Return to Video

ကျေးဇူးတင်စကားဆိုဖို့ မမေ့ကြပါနဲ့

  • 0:00 - 0:04
    ဟိုင်း၊ ကျွန်မ ဒီမှာရှိနေတာက
    ချီးမွမ်းခြင်း၊ လေးစားခြင်းနဲ့
  • 0:04 - 0:07
    ကျေးဇူးတင်ခြင်းတို့ရဲ့
    အရေးပါမှုကို ပြောပြဖို့ပါ၊
  • 0:07 - 0:09
    ပြီးတော့ဒါကို တိကျပြီး၊
    သဘောရိုးနဲ့ဖြစ်စေဖို့ပါ။
  • 0:09 - 0:11
    ဒါကို ကျွန်မ စိတ်ဝင်စားခဲ့ပုံက
  • 0:11 - 0:14
    ကျွန်မကိုယ်ကျွန်မ သတိထားမိခဲ့တာက
    ကျွန်မ ကြီးပြင်းလာတော့၊
  • 0:14 - 0:15
    လွန်ခဲ့တဲ့ နှစ်အနည်းငယ်မတိုင်မီက အထိပါပဲ
  • 0:15 - 0:16
    ကျွန်မ တစ်ယောက်ယောက်ကို
  • 0:16 - 0:17
    ကျေးဇူးတင်စကား ပြောချင်ခဲ့မိလိမ့်မယ်၊
  • 0:17 - 0:18
    သူတို့ကို ချီးကျူးချင်မိခဲ့လိမ့်မယ်၊
  • 0:18 - 0:20
    ကျွန်မအကြောင်း သူတို့ချီးမွမ်းတာကို
    ခံယူချင်မိလိမ့်မယ်၊
  • 0:20 - 0:22
    ဒါနဲ့ ဒါက ဒီမှာပဲ ရပ်သွားတော့တာပဲ။
  • 0:22 - 0:25
    ဒါနဲ့ ကိုယ်ကိုယ်ကိုမေးခဲ့တယ်၊
    ဘာဖြစ်လို့ပါလိမ့်။
  • 0:25 - 0:27
    ရှက်တယ်လို့၊ ကသိကအောက်ဖြစ်တယ်လို့
    ခံစားမိခဲ့တယ်။
  • 0:27 - 0:29
    ဒီနောက်မှာတော့ ဒါဖြစ်တာဟာ
    ငါ တစ်ယောက်တည်းလား ဆိုတာဟာ
  • 0:29 - 0:31
    ကျွန်မရဲ့ မေးခွန်းဖြစ်လာခဲ့တယ်။
  • 0:31 - 0:32
    ဒါကြောင့် ဒါကို သုသေသနလုပ်ဖို့
    ဆုံးဖြတ်ခဲ့တယ်။
  • 0:32 - 0:34
    ကျွန်မဟာ ပြန်လည်ထူထောင်ရေး
    ထောက်ပံ့ရေးတွေထဲမှာ
  • 0:34 - 0:35
    အလုပ်လုပ်ဖို့ အထိကို ကံကောင်းခဲ့ပါတယ်။
  • 0:35 - 0:37
    ဒီလိုနဲ့ ဆေးစွဲတာကြောင့် သေရေး၊ ရှင်ရေးကို
  • 0:37 - 0:38
    ရင်ဆိုင်နေရတဲ့ လူတွေကို တွေ့ကြုံခဲ့ရပါတယ်။
  • 0:38 - 0:40
    နောက်ပြီး တစ်ခါတစ်ကျတော့
    သူတို့ရဲ့အဓိက ထိခိုက်မှုက
  • 0:40 - 0:42
    သူတို့အဖေဟာ သူတို့အတွက်
    ဂုဏ်ယူပါတယ်ဆိုတာကို
  • 0:42 - 0:45
    ပြောမသွားပဲနဲ့ သေဆုံးသွားတယ်
    ဆိုတာလောက်ကို
  • 0:45 - 0:47
    ရိုးရှင်းတာမျိုးနဲ့ ပတ်သက်နေတယ်။
  • 0:47 - 0:49
    ဒါပေမဲ့ မိသားစုဝင်တွေ၊
    မိတ်ဆွေတွေဆီက သူတို့ကြားရတာက
  • 0:49 - 0:50
    သူတို့အဖေဟာ သူတို့နဲ့ပတ်သက်ပြီး
  • 0:50 - 0:52
    ဂုဏ်ယူတာကို လူတိုင်းကိုပြောပြခဲ့ပေမဲ့
  • 0:52 - 0:53
    သူ့သားကိုကျတော့ လုံးလုံးကို မပြောခဲ့တာပါ။
  • 0:53 - 0:55
    သူ့သားက ဒါကိုကြားချင်ခဲ့မယ်
    ဆိုတာ သူမသိခဲ့တာကြောင့်ပါ။
  • 0:55 - 0:58
    ဒီတော့ ကျွန်မရဲ့မေးခွန်းက
    ကျွန်မတို့လိုအပ်တာတွေကို
  • 0:58 - 0:59
    ဘာဖြစ်လို့များ မတောင်းခံခဲ့တာလဲ ဆိုတာပါ။
  • 0:59 - 1:01
    အိမိထောင် သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့
  • 1:01 - 1:02
    အမျိုးသားကောင်း တစ်ယောက်ကို ကျွန်မသိတယ်။
  • 1:02 - 1:04
    သူကြားချင်ရှာနေခဲ့တာက သူဇနီးဖြစ်သူက
  • 1:04 - 1:05
    "ပိုက်ဆံရှာပေးတဲ့ရှင့်ကို
    ကျေးဇူးတင်လိုက်တာရှင်၊
  • 1:05 - 1:07
    ဒါကြောင့် ကလေးတွေနဲ့
    ကျွန်မ အိမ်မှာနေခွင့်ရတာပေါ့။"
  • 1:07 - 1:08
    ဒါပေမဲ့ မမေးဖြစ်ပါဘူး။
  • 1:08 - 1:09
    အမျိုးသမီး တစ်ယောက်ဟာ
  • 1:09 - 1:10
    ဒီနေရာမှာ တော်တယ်ဆိုတာ ကျွန်မသိတာပေါ့။
  • 1:10 - 1:12
    သူမက တစ်ပတ်တစ်ခါ သူ့အမျိုးသားနဲ့
    တွေ့ပြီး မေးလိုက်တာက
  • 1:12 - 1:13
    "ကျွန်မဟာ ကလေးတွေနဲ့အတူနေပြီး အိမ်မှာ
  • 1:14 - 1:15
    လုပ်ကိုင်တာတွေအတွက် ရှင့်ကို
  • 1:15 - 1:16
    ကျေးဇူးတင်စေချင်လိုက်တာ ရှင်တဲ့"။
  • 1:16 - 1:18
    ဒါနဲ့ သူပြောလိုက်တာက "ဒါကကောင်းပါတယ်၊
  • 1:18 - 1:19
    သိပ်ကို ကောင်းတာပေါ့ကွာ"တဲ့လေ။
  • 1:19 - 1:20
    ဒါနဲ့ ချီးကျူးစကားဆိုတာဟာ တကယ့်ကို
  • 1:20 - 1:21
    စစ်မှန်ဖို့တော့လိုပါတယ်
  • 1:21 - 1:23
    ဒါပေမဲ့ ဒီအတွက်သူမမှာ တာဝန်ရှိတယ်လေ၊
  • 1:23 - 1:24
    ဒါနဲ့ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်၊
    အေပယ်လ်ပါ၊
  • 1:24 - 1:26
    သူငယ်တန်းကတည်းက သိခဲ့တာပါ။
  • 1:26 - 1:27
    သူမက အိမ်ဝေယျာဝစ္စတွေ လုပ်တဲ့
  • 1:27 - 1:29
    သူ့ကလေးတွေကို ကျေးဇူးတင်တတ်တယ်။
  • 1:29 - 1:30
    ပြီး သူမပြောတာက
    "ဒါကိုဘာဖြစ်လို့ ကျေးဇူးမတင်ရမှာလဲ
  • 1:30 - 1:31
    ဒါကိုသူတို့ လုပ်သင့်တယ်
    ဆိုတာတောင်မှပဲလေ"တဲ့။
  • 1:31 - 1:32
    ဒီတော့ မေးခွန်းက ဘာဖြစ်လို့ဒါကို
  • 1:32 - 1:33
    ကျွန်မ တားဆီးနေရတာလဲ။
  • 1:33 - 1:34
    ဘာဖြစ်လို့ဒါကို တစ်ခြားသူတွေက
    တားဆီးနေရတာလဲ။
  • 1:34 - 1:37
    ဘာဖြစ်လို့ ကျွန်မ အသားတုံးကို
    ကျက်တယ်ဆိုရုံလေးပဲစားမယ်၊
  • 1:37 - 1:40
    ဖိနပ် နံပါတ် ၆ ယူမယ်လို့ ပြောနိူင်လျက်နဲ့
    မပြောတာလဲ။
  • 1:40 - 1:42
    ဒီနည်းနဲ့ ကျွန်မကို ချီးကျူးမှာလား၊
  • 1:42 - 1:44
    ဒါနဲ့ အကြောင်းကတော့ ကျွန်မနဲ့ပတ်သက်တဲ့
  • 1:44 - 1:46
    အရေးပါတဲ့ အချက်အလက်တွေကို ပေးနေလို့ပါ၊
  • 1:46 - 1:48
    ကျွန်မ လိပ်ပြာမလုံဖြစ်နေတဲ့
    နေရာကို ပြောပြနေတာပါ၊
  • 1:48 - 1:50
    ရှင်တို့ရဲ့ အကူအညီလိုအပ်တဲ့
    နေရာကို ပြောပြနေတာပါ။
  • 1:50 - 1:53
    ကျွန်မရဲ့ အတွင်းစည်းထဲမှာတော့ ရှင်တို့ကို
  • 1:53 - 1:55
    ရန်သူလို ဆက်ဆံနေတာပါ၊
  • 1:55 - 1:57
    ဒီအချက်အလက်နဲ့ ပတ်သက်ပြီး
    ရှင်တို့ လုပ်နိူင်တာကြောင့်ပါ၊
  • 1:57 - 1:59
    ရှင်တို့ ကျွန်မကို လျစ်လျူပြုနိူင်တယ်၊ ဒါကို
  • 1:59 - 2:00
    ရှင်တို့ အလွဲသုံးစား လုပ်နိူင်တယ်လေ။
  • 2:00 - 2:01
    ဒါမှမဟုတ် ကျွန်မရဲ့ လိုအပ်ချက်ကို
  • 2:01 - 2:02
    တကယ်ကို ဖြည့်ဆည်းပေးနိူင်တာပဲလေ။
  • 2:02 - 2:03
    ပြီးတော့ ကျွန်မစက်ဘီးကို
    စက်ဘီးဆိုင်ယူသွားတယ်၊
  • 2:03 - 2:04
    ကျွန်မ ဒါကိုဘဘောကျတယ်၊
  • 2:04 - 2:07
    ဒီစက်ဘီးပဲလေ။ ဘီးချိန်တာလို့
    ဆိုတာမျိုး သူတို့လုပ်ကြမှာပေါ့။
  • 2:07 - 2:09
    ကောင်လေးက ပြောတာက
    ခင်ဗျားသိလား၊ ဘီးချိန်လိုက်တဲ့အခါ၊
  • 2:09 - 2:10
    ဒါကစက်ဘီးကို အရမ်းကြီး
    ပိုကောင်းသွာတော့မယ် ဆိုတာလေ။
  • 2:10 - 2:12
    ဒီစက်ဘီးပဲ ကျွန်မပြန်ရတာပါ၊
    ၂နှစ်ခွဲလောက် ရှိနေပြီဖြစ်တဲ့
  • 2:12 - 2:15
    ဒီဘီးတွေရဲ့ ယုံ့ရွဲ့နေတာတွေကို
    နည်းနည်းပါးပါး ပြင်ပေးလိုက်တော့
  • 2:15 - 2:17
    ကျွန်မစက်ဘီးက အသစ်လိုဖြစ်သွားတယ်လေ။
  • 2:17 - 2:18
    ဒီတော့ ရှင်တို့အားလုံးရဲ့ အစွမ်းအစကို
  • 2:18 - 2:20
    စမ်းသပ်ရတော့မှာပေါ့၊
  • 2:20 - 2:22
    ရှင်တို့ရဲ့ ဘီးတွေကို ချိန်ညှိထားစေချင်ပါတယ်။
  • 2:22 - 2:23
    ရှင်တို့ကြားလိုတဲ့ ချီးမွမ်းမှုနဲ့ပတ်သက်ပြီး
  • 2:23 - 2:25
    အမှန်အတိုင်းဖြစ်ကြပါ၊
  • 2:25 - 2:27
    ဘာကိုကြားလိုပါသလဲ၊
    အိမ်က ဇနီးဆီသွားလိုက်ပါ၊
  • 2:27 - 2:29
    သူမကိုသွားမေးလိုက်ပါ၊ သူမဘာလိုပါသလဲ။
  • 2:29 - 2:31
    အိမ်က ခင်ပွန်းဆီ သွားလိုက်ပါ၊
    သူဘာလိုပါသလဲ။
  • 2:31 - 2:32
    အိမ်ကိုပြန်ပြီး ဒီမေးခွန်းတွေ မေးလိုက်ပါ၊
  • 2:32 - 2:34
    ပြီးရင် ကိုယ့်အနားက လူတွေကို
    ကူညီလိုက်ကြပါ။
  • 2:34 - 2:35
    ဒါကအလွယ်လေးပါ၊
  • 2:35 - 2:37
    ဘာကြောင့်ဒါကို ကြောင့်ကြစိတ် ဖြစ်နေရတာလဲ၊
  • 2:37 - 2:38
    ကျွန်မတို့ ကမ္ဘာ့ငြိမ်းချမ်းရေး အကြောင်း
    ပြောဆိုကြတယ်၊
  • 2:38 - 2:40
    မတူညီတဲ့ ယဉ်ကျေးမှုတွေ၊
    မတူညီတဲ့ ဘာသာစကားတွေနဲ့
  • 2:40 - 2:41
    ကမ္ဘာ့ငြိမ်းချမ်းရေးကို
    ကျွန်မတို့ ဘယ်လိုရနိူင်ကြမလဲ။
  • 2:41 - 2:43
    ကျွန်မအထင် ဒါဟာ တစ်အိမ်ထောင်ချင်းစီက
  • 2:43 - 2:44
    တစ်ခေါင်မိုးတည်း အောက်ကနေ စတင်တာပါ။
  • 2:44 - 2:46
    ကျွန်မတို့ပိုင်တဲ့ ကိုယ့်အနီးနားကပဲ
  • 2:46 - 2:47
    မှန်ကန်တည့်မတ်အောင် လုပ်ကြရအောင်ပါ။
  • 2:47 - 2:49
    ကြီးကျယ်ထူးမြတ်လှတဲ့ ခင်ပွန်းတွေ၊
    မိခင်တွေ၊ မိတ်ဆွေတွေ၊
  • 2:49 - 2:51
    သမီးတွေ၊ သားတွေဖြစ်တဲ့ ပရိတ်သတ်အားလုံးကို
  • 2:51 - 2:52
    ကျေးဇူးတင်ချင်ပါတယ်ရှင်။
  • 2:52 - 2:53
    ဒါကို ဘယ်သူ တစ်ယောက်ယောက်ကမှ
  • 2:53 - 2:54
    ရှင်တို့ကို ပြောဖူးချင်မ ှပြောဖူးမယ်၊
  • 2:54 - 2:55
    ဒါပေမဲ့ အရမ်းအရမ်းကို
    ကောင်းမွန်တဲ့ ကိစ္စကို
  • 2:55 - 2:56
    ရှင်တို့လုပ်လိုက်တာပါ။
  • 2:56 - 2:58
    ဒီမှာ ရှိနေခဲ့ကြတဲ့အတွက် ကျေးဇူးပါရှင်၊
    ဒီကို လာပြီး၊
  • 2:58 - 3:00
    ရှင်တို့ရဲ့ စိတ်ကူးတွေနဲ့ ကမ္ဘာကြီးကို
  • 3:00 - 3:02
    ပြောင်းလဲပေးတာ ကြောင့်လေ။
  • 3:02 - 3:04
    ကျေးဇူးတင်ပါတယ်။
  • 3:04 - 3:11
    (လက်ခုပ်သံများ)
Title:
ကျေးဇူးတင်စကားဆိုဖို့ မမေ့ကြပါနဲ့
Speaker:
Laura Trice
Description:

အပြင်ပန်းအားဖြင့်တော့ ရိုးရှင်းလှတဲ့ ဒီ ၃ မိနစ်စာ ဟောပြောချက်ကလေးမှာ Dr. Laura Trice ကျေးဇူးတင်ပါတယ် ဆိုတဲ့မှော်ဆန်တဲ့ စကားလုံးလေးတွေရဲ့ စွမ်းအားကို ပြန်ပြောင်းစဉ်းစားထားတာပါ။ ခင်မင်ရင်းနှီးမှုကို နက်ရှိုင်းစေဖို့၊ သံယောဇဉ်နှောင်ကြိုးကို ပြင်ဆင်ချည်နှောင်ဖို့ တစ်ခြား လူတစ်ယောက် အတွက် ဒီစကားလုံးတွေဟာ သင့်အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်မှုရှိတယ် ဆိုတာကို သေချာစေဖို့ပါ။ စမ်းကြည့်လိုက်ပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
03:11

Burmese subtitles

Revisions