Return to Video

ရေအောက် ဥမင်များရဲ့ လျှို့ဝှက်ဆန်းကျယ်သော ကမ္ဘာ။

  • 0:01 - 0:04
    ကျွန်မဟာ ရေအောက် စူးစမ်းရေးသမားပါ၊
  • 0:05 - 0:08
    ပိုတိတိကျကျပြောရရင်၊ ဥမင်ရေငုပ်သမားပါ။
  • 0:09 - 0:12
    ကလေးတုန်းက အာကာသယာဉ်မှူး ဖြစ်ချင်ခဲ့ပေမဲ့
  • 0:12 - 0:16
    Canada မှာကြီးပြင်းခဲ့တဲ့ မိန်းကလေးတစ်
    ယောက်အနေနဲ့ ဒီအခွင့်ကို မရနိုင်ခဲ့ဘူး။
  • 0:18 - 0:21
    ဒါပေမဲ့ ဖြစ်နေတာက ကျွန်မတို့ဟာ
    အာကာသအကြောင်းကို
  • 0:21 - 0:26
    ကမ္ဘာကို ဖြတ်ပြီး စီဆင်းနေတဲ့
    ရေအောက်စီးကြောင်းတွေထက် ပိုသိကြတယ်။
  • 0:26 - 0:29
    မိခင်မြေကြီးရဲ့ တကယ့် အသက်သွေးကြောလေ။
  • 0:30 - 0:33
    ဒီတော့ အာကာသကို စူးစမ်းလေ့လာမယ့် အစား
    ဒီထက်ပိုပြီး မှတ်သားစရာကောင်းတာ
  • 0:33 - 0:36
    တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
  • 0:36 - 0:39
    အတွင်းပိုင်းနေရာရဲ့ အံ့ဖွယ်ရာတွေကို
    စူးစမ်းချင်ခဲ့တယ်။
  • 0:40 - 0:42
    ကဲ လူတော်တော်များများက ပြောမှာက
  • 0:42 - 0:46
    ဥမင်ရေငုပ်ခြင်းဟာ အန္တရာယ်အရှိဆုံး
    စူးစမ်းမှုဖြစ်လောက်တယ်လို့ပါ။
  • 0:47 - 0:49
    ဆိုလိုတာက ကိုယ့်တိုင်
    ဒီအခန်းထဲမှာလို့ စိတ်ကူးကြည့်လိုက်ပါ။
  • 0:49 - 0:52
    ရုတ်တရက် အမှောင်ထဲကို
    ထိုးဆင်းလိုက်တယ်ဆိုရင်
  • 0:52 - 0:55
    တစ်ခုတည်းသောလုပ်စရာက
    ထွက်ပေါက်ရှာဖို့ပါ။
  • 0:55 - 0:57
    တစ်ခါတစ်ခါ ဒီကြီးမားတဲ့ နေရာတွေကို
    ကူးဖြတ်ရင်းနဲ့
  • 0:57 - 1:01
    အခြားအချိန်တွေမှာ ထိုင်ခုံတွေအောက်ကို
    တွားသွားရင်း
  • 1:01 - 1:03
    ပါးလျတဲ့ လမ်းညွှန်ချက်နောက်လိုက်နာရင်း၊
  • 1:03 - 1:08
    နောက်အသက်ရှူတာကို ထောက်ပံ့တဲ့
    အသက်ကယ်အကူကိုသာ စောင့်နေရင်းပေါ့။
  • 1:08 - 1:10
    ကဲ ဒါက ကျွန်မရဲ့ လုပ်ငန်းခွင်ပါ။
  • 1:11 - 1:13
    ဒါပေမဲ့ ဒီနေ့ ရှင်တို့ကို သင်ပြချင်တာက
  • 1:13 - 1:17
    ကျွန်မတို့ ကမ္ဘာဟာ ပကတိကျောက်တုံးကြီး
    တစ်တုံးမဟုတ်ပဲ
  • 1:17 - 1:19
    ရေမြှုပ်တစ်ခုနဲ့ ပိုတူတာပါ။
  • 1:20 - 1:24
    ကျွန်မတို့ ကမ္ဘာမြေရဲ့ ရေမြှုပ်ထဲက စိမ့်
    ပေါက် အများကြီးထဲကို ဖြတ်ကူးနိုင်ပေမဲ့
  • 1:24 - 1:25
    ကျွန်မ မတတ်နိုင်တဲ့နေရာမှာ
  • 1:25 - 1:30
    အခြားသက်ရှိတွေနဲ့ အထည်ဒြပ်တွေဟာ
    ကျွန်မမပါပဲ ခရီးသွားနိုင်ကြတယ်။
  • 1:30 - 1:33
    ကျွန်မရဲ့ အသံက မိခင် မြေရဲ့ အတွင်းဘက်
  • 1:33 - 1:36
    အကြောင်း သင်ကြားပေးမယ့် အရာပါ။
  • 1:39 - 1:42
    Antarctic ရေခဲစိုင်တွေအတွင်းက
    ဥမင်ရေငုပ်ဖို့
  • 1:42 - 1:48
    ဆုံးဖြတ်ချက်ချတုန်းက
    ကျွန်မအတွက် လမ်းညွှန်စာအုပ်မရှိခဲ့ဘူး။
  • 1:48 - 1:52
    ၂၀၀၀ ခုနှစ်မှာ ဒါက ကမ္ဘာမှာ
    အကြီးမားဆုံး ရွေ့ရှားနေတဲ့ ဝတ္ထုပါ။
  • 1:52 - 1:54
    ဒါကနေ Ross Ice Shelf ကွဲထွက်ခဲ့တော့
  • 1:54 - 1:57
    ရေခဲစွန်း ဂေဟဗေဒကို စူးစမ်းဖို့
    ငုပ်ဆင်းခဲ့ပြီး ရေခဲအောက်ခြေက
  • 1:57 - 2:00
    သက်ရှိသဏ္ဍာန်တွေကို ရှာခဲ့တယ်။
  • 2:00 - 2:04
    ရေငုပ်အသက်ရှူကိရိယာ လို့ခေါ်တဲ့
    နည်းပညာကို သုံးပါတယ်။
  • 2:04 - 2:08
    ဒါက အာကာသမှာ လမ်းလျှောက်ဖို့
    သုံးတဲ့ နည်းပညာနဲ့ အတော်တူပါတယ်။
  • 2:08 - 2:10
    နည်းပညာက လွန်ခဲ့တဲ့ ၁၀ နှစ်က
    စိတ်ကူးလို့ရနိုင်တာထက်
  • 2:10 - 2:13
    ပိုနက်နက်သွားဖို့ကို ကျွန်မတို့ကို
    ထောက်ကူပေးတယ်။
  • 2:13 - 2:15
    ထူးဆန်းတဲ့ ဓာတ်ငွေ့တွေကို သုံးတော့
  • 2:15 - 2:20
    ရေအောက်မှာ နာရီ ၂၀ ကြာ
    အထိတောင် တာဝန်ယူနိင်တယ်။
  • 2:21 - 2:23
    ဇီဝဗေဒပညာရှင်တွေနဲ့ တွဲလုပ်ပါတယ်။
  • 2:23 - 2:28
    ဥမင်တွေဟာ အံ့စရာကောင်းတဲ့ သက်ရှိ
    သဏ္ဍာန်တွေ၊ ကျွန်မတို့ ဘယ်တုန်းကမှ
  • 2:28 - 2:31
    ရှိတယ်လို့ မသိခဲ့တဲ့ မျိုးစိတ်တွေရဲ့တဲ့
    သိုက်တွေဖြစ်နေတယ်။
  • 2:32 - 2:35
    ဒီသက်ရှိသဏ္ဍာန် အများအပြားဟာ
    တမူထူးခြားစွာ ရှင်သန်ကြတယ်။
  • 2:35 - 2:39
    တော်များများမှာ မျက်လုံး မရှိကြဘဲ
    နဂိုအရောင်ရယ်လို့ မရှိကြပဲ
  • 2:39 - 2:44
    ဒီတိရစ္ဆာန်တွေဟာ အသက်လည်း
    အင်မတန်ရှည်ကြတယ်။
  • 2:44 - 2:47
    တကယ်က ဒီနေ့ ဒီဥမင်တွေထဲမှာ
    ကူးခပ်နေတဲ့ တိရစ္ဆာန်တွေဟာ
  • 2:47 - 2:50
    ဒိုင်နိုဆော မျိုးသုဉ်းခြင်းထက် အလျင်ကျတဲ့
  • 2:50 - 2:53
    ရုပ်ကြွင်းမှတ်တမ်းထဲကနဲ့ တထေရာတည်းပါ။
  • 2:53 - 2:57
    ဒီတော့ ဒါတွေဟာ ကူးခပ်နတေဲ့ ဒိုင်နိုဆော
    ပေါက်စလေးတွေလို့ စိတ်ကူးကြည့်လိုက်ပါ။
  • 2:57 - 3:00
    သူတို့က ကျွန်မတိုကို ဆင့်ကဲဖြစ်စဉ်နဲ့
    ရှင်ကျန်တာကို သင်ပေးနိုင်မလား။
  • 3:01 - 3:05
    ဖန်ဘူးထဲမှာ ကူးနေတဲ့ ဒီ remipede လို
    တိရစ္ဆာန်ကို ကြည့်တဲ့အခါ
  • 3:05 - 3:08
    သူ့မှာ အဆိပ်ပါတဲ့ ဧရာမ အစွယ်တွေရှိတယ်။
  • 3:08 - 3:12
    သူ့အရွယ်ထက် အဆ ၄၀ ကြီးတဲ့ဟာကို
    တိုက်ခိုက်ပြီး သတ်ပစ်နိုင်တယ်။
  • 3:12 - 3:14
    သူသာ ကြောင်တစ်ကောင်အရွယ်ဆိုရင်
  • 3:14 - 3:17
    ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး
    ဖြစ်လိမ့်မယ်။
  • 3:18 - 3:21
    ပြီးတော့ ဒီတိရိစ္ဆာန်တွေက အံ့လောက်အောင်
    လှပတဲ့ နေရာတွေမှာနေပြီး
  • 3:21 - 3:26
    တစ်ချို့အခြေအနေတွေမှာ ဒီလို ဥမင်တွေဟာ
    အရမ်း သက်တမ်းနုပြီး
  • 3:26 - 3:28
    တိရစ္ဆာန်တွေကတော့ ရှေးကျပါတယ်။
  • 3:28 - 3:29
    သူတို့ ဘယ်လိုရောက်လာခဲ့လဲ
  • 3:30 - 3:32
    ရူပဗေဒပညာရှင်တွေနဲ့လည်း တွဲလုပ်ပါတယ်။
  • 3:32 - 3:36
    သူတို့ဟာ မကြာခဏတော့ ကမ္ဘာ့ရာသီ
    ဥတု အပြောင်းအလဲကို စိတ်ဝင်စားတာပါ။
  • 3:36 - 3:38
    ဂူတွေအတွင်းက ကျောက်တွေကို ယူနိုင်ပြီး
  • 3:38 - 3:41
    ဒါတွေကို လွှာလိုက်ပြီး ကျောက်တွေအတွင်းက
    အလွှာတွေကို ကြည့်ကြတယ်။
  • 3:41 - 3:43
    သစ်ပင်တစ်ပင်ရဲ့ ကွင်းတွေလိုမျိုး
  • 3:43 - 3:45
    သမိုင်းကို ပြန်ရေတွက်နိုင်ပြီး
  • 3:45 - 3:49
    မတူညီတဲ့ ကာလတွေက ကျွန်မတို့ ကမ္ဘာရဲ့
    ရာသီဥတုကို လေ့လာနိုင်ပါတယ်။
  • 3:49 - 3:51
    ဒီဓာတ်ပုံမှာမြင်ရတဲ့ အနီရောင်က
  • 3:51 - 3:55
    တကယ်တော့ Sahara သဲကန္တာရက သဲမှုန်တွေပါ။
  • 3:55 - 3:59
    ဒီတော့ ဒါကို Atlantic သမုဒ္ဒရာတစ်လျှောက်
    တိုက်ခတ်တဲ့ လေက သယ်လာတယ်။
  • 3:59 - 4:03
    ဒီအဖြစ်မှာ Bahamas မှာရှိတဲ့
    Abaco ကျွန်းပေါ်မှာ မိုးရွာချတယ်။
  • 4:03 - 4:05
    ဒါကို မြေကြီးက တဆင့် စုပ်ယူပြီး
  • 4:05 - 4:09
    ဒီဥမင်တွေ အတွင်းဘက်က ကျောက်
    တွေပေါ်မှာ ၎င်းဘာသာ ပို့ချပါတယ်။
  • 4:09 - 4:13
    ဒီကျောက်တွေရဲ့ အလွှာတွေထဲကို
    ကြည့်လိုက် တော့ ကမ္ဘာပေါ်မှာ ရာသီဥတု
  • 4:13 - 4:15
    အရမ်း၊ အရမ်း ခြောက်သွေ့ခဲ့တဲ့
    ကာလတွေကို မြင်နိုင်ပြီး
  • 4:16 - 4:19
    နှစ်သိန်းပေါင်းများစွာချီတဲ့ဆီ
    ပြန်သွားနိုင်ပါတယ်။
  • 4:21 - 4:23
    ရှေးပဝေသဏီကာလ ပညာရှင်တွေလည်း ကမ္ဘာပေါ်က
  • 4:23 - 4:26
    အခြားကာလတွေမှာ ပင်လယ်မျက်နှာပြင်
    ရှိတဲ့ နေရာကို စိတ်ဝင်စားကြတယ်။
  • 4:26 - 4:28
    ဒါက Bermuda မှာပါ။
    ဒီဒေသမှာ ကျွန်မတို့အဖွဲ့
  • 4:28 - 4:31
    အနက်ဆုံး ရေငုပ်တာတွေ စတင် တာဝန်ယူ
    လုပ်ဆောင်ဖူးခဲ့ပြီး
  • 4:31 - 4:33
    ပင်လယ်ပြင်ဟာ လက်ရှိ အမြင့်တွေရဲ့
  • 4:33 - 4:37
    အောက် ပေရာပေါင်းချီတဲ့ကမ်းရိုးကို
  • 4:37 - 4:40
    ရိုက်ခတ်ခဲ့ဖူးတဲ့ နေရာတွေကို ရှာနေခဲ့တယ်။
  • 4:41 - 4:44
    ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေနဲ့လည်း
    တွဲလုပ်ခဲ့ပါတယ်။
  • 4:44 - 4:49
    Mexico Bahamas နဲ့ Cuba
    လိုနေရာမျိုးတွေတောင်မှပါ၊
  • 4:49 - 4:53
    ယဉ်ကျေးမှု အကြွင်းအကျန်တွေနဲ့ ဥမင်တွေ
    အတွင်းက လူသား အကြွင်းအကျန်တွေပါ
  • 4:54 - 4:55
    ရှာနေခဲ့ပြီး ဒါတွေက
  • 4:55 - 4:58
    ဒီဒေသက အစောဆုံး နေထိုင်သူတစ်ချို့
    အကြောင်း အများကြီးပြောပါတယ်။
  • 4:59 - 5:02
    ဒါပေမဲ့ ကျွန်မ အနှစ်သက်ဆုံး ပရောဂျက်က
    လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကပါ၊
  • 5:02 - 5:05
    မြေအောက် မျက်နှာပြင်ရဲ့ တိကျတဲ့
    ပထမဆုံး သုံးဖက်မြင်
  • 5:05 - 5:08
    မြေပုံလုပ်တဲ့ အဖွဲ့မှာ တစ်စိတ်တစ်ပိုင်း
    ပါဝင်တုန်းကပါ။
  • 5:08 - 5:11
    ဥမင်ကိုဖြတ်ပြီး ရိုက်သွင်းတဲ့ ကိရိယာက
  • 5:11 - 5:15
    ကျွန်မတို့ ရိုက်သွင်းစဉ်မှာ သုံးဘက်မြင်
    ပုံစံကို တကယ်ပဲ ဖန်တီးနေပါတယ်။
  • 5:15 - 5:17
    ဥမင်ထဲက ကျွန်မတို့ရဲ့ တည်နေရာ အတိအကျကို
  • 5:17 - 5:22
    မျက်နှာပြင်ဆီ ပြန်လွှင့်ပေးတဲ့ ကြိမ်
    နှုန်းနိမ့်လွန် ရေဒီယိုလည်း သုံးဖူးတယ်။
  • 5:22 - 5:27
    ဒါနဲ့ ကျွန်မဟာ အိမ်တွေ၊ စီးပွားရေးလုပ်ငန်း
    တွေ၊ ဘိုးလင်းမြောင်းတွေ၊ ဂေါက်ကွင်းတွေနဲ့
  • 5:27 - 5:30
    Sonny BBQ စားသောက်ဆိုင် ရဲ့
    အောက်မှာတောင် ကူးခဲ့တာပေါ့။
  • 5:31 - 5:33
    တော်တော် မှတ်သားစရာပါ၊ ဒါက ကျွန်မကို
  • 5:33 - 5:36
    သင်ပေးတာက ကမ္ဘာ့မျက်နှာပြင်မှာ
    ကျွန်မတို့လုပ်သမျှဟာ
  • 5:36 - 5:39
    ကျွန်မတို့ သောက်သုံးတာဆီ ပြန်လာမယ်ဆိုတာပါ။
  • 5:39 - 5:43
    ကျွန်မတို့ရဲ့ ရေကမ္ဘာဟာ မြစ်တွေ၊
    ကန်တွေ၊ သမုဒ္ဒရာတွေချည်းပဲ မဟုတ်ပဲ
  • 5:43 - 5:48
    ကျွန်မတို့အားလုံးကို အတူတူဆက်ထားတဲ့
    ကျယ်ပြန့်တဲ့ မြေအောက်ရေ ကွန်ရက်ပါ။
  • 5:48 - 5:52
    ကျွန်မတို့ သောက်တာအားလုံးအတွက်
    ဘုံအရင်းအမြစ်ပါ။
  • 5:52 - 5:56
    မြေအောက်ရေနဲ့ ပြီးတော့ ကျွန်မတို့
    ဂြိုဟ်ပေါ်က ရေအရင်းအမြစ်တွေအားလုံးနဲ့
  • 5:56 - 5:59
    လူသား ဆက်နွှယ်နေပုံကို
    နားလည်လာနိုင်ရင်
  • 5:59 - 6:01
    ဒီရာစုရဲ့ အရေးကြီးဆုံး ဖြစ်လောက်တဲ့
  • 6:01 - 6:04
    ပြဿနာကို ကျွန်မတို့
    ဖြေရှင်းနိုင်ပါလိမ့်မယ်။
  • 6:05 - 6:08
    ဒီတော့ ကိုယ်ဖြစ်ချင်ခဲ့တဲ့ အာကာသယာဉ်မှူး
    ဘယ်တော့မှ ဖြစ်မလာတော့ပေမဲ့
  • 6:08 - 6:12
    Dr. Bill Stone ရေးဆွဲတဲ့ ဒီပုံထုတ်
    ကိရိယာလေးတော့ ဖြစ်ပါလိမ့်မယ်။
  • 6:12 - 6:14
    ဒါက တကယ်ပဲ ပြောင်းလဲလိုက်တယ်။
  • 6:14 - 6:17
    အခုဆို ဉာဏ်ရည် တုပထားတဲ့ သူ့ဘာသာ
  • 6:17 - 6:19
    မောင်းနှင်တဲ့ ရေးကူးတဲ့ စက်ရုပ်ပါ။
  • 6:19 - 6:22
    ၎င်းရဲ့ အန္တိမပန်းတိုင်က
    Jupiter ရဲ့လ Europa ကိုသွားဖို့ဖြစ်ပြီး
  • 6:22 - 6:27
    ဒီကိုယ်ထည်ရဲ့ အေးခဲနေတဲ့ မျက်နှာပြင်
    အောက်က သမုဒ္ဒရာတွေကို စူးစမ်းဖို့ပါ။
  • 6:27 - 6:29
    ဒါက တော်တော် အံ့မခန်းပါပဲ။
  • 6:30 - 6:36
    (လက်ခုပ်သံများ)
Title:
ရေအောက် ဥမင်များရဲ့ လျှို့ဝှက်ဆန်းကျယ်သော ကမ္ဘာ။
Speaker:
Jill Heinerth:
Description:

ဥမင် ရေငုပ်သမား Jill Heinerth ဟာ ကျွန်တော်တို့ ဂြိုဟ်ကမ္ဘာကို ဖြတ်ပြီး စီဆင်းနေတဲ့ မြင်မရတဲ့ ရေအောက် ရေကြောင်းများကို စူးစမ်းလေ့လာပါတယ်။ ဇီဝဗေဒပညာရှင်တွေ၊ ရာသီဥတုပညာရှင်တွေ၊ ရှေးဟောင်း သုသေသနပညာရှင်တွေနဲ့ တွဲကာလုပ်ကိုင်ပြီး Heinerth ဟာ ကမ္ဘာမြေကြီးရဲ့ အဝေးလံဆုံးသောနေရာတွေမှာ မှီတင်းနေထိုင်တဲ့ သက်ရှိပုံသဏ္ဍာန်တွေကို ဖြေပြထားပြီး သုသေသီတွေကို ရာသီဥတုပြောင်းလဲမှုရဲ့ သမိုင်းကို ဖော်ထုတ်ရာမှာ ကူညီပေးပါတယ်။ ဒီဟောပြောချက် အတိုလေးမှာ လှိုင်းတွေအောက်ကို ငုပ်ဆင်းပြီး အတွင်းပိုင်းနေရာရဲ့ အံ့သြဖွယ်ရာတွေကို စူးစမ်းလိုက်ပါဦး။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:49

Burmese subtitles

Revisions