Return to Video

ထီပေါက်မှုက ကျွနု်ပ်တို့ကို စိတ်ပိုချမ်းသာအောင် လုပ်နိုင်လား? - Raj Raghunathan

  • 0:07 - 0:12
    ထီပေါက်မယ်ဆိုရင် သင့်ဘဝဟာ ပိုပျော်စရာ
    ဖြစ်လာမယ် ထင်လား?
  • 0:12 - 0:16
    နက်ဖြန်တွင် ဒေါ်လာသန်းချီ တန်တဲ့
    ထီပေါက်တယ်လို့ စိတ်ကူးကြည့်ပါ။
  • 0:16 - 0:18
    ကျွန်ုပ်တို့ အများလိုပဲ၊
    ခင်ဗျားဟာ ပီတိဖြစ်နေမှာပါ။
  • 0:18 - 0:21
    ကိုယ်ရဲ့ ကံကောင်းမှုကို
    ယုံဖို့တောင် ခက်နေမယ်။
  • 0:21 - 0:25
    ဒါပေမဲ့ နှစ်အနည်းငယ် အကြာတွင်
    အဲဒီလို ဆက်ပြီး စိတ်ချမ်းသာနေဦးမှာလား?
  • 0:25 - 0:27
    ဟုတ်ချင်မှ ဟုတ်မှာပါ။
  • 0:27 - 0:31
    ထီပေါက်ခဲ့ကြသူ ၂၂ ဦးတို့အား ပြုလုပ်ခဲ့တဲ့
    နာမည်ကြီး လေ့လာမှုအရ ထီပေါက်ပြီးတဲ့နောက်
  • 0:31 - 0:36
    လပိုင်းအကြာ သူတို့ ပျမ်းမျှစိတ်ချမ်းသာမှုက
    ထီမပေါက်ခဲ့ကြတဲ့ နှိုင်းယှဉ်ရေး အုပ်စုထဲက
  • 0:36 - 0:40
    လူတွေနဲ့ စာရင် ဆက်တိုးမလာကြောင်း
    အစီရင်ခံခဲ့တယ်။
  • 0:40 - 0:43
    တချို့ဆိုရင် ထီမပေါက်မီနဲ့စာရင် လက်တွေ့မှာ
    ပိုလို့တောင် ဝမ်းနည်းလာခဲ့ကြတယ်။
  • 0:43 - 0:47
    နောက်ပိုင်း လေ့လာမှုများက
    ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်း ခံစားမှုများဟာ၊
  • 0:47 - 0:51
    ကျွန်ုပ်တို့က ဝမ်းသာမှု၊ ဝမ်းနည်းမှု၊
    စိုးရိမ်မှု ဒါမှမဟုတ် ဒေါသဖြစ်မှုတို့လို
  • 0:51 - 0:52
    ခံစားမှုတွေ ဘယ်လောက် ပြင်းထန်စွာ
  • 0:52 - 0:54
    ခံစားနိုင်ကြတယ်
  • 0:54 - 0:55
    ဆိုတဲ့ အချက်ဟာဖြင့် အဆင့်တစ်ခု
  • 0:55 - 1:00
    ကျော်လွန်သွားရင် ချမ်းသာမှု သို့မဟုတ် အခြေ
    အနေကြောင့် ပိုကောင်းမလာနို်င်တာ ပြခဲ့တယ်။
  • 1:00 - 1:04
    အဲဒါက စိတ်ချမ်းသာမှုကို ကျင့်သားရမှု
    သို့မဟုတ် တနည်းအားဖြင့် စိတ်ချမ်းသာမှု
  • 1:04 - 1:06
    သံသရာ ဆိုတဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်နေပါတယ်။
  • 1:06 - 1:09
    ဒါက အခြေအနေ အသစ်တွေကို ကျွန်ုပ်တို့
    ကျင့်သားရလိုမှုကို ဖော်ပြတာပါ။
  • 1:09 - 1:14
    စိတ်ပိုင်း ခံစားမှုတွေ ချိန်ခွင်လျှာ
    ညီမျှဖို့အတွက်ပါ။
  • 1:14 - 1:15
    စိတ်ချမ်းသာမှုဆိုတဲ့ ခံစားမှုအတွက်
  • 1:15 - 1:19
    ကျွန်ုပ်တို့ အများစုဆီတွင် တသက်တာလုံးတွင်
    တသမတ်တည်းလိုလို ရှိတဲ့
  • 1:19 - 1:22
    အခြေခံ အဆင့် ဆိုတာမျိုး ရှိပါတယ်။
  • 1:22 - 1:24
    အစားကောင်း စားလိုက်ရတဲ့ အခါမှာ၊
  • 1:24 - 1:25
    ကောင်းကောင်းကြီး အနားယူရတဲ့ အခါ၊
  • 1:25 - 1:27
    လှပတဲ့ အိမ်တွေကို ပိုင်ဆိုင်တဲ့အခါ၊
  • 1:27 - 1:30
    အစပိုင်းတွင် လေထဲ လွင့်ပျံနေရသလို
    ခံစားမိကြမှာ ဟုတ်မှန်ပေမဲ့၊
  • 1:30 - 1:32
    အဲဒါတွေကို ရိုးလာတဲ့ အခါ ကျွန်ုပ်တို့ဟာ
  • 1:32 - 1:36
    ကိုယ်ရဲ့ ပုံမှန် စိတ်ပိုင်း အခြေအနေဆီကို
    ပြန်ပြီး ရောက်သွားကြပါတယ်။
  • 1:36 - 1:38
    အဲဒါ စိတ်ဓာတ်ကျစရာ
    ကောင်းသလို ထင်ရပေမဲ့၊
  • 1:38 - 1:42
    ခုနက ဝမ်းမြောက်မှုကို ကျင့်သားရမှုဟာ
    ကျွန်ုပ်ုတို့အား ဘယ်လို အပြောင်းအလဲကိုမဆို
  • 1:42 - 1:44
    အနုတ်လက္ခဏာ ခံစားမှုတွေ အပါအဝင်၊
  • 1:44 - 1:46
    ခံစားမှုတွေ လျော့နည်းလာစေပါတယ်။
  • 1:46 - 1:48
    ထီပေါက်ခဲ့သူတို့အား လေ့လာမှုက
  • 1:48 - 1:53
    မတော်တဆ ဖြစ်မှုကြောင့် လေဖြတ်ခံလိုက်ရတဲ့
    သူတွေကိုလည်း လေ့လာကြည့်ခဲ့သေးတယ်။
  • 1:53 - 1:57
    သူတို့ရဲ့ မတော်တဆဖြစ်မှု နောက်ပိုင်း
    လအတော်ကြာမှာ သူတို့ ဘယ်လောက် စိတ်ချမ်းသာလဲ
  • 1:57 - 2:01
    မေးကြည့်ခဲ့ရာ သူတို့ရဲ့ မူရင်းနားမှာလို
    ပျော်ရွှင်မှုကို ခံစားရကြောင်း ဆိုကြတယ်။
  • 2:01 - 2:06
    ဒီတော့ စိတ်ချမ်းသာမှု သံသရာက အပြုသဘော
    ခံစားမှုကို ထိန်းချုပ်တယ်လို့ ထင်ရချိန်မှာ
  • 2:06 - 2:11
    ဒုက္ခအခြေအနေမျိုးမှ ပြန်ပြီး နာလန်ထူရာတွင်
    ခံနိုင်ရည်ရှိအောင် ၎င်းက ကူပေးပါသေးတယ်။
  • 2:11 - 2:14
    ထီပေါက်ခြင်းက ရေရှည်တွင် ကျွန်ုပ်တို့အား
    စိတ်ချမ်းသာအောင် လုပ်မပေးနိုင်တဲ့
  • 2:14 - 2:16
    အခြားအကြောင်းရင်းတွေ ရှိပါသေးတယ်။
  • 2:16 - 2:19
    ငွေအမြောက်အမြားကို စီမံခန့်ခွဲရတာ
    မလွယ်ကူနိုင်ပါ၊
  • 2:19 - 2:23
    တချို့ထီပေါက်သူတို့က အဲဒါတွေ လျင်မြန်စွာ
    ဖြုန်းပစ်လို့ ကုန်သွားတတ်ပါတယ်။
  • 2:23 - 2:26
    ပြီးတော့ လူမှုရေးအရ အထီးကျန်တာ
    မျိုးလည်း ဖြစ်နိုင်ပါတယ်။
  • 2:26 - 2:31
    တချို့ထီပေါက်သူတို့ဟာ မလိုလားအပ်တဲ့
    လာပြီး ငွေတောင်းခံကြတာတွေ ရင်ဆိုင်လာရလို့၊
  • 2:31 - 2:34
    အခြားသူတွေနဲ့ အဆက်ဖြတ် နေတတ်လာကြတယ်။
  • 2:34 - 2:37
    ပြီးတော့ ငွေကြေးဟာ ကျွန်ုပ်တို့ကို
    စိတ်မာန ကြီလာစေနိုင်ပါတယ်။
  • 2:37 - 2:41
    သုတေသန တစ်ခုထဲတွင် မိုနိုပိုလီဂိမ်းကို
    လူတွေ ပါဝင်ကစားကြရာတွင်
  • 2:41 - 2:45
    သုတေသီများက တချို့ ကစားကြသူတို့အား
    လျင်မြန်စွာ ချမ်းသာလာအောင် လုပ်ပေးကြတယ်။
  • 2:45 - 2:48
    အဲဒီချမ်းသာလာတဲ့ ကစားသမားတွေက ငွေနည်းသူ
    တို့ကို အထက်စီးမှ ဆက်ဆံလာကြကာ
  • 2:48 - 2:51
    မျှစားရန် ဖြစ်တဲ့ မုန့်တွေကို
    လုယူစားလာကြတယ်။
  • 2:51 - 2:54
    ငွေသား အများကြီး ရရှိလာခြင်းက
    ကျွန်ုပ်တို့ရဲ့ ဘဝကို
  • 2:54 - 2:57
    စိတ်ချမ်းသာ လာစေမယ်လို့
    အာမခံ မပေးနိုင်ဘူး ဆိုပေမဲ့
  • 2:57 - 3:00
    ငွေဟာ ကျွန်ုပ်တို့ကို စိတ်ချမ်းသာအောင်
    လုပ်မပေးနိုင်ဘူးလို့ မဆိုလိုပါ။
  • 3:00 - 3:03
    တွေ့ရှိချက်များအရ ကျွန်ုပ်တို့ဟာ
    နေရာသစ်ကို သွားလည်ခြင်း
  • 3:03 - 3:06
    ကျွမ်းကျင်မှု အသစ် သင်ယူခြင်းလို
    အတွေ့အကြုံအသစ်နဲ့စာရင်
  • 3:06 - 3:09
    နဂိုကတည်းက မရှိခဲ့တဲ့အရာ နဲ့ ရုပ်ပိုင်း
    ပစ္စည်းတွေကို
  • 3:09 - 3:13
    ဒါမှမဟုတ် ကားအသစ် ဒါမှမဟုတ် အိမ်ကြီးလို
    ဟာကို ပိုလျင်မြန်စွာ ကျင့်သား ရတတ်ကြတယ်။
  • 3:13 - 3:14
    အဲဒီလို သိထားတဲ့ နောက်မှာတော့၊
  • 3:14 - 3:18
    ပစ္စည်းတွေအတွက် မဟုတ်ဘဲ အတွေ့အကြုံများ
    အတွက် ပိုပြီး ဖြုန်းလေလေ
  • 3:18 - 3:20
    ကျွန်ုပ်တို့ ပိုပြီး စိတ်ချမ်းသာလေလေပါ။
  • 3:20 - 3:24
    ကိုယ့်ငွေတွေကို စိတ်ချမ်းသာမှု အဖြစ်သို့
    ပြောင်းလဲနိုင်တဲ့ နည်းလမ်း တစ်ခု ရှိတယ်-
  • 3:24 - 3:26
    အခြားလူတွေ အတွက် သုံးလိုက်ပါ။
  • 3:26 - 3:30
    လေ့လာမှု တစ်ခုထဲတွင် ပါဝင်သူတို့အား
    ငွေတချို့ကို ပေးခဲ့ပြီး
  • 3:30 - 3:34
    အဲဒါကို ကိုယ့်အတွက် ဒါမှမဟုတ် အခြားသူတို့
    အတွက် သုံးနိုင်တယ်လို့ မှာခဲ့ပါတယ်။
  • 3:34 - 3:38
    အဲဒီနေ့ ညနေမှာ သုတေသီတို့က
    အဲဒီထဲ ပါဝင်ခဲ့ကြသတို့ကို ခေါ်ယူလျက်
  • 3:38 - 3:40
    သူတို့ စိတ်ချမ်းသာရဲ့လား မေးကြတယ်။
  • 3:40 - 3:43
    အခြားသူတွေ အတွက် ငွေကို သုံးခဲ့ကြသူတို့ရဲ့
    စိတ်ချမ်းသာမှုဟာ
  • 3:43 - 3:47
    ကိုယ့်အတွက် သုံးခဲ့ကြသူတို့နဲ့ စာရင်
    သိသိသာသာ ပိုကြီးမားခဲ့ပါတယ်။
  • 3:47 - 3:51
    အဲဒီအချက်ဟာ
    တစ်ကမ္ဘာလုံးအတွက် မှန်ပုံရပါတယ်။
  • 3:51 - 3:57
    နောက်လေ့လာမှု တစ်ခုတွင် ၁၃၆ နိုင်ငံမှ လူ
    ၂၀၀၀၀၀ ကျော်ရဲ့ ရက်ရောမှုကို စူးစမ်းတယ်။
  • 3:57 - 3:59
    နိုင်ငံ ၉၀% ကျော်မှာ
    ပေးလှူတတ်ကြတဲ့ လူတွေဟာ
  • 3:59 - 4:04
    ပေးလှူခြင်း မရှိခဲ့ကြသူတို့ထက် ပိုပြီး
    စိတ်ချမ်းသာကြောင်း တွေ့ခဲ့ရတယ်။
  • 4:04 - 4:08
    ဒါပေမဲ့ ဒါတွေဟာ အပြော လွယ်ပေမဲ့
    လက်တွေ့ လုပ်ဖို့ကျတော့ ခက်နိုင်တယ်။
  • 4:08 - 4:12
    နက်ဖြန်တွင် သင်ဟာ ဒေါ်လာ တစ်သန်း
    လက်ထဲ ရရှိမယ် ဆိုပါစို့န။
  • 4:12 - 4:14
    အဲဒီငွေနဲ့ ခင်ဗျား ဘာလုပ်မလဲ?
Title:
ထီပေါက်မှုက ကျွနု်ပ်တို့ကို စိတ်ပိုချမ်းသာအောင် လုပ်နိုင်လား? - Raj Raghunathan
Description:

သင်ခန်းစာအပြည့်ကို ကြည့်လိုရင်- http://ed.ted.com/lessons/would-winning-the-lottery-make-you-happier-raj-raghunathan

ခင်ဗျားဟာ နက်ဖြန်တွင် ဒေါ်လာ သန်းချီ ထီပေါက်တာကို စိတ်ကူးကြည့်ကြပါ။ ခင်ဗျားဟာ ကျွန်ုပ်တို့ အများစုနဲ့ တူပါက၊ စိတ်တက်ကြွမှာ သေချာပြီး ကိုယ်ကံကောင်းတာကို ယုံဖို့တောင် လွယ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ စိတ်ချမ်းသာမှုဟာ နှစ်အနည်းငယ် ကြာတဲ့အထိ ရှိနေပါဦးမလား ? စိတ်ချမ်းသာမှုကို ကျင့်သားရမှု ဆိုတဲ့ ဖြစ်ရပ် အကြောင်းကို Raj Raghunathan က ရှင်းပြရင်း အဲဒီ မေးခွန်းရဲ့ အဖြေကို ပေးရန် ကြိုးစားထားပါတယ်။

Raj Raghunathan ရဲ့ သင်ခန်းစာကို Allen Laseter က သရုပ်ဖေါ်ပြသပေးထားတာပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:36

Burmese subtitles

Revisions