0:00:01.010,0:00:03.000 ရှင်တို့ရဲ့ မျက်နှာကို တို့ကြည့်ကြပါ။ 0:00:03.586,0:00:04.857 တို့ကြည့်ကြပါ။ 0:00:05.586,0:00:06.989 ဘယ်လို ခံစားရလဲ? 0:00:07.013,0:00:08.896 ပျော့လား၊ ပျော့အိနေလား? 0:00:09.493,0:00:12.103 အဲဒါက ရှင်တို့ရဲ့ ကိုယ်ပဲ? [br]ကိုယ့်ကိုကိုယ် ခံစားရလား? 0:00:13.109,0:00:14.812 တကယ်တော့၊ အဲဒါ အမှန်မဟုတ်ပါ။ 0:00:15.387,0:00:18.632 လက်တွေ့မှာ ကျွန်မတို့ မျက်နှာတွေနဲ့[br]လက်ချောင်းတွေပေါ် နေထိုင်ကြတဲ့ 0:00:18.656,0:00:21.197 သေးနုပ်လှတဲ့ အကောင်လေးတွေကို [br]ခံစားနေကြရတာပါ။ 0:00:22.481,0:00:24.203 ဒီနေ့ လေထဲမှနေပြီး ကျဆင်းလာခဲ့ကြတဲ့ 0:00:24.227,0:00:27.107 မှိုအချို့ကို ရှင်တို့ ခံစားနေရတာပါ။ 0:00:27.131,0:00:29.098 ၎င်းတို့ဟာ ကျွန်မတို့ရဲ့ ဓာတ်မတည့်မှုတွေ 0:00:29.122,0:00:30.674 မှုိလို အနံ့ကို ဖြစ်ပေါ်စေပါတယ်။ 0:00:32.045,0:00:36.189 ကျွန်မတို့ အသားအရေပေါ်မှာ နေထိုင်ကြတဲ့[br]ဘီလီယံ ၁၀၀ ရှိတဲ့ ဘက်တီးရီးယား ဆဲလ် 0:00:36.213,0:00:37.859 အချို့ကို ခံစားနေရတာပါ။ 0:00:38.453,0:00:42.359 ၎င်းတို့ဟာ သင်တို့ရဲ့ အရေပြားထဲက အဆီတွေကို[br]မှီဝဲလျက် ပွားနေကြတာပါ၊ 0:00:42.383,0:00:44.645 ခန္ဓာကိုယ် အနံ့ဆိုတာကို[br]သူတို့ ထုတ်ပေးကြတာပါ။ 0:00:45.564,0:00:48.479 ရှင်တို့က အိမ်သာမှာ နောက်ဆုံးအကြိမ်[br]ရေကို ဆွဲချလိုက်တုန်းက 0:00:48.503,0:00:52.163 ရှင်တို့ အပေါ် ပျံ့ကျဲကျလာခဲ့တဲ့ မစင်[br]ဘက်တီးရီးယားကို တို့မိတာ ဖြစ်နိုင်တယ်။ 0:00:52.187,0:00:55.311 ရေပိုက်တွေပေါ်မှာ နေထိုင်ကြတဲ့[br]ဘက်တီးရီးယားတွေ ရှင်တို့ ရေချိုးစဉ် 0:00:55.335,0:00:57.794 ရှင်တို့ အပေါ်မှာ ပက်ြဖန်းခဲ့တာလည်း[br]ဖြစ်နိုင်ပါတယ်။ 0:00:58.666,0:00:59.817 ဝမ်းနည်းပါတယ်။ 0:00:59.841,0:01:01.309 (ရယ်သံများ) 0:01:01.333,0:01:04.897 ရှင်တို့ဟာ ရှင်တို့ရဲ့ မျက်နှာပေါ်မှာ၊[br]ကျွန်မတို့ရဲ့ မျက်နှာတွေ ပေါ်မှာ၊ 0:01:04.921,0:01:08.646 နေထိုင်ကြတဲ့ ကမျဉ်းကောင် [br]မျိုးစိတ်နှစ်မျိုးကို 0:01:08.670,0:01:10.338 နှုတ်ဆက်ခဲ့ဖူးနိုင်ပါတယ်။ 0:01:10.877,0:01:13.523 သူတို့ဟာ ရှင်တို့ရဲ့ မျက်နှာအနှံ့[br]ကူးလူးသွားလာနေရင်း 0:01:13.547,0:01:16.395 ရှင်တို့ရဲ့ နှာတံပေါ်မှာ[br]လိင်ဆက်ဆံခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ 0:01:16.419,0:01:19.009 (ရယ်သံများ) 0:01:19.970,0:01:24.132 ၎င်းတို့ အတော်များများဟာ အခု ရှင်တို့ရဲ့ [br]ချွေးပေါက်ထဲကို မစင်စွန့်နေကြနိုင်ပါတယ်။ 0:01:24.156,0:01:26.212 (ရယ်သံများ) 0:01:26.236,0:01:27.700 အခု လက်ချောင်းကို ကြည့်ပါ။ 0:01:28.366,0:01:30.467 ဘယ်လိုခံစားရလဲ? ရွံစရာကြီးလား? 0:01:30.491,0:01:32.871 ဆပ်ပြာ ဒါမှမဟုတ် ချေးချွတ်ဆေးကို [br]လိုအပ်နေလား? 0:01:33.992,0:01:35.986 ရှင်တို့ ခံစားရတာ အဲဒီလိုဟုတ်ပေမဲ့၊ 0:01:36.010,0:01:38.622 အနာဂတ်မှာ အဲဒီလို ခံစားကြရမှာ မဟုတ်ပါဘူး။ 0:01:39.454,0:01:41.379 လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ 0:01:41.403,0:01:43.380 ကျွန်မတို့ဟာ ကျွန်မတို့နဲ့ အနီးကပ်ဆုံး 0:01:43.404,0:01:45.673 အဏုဇီဝ အကောင်တွေကို [br]ရန်သူလို ဆက်ဆံခဲ့ကြတယ်။ 0:01:45.673,0:01:48.165 ရှင်တို့အိမ်မှာ ဒါမှမဟုတ် [br]မျက်နှာသစ်ကန်ထဲ ရောဂါပိုး 0:01:48.189,0:01:49.423 ဘက်တီးရီးယား ရှိနေရင်၊ 0:01:49.447,0:01:51.774 အဲဒါ့အတွက် ဖြေရှင်းနည်းတွေလည်း[br]ရှိခဲ့ပါတယ်၊ 0:01:51.798,0:01:54.934 အဲဒါကို ရှင်းပစ်ရန်၊ [br]သုတ်သင်ရန်၊ ပိုးသတ်ရန် 0:01:54.958,0:01:56.251 နည်းတွေ ရှိခဲ့ပါတယ်။ 0:01:56.843,0:02:00.718 ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ဘဝထဲက အဏုဇီဝ[br]မှန်သမျှကို ဖယ်ရှားပစ်ချင်ကြပါတယ်။ 0:02:01.822,0:02:06.515 အဲဒီလိုလုပ်ကိုင်ခြင်းဖြင့် ကျွန်မတို့ဟာ [br]နည်းပညာသစ်အတွက် အကောင်းဆုံး ရင်းမြစ်ကို 0:02:06.539,0:02:07.755 ဥပေက္ခာပြုနေကြပါတယ်။ 0:02:08.624,0:02:14.270 လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း လူတွေဟာ[br]ပိုးမွှားပြဿနာ ဖြေရှင်းနည်း ရှာခဲ့ကြတယ်၊ 0:02:14.294,0:02:19.531 လာမယ့်နှစ်ပေါင်း ၁၀၀ ကတော့ လူသားရဲ့ပြဿနာ[br]များအတွက် အဏုဇီဝနည်းများကို ရှာကြံကြပါမယ်။ 0:02:19.531,0:02:22.880 ကျွန်မဟာ သိပ္ပံပညာရှင် ဖြစ်ပြီး[br]North Carolina State University နဲ့ 0:02:22.904,0:02:26.180 University of Colorado မှ သုတေသီများနဲ့[br]လက်တွဲ အလုပ်လုပ်ပါတယ်။ 0:02:26.204,0:02:29.798 ကျွန်မတို့နဲ့ အနီးစပ်ဆုံး အဏုဇီဝ အကောင်[br]တွေကို ဖော်ထုတ်ဖို့ အတွက်၊ 0:02:30.817,0:02:34.685 အဲဒါက ကျွန်မတို့ရဲ့ ထိစပ်နေကာ[br]ငြီးငွေ့စရာ ဝန်းကျင်ထဲမှာပါ၊ 0:02:34.709,0:02:37.867 ကျွန်မတို့ရဲ့ အိပ်ရာခင်းတွေ၊ [br]အိမ်နောက်ဖေး နေရာတွေ၊ 0:02:37.891,0:02:39.890 ဒါမှမဟုတ် ချက်နေရာလည်း ဖြစ်နိုင်ပါတယ်။ 0:02:40.083,0:02:42.953 ကျွန်မတို့နဲ့ အနီးကပ်ဆုံး အဏုဇီဝ[br]အကောင်တွေကို သိတာ နည်းလို့ 0:02:42.977,0:02:45.298 ကျွန်မဟာ ဒီအလုပ်ကို လုပ်ကိုင်နေတာပါ။ 0:02:46.281,0:02:48.754 လွန်ခဲ့တဲ့နှစ် အနည်းတုန်းက[br]ဘယ်သိပ္ပံပညာရှင်ကမှ 0:02:48.778,0:02:52.271 ရှင်တို့အိမ်မှာ၊ ရှင်တို့ ကောင်းကောင်း[br]သိတဲ့ နေရာမှာ ဘယ်လို ပိုးမွှားတွေ 0:02:52.508,0:02:55.931 နေထိုင်နေကြတာကို မပြောနိုင်ခဲ့ပါဘူး။ 0:02:56.127,0:02:58.347 ဒါကြောင့်မို့လို့ ကျွန်မနဲ့[br]တခြားအဖွဲ့ဝင်တွေဟာ 0:02:58.371,0:03:00.564 စမ်းသပ်ရေး ဂွမ်းဖတ်တွေနဲ့ ဇာဂနာတွေနဲ့အတူ 0:03:00.588,0:03:02.454 အဆင့်မြင့် DNA နည်းစနစ်တွေကို သုံးပြီး 0:03:02.478,0:03:05.540 ကျွန်မတို့နဲ့ အနီးကပ်ဆုံး အဏုဇီဝ[br]အကောင်တွေကို ဖေါ်ထုတ်နေကြပါတယ်။ 0:03:06.222,0:03:10.282 အဲဒါရဲ့ ရလဒ်အဖြစ် ကျွန်မတို့ဟာ[br]ပိုးမွှားမျိုးူစိတ် ၆၀၀ ကျော် 0:03:10.306,0:03:12.206 အမေရိကန် အိမ်တွေမှာ နေထိုင်တာ တွေ့တယ်။ 0:03:12.230,0:03:14.727 ပင့်ကူတွေနဲ့ ပိုးဟပ်တွေမှအစ 0:03:14.751,0:03:17.849 ငှက်မွေးတွေမှာ တွယ်ကပ်နိုင်ကြတဲ့[br]ကမျဉ်းကောင်တွေ အဆုံးပါပဲ။ 0:03:18.090,0:03:23.139 ပြီးတော့ ဘက်တီးရီးယားနဲ့ မှို မျိုးစိတ်တွေ[br]၁၀၀၀၀၀ ကျော်ကိုလည်း 0:03:23.139,0:03:25.454 ကျွန်မတို့ရဲ့ အမှိုက်ပုံးတွေထဲမှာ [br]တွေ့ခဲ့ကြရာ၊ 0:03:25.478,0:03:29.012 ကျွန်မတို့ရဲ့ အဝတ်အစားတွေ၊ ရေချိုးခန်းတွေ[br]မှာထက် ထောင်နဲ့ချီ ပိုများပါတယ်။ 0:03:30.326,0:03:31.870 ကျွန်မတို့ ရှေ့ တစ်လှမ်းတက်ပြီး 0:03:31.894,0:03:33.610 ကျွန်မတို့ အိမ်ထဲက ပိုးမွှား 0:03:33.634,0:03:37.762 တစ်ခုချင်းမှာ နေထိုင်ကြတဲ့ အဏုဇီဝအကောင်[br]တွေကို ဆက်ပြီး လေ့လာခဲ့ကြတယ်။ 0:03:38.508,0:03:41.918 ပိုးမွှားတိုင်း၊ ဥပမာ၊ [br]နာကျယ်ကောင်မှာ ဆိုပါစို့၊ 0:03:41.942,0:03:46.152 အဏုဇီဝ သစ်တောကြီးရဲ့ ရှုခင်းပုံလိုဟာကို[br]တွေ့မြင်ကြရပါမယ်၊ 0:03:46.176,0:03:49.453 ရာချိီရှိကြတဲ့ မျိုးစိတ်တွေ တရွရွ[br]လှုပ်ရှားနေတဲ့ ကမ္ဘာကြီးပါ။ 0:03:49.477,0:03:51.930 တကယ့်ကို ဇီဝစကြာဝဠာကြီးပါပဲ! 0:03:52.951,0:03:55.960 ရှင်တို့ အခု ဒီမှာမြင်နေကြရတဲ့ မျိုးစိတ်[br]အတော်များများဆီမှာ 0:03:55.984,0:03:57.211 အမည်တောင် မရှိသေးပါဘူး။ 0:03:57.313,0:04:00.726 ကျွန်မတို့ ဝန်းကျင်ရှိ သက်ရှိအကောင်တွေကို[br]ကျွန်မတို့ မသိကြရသေးပါ။ 0:04:01.830,0:04:05.333 ကျွန်မ မျိုးစိတ်အသစ် ရှာတွေ့ခဲ့လို့[br]အမည်ပေးဖို့ စဉ်းစားခဲ့ရတာ မှတ်မိတယ်။ 0:04:05.357,0:04:08.851 စက္ကူနာကျယ်ကောင် ပေါ်မှာ နေထိုင်ခဲ့တဲ့[br]မှိုဖြစ်ခဲ့တယ်။ 0:04:08.875,0:04:11.100 အဲဒါဟာ ဖြူလျက် အမွေးတွေနဲ့ ဖြစ်ခဲ့တယ်။ 0:04:11.124,0:04:13.668 ကျွန်မက "mucor nidicola" လို့ [br]အမည်ပေးခဲ့တယ်၊ 0:04:13.692,0:04:16.695 လက်တင်ဘာသာအရ တခြားအကောင်ရဲ့[br]အသိုက်ထဲမှာ နေထိုင်သူပါ။ 0:04:17.952,0:04:20.796 ဒါက အဲဒါရဲ့ ပုံပါ၊[br]ဒိုင်နိုဆောကောင် ပေါ်မှာ ကြီးထွားလာသူပါ။ 0:04:20.820,0:04:23.917 လူတိုင်းက ဒိုင်နိုဆောတွေကို[br]သိပ်ကို အားကျကြလို့ပါ။ 0:04:24.686,0:04:27.002 အဲဒီတုန်းက၊ ကျွန်မဟာ ဘွဲ့လွန်သင်တန်းမှာ၊ 0:04:27.026,0:04:30.748 အဲဒီလို ပုံစံသစ် အကောင်ပုံစံကို ရှာတွေ့[br]နိုင်ခဲ့တာ သိပ်ကို စိတ်လှုပ်ရှားခဲ့တယ်။ 0:04:30.772,0:04:32.548 ကျွန်မ ဖခင်ကို ဖုန်းဆက်လျက်၊ 0:04:32.572,0:04:35.990 "ဖေဖေ! ကျွန်မ ခုလေးတင်ပဲ[br]အဏုဇီဝ မျိုးစိတ် အသစ်ကို ရှာတွေ့မိတယ်။" 0:04:36.384,0:04:37.909 ဖခင်ဟာ ရယ်မောရင်းနဲ့၊ 0:04:37.909,0:04:41.367 "သိပ်ကောင်း၊ နင် အဲဒါအတွက် ကုဆေးကိုပါ[br]ရှာတွေ့နိုင်မယ်လို့ မျှော်လင့်တယ်။" 0:04:41.391,0:04:42.837 (ရယ်သံများ) 0:04:42.861,0:04:44.033 "အဲဒါကို ကုသပါ။" 0:04:45.202,0:04:47.909 ကျွန်မ ဖခင်ဟာ ကျွန်မကို[br]အားအပေးဆုံးသူပါပဲ၊ 0:04:47.933,0:04:52.303 ဒါပေမဲ့၊ ဖေဖေက ပုံစံသစ်အကောင်ကို[br]သတ်ပစ်စေလိုခဲ့ပေမဲ့၊ 0:04:52.327,0:04:53.827 ကျွန်မ တကယ်တမ်း နားလည်လိုက်တာက၊ 0:04:53.827,0:04:57.058 သမီးအနေနဲ့ရော၊ သိပ္ပံပညာရှင် အနေနဲ့ပါ၊[br]ဖခင်လိုချင်သလို ဖြစ်မလာခဲ့ပါ။ 0:04:57.082,0:05:01.008 ဓာတ်ခွဲခန်းတွေ၊ လူတွေရဲ့ အိမ်နောက်ဖေးမှာ[br]နှစ်ပေါင်း များစွာကြာ လုပ်ကိုင်ရာတွင်၊ 0:05:01.032,0:05:04.712 ကျွန်မတို့ကို ဝန်းရံနေကြတဲ့ အဏုဇီဝ အကောင်[br]တွေကို စူးစမ်း မှတ်ပုံတင်ရာတွင်၊ 0:05:04.736,0:05:07.272 ကျွန်မရဲ့ တကယ့် ရည်ရွယ်ချက်ကို [br]ရှင်းမပြခဲ့ဘူးပါဘူး။ 0:05:07.724,0:05:10.024 ကျွန်မရဲ့ ရည်မှန်းချက်က ကျွန်မတို့ကို 0:05:10.024,0:05:12.974 ဝန်းရံနေကြတဲ့ အဏုဇီဝ အကောင်တွေကို[br]သတ်ပစ်ရန် နည်းပညာ မဟုတ်ပါ။ 0:05:13.315,0:05:17.447 ကျွန်မရဲ့ ရည်မှန်းချက်က အဲဒီလို အကောင်များ[br]ထံမှ နည်းပညာသစ်ကို ရှာဖွေလျက် ကယ်တင်ရန်ပါ။ 0:05:19.495,0:05:25.247 ကျွန်မတို့ အိမ်တွေမှာ နေထိုင်ကြတဲ့[br]မျိုးစိတ်သစ်တွေဟာ ၁၀၀၀၀၀ ကျော်ပါတယ်။ 0:05:25.271,0:05:29.239 တနည်းအားဖြင့် လူတွေရဲ့ ပြဿနာတွေကို [br]ဖြေရှင်းရန် ရင်းမြစ်သစ် ၁၀၀၀၀- ကျော်ပါပဲ။ 0:05:29.848,0:05:32.533 ဒီလို သေးနုပ်လှတဲ့ အကောင်တွေ၊[br]ဆဲလ်တစ်ခုမျှသာ ရှိတဲ့ 0:05:32.533,0:05:33.645 အကောင်တွေဟာ အားကောင်းတာ 0:05:33.645,0:05:35.618 တစ်ခု လုပ်ပေးနိုင်မှာကို ယုံဖို့ မလွယ်ပါ။ 0:05:35.618,0:05:37.035 ဒါပေမဲ့ သူတို့ တတ်နိုင်ပါတယ်။ 0:05:37.059,0:05:39.904 အဲဒီအကောင်လေးတွေဟာ[br]သေးနုပ်တဲ့ အဂ္ဂိရတ်ဆရာလေးတွေပါ၊ 0:05:39.928,0:05:42.786 ဓာတုဗေဒ ကိရိယာတွေကို သုံးစွဲပြီး[br]သူတို့ရဲ့ တ်ဝန်းကျင်ကို 0:05:42.810,0:05:45.129 ပြောင်းလဲပစ်နိုင်စွမ်း ရှိကြပါတယ်။ 0:05:45.925,0:05:48.908 ၎င်းတို့ဟာ ဒီဂြိုဟ်ပေါ်မှာ ဘယ်နေရာမှာမဆို[br]နေထိုင်နိုင်ကြပြီး 0:05:48.932,0:05:52.149 သူတို့ဝန်းကျင်ရှိ ဘယ်အစားအစာကိုမဆို[br]စားနိုင်မှာကို ဆိုလိုပါတယ်။ 0:05:52.382,0:05:56.861 ၎င်းတို့ဟာ အဆိပ်အတောက်များမှအစ ပလပ်စတစ်[br]အဆုံး အရာတိုင်းကို စားနိုင်ကြပြီး 0:05:58.075,0:06:02.590 ရေနံနဲ့ ဘက်ထရီပါဝါတို့လို[br]စွန့်ပစ်အရာတွေကို ထုတ်လုပ်နိုင်ကြပါတယ်။ 0:06:02.614,0:06:05.456 ရွှေစစ်စစ် အတုံးလေးတွေကိုတောင်[br]ထုတ်လုပ်ပေးနိုင်ကြတယ်။ 0:06:06.729,0:06:10.290 စားမရနိုင်တာကို အာဟာရအဖြစ်[br]ပုံစံပြောင်းလဲပေးနိုင်ကြတယ်။ 0:06:10.457,0:06:13.126 ၎င်းတို့ဟာ သကြားကို အရက်အဖြစ် [br]ပုံပြောင်းပေးနိုင်ကြတယ်။ 0:06:13.126,0:06:15.839 ၎င်းတို့ဟာ ချောကလက်ကို လိုချင်တဲ့ အရသာကို[br]ဖန်တီးပေးနိုင်တယ်။ 0:06:15.863,0:06:18.119 မြေဆီလွှာကို ကြီးထွားရေး[br]စွမ်းပကားကို ပေးကြတယ်။ 0:06:18.143,0:06:19.620 ကျွန်မ ရှင်တို့ ပြောချင်တာက 0:06:19.644,0:06:22.791 လာမယ့် နှစ်ပေါင်း ၁၀၀ အတွင်းမှာ[br]ဒီလိုအဏုဇီဝ အကောင်တွေက 0:06:22.815,0:06:25.430 ကျွန်မတို့ ပြဿနာတွေကို[br]တိုးတိုးပြီး ဖြေရှင်းပေးကြပါမယ်။ 0:06:25.430,0:06:27.753 များပြားလှတဲ့ ပြဿနာတွေ[br]အထဲကနေပြီး ရွေးကြရပါမယ်။ 0:06:27.762,0:06:31.689 အနံ့မကောင်းတဲ့ အဝတ် ဒါမှမဟုတ်[br]ရသမဲ့ အစားအစာလို သာမန်ပြဿနာတွေ ရှိပါတယ်။ 0:06:32.464,0:06:34.501 ဧရာမ ပြဿနာကြီးတွေလည်း ရှိပါတယ်- 0:06:34.525,0:06:37.826 ရောဂါဘယတွေ၊ လေထုညစ်ညမ်းမှု၊ စစ်မက်တွေ။ 0:06:38.716,0:06:40.674 ဒီတော့ ကျွန်မမြင်တဲ့ တာဝန်က- 0:06:40.674,0:06:44.264 ကျွန်မတို့ ဝန်းကျင်ရှိ အဏုဇီဝတွေကို[br]စာရင်းလုပ် မှတ်တမ်းတင်ရုံတင် မကပါ၊ 0:06:44.288,0:06:47.537 ကျွန်မတို့ကို ကူညီပေးရန် အသင့်လျော်ဆုံး[br]တွေကို ရှာကြံပေးရန်ပါပဲ။ 0:06:48.281,0:06:49.820 ဥပမာတစ်ခုကို တင်ပြပေးမယ်။ 0:06:49.820,0:06:51.702 ကျွန်မတို့ဟာ ဖျက်ကောင်နဲ့ စခဲ့ကြတယ်၊ 0:06:51.726,0:06:54.474 ကျွန်မတို့ အိမ်တွေအများစုမှာ[br]နေထိုင်တဲ့ နကျယ်ကောင်ပါ။ 0:06:54.707,0:06:59.634 အဲဒီနကျယ်ကောင် အထဲကနေပြီး ကျွန်မတို့ဟာ[br]လူသိနည်းတဲ့ အဏုဇီဝ မျိုးစိတ်တစ်ခုကို 0:06:59.658,0:07:01.727 ထုတ်ယူနိုင်ခဲ့ရာ [br]ထူးဆန်းတဲ့ လုပ်နိုင်စွမ်း၊ 0:07:01.775,0:07:03.730 ဘီယာကို ထုတ်လုပ်နိုင်စွမ်း တွေ့ခဲ့တယ်။ 0:07:03.886,0:07:07.411 ဒီဂြိုစ်ပေါ်က မျိုးစိတ် အချို့ဆီမှာသာ[br]တွေ့ရှိရတဲ့ လက္ခဏာပါ။ 0:07:07.435,0:07:10.296 တကယ်တော့ စီးပွားဖြစ် ရောင်းကြတဲ့[br]ဘီယာအားလုံးဟာ 0:07:10.320,0:07:13.823 အဏုဇီဝ မျိုးစိတ် သုံးခုတို့မှသာ[br]ထုတ်လုပ်ကြတာပါ။ 0:07:14.729,0:07:18.811 ကျွန်မတို့ တွေ့ထားတဲ့ မျိုးစိတ်တွေကျတော့[br]ပျားရည်အရသာရှိ ဘီယာကို ထုတ်လုပ်ပေးနိုင်ပြီး 0:07:19.286,0:07:22.238 သောက်လို့ ကောင်းမယ့် ဘီယာအချဉ်ကိုလည်း[br]ထုတ်လုပ်ပေးနိုင်တယ်။ 0:07:23.043,0:07:26.876 ခုနက ပြောခဲ့သလို နကျယ်ကောင်ရဲ့ ဝမ်းထဲမှာ[br]နေထိုင်တဲ့ အဲဒီ အဏုဇီဝ မျိုးစိတ်များဟာ 0:07:26.917,0:07:29.904 ဒီပြင် မျိုးစိတ်တွေနဲ့ စာရင် [br]သိပ်ကို တန်ဖိုးရှိမယ့် 0:07:29.928,0:07:33.387 ဘီယာအချဉ်မျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။ 0:07:34.326,0:07:37.800 ဒီနေ့တွင် စီးပွားဖြစ် ဘီယာထုတ်လုပ်ကြတဲ့[br]မျိုးစိတ် လေးမျိုး ရှိပါတယ်။ 0:07:39.197,0:07:41.512 ဒီတော့ ရှင်တို့ မြင်ခဲ့ရတဲ့ [br]ဖျက်ကောင်ရဲ့ နေရာမှာ 0:07:41.536,0:07:45.163 အခုတော့ ရှင်တို့ အကြိုက်ဆုံး ဘီယာ[br]သောက်သုံးရမှာကို စဉ်းစားလို့ ရပါပြီ။ 0:07:45.925,0:07:47.454 ဒုတိယ ဥပမာအနေနဲ့၊ 0:07:47.478,0:07:51.254 သုသေသီများနဲ့အတူ လူတွေရဲ့ အိမ်နောက်ဖေးက[br]အမှိုက်တွေကို တူးဖေါ်ကြည့်ခဲ့ပါတယ်။ 0:07:51.493,0:07:55.550 အဲဒီမှာ ကျွန်မတို့ဟာ ပုံစံသစ် ပဋိဇီဝဆေးကို[br]ထုတ်လုပ်ပေးနိုင်တဲ့ အဏုဇီဝတွေ တွေ့ခဲ့တယ်။ 0:07:55.574,0:07:58.707 ကမ္ဘာ့အဆိုးဆုံး ရောဂါပိုးတွေကို[br]သတ်ပစ်နိုင်တဲ့ ပဋိဇီဝဆေးပါ။ 0:07:59.690,0:08:02.899 အဲဒါကို ရှာတွေ့ခဲ့ခြင်းဟာ [br]သိပ်ကို ကံကောင်းမှုပါ။ 0:08:02.923,0:08:04.831 ဒါပေမဲ့ လျှို့ဝှက်ချက်က ဒီလိုပါ- 0:08:05.164,0:08:07.084 လွန်ခဲ့တဲ့ နှစ် ၆၀ အတွင်းမှာ၊ 0:08:07.108,0:08:09.397 စျေးကွက်ထဲက ပဋိဇီဝဆေး အများစုကို 0:08:09.421,0:08:11.630 ဆင်တူ မြေဆီလွှာ ဗက်တီးရီးယားမှ ရရှိတာပါ။ 0:08:12.269,0:08:15.294 နေ့စဉ်နေ့တိုင်းလိုလို ဒီခန်းမကြီးထဲ [br]ရှိနေသူတွေအားလုံး 0:08:15.318,0:08:17.060 ဒီဂြိုဟ်ပေါ်က တခြားလူတွေကို 0:08:17.084,0:08:21.503 ပဋိဇီဝဆေးအများစုကို ထုတ်လုပ်ပေးကြတဲ့[br]အဲဒီမြေဆီလွှာ ဘက်တီးရီးယားက ကယ်တင်ပေးတာပါ။ 0:08:22.235,0:08:24.898 ဒီတော့ ရှင်တို့ အညစ်အကြေးကို [br]မြင်ခဲ့ကြတဲ့ နေရာမှာ 0:08:24.922,0:08:27.713 အခုတော့ ဆေးဝါးအကြောင်းကို [br]စဉ်းစားနိုင်ပါပြီ။ 0:08:27.922,0:08:31.048 ကျွန်မ အကြိုက်ဆုံး ဥပမာကို[br]လုပ်ဖော်ကိုင်ဖက်များထံမှ ရရှိခဲ့တာပါ၊ 0:08:31.072,0:08:33.967 ရေကန်အမြှုပ်ထဲက အဏုဇီဝတွေကို[br]သူတို့ လေ့လာနေခဲ့ကြရာ၊ 0:08:33.991,0:08:37.941 ၎င်းကို ပထမဦးဆုံး တွေ့ခဲ့တဲ့ နွားချေးရဲ့[br]ဝမ်းနည်းစရာ အမည်ကို ရရှိထားတဲ့ အကောင်ပါ။ 0:08:37.941,0:08:42.346 အဲဒါကို သုတေသီတွေက ကြွက်တွေကို[br]ကျွေးပေးကြည့်တဲ့အခါမှာ 0:08:42.370,0:08:45.892 အဲဒါဟာ PTSD ကို တိုက်ဖျက်ကုစားနိုင်ကြောင်း[br]တွေ့ရှိခဲ့ရတာကို သိလာရတော့မှ 0:08:45.916,0:08:47.967 အဲဒါဟာ မှတ်သားစရာ ကောင်းတဲ့ ဆေးဖြစ်လာတာပါ။ 0:08:49.842,0:08:51.746 ၎င်းဟာ ကြောက်ရွံ့မှုအတွက် ကာကွယ်ဆေးပါ။ 0:08:53.418,0:08:57.190 ဒီတော့ ရေကန်ထဲက အမြှုပ်တွေကို မြင်ရရင်[br]မျှော်လင့်ချက်ကိုပါ သတိရနိုင်ပါပြီ။ 0:08:57.267,0:09:00.315 အဲဒီလို အဏုဇီဝအကောင်များဆိုင်ရာ[br]ပြနိုင်တဲ့ သာဓကတွေ များလွန်းလို့ 0:09:00.315,0:09:02.919 ဒီနေ့ အဲဒါတွေကို ပြောဖို့အချိန်[br]လုံလောက်မှာ မဟုတ်ပါဘူး။ 0:09:03.122,0:09:08.506 မျိုးစိတ် သုံးခုတည်းကနေပြီး[br]လုပ်နိုင်မယ့် ဥပမာတွေကို တင်ပြခဲ့တာပါ၊ 0:09:08.530,0:09:12.876 ဒါပေမဲ့ ရှင်တို့ရဲ့ အမှိုက်ပုံးများထဲက[br]မျိုးစိတ် ၁၀၀၀၀၀ လုပ်နိုင်မှာကို 0:09:12.900,0:09:14.173 စိတ်ကူးကြည့်ကြပါ။ 0:09:14.751,0:09:18.079 အနာဂတ်တွင် ၎င်းတို့ဟာ ရှင်တို့ဟာ[br]ရာဂစိတ်ကြွလာအောင်၊ 0:09:18.478,0:09:20.375 ဒါမှမဟုတ် ပိုပြီးစမတ်ကျလာအောင် 0:09:20.785,0:09:22.912 ဒါမှမဟုတ် အသက်ရှည်အောင်[br]လုပ်ပေးနိုင်ကြပါတယ်။ 0:09:23.583,0:09:26.905 ဒီတော့ ရှင်တို့ကို ရှင်တို့ရဲ့[br]လက်ချောင်းကို ပြန်ပြီး ကြည့်စေလိုပါတယ်။ 0:09:27.185,0:09:29.471 မသိရှိရသေးတဲ့ အဏုဇီဝ[br]အကောင်တွေ အားလုံးအကြောင်းကို 0:09:29.495,0:09:30.756 စဉ်းစားစိတ်ကူးကြည့်ကြပါ။ 0:09:30.756,0:09:33.971 အနာဂတ်တွင် ၎င်းတို့ဟာ ဘာတွေကို[br]လုပ်ပေးနိုင်မှာကို စဉ်းစားကြည့်ကြပါ၊ 0:09:33.995,0:09:35.168 ဒါမှမဟုတ် 0:09:35.428,0:09:38.444 ၎င်းတို့က ကယ်တင်ပေးကြမယ့် အသက်တွေ[br]အကြောင်းကို စဉ်းစားကြည့်ကြပါ။ 0:09:38.771,0:09:41.294 အခုတော့ ရှင်တို့ရဲ့ လက်ချောင်းကို [br]ဘယ်လိုခံစားမိကြလဲ? 0:09:41.502,0:09:43.577 နည်းနည်းလေး ပိုပြီး အစွမ်းထက်လာတယ်နော်? 0:09:44.564,0:09:46.591 အဲဒါက ရှင်တို့ အနာဂတ်ကို ခံစားမိကြလို့ပါ။ 0:09:47.210,0:09:48.372 ကျေးဇူးတင်ပါတယ်။ 0:09:48.803,0:09:53.424 (လက်ခုပ်သံများ)