Return to Video

ကလေးတစ်ယောက် လိမ်ပြောနေလားဆိုသိတာ တကယ်သိနိုင်လား။

  • 0:01 - 0:02
    ဟိုင်း။
  • 0:02 - 0:05
    ပရိတ်သတ်ကို မေးခွန်းတစ်ခု မေးခွင့်ပြုပါ၊
  • 0:05 - 0:07
    ခင်ဗျားတို့ ကလေး တစ်ယောက်လို
    လိမ်ပြောဖူးလား။
  • 0:07 - 0:10
    လုပ်ဖူးတယ်ဆိုရင် လက်ထောင်ပြနိုင်မလားဗျာ။
  • 0:11 - 0:15
    အိုး၊ ဒါဟာ ကျွန်တော်
    တွေ့ဖူးသမျှမှာ အရိုးသားဆုံးအဖွဲ့ပဲဗျ။
  • 0:15 - 0:17
    (ရယ်သံများ)
  • 0:17 - 0:18
    ဒါနဲ့ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး
  • 0:18 - 0:22
    ကလေးတွေ လိမ်ပြောတာကို ဘယ်လို
    တတ်လာကြလဲဆိုတာကို လေ့လာနေခဲ့တယ်။
  • 0:22 - 0:24
    ဒီနေ့ ကျွန်တော်တို့
    တွေ့ရှိထားတာတစ်ချို့ကို
  • 0:24 - 0:26
    ခင်ဗျားတို့နဲ့ မျှဝေမလို့ပါ။
  • 0:27 - 0:32
    ဒါပေမဲ့ အစပြုဖို့ Mr. Richard Messina ဆီက
    ဇာတ်လမ်းတစ်ပုဒ် ပြောပါဦးမယ်၊
  • 0:32 - 0:35
    သူက ကျွန်တော့သူငယ်ချင်းနဲ
    မူလတန်း ကျောင်းအုပ်ကြီးပါ။
  • 0:35 - 0:37
    တစ်ရက် သူ့ဆီ ဖုန်းခေါ်လာတယ်။
  • 0:39 - 0:40
    ဖုန်းဆက်သူ ပြောတာက
  • 0:40 - 0:44
    "Mr. Messina ကျွန်တော့သား
    Johnny ဒီနေ့ ကျောင်းမလာဘူး။
  • 0:44 - 0:46
    သူနေမကောင်းလို့ပါ" တဲ့။
  • 0:46 - 0:48
    Mr. Messina ကမေးတာက
  • 0:48 - 0:50
    "ကျွန်တော် ဘယ်သူနဲ့ ပြောနေတာလဲဗျာ။"
  • 0:51 - 0:52
    ဒီမှာ ဖုန်းဆက်သူက ပြောတာက
  • 0:52 - 0:54
    "ကျွန်တော် ကျွန်တော့ရဲ့ အဖေပါ" တဲ့။
  • 0:54 - 0:57
    (ရယ်သံများ)
  • 0:58 - 1:00
    ဒီတော့ ဒီဇာတ်လမ်းက
  • 1:00 - 1:01
    (ရယ်သံများ)
  • 1:01 - 1:06
    ကလေးတွေနဲ့ လိမ်ပြောတဲ့အကြောင်း
    ကျွန်တော်တို့ ကောင်းကောင်း ယုံကြည်နေကျ
  • 1:06 - 1:08
    အရာ သုံးခုကို ပေါင်းရုံးဖော်ပြတာပါ။
  • 1:08 - 1:13
    တစ်၊ ကလေးတွေဟာ
    မူလတန်းကျောင်း တက်ပြီးတဲ့အခါမှာ
  • 1:13 - 1:15
    လိမ်ပြောတတ်လာတယ်။
  • 1:16 - 1:18
    နှစ်။ ကလေးတွေဟာ
    လိမ်ညာရာမှာ ညံ့သူတွေဖြစ်တယ်။
  • 1:18 - 1:21
    သူတို့ လိမ်တာတွေကို
    လူကြီးတွေက လွယ်လွယ်လေး သိနိုင်တယ်။
  • 1:21 - 1:25
    သုံးက ကလေးတွေဟာ
    သိပ်ငယ်တဲ့အရွယ်မှာ လိမ်ပြောရင်
  • 1:25 - 1:28
    သူတို့မှာ စရိုက်ပိုင်း
    အပြစ်အနာတွေ ရှိမှာဖြစ်ပြီး
  • 1:28 - 1:32
    တစ်သက်လုံး အရိုးစွဲနေတဲ့
    လိမ်ညာသူတွေ ဖြစ်လာတော့မယ်။
  • 1:33 - 1:35
    အင်း ဖြစ်သွားတာက
  • 1:35 - 1:37
    ဒီယုံကြည်မှု သုံးခုလုံး မှားတယ်ဆိုတာပါ။
  • 1:39 - 1:41
    ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးက
    ကလေးတွေနဲ့ မှန်းဖြေတဲ့
  • 1:41 - 1:43
    ကစားနည်းတွေ ကစားနေခဲ့ကြတာပါ။
  • 1:43 - 1:45
    ဒီမှာ နမူနာတစ်ခုပါ။
  • 1:45 - 1:49
    ဒီကစားနည်းမှာ ကလေးတွေကို ကဒ်ပြားတွေ
    ပေါ်က နံပါတ်တွေကို မှန်းခိုင်းတယ်။
  • 1:50 - 1:53
    ပြီးတော့ ကစားပွဲနိုင်ရင်
    ဆုကြီးတစ်ခုရမယ်လို့
  • 1:53 - 1:55
    သူတို့ကို ပြောလိုက်တယ်။
  • 1:56 - 1:57
    ဒါပေမဲ့ ကစားပွဲအလယ်မှာ
  • 1:57 - 2:00
    ကျွန်တော်တိုဟာ ဆင်ခြေတစ်ခုပေးပြီး
    အခန်းကထွက်သွားတယ်။
  • 2:02 - 2:04
    ကျွန်တော်တို့ အခန်းထဲကမထွက်ခင်
  • 2:04 - 2:07
    ကဒ်ပြားတွေကို ခိုးမကြည့်နဲ့လို့ ပြောတယ်။
  • 2:08 - 2:09
    တကယ်တမ်းက
  • 2:09 - 2:11
    သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ကြည့်ဖို့
  • 2:11 - 2:13
    လျှို့ဝှက်ကင်မရာတွေ ရှိပါတယ်။
  • 2:14 - 2:18
    ကစားပွဲကို နိုင်ချင်တဲ့ သူတို့ရဲ့ ဆန္ဒက
    ကြီးမားလွန်းတာကြောင့်
  • 2:18 - 2:21
    ကလေး ၉၀ % ကျော်ဟာ ကျွန်တော်တို့ အခန်းက
  • 2:21 - 2:23
    ထွက်တာနဲ့ ခိုးကြည့်မှာပါ။
  • 2:23 - 2:25
    (ရယ်သံများ)
  • 2:25 - 2:27
    အရေးကြီးတဲ့ မေးခွန်းက
  • 2:27 - 2:30
    ကျွန်တော်တို့ပြန်လာပြီး ကလေးတွေကို
  • 2:30 - 2:32
    သူတို့ ခိုးကြည့်၊ မကြည့် မေးတဲ့အခါ
  • 2:32 - 2:35
    ခိုးကြည့်တဲ့ ကလေးတွေဟာ ဝန်ခံကြမလား၊
  • 2:35 - 2:38
    သူတို့ ဖောက်ဖျက်ကြတာကို လိမ်ကြမလားဆိုတာပါ။
  • 2:40 - 2:44
    တွေ့ရှိရတာက လိင်၊ နိုင်ငံ၊
    ဘာသာရေး ဘာပဲဖြစ်နေနေ
  • 2:45 - 2:47
    နှစ်နှစ်သား အရွယ်မှာတော့
  • 2:47 - 2:49
    ၃၀ ရာခိုင်နှုန်းက လိမ်တယ်၊
  • 2:49 - 2:53
    ၇၀ ရာခိုင်နှုန်းက ဖောက်ဖျက်တာကို
    အမှန် ပြောကြတယ်ဆိုတာပါ။
  • 2:53 - 2:55
    အသက်သုံးနှစ်မှာတော့
  • 2:55 - 2:59
    ၅၀ ရာခိုင်နှုန်းက လိမ်ပြီး
    ၅၀ ရာခိုင်နှုန်းက အမှန်ပြောတယ်။
  • 2:59 - 3:01
    လေးနှစ်အရွယ်မှာ
  • 3:01 - 3:03
    ၈၀ ရာခိုင်နှုန်းကျော်က လိမ်ကြတယ်။
  • 3:04 - 3:07
    အသက် လေးနှစ်နောက်ပိုင်းမှာတော့
  • 3:07 - 3:08
    ကလေးအများစုဟာ လိမ်ကြတယ်။
  • 3:09 - 3:11
    ဒီတော့ မြင်တဲ့အတိုင်းပဲ
  • 3:11 - 3:14
    လိမ်ညာတာဟာ ဖွံ့ဖြိုးမှုရဲ့ ဖြစ်နေကျ
    အစိတ်အပိုင်းတစ်ခုပါ။
  • 3:14 - 3:17
    တစ်ချို့ကလေးတွေဟာ နှစ်နှစ်သားအရွယ်မှာ
  • 3:17 - 3:19
    စပြီးလိမ်ပြောကြတယ်။
  • 3:20 - 3:24
    ဒီတော့ ပိုငယ်တဲ့ ကလေးတွေကို ပိုပြီး
    နီးနီးကပ်ကပ် ကြည့်ရအောင်။
  • 3:25 - 3:29
    ဘာဖြစ်လို့ ကလေးအားလုံး မဟုတ်ပဲ
    တစ်ချို့သာ လိမ်ကြတာလဲ။
  • 3:30 - 3:34
    ချက်ပြုတ်ရာမှာ ကောင်းတဲ့အစားအစာချက်ဖို့
  • 3:34 - 3:35
    ကောင်းတဲ့ ပစ္စည်းတွေလိုပါတယ်။
  • 3:36 - 3:40
    အလိမ်ကောင်းတစ်ခုမှာ
    အဓိက ပစ္စည်း နှစ်မျိုးလိုပါတယ်။
  • 3:41 - 3:45
    ပထမ အဓိကပစ္စည်းကတော့ စိတ်ရဲ့ သီအိုရီ၊
  • 3:45 - 3:47
    ဒါမှမဟုတ် စိတ်ဖတ်နိုင်စွမ်းပါ။
  • 3:48 - 3:50
    စိတ်ဖတ်ခြင်းဟာ လူအမျိုးမျိုးမှာ
  • 3:50 - 3:54
    အခြေအနေအကြောင်း ဗဟုသုတ
    အမျိုးမျိုးရှိတယ်ဆိုတာ သိတဲ့ အစွမ်းနဲ့
  • 3:55 - 3:58
    ကိုယ်သိတာနဲ့ သင်သိတာကို
  • 3:58 - 4:00
    ခွဲခြားနိုင်တဲ့ အစွမ်းပါ။
  • 4:00 - 4:02
    စိတ်ဖတ်ခြင်းဟာ လိမ်ညာခြင်း
    အတွက် အရေးပါပါတယ်၊
  • 4:02 - 4:06
    အကြောင်းကတော့ လိမ်ညာခြင်းရဲ့
    အခြေခံက ကိုယ်သိတာကို
  • 4:06 - 4:07
    သင်မသိဘူးဆိုတာ
  • 4:07 - 4:08
    ကိုယ်သိနေလို့ပါ။
  • 4:08 - 4:10
    ဒါကြောင့် သင့်ကိုလိမ်နိုင်တာ
  • 4:11 - 4:16
    အလိမ်ကောင်းအတွက် ဒုတိယ အဓိက
    ပစ္စည်းက မိမိကိုယ်ကို ထိန်းချုပ်မှုပါ။
  • 4:16 - 4:20
    ဒါက ကိုယ့် နှုတ်ပြော၊ မျက်နှာ
    အမူအရာနဲ့ ကိုယ်ဟန်အမူအရာကို
  • 4:20 - 4:22
    ထိန်းချုပ်နိုင်စွမ်းပါ။
  • 4:22 - 4:24
    ဒါနဲ့ ယုံလောက်အောင် ပြောနိုင်တော့တာပေါ့။
  • 4:25 - 4:29
    ကျွန်တော်တို့ တွေ့ရှိတာက
    စိတ်ဖတ်ခြင်း ပို အဆင့်မြင့်ပြီး
  • 4:29 - 4:34
    မိမိဘာသာ ထိန်းချုပ်တိုင်စွမ်းတွေ
    ရှိတဲ့ ကလေးငယ်တွေဟာ
  • 4:34 - 4:36
    ပိုပြီး စောစော လိမ်ကြပြီး
  • 4:36 - 4:38
    ပိုပြီး နောကျေနေတဲ့ လိမ်ညာ
    သူတွေဖြစ်တာကိုပါ။
  • 4:40 - 4:46
    ဖြစ်သွားတာက လူ့အဖွဲ့အစည်းမှာ ကောင်းမွန်
    စွာ ကျင်လည်ဖို့ ကျွန်တော်တို့အတွက်
  • 4:46 - 4:48
    မရှိမဖြစ် အရည်အသွေး နှစ်ခုပါ။
  • 4:49 - 4:53
    တကယ်က စိတ်ဖတ်ခြင်းနဲ့ မိမိကိုယ်ကို
    ထိန်းချုပ်စွမ်းတွေမှာ အလိုပြတာဟာ
  • 4:53 - 4:57
    ပြင်းထန်တဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာ
    တွေနဲ့ ဆက်စပ်နေပါတယ်၊
  • 4:57 - 5:00
    ဥပမာ ADHD နဲ့ အထီးကျန် စိတ်ဝေဒနာတွေပေါ့။
  • 5:02 - 5:07
    ဒီတော့ သင့် နှစ်နှစ်သားကလေး သူ့ရဲ့
    ပထမဆုံး မုသားပြောတာ တွေ့ရှိတယ်ဆိုရင်
  • 5:07 - 5:09
    သူ့ကို လန့်သွားမယ့်အစား
  • 5:09 - 5:11
    ချီးကျူးဂုဏ်ပြု သင့်ပါတယ်။
  • 5:11 - 5:12
    (ရယ်သံများ)
  • 5:12 - 5:18
    အကြောင်းက သင့်ကလေးဟာ ဖြစ်နေကျဖွံ့ဖြိုးမှု
    သမိုင်းမှတ်တိုင်သစ်ကို ရောက်ပြီ
  • 5:18 - 5:20
    ဆိုတာ နိမိတ်ပြတာဖြစ်လို့ပါ။
  • 5:21 - 5:24
    ကဲ ကလေးတွေဟာ ညံ့ဖျင်းတဲ့ လိမ်လည်သူတွေလား။
  • 5:25 - 5:28
    သူ့တို့ရဲ့ အလိမ်တွေကို အလွယ်တကူ
    သိမြင်နိုင်တယ်လို့ သင်ထင်လား။
  • 5:29 - 5:30
    တစ်ချက်လောက် စမ်းကြည့်ချင်လား။
  • 5:31 - 5:32
    စမ်းချင်တယ်၊ အိုကေ။
  • 5:32 - 5:35
    ဒီတော့ ဗီဒီယိုနှစ်ခု ပြပါမယ်။
  • 5:35 - 5:36
    ဗီဒီယိုတွေထဲမှာ
  • 5:36 - 5:39
    ကလေးတွေဟာ သုသေသီရဲ့
    မေးခွန်းကို ဖြေတော့မှာပါ။
  • 5:39 - 5:41
    "မင်းတို့ ခိုးကြည့်ခဲ့လား"
  • 5:41 - 5:42
    ဒီတော့ ဘယ်ကလေးက လိမ်နေပြီး
  • 5:42 - 5:44
    ဘယ်ကလေးက အမှန်ပြောတယ်ဆိုတာ
  • 5:44 - 5:46
    ပြောကြည့်စမ်းပါဦး။
  • 5:46 - 5:48
    ဒီမှာ နံပါတ်တစ် ကလေးပါ။
  • 5:49 - 5:50
    အဆင်သင့်ဖြစ်ပြီလား။
  • 5:51 - 5:53
    လူကြီး၊ မင်းခိုးကြည့်ခဲ့လား။
    ကလေး၊ နိုး။
  • 5:54 - 5:56
    Kang Lee: ဒါက ကလေး နံပါတ်နှစ်ပါ။
  • 5:58 - 6:00
    လူကြီး၊ မင်းခိုးကြည့်ခဲ့လား။
    ကလေး၊ နိုး။
  • 6:01 - 6:05
    KL: နံပါတ်တစ်ကလေး လိမ်နေတယ်ထင်ရင်
  • 6:05 - 6:07
    လက်ကလေး မြှောက်ပြပေးပါ။
  • 6:08 - 6:12
    နံပါတ်နှစ်ကလေး လိမ်နေတယ်ထင်ရင်လည်း
    လက်ကလေး မြှောက်ပြပါဦး။
  • 6:14 - 6:16
    အိုကေ တကယ်က
  • 6:16 - 6:19
    နံပါတ်တစ်ကလေးက အမှန်ပြောနေပြီး
  • 6:19 - 6:21
    နံပါတ်နှစ်ကလေးက လိမ်နေတာပါ။
  • 6:22 - 6:25
    အများဟာ ကလေး အလိမ်တွေရဲ့
    ဆိုးဝါးတဲ့ အလိမ်ဖော်သူတွေဖြစ်ပုံရတယ်။
  • 6:25 - 6:28
    (ရယ်သံများ)
  • 6:28 - 6:31
    ကဲ အလားတူ ကစားနည်း
    အမျိုးအစားတွေကိုပဲ အလွှာစုံက
  • 6:31 - 6:36
    များစွာသော လူကြီးတွေနဲ့ ကစားလိုက်ပါတယ်။
  • 6:37 - 6:39
    သူတို့ကို ဗီဒီယိုများစွာ ပြသပါတယ်။
  • 6:39 - 6:42
    ဗီဒီယိုတွေ တစ်ဝက်က
    ကလေးတွေ လိမ်ခဲ့တာတွေပါ။
  • 6:42 - 6:45
    ကျန်တဲ့ ဗီဒီယိုတစ်ဝက်က
    ကလေးတွေ အမှန်ပြောခဲ့တာတွေပါ။
  • 6:47 - 6:49
    လူကြီးတွေ ဘယ်လိုများ
    တင်ဆက်လဲဆိုတာ လေ့လာရအောင်။
  • 6:50 - 6:54
    အကြောင်းက တကယ့်လူလိမ်တွေလောက်ကို
    အမှန်ပြောသူတွေရှိလို့ပါ။
  • 6:54 - 6:57
    ကျပန်းမှန်းကြည့်ရင်
  • 6:57 - 7:01
    ငါးဆယ် ရာခိုင်နှုန်းလောက်ကို
    မှန်ဖို့ အခွင့်အလမ်းရှိပါတယ်။
  • 7:01 - 7:04
    ဒီတော့ သင့်ရဲ့တိကျမှုဟာ
    ၅၀ ရာခိုင်နှုန်းဆိုရင်
  • 7:04 - 7:08
    ကလေးတွေရဲ့ လိမ်ညာမှုတွေမှာ
    သင်ဟာ ဆိုးဝါးတဲ့အလိမ်ဖော်သူပေါ့။
  • 7:08 - 7:13
    ကဲ ကလေးတွေနဲ့ ပတ်သက်ပြီး ပုံမှန်အရတော့
    အတွေ့အကြုံ အကန့်အသတ်ပဲရှိတဲ့
  • 7:13 - 7:17
    ဘွဲ့ကြိုနဲ့ ဥပဒေကျောင်းသားတွေနဲ့
    စလိုက်ရအောင်။
  • 7:18 - 7:20
    နိုး၊ ကလေးလိမ်တာတွေ သူတို့ မမြင်နိုင်ဘူး။
  • 7:20 - 7:22
    သူတိုလုပ်ဆောင်ချက်က ကံစွပ်တာလောက်ပါ။
  • 7:22 - 7:27
    ကဲ ကလေးတွေနဲ့ နေ့စဉ်တွဲလုပ်တဲ့
    လူမှုလုပ်သားတွေနဲ့
  • 7:28 - 7:30
    ကလေးကာကွယ်ရေး ရှေ့နေတွေဆိုရင်ရော။
  • 7:30 - 7:32
    ကလေး လိမ်တာတွေကို သူတို့ဖော်ထုတ်နိုင်မလား။
  • 7:34 - 7:35
    နိုး၊ မလုပ်နိုင်ကြပါဘူး။
  • 7:35 - 7:36
    (ရယ်သံများ)
  • 7:36 - 7:37
    တရားသူကြီးတွေ၊
  • 7:37 - 7:39
    အကောက်ခွန် အရာရှိတွေနဲ့
  • 7:39 - 7:41
    ရဲအရာရှိတွေကျတော့ရော၊
  • 7:41 - 7:44
    လိမ်တဲ့သူတွေနဲ့ နေ့စဉ် ပတ်သက်နေသူတွေလေ။
  • 7:44 - 7:46
    ကလေးလိမ်တာတွေ သူတို့သိမြင်နိုင်လား။
  • 7:47 - 7:48
    နိုး၊ မတတ်နိုင်ပါဘူး။
  • 7:48 - 7:50
    မိဘတွေကျတော့ရော။
  • 7:50 - 7:53
    မိဘတွေ သူများရဲ့ကလေးတွေ
    လိမ်တာတွေကို သိမြင်နိုင်လား။
  • 7:54 - 7:55
    နိုး။ မသိမြင်နိုင်ပါဘူး။
  • 7:56 - 7:59
    မိဘတွေ ကိုယ့်ကလေးတွေရဲ့
    လိမ်တာတွေကို သိမြင်နိုင်လားဆိုတော့
  • 8:01 - 8:02
    နိုး၊ မသိမြင်နိုင်ပါဘူး။
  • 8:02 - 8:06
    (ရယ်သံများ) (လက်ခုပ်သံများ)
  • 8:06 - 8:07
    ဒီတော့ သင်တို့ မေးနိုင်တာက
  • 8:09 - 8:12
    ဘာလို့ ကလေးတွေရဲ့ လိမ်တာတွေက
    ဒီလောက် သိမြင်ဖို့ ခက်တာလဲ။
  • 8:13 - 8:16
    ဒါကို ကျွန်တော့သား Nathan နဲ့
    ဥဒဟာရုဏ် ဆောင်ပါရစေ။
  • 8:16 - 8:18
    ဒါက သူလိမ်တဲ့အခါ သူ့ရဲ့
  • 8:18 - 8:20
    မျက်နှာ အမူအရာပါ။
  • 8:20 - 8:22
    (ရယ်သံများ)
  • 8:22 - 8:23
    ဒီတော့ ကလေးတွေ လိမ်တဲ့အခါ
  • 8:23 - 8:27
    သူတို့ရဲ့ မျက်နှာပြင်က တကယ့် ရုပ်တည်နဲ့ပါ။
  • 8:27 - 8:31
    ဒါပေမဲ့ ဒီရုပ်တည်တည် မျက်နှာပေးနောက်မှာ
  • 8:31 - 8:34
    ကလေးဟာ တကယ်ပဲ စိတ်ခံစားမှု
    အများကြီး တွေ့ကြုံခံစားနေရတယ်။
  • 8:34 - 8:38
    ကြောက်တာ၊ စိတ်မသန့်တာ၊ ရှက်တာမျိုးတွေနဲ့
  • 8:38 - 8:41
    လိမ်သူရဲ့ မဆိုစလောက်
    ဝမ်းမြောက်မှု ဆိုတာမျိုးပေါ့။
  • 8:41 - 8:44
    (ရယ်သံများ)
  • 8:44 - 8:49
    ကံဆိုးချင်တော့ ဒီလို ခံစားမှုတွေက
    မြန်တာ (သို့) ပုန်းကွယ်နေတယ်လေ။
  • 8:49 - 8:52
    ဒါကြောင့် အများစုကို
    ကျွန်တော်တို့ မမြင်နိုင်တာပါ။
  • 8:52 - 8:53
    ဒါနဲ့ ပြီးခဲ့တဲ့ ငါးနှစ်မှာ
  • 8:53 - 8:57
    ဒီပုန်းကွယ်နေတဲ့ စိတ်ခံစားမှုတွေကို
    မှန်းဆဖို့ အားထုတ်နေခဲ့တယ်။
  • 8:57 - 8:58
    နောက် ရှာဖွေမှု တစ်ခုလုပ်တယ်။
  • 8:59 - 9:02
    မျက်နှာပြင် အရေပြားအောက်မှာ သွေးကြောတွေရဲ့
  • 9:02 - 9:06
    ကြွယ်ဝတဲ့ ကွန်ရက်တစ်ခုရှိတာ သိကြပါတယ်။
  • 9:06 - 9:08
    ခံစားမှုအမျိုးမျိုး တွေ့ကြုံခံစားရတဲ့အခါ
  • 9:08 - 9:11
    မျက်နှာပြင် သွေးစီးဆင်းမှုဟာ
    မသိမသာလေး ပြောင်းလဲပါတယ်။
  • 9:12 - 9:16
    ဒီပြောင်းလဲမှုတွေကို
    ကျွန်တော်တို့ရဲ့ သိစိတ်အလွန်က
  • 9:16 - 9:18
    အလိုအလျောက် စနစ်က ထိန်းညှိပေးပါတယ်။
  • 9:18 - 9:22
    မျက်နှာပြင် သွေးစီဆင်းမှု
    အပြောင်းအလဲတွေကို ကြည့်ခြင်းအားဖြင့်
  • 9:22 - 9:25
    လူတွေရဲ့ ပုန်းနေတဲ့ စိတ်ခံစားမှုတွေကို
    ဖော်ထုတ်နိုင်တယ်။
  • 9:25 - 9:30
    ကံဆိုးတာက ဒီလို ခံစားမှုနဲ့ ဆက်စပ်တဲ့ မျက်
    နှာပြင် သွေးစီးဆင်းမှု အပြောင်းအလဲတွေက
  • 9:30 - 9:33
    သာမန်မျက်စိနဲ့ သိမြင်ဖို့
    သိမ်မွေ့လွန်းတာပါ။
  • 9:34 - 9:37
    ဒီတော့ လူတွေရဲ့ မျက်နှာပြင် ခံစားမှု
    တွေ ဖော်ထုတ်ရာမှာ ကူညီဖို့
  • 9:37 - 9:40
    ရုပ်ပုံဖမ်းခြင်း နည်းပညာသစ်တစ်ခုကို
    ထွင်ထားပါတယ်။
  • 9:40 - 9:44
    "Transdermal Optical Imaging "
    လို့ခေါ်ပါတယ်။
  • 9:45 - 9:49
    ဒီလိုလုပ်ဖို့ လူတွေ ပုန်းကွယ်နေတဲ့
    စိတ်ခံစားမှု အမျိုမျိုး ခံစားချိန်မှာ
  • 9:49 - 9:52
    သူတို့ကို မှတ်တမ်းတင်ဖို့ ရိုးရိုး
    ဗီဒီယိုကင်မရာကို သုံးပါတယ်။
  • 9:52 - 9:56
    နောက် ရုပ်ပုံထုတ်တဲ့ နည်းပညာကိုသုံးပြီး
  • 9:57 - 10:02
    မျက်နှာသွေးစီးဆင်းမှု အပြောင်းအလဲတွေရဲ့
    ဆေးကွက်ထားတဲ့ ရုပ်ပုံတွေ ထုတ်ယူနိုင်တယ်။
  • 10:04 - 10:09
    ဆေးကွက်ထားတဲ့ ဗီဒီယို ရုပ်ပုံတွေကို
    ကြည့်ခြင်းဖြင့်
  • 10:09 - 10:11
    မျက်နှာပြင် သွေးစီးဆင်းမှု
  • 10:12 - 10:17
    အပြောင်းအလဲတွေဟာ ပုန်းနေတဲ့ စိတ်ခံစားမှု
    တွေနဲ့ ဆက်စပ်တာကို အလွယ် မြင်ရပါတယ်။
  • 10:18 - 10:20
    ဒီနည်းပညာ သုံးခြင်းအားဖြင့်
  • 10:20 - 10:24
    လိမ်တာနဲ့ ဆက်စပ်နေတဲ့ ပုန်းကွယ်နေတဲ့ စိတ်
    ခံစားမှုတွေကို အခု ထုတ်ဖော်နိုင်တာကြောင့်
  • 10:24 - 10:27
    လူတွေလိမ်တာကို သိမြင်နိုင်ပါတယ်။
  • 10:27 - 10:30
    ဒီလိုလုပ်တာကို အနှောက်အယှက်မပေးပဲ
  • 10:30 - 10:32
    အဝေးကနေ အကုန်အကျ သက်သာစွာနဲ့
  • 10:32 - 10:36
    ၈၅ ရာခိုင်နှုန်းလောက်
    တိကျမှုနဲ့ လုပ်နိုင်ပါတယ်။
  • 10:36 - 10:38
    ဒါဟာ ကံစွပ်တဲ့အဆင့်ထက်
    အပုံကြီးသာပါတယ်။
  • 10:39 - 10:43
    ထပ်ပြီးတော့ Pinocchio
    သက်ရောက်မှုကို ရှာတွေ့ခဲ့တယ်။
  • 10:44 - 10:46
    နိုး၊ ဒီ Pinocchio သက်ရောက်မှု မဟုတ်ဘူး။
  • 10:46 - 10:47
    (ရယ်သံများ)
  • 10:47 - 10:50
    ဒါက တကယ့် Pinocchio သက်ရောက်မှုပါ။
  • 10:50 - 10:51
    လူတွေ လိမ်တဲ့အခါ
  • 10:51 - 10:55
    မျက်နှာပြင် သွေးစီးဆင်းမှုက
    ပါးပြင်ပေါ်မှာ လျော့သွားပြီး
  • 10:55 - 10:58
    နှာခေါင်းပေါ်က မျက်နှာပြင်
    သွေးစီးဆင်းမှုက တိုးလာတယ်။
  • 10:59 - 11:03
    တကယ်တမ်းက လိမ်ညာခြင်းဟာ
    ပုန်းကွယ်နေတဲ့ စိတ်ခံစားမှုတွေ
  • 11:03 - 11:06
    ပေါ်လာစေမယ့် အခြေအနေပဲ မဟုတ်ပါဘူး။
  • 11:06 - 11:08
    ဒီနောက်မှာ ကိုယ့်ကိုကိုယ် မေးထဲ့တာက
  • 11:08 - 11:10
    လိမ်တာတွေကို သိအောင်လုပ်တာအပြင်
  • 11:10 - 11:12
    ကျွန်တော်တို့ နည်းပညာကို
    ဘယ်လို သုံးနိုင်မလဲပေါ့။
  • 11:13 - 11:17
    အပ်ပလီကေးရှင်း တစ်ခုက ပညာရေးမှာပါ။
  • 11:17 - 11:21
    ဥပမာ၊ ဒီနည်းပညာကို သုံးခြင်းနဲ့
    ဒီသင်္ချာဆရာကို သူ့အတန်းထဲက
  • 11:21 - 11:24
    ကျောင်းသားကို ရှာဖို့ကူညီနိုင်တယ်။
  • 11:24 - 11:29
    ဒီကျောင်းသားက သူသင်တဲ့ အကြောင်းအရာနဲ့
    ပတ်သက်ပြီး စိုးရိမ်စိတ် မြင့်နေနိုင်တော့
  • 11:29 - 11:30
    သူ့ကို ကူညီနိုင်အောင်ပေါ့။
  • 11:31 - 11:34
    ဒါကို ကျန်းမာရေး စောင့်ရှောက်
    မှုမှာပါ သုံးနိုင်ပါတယ်။
  • 11:34 - 11:37
    ဥပမာ နေ့တိုင်း မိုင်ထောင်ချီမှာ ရှိနေတဲ့
    ကျွန်တောလူနာတွေကို
  • 11:37 - 11:40
    Skype နဲ့တွေ့ဆုံ ပြောဆိုတယ်။
  • 11:40 - 11:42
    ဒီနည်းပညာကို သုံးခြင်းအားဖြင့်
  • 11:42 - 11:46
    သူတို့ဘဝတွေမှာ ဖြစ်ပျက်နေတာတွေ
    သိရှိနိုင်ရုံမက
  • 11:46 - 11:52
    တစ်ပြိုင်နက် သူတို့ရဲ့ နှလုံးခုန်နှုန်း၊
    စိတ်ဖိစီးမှုအဆင့်၊ စိတ်နေစိတ်ထား၊
  • 11:52 - 11:55
    နာကျင်နေ မနေဆိုတာကိုပါ
    စောင့်ကြည့်မှတ်သားနိုင်ပါတယ်။
  • 11:56 - 11:58
    ဖြစ်နိုင်တာက အနာဂတ်မှာ
  • 11:58 - 12:01
    သူတို့ရဲ့ နှလုံးဖောက်ပြန်မှု (သို့) သွေး
    တိုးတာအတွက် အန္တရာယ်တွေပေါ့။
  • 12:02 - 12:03
    သင်တို့ မေးနိုင်တာက
  • 12:03 - 12:09
    ဒါကို နိုင်ငံရေးသမားတွေရဲ့ စိတ်
    ခံစားမှုကို ဖော်ပြဖို့ သုံးနိုင်လားပေါ့။
  • 12:09 - 12:11
    (ရယ်သံများ)
  • 12:11 - 12:12
    ဥပမာ၊ စကားစစ်ထိုးပွဲအတွင်းမှာပေါ့။
  • 12:13 - 12:15
    အဖြေကတော့ ရပါတယ်ပေါ့။
  • 12:15 - 12:17
    TV ရိုက်ကွက်ကို သုံးရင်းနဲ့
  • 12:17 - 12:21
    နိုင်ငံရေးသမားတွေရဲ့
    နှလုံးခုန်နှုန်း၊ စိတ်ထားနဲ့
  • 12:21 - 12:23
    စိတ်ဖိစီးမှုကို သိမြင်နိုင်ပြီး
  • 12:23 - 12:27
    ဖြစ်နိုင်တာက အနာဂတ်မှာ ကျွန်တော်တို့ကို
    သူတို့ လိမ်နေတာ ဟုတ်မဟုတ်ကိုပါ။
  • 12:27 - 12:30
    ဒါကို စျေးကွက်သုသေသနမှာလည်း
    သုံးနိုင်ပါတယ်။
  • 12:31 - 12:32
    ဥပမာ လူတွေဟာ
  • 12:32 - 12:37
    တစ်ချို့ စားသုံးကုန်တွေကို
    ကြိုက်၊ မကြိုက်ဆိုတာ သိရှိဖို့ပါ။
  • 12:37 - 12:39
    ချိန်းတွေ့တာမှာတောင် ဒါကိုသုံးနိုင်ပါတယ်။
  • 12:40 - 12:41
    ဒီတော့ ဥပမာအနေနဲ့
  • 12:41 - 12:44
    ကိုယ်ချိန်းတဲ့လူက ပြုံးနေတယ်ဆိုရင်
  • 12:44 - 12:46
    ဒီနည်းပညာက သူမဟာ သင့်ကို
    တကယ်ပဲနှစ်သက်လားး ဒါမှမဟုတ်
  • 12:47 - 12:49
    သင့်ကို အားတင်းပြီး
    ချိုသာပြနေတာလားဆိုတာကို
  • 12:49 - 12:51
    ဆုံးဖြတ်ဖို့ ကူညီပေးပါတယ်။
  • 12:52 - 12:54
    ဒီအခြေအနေမှာတော့
  • 12:54 - 12:55
    သူမက အားတင်းပြီး ချိုသာပြနေတာပါ။
  • 12:55 - 12:58
    (ရယ်သံများ)
  • 12:59 - 13:03
    ဒီတော့ Transdermal Optical Imaging
    နည်းပညာဟာ
  • 13:03 - 13:06
    ဖွံ့ဖြိုးမှုရဲ့ အရမ်း အစောပိုင်း
    အဆင့်မှာပဲ ရှိပါတယ်။
  • 13:06 - 13:10
    ဒီနေ့မှာ ကျွန်တော်တို့မသိတဲ့ အပ်ပလီ
    ကေးရှင်းသစ်တွေ ပေါ်နေပါလိမ့်မယ်။
  • 13:10 - 13:13
    ဒါပေမဲ့ ကျွန်တော် အသေအချာသိတာက
  • 13:13 - 13:17
    လိမ်တာဟာ ဘယ်တော့မှ
    တူမှာ မဟုတ်ဘူးဆိုတာပါ။
  • 13:17 - 13:18
    ကျေးဇူးအများကြီးတင်ပါတယ်
  • 13:18 - 13:19
    ရှဲ ရှဲပါ။
  • 13:19 - 13:23
    (လက်ခုပ်သံများ)
Title:
ကလေးတစ်ယောက် လိမ်ပြောနေလားဆိုသိတာ တကယ်သိနိုင်လား။
Speaker:
Kang Lee:
Description:

ကလေးတွေဟာ လိမ်လည်ပြောဆိုရာမှာ ညံ့သူတွေလား။သူတို့လိမ်တာတွေကို အလွယ်တကူပဲ သိမြင်နိုင်ပါတယ်လို့ သင်ထင်ပါသလား။ ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ သုသေသီ Kang Lee ဟာ ကလေးတွေ လိမ်ပြောတဲ့အခါ ဇီဝကမ္မဗေဒပိုင်းအရ ဖြစ်ပေါ်တာကို လေ့လာပါတယ်။ သူတို့ဟာ အသက် နှစ်နှစ်သားအရွယ်လောက်ကနေ ဒါကို အတော်လုပ်ကြပြီး ဒီနေရာမှာ တကယ့်ကို တော်ကြပါတယ်။ Lee ကနေပြီး ကလေးတွေ စတင်လိမ်တဲ့အချိန်မှာ ဘာကြောင့် ချီးကျူးဂုဏ်ပြုသင့်တယ်ဆိုတာကို ရှင်းလင်းပြထားပြီး တစ်နေ့နေ့မှာ ကျွန်တော်တို့ရဲ့ ပုန်းကွယ်နေတဲ့ စိတ်ခံစားမှုတွေကို ထုတ်ဖော်နိုင်လောက်တဲ့ အလိမ်ဖော်တဲ့ နည်းပညာ အသစ်ကို တင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
13:36

Burmese subtitles

Revisions