Return to Video

ဘာကြောင့် မျိုးရိုးဗီဇဆိုင်ရာ သုသေသနကို ပိုပြီး စုံလင်အောင် ပြုလုပ်သင့်လဲ။

  • 0:01 - 0:02
    Hawaiian ကလေးအနေနဲ့
  • 0:02 - 0:05
    အမေနဲ့ အဒေါ်က ကျွန်တော့ကို Kalaupapa
    ပုံပြင်တွေ အမြဲ ပြောဖူးတယ်၊
  • 0:06 - 0:07
    ကမ္ဘာ့အမြင့်ဆုံး
  • 0:07 - 0:10
    ကျောက်ထရံတွေ ဝန်းရံနေတဲ့ Hawaiian
    အနာကြီးရောဂါသည် လူစုပါ၊
  • 0:10 - 0:11
    ပြီးတော့ Father Damien ဆိုရင်
  • 0:11 - 0:15
    Hawaiian လူမှုအဖွဲ့အစည်းအတွက် အသက်
    စွန့်ပေးသွားတဲ့ Belgian သာသနာပြုပေါ့။
  • 0:15 - 0:16
    ငယ်ရွယ်တဲ့ သူနာပြု အနေနဲ့
  • 0:16 - 0:19
    အဒေါ်က Father Damien အနာကြီး
    ရောဂါနဲ့ဆုံးပြီး နှစ် ၁၀၀ ခန့်မှာ
  • 0:19 - 0:23
    ကျန်တဲ့ အနာကြီးရောဂါသည်တွေကို ပြုစုတဲ့
    သီလရှင်တွေကို သင်တန်းပေးတယ်။
  • 0:25 - 0:26
    သူမပြောတဲ့ လားကိုစီးရင်း
  • 0:26 - 0:29
    ကမ်းပါးက လွန်းထိုးလမ်းဖြင့်
    သွားခဲ့ရပုံကို မှတ်မိနေတယ်။
  • 0:29 - 0:32
    ဦးလေးက kalaupapa ကို ဆင်းတဲ့
    တစ်လျှောက်လုံး သူ့အကြိုက်
  • 0:32 - 0:34
    သီချင်းတွေ ukulele မှာ တီရင်းပေါ့။
  • 0:35 - 0:36
    သိတဲ့အတိုင်း လူငယ်တစ်ဦး အနေနဲ့
  • 0:36 - 0:38
    တစ်ချို့အရာတွေကို အမြဲ သိချင်ခဲ့တာပေါ့။
  • 0:39 - 0:44
    ပထမဆုံးက Belgian သာသနာပြုဟာ
    ဘာလို့ Kalaupapa မှာ အထီးကျန်လျက်
  • 0:44 - 0:45
    နေဖို့ ရွေးခဲ့တယ်ဆိုတာပါ။
  • 0:45 - 0:47
    သူ ကူညီဖို့ ကြိုးပမ်းတဲ့ လူစုကနေ
  • 0:47 - 0:50
    အနာကြီးရောဂါ မုချ ကူးစက်မယ်
    ဆိုတာ သိနေလျက်နဲ့လေ။
  • 0:50 - 0:53
    ဒုတိယအနေနဲ့
  • 0:53 - 0:55
    အနာကြီးရောဂါပိုးက ဘယ်ကနေလာတာလဲ။
  • 0:55 - 0:57
    ပြီးတော့ Hawaii ရဲ့ ဒေသခံလူမျိုး
  • 0:57 - 0:59
    Kānaka Maoli တွေဟာ
  • 0:59 - 1:03
    အနာကြီးရောဂါ "Mai Pake" ဖြစ်ပေါ်
    ကူးစက် လွယ်ရတာလဲပေါ့။
  • 1:04 - 1:08
    Hawaiians တွေ တမူထူးခြားစေတဲ့
    အကြောင်းကို ကျွန်တော့ သိလိုခဲ့ပါတယ်။
  • 1:08 - 1:09
    အမည်တပ် ပြောရရင် ဗီဇပေါင်းစပ်မှုပါ။
  • 1:11 - 1:13
    ဒါပေမဲ့ အထက်တန်းရောက်မှပဲ
  • 1:13 - 1:15
    Human Genome Project ကနေပြီး
  • 1:15 - 1:17
    ကျွန်တော်တို့ရဲ့ ဗီဇလက္ခဏာ မျိုးရိုးကို
  • 1:17 - 1:20
    ကျန်းမာရေး အလားအလာ၊
    ကိုယ်စိတ်ကျန်းမာမှု၊ မကျန်းမာမှုနဲ့
  • 1:20 - 1:23
    ဆက်သွယ်ဖို့ ကြိုးစားတာ ကျွန်တော်
    တစ်ဦးတည်းမဟုတ်တာ သိခဲ့တယ်။
  • 1:24 - 1:25
    သိတဲ့အတိုင်း
  • 1:25 - 1:27
    ဒေါ်လာ ၂.ရ သန်း ပရောဂျက်ဟာ
  • 1:27 - 1:31
    ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ ဗီဇပေါင်းစပ်
    မှုကို အခြေခံတဲ့ ခန့်မှန်း၊ ကာကွယ်နိုင်တဲ့
  • 1:31 - 1:33
    ဆေးပညာ ခေတ်ကို နိမိတ်ပြခဲ့တာပါ။
  • 1:34 - 1:36
    ဒီတော့ ကျွန်တော့အတွက် အမြဲတမ်း
  • 1:36 - 1:38
    ရှင်းနေပုံရတာက ဒီအိပ်မက်ကို
    အောင်မြင်ဖို့အတွက်
  • 1:38 - 1:42
    ကမ္ဘာပေါ်က လူသား ဗီဇမျိုးစုံရဲ့
    ပြည့်ဝတဲ့ အစဉ်တွေကို ရယူဖို့
  • 1:42 - 1:46
    လူတွေရဲ့ မျိုးစုံလှတဲ့
    အစီအစဉ် ပုံစံများကို ရယူဖို့ လိုလိမ့်မယ်။
  • 1:46 - 1:49
    ဒါကြောင့်ပဲ ၁၀ နှစ်ကြာအပြီးမှာ
  • 1:49 - 1:51
    ဒါက ကျွန်တော့ကို ဆက်လှန့်နေပါတယ်၊
  • 1:51 - 1:54
    genome လေ့လာမှုရဲ့ ၉၆% ဟာ
    တိကျတဲ့ ရောဂါတွေကို
  • 1:54 - 1:57
    တွေ့နေကျ ဗီဇမျိုးကွဲနဲ့ ဆက်စပ်
    နေတာကို သိရှိခြင်းဟာ
  • 1:57 - 2:01
    ဥရောပ မျိုးနွယ်ရဲ့ တစ်ဦးချင်းတွေကို
    သီးသန့် အာရုံစိုက်ထားတာပါ။
  • 2:02 - 2:03
    ဒီတော့ မတူကွဲပြားမှုရဲ့
  • 2:04 - 2:07
    လေးရာခိုင်နှုန်း ကျန်နေတာကို
    သိဖို့ ပါရဂူတစ်ဦး ဖြစ်ရန် မလိုပါ။
  • 2:07 - 2:09
    ကျွန်တော့ရဲ့ ကိုယ်ပိုင်ရှာဖွေခြင်းမှာ
  • 2:09 - 2:12
    တွေ့ရှိထားတာက တစ်ရာခိုင်နှုန်း
    လျော့လျော့ဟာ
  • 2:12 - 2:15
    ကျွန်တော့လို ဒေသခံ လူ့အဖွဲ့အစည်းတွေကို
    တကယ် အာရုံစိုက်ထားပါတယ်။
  • 2:15 - 2:18
    ဒီတော့ မေးစရာ ရှိလာတာက
  • 2:18 - 2:20
    Human Genome Project က
    ဘယ်သူတွေ အတွက်လဲ။
  • 2:21 - 2:23
    မတူတဲ့ မျက်လုံး၊ ဆံပင်အရောင်ရှိသလို
  • 2:23 - 2:25
    ကျွန်ုပ်တို့ဟာ ဆေးတွေကို ဗီဇရဲ့
  • 2:25 - 2:27
    ကွဲပြားမှုအလိုက် ခြေဖျက်ကြပါတယ်။
  • 2:27 - 2:30
    ဒီတော့ ၉၅% ရှိတဲ့ ဆေးဝါးစမ်းသပ်မှုတွေဟာ
  • 2:30 - 2:33
    ဥရောပ မျိုးနွယ် တစ်ဦးချင်းကို သီးသန့်
  • 2:33 - 2:38
    အထူးပြုထားတယ်လို့ သိရတော့ ခင်ဗျားတို့
    ဘယ်နှစ်ယောက် လန့်သွားလဲ။
  • 2:38 - 2:40
    ဒီဘက်လိုက်မှုနဲ့
  • 2:40 - 2:44
    ဆေးဝါး စမ်းသပ်မှုတွေနဲ့ genome
    လေ့လာမှုတွေ နှစ်ခုလုံးမှာ
  • 2:44 - 2:47
    ဒေသခံတွေရဲ့ ပတ်သက်မှု
    စနစ်တကျ မပါခြင်းဟာ
  • 2:47 - 2:50
    ယုံကြည်မရနိုင်တဲ့ ရလဒ်ရဲ့
    အကြောင်းရင်း တစ်ခုပါ။
  • 2:51 - 2:52
    ဥပမာအနေနဲ့
  • 2:52 - 2:56
    ၁၉၈၉ မှာ Arizona State University
    က သုသေသီတွေဟာ
  • 2:56 - 3:00
    Arizona ရဲ့ Havasupai လူမျိုးစုရဲ့
    သွေးနမူနာတွေယူခဲ့တယ်၊
  • 3:00 - 3:03
    သူတို့ လူ့အဖွဲ့အစည်းကို ဖိစီးနေတဲ့
    အုပ်စု ၂ ဆီးချိုရောဂါရဲ့
  • 3:03 - 3:04
    ဝန်ထုပ်ကို သက်သာစေဖို့ ကတိပေးရင်းပေါ့။
  • 3:04 - 3:08
    Havasupai ရဲ့ သဘောတူညီမှုမပါပဲနဲ့
  • 3:08 - 3:10
    ဒီသွေးနမူနာတွေကိုပဲ
  • 3:10 - 3:14
    စိတ်ကစဉ့်ကလျားရောဂါ၊ မျိုးတူစပ်ခြင်းရဲ့
  • 3:14 - 3:17
    နှုန်းတွေလေ့လာဖို့ပဲ
    လှည့်ပြောင်းပြီး သုံးကာ
  • 3:17 - 3:20
    Havasupai ရဲ့ မူလသမိုင်းကို
    စိန်ခေါ်လိုက်တယ်။
  • 3:20 - 3:23
    Havasupai တွေ သိသွားတော့
  • 3:23 - 3:28
    ဒေါ်လာ ခုနှစ်သိန်းကို တရားဝင်
    အောင်မြင်စွာ တောင်းဆိုလိုက်တယ်။
  • 3:29 - 3:32
    ဒါက ဇယ်စက်လိုဖြစ်စေခဲ့ကာ
    Southwest က နိုင်ငံတွင်း
  • 3:32 - 3:34
    လူမျိုးစုတစ်ခုဖြစ်တဲ့
  • 3:34 - 3:35
    Navajo Nation အပါအဝင်
  • 3:35 - 3:38
    ဒေသတွင်း လူမျိုးစုတွေနဲ့
    ဗီဇဆိုင်ရာ သုသေသန
  • 3:38 - 3:40
    ဆိုင်းငံ့ခြင်းနဲ့ အထွတ်ရောက်သွားတယ်။
  • 3:40 - 3:43
    ကဲ ဒီမယုံကြည်မှုရဲ့ သမိုင်းရှိပေမဲ့
  • 3:43 - 3:47
    ဒေသခံတွေဟာ ဗီဇဆိုင်ရာ သုသေသနကနေ အကျိုး
    ရှိနိုင်တယ်လို့ ကျွန်တော် ယုံကြည်ဆဲပါ။
  • 3:47 - 3:50
    မကြာခင်မှာ တစ်ခုခု မလုပ်ဘူးဆိုရင်
  • 3:50 - 3:52
    ကျန်းမာရေး ကွဲပြားမှု ကွာဟချက်ဟာ
    ဆက်ပြီးကျယ်လာတော့မှာပါ။
  • 3:53 - 3:55
    ဥပမာ Hawaii မှာဆိုရင်
  • 3:55 - 3:58
    US က ပြည်နယ်များအတွက် မျှော်လင့်ရတဲ့
    ပျမ်းမျှ အသက် အရှည်ဆုံး ဖြစ်ပါတယ်။
  • 3:58 - 4:01
    ဒါပေမဲ့ ကျွန်တော့လို Hawaiian
    ဒေသခံတွေ ကတော့
  • 4:01 - 4:04
    အခြား ဒေသခံ မဟုတ်သူတွေနဲ့စာရင်
    ဆယ်နှစ်တိတိ စောပြီး သေကြတယ်၊
  • 4:04 - 4:08
    အကြောင်းက ကျွန်တာ်တို့မှာ အမြင့်ဆုံး
    အုပ်စု၂ ဆီးချိုရောဂါ အမြင့်ဆုံးနှုန်းတွေ၊
  • 4:08 - 4:09
    အဝလွန်မှုနဲ့
  • 4:10 - 4:12
    US မှာ နံပါတ် တစ်၊ နံပါတ် နှစ်
    လူသတ်သမားတွေဖြစ်တဲ့
  • 4:12 - 4:14
    နှလုံး သွေးကြောရောဂါ၊ ကင်ဆာ ရှိလို့ပါ။
  • 4:14 - 4:16
    ဒီတော့ genome အစီအစဉ်ချရာမှာ
  • 4:16 - 4:19
    အလိုအပ်ဆုံး ပြည်သူလူထုတွေဟာ
    အကျိုးခံစားမှာ နောက်ဆုံးမဖြစ်ရေးကို
  • 4:19 - 4:20
    ဘယ်လို အာမခံပေးရမလဲ။
  • 4:21 - 4:25
    ကျွန်တော့ အမြင်က ဗီဇဆိုင်ရာ
    သုသေသနဟာ ပိုပြီး ဇာတ်မြစ်းဆန်ဖို့၊
  • 4:25 - 4:28
    genome စီစဉ်ခြင်း နည်းပညာကို
    ဒေသစရိုက်ပါဝင်ဖို့ပါ။
  • 4:29 - 4:32
    အစဉ်အလာအရ genomes တွေကို
    လက်တွေ့ခန်းတွေမှာ အစဉ်ချပါတယ်။
  • 4:33 - 4:35
    ဒါက အစဉ်အလာ genome
    အစီအစဉ်ချ ကိရိယာပုံပါ။
  • 4:35 - 4:36
    ကြီးမားပါတယ်။
  • 4:36 - 4:38
    ရေခဲသေတ္တာ အရွယ်ပါ။
  • 4:39 - 4:41
    သိသာတဲ့ ရုပ်ပိုင်းဆိုင် ကန့်သတ်ချက်ပါ။
  • 4:41 - 4:44
    ဒါပေမဲ့ လှုပ်ရှားရင်းကနေ
    genomes အစဉ်ချနိုင်ရင်ရော။
  • 4:45 - 4:49
    သင့်အိပ်ကပ်မှာ ဆန့်နိုင်တဲ့ genome
    အစီအစဉ်ချ ကိရိယာ ဆိုရင်ရော။
  • 4:52 - 4:54
    ဒီ nanopore အခြေခံ အစီအစဉ်ချ ကိရိယာဟာ
  • 4:54 - 4:59
    အစဉ်အလာ ကိရိယာရဲ့ ၁၀၀၀၀ ပုံ
    တစ်ပုံပဲရှိပါတယ်။
  • 4:59 - 5:01
    ခုနကလို ရုပ်ပိုင်း ကန့်သတ်ချက်တွေ မရှိဘူး၊
  • 5:01 - 5:05
    ကြိုးအပိုတွေ၊ ဓါတုပစ္စည်း စည်တွေ၊
    ကွန်ပြူတာ မော်နီတာတွေနဲ့
  • 5:05 - 5:08
    လက်တွေ့ခန်းခုံမှာ ချည်မထားဘူး။
  • 5:08 - 5:14
    ဒါက စိမ့်ဝင်ပြီး ပူးပေါင်းဆောင်ရွက်တဲ့
    နည်းနဲ့ de-black box genome စီစဉ်ခြင်း
  • 5:14 - 5:16
    နည်းပညာ ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေပြီး
  • 5:16 - 5:19
    နိုင်ငံသား သိပ္ပံပညာရှင်တွေအဖြစ်
    ဒေသခံလူစုကို အသက်ဝင်ကာ
  • 5:20 - 5:22
    လုပ်ပိုင်ခွင့်ပေးခြင်းပါ။
  • 5:23 - 5:26
    Kalaupapa မှာ နှစ် ၁၀၀ ကြာအပြီးမှာ
  • 5:26 - 5:30
    အခုတော့ မိုဘိုင်း genome အစီအစဉ်ချ
    ကိရိယာတွေ၊ အဝေးရောက် အင်တာနက်
  • 5:30 - 5:33
    ကြည့်ခွင့်နဲ့ မိုးတိမ် နည်းပညာသုံးပြီး
  • 5:33 - 5:36
    အနာကြီးရောဂါပိုးကို အချိန်နဲ့ တစ်ပြေးညီ
  • 5:36 - 5:37
    အစီအစဉ်ချဖို့ နည်းပညာရှိတယ်။
  • 5:38 - 5:41
    ဒါပေမဲ့ Hawaiian လူထုက
    လိုချင်တာက ဒါပဲဆိုရင်
  • 5:42 - 5:43
    ကျွန်တော်တို့ နေရာမှာ
  • 5:43 - 5:45
    ကိုယ်ပိုင် နည်းလမ်းတွေနဲ့ပါ။
  • 5:46 - 5:52
    IndiGenomics ဟာ လူထုကနေ
    လူထုအတွက် သိပ္ပံပညာ အကြောင်းပါ။
  • 5:52 - 5:56
    ဗီဇဆိုင်ရာ အချက်အလက်ရဲ့ အလား
    အလာရှိတဲ့ အသုံးနဲ့ အသုံးမှားအပေါ်
  • 5:56 - 5:59
    ဒေသခံ လူ့အဖွဲ့အစည်းတွေကို
    ပညာပေးတာကို အာရုံစိုက်တဲ့
  • 5:59 - 6:02
    မျိုးနွယ်စုအလိုက် တိုင်ပင်မှု
    အရင်းအမြစ်နဲ့ စတင်ပါမယ်၊
  • 6:03 - 6:06
    အဆုံးမှာ ကိုယ်ပိုင် စမ်းသပ်မှုတွေ
    လုပ်ဖို့၊ ဒေသခံ သိပ္ပံပညာရှင်တွေရဲ့
  • 6:06 - 6:08
    နောက်မျိုးဆက်ကို ပညာပေးဖို့
  • 6:08 - 6:11
    ကိုယ်ပိုင် IndiGenomics
    သုသေသန ဗိမာန်ကြီး ရှိချင်တာပါ။
  • 6:12 - 6:13
    နောက်ဆုံးမှာတော့
  • 6:13 - 6:18
    ဒေသခံတွေဟာ ဗီဇ သုသေသနရဲ့ အစမ်းသပ်ခံ
    မဟုတ်ပဲ တွဲဖက်တွေ ဖြစ်ဖို့လိုပါတယ်။
  • 6:18 - 6:20
    အပြင်ဘက်မှာ ရှိသူတွေအတွက်
  • 6:20 - 6:22
    Father Damien လုပ်ခဲ့သလိုပဲ
  • 6:23 - 6:27
    သုသေသန အဖွဲ့ဟာ ၎င်းကိုယ်တိုင်ကို ဒေသခံ
    ယဉ်ကျေးမှုထဲမှာ နှစ်မြှုပ်ဖို့ လိုပါတယ်၊
  • 6:27 - 6:29
    ဒါမှမဟုတ် မရမချင်း ကြိုးစားပါ။
  • 6:29 - 6:30
    Mahalo ကျေးဇူးတင်ပါတယ်။
  • 6:30 - 6:35
    (လက်ခုပ်သံများ)
Title:
ဘာကြောင့် မျိုးရိုးဗီဇဆိုင်ရာ သုသေသနကို ပိုပြီး စုံလင်အောင် ပြုလုပ်သင့်လဲ။
Speaker:
Keolu Fox
Description:

"မျိုးရိုးဗီဇပိုင်းဆိုင်ရာ genome လေ့လာမှုတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ဥရောပမျိုးနွယ်တွေကို အခြေခံထားပါတယ်။ ကျန်တဲ့ ကမ္ဘာကိုတော့ ကိုယ်စားမပြုသလောက်ဖြစ်ပြီး ဒါဟာ စိုးရိမ်စရာ ကောင်းတယ်" လို့ မျိုးရိုးဗီဇပညာရှင်နဲ့ TED ဝိုင်းတော်သား Keolu Fox က ဆိုပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မျိုးရိုးဗီဇပိုင်း ပေါင်းစပ်ဖွဲ့စည်းမှုကို လိုက်ပြီး ဆေးဝါးတွေကို ကွဲပြားစွာ တုံ့ပြန်တာကြောင့်ပါ။ Fox ဟာ မျိုးရိုးဗီဇပိုင်းဆိုင်ရာ genome စီစဉ်ခြင်းကို ဒီမိုကရေစီအသွင် ဆောင်လာဖို့ အားထုတ်နေပါတယ်၊ အထူးသဖြင့်တော့ ကျန်းမာရေး ကွာဟချက်တွေကို ဖယ်ရှားသုတ်သင်တဲ့ ရည်မှန်းချက်နဲ့အတူ သုသေသနမှာ ဒေသခံတိုင်းရင်းသား လူထုပါဝင်ရေးအတွက် ထောက်ခံအားပေးရင်းပါ။" သုသေသန အဖွဲ့ဟာ ၎င်းကိုယ်တိုင်ကို ဒေသခံ ယဉ်ကျေးမှုထဲမှာ နှစ်မြှုပ်ဖို့ လိုပါတယ်၊ အဲဒါကို မရမချင်း ကြိုးစားရမယ်လို့ သူကဆိုပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
06:48

Burmese subtitles

Revisions