1 00:00:06,553 --> 00:00:08,883 ခင်ဗျားတို့ဟာ အချိန်ပါတဲ့ ရက်ချိန်းကို ရယူခဲ့ပေမဲ့ 2 00:00:08,883 --> 00:00:12,083 ဆရာဝန်အတွက် နာရီများစွာကြာ စောင့်ခဲ့ရဘူးပါသလား။ 3 00:00:12,083 --> 00:00:16,253 ဟော်တယ် တစ်ခုခုက နေရာပြည့်နေလို့ ခင်ဗျားရဲ့ မှာထားမှုကို ငြင်းခဲ့ဘူးသလား။ 4 00:00:16,253 --> 00:00:20,264 ဒါမှမဟုတ် လက်မှတ် ဝယ်ခဲ့လျက်နဲ့ လေယာဉ်ပေါ် တက်ခွင့် မရခဲ့တာ ကြုံခဲ့ဘူးလား။ 5 00:00:20,264 --> 00:00:22,803 ဒါတွေ အားလုံးဟာ လိုတာထက် တိုးပြီး ရောင်းခဲ့မှုတွေပါ၊ 6 00:00:22,803 --> 00:00:25,015 လုပ်ငန်း ဌာနများက သူတို့မှာ ရှိတဲ့ နေရာများထက် 7 00:00:25,015 --> 00:00:29,034 တိုးပြီး ရောင်းချလေ့ ရှိကြတဲ့ လုပ်ရိုးလုပ်စဉ် ကြောင့်ပါ။ 8 00:00:29,034 --> 00:00:31,264 အဲဒါ သုံးစွဲသူများအတွက် စိတ်ပျက်စရာကောင်းပေမဲ့၊ 9 00:00:31,264 --> 00:00:33,715 တိုးပြီး ရောင်းချမှုက လုပ်ငန်း အမြတ်ကို တိုးလာစေသလို 10 00:00:33,715 --> 00:00:37,805 သူတို့ရဲ့ အရင်းအမြစ်များအား အသုံးချမှုကို ကောင်းမွန်လာစေပါတယ်။ 11 00:00:37,805 --> 00:00:40,786 လူတိုင်းဟာ သူတို့ရဲ့ ရက်ချိန်းတွေမှာ၊ မှာယူထားမှု၊ လေယာဉ် 12 00:00:40,786 --> 00:00:41,565 ခရီးစဉ်များအတွက် 13 00:00:41,565 --> 00:00:42,525 ပေါ်လာကြမှာ မဟုတ်ဘူး 14 00:00:42,525 --> 00:00:46,667 ဆိုတာ သိကြလို့ လက်တွေ့ ရှိတာထက်ကို တိုးပြီး ရောင်းချကြတာပါ။ 15 00:00:46,667 --> 00:00:51,455 လေကြောင်း ကုမ္ပဏီတွေဆိုရင် အဲဒီလို အဖြစ်အများဆုံး သာဓကပါ။ 16 00:00:51,455 --> 00:00:55,407 နှစ်စဉ်နှစ်တိုင်း လူ ၅၀၀၀၀ တို့ဟာ သူတို့ လေယာဉ်ကို မစီးရဘဲ ငြင်းပယ်ခံကြရတယ်။ 17 00:00:55,407 --> 00:00:59,426 စာရင်းအင်းနဲ့ တွက်ချက်ပြီး လက်မှတ် ဘယ်လောက် ရောင်းရမှာကို ဆုံးဖြတ်ကြတဲ့ 18 00:00:59,426 --> 00:01:04,207 လေကြောင်း ကုမ္ပဏီတွေအတွက် အဲဒီ ကိန်းဂဏန်းဟာ အံ့အားသင့်စရာပါ။ 19 00:01:04,207 --> 00:01:05,607 အဲဒါဟာ တွက်ရန် ခက်ခဲလှပါတယ်။ 20 00:01:05,607 --> 00:01:08,886 လျော့ပြီး ရောင်းလိုက်ရင် နေရာတွေ အလဟသ ဆုံးရှုံးသွားကြမယ်။ 21 00:01:08,886 --> 00:01:12,507 ရောင်းတာ သိပ်များရင်၊ သူတို့ဟာ ဒဏ်ငွေတွေ ပေးချေရမယ်- 22 00:01:12,507 --> 00:01:17,727 ငွေကြေး၊ အခမဲ့ ခရီးစဉ်၊ နေဖို့ ဟော်တယ်တွေ ပေးရတဲ့ အပြင် မကျေနပ်သူတွေ ရှိလာမယ်။ 23 00:01:17,727 --> 00:01:21,556 သူတို့ရဲ့ တွက်ချက်ပုံကို ရှင်းပြဖို့ ရိုးရှင်းတဲ့ ပုံသေနည်း တစ်ခုကို ချပြမယ်။ 24 00:01:21,556 --> 00:01:24,268 ခရီးစဉ် တချို့အတွက် ဘယ်သူတွေ လာကြပြီး ဘယ်သူတွေ မလာကြတာကို 25 00:01:24,268 --> 00:01:28,389 လေကြောင်း ကုမ္ပဏီများဟာ တစ်နှစ်တာအတွက် အချက်အလက်တွေကို စုစည်းခဲ့ကြတယ်။ 26 00:01:28,389 --> 00:01:31,047 ဥပမာ၊ လမ်းကြောင်း တစ်ခုခုမှာ ဆိုရင်၊ 27 00:01:31,047 --> 00:01:37,047 ခရီးသည် တစ်ဦး အချိန်မီ ရောက်လာမယ့် အလားအလာဟာ ၉၀% ရှိတာကို သိလာရတယ်။ 28 00:01:37,051 --> 00:01:38,513 ရိုးရှင်းမှုအတွက်ငှာ 29 00:01:38,513 --> 00:01:41,372 ခရီးသည်တိုင်းဟာ မိသားစု သို့မဟုတ် မိသားစုလိုက် မဟုတ်ဘဲ 30 00:01:41,372 --> 00:01:44,182 တစ်ဦးချင်း ခရီးသွားမယ်လို့ ယူဆကြပါမယ်။ 31 00:01:44,182 --> 00:01:49,652 အဲ့တော့၊ လေယာဉ်တွင် ထိုင်ခုံ ၁၈၀ ရှိလို့ သူတို့က လက်မှတ် ၁၈၀ ကို ရောင်းလိုက်ရင်၊ 32 00:01:49,652 --> 00:01:54,832 လေယာဉ်ကို တက်ဖြစ်မယ့် သူတွေဟာ ၁၆၂ ဦးရှိဖို့ အလားအလာများပါတယ်။ 33 00:01:54,832 --> 00:01:58,132 လက်တွေ့မှာ၊ ခရီးသည်တွေ တိုးပြီး ရောက်လာနိုင်ကြသလို၊ 34 00:01:58,132 --> 00:02:00,121 နည်းချင် နည်းနိုင်တာ အမှန်ပါပဲ။ 35 00:02:00,121 --> 00:02:02,773 အဲဒီလို အလားအလာ ရှိနိုင်တဲ့ တန်ဖိုး တစ်ခုချင်းစီကို 36 00:02:02,773 --> 00:02:04,976 binomial distribution မှ ရရှိနိုင်တယ်၊ 37 00:02:04,976 --> 00:02:07,783 အလားအလာ အများဆုံး နေရာမှာ အကြီးဆုံး ဂဏန်းကို ပြပါတယ်။ 38 00:02:07,783 --> 00:02:09,764 အခုတော့ ဝင်ငွေကို လေ့လာကြည့်ကြပါစို့။ 39 00:02:09,764 --> 00:02:11,913 လေကြောင်းကုမ္ပဏီတွေ လက်မှတ် ရောင်းတိုင် ဝင်ငွေ 40 00:02:11,913 --> 00:02:15,095 ရကာ၊ ငြင်းပယ်ခံရသူတိုင်း အတွက် ကျခံဆုံးရှံးမှုတွေ ရှိပါတယ်။ 41 00:02:15,095 --> 00:02:20,984 လက်မှတ်ဟာ $၂၅၀ တန်ပြီး နောက်ပိုင်း ခရီးစဉ်ဆီ လွဲပြောင်းမရဘူးလို့ ခံယူကြမယ်။ 42 00:02:20,984 --> 00:02:24,834 ခရီးသည်ကို လက်မခံ ငြင်းပယ်မှုကျတော့ $800 ကုန်ကျခံရမယ်။ 43 00:02:24,834 --> 00:02:27,084 ဒီဂဏန်းတွေကို သာဓကအဖြစ် တွက်ပြရန် ဖေါ်ပြပေးတာပါ။ 44 00:02:27,084 --> 00:02:29,654 လက်တွေ့ ပမာဏတွေ ခြားနားနိုင်ကြပါတယ်။ 45 00:02:29,654 --> 00:02:36,084 ဒီတော့ လက်မှတ်တွေကို တိုးပြီး မရောင်းခဲ့ပါက $၄၅၀၀၀ ရမယ်။ 46 00:02:36,084 --> 00:02:40,396 ၁၅ တိုးပြီး ရောင်းလိုက်ပြီး အနည်းဆုံး လူ ၁၅ ရောက် မရောက်မလာကြပါက၊ 47 00:02:40,396 --> 00:02:44,056 ကျွန်ုပ်တို့ $၄၈၇၅၀ ရရှိကြပါမယ်။ 48 00:02:44,056 --> 00:02:46,115 အဲဒါဟာ အကောင်းဆုံး ရလဒ်ပါ။ 49 00:02:46,115 --> 00:02:48,845 အဆိုးဆုံး အဖြစ်က လူတွေ အားလုံး လာခြင်းပါ။ 50 00:02:48,845 --> 00:02:55,669 ကံဆိုးမယ့် ခရီးသည် ၁၅ ဦး ငြင်းခံရမှာမို့လို့ ဝင်ငွေ $၃၆၇၅၀ သာ ရမယ်။ 51 00:02:55,669 --> 00:02:59,777 ကနဦး နေရာ ၁၈၀ ကိုသာ ရောင်းခဲ့မှာထက်ကို ဝင်ငွေဟာ နည်းသွားတယ်။ 52 00:02:59,777 --> 00:03:03,928 ဒါပေမဲ့ ကိုယ်ရွေးလိုက်တဲ့ ပုံသေနည်းက ဘဏ္ဍာရေးအရ ကောင်းလား ဆိုးတာထက် 53 00:03:03,928 --> 00:03:06,776 အရေးကြီးတာက ဖြစ်နိုင်မယ့် အလားအလာပါ။ 54 00:03:06,776 --> 00:03:09,596 တစ်ခုချင်းစီရဲ့ အလားအလာက ဘယ်လိုများလဲ။ 55 00:03:09,596 --> 00:03:13,116 ကျွန်ုပ်တို့ဟာ ခုနက binomial distribution ကိုသုံးပြီး ရှာယူနိုင်ပါတယ်။ 56 00:03:13,116 --> 00:03:18,517 ဒီဥပမာထဲမှာ၊ ခရီးသည် ၁၉၅ ဦး အတိအကျ ရောက်လာကြမယ့် အလားအလာဟာ 57 00:03:18,517 --> 00:03:21,167 ၀% နီးပါးပါပဲ။ 58 00:03:21,167 --> 00:03:28,738 ခရီးသည် ၁၈၄ ဦး အတိအကျ ရောက်လာမယ့် အလားအလာဟာ ၁.၁၁% စသဖြင့် ရှိပါတယ်။ 59 00:03:28,738 --> 00:03:32,437 ဖြစ်ရပ် တစ်ခုစီအတွက် အလားအလာတွေကို ရမယ့် ဝင်ငွေနဲ့ မြှောက်ယူပြီး 60 00:03:32,437 --> 00:03:33,839 အဲဒါတွေကို ပေါင်းလျက်၊ 61 00:03:33,839 --> 00:03:38,117 နေရာ ၁၉၅ ခုကို ရောင်းလိုက်လို့ ရမယ့် ဝင်ငွေထဲမှ နှုတ်ယူလိုက်မယ်ဆိုရင်၊ 62 00:03:38,117 --> 00:03:43,616 ကိုယ်က လက်မှတ် ၁၉၅ ခုကို ရောင်းလိုက်လို့ မျှော်လင့်နိုင်တဲ့ ဝင်ငွေကို ရပါလိမ့်မယ်။ 63 00:03:43,616 --> 00:03:47,038 တိုးပြီး ရောင်းလိုက်တဲ့ လက်မှတ် အရေအတွက် အတွက် အဲဒီလို ထပ်တလဲလဲ တွက်လျက်၊ 64 00:03:47,038 --> 00:03:51,087 လေကြောင်း ကုမ္ပဏီဟာ ဝင်ငွေ အများဆုံး ရနိုင်မယ့် အလားအလာကို ရှာယူနိုင်တယ်။ 65 00:03:51,087 --> 00:03:54,527 လက်ရှိ ဥပမာထဲမှာ အဲဒါဟာ လက်မှတ် ၁၉၈ ခုပါ၊ 66 00:03:54,527 --> 00:03:59,977 လေကြောင်း ကုပ္မဏီဟာ $၄၈၇၇၄ ရရှိဖို့ အလားအလာများပါတယ်၊ 67 00:03:59,977 --> 00:04:03,448 တိုးပြီး မရောင်းချဘဲနဲ့ စာရင် ၄၀၀၀ နီးပါး ပိုပါတယ်။ 68 00:04:03,448 --> 00:04:05,857 အဲဒါဟာ ခရီးစဉ် တစ်ခုတည်းထံမှပါ။ 69 00:04:05,857 --> 00:04:09,137 လေကြောင်း ကုမ္ပဏီတိုင်း နှစ်စဉ် ပျံသန်းတဲ့ ကြိမ်ရေ တစ်သန်းနဲ့ 70 00:04:09,137 --> 00:04:12,012 မြှောက်ကြည့်ရင် တိုးရောင်းမှုရဲ့ အမြတ်ဟာ တိုးတိုးလာမှာပါ။ 71 00:04:12,012 --> 00:04:15,763 လက်တွေ့ တွက်ချက်မှုတွေဟာ ပိုပြီး ရှုပ်ထွေးတာ အမှန်ပါပဲ။ 72 00:04:15,763 --> 00:04:19,694 ပိုပြီး တိကျတဲ့ ပုံစံကို ဖေါ်ထုတ်ရန် ၎င်းတို့ သုံးကြတဲ့ အချက်တွေ အများကြီးပါ။ 73 00:04:19,694 --> 00:04:21,709 သူတို့ အဲဒီလို သုံးပြီး တွက်ချင်သင့်လား။ 74 00:04:21,709 --> 00:04:24,559 တိုးပြီး ရောင်ချမှုဟာ လူ့ကျင့်ဝတ်နဲ့ မကိုက်ဘူး ယူဆကြတယ်။ 75 00:04:24,559 --> 00:04:28,259 အရင်းအမြစ် တစ်ခုတည်းအတွက် လူ နှစ်ဦးထံမှ ငွေတောင်းယူမှုမို့လို့ပါ။ 76 00:04:28,259 --> 00:04:31,069 ဒါပေမဲ့၊ တစ်ဦးဦး မလာဘူးလို့ သေချာတယ် ဆိုရင်တော့၊ 77 00:04:31,069 --> 00:04:33,430 သူ့နေရာကို ရောင်းတာကို ဘာမှ ပြောမရနိုင်ပါ။ 78 00:04:33,430 --> 00:04:36,520 ဒါပေမဲ့ ကိုယ်က ၉၅ % မျှသာ သေချာတယ်ဆိုရင်ကော။ 79 00:04:36,520 --> 00:04:38,719 ၇၅ % ဆိုရင်ကော။ 80 00:04:38,719 --> 00:04:43,754 လူ့ကျင့်ဝတ်နဲ့ မကိုက်ညီမှုကို လက်တေွ့ ကျမှုနဲ့ ခြားပေးနိုင်မယ့် ဂဏန်း ရှိရဲ့လား။