Return to Video

စကြ၀ဠာရှိ စွမ်းအင်ခပ်သိမ်း ဆိုသည်မှာ...George Zaidan and Charles Morton

  • 0:08 - 0:10
    စွမ်းအင်ဆိုတာ အနက်ဖွင့်ဖို့ မလွယ်ကူပါ။
  • 0:10 - 0:12
    အရာ၀တ္ထုတွေမှာ စွမ်းအင်ရှိပေမဲ့
  • 0:12 - 0:13
    သင့်လက်တွေနဲ့
  • 0:13 - 0:15
    စွမ်းအင်အစုအဝေးကို ဆုပ်ကိုင်လို့ မရဘူး။
  • 0:15 - 0:16
    ၎င်း လုပ်တောင်တာ သင်မြင်ရပေမဲ့
  • 0:16 - 0:19
    သင် ဒါကို တိုက်ရိုက်မမြင်နိုင်ပါ။
  • 0:19 - 0:21
    စွမ်းအင်ပုံစံ အမျိုးမျိုး ရှိပေမဲ့၊
  • 0:21 - 0:22
    ယင်းတို့အကြားမတူညီမှုတွေကို
  • 0:22 - 0:26
    ဖော်ပြသည်မှာ သူတို့ပြုလုပ်တဲ့
    အရာပြုမူပုံ သာလျင်ဖြစ်သည်။
  • 0:26 - 0:27
    ကျွန်ုပ်တို့သိထားသည်က စကြ၀ဠာရှိ
  • 0:27 - 0:30
    မတူတဲ့ စွမ်းအင် အားလုံးရဲ့
    စုစုပေါင်း ပမာဏသည်
  • 0:30 - 0:31
    အမြဲ တူညီတာကိုပါ။
  • 0:31 - 0:34
    ဓာတုဗေဒ သမားအတွက်ဆို
    အရေးပါသော စွမ်းအင်ပုံစံ
  • 0:34 - 0:35
    နှစ်မျိုးက ဓာတုအတည်စွမ်းအင်နဲ့
  • 0:35 - 0:37
    အရွေ့စွမ်းအင်ပါ။
  • 0:37 - 0:40
    အတည်စွမ်းအင်ဆိုတာ ဖြစ်ချိန်
    စောင့်စားနေတဲ့ စွမ်းအင်ပါ.
  • 0:40 - 0:42
    ဆွဲဆန့်ထားတဲ့ ရာဘာပြားကို
    စဉ်းစားကြည့်မယ်။
  • 0:42 - 0:43
    ဒါကိုဖြတ်လိုက်ရင်
  • 0:43 - 0:44
    ဒီ အတည်စွမ်းအင်အားလုံး
  • 0:44 - 0:47
    အရွေ့စွမ်းအင် အဖြစ် ပြောင်းသွားမယ်၊
  • 0:47 - 0:50
    ဒါဆို နာမယ်လို့ သင် သိထားပါတယ်။
  • 0:50 - 0:51
    ဆွဲဆန့်ထားတဲ့ ရာဘာပြားလိုပဲ၊
  • 0:51 - 0:53
    ဓာတုဓာတ်စည်းတွေလည်း
    စွမ်းအင်သိုလှောင်က
  • 0:53 - 0:54
    ဒီစည်းနှောင်မှု ပျက်သည့် အခါ၊
  • 0:54 - 0:56
    အတည်စွမ်းအင်က အခြားသော စွမ်းအင်
  • 0:56 - 0:57
    ပုံစံများသို့ အသွင်ပြောင်းတယ်။
  • 0:57 - 0:58
    ဥပမာ အပူ (သို့)အလင်း ပေါ့၊
  • 0:58 - 1:01
    (သို့) မတူတဲ့ စည်းနှောင်မှုတွေ
    လုပ်ဖို့ပါ သုံးတယ်။
  • 1:01 - 1:03
    အရွေ့စွမ်းအင်ဆိုတာ
    ရွေ့လျားမှုရဲ့ စွမ်အင်ဖြစ်ပြီး
  • 1:03 - 1:06
    မော်လီကျူးတွေဟာ အမြဲရွေ့လျားနေပါတယ်။
  • 1:06 - 1:08
    သူတို့ရွေ့လျားနေပေမဲ့ တစ်နေရာ..ရာ
  • 1:08 - 1:09
    ရောက်ဖို့ မလိုအပ်လို့၊
  • 1:09 - 1:10
    သူတို့ တုန်ခါမယ်၊
  • 1:10 - 1:11
    ကားမယ်၊
  • 1:11 - 1:11
    ကွေးမယ်၊
  • 1:11 - 1:12
    လည်မယ် စသည်ဖြင့်ပေါ့။
  • 1:12 - 1:13
    မီသိန်း မှာဆို၊
  • 1:13 - 1:14
    ဟိုက်ဒရိုဂျင် လေး လုံးက
  • 1:14 - 1:16
    ကာဗွန် အက်တမ်နဲ့ ချိတ်ထားမယ်၊
  • 1:16 - 1:17
    ဥပမာ....
  • 1:17 - 1:18
    စာရွက်ပေါ် ဆွဲရင်
  • 1:18 - 1:20
    လေးမျက်နှာ ထုချွန်ပုံရမယ်။
  • 1:20 - 1:23
    လက်တွေ့မှာတော့ ဒါက ဆတ်ဆတ်ခါနေတဲ့
    ဗရုတ်သုတ်ခ အခြေအနေတစ်ရပ်ပါ
  • 1:23 - 1:24
    မော်လီကျူး အရွေ့စွမ်းအင်သည်
  • 1:24 - 1:26
    သင် လှုပ်ရှားနေတဲ့အခါ
  • 1:26 - 1:27
    ရလာမည့် စွမ်းအင်နဲ့
  • 1:27 - 1:28
    ပုံစံ အတိအကျ တူမယ်
  • 1:28 - 1:30
    ခြွင်းချက်က သင် ငြိမ်နေလို့ရပေမဲ့
  • 1:30 - 1:32
    မော်လီကျူးက ငြိမ်မရဘူး။
  • 1:32 - 1:33
    အရွေ့စွမ်းအင်ကို သင် မော်လီကျူး
  • 1:33 - 1:35
    အုပ်စုတစ်ခုမှ စုပ်ယူလျင်
  • 1:35 - 1:36
    လှုပ်ရှားမှု နှေးပေမဲ့၊
  • 1:36 - 1:37
    ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူး။
  • 1:37 - 1:39
    ခု ဘယ် မော်လီကျူးအုပ်စုမှာ ဖြစ်ဖြစ်
  • 1:39 - 1:42
    တစ်စုက အခြားတစ်စုထက်
    စွမ်းအင်ပိုနေလိမ့်မယ်။
  • 1:42 - 1:43
    အုပ်စုလိုက်
  • 1:43 - 1:45
    ပျမ်းမျှအရွှေ့ စွမ်းအင်ကို တွက်လိုက်ရင်၊
  • 1:45 - 1:47
    သင်္ချာနည်းနဲ့ ဆက်သွယ်လို့ရတဲ့
  • 1:47 - 1:49
    အပူချိန်ကို ရပါလိမ့်မယ်။
  • 1:49 - 1:50
    အရွေ့စွမ်းအင်ပိုရတဲ့
  • 1:50 - 1:51
    မော်လီကျူးအုပ်စုက
  • 1:51 - 1:53
    အပူချိန် ပိုမြင့်လေပါပဲ။
  • 1:53 - 1:55
    ဆိုလိုတာက ပူတဲ့နေ့မှာ
  • 1:55 - 1:56
    သင့် ဘေးနား လေထဲရှိ မော်လီကျူးတွေ
  • 1:56 - 1:58
    လည်တာ၊ ကားတာ၊ ကွေးတာ၊ ပြီးတော့
  • 1:58 - 2:00
    လာတိုက်မိတာတောင်
  • 2:00 - 2:02
    အေးတဲ့နေထက်ပို မြန်မယ်
  • 2:02 - 2:04
    အခု ပူခြင်းနဲ့ အေးခြင်း ဆိုတာ
  • 2:04 - 2:06
    နှိုင်းရသဘော ဖြစ်သွားပါပြီ။
  • 2:06 - 2:07
    သူတို့ကို တစ်ခုနဲ့ တစ်ခု
  • 2:07 - 2:09
    နှိုင်းယှဉ်ဖို့ အမြဲသုံးပါတယ်။
  • 2:09 - 2:10
    ပူပြင်းတဲ့နွေ ရက်မှာ
  • 2:10 - 2:12
    လေ မော်လီကျူးတွေရဲ့ အရွေ့စွမ်းအင်က
  • 2:12 - 2:15
    သင့် အရေပြားရှိ မော်လီကျူးထက် ပိုများမယ်။
  • 2:15 - 2:17
    ဒါကြောင့် သင့်ကို ဒီ လေတိုက်ခတ်ရင်
  • 2:17 - 2:19
    သူတို့ စွမ်းအင်အချို့၊ သင့်ရဲ့
  • 2:19 - 2:20
    အရေပြားရှိ မော်လီကျူးထံ ပေးလိုက်မယ်
  • 2:20 - 2:23
    အဲ့တော့ ဒါကို ပူခြင်းလို့ သင်သိမယ်။
  • 2:23 - 2:24
    အေးတဲ့နေ့မှာဆို
  • 2:24 - 2:26
    လေ မော်လီကျူးတွေရဲ့ အရွေ့စွမ်းအင်က
  • 2:26 - 2:27
    အရေပြားက မော်လီကျူးထက်
  • 2:27 - 2:29
    ပိုနည်းသောကြောင့် သင့်ကို ဒီလေ တိုက်ခတ်ရင်
  • 2:29 - 2:31
    သင် တကယ်ပဲ
  • 2:31 - 2:33
    သင့် အရွေ့စွမ်းအင်အချို့ သူတို့ကိုပေးမယ်
  • 2:33 - 2:36
    ဒီတော့ ဒါကို အေးခြင်းလို့ သင်သိမယ်။
  • 2:36 - 2:39
    သင့် အနားက စွမ်းအင်ကို သင်ခြေရာခံနိုင်တယ်။
  • 2:39 - 2:40
    နောက်တစ်ခါ ချက်ပြုတ်ရင် လုပ်ကြည့်။
  • 2:40 - 2:41
    မီးသွေးကို ရှို့ရင်
  • 2:41 - 2:43
    ဒီ ဓါတုအတည်စွမ်းအင် ထုတ်လွှတ်ခြင်းက
  • 2:43 - 2:46
    အလွန်ကဲသော အပူနှင့် အလင်း ဖြစ်မယ်။
  • 2:46 - 2:47
    အပူက သင့်အသားညှပ်ပေါင်မုန့်တွေနဲ့
  • 2:47 - 2:50
    ဟင်းသီးဟင်းရွက်တွေထဲမှ
    မော်လီကျူးတွေကို တုန်ခါပြီး
  • 2:50 - 2:52
    သူတို့ရဲ့ နှောင်ဖွဲ့ ခြင်းတွေ ပျက်ပြီး
  • 2:52 - 2:55
    ဓါတုတည်ဆောက်ပုံ အသစ် ဖြစ်လာမယ်။
  • 2:55 - 2:57
    အပူများလွန်းရင် သင် တူးကြွပ်တာ ရမယ်
  • 2:57 - 2:58
    အနေတော်လောက်ဆို ညစာရမယ်။
  • 2:58 - 2:59
    သင့်ကိုယ်ထဲရောက်နေတဲ့
  • 2:59 - 3:01
    သင် အရသာတွေ့တဲ့ အစားအစာ
  • 3:01 - 3:02
    မော်လီကျူးတွေ၊ တူးစာတွေ
  • 3:02 - 3:04
    ညစာတွေ...ပြိုကွဲပြီးတော့
  • 3:04 - 3:05
    ထွက်တဲ့ စွမ်းအင်ကို
  • 3:05 - 3:07
    သင် လှုပ်ရှားဖို့ ချက်ခြင်း သုံးမယ်
  • 3:07 - 3:10
    သို့မဟုတ် တခြားမော်လီကျူးတွေမှာ
    ခဏသိမ်းမယ်။
  • 3:10 - 3:12
    ညပိုင်းရောက်ရင်
  • 3:12 - 3:13
    နွေလေပူတွေ အေးပြီး
  • 3:13 - 3:16
    သင့်ထံ စွမ်းအင်တွေ ဖြည်းဖြည်းစီးဝင်မယ်။
  • 3:16 - 3:19
    လေတွေက သင့်အရေပြားအပူချိန်အထိ ရောက်တဲ့အခါ
  • 3:19 - 3:20
    တဒင်္ဂကြာချိန်လေးမှာ
  • 3:20 - 3:21
    စွမ်းအင် စီးတာရပ်မယ်။
  • 3:21 - 3:22
    ပြီးတော့ နောက်တကျော့စမယ်
  • 3:22 - 3:24
    ဒီတစ်ခါ ပြောင်းပြန်ဆိုတော့
  • 3:24 - 3:26
    စွမ်းအင်က ပိုနွေးတဲ့ သင့်အရေပြား
    မျက်နှာပြင်က ထွက်ပြီး
  • 3:26 - 3:29
    သင့်ကို ဝန်းရံထားတဲ့ စကြ၀ဠာထဲ ပြန်သွားတဲ့
  • 3:29 - 3:32
    ဒီစွမ်းအင်ကို ဖန်တီးမရ၊ ဖျက်စီးမရပါ
  • 3:32 - 3:34
    သို့သော် အမြဲတမ်း အသွင်ပြောင်းမယ်
  • 3:34 - 3:36
    တို့ရုပ်လောကရဲ့
    အသွင်ပြောင်းဖီးနစ်ငှက်ပေါ့။
Title:
စကြ၀ဠာရှိ စွမ်းအင်ခပ်သိမ်း ဆိုသည်မှာ...George Zaidan and Charles Morton
Description:

သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/all-of-the-energy-in-the-universe-is-george-zaidan-and-charles-morton

စကြ၀ဠာတွင် ရှိသော စွမ်းအင်သည် ဘယ်သောအခါမှ တိုးခြင်း သို့မဟုတ် လျော့ခြင်း မရှိပေ၊ သိုသော် အရပ်ပေါင်းစုံကို ရွေ့ပါသည်။ စွမ်းအင်သည် အတည်စွမ်းအင်(ပြတ်မသွားခင် ဆွဲစန့်ထားသော ရာဘာကြိုး တစ်ချောင်းလို) သို့မဟုတ် အရွေ့စွမ်းအင်(မည်သို့သော အရာ၀တ္ထု အတွင်းမှာ မဆို တုန်ခါနေတဲ့ မော်လီကျူးတွေလို) ဖြစ်နိုင်ပါသည်။ ၎င်းကို တိတိပပ မမြင်နိုင်သော်လည်း ချက်ပြုတ်ချိန်တိုင်း၊ အေးသောညမှာ ချမ်းချမ်းတုန်တိုင်း ဒီနေရာမှာ ထိုအရာ ရှိသည်ကို တို့တွေ သိကြသည်။ ဂျော့ ဇိမ်းဒန် နှင့် ချားစ် မော်တန်က စွမ်းအင်နှင့်ပတ်သတ်၍ စိတ်အားထက်ထက် တင်ပြချက်။

သင်ခန်းစာတင်ဆက်သူ-George Zaidan and Charles Morton၊ ရုပ်သံလှုပ်ရှာမှု-Pew36 Animation Studios.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
03:52

Burmese subtitles

Revisions Compare revisions