-
ကီရွမ်မှာတော့ လယ်သမားတွေက ကွမ်းပင်စိုက်ကြပေမယ့် ရောင်းရခက်တယ်.
-
ဝမ်မနာမှာတော့ အများစုကကွမ်းဝါးတာကြိုက်ကြပေမယ့် ကွမ်းသီးမရှိဘူး.
-
ဒီအခြေအနေမှာ ကွမ်းပင်ရှိတဲ့ ကီရမ်က မာမာမားမား(ပါပူရမ်အမျိုးသမီးများ)နဲ့ ချိတ်မိဖို့ အခွင့်အရေးရတယ်.
-
မာမာမားမားတွေနဲ့အတူ ကွမ်းသီးတွေကို ၀မ်မနာလမ်းတွေပေါ်မှာ ရောင်းကြတယ်.
-
ကွမ်းသီးလေး ရောင်းခွင့်ပေးပါ။
-
ဒါတွေကို ဘူတိုနိစ် ကုန်သည်တွေဆီက ၀ယ်တယ်.
-
ဒါပေမယ့် အမြတ်မရပါဘူး.
-
ဒီ ပီနန်(ကွမ်းသီး)ဘယ်လောက်လဲ..ရူပီ ၅၀၀၀ ပါ.
-
တခါတလေတော့ ဘူတိုနိစ်ကုန်သည်ဆီက ၀ယ်တယ်.၁ ကီလိုဂရမ်ကို ရူပီ ၇ သောင်းပေးရတယ်.
-
ပြီးခဲ့တဲ့ရက်အတည်းငယ်ကတော့ ရူပီ ၆၅၀၀၀ ဖြစ်သွားတယ်.
-
ဒါကို ၀ယ်ပြီးတာနဲ့ မနက်ကနေ ညအထိ ဒီနေရာမှာ ဖြန့်ခင်းရောင်းတယ်.
-
ညဆိုရင် ည ၈ နာင်္ရီကနေ ၉ အထိ ရောင်းတယ်.
-
တခါတလေ ရောင်းမကုန်ရင်တော့ အိမ်ပြန်သယ်သွားတာပေါ့.
-
ကွမ်းသီးတွေက စတိုးဆိုင်တွေမှာလည်း ရောင်းတော့လေ..သူတို့ကို ယှဉ်ရောင်းဖို့ ခက်တာပေါ့.
-
ဒီစတိုးမှာဆိုရင် ရေနံဆီ၊ ဟင်းချက်ဆီနဲ့ တခြားဟာတွေ ရောင်းတယ်.
-
ဒီတော့ ကျွန်မတို့ မာမာမားမား(ပါပူရမ်အမျိုးသမီး)တွေ ဘာလုပ်ကိုင်စားရမလဲ.
-
ကျွန်မတို့ သူတို့နဲ့ အတိုက်အခံ မဖြစ်လိုပါဘူး။
-
ဒါပေမယ့် ပါပူရမ်အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဘယ်လိုရယူမလဲ.
-
စလုပ်ဖို့သူတို့မှာ ပိုက်ဆံမရှိရင် ကျွန်မတို့ကူတယ်.
-
ဒီတော့ သူတို့က ၀ယ်ဖို့အတွက် ဖြန့်ချိရေးအေးဂျင့်တွေ ဖြစ်လာတယ်.
-
ကွမ်းပင်ရှိတဲ့ မာမာမားမား တွေဟာလည်း ကွမ်းသီးရဖို့အတွက် အေးဂျင့်တွေဖြစ်လာတယ်.
-
ကောင်းတဲ့ ယှဉ်ပြိုင်ခြင်းပါပဲ.
-
အခက်အခဲတွေရင်ဆိုင်ရပေမယ့် YTHP က Father က ကျွန်မတို့လုပ်ငန်းကို ကူညီပေးတယ်.
-
သူက သိပ်ကြင်နာတယ်.သူ့အကူအညီဟာ ကျွန်မတို့အတွက် အင်မတန်အားဖြစ်တယ်.
-
ဒီတော့ ဒီစီးပွားရေးဟာ ကျွန်မတို့ ဘ၀တွေကို ပိုမိုကောင်းစေ၊ပျော်စေမယ် လို့ မျှော်လင့်တယ်.
-
YTHP(Yayasan Teratai Hati Papua) က ကျွန်မတို့ကို ကူညီနေတာပါ.
-
ဒီအကူအညီက ကျွန်မတို့အတွက် အင်မတန် ထိရောက်တယ်.
-
ကျွန်မတို့တွေ ကွမ်းသီးကို ရောင်းနိုင်ပေမယ့် အရင်နဲ့တော့ မတူဘူး။
-
YTHP က ကွမ်းသီး (၂ )ကီလိုဂရမ်ဝယ်နိုင်အောင် အထောက်အပံ့ပေးတယ်.
-
ကျွန်မတို့ (၃)ကီလိုဂရမ်လောက် ၀ယ်နိုင်ပါတယ်.ကျွန်မတို့ပေါ်ပဲမူတည်တာပါ..၂ ကီလိုဂရမ်အထက် ထပ်လိုချင်ရင် ကိုယ့်ဟာကိုယ်ပိုက်ဆံပေးဝယ်နိုင်တယ်.
-
ကွမ်းသီးကတော့ ဈေးကြီးနိုင်ပေမယ့် အဲဒီဈေးအတက်အကျက ပြသနာမဟုတ်တော့ဘူး။
-
ကျွန်မတို့ ဈေးနဲ့ ကျွန်မတို့ရောင်းတယ်.သတ်မှတ်ဈေးနဲ့ပေါ့.
-
(၁)ကီလိုဂရမ် ယူတယ်.အကုန်ရောင်းနိုင်ရင် ရူပီ ၁၄၀,၀၀၀ …၁၅၀,၀၀၀ လောက်ရတယ်.
-
အဲဒိတော့ ရူပီ ၇၀,၀၀၀ ပြန်ပေးနိုင်တာပေါ့.
-
အစိုးရကိုတော့ ကျွန်မတို့ကို ကြည့်ပါဦးလို့ တောင်းဆိုဖူးပါတယ်.
-
ပါပူရမ်အမျိုးသမီးတွေက ပစ္ဆ္စ္စည်းသေးသေးလေးတွေကိုပဲ ရောင်းနိုင်ကြတာပါ.
-
ကုန်သည်ကြီးတွေကို ကွမ်းသီးတွေရောင်းနိုင်မယ့် အခွင့်အရေး မပေးလိုက်ပါနဲ့.
-
ကွမ်းသီးထက် အခြားကုန်တွေရောင်းဖို့သာ ကုန်သည်ကြီးတွေကို အခွင့်ပေးသင့်ပါတယ်.
-
စတိုးဆိုင်အပြင် စားပွဲသေးလေးပေါ်မှာ ကြက်သွန်၊ကွမ်းသီးတို့ကို တင်မရောင်းပါနဲ့။ အဲဒီအခွင့်အရေးကို ပါပူရမ်အမျိုးသမီးတွေကို ပေးပါဦး။
-
ပါပူရမ်တွေကသာ ဒီပစ္ဆ္စ္စ္စ္ဆ္စ္စ္စ္စည်းလေးတွေကို ရောင်းသင့်တာပါ..စတိုးဆိုင်တွေမဟုတ်ပါဘူး။
-
ကျွန်မတို့ကို သနားပါဦး…