စိတ်မှာတင်မဟုတ်ပဲ တစ်ကိုယ်လုံးနဲ့ပါ
ရှင်တို့မှတ်မိမယ့် ဇာတ်လမ်းတစ်ပုဒ်
ကျွန်မ တင်ပြနိုင်မယ်ဆိုရင် ဘာဖြစ်မလဲရှင်။
တစ်ဘဝလုံး သတင်းစာသမား အဖြစ်နဲ့
ထူးခြားပြီး လူတွေကို ဂရုထားဖို့
စေ့ဆော်တဲ့
ဇာတ်လမ်းတွေ ကြိုးစား ဖန်တီးဖို့
ဖမ်းစားခံရတယ်။
ပုံနှိပ်ဌာနမှာ လုပ်တယ်။
မှတ်တမ်းတင်မှာ လုပ်တယ်။
အသံလွှင့်တာမှာ လုပ်ဖူးတယ်။
ဒါပေမဲ့ ကျွန်မကို ဘဝင်ခိုက်စေတဲ့ လူတွေဆီက
တကယ်ပြင်းထန်ပြီး အစစ်အမှန်တုံ့ပြန်မှုတွေ
မမြင်ရသေးခင်အထိတော့ အသွင်တူဖန်တီးခြင်းနဲ့
မပတ်သက်မိခဲ့ပါဘူး။
ဒီတော့ ပတ်သက်နေတာက VR အသွင်တူဖန်တီးခြင်းပါ
ရှင်တို့ကို ဇာတ်လမ်း အလယ်က မြင်ကွင်းမှာ
တင်ပေးလို့ရတယ်။
ကိုယ်ဘယ်ကို ကြည့်ကြည့် ခြေရာခံတဲ့
ဒီမျက်မှန်တွေ တပ်လိုက်တာနဲ့
ဒါကို တကိုယ်လုံး အာရုံခံစားလို့ရပါတယ်၊
ကိုယ်တကယ်ပဲ အဲဒီမှာ ရှိနေသလိုမျိုးပေါ့။
ဒီတော့ လွန်ခဲ့တဲ့ ၅ နှစ်က
စာအိတ်ကို အသွင်တူဖန်တီးခြင်း၊
သတင်းစာပညာနဲ့အတူ
တွန်းတင်ဖို့ စခဲ့တုန်းကပါ။
ငတ်မွတ်တဲ့အကြောင်း
အပိုင်းတစ်ခု လုပ်ချင်ခဲ့တာ။
အမေရိကက မိသားစုတွေ ငတ်နေတယ်၊
အစာ ဘဏ်တွေဟာ ကသောင်းကနင်းနဲ့။
ဒါတွေဟာ မကြာခဏကို
အစာကုန်ကုန်နေတယ်။
ကဲ လူတွေ မငတ်နိုင်အောင်လုပ်ဖို့
ကျွန်မသိတယ်။
ဒါပေမဲ့ သူတို့ ရုပ်ပိုင်းခံစားလို့ရမယ့်
နည်း ၁ ခု မှန်းဆနိုင်လောက်တယ်ပေါ့။
ဒီတော့ တစ်ခါ၊ ဒါက ပြီးခဲ့တဲ့ ၅ နှစ်ကပါ။
ဒီတော့ သတင်းစာပညာနဲ့ အသွင်တူ
ဖန်တီးခြင်းကို တွဲလိုက်တာဟာ
မကျက်တကျက် စိတ်ကူးထက်
ပိုဆိုးတယ်လို့ အထင်ခံခဲ့ရတယ်။
ကျွန်မမှာ ရံပုံငွေ မရှိဘူး။
တကယ်ပြောတာ၊ လုပ်ဖော်ကိုင်ဖက်
အများကြီးမရှိခဲ့ဘူး။
ဒါပေမဲ့ ကျွန်မမှာရှိတာဆိုလို့အရမ်းတော်တဲ့
အလုပ်သင်တစ်ယောက်တော့ ရှိတယ်။
Michaela Kobsa-Mark ဆိုတဲ့
အမျိုးသမီးပါ။
နှစ်ယောက်သား အစာဘဏ်တွေကိုသွားပြီး
အသံတွေ၊ ဓာတ်ပုံတွေကို မှတ်တမ်းယူတယ်။
တစ်နေ့ ရုံးကို ပြန်မလာခင်အထိပေါ့၊
သူမဟာအော်နေ၊ ငိုနေတာပေါ့။
သူမဟာ တန်းအရှည်ကြီး စီခဲ့ရတယ်၊။
အဲဒီမှာ မိန်းမတစ်ယောက်ဟာ
ပြေးလွှားနေပြီး အုတ်အော်သောင်းနင်းနဲ့လေ။
သူမအော်နေတာက
"လူတွေ တအားများတယ်၊"
"လူတွေ တအားများတယ်၊"
ဒီဆီးချိုဖြစ်တဲ့လူက အစာ အချိန်မီမရဘူး၊
သူ့သွေးထဲက သကြားဓာတ်ဟာ
အရမ်းကျပြီး မူးလဲကျသွားတယ်။
ကျွန်မ အဲဒီ အသံ ကြားကြားချင်းပဲ
ဒါဟာ အစာဘဏ်မှာ ဖြစ်နေတာကို
တကယ် သရုပ်ဖော်နိုင်တဲ့
စိတ်အာရုံ နှိုးဆွတဲ့ အပိုင်းဆိုတာ
သိလိုက်တယ်။
ဒါက တကယ့် အတန်းကြီးပါ။ ဘယ်လောက်
ရှည်လဲဆိုတာ မြင်နိုင်ပါတယ်နော်။
ပြီးတော့ ပြောခဲ့သလို ရံပုံငွေက
များများစားစား မရှိဘူး။
ဒါကြောင့် လှူထားတဲ့ လူ့အသွင်တူတွေနဲ့
ပြန်ထုတ်ရတယ်၊
ပုံစံတူတွေဖန်တီးဖို့ လူတွေကို
တောင်းပန်၊ ငှားရမ်း ကူညီခိုင်း
ပစ္စည်းတွေကို တတ်နိုင်သလောက်
တိကျအောင်လုပ်တယ်
ဒီနောက်တော့ အဲဒီနေ့က ဖြစ်တာနဲ့
တတ်နိုင်သမျှတော့
အတိကျဆုံး အသိပေးပါတယ်။
(ဗီဒီယို) လူတွေ တအားများတယ်။
လူတွေ တအားများတယ်။
(အသံ) အိုကေ၊ သူလေဖြတ်နေတယ်။
(အသံ) လူနာတင်ယဉ် တစ်စီးလိုတယ်။
NP: ဒီတော့ ညာဖက်က လူက
သူ့အတွက် ခန္ဓာအပါးမှာ လမ်းလျှောက်နေတာ၊
သူ့အတွက် သူက ဒီခန္ဓာနဲ့ အခန်းထဲမှာပါ။
ဆိုပါစို့၊ ဒီလူက သူ့ခြေထောက်မှာပါ။
သူ့ရဲ့ အပယိက အမြင်ဆိုတာတောင်မှ
သူဟာ ဒီအခန်းနေရာလွတ်မှာ ရှိတာကို မြင်ရတယ်။
တကယ်တော့ သူဟာ လမ်းပေါ်မှာ
မဟုတ်တာကို မြင်နိုင်သင့်ပေမဲ့
ဒီလူတွေနဲ့အတူ အဲဒီမှာ
သူရှိသလိုမျိုးခံစားရတယ်။
အဲဒီမှာ တကယ်မရှိတဲ့ကောင်ကို မနင်းမိအောင်
သတိထားနေရတယ်မို့လား။
ဒီတော့ ဒီအပိုင်းဟာ ၂၀၁၂ Sundance
ကိုသွားတာနဲ့ အဆုံးသတ်တယ်၊
အံ့ဩစရာကောင်းတဲ့အရာမျိုးဖြစ်ပြီး
အခြေခံအားဖြင့်တော့ ပထမဆုံး
အသွင်တူဖန်တီးတဲ့ ရုပ်ရှင်ပါ။
ကျွန်မတို့သွာတော့ အတော်ကို လန့်သွားမိတယ်။
လူတွေ ဘယ်လိုတုံ့ပြန်မယ်၊ ဘာတွေဖြစ်မယ်ဆိုတာ
တကယ်ကို မသိခဲ့ဘူး။
ဒီတိပ်ပတ်ထားတဲ့ ပြွန်နဲ့ ပေါ်လာခဲ့တာပါ။
(ဗီဒီယို) အိုး၊ မင်းငိုနေတယ်၊ ငိုနေတယ်၊
Gina မင်းငိုနေတယ်။
ဒီတော့ ကျွန်မအသံထဲက အံ့ဩမှုကို
ကြားတယ်မို့လား။
ဒီလိုမျိုး သရုပ်ဆောင်မှုက ထပ်ကာ ထပ်ကာ
ကျွန်မတို့ မြင်ရတဲ့
သရုပ်ဆောင်မှုမျိုးနဲ့ အဆုံးသတ်သွားတယ်။
မြေပြင်ပေါ်က လူတွေဟာ လေဖြတ်တဲ့
လူနာကို နှစ်သိမ့်ဖို့ ကြိုးစားနေတယ်၊
မလုပ်နိုင်တာတောင် သူ့နားထဲ တီးတိုးပြောတာ
ဒါမှမဟုတ်အကူပေးနိုင်တဲ့နည်းနဲ့
ကြိုးစားနေတာလေ။
ဒီအပိုင်းလူတွေ အများကြီးကို
ထွက်ပြီး ပြောခိုင်းတာက
"အို့ ဘုရားရေ ခံပြင်းလိုက်တာ၊
ဒီလူကို မကူညီနိုင်ခဲ့ဘူး။"
ဒါကို သူတို့ဘဝထဲ ပြန်ပေးလိုက်တယ်။
ဒါနဲ့ ဒီအပိုင်းပြီးတော့
USC က ရုပ်ရှင်သင်တန်းကျောင်းရဲ့
တက္ကသိုလ် မဟာဋ္ဌာနမှုးက
"Hunger" ကိုစမ်းကြည့်ဖို့ ကမ္ဘာ့
စီးပွားရေးဖိုရမ်မှ ဦးစီးကို ခေါ်လာတယ်၊
မျက်မှန်တွေ ချွတ်လိုက်ပြီး
အကြောင်း အပိုင်းတစ်ခုကို
ချက်ချင်း တာဝန်ပေးတယ်။
ဆီးရီးယား Syria ဒုက္ခသည် ကလေးတွေအကြောင်း
တကယ် လုပ်ချင်တယ်၊
အကြောင်းဆီးရီးယား ပြည်တွင်းစစ်မှာ
ကလေးတွေခံရတာက အဆိုးဆုံးမို့ပါ။
ဒုက္ခသည်စခန်းက ပစ္စည်းမှတ်တမ်းယူဖို့
အီရတ်နယ်စပ်ကို အဖွဲတစ်ဖွဲ့ စေလွတ်လိုက်တယ်။
အဓိကကတော့ အခုဆို အဖွဲ့ စေလွတ်မှာ မဟုတ်ဘူး၊
အဲဒီနေရာက ISIS တွေ
လှုပ်ရှားတဲ့နေရာဖြစ်လို့ပါ။
အဲဒီနောက် ကလေးမလေး သီချင်းဆိုနေတုန်း
ဗုံးတစ်လုံး ပေါက်ကွဲတဲ့ လမ်းပေါ်က
မြင်ကွင်း တစ်ခုကို ပြန်ဖန်တီးပါတယ်။
ကဲ ရှင်တို့ မြင်ကွင်းအလယ်မှာ ရှိတဲ့အခါ
အသံတွေကို ကြားရတယ်၊
ကိုယ့်ဘေးက ဒဏ်ရာရသူတွေကို တွေ့ရတယ်။
ဒါက အရမ်း ကြောက်စရာကောင်းပြီး
တကယ်ခံစားမှု တစ်ခုပါ။
တကယ် ဗုံးပေါက်ကွဲမှုမှာ
ပါဝင်တဲ့လူတွေကို ဒါက
တူညီတဲ့ ကြောက်ရွံ့မှုမျိုးကို သတိရစေလား
ပြောပြခိုင်းတယ်။
(ဆီးရီးယား ပြည်တွင်းစစ်က
အဝေးကြီးမှာလို့ ထင်ရတယ်)
(ဒါကို ကိုယ်တိုင် မခံစားရ မချင်းပေါ့)
(မိန်းကလေး သီချင်းဆိုခြင်း)
(ပေါက်ကွဲသံ)
(ဆီးရီးယား ပရောဂျက်)
(အသွင်တုဖန်တီးခြင်း အတွေ့အကြုံ)
NP: နောက်ပြီး လန်ဒန်က Victoria နဲ့ Albert
ပြတိုက်ကို ဒီအပိုင်း ယူလာဖို့ အဖိတ်ခံရတယ်
ဒါက မကြော်ငြာခဲ့ပါဘူး။
ကျွန်မတို့ကို ဒီရွှေချည်ထိုးခန်းထဲမှာ
ထားတယ်။
သတင်းထုတ်ပြန်မှု မရှိဘူး။
ဒီတော့ အဲဒီနေ့မှာ ပြတိုက်ကို ရောက်ဖြစ်
သူတွေဟာ ဒီကြောင်တောင်တောင် မီးတွေနဲ့
ကျွန်မတို့ကို တွေခဲ့ပါလိမ့်မယ်။
သူတို့တွေဟာ ရွှေချည်ထိုး ရှေးက
ပုံပြောခြင်းကို မြင်ချင်တာ ဖြစ်နိုင်တယ်။
သူတို့တွေ အသွင်တုကင်မရာတွေနဲ့
ထိပ်တိုက်တွေ့သွားတယ်။
ဒါပေမဲ့အများအပြား စမ်းကြည့်ပြီး
၅ ရက်ကျော် ပြခဲ့ပြီး
စာမျက်နှာ ၅၄ မျက်နှာရှိတဲ့ ဧည်သည်
တော်မှတ်တမ်းနဲ့ အဆုံးသတ်သွားတယ်။
အဲ့ဒီက ထိန်းသိမ်းသူတွေက မြိုင်ဆိုင်တာ
တစ်ခါမှ မမြင်ဖူးကြဘူ။တဲ့။
ဒီလိုမျိုး "တကယ့်အတိုင်းပဲ"
"လုံး၀ ယုံစရာကွာ"
ဒါမှမဟုတ် တကယ်ကို စိတ်လှုပ်ရှားမိတာက
"တီဗီ သတင်းတွေမှာ မြင်နေကျ တစ်ခုခုထဲကို
တကယ်များ ရောက်နေသလား ခံစားရတယ်။"
ဒီတော့ အလုပ်ဖြစ်တယ်မို့လား။
ဒါက အလုပ်ဖြစ်တယ်။
ရှင်တို့ ဘယ်ရောက်နေနေ၊ ဘယ်အရွယ်
ပဲဖြစ်ဖြစ် အကြာင်းမဟုတ်ဘူး။
ဒါဟာ တကယ်ကို စိတ်အာရုံကို နှိုးဆွပေးတယ်။
ကဲ တလွဲ မထင်နဲ့ဦး။ အပိုင်းတစ်ခုထဲ
ရောက်တဲ့အခါ၊ ကိုယ်ဒီမှာ ရှိနေတယ်ဆိုတာ
ရှင်မေ့သွားတယ်လို့ ပြောနေတာ မဟုတ်ဘူး။
ဒါပေမဲ့ တစ်ချိန်တည်း ၂ နေရာမှာ
ရှိသလို ခံစားရတာမျိုး ဖြစ်သွားတယ်။
ဒွိတည်ရှိမှု ဆိုတာကို ခံစားနိုင်ပြီး
ဒါက ကျွန်မကို မျှဝေခခံစားခြင်း စိတ်သဘော
ကို ဆက်သွယ်ခွင့်ပေးတာလို့ ထင်ပါတယ်။
ဟုတ်တယ်နော်။
ဒီတော့ တကယ်က ဒီအပိုင်းတွေကို
ဖန်တီးရာမှာ အရမ်းကို ဂရုစိုက်ဖို့
လိုတယ်လို့ ဆိုလိုတာပါ။
စာနယ်ဇင်းဆိုင်ရာ ထုံးစံတွေကို
တကယ်ပဲ လိုက်နာဖို့လိုပြီး
ဒီဇာတ်လမ်းတွေကို ရိုးဖြောင့်မှုနဲ့
ဆောက်တည်တာ
သေချာအောင်လုပ်ရပါတယ်။
အထည်တွေကို ကိုယ်တိုင် မရိုက်ကူးတာဆိုရင်
ဇာစ်မြစ်ကိုလိုက်ပြီး မှန်းဆတာကို အင်မတန်
တိကျအောင်လုပ်ဖို့လိုပြီး ဒီပစ္စည်းက
ဘယ်ကလာတယ်၊ အစစ်အမှန်ရော
ဟုတ်ရဲ့လား ဆိုတာပေါ့။
ဥပမာ တစ်ခုပေးပါရစေ။
ဒီ Trayvon Martin အမှုပါ၊ ဒါက ၁၇ နှစ်သား
ကောင်လေး၊ စတိုးဆိုင်က ဆိုဒါရည်နဲ့
သကြားလုံးဝယ်ပြီး
အိမ်အပြန်မှာ အိမ်နီးချင်းစောင့်ကြည့်
သူ George Zimmerman ရဲ့
လိုက်တာခံရပြီး ကောင်လေးကို သူက
ပစ်သတ်တာနဲ့ အဆုံးသတ်လိုက်တယ်။
ဒီအပိုင်းကို ဖန်တီးဖို့
အဆောက်အဦ တစ်ခုလုံးရဲ့ ဗိသုကာပုံ
တွေကိုယူ၊ ဒီပုံတွေကို အခြေခံကာ
မြင်ကွင်းတစ်ခုလုံးကို မကုန်အစင်
ပြန်ဆောက်ခဲ့တယ်။
ဖြစ်ရပ်တစ်ခုလုံးကို
၉၁၁ က ရဲကို ခေါ် တဲ့ အသံသွင်းထား
တာတွေကနေ သတင်းပို့တယ်။
စိတ်ဝင်စားစရာက ဒီဇာတ်လမ်းနဲ့
သတင်းတွေကို လွှင့်တယ်။
ဒီ အသံကို ပြန်တည်ဆောက်တဲ့
မှုခင်းဆေးပညာဋ္ဌာန Primeau Productions
ကပြောတာက သူတို သက်သေခံမှာက
George Zimmerman ကားထဲ့ကထွက်ချိန်မှာ
Martin ကို မလိုက်ခင် သူ့သေနတ်ကို
မောင်းတင်လိုက်တယ်တဲ့။
ဒီတော့ စာနယ်ဇင်းပညာရဲ့
အခြေခံမူတွေကို နားလည်နိုင်ပါတယ်။
ဒါတွေက ဒီမှာ မပြောင်းသွားဘူး မို့လား။
အမြဲတမ်းလိုက်နာမယ့် ဒီမူတွေကို
ကျွန်မတို့ လိုက်နာနေတုန်းပါ။
မတူတာက မြင်ကွင်းမှာ ရောက်ရှိနေတဲ့ သဘောပါ။
ငတ်ပြီး လဲကျသွားတဲ့လူကို ကြည့်နေတာဖြစ်စေ၊
ဗုံးပေါက်တဲ့ မြင်ကွင်းမှာ
ရှိနေတာမျိုး ဖြစ်ဖြစ်ပါ။
ဒါမျိုးက ဒီအပိုင်းတွေနဲ့ ကျွန်မကို
ရှေ့သို့ မောင်းနှင်ထားပြီး ဒါတွေကို
ဘယ်လိုဖန်တီးမလဲ တွေးမိစေတယ်။
သိသိသာသာ နားကြပ်ကိုကျော်လွန်ပြီး ဒါကို
ပိုရရှိအောင် ဖန်တီးဖို့ ကြီုးစားနေပါတယ်။
Trayvon Martin လိုမျိုး
မိုဘိုင်း အပိုင်းတွေ ဖန်တီးနေပါတယ်။
ဒီပစ္စည်းတွေဟာ သက်ရောက်မှု ရှိထားပါတယ်။
အမေရိကန်တွေကို
သူတို့လှူထားတာတွေကို ပြောခိုင်းတယ်၊
ဘဏ်စာရင်းက တိုက်ရိုက် ဖြတ်ပြီး ငွေကို
ဆီးရီးယား ကလေးဒုက္ခသည်တွေဆီသွားဖို့ပေါ့။
"Hunger in LA က သတင်းစာပညာ
ပုံစံသစ်စဖို့
ကူညီပေးပြီး အနာဂတ်မှာ
အခြား ပုံမှန်စနစ်တွေနဲ့
ပူးပေါင်းတော့မယ်လို့
ထင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)