သင်ဟာ တကယ်ရှိနေမှန်းဆိုတာ ဘယ်လိုသိလဲ။
ဖြေဖို့ မကြိုးစားခင်ထိတော့
ရှင်းနေတဲ့ မေးခွန်းတစ်ခုပါ။
ဒါပေမဲ့ အလေးအနက်ထားကြည့်ရအောင်။
သင်တည်ရှိနေမှန်းကို တကယ် ဘယ်လိုသိလဲ။
သူ့ရဲ့ "Meditation on
First Philosophy" မှာ
René Descartes က
အခြေခံတွေကနေ ပြန်စဖို့ သူ့ရဲ့
တင်ကူးမှန်းဆထားတဲ့ အယူအဆနဲ့
အမြင်တွေအားလုံးကို ဖြိုချရင်း
ဒီမေးခွန်းကို ဖြေဖို့ ကြိုးစားခဲ့တယ်။
သူ့ရဲ့ အသိသုတအားလုံးဟာ ကမ္ဘာကြီးရဲ့
အာရုံခံ အမြင်တွေကနေ လာခဲ့တာပါ။
သင်တို့လည်း အတူတူပဲ မို့လား။
သင်ဟာ ဒီဗီဒီယိုကို မျက်လုံးနဲ့ကြည့်ပြီး
နားနဲ့ နားထောင်နေတာ သိကြပါတယ်။
သင့်အာရုံတွေက သင့်ကို ကမ္ဘာကြီးအား
အရှိအတိုင်း ပြပေးတယ်။
သင့်ကို မလှည့်စားနေပေမဲ့
တစ်ခါတစ်လေတော့ လုပ်ကြတယ်။
သင်ဟာ အဝေးက လူတစ်ယောက်ကို
လူတစ်ယောက်နဲ့ မှားနိုင်ပါတယ်၊
(သို့) လေထဲက ဘောလုံးကို
မိတော့မယ်လို့ သေချာနေပြီး
ဒါက သင့်ရှေ့က မြေပြင်မှာ ထိသွားတာပေါ့။
ဒါပေမဲ့ လာစမ်းပါ၊ ဒီနေရာ ဒီအချိန်မှာ
သင့်ရှေ့တည့်တည့်က အရာဟာ
တကယ်ဆိုတာ သင်သိပါတယ်။
သင့် မျက်လုံးတွေ၊ လက်တွေ၊
ကိုယ်ခန္ဓာ၊ ဒါသင်ပါပဲ။
အရူးတွေပဲ ဒါကို ငြင်းမှာပါ၊
သင်မရူးတာ သင်သိပါတယ်။
ဒါကို သံသယရှိသူဟာ အိပ်မက်မက်
နေတာ ဖြစ်လိမ့်မယ်။
အိုး မဟုတ်ဘူး၊ အိပ်မက် မက်နေတယ်ဆိုရင်ရော။
အိပ်မက်တွေဟာ တကယ်လို့ ခံစားရတယ်။
သင့် တကယ့် ခန္ဓာကိုယ်က အိပ်ရာထဲမှာ
လှဲနေရင်း ရေကူးနေတယ်၊
ပျံသန်းနေတယ်၊ လက်ဗလာနဲ့
သတ္တဝါကြီးတွေကို တိုက်နေတယ်လို့
ယုံကြည်နိုင်တယ်။
နိုး၊ နိုး၊ နိုး။
နိုးနေရင် နိုးတယ်လို့ သင်သိတယ်။
အာ၊ မနိုးဘူးဆိုရင်တော့ မနိုးတာ မသိဘူးပေါ့။
ဒီတော့ သင်အိပ်မက်မက်နေတာ
သက်သေမပြနိုင်ဘူးလေ။
ဖြစ်နိုင်တာက သင့်ကိုယ်တိုင် သတိမူမိတဲ့
ကိုယ်ဟာ အဲဒီမှာ တကယ်မရှိတာပါ။
ဖြစ်နိုင်တာက လက်တွေ့ဘဝအားလုံး
စိတ္တဇ အမြင်တွေတောင်မှ
ဥပမာ အမှားတွေဖြစ်တဲ့ အချိန်၊
ပုံစံ၊ အရောင်နဲ့ နံပါတ်တွေဟာ
နတ်ဆိုးတစ်ကောင်က လုပ်ဇာတ်ခင်းထားတဲ့
လှည့်စားခြင်း အားလုံးပါပဲ။
နိုး၊ အလေးအနက် ပြောတာပါ။
Descartes က နတ်ဆိုးကောင်က သင့်ကို
ဒိဋ္ဌဖြစ်ရပ်က တကယ်ဆိုပြီး လှည့်စား
အယုံသွင်းတာ မှားယွင်းကြောင်း
ငြင်းဆန်နိုင်လားလို့မေးတယ်။
ဖြစ်နိုင်တာက ဒီဆိုးယုတ်တဲ့ လှည့်စား
သူက သင့်ကို လှည့်စားလိုက်တာပါ။
ဒီကမ္ဘာ၊ သင့်ရဲ့ အမြင်တွေ၊
သင့်ရဲ့ ဒီခန္ဓာပါ။
ဒါတွေအားလုံး ဖန်တီးထားမှုပဲလို့
သင် မငြင်းဆနိုင်ပါဘူး၊
ဒါတွေမပါပဲ သင် ဘယ်လို
တည်ရှိနိုင်မှာလဲ။
သင်မရှိနိုင်ဘူး၊ ဒီတော့ မရှိဘူးပေါ့။
ဘဝဟာ အိပ်မက်တစ်ခုသာ ဖြစ်ပြီး
သေချာတာက သင်ဟာ လှေကို လုံးဝ
ပျော်မြူးစွာ လှော် လှော် မနေဘူး မို့လား။
နိုး၊ ငြီးငွေ့စွာ လှော်နေတာ၊
လှည့်စားခံရတဲ့ မတည်ရှိတဲ့ ငတုံးလို
သင်ဖြစ်တယ်၊ မဖြစ်ဘူးပေါ့။
ဒါကို ဘဝင်ကျစရာလို့ သင်ထင်လား။
သင် ယုံကြည် လက်ခံလား။
မဟုတ်ရင် ကောင်းပါတယ်၊
ဟုတ်တယ် ဆိုရင် ပိုကောင်းတာက
အယုံသွင်း ခံလိုက်ရတာကြောင့်
သင်ဟာ အယုံသွင်းခံရတဲ့ သတ္တဝါ
အဖြစ် သက်သေပြတော့မယ်လေ။
သင်ဟာ တစ်ခုခုလို့ထင်ရင် သင်ဟာ
နတ္ထိမဖြစ်နိုင်တော့ဘူး။
တစ်ခုခုဟာ ဘာမှမဟုတ်ဘူးလို့
သင်ထင်တာတောင်ပါ။
အကြောင်းက ဘာပဲ သင်တွေးတွေး
သင်ဟာ တွေးနေတဲ့အရာ ဖြစ်လို့ပါ။
(သို့) Descartes ပြောခဲ့သလို
"ငါတွေးခေါ်နိုင်တယ်၊ ဒါကြောင့် ငါရှိတယ်"
သင်တို့ရောလေ၊ တကယ်ပါ။
(လေယာဉ်စက်သံ)