45 - 2:48
    အရှုံးကို လက်ခြင်းရဲ့ အတွေ့အကြုံက
    ကြံ့ကြံ့ခံနိုင်မှု၊ ပညာရေး၊ လူမှုရေးနဲ့
  • 2:48 - 2:51
    ရုပ်ပိုင်း အတားအဆီးတွေကို
    ကိုင်တွယ်ဖို့ လိုအပ်တဲ့
  • 2:51 - 2:52
    မိမိ အသိစိတ်ကို
  • 2:52 - 2:54
    တည်ဆောက်ပေးနိုင်တယ်။
  • 2:54 - 2:57
    ကိုယ့်အသင်းက တစ်ချိန်လုံး (သို့)
    လုံးဝကို နိုင်မနေတာတောင်
  • 2:57 - 2:59
    ကိုယ့်အတွေ့အကြုံကို
    တကယ် အကျိုးကျေးဇူး တစ်ခုရှိပါတယ်။
  • 2:59 - 3:02
    ကဲ လူတိုင်းက အားကစားတိုင်းကို
    ကြိုက်ကြမှာ မဟုတ်ပါဘူး။
  • 3:02 - 3:04
    ဖြစ်နိုင်တာက တစ်သင်းက
    အရမ်းပြိုင်ဆိုင်ချင်တာ
  • 3:04 - 3:06
    (သို့) သိပ် ပြိုင်ဆိုင်ချင်စိတ်မရှိတာပေါ့။
  • 3:06 - 3:09
    သင့်စွမ်းရည်တွေကို ပြသတဲ့ အားကစား
    တွေ့ဖို့ကလည်း အချိန်ယူရပါတယ်။
  • 3:09 - 3:11
    ဒါက လုံးဝကို အဆင်ပြေပါတယ်။
  • 3:11 - 3:13
    ဒါပေမဲ့ အချိန်အတန်ကြာ ကြည့်ရင်
  • 3:13 - 3:17
    ကိုယ့်တစ်ဦးချင်း လိုအပ်ချက်တွေနဲ့
    ကိုက်တဲ့ အားကစားတစ်ခု တွေ့နိုင်ပြီး
  • 3:17 - 3:20
    ဒီလိုလုပ်ရင် အကျိုးကျေးဇူးတွေ
    အများကြီးရှိပါတယ်။
  • 3:20 - 3:22
    သင်ဟာ ပံ့ပိုးပေးတဲ့ လူစုရဲ့
    အစိတ်အပိုင်းဖြစ်လာမယ်။
  • 3:22 - 3:24
    သင့်ယုံကြည်စိတ်ကို တည်ဆောက်နေမယ်။
  • 3:24 - 3:26
    သင့်ကိုယ်ခန္ဓာကို လေ့ကျင့်ပေးနေပြီး
  • 3:26 - 3:28
    စိတ်ကို အဟာရမွေးနေပါလိမ့်မယ်။
  • 3:28 - 3:30
    ပျော်ရွှင်တာကို မပြောသေးဘူးနော်။
Title:
အားကစားက သင့်ကိုယ်ခန္ဓာနှင့် ဦးနှောက်ကို အကျိုးပြုပုံ။ Leah Lagos and Jaspal Ricky Singh
Speaker:
Leah Lagos and Jaspal Ricky Singh
Description:

သင်ခန်းစာ အပြည့်အစုံကို http://ed.ted.com/lessons/how-playing-sports-benefits-your-body-and-your-brain-leah-lagos-and-jaspal-ricky-singh တွင်ကြည့်ပါ။
Always #LikeAGirl campaign နှင့် တွဲဖက်ဖန်တီးထားသည်။
အရေးနိမ့်ဟန်ရှိသူရဲ့ အောင်မြင်မှု။ နောက်ဆုံးမိနစ် ပြစ်ဒဏ် ဂိုးသွင်းကန်ချက်က ပြိုင်ပွဲကို နိုင်လိုက်တာပါ။ လေ့ကျင့်သင်ကြားခြင်း ပေါင်းစပ်ပုံဖော်နည်း။ လူများစွာဟာ ကစားကွင်းထဲမှာ အောင်မြင်မှု ချီးကျူးတယ်။ အသင်းတွေကို အားပေးပြီး အားကစားလုပ်လိုကြတယ်။ ဒါပေမဲ့ အားကစားကို ကျွန်တော်တို့ စွဲလန်းသင့်ပါသလား။ အားကစားတွေဟာ ကျွန်တော်တို့ သိမြင်နားလည်သလို ကောင်းမွန်ပါသလား၊ ဒါမှမဟုတ် ၎င်းတို့ဟာ အားလပ်ချိန် ပျော်ရွှင်ဖို့နဲ့ ဖျော်ဖြေရုံ သက်သက်တစ်ခုပဲလား။
သင်ခန်းစာကို Leah Lagos and Jaspal Ricky Singh ကပြုစုထားပြီး လှုပ်ရှားမှုရုပ်ပုံများကိုတော့ Kozmonot Animation Studio ကဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:47

Burmese subtitles

Revisions