ရှင်တို့ရဲ့ မျက်နှာကို တို့ကြည့်ကြပါ။ တို့ကြည့်ကြပါ။ ဘယ်လို ခံစားရလဲ? ပျော့လား၊ ပျော့အိနေလား? အဲဒါက ရှင်တို့ရဲ့ ကိုယ်ပဲ? ကိုယ့်ကိုကိုယ် ခံစားရလား? တကယ်တော့၊ အဲဒါ အမှန်မဟုတ်ပါ။ လက်တွေ့မှာ ကျွန်မတို့ မျက်နှာတွေနဲ့ လက်ချောင်းတွေပေါ် နေထိုင်ကြတဲ့ သေးနုပ်လှတဲ့ အကောင်လေးတွေကို ခံစားနေကြရတာပါ။ ဒီနေ့ လေထဲမှနေပြီး ကျဆင်းလာခဲ့ကြတဲ့ မှိုအချို့ကို ရှင်တို့ ခံစားနေရတာပါ။ ၎င်းတို့ဟာ ကျွန်မတို့ရဲ့ ဓာတ်မတည့်မှုတွေ မှုိလို အနံ့ကို ဖြစ်ပေါ်စေပါတယ်။ ကျွန်မတို့ အသားအရေပေါ်မှာ နေထိုင်ကြတဲ့ ဘီလီယံ ၁၀၀ ရှိတဲ့ ဘက်တီးရီးယား ဆဲလ် အချို့ကို ခံစားနေရတာပါ။ ၎င်းတို့ဟာ သင်တို့ရဲ့ အရေပြားထဲက အဆီတွေကို မှီဝဲလျက် ပွားနေကြတာပါ၊ ခန္ဓာကိုယ် အနံ့ဆိုတာကို သူတို့ ထုတ်ပေးကြတာပါ။ ရှင်တို့က အိမ်သာမှာ နောက်ဆုံးအကြိမ် ရေကို ဆွဲချလိုက်တုန်းက ရှင်တို့ အပေါ် ပျံ့ကျဲကျလာခဲ့တဲ့ မစင် ဘက်တီးရီးယားကို တို့မိတာ ဖြစ်နိုင်တယ်။ ရေပိုက်တွေပေါ်မှာ နေထိုင်ကြတဲ့ ဘက်တီးရီးယားတွေ ရှင်တို့ ရေချိုးစဉ် ရှင်တို့ အပေါ်မှာ ပက်ြဖန်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဝမ်းနည်းပါတယ်။ (ရယ်သံများ) ရှင်တို့ဟာ ရှင်တို့ရဲ့ မျက်နှာပေါ်မှာ၊ ကျွန်မတို့ရဲ့ မျက်နှာတွေ ပေါ်မှာ၊ နေထိုင်ကြတဲ့ ကမျဉ်းကောင် မျိုးစိတ်နှစ်မျိုးကို နှုတ်ဆက်ခဲ့ဖူးနိုင်ပါတယ်။ သူတို့ဟာ ရှင်တို့ရဲ့ မျက်နှာအနှံ့ ကူးလူးသွားလာနေရင်း ရှင်တို့ရဲ့ နှာတံပေါ်မှာ လိင်ဆက်ဆံခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ (ရယ်သံများ) ၎င်းတို့ အတော်များများဟာ အခု ရှင်တို့ရဲ့ ချွေးပေါက်ထဲကို မစင်စွန့်နေကြနိုင်ပါတယ်။ (ရယ်သံများ) အခု လက်ချောင်းကို ကြည့်ပါ။ ဘယ်လိုခံစားရလဲ? ရွံစရာကြီးလား? ဆပ်ပြာ ဒါမှမဟုတ် ချေးချွတ်ဆေးကို လိုအပ်နေလား? ရှင်တို့ ခံစားရတာ အဲဒီလိုဟုတ်ပေမဲ့၊ အနာဂတ်မှာ အဲဒီလို ခံစားကြရမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်မတို့ဟာ ကျွန်မတို့နဲ့ အနီးကပ်ဆုံး အဏုဇီဝ အကောင်တွေကို ရန်သူလို ဆက်ဆံခဲ့ကြတယ်။ ရှင်တို့အိမ်မှာ ဒါမှမဟုတ် မျက်နှာသစ်ကန်ထဲ ရောဂါပိုး ဘက်တီးရီးယား ရှိနေရင်၊ အဲဒါ့အတွက် ဖြေရှင်းနည်းတွေလည်း ရှိခဲ့ပါတယ်၊ အဲဒါကို ရှင်းပစ်ရန်၊ သုတ်သင်ရန်၊ ပိုးသတ်ရန် နည်းတွေ ရှိခဲ့ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ဘဝထဲက အဏုဇီဝ မှန်သမျှကို ဖယ်ရှားပစ်ချင်ကြပါတယ်။ အဲဒီလိုလုပ်ကိုင်ခြင်းဖြင့် ကျွန်မတို့ဟာ နည်းပညာသစ်အတွက် အကောင်းဆုံး ရင်းမြစ်ကို ဥပေက္ခာပြုနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း လူတွေဟာ ပိုးမွှားပြဿနာ ဖြေရှင်းနည်း ရှာခဲ့ကြတယ်၊ လာမယ့်နှစ်ပေါင်း ၁၀၀ ကတော့ လူသားရဲ့ပြဿနာ များအတွက် အဏုဇီဝနည်းများကို ရှာကြံကြပါမယ်။ ကျွန်မဟာ သိပ္ပံပညာရှင် ဖြစ်ပြီး North Carolina State University နဲ့ University of Colorado မှ သုတေသီများနဲ့ လက်တွဲ အလုပ်လုပ်ပါတယ်။ ကျွန်မတို့နဲ့ အနီးစပ်ဆုံး အဏုဇီဝ အကောင် တွေကို ဖော်ထုတ်ဖို့ အတွက်၊ အဲဒါက ကျွန်မတို့ရဲ့ ထိစပ်နေကာ ငြီးငွေ့စရာ ဝန်းကျင်ထဲမှာပါ၊ ကျွန်မတို့ရဲ့ အိပ်ရာခင်းတွေ၊ အိမ်နောက်ဖေး နေရာတွေ၊ ဒါမှမဟုတ် ချက်နေရာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့နဲ့ အနီးကပ်ဆုံး အဏုဇီဝ အကောင်တွေကို သိတာ နည်းလို့ ကျွန်မဟာ ဒီအလုပ်ကို လုပ်ကိုင်နေတာပါ။ လွန်ခဲ့တဲ့နှစ် အနည်းတုန်းက ဘယ်သိပ္ပံပညာရှင်ကမှ ရှင်တို့အိမ်မှာ၊ ရှင်တို့ ကောင်းကောင်း သိတဲ့ နေရာမှာ ဘယ်လို ပိုးမွှားတွေ နေထိုင်နေကြတာကို မပြောနိုင်ခဲ့ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မနဲ့ တခြားအဖွဲ့ဝင်တွေဟာ စမ်းသပ်ရေး ဂွမ်းဖတ်တွေနဲ့ ဇာဂနာတွေနဲ့အတူ အဆင့်မြင့် DNA နည်းစနစ်တွေကို သုံးပြီး ကျွန်မတို့နဲ့ အနီးကပ်ဆုံး အဏုဇီဝ အကောင်တွေကို ဖေါ်ထုတ်နေကြပါတယ်။ အဲဒါရဲ့ ရလဒ်အဖြစ် ကျွန်မတို့ဟာ ပိုးမွှားမျိုးူစိတ် ၆၀၀ ကျော် အမေရိကန် အိမ်တွေမှာ နေထိုင်တာ တွေ့တယ်။ ပင့်ကူတွေနဲ့ ပိုးဟပ်တွေမှအစ ငှက်မွေးတွေမှာ တွယ်ကပ်နိုင်ကြတဲ့ ကမျဉ်းကောင်တွေ အဆုံးပါပဲ။ ပြီးတော့ ဘက်တီးရီးယားနဲ့ မှို မျိုးစိတ်တွေ ၁၀၀၀၀၀ ကျော်ကိုလည်း ကျွန်မတို့ရဲ့ အမှိုက်ပုံးတွေထဲမှာ တွေ့ခဲ့ကြရာ၊ ကျွန်မတို့ရဲ့ အဝတ်အစားတွေ၊ ရေချိုးခန်းတွေ မှာထက် ထောင်နဲ့ချီ ပိုများပါတယ်။ ကျွန်မတို့ ရှေ့ တစ်လှမ်းတက်ပြီး ကျွန်မတို့ အိမ်ထဲက ပိုးမွှား တစ်ခုချင်းမှာ နေထိုင်ကြတဲ့ အဏုဇီဝအကောင် တွေကို ဆက်ပြီး လေ့လာခဲ့ကြတယ်။ ပိုးမွှားတိုင်း၊ ဥပမာ၊ နာကျယ်ကောင်မှာ ဆိုပါစို့၊ အဏုဇီဝ သစ်တောကြီးရဲ့ ရှုခင်းပုံလိုဟာကို တွေ့မြင်ကြရပါမယ်၊ ရာချိီရှိကြတဲ့ မျိုးစိတ်တွေ တရွရွ လှုပ်ရှားနေတဲ့ ကမ္ဘာကြီးပါ။ တကယ့်ကို ဇီဝစကြာဝဠာကြီးပါပဲ! ရှင်တို့ အခု ဒီမှာမြင်နေကြရတဲ့ မျိုးစိတ် အတော်များများဆီမှာ အမည်တောင် မရှိသေးပါဘူး။ ကျွန်မတို့ ဝန်းကျင်ရှိ သက်ရှိအကောင်တွေကို ကျွန်မတို့ မသိကြရသေးပါ။ ကျွန်မ မျိုးစိတ်အသစ် ရှာတွေ့ခဲ့လို့ အမည်ပေးဖို့ စဉ်းစားခဲ့ရတာ မှတ်မိတယ်။ စက္ကူနာကျယ်ကောင် ပေါ်မှာ နေထိုင်ခဲ့တဲ့ မှိုဖြစ်ခဲ့တယ်။ အဲဒါဟာ ဖြူလျက် အမွေးတွေနဲ့ ဖြစ်ခဲ့တယ်။ ကျွန်မက "mucor nidicola" လို့ အမည်ပေးခဲ့တယ်၊ လက်တင်ဘာသာအရ တခြားအကောင်ရဲ့ အသိုက်ထဲမှာ နေထိုင်သူပါ။ ဒါက အဲဒါရဲ့ ပုံပါ၊ ဒိုင်နိုဆောကောင် ပေါ်မှာ ကြီးထွားလာသူပါ။ လူတိုင်းက ဒိုင်နိုဆောတွေကို သိပ်ကို အားကျကြလို့ပါ။ အဲဒီတုန်းက၊ ကျွန်မဟာ ဘွဲ့လွန်သင်တန်းမှာ၊ အဲဒီလို ပုံစံသစ် အကောင်ပုံစံကို ရှာတွေ့ နိုင်ခဲ့တာ သိပ်ကို စိတ်လှုပ်ရှားခဲ့တယ်။ ကျွန်မ ဖခင်ကို ဖုန်းဆက်လျက်၊ "ဖေဖေ! ကျွန်မ ခုလေးတင်ပဲ အဏုဇီဝ မျိုးစိတ် အသစ်ကို ရှာတွေ့မိတယ်။" ဖခင်ဟာ ရယ်မောရင်းနဲ့၊ "သိပ်ကောင်း၊ နင် အဲဒါအတွက် ကုဆေးကိုပါ ရှာတွေ့နိုင်မယ်လို့ မျှော်လင့်တယ်။" (ရယ်သံများ) "အဲဒါကို ကုသပါ။" ကျွန်မ ဖခင်ဟာ ကျွန်မကို အားအပေးဆုံးသူပါပဲ၊ ဒါပေမဲ့၊ ဖေဖေက ပုံစံသစ်အကောင်ကို သတ်ပစ်စေလိုခဲ့ပေမဲ့၊ ကျွန်မ တကယ်တမ်း နားလည်လိုက်တာက၊ သမီးအနေနဲ့ရော၊ သိပ္ပံပညာရှင် အနေနဲ့ပါ၊ ဖခင်လိုချင်သလို ဖြစ်မလာခဲ့ပါ။ ဓာတ်ခွဲခန်းတွေ၊ လူတွေရဲ့ အိမ်နောက်ဖေးမှာ နှစ်ပေါင်း များစွာကြာ လုပ်ကိုင်ရာတွင်၊ ကျွန်မတို့ကို ဝန်းရံနေကြတဲ့ အဏုဇီဝ အကောင် တွေကို စူးစမ်း မှတ်ပုံတင်ရာတွင်၊ ကျွန်မရဲ့ တကယ့် ရည်ရွယ်ချက်ကို ရှင်းမပြခဲ့ဘူးပါဘူး။ ကျွန်မရဲ့ ရည်မှန်းချက်က ကျွန်မတို့ကို ဝန်းရံနေကြတဲ့ အဏုဇီဝ အကောင်တွေကို သတ်ပစ်ရန် နည်းပညာ မဟုတ်ပါ။ ကျွန်မရဲ့ ရည်မှန်းချက်က အဲဒီလို အကောင်များ ထံမှ နည်းပညာသစ်ကို ရှာဖွေလျက် ကယ်တင်ရန်ပါ။ ကျွန်မတို့ အိမ်တွေမှာ နေထိုင်ကြတဲ့ မျိုးစိတ်သစ်တွေဟာ ၁၀၀၀၀၀ ကျော်ပါတယ်။ တနည်းအားဖြင့် လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းရန် ရင်းမြစ်သစ် ၁၀၀၀၀- ကျော်ပါပဲ။ ဒီလို သေးနုပ်လှတဲ့ အကောင်တွေ၊ ဆဲလ်တစ်ခုမျှသာ ရှိတဲ့ အကောင်တွေဟာ အားကောင်းတာ တစ်ခု လုပ်ပေးနိုင်မှာကို ယုံဖို့ မလွယ်ပါ။ ဒါပေမဲ့ သူတို့ တတ်နိုင်ပါတယ်။ အဲဒီအကောင်လေးတွေဟာ သေးနုပ်တဲ့ အဂ္ဂိရတ်ဆရာလေးတွေပါ၊ ဓာတုဗေဒ ကိရိယာတွေကို သုံးစွဲပြီး သူတို့ရဲ့ တ်ဝန်းကျင်ကို ပြောင်းလဲပစ်နိုင်စွမ်း ရှိကြပါတယ်။ ၎င်းတို့ဟာ ဒီဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာမဆို နေထိုင်နိုင်ကြပြီး သူတို့ဝန်းကျင်ရှိ ဘယ်အစားအစာကိုမဆို စားနိုင်မှာကို ဆိုလိုပါတယ်။ ၎င်းတို့ဟာ အဆိပ်အတောက်များမှအစ ပလပ်စတစ် အဆုံး အရာတိုင်းကို စားနိုင်ကြပြီး ရေနံနဲ့ ဘက်ထရီပါဝါတို့လို စွန့်ပစ်အရာတွေကို ထုတ်လုပ်နိုင်ကြပါတယ်။ ရွှေစစ်စစ် အတုံးလေးတွေကိုတောင် ထုတ်လုပ်ပေးနိုင်ကြတယ်။ စားမရနိုင်တာကို အာဟာရအဖြစ် ပုံစံပြောင်းလဲပေးနိုင်ကြတယ်။ ၎င်းတို့ဟာ သကြားကို အရက်အဖြစ် ပုံပြောင်းပေးနိုင်ကြတယ်။ ၎င်းတို့ဟာ ချောကလက်ကို လိုချင်တဲ့ အရသာကို ဖန်တီးပေးနိုင်တယ်။ မြေဆီလွှာကို ကြီးထွားရေး စွမ်းပကားကို ပေးကြတယ်။ ကျွန်မ ရှင်တို့ ပြောချင်တာက လာမယ့် နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဒီလိုအဏုဇီဝ အကောင်တွေက ကျွန်မတို့ ပြဿနာတွေကို တိုးတိုးပြီး ဖြေရှင်းပေးကြပါမယ်။ များပြားလှတဲ့ ပြဿနာတွေ အထဲကနေပြီး ရွေးကြရပါမယ်။ အနံ့မကောင်းတဲ့ အဝတ် ဒါမှမဟုတ် ရသမဲ့ အစားအစာလို သာမန်ပြဿနာတွေ ရှိပါတယ်။ ဧရာမ ပြဿနာကြီးတွေလည်း ရှိပါတယ်- ရောဂါဘယတွေ၊ လေထုညစ်ညမ်းမှု၊ စစ်မက်တွေ။ ဒီတော့ ကျွန်မမြင်တဲ့ တာဝန်က- ကျွန်မတို့ ဝန်းကျင်ရှိ အဏုဇီဝတွေကို စာရင်းလုပ် မှတ်တမ်းတင်ရုံတင် မကပါ၊ ကျွန်မတို့ကို ကူညီပေးရန် အသင့်လျော်ဆုံး တွေကို ရှာကြံပေးရန်ပါပဲ။ ဥပမာတစ်ခုကို တင်ပြပေးမယ်။ ကျွန်မတို့ဟာ ဖျက်ကောင်နဲ့ စခဲ့ကြတယ်၊ ကျွန်မတို့ အိမ်တွေအများစုမှာ နေထိုင်တဲ့ နကျယ်ကောင်ပါ။ အဲဒီနကျယ်ကောင် အထဲကနေပြီး ကျွန်မတို့ဟာ လူသိနည်းတဲ့ အဏုဇီဝ မျိုးစိတ်တစ်ခုကို ထုတ်ယူနိုင်ခဲ့ရာ ထူးဆန်းတဲ့ လုပ်နိုင်စွမ်း၊ ဘီယာကို ထုတ်လုပ်နိုင်စွမ်း တွေ့ခဲ့တယ်။ ဒီဂြိုစ်ပေါ်က မျိုးစိတ် အချို့ဆီမှာသာ တွေ့ရှိရတဲ့ လက္ခဏာပါ။ တကယ်တော့ စီးပွားဖြစ် ရောင်းကြတဲ့ ဘီယာအားလုံးဟာ အဏုဇီဝ မျိုးစိတ် သုံးခုတို့မှသာ ထုတ်လုပ်ကြတာပါ။ ကျွန်မတို့ တွေ့ထားတဲ့ မျိုးစိတ်တွေကျတော့ ပျားရည်အရသာရှိ ဘီယာကို ထုတ်လုပ်ပေးနိုင်ပြီး သောက်လို့ ကောင်းမယ့် ဘီယာအချဉ်ကိုလည်း ထုတ်လုပ်ပေးနိုင်တယ်။ ခုနက ပြောခဲ့သလို နကျယ်ကောင်ရဲ့ ဝမ်းထဲမှာ နေထိုင်တဲ့ အဲဒီ အဏုဇီဝ မျိုးစိတ်များဟာ ဒီပြင် မျိုးစိတ်တွေနဲ့ စာရင် သိပ်ကို တန်ဖိုးရှိမယ့် ဘီယာအချဉ်မျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီနေ့တွင် စီးပွားဖြစ် ဘီယာထုတ်လုပ်ကြတဲ့ မျိုးစိတ် လေးမျိုး ရှိပါတယ်။ ဒီတော့ ရှင်တို့ မြင်ခဲ့ရတဲ့ ဖျက်ကောင်ရဲ့ နေရာမှာ အခုတော့ ရှင်တို့ အကြိုက်ဆုံး ဘီယာ သောက်သုံးရမှာကို စဉ်းစားလို့ ရပါပြီ။ ဒုတိယ ဥပမာအနေနဲ့၊ သုသေသီများနဲ့အတူ လူတွေရဲ့ အိမ်နောက်ဖေးက အမှိုက်တွေကို တူးဖေါ်ကြည့်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မတို့ဟာ ပုံစံသစ် ပဋိဇီဝဆေးကို ထုတ်လုပ်ပေးနိုင်တဲ့ အဏုဇီဝတွေ တွေ့ခဲ့တယ်။ ကမ္ဘာ့အဆိုးဆုံး ရောဂါပိုးတွေကို သတ်ပစ်နိုင်တဲ့ ပဋိဇီဝဆေးပါ။ အဲဒါကို ရှာတွေ့ခဲ့ခြင်းဟာ သိပ်ကို ကံကောင်းမှုပါ။ ဒါပေမဲ့ လျှို့ဝှက်ချက်က ဒီလိုပါ- လွန်ခဲ့တဲ့ နှစ် ၆၀ အတွင်းမှာ၊ စျေးကွက်ထဲက ပဋိဇီဝဆေး အများစုကို ဆင်တူ မြေဆီလွှာ ဗက်တီးရီးယားမှ ရရှိတာပါ။ နေ့စဉ်နေ့တိုင်းလိုလို ဒီခန်းမကြီးထဲ ရှိနေသူတွေအားလုံး ဒီဂြိုဟ်ပေါ်က တခြားလူတွေကို ပဋိဇီဝဆေးအများစုကို ထုတ်လုပ်ပေးကြတဲ့ အဲဒီမြေဆီလွှာ ဘက်တီးရီးယားက ကယ်တင်ပေးတာပါ။ ဒီတော့ ရှင်တို့ အညစ်အကြေးကို မြင်ခဲ့ကြတဲ့ နေရာမှာ အခုတော့ ဆေးဝါးအကြောင်းကို စဉ်းစားနိုင်ပါပြီ။ ကျွန်မ အကြိုက်ဆုံး ဥပမာကို လုပ်ဖော်ကိုင်ဖက်များထံမှ ရရှိခဲ့တာပါ၊ ရေကန်အမြှုပ်ထဲက အဏုဇီဝတွေကို သူတို့ လေ့လာနေခဲ့ကြရာ၊ ၎င်းကို ပထမဦးဆုံး တွေ့ခဲ့တဲ့ နွားချေးရဲ့ ဝမ်းနည်းစရာ အမည်ကို ရရှိထားတဲ့ အကောင်ပါ။ အဲဒါကို သုတေသီတွေက ကြွက်တွေကို ကျွေးပေးကြည့်တဲ့အခါမှာ အဲဒါဟာ PTSD ကို တိုက်ဖျက်ကုစားနိုင်ကြောင်း တွေ့ရှိခဲ့ရတာကို သိလာရတော့မှ အဲဒါဟာ မှတ်သားစရာ ကောင်းတဲ့ ဆေးဖြစ်လာတာပါ။ ၎င်းဟာ ကြောက်ရွံ့မှုအတွက် ကာကွယ်ဆေးပါ။ ဒီတော့ ရေကန်ထဲက အမြှုပ်တွေကို မြင်ရရင် မျှော်လင့်ချက်ကိုပါ သတိရနိုင်ပါပြီ။ အဲဒီလို အဏုဇီဝအကောင်များဆိုင်ရာ ပြနိုင်တဲ့ သာဓကတွေ များလွန်းလို့ ဒီနေ့ အဲဒါတွေကို ပြောဖို့အချိန် လုံလောက်မှာ မဟုတ်ပါဘူး။ မျိုးစိတ် သုံးခုတည်းကနေပြီး လုပ်နိုင်မယ့် ဥပမာတွေကို တင်ပြခဲ့တာပါ၊ ဒါပေမဲ့ ရှင်တို့ရဲ့ အမှိုက်ပုံးများထဲက မျိုးစိတ် ၁၀၀၀၀၀ လုပ်နိုင်မှာကို စိတ်ကူးကြည့်ကြပါ။ အနာဂတ်တွင် ၎င်းတို့ဟာ ရှင်တို့ဟာ ရာဂစိတ်ကြွလာအောင်၊ ဒါမှမဟုတ် ပိုပြီးစမတ်ကျလာအောင် ဒါမှမဟုတ် အသက်ရှည်အောင် လုပ်ပေးနိုင်ကြပါတယ်။ ဒီတော့ ရှင်တို့ကို ရှင်တို့ရဲ့ လက်ချောင်းကို ပြန်ပြီး ကြည့်စေလိုပါတယ်။ မသိရှိရသေးတဲ့ အဏုဇီဝ အကောင်တွေ အားလုံးအကြောင်းကို စဉ်းစားစိတ်ကူးကြည့်ကြပါ။ အနာဂတ်တွင် ၎င်းတို့ဟာ ဘာတွေကို လုပ်ပေးနိုင်မှာကို စဉ်းစားကြည့်ကြပါ၊ ဒါမှမဟုတ် ၎င်းတို့က ကယ်တင်ပေးကြမယ့် အသက်တွေ အကြောင်းကို စဉ်းစားကြည့်ကြပါ။ အခုတော့ ရှင်တို့ရဲ့ လက်ချောင်းကို ဘယ်လိုခံစားမိကြလဲ? နည်းနည်းလေး ပိုပြီး အစွမ်းထက်လာတယ်နော်? အဲဒါက ရှင်တို့ အနာဂတ်ကို ခံစားမိကြလို့ပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)