Return to Video

ကျွန်တော်ဆိုတာ တကယ်ရှိရဲ့လား?

  • 0:01 - 0:02
    ကျွန်တော်တို့ဟာ တကယ် ရှိကြရဲ့လား?
  • 0:02 - 0:04
    ဒီမေးခွန်းဟာ ခင်ဗျားတို့အတွက်
    သိပ်ကို ထူးဆန်းနိုင်ပါတယ်။
  • 0:04 - 0:07
    ခင်ဗျားတို့က ကျွန်တော်တို့ တကယ်ရှိနေတာကို
  • 0:07 - 0:09
    တကယ့် ကျွန်တော်ဆိုတာ ဘယ်လိုရှိမှန်း
  • 0:09 - 0:11
    ဘယ်လို သိနိုင်မလဲ? မေးနိုင်ကြပါတယ်။
  • 0:11 - 0:12
    စသဖြင့်ပေါ့လေ။
  • 0:12 - 0:16
    ဒါပေမဲ့၊ ကျွန်တော်ဆိုတာ တကယ်ကို ရှိရမယ်
  • 0:16 - 0:17
    ဆိုတဲ့ အချက်ဟာ ထင်ရှားလှပါတယ်။
  • 0:17 - 0:20
    ကမ္ဘာကြီးထဲတွင် တကယ်စင်စစ်
    တခုခုရှိတယ်ဆိုရင်၊ အဲဒါ ကျွန်တော်ပါပဲ။
  • 0:20 - 0:22
    တကယ်တော့ ကျွန်တော်ဟာ သိပ်မသေချာပါ။
  • 0:22 - 0:24
    အနည်းဆုံးအားဖြင့် အဲဒါက ဘာကိုဆိုလိုမှန်း
    နဲနဲလေး ပိုနားလည်ဖို့ လိုတယ်။
  • 0:24 - 0:28
    ပြီးတော့ ကျွန်တော်တို့ကို ဝန်းရံလျက်
    ရှိနေတဲ့ ယဉ်ကျေးမှုတွေကလည်း
  • 0:28 - 0:30
    ကျွန်တော်တို့ တဦးချင်း အတွင်းမှာ
  • 0:30 - 0:34
    အမာခံလိုဟာမျိုး၊ အနှစ်သာရလိုဟာမျိုး
    ရှိတာကို အလေးပေး ညွှန်ပြကြပါတယ်။
  • 0:34 - 0:38
    ကျွန်တော်တို့ကို သတ်မှတ်ဖေါ်ပြပေးတဲ့အရာ
  • 0:38 - 0:40
    ထာဝရရှိနေကာ ပြောင်းလဲခြင်း
    မရှိတဲ့အရာမျိုး ရှိတယ်။
  • 0:40 - 0:42
    Bအဲဒီလို သာဓက တခုကို ထောက်ပြရမယ်ဆိုရင်၊
  • 0:42 - 0:43
    ဇာတာလိုဟာမျိုးကို ပြနိုင်ပါတယ်။
  • 0:43 - 0:46
    လူတွေဟာ အဲဒီလို အရာတွေကို တကယ့်ကိုပဲ
    မစွန့်လွှတ်နိုင်ကြပါဘူး။
  • 0:46 - 0:48
    လူတွေဟာ ဇာတာတွေကို Facebook ပရိုဖိုင်ထဲမှာ
    ထည့်ကြတယ်၊
  • 0:48 - 0:50
    အဲဒါဟာ တကယ့်ကို တခုခု အရေးပါနေသလိုပဲ၊
  • 0:50 - 0:52
    ပြီးတော့လူတွေဟာ မိမိတို့ရဲ့
    တရုတ် ဇာတာကိုလည်း သိကြပါတယ်။
  • 0:52 - 0:55
    တဖန် အဲဒါမျိုးကိုပဲ သိပ္ပံနည်းကျ
    ပုံစံမျိုးနဲ့ လုပ်ကြတာလည်း ရှိပါသေးတယ်၊
  • 0:55 - 0:58
    လူပုဂ္ဂိုလ် အမျိုးအစားကို ဆန်းစစ်တဲ့
    နည်းစနစ်တွေ၊
  • 0:58 - 1:00
    Myers-Briggs စမ်းစပ်ချက်တွေလို
    ဆိုပါစို့ ရှိပါတယ်။
  • 1:00 - 1:02
    ခင်ဗျားတို့ ကိုယ်တိုင် အဲဒါတွေကို
    လုပ်ခဲ့ဘူးကြလား မသိဘူး။
  • 1:02 - 1:04
    ကုမ္ပဏီ အများက လူအသစ်
    ခန့်ရာမှာ အဲဒါတွေကို သုံးကြတယ်။
  • 1:04 - 1:07
    ကျွန်တော်တို့ဟာ မေးခွန်းတွေ
    တသီကြီးကို ဖြေပေးရတယ်၊
  • 1:07 - 1:11
    အဲဒီလို ကျွန်တော်တို့ရဲ့ အဓိကအကျဆုံး
    အချက်တွေ သိလာနိုင်မယ်လို့ ယူဆကြပါတယ်။
  • 1:11 - 1:14
    ပြီးတော့ လူတွေအကြားမှာ အဲဒါပေါ်ပြူလာ
    ဖြစ်ခြင်းကလည်း အံ့အားသင့်စရာကြီးပါ။
  • 1:14 - 1:16
    ဒီလို မဂ္ဂဇင်းတွေ ထဲမှာဆိုရင်၊ ခင်ဗျးတို့ဟာ
  • 1:16 - 1:19
    အောက်ပိုင်း ဘယ်ဘက် ထောင့်မှာ
    ၎င်းတို့ဟာ အတွဲတိုင်းထဲမှာ၊
  • 1:19 - 1:21
    ပုဂ္ဂိုလ်ရေးဆိုင်ရာ အရာလေးတွေကို
    ထည့်ကို ထည့်ပေးကြပါတယ်။
  • 1:21 - 1:23
    ခင်ဗျားတို့က အဲဒီလို မဂ္ဂဇင်းကို ကောက်ယူလိုက်ရင်၊
  • 1:23 - 1:24
    အဲဒါကို မလုပ်မိဘဲ မနေနိုင်ဘူး၊
    ဟုတ်တယ်မဟုတ်လား?
  • 1:24 - 1:27
    ကိုယ့်ဘဝပုံစံက ဘယ်လိုဟာမျိုးလဲ၊
  • 1:27 - 1:30
    ကျွန်တော်တို့ ချစ်တဲ့ ပုံစံက ဘယ်လို
    ဒါမှမဟုတ် အလုပ်လုပ်ကြပုံက ဘယ်လိုဟာလဲ?
  • 1:30 - 1:33
    ကျွန်တော်တို့ဟာ ဒီလိုပုံစံမျိုး
    ဟိုလိုပုံစံမျိုး ပုဂ္ဂိုလ်လား?
  • 1:33 - 1:37
    ဒီတော့ ကျွန်တော်တို့ ကိုယ်၌ထဲမှာ
    အဲဒီလို အမာခံ တခုခု၊
  • 1:37 - 1:40
    အနှစ်သာရ တခုခု ရှိနေတယ်၊
    အဲဒါကို ဖေါ်ထုတ်ဖို့ လိုတယ်လို့
  • 1:40 - 1:41
    အားလုံးက လက်ခံထားသလိုပါပဲ။
  • 1:41 - 1:44
    ပြီးတော့ အဲဒါဟာ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့
    ထာဝရ အမှန်တရားဖြစ်တယ်၊
  • 1:44 - 1:47
    တသက်တာလုံးမှာ တပုံစံတည်း
    ရှိနေမယ့် အရာမျိုးပါ။
  • 1:47 - 1:51
    ကောင်းပြီ၊ ကျွန်တော်ဟာ အဲဒီလို
    အတွေးအခေါ်ကိုမှ စိန်ခေါ်ချင်ပါတယ်။
  • 1:51 - 1:52
    အဲဒီအကြောင်း နောက်ပိုင်းမှာ
    ပြောပြပါ့မယ်၊ အခု ပြောချင်တာက
  • 1:52 - 1:55
    ကျွန်တော်ဟာ မကျေမနပ် ဖြစ်လာလို့
    စိန်ခေါ်ချင်တာ မဟုတ်ပါ၊
  • 1:55 - 1:59
    ဒီစိန်ခေါ်မှုဆီမှာ သိပ်ကို ကြာရှည်ခဲ့ကာ
    အတော့ကို ထင်ရှားတဲ့ သမိုင်းစဉ် ရှိပါတယ်။
  • 1:59 - 2:01
    သာမန် တွေးခေါ်လို့ ရနိုင်တာက ဒီလိုရှိပါတယ်။
  • 2:01 - 2:02
    ကျွန်တော်တို့ ဆိုသည်မှာ။
  • 2:02 - 2:06
    ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆိုတဲ့
    ပုဂ္ဂိုလ်တွေပါ၊ အမာခံလိုဟာ ကိုယ်စီ ရှိပါတယ်။
  • 2:06 - 2:10
    ကျွန်တော်တို့ဟာ ကိုယ့်ဘဝ တသက်တာမှာ
    အတွေ့အကြုံ အမျိုးမျိုးကို ရရှိ
  • 2:10 - 2:12
    စုစည်းလာကြတာလည်း တကယ်အမှန်ပါပဲ။
  • 2:12 - 2:15
    အဲဒီလိုနည်းဖြင့် ကျွန်တော်တို့ဆီမှာ
    မှတ်ဉာဏ်ဆိုတာ ရှိလာတယ်၊
  • 2:15 - 2:17
    မှတ်ဉာဏ်ကျပြန်တော့ ခင်ဗျား
    ဘယ်သူဘယ်ဝါ ဆိုတာကို ပြဌာန်းပေးတယ်။
  • 2:17 - 2:20
    ကျွန်တော်တို့ဆီမှာ လိုချင်တောင့်တနေတာ
    ရှိနိုင်ပါတယ်၊ ကိတ်မုန့် ဖြစ်နိုင်သလို၊
  • 2:20 - 2:22
    ကျောင်းမှာ နံနက် ၁၁ နာရီ အချိန်တွင်
  • 2:22 - 2:24
    ပြောမပြချင်တဲ့ အရာတခုခု ဖြစ်နိုင်တယ်။
  • 2:24 - 2:26
    ကျွန်တော်တို့ဆီမှာ ယုံကြည်ချက်တွေ
    ရှိနိုင်ပါတယ်။
  • 2:26 - 2:28
    ဟောဒီမှာ ခင်ဗျားတို့ မြင်ကြရတာက
    အမေရိကထဲက ကားနံပါတ်ပါ။
  • 2:28 - 2:31
    "messiah 1" တနည်း ကယ်တင်ရှင်
    အဓိပ္ပါယ်ရတဲ့ အဲဒီ နံပါတ်က
  • 2:31 - 2:33
    ယာဉ်ကို မောင်းသူဟာ ကယ်တင်ရှင်အား
    ယုံကြည်တာကို ညွှန်ပြနေတာလား၊
  • 2:33 - 2:35
    ဒါမှမဟုတ် သူတို့ကိုယ်နှိုက်ကိုက
    ကယ်တင်ရှင်တွေလား မပြောတတ်ပါ။
  • 2:35 - 2:38
    ဒါပေမဲ့ ဘယ်လိုပဲဖြစ်ြဖစ် သူတို့ဟာ
    ကယ်တင်ရှင်ကို ယုံကြည်သူတွေပါ။
  • 2:38 - 2:40
    ကျွန်တော်တို့ဆီမှာ အသိပညာတွေ ရှိပါတယ်။
  • 2:40 - 2:42
    ကျွန်တော်တို့ဆီမှာ တွေ့ထိခံစားရမှုတွေ၊
    အတွေ့အကြုံတွေလည်း ရှိပါတယ်။
  • 2:42 - 2:44
    အဲဒါတွေဟာ အတတ်ပညာဆိုင်ရာ
    အရာတွေ သက်သက် မဟုတ်ပါ။
  • 2:44 - 2:47
    အဲဒါက သာမန်အသိစိတ်ဖြင့်
    စဉ်းစားလို့ ရနိုင်တဲ့ ပုံစုံပါ၊
  • 2:47 - 2:48
    ပုဂ္ဂိုလ်တဦးဆိုတာ ဘာလဲကို ပြပါတယ်။
  • 2:48 - 2:54
    ဒီတော့ လူပုဂ္ဂိုလ်တိုင်းဆီမှာ သူ့ကိုယ်ပိုင်
    ဘဝအတွေ့အကြုံများ ကိုယ်စီ ရှိပါတယ်။
  • 2:54 - 2:57
    ဒါပေမဲ့ ကျွန်တော် ဒီနေ့ ခင်ဗျားတို့ကို
    တင်ပြချင်တဲ့ အချက်က
  • 2:57 - 3:00
    အဲဒီ မော်ဒယ်ပုံစံမျိုးဟာ အခြေခံမှအစ
    မှားယွင်းနေခြင်းကိုပါပဲ။
  • 3:00 - 3:03
    မှားနေတာက ဘာလဲဆိုတာကို ကျွန်တော်ဟာ
    ကလစ်တချက် လုပ်ရုံနဲ့ ပြနိုင်ပါတယ်။
  • 3:03 - 3:10
    ခုနက အတွေ့အကြုံတွေ အားလုံးရဲ့ အကြားမှာ
    "ကျွန်တော်"ဆိုတာ မရှိဘူးဆိုတဲ့ အချက်ပါ။
  • 3:10 - 3:11
    ထူးဆန်းတဲ့ အတွေးအခေါ် မဟုတ်ပါကလား?
    တကယ်တော့၊ ဟုတ်ချင်မှ ဟုတ်မှာပါ။
  • 3:11 - 3:13
    အဲဒီလိုဆိုရင် အဲဒီမှာ ရှိတာက ဘာများလဲ?
  • 3:13 - 3:16
    အဲဒီမှာ မှတ်ဥဏ်တွေ၊ လိုအင်ဆန္ဒတွေ၊
    ရည်မှန်းချက်တွေ၊ ထိတွေ့ခံစားရချက်တွေ၊
  • 3:16 - 3:18
    စသဖြင့် ရှိနေကြတာကတော့ အမှန်ပါ။
  • 3:18 - 3:21
    တကယ်ဖြစ်ပျက်ပုံက၊ အဲဒါတွေ
    အားလုံး ရှိနေကြတယ်၊
  • 3:21 - 3:23
    ပြီးတော့ ၎င်းတို့အားလုံးဟာ
    ပေါင်းစည်းနေကြကာ
  • 3:23 - 3:26
    တခုအပေါ်တခု ထပ်လျက် ရှိနေကြပြီး
    နည်းမျိုးစုံဖြင့် ချိတ်ဆက်လျက် ရှိနေကြတာပါ။
  • 3:26 - 3:29
    ၎င်းတို့ အားလုံး ချိတ်ဆက်လျက်
    ရှိနေကြရခြင်းက အဓိကအားဖြင့်
  • 3:29 - 3:32
    ခန္ဓာကိုယ် တခုတည်း၊ ဦးနှောက် တခုတည်းနဲ့
    သက်ဆိုင်နေကြလို့ပါ။
  • 3:32 - 3:35
    ဒါပေမဲ့၊ အဲဒီ တချိန်တည်းမှာ၊ ကျွန်တော်တို့
    ကိုယ်တိုင် အကြောင်းကို ပြောခြင်းဖြင့်
  • 3:35 - 3:38
    အတိတ် ဖြစ်ရပ်တွေကို ပြန်သတိရခြင်းဖြင့်
    ဖန်တီးကြတဲ့ ပုံပြင်လည်း ရှိပါသေးတယ်။
  • 3:38 - 3:41
    ကျွန်တော်တို့ဟာ အခြား အရာတွေကြောင့်
    လုပ်ကိုင်ကြရတာ ရှိပါတယ်။
  • 3:41 - 3:44
    ကျွန်တော်တို့ရဲ့ လိုအင်တောင့်တချက်တွေဟာ
    တနည်းအားဖြင့် ယုံကြည်မှုရဲ့ ရလဒ်ပါ၊
  • 3:44 - 3:48
    ပြီးတော့ မှတ်မိကြတာတွေကလည်း
    ကျွန်တော်တို့ သိတာတွေကို ထောက်ြပနေတာပါ။
  • 3:48 - 3:50
    တကယ်တော့၊ အဲဒီထဲမှာ ခုနက
    အရာတွေ အားလုံး ပါဝင်နေကြတာပါ၊
  • 3:50 - 3:53
    ယုံကြည်မှုတွေ၊ လိုအင်ဆန္ဒတွေ၊
    ခံစားထိတွေ့မှုတွေ၊ အတွေ့အကြုံတွေ၊
  • 3:53 - 3:56
    အဲဒါတွေ အားလုံးတို့ဟာ
    တခုနှင့်တခု ဆက်စပ်နေကြလျက်
  • 3:56 - 3:59
    ကျွန်တော်ဆိုတာကို ဖြစ်ပေါ်လာစေတာပါ။
  • 3:59 - 4:04
    တနည်းအားဖြင့် အဲဒါဟာ သာမန် နားလည်မှု
    အချက်တွေ နဲနဲပါးပါး ခြားနားတာ ဖြစ်နိုင်တယ်။
  • 4:04 - 4:06
    တချို့ကိစ္စမှာ အကြီးအမား
    ခြားနားချက် ဖြစ်နိုင်တယ်။
  • 4:06 - 4:09
    အဲဒါကမှ ဘဝအတွေ့အကြုံ အားလုံးရှိနေတဲ့
  • 4:09 - 4:12
    အရာဖြစ်တဲ့ ကျွန်တော်တို့ဆီကို
  • 4:12 - 4:15
    တနည်း ကျွန်တော်တို့ဟာ ဘဝအတွေ့အကြုံ
    အားလုံး တည်ရှိနေတဲ့ အရာပဲ ဆိုတဲ့
  • 4:15 - 4:17
    အတွေးခေါ်ကို ပေါ်ပေါက် လာစေတာပါ။
  • 4:17 - 4:20
    ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့
    အစိတ်အပိုင်းတွေရဲ့ စုပေါင်းမှုပါပဲ။
  • 4:20 - 4:22
    အဲဒီ အစိတ်အပိုင်းတွေဟာ ရုပ်ပိုင်းအရ
    တည်ရှိနေကြတာ မှန်ပါတယ်၊
  • 4:22 - 4:24
    ဦးနှောက်၊ ခန္ဓာကိုယ်၊ ခြေထောက်
    စသဖြင့် ရှိပေမဲ့၊
  • 4:24 - 4:26
    တကယ်တမ်းမှာ ၎င်းတို့ဟာ
    သိပ် အရေးမကြီးကြပါ။
  • 4:26 - 4:29
    ကျွန်တော့ နှလုံးကို အစားထိုး တပ်ဆင်ထားလည်း
    ကျွန်တော်ဟာ အဲဒီပုဂ္ဂိုလ် ဖြစ်နေတုန်းပါပဲ။
  • 4:29 - 4:31
    ကျွန်တော့မှတ်ဉာဏ်ကို အစားထိုးထားရင်လည်း
    အဲဒီပုဂ္ဂိုလ် ဖြစ်နေတုန်းပဲ မဟုတ်လား?
  • 4:31 - 4:35
    တဦးဦးရဲ့ ယုံကြည်ချက်ကို အစားထိုး တပ်ဆင်
    ပေးလိုက်ရင်ကော ထိုသူဟာ အဲဒီပုဂ္ဂိုလ်ဘဲလား?
  • 4:35 - 4:40
    ကျွန်တော်တို့ဆိုတာ အတွေ့အကြုံများ ရှိနေတဲ့
  • 4:40 - 4:44
    ထာဝရ ပုဂ္ဂိုလ် မဟုတ်ဘဲ၊ အတွေ့အကြုံတွေ
  • 4:44 - 4:46
    စုစည်းလျက် ရှိနေသူ ဖြစ်တယ်
    ဆိုတဲ့ အချက်ဟာ
  • 4:46 - 4:49
    ခင်ဗျားတို့ကို စိတ်ပျက်သွားစေနိုင်ပါတယ်။
  • 4:49 - 4:51
    ဒါပေမဲ့၊ တကယ်လက်တွေ့မှာကျတော့၊
    အဲဒါဟာ စိတ်ပျက်စရာ မဟုတ်ဘူးလို့ ထင်တယ်။
  • 4:51 - 4:53
    စဉ်းစားကြည့်ရင် အဲဒါဟာ သာမည အချက်ပါ။
  • 4:53 - 4:57
    ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ဟာ
    ခင်ဗျားတို့ကို ဖိတ်ကြားလိုပါတယ်၊
  • 4:57 - 5:00
    ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ နှိုင်းယဉ်လျက်
    အများသိ စကြာဝဠာထဲက အရာတွေကို၊
  • 5:00 - 5:03
    အခြေခံအကျဆုံး စွမ်းအားတွေ ဒါမှမဟုတ်
    စွမ်းအင်တွေမှ လွဲပြီး၊ စဉ်းစားကြည့်ကြပါ။
  • 5:03 - 5:06
    ရေလို အရာကို ကျွန်တော်တို့ ယူကြည့်ကြပါစို့။
  • 5:06 - 5:08
    ကျွန်တော်ဟာ သိပ္ပံပညာထဲမှာ သိပ်မတော်လှပါ။
  • 5:08 - 5:11
    ရေထဲမှာ ဟိုက်ဒရိုဂျင် နှစ်ဆ နှင့်
    အောက်ဆီဂျင် တစ်ဆ
  • 5:11 - 5:13
    ပါဝင်တယ်လို့ ဆိုနိုင်တယ် မဟုတ်လား?
  • 5:13 - 5:15
    ကျွန်တော်တို့ အားလုံးကို အဲဒါကို သိကြတယ်။
  • 5:15 - 5:18
    ဒီလိုပြောလိုက်လို့ ဒီအခန်းထဲက ဘယ်သူမှာမှ
    အဲဒါရဲ့ အဓိပ္ပါယ်က
  • 5:18 - 5:22
    ရေဆိုတဲ့ အရာ ရှိနေတယ်၊ ၎င်းထဲမှာ
  • 5:22 - 5:25
    ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင်
    အဏုမြူတွေ ရှိနေကြတယ်၊
  • 5:25 - 5:26
    အဲဒါကမှ ရေပါပဲလို့ စဉ်းစားကြမှာ မဟုတ်ပါ။
  • 5:26 - 5:27
    ကျွန်တော်တို့ အဲဒီလို မစဉ်းစားတတ်ကြပါ။
  • 5:27 - 5:30
    ကျွန်တော်တို့ နားလည်ထားကြတာက
    ရိုးရိုးရှင်းရှင်းလေးပါ၊
  • 5:30 - 5:32
    ရေဆိုသည်မှာ ဟိုက်ဒရိုဂျင် နဲ့
    အောက်ဆီဂျင် မော်လီကြူးတွေကို
  • 5:32 - 5:37
    သင့်လျော်စွာ စီစဉ်ပေါင်းစပ်မှု
    ဖြစ်တယ်ဆိုတာကိုပါ။
  • 5:37 - 5:39
    ဒီတော့ စကြာဝဠာထဲက အရာတိုင်းဟာလည်း
    အလားတူပါပဲ။
  • 5:39 - 5:43
    ဥပမာ၊ နာရီကို ယူကြည့်မယ်ဆိုရင်
    ထူးဆန်း နားလည်မရတာ ဘာမှ မရှိနိုင်ပါ။
  • 5:43 - 5:47
    နာရီဆီမှာ မျက်နှာပြင်ရှိတယ်၊
    လက်တံတွေ ရှိတယ်၊
  • 5:47 - 5:48
    စက်ယန္တရား နဲ့ ဓာတ်ခဲ ရှိတာ
    ကျွန်တော်တို့ သိကြတယ်။
  • 5:48 - 5:50
    ကျွန်တော်တို့ အတွက် အရေးကြီးဆုံးက
  • 5:50 - 5:51
    နာရီဆိုတာ ရှိနေခြင်းပါပဲ၊ နာရီလို့
    ဆိုလိုက်တာနဲ့ ကျွန်တော်တို့ဟာ
  • 5:51 - 5:54
    ခုနက အရာတွေ အားလုံးကို
    ထည့်မစဉ်းစားကြတော့ပါ။
  • 5:54 - 5:57
    အဲဒီတချိန်တည်းမှာ ခုနက ပြောခဲ့တဲ့
    အစိတ်အပိုင်းတွေ အားလုံးကို ယူပြီး
  • 5:57 - 5:59
    တပ်ဆင်ပေးလိုက်ရင် နာရီကို ဖန်တီးနိုင်တာ
    အားလုံး ကောင်းကောင်းသိကြပါတယ်။
  • 5:59 - 6:02
    စကြာဝဠျာထဲက အရာတွေ အားလုံး
    ဖြစ်ကြတယ်ဆိုရင်၊
  • 6:02 - 6:04
    ကျွန်တော်တို့ကကော
    ဘာဖြစ်လို့ တမျိုး ဖြစ်ရမှာလဲ?
  • 6:04 - 6:06
    ဘာဖြစ်လို့များ ကိုယ့်ကိုကိုယ်
    အစိတ်အပိုင်းတွေ
  • 6:06 - 6:09
    အားလုံးရဲ့ စုစည်းမှု တခုလို့ မခံယူဘဲ
  • 6:09 - 6:14
    ဘာဖြစ်လို့ အစိတ်အပိုင်းတွေဖြင့် ထာဝရ
    ဖွဲ့စည်းထားပေမဲ့ သီးခြား မြင်နေကြတာလဲ?
  • 6:14 - 6:17
    တကယ်တော့ ဒီလို ရှုထောင့်ဟာ အသစ်ပါလို့
    ပြောမရနိုင်ပါ။
  • 6:17 - 6:19
    ၎င်းရဲ့ သမိုင်းဟာ အတော့်ကို
    ရှည်လျားလှပါတယ်။
  • 6:19 - 6:20
    အဲဒါကို ဗုဒ္ဓဘာသာထဲမှာ တွေ့နိုင်သလို၊
  • 6:20 - 6:23
    ၁၇ - ၁၈ ရာစု ဒဿနိက
    အမြင်ထဲမှာ ရှာတွေ့နိုင်ပါတယ်။
  • 6:23 - 6:27
    ဒီနေ့အထိ လိုက်ကြည့်မယ်ဆိုရင် Locke နဲ့ Hume
    တို့လို လူတွေကို တွေ့နိုင်ပါတယ်။
  • 6:27 - 6:29
    စိတ်ဝင်စားစရာ ကောင်းတာက၊ အဲဒီရှုထောင့်ကို
  • 6:29 - 6:33
    အာရုံကြောဆိုင်ရာ သိပ္ပံပညာကပါ
    တိုးတိုး ထောက်ခံအားပေးလာနေပါတယ်။
  • 6:33 - 6:36
    အဲဒီလို ပုဂ္ဂိုလ်တဦးမှာ အာရုံကြော ကုသသူ
    Paul Broks ပါ၊
  • 6:36 - 6:38
    သူ ပြောပြခဲ့တာက၊
  • 6:38 - 6:40
    "တနေရာရာမှာ အမာခံ တခုခုရှိတာကို၊
  • 6:40 - 6:43
    အနှစ်ချုပ် တခုရှိလျက် အဲဒါကို ခါထုတ်ပစ်ဖို့
    မလွယ်တာ ကျွန်တော်တို့ အတွင်းစိတ်ဖြင့် သိတယ်၊
  • 6:43 - 6:46
    အဲဒါကို ခါထုတ်ပစ်လို့ မရနိုင်ဘူးလို့
    ကျွန်တော် သံသယဖြစ်မိတယ်။
  • 6:46 - 6:49
    ဒါပေမဲ့၊ ဦးနှောက်ထဲမှာ အဲဒါတွေ အားလုံး
    ထွက်လာတာ ဒီနေရာမှပါလို့
  • 6:49 - 6:52
    ညွှန်ပြစရာ ဌာနမရှိဘူးဆိုတာကိုပါ
    အာရုံကြော သိပ္ပံပညာက ထောက်ပြနေတယ်။"
  • 6:52 - 6:54
    ဒီတော့ ကျွန်တော်တို့က ဦးနှောက်ကို
    လေ့လာကြည့်မယ်ဆိုရင်၊
  • 6:54 - 6:58
    ဦးနှောက်က ကျွန်တော်တို့ကို ကိုယ်ရယ်လို့
    ခံစားရအောင် လုပ်တာကို လေ့လာကြည့်ရင်၊
  • 6:58 - 7:02
    ဦးနှောက်ထဲမှာ ထိန်းချုပ်ရေး ဗဟိုချက်ရယ်လို့
    ရှာတွေ့ရမှာ မဟုတ်ပါ။
  • 7:02 - 7:05
    အရာတွေ ဖြစ်ပျက်နေတဲ့ ဗဟိုနေရာ
    အဲဒီမှာ မရှိပါ။
  • 7:05 - 7:08
    ဦးနှောက်ထဲမှာ ဖြစ်ပျက်နေကြတဲ့
    ဖြစ်စဉ်တွေဟာ သိပ်ကို များပြားလှပါတယ်၊
  • 7:08 - 7:11
    ၎င်းတို့ အားလုံးဟာ၊ သူ့နည်းသူဟန်နဲ့
    အမှီအခိုကင်းစွာ လုပ်ကိုင်နေကြတာပါ။
  • 7:11 - 7:14
    ဒါပေမဲ့ ၎င်းတို့ဟာ ဆက်စပ်နေကြလို့
  • 7:14 - 7:17
    ကျွန်တော်တို့က ကိုယ့်ကိုကိုယ် ခံစားလာရတာပါ။
  • 7:17 - 7:20
    ကျွန်တော်က စာအုပ်ထဲမှာ အတ္တ လှည့်ကွက်
    ဆိုတဲ့ အသုံးအနှုန်းကို သုံးထားပါတယ်။
  • 7:20 - 7:25
    အဲဒါဟာ စက်ပစ္စည်း လှည့်ကွက်နဲ့ တူပါတယ်။
  • 7:25 - 7:28
    ကျွန်တော်ဟာ မရှိဘူးလို့ မဆိုလိုပါ၊
  • 7:28 - 7:31
    အဲဒီလှည့်ကွက်က ဘာလဲဆိုတော့
    ကျွန်တော်တို့ အထဲတနေရာမှာ
  • 7:31 - 7:34
    တကယ်ထက်ကို တစုတလုံးတည်း
    တခုခု ရှိနေတယ်လို့ ခံစားလာစေတာပါ။
  • 7:34 - 7:37
    အဲဒါဟာ စိုးရိမ်စရာ စိတ်ကူးပါလား
    ခင်ဗျားတို့ ထင်ချင်ထင်မိနိုင်ပါတ်။
  • 7:37 - 7:40
    အဲဒါဟာ တကယ်အမှန် ဖြစ်တယ်၊
  • 7:40 - 7:44
    ကျွန်တော်တို့ တဦးချင်းစီအတွက်
    အထဲမှာ အမာခံ တခုခု မရှိဘူးဆိုရင်၊
  • 7:44 - 7:46
    ထာဝရဖြစ်တဲ့ အနှစ်ချုပ်မျိုး မရှိဘူးဆိုရင်၊
  • 7:46 - 7:49
    ကိုယ်ဆိုတဲ့စိတ်ဟာ တကယ်တမ်းမှာ
    အထင်မှားမှုများလား?
  • 7:49 - 7:52
    အဲဒါက ကျွန်တော်တို့ လက်တွေ့မှာ မရှိကြတာကို
    ဆိုလိုတာများလား?
  • 7:52 - 7:54
    ကျွန်တော်ဆိုတာ လက်တွေ့မှာ မရှိဘူးလား။
  • 7:54 - 7:57
    လူတော်တော်များများတို့က ခုနက အထင်မှားမှု၊
    အယုံမှားမှု စသဖြင့် ပြောဆိုတတ်ကြပါတယ်။
  • 7:57 - 8:01
    စိတ်ပညာရှင် Thomas Metzinger၊
    Bruce Hood,
  • 8:01 - 8:03
    Susan Blackmore သုံးဦးတို့ကျတော့
  • 8:03 - 8:06
    အထင်မှားမှု၊ ကိုယ့်ကိုယ်ကို အထင်မှားခြင်း၊
  • 8:06 - 8:08
    ထင်မှတ်မှုပါ စသဖြင့်
    ဆွေးနွေးထောက်ပြကြပါတယ်။
  • 8:08 - 8:11
    ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါဟာ
    အထောက်အကူပြုမယ့် ရှုထောင့် မဟုတ်နိူင်ပါ။
  • 8:11 - 8:12
    နာရီဆီကို ပြန်သွားကြရအောင်။
  • 8:12 - 8:16
    နာရီထဲမျာ အစိတ်အပိုင်းတွေ တသီကြီး
    ပေါင်းစည်းလျက် ရှိနေကြတာမို့လို့
  • 8:16 - 8:18
    နာရီဟာ အထင်မှားမှုပါလို့ ပြောမရနိုင်ပါ။
  • 8:18 - 8:20
    အလားတူပဲ ကျွန်တော်တို့ဟာလည်း
    အထင်မှားမှု လုံးဝ မဟုတ်ကြပါ။
  • 8:20 - 8:26
    ကျွန်တော်တို့ ရှိနေပုံက အတော့ကို
    ရှုပ်ထွေးလို့၊
  • 8:26 - 8:27
    အရာတွေကို စနစ်တကျ စုစည်းထားမှုဖြစ်လို့၊
  • 8:27 - 8:29
    ကျွန်တော်တို့ဟာ လက်တွေ့မှာ မရှိဘူးလို့
    ဆိုမရနိုင်ပါ။
  • 8:29 - 8:32
    ကျွန်တော်ဟာ ဒါနဲ့ပတ်သက်ပြီး
    တင်စားလျက် ဒီလို ဖေါ်ပြပေးနိုင်ပါတယ်။
  • 8:32 - 8:35
    ရေတံခွန်လို အရာတခုခုကို ယူကြည့်ကြပါစို့။
  • 8:35 - 8:38
    အာဂျင်တီနား နိုင်ငံမှာ
    Iguazu Falls ဆိုတာ ရှိပါတယ်။
  • 8:38 - 8:41
    အဲဒီလို အရာကို ကျွန်တော်တို့
    စဉ်းစားကြရာတွင်၊
  • 8:41 - 8:44
    နည်းအမျိုးမျိုးဖြင့်
    ချဉ်းကပ်သုံးသပ်လို့ ရနိုင်ပေမဲ့၊
  • 8:44 - 8:46
    ထာဝရ တည်တံ့တာ ဘာတခုမှ မရှိနိုင်ပါ။
  • 8:46 - 8:47
    တခုပဲ ပြောရမှာက ၎င်းဟာ
    တချိန်လုံး ပြောင်းလဲနေတယ်။
  • 8:47 - 8:50
    ရေဟာ အမြဲတမ်း ရေစီးကြောင်း
    အသစ်တွေကို တူးဖေါ်လျက် ရှိတတ်ပါတယ်၊
  • 8:50 - 8:53
    ဒီရေ အတက်အကျ နဲ့ မိုးလေဝသ ပြောင်းလဲတာနဲ့
  • 8:53 - 8:57
    အရာအချို့ ခြောက်သွေ့သွားကြတယ်
    အရာအသစ်တွေ ဖြစ်ထွန်းလာကြတယ်။
  • 8:57 - 9:01
    ခုနက ရေတံခွန်မှာ ကျဆင်းလာနေတဲ့
    ရေကျတော့ တချိန်လုံး တဒင်္ဂတိုင်းမှာ
  • 9:01 - 9:03
    မတူ ကွဲပြားခြားနားတာ အမှန်ပါပဲ။
  • 9:03 - 9:06
    ဒါပေမဲ့ အဲဒီလို ဆိုလိုက်လို့ Iguazu Falls
    ရေတံခွန် အထင်မှားမှုပါလို့ ပြောမရနိုင်ပါ။
  • 9:06 - 9:08
    အဲဒါဟာ လက်တွေ့မှာ
    မရှိပါဘူးလို့ ဆိုလိုခြင်း မဟုတ်ပါ။
  • 9:08 - 9:11
    ကျွန်တော်တို့ အနေနဲ့ နားလည်ရမှာက
    ၎င်းဆီမှာ သမိုင်းရှိတယ်၊
  • 9:11 - 9:13
    ၎င်းနဲ့အတူ ပါရှိကြတဲ့
    အရာတွေတချို့ ရှိကြတယ်၊
  • 9:13 - 9:16
    ဒါပေမဲ့ ၎င်းဟာ ဖြစ်စဉ်တခုပါ၊
  • 9:16 - 9:19
    ၎င်းဟာ တချိန်လုံး ပြောင်းလဲနေတဲ့
    အရည်ပါ ဆိုတဲ့ အချက်ပါပဲ။
  • 9:19 - 9:23
    ဒီတော့ ကျွန်တော် စိတ်ထင် အဲဒါဟာ
    ကျွန်တော်တို့ ကိုယ်တိုင်ကို နားလည်ဖို့အတွက်
  • 9:23 - 9:24
    ပုံစံပါပဲ၊ လွတ်မြောက်စေမှု ပုံစံပါပဲ။
  • 9:24 - 9:27
    ကျွန်တော်တို့က ကိုယ့်ကိုယ်ကို
    ပုံသေရှိနေတယ်၊ အနှစ်ချုပ်တွေ ထာဝရရှိနေတယ်၊
  • 9:27 - 9:30
    အဲဒါဟာ တချိန်လုံး တမျိုးတည်းပါပဲ၊
    တသက်တာလုံးမှာ၊ ဘာဘဲဖြစ်ြဖစ်
  • 9:30 - 9:33
    ၎င်းဟာ မပြောင်းမလဲ ရှိနေတယ်လို့ ယူဆမှုဟာ
    ထောင်ချောက်ထဲ မိနေသူနဲ့ တူပါမယ်။
  • 9:33 - 9:35
    ကျွန်တော်တို့ဟာ မွေးချိန်မှာ
    အနှစ်သာရတွေ ပါလာကြပါတယ်၊
  • 9:35 - 9:38
    တမလွန်ဘဝ ရှိတာကို ကိုယ်က ယုံကြည်လို့
    ဆက်ရှိသွားနိုင်တာမျိုး မဟုတ်ဘူးဆိုရင်၊
  • 9:38 - 9:41
    ကျွန်တော်တို့ မသေမချင်း အဲဒီလို
    ရှိသွားကြမယ် သဘောပါ။
  • 9:41 - 9:44
    ဒါပေမဲ့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို
    ခုနကလိုမျိုး မဟုတ်ဘဲ
  • 9:44 - 9:48
    အသက်ရှင်သန်သူ၊ ဖြစ်စဉ် တခုလိုမျိုး
    ခူယူမယ်ဆိုရင်၊
  • 9:48 - 9:49
    တချိန်လုံး ပြောင်းလဲနေတဲ့
    အရာလို မြင်မယ်ဆိုရင်၊
  • 9:49 - 9:51
    အဲဒါဟာ အတော်ကလေး လွတ်မြောက်စေမှု
    ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။
  • 9:51 - 9:54
    ဘာလို့လဲဆိုတော့၊ ရေတံခွန်တွေနဲ့မတူဘဲ၊
  • 9:54 - 9:56
    ကျွန်တော်တို့ဟာ ဖွံ့ဖြိုးတိုးတက်ရေး
    ဦးတည်ချက်ကို အတိုင်းအတာ တစုံတခုအထိ
  • 9:56 - 10:00
    လိုချင်တဲ့ဘက်ကို
    ပြောင်းလွှဲနိုင်စွမ်း ရှိကြပါတယ်။
  • 10:00 - 10:02
    ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ဟာ
    အတော်ကလေး သတိထားဖို့ လိုပါလိမ့်မယ်။
  • 10:02 - 10:05
    ခင်ဗျားတို့ဟာ X-Factor ရုပ်ရှင်ကို
    ကြည့်တာ များလွန်းရင်၊ ကျွန်တော်တို့ဟာ
  • 10:05 - 10:08
    ဖြစ်ချင်တာ ဘာမဆိုဖြစ်နိုင်ကြတယ်လို့
    ယုံမိသွားနိုင်ပါတယ်။
  • 10:08 - 10:09
    အဲဒါကတော့ မမှန်ကန်ပါ။
  • 10:09 - 10:11
    ကျွန်တော်ဟာ ဒီနေ့ နံနက်မှာ အံ့အားသင့်ဖွယ်
    ဂီတသမားတွေကို နားဆင်ခဲ့ရပါတယ်၊
  • 10:11 - 10:15
    ကျွန်တော်ဟာ ဘယ်လိုနည်းနဲ့မှ သူတို့လို
    ဂီတမှာ မတော်နိုင်တာကို ယုံကြည်ပါတယ်။
  • 10:15 - 10:17
    ကျွန်တော်ဟာ ပင်ပင်ပန်းပန်း လေ့ကျင့်ရင်
    ကောင်းစွာ တီးနိုင်လာပေမဲ့၊
  • 10:17 - 10:20
    သူတို့လို အစွမ်းအစ ကျွန်တော်ဆီမှာ
    သဘာဝအလျောက် ပါမလာခဲ့ပါ။
  • 10:20 - 10:23
    ကျွန်တော်တို့ လက်လှမ်းမှီနိုင်တာတွေဟာ
    ကန့်သတ်ချက် ရှိပါတယ်။
  • 10:23 - 10:25
    ကျွန်တော်တို့ ကိုယ့်ကိုယ်ကို လုပ်နိုင်ကြရာမှာ
    ကန့်သတ်ချက်တွေ ရှိပါတယ်။
  • 10:25 - 10:28
    ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ
    ကိုယ့်ကိုယ်ကို ပုံသွင်းနိုင်တဲ့
  • 10:28 - 10:32
    အစွမ်းအစတော့ ရှိကြပါတယ်။
  • 10:32 - 10:34
    စစ်မှန်တဲ့ ကိုယ်ဆိုတာ၊
    အဲဒီမှာ ရှိနေခဲ့တယ်ဆိုရင်၊
  • 10:34 - 10:38
    ကျွန်တော်တို့ အနေနဲ့ ရှာကြံရန် လိုအပ်တဲ့
    အရာတစုံတခု မဟုတ်ပါ၊
  • 10:38 - 10:42
    ကျွန်တော်တို့ဟာ မိမိရဲ့ စစ်မှန်တဲ့ ကိုယ်ဆိုတာ
    ရှာတွေ့ရန် အသည်းနှလုံးထဲ ကြည့်ရန် မလိုပါဘူး။
  • 10:42 - 10:44
    တကယ်တမ်းမှာ ကျွန်တော်တို့ လုပ်ကိုင်နေခြင်းဟာ
    အနည်းဆုံးအားဖြင့်
  • 10:44 - 10:46
    မိမိတို့ရဲ့ စစ်မှန်တဲ့ ကိုယ်ဆိုတာကို
    ဖန်တီးနေခြင်းပါပဲ။
  • 10:46 - 10:48
    အဲဒီအချက်ဟာ၊ ကျွန်တော် စိတ်ထင်၊
    သိပ်သိပ်ကို အရေးကြီးပါတယ်၊
  • 10:48 - 10:50
    အထူးသဖြင့် ကျွန်တော်တို့ အခု ရောက်ရှိနေတဲ့
    အသက်အပိုင်းအခြားအတွက် ပေါ့လေ။
  • 10:50 - 10:52
    လွန်ခဲ့တဲ့ မကြာမီတုန်းက နှစ်တွေ အတွင်းမှာ
    ခင်ဗျားတို့
  • 10:52 - 10:54
    ဘယ်လောက် ပြောင်းလဲလာတာကို
    ခင်ဗျားတို့ သိကြမှာပါ။
  • 10:54 - 10:57
    ခင်ဗျားတို့ဆီမှာ လွန်ခဲ့တဲ့ လေးနှစ်တုန်းက
    ဗီဒီယိုများ ရှိရင်၊
  • 10:57 - 11:01
    ကိုယ့်ကိုယ်ကို မှတ်မိဖို့ ခဲယဉ်းနေလို့
    ခင်ဗျားဟာ စိတ်ပျက်ချင် ပျက်မိနိုင်ပါတယ်။
  • 11:01 - 11:04
    ဒီတော့ ကျွန်တော်တို့ အနေနဲ့ လုပ်သင့်တာကို
    ကျွန်တော် ခင်ဗျးတို့ကို သိစေလိုပါတယ်၊
  • 11:04 - 11:07
    ကိုယ့်ကိုယ်ကို ပုံသွင်းနိုင်ကာ လိုချင်တဲ့ ဘက်ကို
    ဦးလှည့်ပေးလျက်
  • 11:07 - 11:08
    ပြောင်းလဲနိုင်ကြတဲ့ အရာများအဖြစ်ခံယူကြပါ၊
  • 11:08 - 11:09
    ဗုဒ္ဓက မိန့်ကြားခဲ့တာကို ထပ်ပြီးဖေါ်ပြပါရစေ၊
  • 11:09 - 11:11
    "မြောင်းတူးရေယူသမားတို့သည်
    ရေကို ဆောင်ယူကုန်၏၊
  • 11:11 - 11:13
    လေးသမားတို့သည် မြားကိုကွေးညွှတ်သည့်နှယ်၊
  • 11:13 - 11:15
    လက်သမားသည် သစ်တုံးကို ကွေးညွှတ်သည့်နှယ်၊
  • 11:15 - 11:19
    အကြင်ပညာရှိအပေါင်းသည်
    မိမိကိုယ်ကို ပုံသွင်းကြကုန်၏။"
  • 11:19 - 11:20
    အဲဒီလို အတွေးအခေါ်နဲ့အတူ ကျွန်တော်
    ခင်ဗျားတို့ ချန်ရစ်ခဲ့ချင်ပါတယ်၊
  • 11:20 - 11:28
    ခင်ဗျားတို့ရဲ့ စစ်မှန်တဲ့ ကိုယ်ဆိုတာဟာ
    ဆန်းကြယ်တဲ့ အရာ၊
  • 11:28 - 11:31
    တွေ့ချင်မှတွေ့မယ့် ခင်ဗျားတို့
    ရှာကြံရန် လိုတဲ့ အရာ မဟုတ်ပါ။
  • 11:31 - 11:33
    တကယ်တမ်းတွင် ခင်ဗျားတို့ရဲ့
    စစ်မှန်တဲ့ ကိုယ်ဆိုတာကို
  • 11:33 - 11:35
    တစိတ်တဒေသ ရှာကြံတွေ့ရှိနိုင်တာ ဖြစ်သလို၊
  • 11:35 - 11:38
    တစိတ်တဒေသကို ဖန်တီးယူရတာပါ။
  • 11:38 - 11:42
    အဲဒါဟာဖြင့် လွတ်လပ်မှုဆီကို ရှေ့ရှုနေတဲ့
    စိတ်လှပ်ရှားဖွယ်ရာ အလားအလာကောင်းပါ။
  • 11:42 - 11:44
    အထူး ကျေးဇူးတင်ပါတယ်။
Title:
ကျွန်တော်ဆိုတာ တကယ်ရှိရဲ့လား?
Speaker:
Julian Baggini
Description:

ကျွန်တော်တို့ကို ကျွန်တော်တို့ အဖြစ် လုပ်ပေးတာက ဘာများပါလိမ့်? အဲဒါက ကျွန်တော်တို့က ကိုယ့်အကြောင်းကို စဉ်းစားပုံလား၊ တခြားသူတွေ ဒါမှမဟုတ် လုံးဝကို မဆိုင်တဲ့ လူတွေက စဉ်းစားကြပုံများလား? ဒီဟောပြောချက်ထဲမှာ၊ Julian Baggini ဟာ အံ့အားသင့်စရာ အဖြေကို ပေးဖို့ ဒဿနိကပညာ နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရဲ့ အကူအညီကို ရယူ တင်ပြထားပါတယ်။

(TEDxYouth@Manchester မှာ ရိုက်ကူးခဲ့ပါတယ်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:59
Myo Aung edited Burmese subtitles for Is there a real you?
Myo Aung edited Burmese subtitles for Is there a real you?
Myo Aung edited Burmese subtitles for Is there a real you?
Myo Aung approved Burmese subtitles for Is there a real you?
sann tint accepted Burmese subtitles for Is there a real you?
sann tint edited Burmese subtitles for Is there a real you?
sann tint edited Burmese subtitles for Is there a real you?
sann tint edited Burmese subtitles for Is there a real you?
Show all

Burmese subtitles

Revisions