Return to Video

"Frankenstein" ကို ဖတ်ဖို့ သင်သိဖို့လိုတာတွေ။ Iseult Gillespie

  • 0:07 - 0:13
    ၁၈၁၅၊ Mount Tambora မီးတောင်ပေါက်ကွဲမှုက
    ကမ္ဘာ့အပိုင်းတွေကို အမှောင်ထုထဲ ထိုးကျစေကာ
  • 0:13 - 0:18
    'နွေရာသီမဲ့တဲ့နှစ်' လို့ အသိများလာဖို့
    မှောင်ရိပ်သန်းတဲ့ ကာလတစ်ခု သတ်မှတ်ခဲ့တယ်။
  • 0:18 - 0:23
    ဒါနဲ့ Mary နဲ့ Percy Shelley တို့
    Lake Geneva က Lord Byron အိမ်ကိုရောက်တော့
  • 0:23 - 0:26
    သူတို့ရဲ့အားလပ်ရက်ခရီးဟာ အိမ်တွင်းမှာသာ
    အနေများခဲ့တယ်။
  • 0:26 - 0:31
    အပျင်းပြေသဘောနဲ့ Byron က စာပေရောင်းရင်း
    တွေကို စိန်ခေါ်မှုတစ်ခု အဆိုပြုခဲ့တယ်။
  • 0:31 - 0:34
    ကျောချမ်းဖွယ်အကောင်းဆုံး
    သရဲဝတ္ထု ဘယ်သူများရေးနိုင်လဲ။
  • 0:34 - 0:38
    ဒီဟာက ၁၈ နှစ်အရွယ် Mary Shelley ကို
    စိတ်ကူးတစ်ခု အစပျိုးပေးခဲ့တယ်။
  • 0:38 - 0:43
    နောက်လအနည်းငယ်မှာ သူမဟာ
    "Frankenstein"ဝတ္ထုကို ဖန်တီးတော့မှာပေါ့။
  • 0:43 - 0:46
    အများကြိုက် သရုပ်ဖော်တွေက မရင့်ကျက်၊
    ညည်းနေတဲ့ သဏ္ဌာန်ကို နှိုးဆွလောက်ပေမဲ့
  • 0:46 - 0:49
    ဒါဟာ Mary Shelley ရဲ့
    သတ္တဝါကြီးတော့ မဟုတ်ဘူး။
  • 0:49 - 0:54
    တကယ်က စာအုပ်ထဲမှာ Frankenstein က အမည်မဲ့
    သတ္တဝါကြီးဖန်တီးသူ Dr. Victor Frankenstein
  • 0:54 - 0:56
    ကို ရည်ညွှန်းတာပါ၊
  • 0:56 - 1:00
    ဖန်တီးရှင်နဲ့ ဖန်တီးခံကြားက
    ရုန်းကန်မှုဟာ ပြင်ထန်းလွန်းတော့
  • 1:00 - 1:03
    ဒီနှစ်ခုဟာ ကျွန်ုပ်တို့ရဲ စုပေါင်းစိတ်ကူး
    ထဲမှာ ပေါင်းစပ်သွားခဲ့တယ်။
  • 1:03 - 1:06
    မူရင်းစာကို
    သင်မဖတ်ခင်(သို့) ပြန်မဖတ်ခင်မှာ
  • 1:06 - 1:10
    Frankenstein အကြောင်းနဲ့
    ၎င်းရဲ့ အဓိပ္ပာယ်မျိုးစုံ
  • 1:10 - 1:13
    ယူဆဖြစ်ခဲ့ပုံသိဖို့ အထောက်အကူ
    ပေးတဲ့ အရာများစွာရှိပါတယ်။
  • 1:13 - 1:19
    စာအုပ်က Dr. Frankenstein ရဲအသက်ကိုဖန်တီး၊
    တည်တံ့ဖို့ အလဟဿ ရှာဖွေမှုကို ပြတာပါ။
  • 1:19 - 1:22
    အသေကောင် ပစ္စည်းကနေ တစ်ပိုင်းချင်း
    ယူပြီး သတ္တဝါကြီးကို တည်ဆောက်တယ်။
  • 1:22 - 1:25
    အသိစိတ်ရှိတဲ့ အကောင်ဖြစ်ဖို့
    လျှပ်စစ်အားသွင်းတယ်။
  • 1:25 - 1:31
    ဒါပေမဲ့ စမ်းသပ်ချက်အပြီးမှာ
    အကျိုးဆက်ကို လန့်ပြီး ထွက်ပြေးသွားတယ်။
  • 1:31 - 1:34
    ဒါပေမဲ့ ဒီစွန့်ထားတဲ့ သတ္တဝါကြီးကို
    မောင်းထုတ်ဖို့ အချိန်နဲ့နေရာ မလောက်တော့
  • 1:34 - 1:39
    ဇာတ်ကွက်က ဒီနှစ်ခုကြားက ကျောချမ်းစရာ
    လိုက်ဖမ်းတာဘက်လှည့်သွားတယ်။
  • 1:39 - 1:41
    Shelley သူမရဲ့မီးလင်းဖို
    သရဲဝတ္ထုကို ေခါင်းစဉ်ငယ်တပ်တာက
  • 1:41 - 1:43
    "The Modern Prometheus"ပါ။
  • 1:43 - 1:46
    ဒါက Titan Prometheus ရဲ့ ဂရိဒဏ္ဍာရီကို
    ကိုးကားပါတယ်။
  • 1:46 - 1:50
    နတ်ဘုရားတွေဆီက မီးကိုခိုးယူပြီး
    လူ့လောကကို ပေးခဲ့သူပေါ့။
  • 1:50 - 1:52
    ဒါက လူ့လောကကို အသိသုတနဲ့
    စွမ်းအားကို ပေးခဲ့ပေမဲ့
  • 1:52 - 1:55
    ရှိရင်းစွဲနဲ့ လက်ဆော့တာအတွက်
    Prometheus ဟာ
  • 1:55 - 2:00
    ကျောက်တုံးတစ်တုံးမှာ သံခြေချင်းခတ်ခံရပြီး
    ထာဝရ လင်းတစာ ကျွေးခံခဲ့ရတယ်။
  • 2:00 - 2:04
    Prometheus ၁၈ ရာစုအတွင်း
    ရိုမန်းတစ်ခေတ် ရဲ့ စာပေထဲမှာ
  • 2:04 - 2:06
    ပြန်လည်ရှင်ခဲ့တယ်။
  • 2:06 - 2:08
    Mary ဟာ အရေးပါတဲ့
    ရိုမန်တစ်စာဆိုဖြစ်ပြီး
  • 2:08 - 2:13
    သဘာဝ၊ ခံစားမှု အနုပညာ စင်ကြယ်မှုအတွက်
    ရသခံစားမှု လှုပ်ရှားမှုကို မျှဝေခဲ့တယ်။
  • 2:13 - 2:16
    နှစ်နှစ်အကြာမှာ Mary ဟာ
    "Frankenstein" ကိုထုတ်ခဲ့တယ်။
  • 2:16 - 2:20
    Percy က သူ့ရဲ့ ခံစားချက်ပါတဲ့ ပြဇာတ်မှာ
    Prometheus ရဲ့အတိဒုက္ခကို ပြန်အနက်ကောက်တာက
  • 2:20 - 2:22
    "Prometheus Unbound."တဲ့။
  • 2:22 - 2:24
    ရိုမန်းတစ်စာဆိုတွေဟာ
    ခေတ်ဆန်မှုနဲ့ ဆန့်ကျင်ဘက်ရှိတဲ့
  • 2:24 - 2:29
    ရှေးဟောင်းလောကရဲ့ စင်ကြယ်မှုကို ပြသဖို့
    ဒီဒဏ္ဍာရီလာ အကိုးအကားတွေကို သုံးခဲ့တယ်။
  • 2:29 - 2:31
    ထုံးစံအတိုင်း သိပ္ပံပညာကို
    သံသယနဲ့ ရှုမြင်ကြပြီး
  • 2:31 - 2:35
    "Frankenstein" ဟာ ဉာဏ်ရည်တု
    အကြောင်း သတိပေး ပုံပြင်တွေထဲက
  • 2:35 - 2:36
    ပထမဆုံးတစ်ပုဒ်ဖြစ်ခဲ့တယ်။
  • 2:36 - 2:40
    Shelley အတွက်တော့ ကြောက်လန့်မှုဟာ
    သဘာဝလွန်မဟုတ်ခဲ့ပဲ
  • 2:40 - 2:42
    လက်တွေ့ခန်းမှာ မွေးဖွားခဲ့တာပါ။
  • 2:42 - 2:45
    ၎င်းအပြင် စာထဲမှာ သွင်းထားတဲ့
    သည်းထိတ်ရင်ဖို လှည့်ကွက်တွေပါ။
  • 2:45 - 2:48
    သည်းထိတ်ရင်ဖို စာပေအမျိုးအစားကို
    စိတ်မအေးရမှု၊
  • 2:48 - 2:49
    ကြောက်မက်ဖွယ် အခင်းအကျင်း
  • 2:49 - 2:51
    စက်ဆုတ်ဖွယ်ရာ၊
  • 2:51 - 2:53
    သတိလက်လက်ဖြစ်တာ ကြောက်ရွံ့နဲ့ သရုပ်ဖော်တယ်
  • 2:53 - 2:56
    "Frankenstein" မှာ တွေ့နိုင်တဲ့
    အစိတ်အပိုင်းအားလုံးပါ။
  • 2:56 - 2:59
    ဒါပေမဲ့ ဒီထိတ်လန့်မှုဟာ ကိုယ်ရေးကိုယ်တာ
    စိတ်သောကတွေမှာ အမြစ်တွယ်တယ်။
  • 2:59 - 3:03
    စာအုပ်ဟာ Shelley ရဲ့ ကိုယ်ပိုင်
    အခြေအနေတွေနဲ့ ပြည့်နေပါတယ်။
  • 3:03 - 3:10
    ၁၇၉၇ မှာ ဖွားမြင်ပြီး9William Godwin နဲ
    Mary Wollstonecraft တို့ရဲ့သမီးပါ။
  • 3:10 - 3:12
    နှစ်ဦးစလုံး ဆန်းသစ်၊ ထက်မြက်တဲ့
    ပုဂ္ဂိုလ်တွေပါ၊
  • 3:12 - 3:16
    သူမအမေရဲ့စာအုပ်
    "A Vindication of the Rights of Women" ဟာ
  • 3:16 - 3:18
    အဓိက အမျိုးသမီးဝါဒ ထောက်ခံတဲ့
    စာအုပ်တစ်အုပ်ပါ။
  • 3:18 - 3:23
    ဝမ်းနည်းဖွယ်ရာက သူမဟာ Mary ကိုမွေးဖွားရာက
    ရလာတဲ့ ရောဂါသစ်ကြောင့်သေဆုံးခဲ့တယ်။
  • 3:23 - 3:25
    Mary ဟာ သူမရဲ့မိခင်သေဆုံးမှုကနေ
    ခြောက်လှန့်ခံခဲ့ရကာ
  • 3:25 - 3:29
    နောက်ပိုင်းမှာ ကလေးမွေးဖွားမှုနဲ့ပတ်သက်တဲ့
    ပြဿနာတွေ ကြုံတွေခဲ့ပါတယ်။
  • 3:29 - 3:33
    သူမဟာ Percy နဲ့ခိုးပြေးပြီးနောက်ပိုင်း
    အသက် ၁၆ နှစ်မှာ ကိုယ်ဝန်ရှိလာခဲ့တယ်။
  • 3:33 - 3:36
    ဒါပေမဲ့ ကလေးက မွေးပြီးပြီးချင်းပဲ
    သေဆုံးခဲ့တယ်။
  • 3:36 - 3:40
    နောက်ထပ်ကိုယ်ဝန်ဆောင်မှု လေးခုအနက်
    ကလေးတစ်ယောက်ပဲ ရှင်ကျန်ခဲ့တယ်။
  • 3:40 - 3:45
    ဝေဖန်သူတွေက ဝမ်းနည်းမှုကို "Frankenstein"
    မှာစူးစမ်းထားတေအကြောင်းအရာတွေနဲ့ ဆက်တယ်
  • 3:45 - 3:48
    Shelley ဟာ မွေးဖွားမှုကို ဖန်တီးတဲ့၊
    ဖျက်ဆီးတဲ့ နှစ်ခုစလုံးအဖြစ် သရုပ်ဖော်ပြီး
  • 3:48 - 3:54
    သတ္တဝါကြီးဟာ သဘာဝ ဇီဝသံသရာရဲ့
    ပုံပျက်နေတတဲ့ ကြေးမုံတစ်ခုဖြစ်လာပါတယ်။
  • 3:54 - 3:58
    ဒါကြောင့် သတ္တဝါကြီးဟာ ထင်ပေါ်မှုရှာဖွေမှု
    အတွင်းကDr. Frankenstein ရဲ့
  • 3:58 - 4:00
    သဘာဝ ပျက်စီးမှုကို သရုပ်ထင်စေတာပါ။
  • 4:00 - 4:04
    ဒါက သေလောက်တဲ့ ပျော့ကွက်
    (သို့) ကျဆုံးခန်း ပါဝင်တယ်။
  • 4:04 - 4:06
    သူ့ရဲ့ ဘဝင်မြင့်စိတ်ဟာ စာကြောင်းမှာ
    အရှင်းဆုံးပါ
  • 4:06 - 4:12
    "
ဘဝနဲ့မရဏဟာ ကျုပ်အတွက်တော့ ပထမဆုံး
    ဖြစ်ကျော်သင့်တဲ့ စံနမူနာ ခုန်ကျော်မှုတွေ
  • 4:12 - 4:16
    လို့ထင်ရကာ ကျုပ်တို့ရဲ့ မှောင်နေတဲ့ကမ္ဘာ
    ပေါ်ကို အလင်းတစ်ပုံတစ်ပင် လောင်းသလိုပါ။"
  • 4:16 - 4:18
    သူဟာ အံ့ဖွယ် တစ်စုံတစ်ရာကို
    ပြီးမြောက်ပေမဲ့
  • 4:18 - 4:22
    သူ့ကိုယ်ပိုင် ကျင့်ဝတ် ထိခိုက်မှုမှာ
    မီးနဲ့ ကစားခဲ့ပါတယ်။
  • 4:22 - 4:24
    ဒီဆုံးဖြတ်ချက်က
    အလင်းနဲ့ အမှောင်ကို ဆန့်ကျင်တဲ့
  • 4:24 - 4:30
    မီးနဲ့စိတ်ကူးသက်သက်ကို ရည်ညွှန်းတာတွေပြည့်
    နေတဲ့ ဝတ္ထုတစ်လျှောက်လုံး ပဲ့တင်ထပ်တယ်
  • 4:30 - 4:34
    ဒီကာလတွေဟာ Prometheus ရဲ့မီးကို အစပျိုး
    စေတာမက ဘဝရဲ့ပိုမှောင်တဲ့ နယ်ပယ်တွေကို
  • 4:34 - 4:39
    လှစ်ပြတဲ့ ဆန်းသစ်တဲ့ စိတ်ကူးတွေရဲ့
    အစွမ်းကိုပါ ညွှန်းပါတယ်။
Title:
"Frankenstein" ကို ဖတ်ဖို့ သင်သိဖို့လိုတာတွေ။ Iseult Gillespie
Description:

သင်ခန်းစာအပြည့်အစုံကို http://ed.ted.com/lessons/everything-you-need-to-know-to-read-mary-shelley-s-frankenstein-iseult-gillespie တွင်ကြည့်ရှုပါ။

၁၈၁၅ ခုနှစ်မှာ Lord Byron ကနေပြီး Lake Geneva က သူ့အိမ်မှာ သူတွေ့ဆုံခဲ့တဲ့ စာပေဆိုင်ရာ ဧည့်သည်အချို့ကို စိန်ခေါ်မှုတစ်ခု တင်ပြခဲ့တယ်။ ကျောချမ်းဖွယ်အကောင်းဆုံး သရဲဝတ္ထု ဘယ်သူများရေးနိုင်လဲ။ ဒီမေးခွန်းက နောက်လအနည်းငယ်မှာ "Frankenstein"ဝတ္ထုကို ဖန်တီးခဲ့တဲ့ တစ်ဆယ့်ရှစ်နှစ်အရွယ် Mary Shelley ကို စိတ်ကူးတစ်ခု အစပျိုးပေးခဲ့တယ်။
Iseult Gillespie ကနေပြီး Mary Shelley ရဲ့ ဂန္ဓဝင်မြောက် ဝတ္ထုကိုဖတ်ဖို့ သင်လိုအပ်ရာတိုင်းကို မျှဝေထားပါတယ်။

သင်ခန်းစာကို Iseult Gillespie ကပြုစုပြီး လှုပ်ရှားမှုရုပ်ပုံမျာကိုတော့ Silvia Prietov က ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:02

Burmese subtitles

Revisions