Return to Video

လူသားပေါ်ထွန်းမှုကို ဘာက ရှင်းလင်းပြလဲ။

  • 0:01 - 0:06
    လွန်ခဲ့တဲ့ နှစ်ခုနှစ်သောင်းတုန်းက မှာ ကျွန်ုပ်
    တို့ရဲ့ ဘိုးဘေးတွေဟာ မထင်မရှား သတ္တဝါတွေပါ။
  • 0:06 - 0:10
    သမိုင်းမတင်မီ လူသားတွေအကြောင်းသိဖို့
    အရေးကြီးဆုံးအရာက
  • 0:11 - 0:12
    သူတို့ဟာ အရေးမပါသူတွေဖြစ်ခဲ့တာပါ။
  • 0:12 - 0:18
    သူ့တို့ရဲ့ ကမ္ဘာ့အပေါ်သက်ရောက်မှုက
    ရေခူတွေ၊ ပိုးစုန်းကြူးတွေနဲ့
  • 0:18 - 0:20
    သစ်တောက်ငှက်တွေလောက်
    မကြီးမားခဲ့ပါဘူး။
  • 0:21 - 0:24
    ယနေ့ကျတော့ ပြောင်းပြန်ဖြစ်လျက်
    ဒီဂြိုဟ်ကို ကျွန်ုပ်တို့ ထိန်းချုပ်ထားတယ်။
  • 0:25 - 0:26
    မေးခွန်းက-
  • 0:26 - 0:29
    ကျွန်တော်တို့ အဲဒီကနေ ဒီကို
    ဘယ်လိုရောက်လာခဲ့ကြလဲ။
  • 0:30 - 0:33
    အာဖရိကနဲ့ ထောင့်တစ်နေရာမှာ
    ကိုယ့်ကိစ္စနဲ့ အလုပ်များနေခဲ့ကြတဲ့
  • 0:33 - 0:36
    မထင်မရှား မျောက် ဝံတွေကနေ
    ကမ္ဘာဂြိုဟ်ကို စိုမိုးသူတွေအဖြစ်
  • 0:37 - 0:39
    မိမိတို့ကိုယ်ကို
    ဘယ်လိုပြောင်းလဲ နိုင်ခဲ့ကြတာလဲ၊
  • 0:40 - 0:46
    ကျွန်တော်တို့ဟာ ပုံမှန်အားဖြင့် ကျွန်ုပ်
    တို့နဲ့ အခြားသတ္တဝါတွေကြား ခြားနားချက်ကို
  • 0:46 - 0:47
    တစ်ဦးချင်းအဆင့်မှာ ရှာကြတယ်။
  • 0:47 - 0:50
    ကျွန်တော်တို့က၊ ကျွန်တော်ပါ၊
    ယုံကြည်ချင်တာက
  • 0:50 - 0:54
    ကျွန်တော်ထဲတွင်၊ ကျွန်တော့ ကိုယ်ခန္ဓာ
    ကျွန်တော့ ဦးနှောက်နဲ့ပတ်သက်ပြီး
  • 0:54 - 0:57
    ခွေး (သို့) ဝက် (သို့)ချင်ပင်ဇီထက်
  • 0:57 - 1:02
    ပိုသာအောင် ဖန်တီးပေးတဲ့
    ထူးခြားချက် တစ်ခုခုရှိတယ် ဆိုတာပါ။
  • 1:03 - 1:06
    ဒါပေမဲ့ အမှန်ကတော့
    တစ်ဦးချင်းအဆင့်မှာ
  • 1:07 - 1:10
    ကျွန်တော်ဟာ ချင်ပင်ဇီ အကောင်နဲ့
    စိတ်ဓာတ်ကျလောက်အောင် တူနေတာပါ။
  • 1:10 - 1:15
    ကျွန်တော်နဲ့ ချင်ပင်ဇီတစ်ကောင်ကို ခေါ်ပြီး
    လူသူကင်းမဲ့တဲ့ကျွန်းတစ်ကျွန်းမှာ အတူတူထား၊
  • 1:15 - 1:20
    ဘယ်သူက ပိုကောင်းကောင်း ရှင်ကျန်တာသိဖို့
    ရှင်ကျန်မှုအတွက် ရုန်းကန်ရတယ်ဆိုရင်
  • 1:20 - 1:25
    ကျွန်တော်တော့ ကိုယ်ကိုယ်ကို မဟုတ်ဘဲ
    ချင်ပင်ဇီဘက်ကနေ လောင်းမှာ ကျိန်းသေပဲ။
  • 1:25 - 1:28
    ဒါက ပုဂ္ဂိုလ်ရေးအရ ကျွန်တော်
    တစ်ခုခုလွဲမှားနေလို့ မဟုတ်ဘူးနော်။
  • 1:28 - 1:33
    မှန်းရတာက သင် တစ်ယောက်တည်းကို
    ချင်ပင်ဇီနဲ့အတူ
  • 1:33 - 1:35
    ကျွန်းတစ်ကျွန်းမှာ ထားလိုက်မယ်ဆိုရင်၊
  • 1:35 - 1:37
    ချင်ပင်ဇီက အများကြီး သာပါလိမ့်မယ်။
  • 1:39 - 1:43
    လူသားတွေနဲ့ အခြားသတ္တဝါအားလုံးကြား
    တကယ့် ခြာ။နားချက်က
  • 1:43 - 1:45
    တစ်ဦးချင်းအဆင်မှာမဟုတ်ပါဘူး၊
  • 1:46 - 1:47
    အစုအဝေး အဆင့်မှာပါ။
  • 1:48 - 1:52
    လူတွေက ဂြိုဟ်ကို ထိန်းချုပ်တာက သူတို့ဟာ
    ပြောင်းလွယ်ပြင်လွယ်ရုံသာမက
  • 1:52 - 1:58
    လူများစွာ ပါဝင် ပူးပေါင်းဆောင်ရွက်နိုင်တဲ့
    တစ်ခုတည်းသော သတ္တဝါတွေဖြစ်လို့ပါ။
  • 1:58 - 2:00
    အခု အခြားသတ္တဝါတွေဖြစ်တဲ့
  • 2:00 - 2:03
    စုဝေးနေထိုင်တဲ့ အင်းဆက်တွေ
    ပျားတွေ၊ပုရွက်ဆိတ်တွေလို
  • 2:03 - 2:08
    တစ်ခဲနက် ပူပေါင်း လုပ်ဆောင်ကြပေမဲ့
    အဲဒီလို ပြုမလွယ် ပြောင်းမလွယ်ကြဘူး။
  • 2:08 - 2:11
    သူတို့ပူးဆောင်ဆောင်ရွက်မှုက
    အရမ်း တင်းကျပ်ပါတယ်။
  • 2:11 - 2:15
    အခြေခံအာဖြင့်တော့ ပျားအုံတစ်အုံ
    လုပ်ဆောင် ရှင်သန်ရေး နည်းတစ်ခုပါပဲ။
  • 2:15 - 2:19
    အခွင့်အလမ်းတစ်ခု (သို့)
    အန္တရာယ်သစ်တစ်ခုရှိလာလျှင်
  • 2:19 - 2:24
    ပျားတွေဟာ အစုအဝေးစနစ်ကို
    ညတွင်းချင်း ပြန်မဖန်တီးနိုင်ပါဘူး။
  • 2:24 - 2:26
    ဥပမာ သူတိုဟာ ဘုရင်မကို ကွပ်မျက်ပြီး
    ပျားတွေရဲ့ သမ္မတနိုင်ငံ
  • 2:27 - 2:28
    ( သို့) ပျားလုပ်သားတွေရဲ့
  • 2:28 - 2:32
    ကွန်မြူနစ် အာဏာရှင်စနစ်ကို
    မတည်ထောင်နိုင်ကြဘူး၊
  • 2:32 - 2:35
    အခြား အစုအဝေးနဲ့နေထိုင်တဲ့
    နို့တိုက်သတ္တဝါတွေ
  • 2:35 - 2:39
    ဝေလငါးတွေ၊ ဆင်တွေ၊ လင်းပိုင်နဲ့
    ချင်ပင်ဇီတွေလို အများကြီး ပိုပြီး
  • 2:39 - 2:41
    ပြုပြင်ပြောင်းလွယ်ကာ
    ပူပေါင်းဆောင်ရွက်နိုင်ပေမဲ့
  • 2:41 - 2:45
    ဦးရေအနည်းငယ်နဲ့သာ လုပ်တတ်ကြတယ်။
  • 2:45 - 2:48
    အကြောင်းက ချင်ပင်ဇီတွေအကြားက
    ပူပေါင်းဆောင်ရွက်မှုဟာ
  • 2:48 - 2:52
    ရင်းနှီးတဲ့ အသိသုတကိုသာ အခြေခံ
    ထားလို့ပါ။ ဒီအထဲက တစ်ဦးက
  • 2:52 - 2:55
    ငါက ချင်ပင်ဇီ၊ မင်းက ချင်ပင်ဇီ
  • 2:55 - 2:56
    မင်းနဲ့ငါ ပူပေါင်းဆောင်ရွက်ချင်တယ်၊
  • 2:56 - 2:59
    မင်းကို ငါကိုယ်တိုင်ကိုယ်ကျ သိဖို့လိုတယ်။
  • 2:59 - 3:01
    မင်းက ဘယ်ချင်ပင်ဇီမျိုးလဲ။
  • 3:01 - 3:02
    မင်းက ချင်ပင်ဇီကောင်းလား။
  • 3:02 - 3:04
    မကောင်းဆိုးဝါး ချင်ပင်ဇီလား။
  • 3:04 - 3:05
    မင်းဟာ ယုံကြည်ထိုက်သူလား။
  • 3:05 - 3:08
    မင်းကို ငါမသိရင် ငါဘယ်လို ပူးပေါင်း
    ဆောင်ရွက်နိုင်မှာလဲ။
  • 3:10 - 3:13
    အရည်အသွေး နှစ်ခုလုံးကို ပေါင်းစပ်နိုင်ပြီး
    ပြုလွယ်ပြောင်းလွယ်ပြီး
  • 3:13 - 3:19
    အရေအတွက်အများကြီးနဲ့
    နှစ်ခုစလုံး လုပ်နိုင်တဲ့ သတ္တဝါဆိုလို့
  • 3:19 - 3:20
    ကျွန်တော်တို့ ခေတ်လူတွေပါပဲ။
  • 3:21 - 3:25
    တစ်ဦးချင်း (သို့) ဆယ်ယောက်ချင်းတောင်မှ
  • 3:25 - 3:28
    ချင်ပင်ဇီတွေဟာ ကျွန်တော်တို့ထက်
    သာနိုင်လောက်ပါတယ်။
  • 3:28 - 3:33
    ဒါပေမဲ့ လူ ၁၀၀၀ နဲ့ ချင်ပင်ဇီ ၁၀၀၀
    ထိပ်တိုက်ပေးလိုက်ရင်တော့
  • 3:33 - 3:37
    လူသားတွေက အလွယ်ကလေး နိုင်သွားမှာပါ။
    ရိုးစင်းတဲ့ အကြောင်းရင်းက
  • 3:37 - 3:41
    ချင်ပင်ဇီ ၁၀၀၀ ဟာ လုံးဝကို
    ပူးပေါင်းမဆောင်ရွက်တတ်လို့ပါ။
  • 3:41 - 3:45
    ချင်ပင်ဇီ တစ်သိန်းကို Oxford လမ်း
    (သို့) Wembley အာကစားရုံ (သို့)
  • 3:45 - 3:49
    Tienanmen ရင်ပြင် (သို့)
  • 3:49 - 3:52
    Vatican မှာ ပြွတ်သိပ်ထည့်ဖို့ ကြိုးစားရင်
  • 3:52 - 3:54
    ခင်ဗျားတော့ ဖရိုဖဲပဲ၊ လုံးဝကို
    မရိုဖရဲဖြစ်မှုကို ရလိမ့်မယ်။
  • 3:54 - 3:58
    ချငိပင်ဇီ တစ်သိန်းနဲ့ Wembley
    အားကစားရုံကို စိတ်ကူးကြည့်လိုက်ပါ။
  • 3:59 - 4:00
    လုံးဝ ရူးမိုက်မှုပဲလေ။
  • 4:00 - 4:06
    ဆန့်ကျင်ဘက်အနေနဲ့ လူတွေဟာ ပုံမှန်အားဖြင့်
    သောင်းချီပြီး အဲဒီမှာစုဝေးကာ
  • 4:06 - 4:09
    ရလဒ်က အမြဲလိုလို ဖရိုဖရဲဖြစ်တာမျိုး
    မဟုတ်ပါဘူး။
  • 4:09 - 4:15
    အင်မတန်ကို ဆန်းပြားပြီး ထိရောက်လှတဲ့
    ပူပေါင်းဆောင်ရွက်မှု ကွန်ရက်တွေရတာပါ။
  • 4:17 - 4:21
    သမိုင်းတစ်လျှောက် လူသားရဲ့
    ဧရာမ အောင်မြင်မှုတွေ အားလုံးဟာ
  • 4:21 - 4:24
    ပိရမစ်တွေဆောက်တာဖြစ်ဖြစ်၊
    လကမ္ဘာဆီ ပျံသန်းတာဖြစ်ဖြစ်
  • 4:24 - 4:27
    တစ်ဦးချင်း အရည်အသွေးတွေအပေါ်
    မူတည်ခြင်း မဟုတ်ခဲ့ပဲ
  • 4:27 - 4:31
    ပြုပြင်ပြောင်းလွယ်စွာ တစ်ခဲနက်
    ပူးပေါင်းတဲ့ အရည်အချင်းတွေကိုမူတည်ခဲ့တာပါ။
  • 4:31 - 4:35
    ကျွန်တော် အခုပြောနေတဲ့ ဒီဟောပြောချက်
    အကြောင်းကိုတောင် တွေးကြည့်လိုက်ပါ။
  • 4:35 - 4:41
    ကျွန်တော် အခု ပရိတ်သတ် ၃၀၀၊ ၄၀၀
    လောက်ရဲ့ ရှေ့မှာ မတ်တပ်ရပ်နေတယ်၊
  • 4:41 - 4:44
    ကျွန်တော့အတွက် ခင်ဗျားတို့ အားလုံးဟာ
    လုံးဝ သူစိမ်းတွေပါ။
  • 4:45 - 4:50
    အလားတူပဲ ဒီပွဲကို စီစဉ်ပြီး လုပ်ဆောင်ကြတဲ့
    လူတွေကိုလည်း
  • 4:50 - 4:52
    ကျွန်တော် တကယ်မသိဘူး။
  • 4:52 - 4:56
    မနေ့က ဟောဒီ လန်ဒန်ထိ ကျွန်တော့ကို
    သယ်ဆောင်လာခဲ့တဲ့ လေယာဉ်ရဲ့
  • 4:56 - 4:59
    လေယာဉ်မှူးနဲ့ ဝန်ထမ်းအဖွဲ့ကို
    ကျွန်တော်မသိခဲ့ဘူး။
  • 4:59 - 5:03
    ကျွန်တော် ပြောနေတာတွေကို ဖမ်းယူရိုက်ကူး
    နေတဲ့ ဒီမိုက်ကရိုဖုန်း၊ ဒီကင်မရာတွေကို
  • 5:03 - 5:08
    တီထွင်၊ထုတ်လုပ်ခဲ့တဲ့သူတွေကို
    ကျွန်တော်မသိဘူး။
  • 5:08 - 5:12
    ဒီဟောပြောချက်အတွက် ပြင်ဆင်ရာမှာ
    ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေကို
  • 5:12 - 5:14
    ရေးခဲ့တဲ့လူတွေကို ကျွန်တော် မသိဘူး။
  • 5:14 - 5:17
    Buenos Aires (သို့) New Delhi တစ်နေရာရာက
  • 5:17 - 5:21
    အင်တာနက်ကနေ ဒီဟောပြောချက်ကို
    ကြည့်ရှုနေကြမယ့်လူတွေအားလုံးကို
  • 5:21 - 5:24
    ကျွန်တော် အသေအချာ မသိဘူး။
  • 5:24 - 5:28
    ဒါပေမဲ့ ကျွန်တော်တို့အချင်းချင်း
    မသိကြဘူးဆိုတာတောင်မှ
  • 5:28 - 5:34
    ဒီကမ္ဘာ့ စိတ်ကူးဖလှယ်ရေးကို ဖန်တီးဖို့
    ကျွန်တော်တို့ အတူတူလုပ်နိုင်ခဲ့ကြတယ်။
  • 5:34 - 5:37
    ဒါက ချင်ပင်ဇီတွေ မလုပ်နိုင်တဲ့အရာပါ။
  • 5:37 - 5:39
    တကယ်က သူတို့ ဆက်သွယ်ကြပေမဲ့
  • 5:39 - 5:45
    ချင်ပင်ဇီတစ်ကောင်က အဝေးက ချင်ပင်ဇီအုပ်ကို
    ငှက်ပျောသီးတွေ (သို့) ဆင်တွေအကြောင်း
  • 5:45 - 5:49
    (သို့) ချင်ပင်ဇီတွေ စိတ်ဝင်စား
    လောက်တာ တစ်ခုခု
  • 5:49 - 5:52
    ဟောပြောဖို့ ခရီးတွက်တာတော့
    ဘယ်တော့မှ သင်တွေ့မိမှာမဟုတ်ဘူ၊။
  • 5:53 - 5:57
    ကဲ တကယ်က ပူးပေါင်းဆောင်ရွက်ခြင်းဟာ
    အမြဲတော့ မကောင်းဘူး၊
  • 5:57 - 6:01
    သမိုင်းတစ်လျှောက်မှာ လူသားတွေလုပ်ခဲ့ကြတဲ့
    ကြောက်မက်ဖွယ်ရာအားလုံး၊
  • 6:01 - 6:04
    ကျွန်တော်တို့ လုပ်ခဲ့ကြတဲ့
    ကြောက်မယ်ဖွယ်ရာတစ်ချို့ပေါ့၊
  • 6:04 - 6:09
    ဒါတွေအားလုံးဟာ အကြီးစား ပူးပေါင်း
    ဆောင်ရွက်မှုမှာလည်း အခြေခံပါတယ်။
  • 6:09 - 6:11
    အကျဉ်းထောင်တွေဟာ ပူးပေါင်း
    ဆောင်ရွက်မှုရဲ့ စနစ်တစ်ခုပါ၊
  • 6:12 - 6:14
    သားသတ်ရုံတွေဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့
    စနစ်တစ်ခုပါ၊
  • 6:15 - 6:18
    စစ်အကျဉ်းစခန်းတွေဟာ
    ပူးပေါင်းဆောင်ရွက်မှုရဲ့ စနစ်တစ်ခုပါ။
  • 6:18 - 6:23
    ချင်ပင်ဇီတွေမှာ သာသတ်ရုံတွေ၊
    အကျဉ်းထောင်တွေ၊ စစ်အကျဉ်းစခန်းတွေမရှိဘူး။
  • 6:24 - 6:28
    ကဲ ကျွန်တော်က ခင်ဗျားတို့ကို ဒါဟုတ်လောက်
    တယ်လို့ သိမ်းသွင်းနိုင်တယ်ဆိုပါစို့
  • 6:28 - 6:33
    ကမ္ဘာကိုကျုပ်တို့ ထိန်းချုပ်တာက အလုံးအရင်း
    နဲ့ ပြုလွယ်ပြောင်းလွယ် ပူးပေါင်းနိုင်လို့
  • 6:34 - 6:36
    စပ်စုတတ်တဲ့နားထောင်သူရဲ့ စိတ်ထဲမှာ
    ချက်ချင်းပေါ်လာတဲ့
  • 6:36 - 6:39
    နောက်ထပ်မေးခွန်းက
  • 6:39 - 6:42
    ဒါကို ဘယ်လောက် အတိအကျ
    ကျွန်တော်တို့လုပ်လဲ။
  • 6:42 - 6:48
    သတ္တဝါအားလုံးအနက် ကျွန်တော်တို့ချည်း
    ဒီနည်းနဲ့ ပူးပေါင်းဖို့ဘာက ထောက်ကူပေးလဲ။
  • 6:50 - 6:52
    အဖြေကတော့ ကျွန်တော်တို့ရဲ့ စိတ်ကူးပါ။
  • 6:53 - 6:58
    မရေနိုင်အောင်များတဲ့ သူစိမ်းတွေနဲ့
    ပြောင်းလွယ်ပြင်လွယ် ပူးပေါင်းနိုင်တယ်၊
  • 6:58 - 7:02
    အကြောင်းက ကမ္ဘာပေါ်က သတ္တဝါ
    အားလုံးထဲမှာ ကျွန်တော်တို့ချည်းပဲ
  • 7:02 - 7:07
    ထွင်လုံးတွေ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေ
    ဖန်တီး၊ ယုံကြည်တတ်ကြလို့ပါ။
  • 7:07 - 7:12
    လူတိုင်းဟာ တူညီတဲ့ ထွင်လုံးကို
    ယုံကြည်နေသရွေ့၊
  • 7:12 - 7:15
    လူတိုင်းဟာ တူညီတဲ့ စည်းမျဉ်းတွေ၊
    တူညီတဲ့ စံတွေ၊ တူညီတဲ့ တန်ဖိုးတွေကို
  • 7:16 - 7:18
    နာခံ၊ လိုက်နာနေသရွေ့ပါ။
  • 7:19 - 7:23
    အခြားသတ္တဝါတွေအားလုံးဟာ
    ၎င်းတို့ရဲ့ ဆက်သွယ်ရေးစနစ်ကို
  • 7:23 - 7:25
    ဒိဌဖြစ်ရပ်ကို သရုပ်ဖော်ဖို့ပဲ သုံးပါတယ်၊
  • 7:26 - 7:30
    ချင်ပင်ဇီတစ်ကောင် ပြောလောက်တာက
    "ကြည့်စမ်း၊ ခြင်္သေ့တစ်ကောင်၊ ပြေးကြစို့"
  • 7:30 - 7:34
    ဒါမှမဟုတ် "ကြည့်စမ်း၊ ငှက်ပျောပင်တစ်ပင်၊
    ငှက်ပျောသီးတွေ သွားခူးရအောင်။"
  • 7:34 - 7:40
    ဆန့်ကျင်ဘက်က လူသားတွေက သူတို့ဘာသာစကားကို
    ဒိဌဖြစ်ရပ်ကို သရုပ်ဖော်ဖို့သက်သက်မက၊
  • 7:40 - 7:45
    ဖြစ်တည်မှုအသစ်တွေ၊ စိတ်ကူးယဉ်ဖြစ်တည်မှု
    တွေကိုပါ သရုပ်ဖော်ဖို့ အသုံးပြုကြတယ်။
  • 7:45 - 7:49
    လူသားတစ်ဦးပြောနိုင်တာ "ကြည့်စမ်း၊
    တိမ်တွေအထက်မှာ နတ်တစ်ပါးကွ၊
  • 7:49 - 7:51
    ငါပြောတာ မင်းမလုပ်ရင်
  • 7:51 - 7:55
    မင်းသေတဲ့အခါ ဘုရားသခင်က
    အပြစ်ပေးပြီး မင်းကို ငရဲကို ပို့လိမ့်မယ်။"
  • 7:55 - 7:59
    ကျွန်တော်ဖန်တီးထားတဲ့ ဒီဇာတ်လမ်းကို
    သင်တို့အားလုံး ယုံကြည်တယ်ဆိုရင်
  • 7:59 - 8:03
    တူညီတဲ့ စံတွေ၊ ဥပဒေတွေ၊ တန်ဖိုးတွေကို
    သင်တို့လိုက်နာမယ်၊
  • 8:03 - 8:04
    သင်တို့ ပူးပေါင်းနိုင်တယ်။
  • 8:04 - 8:07
    ဒါက လူသားတွေသာ လုပ်နိုင်တာပါ။
  • 8:07 - 8:11
    ချင်ပင်ဇီတစ်ကောင်ကို မျှော်လင့်ချက်
    ပေးပြီး ကိုယ့်ကို ငှက်ပျာသီးပေးဖို့
  • 8:11 - 8:15
    ဘယ်တော့မှ မသိမ်းသွင်းနိုင်ဘူး၊
    "မင်းသေရင် ချင်ပင်ဇီ ကောင်းကင်ဘုံရောက်မယ်"
  • 8:15 - 8:16
    (ရယ်သံများ)
  • 8:16 - 8:19
    "မင်းရဲ့ကောင်းမှုတွေကြောင့် ငှက်ပျောသီးတွေ
    အများကြီးရလိမ့်မယ်၊
  • 8:19 - 8:21
    ဒီတော့ ငှက်ပျောသီး ငါ့ကိုပေး"
  • 8:21 - 8:23
    ဒီလိုဇာတ်လမ်းကို ဘယ်ချင်ပင်ဇီမှ
    ယုံမှာမဟုတ်ဘူး။
  • 8:24 - 8:26
    ဒီလိုဇာတ်လမ်းတွေကို
    လူသားတွေပဲ ယုံတာပါ၊
  • 8:26 - 8:29
    ဒါကြောင့် ကျုပ်တို့က ကမ္ဘာကို
    ထိန်းချုပ်တာ၊
  • 8:29 - 8:33
    ချင်ပင်ဇီတွေကျတော့ တိရိစ္ဆာန်ရုံတွေ၊
    သုတေသနစမ်းသပ်ခန်းတွေမှာ ပိတ်လှောင်ခံရတယ်။
  • 8:35 - 8:38
    ကဲ သင့်အနေနဲ့ ဒါကို လက်ခံသင့်တယ်လို့
    မြင်မိနိုင်ပါတယ်။
  • 8:38 - 8:44
    ဘာသာရေးနယ်ပယ်မှာ လူသားတွဟာ တူညီတဲ့ထွင်လုံး
    တွေကို ယုံကြည်ရင်း ပူပေါင်းဆောင်ရွက်ကြတယ်။
  • 8:44 - 8:49
    သန်းချီတဲ့လူတွေဟာ ဘုရားရှိခိုးကျောင်းကြီး
    (သို့) ဗလီတစ်ခုဆေက်ဖို့ အတူစုစည်းကြတယ်၊
  • 8:49 - 8:55
    (သို့) ဘုရာသခင်၊ ကောင်းကင်ဘုံ၊ငရဲ အကြောင်း
    တူညီတဲ့ ဇာတ်လမ်းတွေကို ယုံကြည်တဲ့အတွက်
  • 8:55 - 8:57
    ခရူးဆိတ်(သို့) ဂျီဟတ်မှာ ဝင်တိုက်ကြတယ်။
  • 8:58 - 9:03
    ဒါပေမဲ့ ကျွန်တော်အလေးထားချင်တာက
    ဒါဟာ ဘာသာရေးနယ်ပယ်တွင်သာမက
  • 9:03 - 9:09
    အလုံးအရင်းနဲ လူသား ပူပေါင်းဆောင်ရွက်မှုရဲ့
    အခြားသောပုံစံတွေကို ထင်ရှားစေတဲ့
  • 9:09 - 9:12
    အလားတူ ယန္တရားတစ်ခုဖြစ်တယ်ဆိုတာပါ။
  • 9:12 - 9:14
    တရာရေးဆိုင်ရာ နယ်ပယ်ကို နမူနာကြည့်ပါ။
  • 9:15 - 9:21
    ယနေ့ ကမ္ဘာမှာ တရားရေး စနစ်အများစုဟာ
    လူအခွင့်အရေးကို ယုံကြည်မုအပေါ်အခြေခံတယ်။
  • 9:21 - 9:23
    ဒါပေမဲ့ လူ့အခွင့်ရေးဆိုတာဘာလဲ။
  • 9:24 - 9:28
    လူ့အခွင့်အရေးဆိုတာ ဘုရားသခင်၊ကောင်းကင်ဘုံ
    လိုမျိုး ထွင်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
  • 9:28 - 9:31
    ဒါတွေဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့
    ဖြစ်တည်မှုမဟုတ်ဘူး၊
  • 9:31 - 9:34
    ခေတ်လူသားတွေနဲ့ပတ်သက်တဲ့ ဇီဝပိုင်း
    သက်ရောက်မှု မဟုတ်ဘူး။
  • 9:35 - 9:39
    လူသားတစ်ဦးကို ခေါ်၊ သူ့ကို ပိုင်းဖြတ်၊
    ဖွင့်ပြီး အတွင်းဘက်ကို ကြည့်ပါ။
  • 9:39 - 9:44
    နှလုံး၊ ကျောက်ကပ်၊ နူရွန်းတွေ၊ ဟိုမုန်း၊
    DNA ကို တွေ့ရလိမ့်မယ်၊
  • 9:44 - 9:46
    ဒါပေမဲ့ ဘာအခွင့်အရေးမှ
    တွေ့မှာမဟုတ်ဘူး။
  • 9:46 - 9:50
    အခွင့်အရေးဆိုတာတွေကို သင်တွေ့နိုင်တဲ့
    တစ်ခုတည်းသောနေရာက ဇာတ်လမ်းတွေထဲမှာပါ၊
  • 9:50 - 9:54
    လွန်ခဲ့တဲ့ ရာစုအနည်းငယ်က ကျွန်တော်တို့
    ထွင်ပြီး၊ ပျံ့နှံ့အောင်လုပ်ထားတာတွေပါ။
  • 9:55 - 10:00
    ဒါတွေဟာ သိပ်အပြုသဘောဆောင်တဲ့၊
    သိပ်ကောင်းတဲ့ ဇာတ်လမ်းတွေဖြစ်နိုင်ပါတယ်၊
  • 10:00 - 10:03
    ဒါပေမဲ့ ဒါတွေဟာ ကျွန်တော်တို့ ထွင်ထားတဲ့
    စိတ်ကူးယဉ်ဇာတလမ်းတွေ ဖြစ်နေဆဲပါပဲ။
  • 10:04 - 10:06
    နိုင်ငံရေးနယ်ပယ်မှာလည်း
    အလားတူမှန်ပါတယ်။
  • 10:07 - 10:13
    ခေတ်သစ်နိုင်ငံရေးမှာ အရေးပါဆုံး
    အကြောင်းခံတွေက ပြည်နယ်တွေနဲ့ နိုင်ငံတွေပါ။
  • 10:13 - 10:15
    ဒါပေမဲ့ ပြည်နယ်တွေ နိုင်ငံတွေက
    ဘာတွေလဲ
  • 10:16 - 10:18
    ဒါတွေက ဓမ္မဓိဋ္ဌာန်ကျတဲ့ ဖြစ်တည်မှု
    မဟုတ်ဘူး။
  • 10:18 - 10:20
    တောင်တစ်လုံးဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့
    ဖြစ်တည်မှုပါ။
  • 10:20 - 10:24
    မြင်နိုင်တယ်၊ ထိနိုငိတယ်၊
    အနံ့တောင် ရှူလို့ရတယ်။
  • 10:24 - 10:26
    ဒါပေမဲ့ အစ္စရေး၊ အီရန်နဲ့ ဂျာမနီလို
  • 10:26 - 10:30
    ပြည်နယ်တစ်ခုနဲ့ နိုင်ငံတစ်ခုတို့ကျတော့
  • 10:30 - 10:33
    ဒါက ကျွန်တော်တို့ထွင်ထားတဲ့
    ဇာတ်လမ်းဖြစ်ပြီး
  • 10:33 - 10:35
    အလွန်အမင်း ဆက်နွယ်လာတယ်။
  • 10:35 - 10:37
    စီးပွားရေးနယ်ပယ်မှာလည်း
    အလားတူမှန်ပါတယ်။
  • 10:38 - 10:42
    ယနေ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ
    အရေးပါဆုံး သရုပ်ဆောင်တွေဟာ
  • 10:42 - 10:44
    ကုမ္ပဏီတွေနဲ့ စီးပွားရေး
    လုပ်ငန်းကြီးတွေပါ။
  • 10:44 - 10:48
    ဒီနေ့ သင်တို့အများအပြားဟာ 
Google (
    (သို့) Toyota (သို့) McDonald လို
  • 10:48 - 10:51
    လုပ်ငန်းကြီးတစ်ခုမှာ အလုပ်လုပ်တာ
    ဖြစ်နိုင်ပါတယ်။
  • 10:52 - 10:53
    ဒါတွေက အတိအကျဆို ဘာတွေလဲ။
  • 10:54 - 10:58
    သူတိုတွေဟာ ရှေ့နေလို့ခေါ်တဲ့
    တရားရေးဆိုင်ရာ ထွင်လုံးတွေပါ။
  • 10:58 - 11:02
    ဒါတွေဟာ ရှေ့နေလို့ခေါ်ကြတဲ့ တန်ခိုးရှိတဲ့
    ဝိဇ္ဇာတွေ တီထွင်၊ပံ့ပိုးထားတဲ့
  • 11:02 - 11:05
    ဇာတ်လမ်းတွေပါ။
  • 11:05 - 11:07
    (ရယ်သံများ)
  • 11:07 - 11:10
    စီးပွားရေးလုပ်ငန်းတွေက
    တစ်နေ့လုံး ဘာလုပ်လဲ။
  • 11:10 - 11:13
    အများစုကတော့ ငွေရှာဖို့ ကြိုးစားတယ်။
  • 11:13 - 11:15
    ဒါပေမဲ့ ငွေဆိုတာဘာလဲ။
  • 11:15 - 11:20
    ထပ်ပြီး ငွေဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့ ဖြစ်တည်မှု
    မဟုတ်ဘူ။၊ဓမ္မဓိဋ္ဌာန်ကျတဲ့ တန်ဖိုးမရှိဘူး။
  • 11:20 - 11:23
    ဒီစက္ကူအစိမ်းကို၊
    ဒေါ်လာငွေစက္ကူကို ကြည့်ပါ။
  • 11:23 - 11:26
    ဒါကို ကြည့်ပါ၊ တန်ဖိုးမရှိဘူး။
  • 11:26 - 11:28
    စားလို့မရဘူး၊ သောက်လို့မရဘူး၊
  • 11:28 - 11:29
    ဝတ်ဆင်လို့မရဘူး။
  • 11:30 - 11:34
    ဒါပေမဲ့ ဒါက ပုံပြောဆရာကြီးတွေနဲ့
    ပါလာခဲ့တယ်၊
  • 11:34 - 11:35
    ဘဏ်လုပ်ငန်းရှင်ကြီးတွေ၊
  • 11:35 - 11:37
    ဘဏ္ဍာရေးဝန်ကြီးတွေ၊
  • 11:37 - 11:38
    ဝန်ကြီးချုပ်တွေပေါ့
  • 11:38 - 11:41
    သူတို့က သိပ်ကိုဘဝင်ကျစေတဲ့
    ဇာတ်လမ်းတစ်ပုဒ် ပြောပြတယ်။
  • 11:41 - 11:43
    "ကြည့်၊ ဒီစက္ကူအစိမ်းကို သင်မြင်ရတယ်။
  • 11:43 - 11:45
    ဒါက ငှက်ပျာသီး ၁၀ လုံးတန်ပါတယ်။
  • 11:46 - 11:48
    ဒါကို ကျွန်တော်ယုံကြည်ရင် သင်လည်ယုံကြည်ရင်
  • 11:48 - 11:49
    လူတိုင်းလည်း ယုံကြည်ကာ
  • 11:49 - 11:51
    ဒါက တကယ် အလုပ်ဖြစ်ရင်
  • 11:51 - 11:54
    ဒီတန်ဖိုးမရှိတဲ့ စက္ကူကိုယူပြီး
  • 11:54 - 11:56
    ဆူပါမားကက်ကိုသွားကာ
  • 11:56 - 12:00
    ကိုယ်တစ်ခါမှ အရင်က မဆုံဖူးတဲ့
    သူစိမ်းသက်သက်တစ်ယောက်ကိုပေးပြီး
  • 12:00 - 12:04
    ဖလှယ်တဲ့အနေနဲ့ ကိုယ်တကယ်စားလို့ရတဲ့
    ငှက်ပျာသီးအစစ်တွေ ရနိုင်ပါတယ်။
  • 12:05 - 12:07
    ဒါက အံ့သြစရာပါ။
  • 12:07 - 12:09
    ဒါကို ချင်ပင်ဇီတွေနဲ့
    လုံးဝ လုပ်လို့မရဘူး။
  • 12:09 - 12:11
    တကယ်က ချင်ပင်ဇီတွေ အပေးအယူလုပ်တာပါ။
  • 12:11 - 12:13
    "ဟုတ်တယ်၊ ကျွန်တော့ကို အုန်းသီးပေးရင်
    ငှက်ပျောသီး ပေးမယ်။"
  • 12:13 - 12:15
    ဒါက အလုပ်ဖြစ်နိုင်တယ်။
  • 12:15 - 12:18
    ဒါပေမဲ့ သင်က တန်ဖိုးမရှိတဲ့ စက္ကူပေးပြီး
  • 12:18 - 12:20
    သင့်ကို ငှက်ပျောသီပေးမယ်လို့
    မျှော်လင့်လား
  • 12:20 - 12:21
    မရဘူးလေ။
  • 12:21 - 12:23
    ကျုပ်ကို ဘာထင်လို့လဲ၊ လူသားဗျ။
  • 12:23 - 12:25
    (ရယ်သံများ)
  • 12:25 - 12:29
    တကယ်တော့ လူသားတွ တီထွင်ပြီး၊
    ပြောခဲ့ရာမှာ
  • 12:29 - 12:32
    ငွေဟာ အအောင်မြင်ဆုံး ဇာတ်လမ်းပဲ။
  • 12:32 - 12:36
    အကြောင်းက ဒါက လူတိုင်းယုံကြည်တဲ့
    တစ်ခုတည်းသော ဇာတ်လမ်းပဲလေ။
  • 12:37 - 12:39
    ဘုရာသခင်ကို လူတိုင်း မယုံကြည်ဘူး၊
  • 12:40 - 12:43
    လူ့အခွင့်အရေးကို လူတိုင်း မယုံကြည်ဘူး၊
  • 12:43 - 12:45
    အမျိုးသားရေးဝါဒကို လူတိုင်း မယုံကြည်ပေမဲ့
  • 12:45 - 12:49
    လူတိုင်း ငွေနဲ့ ဒေါ်လာငွေစက္ကူကို ယုံတယ်။
  • 12:50 - 12:51
    ဥပမာ Osama Bin Laden တောင်နော်၊
  • 12:52 - 12:55
    သူဟာ အမေရိကန် နိုင်ငံရေး၊
    အမေရိကန် ဘာသာရေးနဲ့
  • 12:55 - 12:57
    အမေရိကန် ယဉ်ကျေးမှုကိုမုန်းတယ်
  • 12:57 - 13:00
    ဒါပေမဲ့ အမေရိကန်ဒေါ်လာကျတော့
    မကန့်ကွက်ဘူးလေ။
  • 13:00 - 13:02
    တကယ်ဆို အတော့ကို နှစ်သက်တာပါ။
  • 13:02 - 13:04
    (ရယ်သံများ)
  • 13:04 - 13:06
    ဒီတော့ နိဂုံးချုပ်ရရင်
  • 13:06 - 13:12
    လူသားတွေဟာ ကမ္ဘာကို ထိန်းချုပ်တာက
    ကျွန်တော်တို့ဟာ ဒွိဖြစ်တည်မှုမှာနေလို့ပါ။
  • 13:13 - 13:16
    အခြားသတ္တဝါတွေက ဓမ္မဓိဋ္ဌာန်ကျတဲ့
    ဖြစ်တည်မှုတစ်ခုမှာ နေထိုင်တယ်။
  • 13:17 - 13:22
    သူတို့ရဲ့ဖြစ်တည်မှုဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့
    သီးခြားအရာတွေပါဝင်တယ်၊
  • 13:22 - 13:26
    ဥပမာ မြစ်တွေ၊ သစ်ပင်တွေ၊
    ခြင်္သေ့တွေနဲ့ ဆင်တွေပေါ့။
  • 13:26 - 13:30
    ကျွန်တော်တို့ လူသားတွေလည်း ဓမ္မဓိဋ္ဌာန်
    ကျတဲ့ ဖြစ်တည်မှုတစ်ခုမှာ နေထိုင်တယ်။
  • 13:30 - 13:35
    ကျွန်တော်တို့ကမ္ဘာမှာလည်း မြစ်တွေ၊
    သစ်ပင်တွေ၊ခြင်္သေ့တွေနဲ့ ဆင်တွေရှိပါတယ်။
  • 13:35 - 13:37
    ဒါပေမဲ့ ရာစုနှစ်တွေအကြာမှာ
  • 13:37 - 13:42
    ဓမ္မဓိဋ္ဌာန်ကျတဲ့ ဖြစ်တည်မှုထက်မှာ
    စိတ်ကူးယဉ်တဲ့ ဖြစ်တည်မှု ဒုတိယအလွာကို
  • 13:42 - 13:46
    တည်ဆောက်ခဲ့တယ်၊
  • 13:46 - 13:49
    စိတ်ကူးယဉ် သီးခြားအရာတွေနဲ့
    ဖန်တီးထားတဲ့ ဖြစ်တည်မှုတစ်ခုပေါ့
  • 13:49 - 13:54
    ဥပမာ နိုင်ငံတွေ၊ ဘုရားတွေ၊
    ငွေတို့ စီးပွားရေးလုပ်ငန်းတို့ပေါ့။
  • 13:54 - 13:59
    အံ့သြစရာကောင်းတာက
    သမိုင်းကဖွင့်ဟတဲ့အတိုင်းပဲ
  • 13:59 - 14:05
    ယနေ့မှာ ကမ္ဘာ့အင်အားအကြီးဆုံးတွေဟာ
    ဒီစိတ်ကူးယဉ် သီးခြားအရာတွေ
  • 14:05 - 14:09
    ဖြစ်အောင်ကို ဒီစိတ်ကူးယဉ်ဖြစ်တည်မှုဟာ
  • 14:09 - 14:11
    ပိုပိုပြီး အားကောင်းလာခဲ့တယ်။
  • 14:12 - 14:19
    ယနေ့မှာ မြစ်တွေ၊ သစ်ပင်တွေ၊ခြင်္သေ့တွေနဲ့
    ဆင်တွေရဲ့ ဆက်လက်ရှင်ကျန်မှုဟာ
  • 14:19 - 14:24
    စိတ်ကူးယဉ်သီးခြာအရာတွေရဲ့ ဆုံးဖြတ်ချက်
    တွေနဲ့ ဆန္ဒတွေအပေါ် မူတည်ပါတယ်။
  • 14:24 - 14:28
    ဥပမာ အမေရိကန်ပြည်ထောင်စု၊ ဂူဂဲလ်နဲ့
    ကမ္ဘာ့ဘဏ်တို့လို
  • 14:28 - 14:32
    ကျွန်တော်တို့ စိတ်ကူးထဲမှာပဲ
    တည်ရှိတဲ့ သီးခြားအရာတွေပေါ့ဗျာ။
  • 14:33 - 14:34
    ကျေးဇူးပါ။
  • 14:34 - 14:39
    (လက်ခုပ်သံများ)
  • 14:44 - 14:47
    Bruno Giussani: Yuval
    ခင်ဗျား စာအုပ်သစ်ထွက်တယ်။
  • 14:47 - 14:48
    Sapiens ပြီးတော့ နောက်တစ်အုပ် ရေးတယ်၊
  • 14:48 - 14:51
    ဒါက ဟီဗရူးဘာသာနဲ့
    ဘာသာတော့ မပြန်ရသေးဘူးနော်။
  • 14:51 - 14:54
    Yuval Noah Harari: ကျွန်တော်ပြောနေတုန်း
    ဘာသာပြန်တာ လုပ်နေတယ်။
  • 14:54 - 14:56
    BG: ဒီစာအုပ်မှာ ကျွန်တော် နားလည်တာ
    မှန်ရင်
  • 14:56 - 15:02
    ခင်ဗျား ငြင်းခုတာက ကျွန်တော်တို့ အခု
    တွေ့ကြုံနေရတဲ့ ထိုးဖောက်ကျော်လွှားမှုတွေဟာ
  • 15:02 - 15:04
    ဘဝတွေကို ပိုကောင်းဖို့
    အလားအလာဖြစ်စေတာမက
  • 15:04 - 15:06
    ခင်ဗျားပြောတာကိုးကားရရင်
  • 15:06 - 15:11
    "စက်မှုတော်လှန်ရေးလို လူတန်းစာသစ်တွေ၊
    လူတန်းစားသစ် ရုန်းကန်မှုတွေပါ ဖန်တီးမယ််"
  • 15:11 - 15:12
    အသေးစိတ်ရှင်းပြနိုင်မလား။
  • 15:13 - 15:15
    YNH: ဟုတ်ကဲ့၊ စက်မှုတော်လှန်ရေးမှာ
  • 15:15 - 15:20
    မြို့ပြပစ္စည်းမဲ့လူတန်းစားသစ် ဖန်တီးမှု
    ကိုမြင်ခဲ့ကြတယ်။
  • 15:20 - 15:25
    လွန်ခဲ့တဲ့ နှစ် ၂၀၀ ရဲ များစွာသော
    နိုင်ငံရေးနဲ့ လူမှုရေးသမိုင်းမှာ
  • 15:25 - 15:28
    ဒီလူတန်းစားနဲ့ ပတ်သက်တာတွေ၊ ပြဿနာနဲ့
    အခွင့်အလမ်းသစ်တွေ ပါဝင်ခဲ့တယ်။
  • 15:28 - 15:33
    ကဲ အသုံးမကျတဲ့ လူတွေရဲ့ ကြီးမားတဲ့
    လူတန်းစားသစ် ဖန်တီးခြင်းကိုမြင်ခဲ့တယ်လေ။
  • 15:33 - 15:34
    (ရယ်သံများ)
  • 15:34 - 15:39
    ကွန်ပြူတာတွေဟာ ကောင်းသထက်ကောင်းကာ
    နယ်ပယ်တွေ များသထက်များလာလေလေ၊
  • 15:39 - 15:44
    ကွန်ပြူတာတွေဟာ အလုပ်အများစုမှာ
    ကျွန်တော်တို့ထက် ပိုစွမ်းဆောင်ကာ
  • 15:44 - 15:48
    လူသား ဝန်ထမ်းလျှော့ပေါ့တာဖြစ်စေမယ့်
    ထင်ရှားတဲ့ အလားအလာတစ်ခုရှိတယ်။
  • 15:48 - 15:51
    နောက် ၂၁ ရာစုရဲ့ ကြီးမားတဲ့
    နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ
  • 15:51 - 15:53
    မေးခွန်းတစ်ခု ရှိလိမ့်မယ်။
  • 15:53 - 15:55
    "လူသားတွေအတွက် ကျွန်တော်တို့
    ဘာလိုအပ်လဲ။"
  • 15:55 - 15:59
    ဒါမှမဟုတ် အနည်းဆုံး များစွာသော
    လူသားတွေအတွက် ကျွန်တေ်တို့ဘာလိုအပ်လဲ"
  • 15:59 - 16:01
    BG: ဒီစာအုပ်ထဲမှာ အဖြေတစ်ခု ထည်ထားလား။
  • 16:01 - 16:05
    YNH: လက်ရှိ ရှိနေတဲ့ အကောင်းဆုံး
    မှန်းဆချက်က ဆေးတွေ၊ ကွန်ပြူတာဂိမ်းတွေနဲ့
  • 16:05 - 16:07
    သူတို့ကို ဆက်ပျော်စေဖို့ပဲ။
  • 16:07 - 16:08
    (ရယ်သံများ)
  • 16:08 - 16:11
    ဒါပေမဲ့ နှစ်သက်ဖွယ်အနာဂတ်တစ်ခုတော့
    ဟုတ်ပုံမရဘူး။
  • 16:11 - 16:14
    BG: ကောင်းပြီ၊ အရင်းခံအားဖြင့်
    စာအုပ်ထဲမှာ အခုပြောနေတာက
  • 16:14 - 16:17
    သိသာတဲ့ စီးပွားရေး မညီမျှမှုရဲ့
    တိုးလာနေတဲ့ သာဓကအကြောင်း
  • 16:17 - 16:21
    ဆွေးနွေးမှုအားလုံးအတွက်
    ကျွန်တော်တို့ဟာ ဖြစ်စဉ်ရဲ
  • 16:21 - 16:22
    အစပိုင်းလို ဖြစ်နေတာလား။
  • 16:22 - 16:24
    YNH: ထပ်ပြီး ဟောကိန်း မဟုတ်ရင်
  • 16:24 - 16:28
    ကျွန်တော်တို့ရှေ့မှာ ဖြစ်နိုင်ခြေမျိုးစုံ
    မြင်နေရခြင်းပါ။
  • 16:28 - 16:33
    ဖြစ်နိုင်ခြေတစ်ခုက ကြီးမားတဲ့ အသုံးမကျတဲ့
    လူတန်းစားသစ်တစ်ရပ် ဖန်တီးခြင်းပါ။
  • 16:33 - 16:36
    နောက်ဖြစ်နိုင်ခြေက မတူတဲ့
    ဇီဝဆိုင်ရာ လူတန်းစားခွဲခြားတဲ့စနစ်တွေမှာ
  • 16:36 - 16:39
    လူသားမျိုးနွယ် ကွဲပြားမှုပါ၊
  • 16:39 - 16:43
    လူချမ်းသာတွေကို နတ်ဘုရားတွေနီးနီး
    အဆင့်မြှင့်တင်ပေးနေပြီး
  • 16:43 - 16:48
    ဆင်းရဲသားတွေကို အသုံးမကျတဲ့လူတွေရဲ့
    ဒီအဆင့်ကို ကျဆင်းနေစေတာနဲ့အတူပါ။
  • 16:48 - 16:51
    BG: တစ်နှစ်၊ နှစ်နှစ်မှာ နောက်
    TED talk ဖြစ်လာမယ်လို့ ခံစားမိတယ်
  • 16:51 - 16:52
    ဒီခရီး အတွက် ကျေးဇူးပါ Yuval
  • 16:52 - 16:54
    YNH: ကျေးဇူးတင်ပါတယ်။
  • 16:54 - 16:55
    (လက်ခုပ်သံများ)
Title:
လူသားပေါ်ထွန်းမှုကို ဘာက ရှင်းလင်းပြလဲ။
Speaker:
Yuval Noah Harari
Description:

လွန်ခဲ့တဲ့ နှစ်ခုနှစ်သောင်းတုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ အခြားသတ္တဝါများ အားလုံးနဲ့အတူ အာဖရိက ထောင့်တစ်နေရာမှာ ကိုယ့်လုပ်ငန်းကိုသာ အရေးစိုက်နေကြတဲ့ မထင်မရှား သတ္တဝါတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ကမ္ဘာဂြိုဟ်ကို လူသားတွေစိုးမိုးတာကို သဘောမတူတဲ့သူဆိုလို့ မရှိသလောက်ပါ။ ကျွန်ုပ်တို့ဟာ တိုက်ကြီးတိုင်းကို ပျံ့နှံ့သွားတယ်၊ နောက်ပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေက အခြားသော သတ္တဝါတွေရဲ့ ကံကြမ္မာကို (ဖြစ်နိုင်တာကတော့ ကမ္ဘာကြီးကိုယ်တိုင်ကိုရောပါ) ဆုံးဖြတ်ပေးနေတယ် ။အဲဒီကနေ ဒီကို ဘယ်လို ကျွန်တော်တို့ ရောက်ရှိခဲ့လဲ။ သမိုင်းပညာရှင် Yuval Noah Harari ကနေပြီး လူသားရယ်လို့ ပေါ်ထွန်းလာမှုအတွက် အံ့သြဖွယ် အကြောင်းရင်းကို ရှင်းလင်းတင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
17:08

Burmese subtitles

Revisions