Return to Video

TEDx မိတ်ဆက်။

  • 0:02 - 0:05
    "ပျံ့နှံ့ထိုက်သော စိတ်ကူးများ"ကို
    ရည်စူးတဲ့ ကိုယ်ကျိုးမဖက်အဖွဲ့
  • 0:13 - 0:16
    TED တာဝန်ခံ Chris Anderson ဆီက အမှာစကား
  • 0:30 - 0:34
    အခု သင်ဟာ တကယ့်ကို ထူးခြားတဲ့
    ကမ္ဘာ့ဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။
  • 0:35 - 0:39
    တစ်ကမ္ဘာလုံးမှာ ထောင်ချီတဲ့လူတွေဟာ စိတ်
    ကူးတွေရဲ့ စွမ်းအားကို တွေ့ကြုံခံစားဖို့
  • 0:39 - 0:42
    အစည်းအဝေးတွေမှာ စုရုံးနေကြပါတယ်။
  • 0:44 - 0:47
    ဒီနေ့ အစည်းအဝေးရဲ့ အံ့ဩစရာက
    ကျွန်တော်တို့ TED မှာ
  • 0:48 - 0:50
    မလုပ်ခဲ့ဖူးတာဆိုလို့ မရှိသလောက်ပါ။
  • 0:50 - 0:53
    ကျွန်တော်တို့အမည်၊ ပုံစံ၊ လမ်းညွှန်ချက်
    အနည်းငယ်နဲ့ အကြောင်းအရာ
  • 0:53 - 0:54
    အချို့ ကူညီခဲ့တယ်။
  • 0:54 - 0:57
    ဒါပေမဲ့ ဒီနေ့ဖြစ်ပေါ်လာဖို့
    တကယ့် ကြိုးစားမှုက သင့်တို့ရဲ့
  • 0:57 - 1:00
    ဒေသတွင်းက စီစဉ်သူတွေ တာဝန်ယူတာဖြစ်ပြီး
  • 1:00 - 1:02
    တကယ်ပဲ အံ့ဩမိတာက
  • 1:02 - 1:08
    ဒီလို အလုပ်တစ်ခု ဖြစ်ဖို့ သူတို့ပြသ
    လိုက်တဲ့ ထက်သန်မှုနဲ့ ရည်စူးမှုကိုပါ။
  • 1:09 - 1:10
    အချိန်ယူပြီး တူညီတဲ့
  • 1:10 - 1:12
    အနာဂတ်အကြောင်း ဒီစိတ်လှုပ်ရှားစရာ
  • 1:12 - 1:17
    ပြောဆိုမှုရဲ့ အစိတ်အပိုင်းဖြစ်ပေးတဲ့
    ခင်ဗျားတို့ကိုလည်း ကျေးဇူးတင်ပါတယ်။
  • 1:19 - 1:23
    ဒီနေ့ပွဲအကြောင်း ခင်ဗျားတို့ အမြင်ကို
    စာရေးပြီး ပြောကြပါဦး။
  • 1:26 - 1:29
    အခုတော့ ပွဲ့ထဲ ရှေ့ဆက်ပါလိုက်ပါဦး။
Title:
TEDx မိတ်ဆက်။
Description:

TED တာဝန်ခံ Chris Anderson ကနေပြီး TEDx အစီအစဉ်ကို မိတ်ဆက်ထားပါသည်။
TEDx အကြောင်း၊ x သည် သီးခြား စီစဉ်ကျင်းပသောပွဲဟုဆိုလိုသည်။
ပျံ့နှံ့ထိုက်သော စိတ်ကူးများဟူသော ဆိုလိုရင်းအတိုင်း TEDx သည် TED နှင့်အလားတူ တွေ့ကြုံခံစားမှုကို မျှဝေရန် လူအများကို စုစည်းပေးသော ဒေသတွင်း ကိုယ်ထူကိုယ်ထ စီစဉ်ကျင်း
ပသောပွဲများ၏ အစီအစဉ်တစ်ခုဖြစ်ပါသည်။ TEDx ပွဲတစ်ခုတွင် အုပ်စုငယ်လေးတစ်ခုအတွင်း နက်ရှိုင်းသော ဆွေးနွေးမှုနှင့် ဆက်သွယ်မှု အစပျိုးရန် TEDTalks ဗီဒီယိုနှင့် တိုက်ရိုက်ဟောပြောသူများကို ပေါင်းစပ်ထားပါသည်။ ဤ ကိုယ်ထူကိုယ်ထ စီစဉ်ကျင်းပသော ပွဲများကို TEDx ဟူ၍ အမည်တပ်ထားပါသည်။ ဤတွင် x သည် သီးခြား စီစဉ်ကျင်းပသောTED ပွဲဟုဆိုလိုသည်။ TED ညီလာခံသည် TEDx အစီအစဉ်အတွက် ယေဘုယျ လမ်းညွန်ချက် ထောက်ပံ့ပေးသော်လည်း သီးခြား TEDx ပွဲများသည် ကိုယ်ထူကိုယ်ထ စီစဉ်ကျင်းပသော
ေပွဲများသာဖြစ်ပါသည်။ ( အချို့သော စည်းမျဉ်း၊ စည်းကမ်းများသည် အပြောင်းအလဲရှိနိုင်ပါသည်။)

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
01:38
sann tint approved Burmese subtitles for TEDx Introduction
Myo Aung accepted Burmese subtitles for TEDx Introduction
Myo Aung edited Burmese subtitles for TEDx Introduction
sann tint edited Burmese subtitles for TEDx Introduction
sann tint edited Burmese subtitles for TEDx Introduction
sann tint edited Burmese subtitles for TEDx Introduction
sann tint edited Burmese subtitles for TEDx Introduction

Burmese subtitles

Revisions