Return to Video

ဒြပ်၀တ္ထု အောက်သို့ကျသော် ဆန့်ကျင်ဒြပ် အပေါ်သို့တက်လေမလား - Chloé Malbrunot

  • 0:17 - 0:20
    "ဟေ့.. ဟိုအက်တမ်။
    ကျုပ် Hydrogenပါ၊ တွေ့ရတာဝမ်းသာတယ်ဗျ၊
  • 0:20 - 0:22
    ခုန်ချတော့မှာ ခင်ဗျား ဘယ်လိုနေ မလဲဗျ။"
  • 0:22 - 0:25
    "ဟေ့ ဒီမှာ၊ ကျုပ်က Antihydrogen ပါ၊
    ရှင့်.ဆန့်ကျင်ဘက်အက်တမ်ပါ။
  • 0:25 - 0:27
    အမှန်ဆို၊ ကျမက လျှပ်စစ်ဓါတ်မဲ့ရှင့်
  • 0:27 - 0:32
    ကျမ positronနဲ့ antiproton ပမာဏခြင်းတူတယ်
    ရှင့် electronနဲ့ protonအတိုင်းပဲ မှန်လား"
  • 0:32 - 0:35
    "အေးပေါ့၊ မင်းက ငါ့ အတိုင်းပဲ၊
    ဒါပေမဲ့ မတူတာတော့ ရှိဦးမယ်။"
  • 0:35 - 0:38
    "ဟိုး.သတိထား၊ ရှင် သိပ်ကပ်လာရင် ဖျောက်ခနဲ
    စွမ်းအင်ထုတ်ပြီး တို့တွေပျောက်သွားလိမ့်မယ်
  • 0:38 - 0:40
    ကျမ တစ်ခုထဲ နေပါရစေ။"
  • 0:40 - 0:41
    "အိုး..စိတ်မရှိပါနဲ့။"
  • 0:41 - 0:43
    "ရပါတယ်။ ကျမ စဉ်းစားမိတယ်၊
  • 0:43 - 0:44
    CERN ပေါ် မခုန်ချခင်
  • 0:44 - 0:47
    စကားပြောနေရတာ တို့အတွက်တော့
    ထူးဆန်းနေသလိုပဲ။"
  • 0:47 - 0:47
    "ဒါ ဘာကြောင့်လဲ။"
  • 0:47 - 0:50
    "ကောင်းပြီ ပထမဆုံး နှစ်ခုလုံး
    ကျမှာ တို့ ဘယ်လိုသိလဲ"
  • 0:50 - 0:52
    "တို့ကျမှာပေါ့။
    ဒြပ်ဆွဲအား ရှိတယ်၊
  • 0:52 - 0:54
    မင်း သိပါတယ်
    ဒြပ်ထုအချင်းချင်း ဆွဲငင်အားလေ။
  • 0:54 - 0:56
    တို့ကျတဲ့ မြန်ချက်ကို၊ ငါတောင် သိတယ်။
  • 0:56 - 0:58
    ဂယ်လီလီယိုက ဒီမျှော်စင်စမ်းသပ်ချက်မှာ
  • 0:58 - 1:03
    ကျနေတဲ့အရာအားလုံး ဒြပ်ထုကိုလျစ်လျူရှု့ပြီး
    နှုန်းတူ အရှိန်တက်ချက်ကို သက်သေပြခဲ့တယ်.."
  • 1:03 - 1:05
    "ဒါက အရွယ်ပိုကြီးတာတွေ အတွက်ပါ။
  • 1:05 - 1:08
    တို့လို သေးသေးလေးတွေ အတွက်ဆို
    နောက်တစ်မျိုးဖြစ်မှာပေါ့..။
  • 1:08 - 1:12
    တို့ တွေက ဒြပ်ထုသေးလွန်းတော့
    တို့ပေါ်သက်ရောက်တဲ့ ဒြပ်ဆွဲအားနည်းတယ်၊
  • 1:12 - 1:17
    အမှုန်တွေက၊ ကျမ Antiprotonလို ဒါမှမဟုတ်
    ရှင့် Proton လို လျှပ်စစ်ဓာတ်ဆောင်ရင်တော့
  • 1:17 - 1:19
    ဒါကို စမ်းမိဖို့ မဖြစ်နိုင်တော့ဘူး
  • 1:19 - 1:22
    ယှဉ်ကြည့်ရင် လျှပ်စစ်သံလိုက်အား
    သူတို့ပေါ်သက်ရောက်တာ သိပ်ကြီးတယ်။"
  • 1:22 - 1:25
    "ဒါက လျှပ်စစ်ဓာတ်ဆောင်အမှုန် အတွက်ပဲ
    ဒါပေမဲ့ ငါတို့က လျှပ်မဲ့တွေလေ
  • 1:25 - 1:29
    တို့ လျှပ်စစ်ဓါတ်က ချေဖျက်ထားတယ်၊
    ဒါကြောင့် လျှပ်စစ်သံလိုက်အား နည်းမယ်
  • 1:29 - 1:31
    ပြီးတော့ ဒြပ်ဆွဲအားတော့
    သတိမူလောက်တယ်။
  • 1:31 - 1:33
    ငါသိတာပေါ့ ငါ့ဟာတွေကို တိုင်းတာ"
  • 1:33 - 1:36
    "မင်းက ဘယ်နေရာဖြစ်ဖြစ်ရှိတယ်၊
    ဒါပေမဲ့ ကျုပ်ကိုတော့ ရှာဖို့ခက်တယ်။"
  • 1:36 - 1:38
    "ဒါဆို.. ဒါဘာကြောင့်လဲ။
  • 1:38 - 1:39
    Big Bang ဖန်ဆင်းပေးတဲ့
  • 1:39 - 1:41
    ရုပ်နဲ့ ဆန့်ကျင်ရုပ်က
    အရေအတွက် အတူတူပဲ မဟုတ်လား။"
  • 1:41 - 1:44
    "ရှင်... ဒီလို ထင်တယ်၊ ဒါပေမဲ့
    ဒီအမှုန်တွေအားလုံး
  • 1:44 - 1:47
    အချင်းချင်း မျိုးဖြုတ်ပြီး
    စွမ်းအင်ဖြစ်သွားတယ်...မှတ်မိလား။
  • 1:47 - 1:49
    နောက်ပြီး စကြ၀ဠာမှာ ရုပ်ဒြပ်ပဲ
    သိသိသာသာ ကျန်တယ်။
  • 1:49 - 1:52
    ရုပ်ဒြပ်က ဆန့်ကျင်ရုပ်ဒြပ်ထက်
    ပိုများရတဲ့အကြောင်း သိသူမရှိပေါင်
  • 1:52 - 1:55
    ဒါကြောင့် ကျမကို သိပ္ပံပညာရှင်တွေ
    အသည်းအသန် လေ့လာနေကြတာလေ"
  • 1:55 - 1:57
    "ဒါဆို သူတို့ မင်းကို ဘယ်မှာတွေ့တုန်း"
  • 1:57 - 1:59
    "တကယ်က ကျမကို ဖန်တီးတာ
    ဒီအောက်က စမ်းသပ်ခန်းမှာ
  • 1:59 - 2:04
    ကျမ Antiprotonက သိပ်ကြီးတာကြောင့်
    သူတို့ ဒါကို လုပ်ဖို့ အရှိန်တင်စက်လိုတယ်၊
  • 2:04 - 2:05
    ရှင့် Proton လောက်တော့ ကြီးမယ်။
  • 2:05 - 2:07
    ကျမရဲ့ Positron ရဖို့ကတော့ လွယ်တယ်။
  • 2:07 - 2:10
    ဒါက ရှင့် Electronလို ပေါ့တယ်
    ပြီးတော့ သဘာ၀အတိုင်း ယိုယွင်းတဲ့
  • 2:10 - 2:13
    ပစ္စည်းတွေက ဒါကို ထုတ်ပေးတယ်။
  • 2:13 - 2:15
    ပြီးတော့ ဒီနှစ်ခု အတူထားလိုက်မယ်ဆို
    သူတို့ ကျမကို ရပြီလေ။
  • 2:15 - 2:17
    ဒါပေမဲ့ ကျမဂုဏ်သတ္တိတွေ
  • 2:17 - 2:18
    လေ့လာဖို့ အတော်ကြာ ကျမကို
  • 2:18 - 2:20
    သူတို့ ထိန်းထားနိုင်တယ်ဆိုတာက
    မကြာခင်လေးကမှပါ။"
  • 2:20 - 2:24
    "အခု သူတို့က မင်းကို ငါနဲ့ အတူခုန်ချဖို့
    ဒီအပေါ် ပို့တယ်။ ဟေ့.. ခဏ လောက် စောင့်။"
  • 2:24 - 2:28
    "အမှန်ပဲ.. တို့ Galileo ရဲ့ စမ်းသပ်ချက်ကို
    ပြန်သရုပ်ဆောင်ကြမယ်လေ၊ ဒါပေမဲ့...
  • 2:28 - 2:32
    ရုပ်ဒြပ်နဲ့ပဲ လုပ်တဲ့အရာနှစ်ခု အစား
    ရုပ်ဒြပ်နဲ့ ဆန့်ကျင်ရုပ်ဒြပ် ဖြစ်မယ်။"
  • 2:32 - 2:33
    "ဒီလိုဆို ဘာဖြစ်လိမ့်မလဲ။
  • 2:33 - 2:35
    မင်းက အပေါ်တက်မလား၊ တစ်ခုခုဖြစ်မလား"
  • 2:35 - 2:37
    "ဖြေရှင်းဖို့ တစ်နည်းပဲ ရှိတယ်"
Title:
ဒြပ်၀တ္ထု အောက်သို့ကျသော် ဆန့်ကျင်ဒြပ် အပေါ်သို့တက်လေမလား - Chloé Malbrunot
Description:

အပြည့်အစုံကြည့်ရန် http://ed.ted.com/lessons/if-matter-falls-down-does-antimatter-fall-up-chloe-malbrunot

ဓာတ်ဖိုနှင့် ဓာတ်မ သို့မဟုတ် မြီးစားစရင်းနှင့် ကြွေးစရင်းတို့ကဲ့သို့ ဒြပ်၀တ္ထုနှင့် ဆန့်ကျင်ဒြပ်တို့ သည်လည်း ပမာဏညီမျှပြီး ဆန့်ကျင်ဘက်သဘောဆောင်ကျလေသည်။ ဒါ့ကြောင့်သာပဲ
ဒြပ်၀တ္ထုထုအောက်သို့ကျသော် ဆန့်ကျင်ဒြပ်အပေါ်သို့တက်လေမလား။ ထိုမေးခွန်းကို
ရှဲ့လော့မာဘရူနော့က လေယာဉ်တစ်စင်းရဲ့ မောင်းသူထိုင်ခွင်မှာ အမှုန်နှစ်ခု(ဒြပ်၀တ္ထုနှင့် ဆန့်ကျင်ဒြပ်) ကို ခုန်ဆင်းဖို့ အသင့်အနေအထားအတိုင်း နေရာချထားခြင်းအားဖြင့် စူးစမ်းပြပါသည်။ အသင်ရော ဘာဖြစ်လိမ့်မည်ဟု ထင်ပါသနည်း။

သင်ခန်းစာတင်ဆက်သူ- Chloé Malbrunot၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်-TED-Ed။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
02:55

Burmese subtitles

Revisions