Return to Video

မုန်တိုင်းနောက်လိုက်သူတစ်ယောက်ဆီက ဓာတ်ပုံများ။

  • 0:01 - 0:04
    အရာရာဟာ ဆက်နွှယ်နေပါတယ်။
  • 0:04 - 0:08
    Shinnecock အင်ဒီယန်း ၁ ယောက်အနေနဲ့
    ဒါကိုသိဖို့ ပျိုးထောင်ခံခဲ့ရပါတယ်။
  • 0:08 - 0:10
    ကျွန်မတို့ဟာ Long Island ရဲ့
    အရှေ့တောင်ဖျားမှာရှိတဲ့
  • 0:10 - 0:13
    ငါးမျှားတဲ့ လူမျိုစုငယ်လေးပါ။
  • 0:13 - 0:16
    New York က Southampton မြို့နားမှာပါ။
  • 0:16 - 0:18
    ကျွန်မငယ်ငယ်တုန်းက ပူပြင်းနွေရာသီ ၁ ရက်မှာ
  • 0:18 - 0:24
    အပြင်ဘက်က နေရောင်ထဲမှာထိုင်ဖို့
    အဖိုးက ခေါ်သွားပါတယ်။
  • 0:24 - 0:27
    ကောင်းကင်မှာ တိမ်တွေမရှိခဲ့ပါဘူး။
  • 0:27 - 0:30
    နောက်ပြီး ခဏအကြာမှာ ကျွန်မဟာ
    ချွေးပြန်လာပါတယ်။
  • 0:30 - 0:34
    နောက် ကောင်းကင်ကိုထိုးပြပြီး
    သူပြောလိုက်တာက
  • 0:34 - 0:37
    ကြည့်စမ်း၊ အဲဒါကို မင်းတွေ့လား၊
  • 0:37 - 0:39
    အဲဒီမှာ ဒါမင်းရဲ့အစိတ်အပိုင်းလေ၊
  • 0:39 - 0:42
    ဒါဟာ မင်းရဲရေက တိမ်တွေ
    ဖြစ်အောင် ကူပေးတာလေ၊
  • 0:42 - 0:46
    ဒါက မိုးဖြစ်လာပြီး အပင်တွေကိုဖြည့်
    ပေးတယ်၊
  • 0:46 - 0:50
    ဒါကနေ တိရိစ္ဆာန်တွေကို ကျွေးမွေးတယ်။
  • 0:50 - 0:53
    ကျွန်မရဲ့ သက်ရှိအားလုံးရဲ့
    ဆက်နွယ်မှုကို သာဓကဆောင်နိုင်တဲ့
  • 0:53 - 0:57
    သဘာဝထဲက အကြာင်းအရာတွေရဲ့
    မပြတ်သေးတဲ့ စူးစမ်းမှုထဲမှာ
  • 0:57 - 1:00
    သမီးက "အမေလုပ်သင့်တာပေါ့"လို့
    ပြောပြီးနောက် ၂၀၀၈မှာ
  • 1:00 - 1:04
    မုန်တိုင်းနောက်လိုက်ခြင်းကို
    စတင်ခဲ့ပါတယ်။
  • 1:04 - 1:10
    ဒီလိုနဲ့ နောက် ၃ ရက်မှာ
    ကားအမြန်မောင်းရင်း
  • 1:10 - 1:17
    စူပါဆဲလ်လို့ခေါ်တဲ့ ရှောက်ခါးသီး
    အရွယ်မိုးသီးနဲ့
  • 1:17 - 1:22
    အံ့ဖွယ် လေဆင်နှာမောင်းတွေ
    ထုတ်လုပ်ပေးနိုင်တဲ့
  • 1:22 - 1:24
    တိမ်ထုကြီး ၁ ခုနောက် လိုက်ဖြစ်သွာတယ်။
  • 1:24 - 1:30
    တကယ်က ၂% ပဲထုတ်ပေးနိုင်တာပါ။
  • 1:30 - 1:35
    ဒီတိမ်စိုင်တွေက မိုင်၅၀အထိ
    ကျယ်ပြန့်နိုင်ပြီး
  • 1:35 - 1:39
    လေထုထဲကို ပေ ၆၅၀၀၀အထိ
    ပျံတက်နိုင်ပါတယ်။
  • 1:39 - 1:42
    ကြီးလွန်းတော့ နေ့အလင်းရောင်
    အကုန်လုံးပိတ်ကာ
  • 1:42 - 1:47
    သူတို့အောက်မှာ အရမ်းမှောင်ပြီး ကြောက်စရာ
    ကောင်းအောင် ရှိနေပါတယ်။
  • 1:47 - 1:50
    မုန်တိုင်းနောက် လိုက်ခြင်းဟာ ထင်သာ
    မြင်သာရှိတဲ့ အတွေ့အကြုံပါ။
  • 1:50 - 1:54
    နောက်ကျောမှာ နွေးထန့်ထန့်
    လေကတိုက်နေပြီး
  • 1:54 - 2:01
    မြေသင်းနံ့၊ ဂျုံခင်း၊ မြက်ခင်းနဲ့
    ပျံ့လွင့်တဲ့ ဒြပ်မှုန်တွေ၊
  • 2:01 - 2:04
    နောက်ပြီး မိုးသီးဖွဲ့နေတဲ့ တိမ်တွေထဲမှာက
  • 2:04 - 2:09
    အရောင်တွေရှ ိတယ်။ အစိမ်းရောင်တွေ၊၊
    စိမ်းပြာပြာအရောင်တွေပေါ့။
  • 2:09 - 2:13
    လျှပ်စီးလက်တာကို အလေးထားတတ်ဖို့
    ကျွန်မသင်ယူထားလိုက်ပြီ။
  • 2:13 - 2:15
    ကျွန်မ ဆံပင်တွေကတော့
    ထောင်နေခဲ့ဖူးတာပေါ့။
  • 2:15 - 2:16
    (ရယ်သံများ)
  • 2:16 - 2:18
    နောက်တာပါနော်။
  • 2:18 - 2:20
    (ရယ်သံများ)
  • 2:20 - 2:23
    ဒီမုန်တိုင်းတွေနဲ့ ပတ်သက်လို့ ကျွန်မကို
    တကယ် စိတ်လှုပ်ရှားစေတာက
  • 2:23 - 2:27
    သူတို့ရဲ့ရွေ့ရှားမှုပါ၊ ဝေ့ဝိုက်၊ ဝဲလည်ကာ
    တအိအိ လှိုင်းထပုံတွေ၊
  • 2:27 - 2:31
    သူတို့ရဲ ချော်ရည်မီးအိမ်လိုမျိုးအဆုပ်
    အဆုပ်တိမ်စိုင်တွေနဲ့လေ။
  • 2:31 - 2:34
    ချစ်စရာကောင်းတဲ့ သတ္တဝါကြီးတွေ
    ဖြစ်လာတာပေါ့။
  • 2:34 - 2:37
    ဒါတွေကို ဓာတ်ပုံရိုက်တုန်း
  • 2:37 - 2:40
    ကျွန်မအဖိုးရဲ့ သင်ခန်းစာကို
    အမှတ်မရပဲ မနေနိုင်ဘူး။
  • 2:40 - 2:42
    တိမ်တွေအောက်မှာ ရပ်မိတဲ့အခိုက်မှာ
  • 2:42 - 2:44
    တိမ်စတစ်ခုကို တွေရုံမကပဲ
  • 2:44 - 2:47
    နားလည်တာက ကျွန်မ မျက်မြင်ဒိဋ္ဌတွေ့ဖို့
    ရတဲ့ အထူးအခွင့်အရေးဟာ
  • 2:47 - 2:52
    တူညီတဲ့အင်အားတွေ၊ ပုံအသေးလေးထဲက
    တူညီတဲ့ဖြစ်စဉ်ပါ၊
  • 2:52 - 2:58
    ဒါက ကျွန်မတို့ရဲ့ ကြယ်စင်စု၊
    နေအဖွဲ့အစည်း၊နေနဲ့
  • 2:58 - 3:03
    ဒီကမ္ဘာကိုတောင်မှပဲ ဖန်တီးဖို့
    ကူပေးတယ်လေ။
  • 3:03 - 3:05
    ဆွေ၊မျိုးအပေါင်းတို့ရေ။ ကျေးဇူးတင်ပါတယ်။
  • 3:05 - 3:08
    (လက်ခုပ်သံများ)
Title:
မုန်တိုင်းနောက်လိုက်သူတစ်ယောက်ဆီက ဓာတ်ပုံများ။
Speaker:
Camille Seaman
Description:

ဓာတ်ပုံသမား Camille Seaman ဟာ မုန်တိုင်းတွေနောက်ကိုလိုက်နေတာ ၅နှစ်တာမျှရှိပါပြီ။
သူမရဲ့ ဟောပြောချက်မှာ ဗလောင်ဆူနေတဲ့အထဲက မိုးကောင်းကင်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ အိပ်မက်ဆန်ဆန် ဓာတ်ပုံများကိုပြသထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
03:26

Burmese subtitles

Revisions