Return to Video

ကိုယ်မှားနေတာတောင် ကိုယ်မှန်တယ်လို့ ဘာလို့ ထင်တာလဲ။

  • 0:01 - 0:03
    ရှင်တို့ကို စစ်ပွဲရဲ့ အပူထဲက
    စစ်သားတစ်ယောက်လို့
  • 0:03 - 0:06
    ခဏလောက် မြင်ကြည့်စေချင်တယ်။
  • 0:07 - 0:10
    ရှင်ဟာ ရောမ ခြေလျင် စစ်သား (သို့)
    အလယ်ခေတ် မျှားစစ်သည် (သို့)
  • 0:10 - 0:12
    ဇူးလူး စစ်သည်တော် ဖြစ်ချင်ဖြစ်မှာပေါ့။
  • 0:12 - 0:16
    အချိန်နဲ့ နေရာကို ပဓာနမထားပဲ
    အတောမသတ်တဲ့ အရာတွေ ရှိနေတယ်။
  • 0:16 - 0:18
    ရှင့်ရဲ့ အဒရီနလင် က မြင့်နေပြီး
  • 0:18 - 0:23
    မိမိကိုယ်ကိုနဲ့ မိမိဘက်ကို ကာကွယ်ဖို့၊
    ရန်သူကို အနိုင်တိုက်ဖို့ လိုအပ်ချက်ထဲက
  • 0:23 - 0:28
    အမြစ်တွယ်နေတဲ့ နက်ရှိုင်းစွာ
    ချိုးကပ်နေတဲ့ အလိုလိုတုန့်ပြန်မှုတွေက
  • 0:28 - 0:29
    လှုပ်ရှားမှုတွေဟာ အစပြုနေတယ်။
  • 0:31 - 0:34
    အခုတော့ ကင်းထောက်ဆိုတဲ့ သိပ်ကို
    ကွဲပြားတဲ့ အခန်းမှာ သရုပ်ဆောင်တာ
  • 0:34 - 0:36
    မြင်ကြည့်စေချင်တယ်။
  • 0:36 - 0:39
    ကင်းထောက်ရဲ့ အလုပ်က တိုက်ခိုက်ဖို့
    (သို့) ကာကွယ်ဖို့ မဟုတ်ဘူး။
  • 0:39 - 0:42
    ကင်းထောက်ရဲ့ အလုပ်က နားလည်ဖို့ပါ။
  • 0:42 - 0:44
    ကင်းထောက်ဟာ အပြင်ထွက်၊ နယ်မြေအနေအထားကို
  • 0:44 - 0:48
    မြေပုံထုတ်၊ ပေါ်လာနိုင်တဲ့ အတား
    အဆီးတွေကို ရှာဖွေတဲ့ သူပါ။
  • 0:48 - 0:52
    ကင်းထောက် သိဖို့ မျှော်လင့်တာက
    ဆိုပါစို့ မြစ်ကိုကူးဖို့ အဆင်ပြေတဲ့
  • 0:52 - 0:54
    နေရာမှာ တံတားတစ်စင်းရှိတယ်ပေါ့။
  • 0:54 - 0:57
    ဒါပေမဲ့ ဒါတွေအားလုံးထက် ကင်းထောက်ဟာ
    အဲဒီမှာ ဘာရှိလဲဆိုတာ
  • 0:57 - 0:59
    ဖြစ်နိုင်သလောက် အတိအကျ သိချင်တယ်။
  • 1:00 - 1:05
    တကယ့် စစ်တပ်မှာတော့ စစ်သားရော
    ကင်းထောက်ပါ နှစ်ခုစလုံး မရှိမဖြစ်ပါ။
  • 1:05 - 1:11
    ဒါပေမဲ့ ဒီကဏ္ဍတစ်ခုစီကို စိတ်သဘောထား
    တစ်ရပ်အဖြစ် တွေးကြည့်နိုင်ပါသေးတယ်။
  • 1:11 - 1:14
    ကျွန်မတို့အားလုံး နေ့စဉ်ဘဝမှာ သတင်း
    အချက်အလက်ကို ဘယ်ပုံဆောင်ရွယ်တယ်
  • 1:14 - 1:16
    ဆိုတာအတွက် ဥပစာတစ်ခုပေါ့။
  • 1:16 - 1:20
    ဒီနေ့ ကျွန်မ စောဒကတက်မှာက
    ကောင်းမွန်တဲ့ ဆင်ခြင်တုံတရားရှိတာ၊
  • 1:20 - 1:23
    တိကျတဲ့ ဟောကိန်းထုတ်တာတို့၊
    ဆုံးဖြတ်ချက်ကောင်း ချခြင်းတာတို့ဟာ
  • 1:23 - 1:26
    အများစုက ကိုယ့်မှာရှိတဲ့
    စိတ်သဘောထားနဲ့ ပတ်သက်တာကိုပါ။
  • 1:27 - 1:30
    ဒီစိတ်သဘောထားတွေ
    လှုပ်ရှားပုံကို သာဓကဆောင်ဖို့
  • 1:30 - 1:33
    ရှင်တို့ကို ၁၉ ရာစု
    ပြင်သစ်ကို ခေါ်သွားပါ့မယ်။
  • 1:33 - 1:36
    သဘောရိုးရိုးလို့ ထင်ရတဲ့
    ဒီသတင်းစာ အပိုင်းမှာ
  • 1:36 - 1:39
    သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေး
    မကောင်းသတင်း တစ်ပုဒ်ပါတယ်။
  • 1:40 - 1:44
    ပြင်သစ် အထွေထွေ ဝန်ထမ်းထဲက
    အရာရှိတွေက ၁၈၉၄ မှာ တွေ့ရှိခဲ့တာပါ။
  • 1:45 - 1:47
    အမှိုက်ခြင်းတောင်းထဲမှာ ဆုတ်ဖြဲထားပေမဲ့
  • 1:47 - 1:49
    ဒါကို သူတို့တွေ ပြန်ဆက်ကြည့်လိုက်တော့
  • 1:49 - 1:51
    သိလိုက်ရတာက သူတို့ ရာထူးတွေထဲက တစ်ယောက်ဟာ
  • 1:51 - 1:54
    ဂျာမဏီကို စစ်ရေးလျှို့ဝှက်ချက်
    ရောင်းစားနေတာကိုပါ။
  • 1:54 - 1:57
    ဒီတော့ စုံစမ်းရေး အကြီးစားကြီး စလိုက်ပြီး
  • 1:57 - 2:01
    အလျင်အမြန်ပဲ သူတို့ သံသယတွေက
    ဒီလူဆီ စုပြုံကျသွားတယ်၊
  • 2:01 - 2:02
    Alfred Dreyfus ပါ။
  • 2:03 - 2:04
    သူ့ရဲ့ စံတင်တဲ့ မှတ်တမ်းမှာ
  • 2:04 - 2:08
    အမှားလုပ်ထားတဲ့ ရာဇဝင်မရှိ၊
    သူတို့ သိသလောက် စေ့ဆော်မှု မရှိ။
  • 2:08 - 2:13
    ဒါပေမဲ့ Dreyfus က စစ်တပ်က ဒီရာထူးမှာ
    တစ်ဦးတည်းသော ဂျူးအရာရှိဖြစ်ပြီး
  • 2:13 - 2:18
    ကံဆိုးချင်တော့ ဒီအချိန်က ပြင်သစ်စစ်တပ်ဟာ
    ဂျူးဆန့်ကျင်ရေး အလွန်အမင်းဖြစ်နေတာပါ။
  • 2:18 - 2:21
    Dreyfus ရဲ့ လက်ရေးကို မှတ်စုပေါ်က
    လက်ရေးနဲ့ ယှဉ်လိုက်ပြီး
  • 2:21 - 2:23
    ကိုက်ညီတယ်လို့ ကောက်ချက်ချခဲ့တယ်။
  • 2:23 - 2:26
    ပြင်ပက လက်ရေး ကျွမ်းကျင်သူတွေက
    တူညီတာကို သိပ်ပြီးတော့
  • 2:26 - 2:28
    မသေချာတာတောင်မှပဲ
  • 2:28 - 2:30
    ဒါကို လုံးဝ အမှုမထားကြဘူး။
  • 2:30 - 2:32
    Dreyfus ရဲ့ တိုက်ခန်းကို သွားရှာပြီး
  • 2:32 - 2:33
    သူလျှိုလုပ်တဲ့ လက္ခဏာတွေ ရှာခဲ့တယ်။
  • 2:33 - 2:36
    သူ့ဖိုင်တွေကို မွှေနှောက်တယ်၊
    ဒါပေမဲ့ တစ်ခုမှမတွေ့ဘူး။
  • 2:36 - 2:40
    Dreyfus ဟာ အပြစ်ရှိတာတင်မက
    ခိုးကြောင်ခိုးဝှက်ဖြစ်တယ်လို့
  • 2:40 - 2:43
    သူတို့ ပိုယုံကြည်သွားတဲ့ အကြောင်းက
    သူဟာ သက်သေခံအားလုံးကို
  • 2:43 - 2:45
    သူတို့မရခင် ဝှက်ထားခဲ့လို့ပါ။
  • 2:45 - 2:48
    နောက်ပြီး အသေးစိတ် သက်သေခံဖို့
    အတွက် သူ့ကိုယ်ရေး
  • 2:48 - 2:50
    ရာဇဝင်ကို သွားပြီး လှန်လှောကြည့်ခဲ့တယ်။
  • 2:50 - 2:52
    သူ့ဆရာတွေနဲ့ စကားပြောကြည့်တော့
  • 2:52 - 2:55
    သူကျောင်းမှာ နိုင်ငံခြား ဘာသာတွေ
    လေ့လာခဲ့တာ သိလိုက်ရတယ်။
  • 2:55 - 2:59
    ဒါက ဘဝ နောက်ပိုင်းမှာ နိုင်ငံခြား
    အစိုးရတွေနဲ့ ကြိတ်ကြံစည်လိုတာကို
  • 2:59 - 3:00
    ရှင်းရှင်းကြီး ပြဆိုတယ်။
  • 3:00 - 3:06
    သူ့ဆရာတွေက Dreyfus ဟာ မှတ်ဉာဏ်
    ကောင်းတယ်လို့ သိရတယ်လို့ ဆိုသေးတယ်။
  • 3:06 - 3:08
    ဒါက တော်တော် သံသယရှိစရာပေါ့နော်။
  • 3:08 - 3:11
    သိတဲ့အတိုင်း သူလျှိုတစ်ယောက်ဟာ
    အများကြီးကို မှတ်မိဖို့လိုတယ်လေ။
  • 3:12 - 3:16
    ဒါနဲ့ အမှုက ရုံးရောက်သွားပြီး Dreyfus
    အပြစ်ရှိတာ ပေါ်သွားတယ်။
  • 3:17 - 3:20
    နောက်မှာတော့ သူ့ကို ပြည်သူ့
    ရင်ပြင်ထဲကို ခေါ်ထုတ်ပြီး
  • 3:20 - 3:24
    ထိုးစံအတိုင်း သူ့ရဲ့ ယူနီဖောင်းက
    ရာထူးတံဆိပ်ကို ဆုတ်ဖြဲကာ
  • 3:24 - 3:26
    သူ့ဓားကို နှစ်ပိုင်ချိုးလိုက်တယ်။
  • 3:26 - 3:28
    ဒါကို "Dreyfus သိက္ခာချခြင်း"လို့ခေါ်တယ်။
  • 3:29 - 3:31
    သူ့ကို လိုက်ဖက်စွာ အမည်ပေးထားတဲ့
    Devil's Island မှာ
  • 3:31 - 3:34
    တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချလိုက်တယ်။
  • 3:34 - 3:37
    ဒါက တောင်အမေရိက ကမ်းခြေအလွန်
    က ဒီကျတ်တီး ကျောက်ဆောင်ပါ။
  • 3:38 - 3:41
    ဒါနဲ့ အဲဒီကို သူသွားပြီး သူ့ရဲ့နေ့တွေကို
    ပြင်သစ် အစိုးရဆီ
  • 3:41 - 3:44
    သူ့ ရိုးသားမှုကို သိနိုင်အောင်
    အမှုပြန်ဖွင့်ဖို့
  • 3:44 - 3:47
    တောင်းခံရင်း စာအစောင်စောင်ရေးကာ
    တစ်ယောက်တည်း ကုန်ဆုံးခဲ့တယ်။
  • 3:48 - 3:51
    ဒါပေမဲ့ အများစုမှာ ပြင်သစ်က
    အမှုပြီးသွားပြီလို့ ယူဆခဲ့တယ်။
  • 3:51 - 3:56
    Dreyfus Affair နဲ့ပတ်သက်ပြီး ကျွန်မ
    တကယ် စိတ်ဝင်စားမိတာ တစ်ခုက
  • 3:56 - 3:59
    Dreyfus အပြစ်ရှိတယ်ဆိုရလောက်
    အောင် ဘာကြောင့်အရာရှိတွေ
  • 3:59 - 4:01
    ယုံကြည်သွားရတာလဲ ဆိုတဲ့ မေးခွန်းပါ။
  • 4:02 - 4:04
    ဆိုလိုတာက သူတို့ကနေပြီး သူ့ကို
    ထောင်ဖမ်းတယ်၊ တမင်တကာ
  • 4:04 - 4:06
    အမှုဆင်တယ်လို့တောင် ယူဆနိုင်တယ်။
  • 4:06 - 4:09
    ဒါပေမဲ့ သမိုင်းပညာရှင်တွေက ဒီလိုမထင်ဘူး။
  • 4:09 - 4:10
    ကျွန်မ သိသလောက်တော့
  • 4:10 - 4:14
    အရာရှိတွေဟာ Dreyfus ရဲ့အမှုက
    ခိုင်မာတယ်လို့ တကယ် ယုံခဲ့တာပါ။
  • 4:14 - 4:17
    ရှင်တို့ကို အံဩစေတာက
  • 4:17 - 4:19
    လူတစ်ယောက်ကို ပြစ်ဒဏ်ချဖို့
    လက်ခံရလောက်တဲ့
  • 4:19 - 4:21
    ဒီလောက် မဖြစ်စလောက်
    သက်သေခံကို ရှာနိုင်တယ်ဆိုတဲ့
  • 4:21 - 4:23
    လူသားရဲ့ စိတ်နဲ့ ပတ်သက်ပြီး
    ဒါက ဘာပြောလဲ။
  • 4:24 - 4:28
    ဒါက သိပ္ပံပညာရှင်တွေခေါ်တဲ့
    "လှုံ့ဆော်တဲ့ အကြောင်းပြချက်"ကိစ္စပါ။
  • 4:29 - 4:32
    ဒီဖြစ်စဉ်ထဲမှာ ကျွန်မတို့ရဲ့
    သတိမမူမိတဲ့ လှုံ့ဆော်မှုတွေ၊
  • 4:32 - 4:34
    ဆန္ဒတွေနဲ့ ကြောက်ရွံ့မှုတွေက ကျွန်မတို့
  • 4:34 - 4:36
    အချက်အလက်တွေကို
    အနက်ကောက်ယူပုံကို ပုံသွင်းပါတယ်။
  • 4:36 - 4:40
    တစ်ချို့ အချက်အလက်၊ စိတ်ကူးတွေက
    ကျွန်မတို့ မဟာမိတ်လိုပဲ ခံစားမိတယ်။
  • 4:40 - 4:42
    သူတို့ကို နိုင်စေချင်တယ်။
    သူတို့ကို ကာကွယ်ချင်တယ်။
  • 4:42 - 4:45
    အခြား အချက်အလက် (သို့)
    စိတ်ကူးတွေကတော့ ရန်သူပါ။
  • 4:45 - 4:47
    သူတို့ကို ပစ်ချချင်တာပေါ့။
  • 4:47 - 4:51
    ဒါကြောင့် လှုံ့ဆော်တဲ့ အကြောင်းပြချက်ကို
    "စစ်သား စိတ်သဘောထား" လို့ခေါ်တာပါ။
  • 4:52 - 4:55
    ဖြစ်နိုင်တာက ရှင်တို့အများစုဟာ
    ပြင်သစ်-ဂျူး အရာရှိတစ်ဦးကို
  • 4:55 - 4:57
    နိုင်ငံတော် သစ္စာဖောက်တာအတွက်
    တစ်ခါမှ မနှိပ်ကွပ်
  • 4:57 - 4:59
    ဖူးဘူးလို့ ကျွန်မ ယူဆမိတယ်။
  • 4:59 - 5:04
    ဒါပေမဲ့ အားကစားတို့ နိုင်ငံရေးတို့
    လိုက်စားဖူးနိုင်တော့ သတိထားမိလောက်တာက
  • 5:04 - 5:08
    ဥပမာ ဒိုင်က ကိုယ့်အသင်း ပြစ်ဒဏ်
    ကျူးလွန်တယ်လို့ ဆုံးဖြတ်တဲ့အခါ
  • 5:08 - 5:09
    ဘာကြောင့်
  • 5:09 - 5:12
    သူမှားတယ်ဆိုတဲ့ အကြောင်းရင်းတွေ
    ရှာဖို့ အတော် လှုံ့ဆော်ခံရတယ်။
  • 5:12 - 5:16
    ဒါပေမဲ့ အခြားအသင်း ပြစ်ဒဏ်ကျူးလွန်
    တယ်လို့ ဆုံးဖြတ်ရင်တော့ "ဟေး"။
  • 5:16 - 5:18
    ကောင်းတဲ့ အော်သံပေါ့။
    သိပ်အနီးကပ်တော့ မစစ်နဲ့ပေါ့။
  • 5:19 - 5:21
    ဒါမှမဟုတ် သေဒဏ်ပေးတာလို အငြင်းပွားဖွယ်
  • 5:21 - 5:24
    မူဝါဒတစ်ခုခုကို စစ်ဆေးတဲ့
    ဆောင်းပါး (သို့) လေ့လာမှုတစ်ခု
  • 5:24 - 5:25
    ဖတ်ဖူးနိုင်လောက်တယ်။
  • 5:26 - 5:28
    ပြီးတော့ သုသေသီတွေ သာဓကပြထားသလို
  • 5:28 - 5:30
    ကိုယ်က သေဒဏ်ပေးတာကို ထောက်ခံပြီး
  • 5:30 - 5:32
    ဒါက မထိရောက်တာကို လေ့လာမှုက ပြတယ်ဆိုရင်
  • 5:32 - 5:35
    ဘာကြောင့် ဒီလေ့လာမှုဟာ
    ခပ်ညံ့ညံ့ ပုံစံချထားတယ်ဆိုတဲ့
  • 5:35 - 5:38
    အကြောင်းတွေ ရှာဖို့ အတော်
    လှုံဆော်ခံရတာလဲ။
  • 5:38 - 5:40
    ဒါပေမဲ့ သေဒဏ်ပေးတာက
    အလုပ်ဖြစ်တယ်လို့ပြရင်တော့
  • 5:40 - 5:41
    ဒါ လေ့လာမှုကောင်းပေါ့။
  • 5:41 - 5:44
    အပြန်အလှန်အနေနဲ့ သေဒဏ်ပေးတာ
    မထောက်ခံရင်လည်း အလားတူပါပဲ။
  • 5:44 - 5:47
    ကျွန်မတို့ရဲ့ ဆင်ခြင်တုံတရားဟာ
    နိုင်စေချင်တဲ့ဘက်ရဲ့
  • 5:47 - 5:49
    မရည်ရွယ်ပဲ ပြင်းထန်စွာ
    လွှမ်းမိုးခံရပါတယ်။
  • 5:50 - 5:52
    ပြီးတော့ ဒါက နေရာတိုင်းမှာ ရှိပါတယ်။
  • 5:52 - 5:55
    ဒါက ကျန်းမာရေး၊ ဆက်ဆံရေးနဲ့
    ပတ်သက်ပြီးတွေးခေါ်ပုံ၊ မဲပေးဖို့
  • 5:55 - 5:57
    ဆုံးဖြတ်ပုံ၊ ကိုယ်တွေးတာက မျှတတယ်
  • 5:57 - 5:59
    (သို့) ကျင့်ဝတ်ညီတယ်ဆိုတာကို
    ပုံဖော်ပေးတယ်။
  • 6:00 - 6:03
    လှုံ့ဆော်တဲ့ အကြောင်းပြချက် (သို့)
    စစ်သား စိတ်သဘောထားနဲ့
  • 6:03 - 6:04
    ပတ်သက်ပြီး အလန့်ဆုံးက
  • 6:04 - 6:05
    မသိစိတ်ဖြစ်ပုံပါ။
  • 6:05 - 6:09
    ကျွန်မတို့ဟာ ဓမ္မဒိဋ္ဌာန်ကျပြီး
    မျှတတယ်၊ ပြီးတော့ ရိုးသားတဲ့
  • 6:09 - 6:12
    လူတစ်ယောက်ရဲ့ ဘဝပျက်စီးခြင်းကို
    ရပ်စဲပေးတယ်လို့ ထင်နိုင်ပါတယ်။
  • 6:13 - 6:16
    ဒါပေမဲ့ Dreyfus ကံကောင်းချင်တော့
    သူ့ဇာတ်လမ်းက ပြီးမသွားဘူး။
  • 6:16 - 6:17
    ဒါက Colonel Picquart ပါ။
  • 6:17 - 6:20
    ပြင်သစ် စစ်တပ်က နောက်ထပ်
    အဆင့်မြင့် အရာရှိဖြစ်ပြီး
  • 6:20 - 6:23
    လူအများစုလိုပဲ Dreyfus
    အပြစ်ရှိတယ်လို့ ထင်မြင်သူပါ။
  • 6:23 - 6:27
    နောက်ပြီး စစ်တပ်ထဲက အများစုလိုပဲ
    သာမန်ကာလျှံကာ ဂျူးဆန့်ကျင်သူပါ။
  • 6:27 - 6:31
    ဒါပေမဲ့ အချက်တစ်ခုမှာတော့
    Picquart စပြီး သံသယဝင်တာက
  • 6:31 - 6:34
    "Dreyfus နဲ့ပတ်သက်ပြီး
    အားလုံးမှားတယ် ဆိုရင်ရော။"
  • 6:34 - 6:37
    ဖြစ်သွားတာက Dreyfus ထောင်ထဲ
    ရောက်ပြီးတာတောင်
  • 6:37 - 6:39
    ဂျာမဏီအတွက် သူလျှိုလုပ်ပေး
    နေတာက ဆက်ဖြစ်နေတဲ့
  • 6:39 - 6:41
    အထောက်အထား သူတွေ့ရှိခဲ့တာပါ။
  • 6:42 - 6:45
    နောက် သူရှာတွေ့ထားသေးတာက
    စစ်တပ်ထဲက နောက်အရာရှိမှာ
  • 6:45 - 6:47
    မှတ်စုနဲ့ ချွတ်စွပ်တူနေတဲ့
    လက်ရေးရှိနေတာပါ၊
  • 6:47 - 6:50
    Dreyfus ရဲ့ လက်ရေးထက်
    အများကြီး ပိုနီးစပ်ပါတယ်။
  • 6:50 - 6:53
    ဒါနဲ့ အထက်လူကြီးတွေဆီ
    ဒီတွေ့ရှိမှုတွေကို တင်ပြပေမဲ့
  • 6:54 - 6:58
    သူလန့်သွားတာက သူတို့တွေဟာ ဂရုလည်းမစိုက်
  • 6:58 - 7:01
    သူ့တွေ့ရှိချက်တွေကို ရှင်းလင်းဖို့ အသေး
    စိတ် ဆန်းစစ်ချက်တွေ မရတာပါ။
  • 7:01 - 7:07
    ဆိုပါစို့၊ " Picquart မင်းပြတာတွေက
    Dreyfus လက်ရေးကို အတုလုပ်ဖို့
  • 7:07 - 7:09
    သင်ထားတဲ့ နောက်သူလျှို
    တစ်ယောက်ရှိနေပြီး၊
  • 7:09 - 7:13
    သူက Dreyfus ထွက်သွားပြီးနောက်မှာ
    သူလျှို တုတ်မီးကို ကောက်ကိုင်တယ်ပေါ့။
  • 7:13 - 7:15
    ဒါပေမဲ့ Dreyfus ကအပြစ်ရှိဆဲပဲလေ။"
  • 7:16 - 7:19
    နောက်ဆုံး Picquart ဟာ Dreyfyu
    အပြစ်မရှိတာ ထုတ်ဖော်နိုင်ခဲ့တယ်။
  • 7:19 - 7:20
    ဒါပေမဲ့ ဒါက ၁၀ နှစ်ကြာခဲ့ပြီး
  • 7:20 - 7:23
    ဒီကာလရဲ့ အပိုင်းအတွက်
    စစ်တပ်ကို သစ္စာမဲ့မှုအတွက်
  • 7:23 - 7:25
    သူကိုယ်တိုင် ထောင်ကျခဲ့တယ် ။
  • 7:26 - 7:32
    Picquart လို ခံစားမိသူ အတော်များများ
    ဇာတ်လမ်းရဲ့ သူရဲကောင်းမဖြစ်နိုင်တာက
  • 7:33 - 7:37
    သူဟာ ဂျူးဆန့်ကျင်သူဖြစ်လို့ပါ။
    ဒါဆိုးတာကို ကျွန်မ သဘောတူတယ်။
  • 7:37 - 7:42
    ကျွန်မအနေနဲ့တော့ Picquart ဂျူး
    ဆန့်ကျင်သူ ဖြစ်တယ်ဆိုတဲ့အချက်က
  • 7:42 - 7:45
    တကယ်တော့ သူ့လုပ်ရပ်တွေကို
    ပိုလေးစားအောင် လုပ်ပေးတာပါ၊
  • 7:45 - 7:48
    အကြောင်းက သူ့အဖော် အရာရှိတွေလို
    တူညီတဲ့ အစွဲအလမ်းတွေ၊ တူညီတဲ့
  • 7:48 - 7:50
    ဘက်လိုက်ဖို့ အကြောင်းတွေ ရှိခဲ့ပေမဲ့
  • 7:50 - 7:54
    အမှန်ကိုရှာဖို့ သူ့စေ့ဆော်မှုနဲ့ အားလုံး
    ကို တစ်ပန်းသာအောင် အတည်ပြုခဲ့လို့ပါ။
  • 7:55 - 7:56
    ဒီတော့ ကျွန်မအတွက်တော့
  • 7:56 - 8:00
    Picquart ဟာ ကျွန်မ အခေါ် "ကင်းထောက်
    စိတ်သဘောထား" အတွက် ပြယုဂ်ပါ။
  • 8:01 - 8:05
    ဒါက အယူအဆတစ်ခုက နိုင်၊ တစ်ခုက ရှုံး
    မဖြစ်ဖို့ မောင်းနှင်အားမဟုတ်ပဲ
  • 8:05 - 8:07
    သိပ်ပြီး အဆင်မပြေ၊ နှစ်လိုဖွယ်
  • 8:07 - 8:09
    မဟုတ်တောင်မှ တကယ့် အရှိအတိုင်း
  • 8:09 - 8:12
    တတ်နိုင်သလောက် ရိုးရိုးသားသား
    တိတိကျကျ မြင်ဖို့ပါ။
  • 8:13 - 8:17
    ဒါက ကျွန်မ ကိုယ်တိုင်ရဲ့
    ထက်သန်တဲ့ စိတ်သဘောထားပါ။
  • 8:17 - 8:22
    နှစ်အနည်းငယ်က ဘာက ကင်းထောက်
    စိတ်သဘောထား ဖြစ်စေလဲဆိုတာ စစ်ဆေးပြီး
  • 8:22 - 8:24
    မှန်းဆဖို့ ကြိုးစားရင်း ကုန်ဆုံးခဲ့တယ်။
  • 8:24 - 8:27
    ဘာကြောင့် လူတွေဟာ
    အနည်းဆုံး တစ်ခါတစ်လေလောက်
  • 8:27 - 8:31
    သူတို့ရဲ့ အစွဲအလမ်းတွေ၊ ဘက်လိုက်မှုတွေ၊
    စေ့ဆော်မှုတွေကို ဖြတ်တောက်ပြီး
  • 8:31 - 8:33
    တတ်နိုင်သလောက် ဓမ္မဒိဋ္ဌာန်ကျကျ
    အမှန်တရားတွေနဲ့
  • 8:33 - 8:35
    သက်သေကို ကြိုးစား မြင်ကြတာလဲ။
  • 8:36 - 8:39
    အဖြေကတော့ စိတ်မခိုင်တာပါ။
  • 8:39 - 8:43
    ဒီတော့ ခံစစ်အနေအထားရှိမှု (သို့)
    လူမျိုးစုစရိုက်လို စိတ်ခံစားမှုတွေမှာ
  • 8:43 - 8:46
    အမြစ်တွယ်နေတဲ့ စစ်သား စိတ်သဘောထားလိုပဲ
  • 8:47 - 8:48
    ကင်းထောက် စိတ်သဘောထားရောပါ။
  • 8:48 - 8:50
    စိတ်ခံစားမှု အမျိုးမျိုးမှာ အမြစ်တွယ်တယ်။
  • 8:50 - 8:53
    ဥပမာ ကင်းထောက်တွေဟာ သိလိုစိတ်ရှိတယ်။
  • 8:53 - 8:57
    သူတို့ဟာ အချက်အလက်သစ်တွေ
    သိတဲ့အခါ (သို့) ပုစ္ဆာတစ်ပုဒ် ဖြေဖို့
  • 8:57 - 8:59
    တရွရွဖြတ်တဲ့အခါ ဝမ်းသာကြတယ်လို့
  • 8:59 - 9:01
    ပြောဖို့ ပိုဖြစ်နိုင်ပါတယ်။
  • 9:02 - 9:05
    သူတို့ မျှော်လင့်ချက်တွေနဲ့
    ဆန့်ကျင်တဲ့ တစ်ခုခုကို ကြုံတွေ့တဲ့အခါ
  • 9:05 - 9:07
    စိတ်ဝင်စားဖို့ ပိုဖြစ်နိုင်တယ်။
  • 9:07 - 9:09
    ကင်းထောက်တွေမှာရော တန်ဖိုးမျိုးစုံရှိတယ်။
  • 9:09 - 9:12
    ကိုယ်ပိုင် ယုံကြည်မှုတွေကို စမ်းသပ်ဖို့
    မွန်မြတ်တယ်ထင်တယ်လို့
  • 9:12 - 9:14
    ပြောစရာ ပိုဖြစ်နိုင်ပြီး
  • 9:14 - 9:18
    စိတ်ပြောင်းသူ တစ်ယောက်ယောက်
    ဟာ ပျော့ညံ့ပုံရတယ်လို့ ပြောဖို့
  • 9:18 - 9:19
    ဖြစ်နိုင်ခြေ ပိုနည်းတာပါ။
  • 9:19 - 9:21
    အားလုံးထက် ကင်းထောက်တွေဟာ
    အခြေမြဲပါတယ်၊
  • 9:21 - 9:25
    ဆိုလိုတာက အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး
    ဘယ်လို မှန်၊ ဘယ်လို မှားတာတာကို
  • 9:25 - 9:30
    ချည်မထားတဲ့ လူတစ်ယောက်အဖြစ်
    သူတို့ရဲ့ ကိုယ်ပိုင် တန်ဖိုးရှိမှုပါ။
  • 9:30 - 9:33
    ဒီတော့ သေဒဏ်က အလုပ်ဖြစ်တာ
    သူတို့ ယုံကြည်နိုင်တယ်။
  • 9:33 - 9:36
    အလုပ်မဖြစ်တာပြတဲ့ လေ့လာမှုတွေ
    ထွက်လာရင် သူတို့ ပြောနိုင်တာက
  • 9:36 - 9:40
    "ဟာ၊ ကျုပ်မှားကောင်း မှားမယ်။
    ညံ့တာ၊ တုံးတာတော့ မဟုတ်ဘူး။"
  • 9:42 - 9:46
    လက္ခဏာတွေရဲ့ ဒီအစုအဝေးက
    သုသေသီတွေ တွေ့ရှိတာဖြစ်ပြီး
  • 9:46 - 9:48
    ကျွန်မလည်း ပုံပြင်ဆန်ဆန်
    တွေ့ထားတဲ့
  • 9:48 - 9:50
    ဆင်ခြင်တုံတရားကောင်းကို ကြိုဟောတာပါ။
  • 9:50 - 9:54
    ဒီလက္ခဏာတွေနဲ့ ပတ်သက်ပြီး ကျွန်မ
    ချန်ထားချင်တဲ့ အဓိက မှတ်စရာက
  • 9:54 - 9:57
    ဒါတွေ အဓိကအားဖြင့်
    ကိုယ်ဘယ်လို တော်တာ (သို့)
  • 9:57 - 9:59
    ဘယ်လောက် သိတာနဲ့ မဆိုင်ပါဘူး။
  • 9:59 - 10:02
    တကယ်က IQ နဲ့ လုံးဝ မဆက်နွယ်ပါဘူး။
  • 10:03 - 10:04
    ကိုယ့် ခံစားပုံနဲ့ ဆိုင်တာပါ။
  • 10:05 - 10:09
    ကျွန်မ ပြန်ပြန်သုံးတဲ့ Saint-Exupéry
    ရဲ့ အကိုးအကား တစ်ခုရှိတယ်။
  • 10:09 - 10:11
    "မင်းသားလေး" ကိုရေးသူပေါ့။
  • 10:11 - 10:14
    သူပြောတာက "သင်္ဘောတစ်စင်းဆောက်ချင်ရင်
  • 10:14 - 10:19
    မင်းရဲ့ လူတွေကို သစ်သားစုဖို့၊
    အမိန့်တွေပေးဖို့ အလုပ်ကို ခွဲဝေဖို့
  • 10:19 - 10:20
    စည်တီး ခေါ်မနေနဲ့။
  • 10:21 - 10:25
    ဒီအစား အဆုံးမဲ့ကျယ်ပြန့် ပင်လယ်ကို
    တမ်းတဖို့ သူတို့ကို သင်ပေးလိုက်ပါ"တဲ့။
  • 10:26 - 10:28
    တစ်နည်းပြောရရင် ကျွန်မ တောင်းဆိုတာက
  • 10:29 - 10:32
    ကိုယ့် ဆင်ခြင်တုံတရားကို တစ်ဦးချင်း
    အနေနဲ့ရော အဖွဲ့အစည်းတွေ
  • 10:32 - 10:33
    အနေနဲ့ပါ တိုးတက်ချင်ရင်
  • 10:34 - 10:37
    အလိုအပ်ဆုံးက ယုတ္တိတရားက လမ်းညွှန်တို့
  • 10:37 - 10:41
    အာဝဇ္ဇန်းတို့ ဖြစ်နိုင်ခြေတို့ ဘောဂဗေဒ
    တို့ ထပ်မလိုတော့ဘူး၊
  • 10:41 - 10:43
    ဒါတွေက တော်တော် တန်ဖိုးရှိတာတောင်မှပါ။
  • 10:43 - 10:46
    ဒါပေမဲ့ ဒီမူဝါတွေကို ကောင်းကောင်း
    သုံးဖို့အလိုအပ်ဆုံးက
  • 10:46 - 10:47
    ကင်းထောက် စိတ်သဘောထားပါ။
  • 10:47 - 10:49
    ခံစားပုံကို ပြောင်းဖို့ လိုပါတယ်။
  • 10:50 - 10:54
    တစ်ခုခု မှားလောက်တယ်လို့
    သတိထားမိတဲ့အခါ
  • 10:54 - 10:56
    ရှက်ရမယ့်အစား ဂုဏ်ယူတတ်ဖို့
    သင်ဖို့လိုတယ်။
  • 10:56 - 10:59
    ကိုယ့်ယုံကြည်မှုတွေကို ဆန့်ကျင်တဲ့
    တစ်ခုခုကြုံတဲ့အခါ
  • 10:59 - 11:04
    ခုခံကာကွယ်မယ့်အစား
    စိတ်ဝင်တစားရှိဖို့ သင်ဖို့လိုပါတယ်။
  • 11:05 - 11:07
    ဒီတော့ သင်တို့အတွက် ကျွန်မ ချန်ထား
    ချင်တဲ့ မေးခွန်းက
  • 11:08 - 11:10
    ဘာကို သင် အတမ်းတဆုံးလဲ။
  • 11:11 - 11:13
    ကိုယ့်ယုံကြည်ချက်တွေကို ကာကွယ်ဖို့
    တမ်းတမလား။
  • 11:14 - 11:18
    ဒါမှမဟုတ် ကမ္ဘာကြီးကို ကိုယ်တတ်နိုင်
    သလောက် ကြည်လင်စွာ မြင်ဖို့ တမ်းတမလား။
  • 11:18 - 11:20
    ကျေးဇူးတင်ပါတယ်။
  • 11:20 - 11:25
    (လက်ခုပ်သံများ)
Title:
ကိုယ်မှားနေတာတောင် ကိုယ်မှန်တယ်လို့ ဘာလို့ ထင်တာလဲ။
Speaker:
Julia Galef
Description:

ရှုထောင့်ဟာ အဓိကကျပါတယ်၊ အထူးသဖြင့် ကိုယ့်ယုံကြည်ချက်တွေကို ဆန်းစစ်ဖို့ ကြုံလာတဲ့အခါမှာပါ။ ကိုယ့်အမြင်တွေကို ဘာပဲဖြစ်ဖြစ် ခုခံကာကွယ်တတ်တဲ့ စစ်သားတစ်ယောက်လား၊ ဒါမှမဟုတ် သိလိုစိတ်နဲ့ပဲ လှုံ့ဆော်တာခံရတဲ့ ကင်းထောက်တစ်ယောက်ပဲလား။ Julia Galef ကနေပြီး ဒီစိတ်သဘောထား နှစ်ခု နောက်ကွယ်က အရင်းခံအကြောင်းတွေကိုနဲ့ ဒါတွေက ကျွန်ုပ်တို့တွေသတင်းအချက်အလက်တွေကို အနက်ကောက်ပုံကို ဘယ်လိုပုံသွင်းတယ်ဆိုတာကို ဆန်းစစ်ထားပါတယ်။ ၁၉ ရာစု ပြင်သစ်က စိတ်ဝင်စားဖွယ်ကောင်းတဲ့ သမိုင်း သင်ခန်းစာတစ်ခုနဲ့ ဖောက်ရက်ထားတာပါ။ သူမက မေးတာက "သင့်ရဲ့ ခိုင်မာတဲ့ အမြင်တွေ အစမ်းခံရတဲ့အခါ ဘာကို အတမ်းတဆုံးလဲ။ ကိုယ်ပိုင် ယုံကြည်ချက်တွေကို ကာကွယ်ဖို့ တမ်းတလား၊ ဒါမှမဟုတ် ကမ္ဘာကြီးကို ကိုယ်တတ်နိုင်သလောက် ကြည်လင်စွာ မြင်ဖို့ တမ်းတလား" တဲ့။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
11:37

Burmese subtitles

Revisions