1 00:00:01,196 --> 00:00:02,549 ကောလိပ်ကျောင်း ဘွဲ့ရပြီးလို့ 2 00:00:02,573 --> 00:00:05,124 တိုင်ပင်ရေး ကုမ္ပဏီကို ဝင်ပြီး အလုပ်လုပ်ခဲ့တယ်။ 3 00:00:05,148 --> 00:00:08,852 လမ်းညွှန်ပေးကြတဲ့ ခေါင်းဆောင်တွေက အကြံဉာဏ်တွေကို ပေးတတ်ကြတယ်။ 4 00:00:09,287 --> 00:00:12,870 ကျွန်တော် ဘယ်တော့ မှမေ့နိုင်မှာ မဟုတ်တဲ့ တိုတိုတုတ်တုတ် အကြံပေးသူရှိခဲ့တယ်။ 5 00:00:13,369 --> 00:00:16,671 "စီမံခန့်ခွဲလွယ်တဲ့ သူတွေ ဖြစ်ကြပါ" ဆိုပြီး အကြံပေးတယ်။ 6 00:00:16,695 --> 00:00:20,484 ကျွန်တော်ဟာ တကယ့်ကို ရိုးအခဲ့လို့ အဲဒီတုန်းက ကြားလိုက်ရတဲ့ 7 00:00:20,508 --> 00:00:22,275 အကြံပေးချက်ကို နှလုံး သွင်းခဲ့တယ်။ 8 00:00:22,299 --> 00:00:23,794 ကိုယ့်ကိုယ်ကို ပြောလိုက်တယ်၊ 9 00:00:23,818 --> 00:00:26,674 "ဟုတ်တယ်၊ အသင်းနှင့်အတူ တွဲပြီး ကစားသူ ငါဖြစ်မယ်။ 10 00:00:26,698 --> 00:00:28,641 ငါ့ကိုပြောတဲ့ အရာတိုင်းကို လိုက်လုပ်မယ်။ 11 00:00:28,665 --> 00:00:30,551 ငါဟာ စီမံခန့်ခွဲရတာ လွယ်သူ ဖြစ်စေရမယ်။" 12 00:00:31,658 --> 00:00:34,016 ဘွဲ့ယူမယ့် အတန်းတက်တဲ့အထိ အဲဒီလို ဟုတ်ခဲ့ပါတယ်၊ 13 00:00:34,040 --> 00:00:38,956 Flint၊ Michigan ရေအကျပ်အတည်း ကိစ္စမှာ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေရဲ့ 14 00:00:38,980 --> 00:00:41,709 ရာဇဝတ်မှု လုပ်ရပ်တွေကို ကိုယ့်ကိုယ်တိုင် မြင်လိုက်ရတော့၊ 15 00:00:41,733 --> 00:00:46,291 အဲဒီလို တွေးခေါ်မှုဟာ အန္တရာယ်များပြီး တချိန်တည်းမှာ အံ့ဖွယ် လုပ်ရိုးလုပ်စဉ် 16 00:00:46,315 --> 00:00:48,333 တွေးခေါ်မှု ဖြစ်တာကို နားလည်လိုက်တယ်။ 17 00:00:48,698 --> 00:00:49,865 အမှား မခံပါနဲ့- 18 00:00:49,889 --> 00:00:54,531 Flint ရေ အကျပ်အတည်းပြီး ဒီခေတ်ရဲ့ အဆိုးဝါးဆုံး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ 19 00:00:54,555 --> 00:00:55,706 မတရားမှုကြီး တစ်ခုပါ။ 20 00:00:55,730 --> 00:00:57,286 ၁၈ လကျော်အထိကို၊ 21 00:00:57,310 --> 00:01:01,392 ကလေးငယ် သောင်းချီ အပါအဝင် အဲဒီက ပြည်သူ ၁၀၀၀၀၀ တို့ဟာ 22 00:01:01,416 --> 00:01:05,299 ခဲပါဝင်မှုနှန်း မြင့်ပြီး အဆိပ်သင့်နေတဲ့ သောက်ရေကို သောက်သုံးနေခဲ့ကြရပါတယ်။ 23 00:01:06,040 --> 00:01:07,916 ခဲဟာ ပြင်းထန်တဲ့ neurotoxin ဖြစ်လို့ 24 00:01:07,940 --> 00:01:11,680 သိမြင်နားလည်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်၊ 25 00:01:11,704 --> 00:01:15,916 အထူးသဖြင့် ကြီးထွားဆဲ သန္ဓေသားနဲ့ ကလေးငယ် အတွက် အန္တရာယ်များတယ်။ 26 00:01:16,457 --> 00:01:19,858 အဲဒါ အန္တရာယ်များတာကို ကျွန်တော်တို့ဟာ ရောမခေတ် ကတည်းက သိကြပါတယ်။ 27 00:01:20,799 --> 00:01:23,266 ကျန်းမာရေး ပြဿနာတွေ မနည်းကြီး ဖြစ်စေတဲ့ အပြင်၊ 28 00:01:23,290 --> 00:01:27,007 Legionnaire ရောဂါ ကူးစက်မှုကြောင့် လူ ၁၂ ဦး သေခဲ့ကြရတယ်။ 29 00:01:27,541 --> 00:01:29,343 Flint ရဲ့ ရေဆိုင်ရာ အခြေခံအဆောက်အအုံ- 30 00:01:29,367 --> 00:01:32,448 မြေအောက်ရှိ ရှုပ်ထွေးလှတဲ့ ရေပိုင် ကွက်ရက်ကြီးဟာ - 31 00:01:32,472 --> 00:01:34,540 အပြင်းအထန် ပျက်စီးနေခဲ့တယ်။ 32 00:01:35,116 --> 00:01:38,276 ရေရဲ့ အရည်အသွေးဟာ တဖြည်းဖြည်းချင်း တိုးတက်လာနေပြီး 33 00:01:38,300 --> 00:01:40,351 ရေပိုက်တွေကို အခု အစားထိုးပေးနေပေမဲ့၊ 34 00:01:40,375 --> 00:01:42,075 နှစ်နှစ်ကျော် ကြာသွားတောင်မှ၊ 35 00:01:42,099 --> 00:01:44,449 ရေဟာ သောက်ဖို့ ဘေးကင်းသေးပါဘူး။ 36 00:01:46,276 --> 00:01:49,161 ဒါကြောင့် လူတွေဟာ ထိတ်လန့်နေရဆဲပါ။ 37 00:01:49,185 --> 00:01:50,493 သူတို့ဟာ သူတို့ဘာသာသူတို့ 38 00:01:50,517 --> 00:01:52,198 "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ခဲ့တာလဲ" မေးနေကြတယ်။။ 39 00:01:53,083 --> 00:01:57,870 တိုတိုနဲ့ ဖြေရရင်- Michigan မြို့တော်ဝန်က ခန့်ထားတဲ့အရေးပေါ် မန်နေဂျာ တစ်ဦးက 40 00:01:57,894 --> 00:02:00,319 အကုန်အကျ သက်သာဖို့ သူတို့ရဲ့ ရေကိုရယူတဲ့ ရင်းမြစ်ကို 41 00:02:00,343 --> 00:02:04,801 ဒေသထဲက မြစ်ဆီကို လွှဲပြောင်းရန် ဆုံးဖြတ်လိုက်မှုမှ အကျပ်အတည်း စခဲ့တယ်။ 42 00:02:05,327 --> 00:02:07,222 ဒါပေမဲ့ Michigan အစိုးရ အေဂျင်စီများမှ 43 00:02:07,246 --> 00:02:10,883 သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများရော 44 00:02:10,907 --> 00:02:13,962 ဖက်ဒရယ်အစိုးရထဲက အလားတူ တာဝန်ရှိသူတွေပါ 45 00:02:13,986 --> 00:02:18,365 ရေကို သန့်စင်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို မလိုက်နာခဲ့ကြလို့ အကျပ်အတည်း ကြာလာခဲ့တယ်။ 46 00:02:18,921 --> 00:02:20,119 ပိုပြီးဆိုးတဲ့အချက်က၊ 47 00:02:20,143 --> 00:02:23,955 ဥပဒေကို မလိမ့်တပတ် အသုံးချခဲ့ကြပြီး လုပ်ကြံပုံပြင်တွေကို ထုတ်လွင့်ခဲ့ကြတယ်။ 48 00:02:24,015 --> 00:02:26,976 သူတို့ဟာ အကူအညီတောင်းဖို့ လာကြတဲ့ ဒေသခံတွေကို လှောင်ကြရင်း 49 00:02:27,000 --> 00:02:31,460 ပိုက်ခေါင်းက ထွက်လာနေတဲ့ အညိုရောင်ရှိပြီး အနံ့ရတဲ့ ရေကို သောက်မှုဟာ ဘာမှ အန္တရာယ် 50 00:02:31,484 --> 00:02:32,757 မရှိဘူးလို့ ကြေညာခဲ့ကြတယ်။ 51 00:02:33,748 --> 00:02:39,413 ဒေသခံ၊ ပြည်နယ်နှင့် ဖက်ဒရယ် အဆင့် စနစ်များဟာ ကျွန်ုပ်တို့ရဲ့ ထိခိုက်လွယ်ဆုံး 52 00:02:39,437 --> 00:02:41,429 သူတွေကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကြပြီး 53 00:02:41,453 --> 00:02:45,110 ပြည်သူကြီး တစ်ရပ်လုံးဟာ ကိုယ့်ကိုကိုယ်သာ အားကိုးလာခဲ့ကြရတယ်။ 54 00:02:46,200 --> 00:02:50,960 ပြီးတော့၊ အဲဒီလို တရားမမျှတမှု အကြားမှာ Flint ဒေသခံများဟာ လက်တွဲချီတက်ခဲ့ကြရတယ်။ 55 00:02:50,984 --> 00:02:54,099 သူတို့အကြားတွင် Flint ရဲ့ အံ့သြဖွယ် အမျိုးသမီးအချို့ ရှိခဲ့ကြတယ်- 56 00:02:54,099 --> 00:02:56,420 မိခင်တွေ သူတို့ရဲ့ကလေးတွေ အတွက် စိုးရိမ်ခဲ့ကြတယ်- 57 00:02:56,420 --> 00:03:00,057 သူတို့ဟာ အောက်ခြေ အဖွဲ့အစည်းတွေကို ဖွဲ့စည်းလာကြတယ်၊ 58 00:03:00,081 --> 00:03:03,906 အဲဒီအုပ်စုတွေက စတင် ဆန္ဒပြလာကြကာ အပြောင်းလဲတွေကို တောင်းဆိုလာကြတယ်။ 59 00:03:04,488 --> 00:03:08,226 အဲဒီအုပ်စုဟာ ပြင်ပမှ သိပ္ပံပညာရှင်များကို အကူအညီတွေ တောင်းခဲ့ကြတယ်၊ 60 00:03:08,250 --> 00:03:09,786 တချို့က ပြန်ဖြေခဲ့ကြတယ်။ 61 00:03:10,471 --> 00:03:13,959 သူတို့အကြားမှာ Miguel Del Toral ဆိုတဲ့သူလည်း ပါခဲ့ပါတယ်၊ 62 00:03:13,983 --> 00:03:18,661 အမေရိကန် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ-EPA မှ ရေဆိုင်ရာ ကျွမ်းကျင်သူပါ- 63 00:03:18,685 --> 00:03:21,248 ဒီသိပ္ပံနည်းကျ မှတ်စုတိုကို ရေးခဲ့သူပါ 64 00:03:21,272 --> 00:03:24,412 Michigan နဲ့ ဖက်ဒရယ်အစိုးရထံကို ပို့ပေးခဲ့ပြီး ဒီပြဿနာကို 65 00:03:24,436 --> 00:03:26,800 သူတို့ အာရုံစူးစိုက်ပေးဖို့ တင်ပြခဲ့တယ်။ 66 00:03:27,281 --> 00:03:29,847 သူ့ကို "ဝန်ထမ်းဆိုး" လို့ ခေါ်ဝေါ်ခဲ့ကြကာ၊ 67 00:03:29,871 --> 00:03:31,335 အမှောင်ချခဲ့ကြတယ်။ 68 00:03:32,522 --> 00:03:34,968 Flint ရပ်ကွက်ပြည်သူတွေနဲ့ ပူးပေါင်းလက်တွဲလျက်၊ 69 00:03:34,968 --> 00:03:37,526 Tech မှာရှိတဲ့ ကျွန်တော်တို့ရဲ့ သုတေသနအဖွဲ့က 70 00:03:37,526 --> 00:03:41,072 ပါမောက္ခ Marc Edwards ဦးဆောင်တဲ့ ကျောင်းသားတွေနဲ့ သိပ္ပံပညာရှင်တွေက၊ 71 00:03:41,072 --> 00:03:43,320 မြို့တဝိုက်မှာ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြတယ် 72 00:03:43,344 --> 00:03:46,352 Flint က ရေဟာ တကယ့်ကို ညစ်ညမ်းနေတာကို သက်သေထူပြန်ဖို့ပါ၊ 73 00:03:46,376 --> 00:03:48,954 တချို့အိမ်တွေမှာ ဆိုရင် အဆိပ်တောင် သင့်နေခဲ့တယ်။ 74 00:03:49,155 --> 00:03:52,674 Flint က လချီကြာ ငိုကြွေး တင်ပြလာခဲ့တာကို ကျွန်တော်တို့က အတည်ပြုနိုင်ခဲ့တယ်၊ 75 00:03:52,698 --> 00:03:55,846 တကမ္ဘာလုံး ကြည့်ရှုနိုင်ရန် အဲဒါကို အင်တာနက်ပေါ် တင်ပေးလိုက်ကြတယ်။ 76 00:03:55,870 --> 00:03:58,848 အခုတော့၊ ဒီကိစ္စထဲ ပါဝင်ပတ်သက်ဖို့ စတင်စဉ်၊ 77 00:03:58,872 --> 00:04:00,266 ဒါကို ထောက်ခံခဲ့စဉ်တုန်းက၊ 78 00:04:00,290 --> 00:04:02,765 ဘာထဲကို ပါဝင်နေကြောင်း ကျွန်တော် လုံးဝ နားမလည်ခဲ့ပါ။ 79 00:04:03,317 --> 00:04:06,890 ဒါပေမဲ့၊ ဒီလမ်းခရီးရဲ့ စက္ကန့်တိုင်းဟာ တကယ့်ကို ထိုက်တန်ခဲ့ပါတယ်။ 80 00:04:06,890 --> 00:04:09,945 အဲဒါက ပြည်သူ့အကျိုးက လုပ်ကျွေးပေးခဲ့တဲ့ သိပ္ပံပညာ ဖြစ်ခဲ့လို့ပါ။ 81 00:04:09,969 --> 00:04:12,498 ကျွန်တော် ဘွဲ့ယူဖို့ ကျောင်းတက်ခဲ့တာ အဲဒါ့အတွက်ကိုပါ။ 82 00:04:12,522 --> 00:04:15,475 တကယ်တော့ ကျွန်တော်ဟာ ကိုယ့်ဘဝကို အဲဒီလိုနည်းဖြင့် သုံးရမှာပါ။ 83 00:04:15,880 --> 00:04:17,894 ဒီတော့ လက်ရှိ ညွန့်ပေါင်းအဖွဲ့က- 84 00:04:17,918 --> 00:04:22,811 နိုင်ငံသားများ၊ သင်းအုပ်ဆရာ၊ သတင်းထောက် သိပ္ပံပညာရှင်တို့ရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ- 85 00:04:22,835 --> 00:04:27,235 လက်တွဲလျက် သိပ္ပံပညာ၊ အကျိုးဆောင်မှု နှင့် တက်ကြွမှုကို အသုံးချပြီး အမှန်တရားကို ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။ 86 00:04:27,685 --> 00:04:29,818 ဒေသခံ ကလေးဆရာဝန် ဆိုရင် ကလေးတွေ 87 00:04:29,842 --> 00:04:34,181 ခဲအဆိပ်သင့်မှု ဖြစ်ရပ်တွေ နှစ်ဆတောင် ဆိုးလာတာကို ရှာတွေ့ခဲ့တယ်၊ 88 00:04:34,205 --> 00:04:36,016 အကျပ်အတည်းကာလ Flint ဒေသထဲမှာပါ။ 89 00:04:37,124 --> 00:04:40,811 အဲဒါနဲ့ Michigan ပြည်နယ်က ပြဿနာကို အသိအမှတ် ပြုလာရကာ 90 00:04:40,835 --> 00:04:43,355 အဲဒါ ပြင်ပေးရန် ချမှတ်လာခဲ့တယ်။ 91 00:04:43,379 --> 00:04:47,055 ဒီအုပ်စုနှင့်အခြားသော လူများစာတို့က Flint ရဲ့ကလေးတွေကို ကာကွယ်နိုင်ခဲ့ကြတယ်။ 92 00:04:48,006 --> 00:04:49,176 လအနည်းငယ် ကြာလာတော့၊ 93 00:04:49,200 --> 00:04:52,669 သမ္မတ Obama ဝင်လာပြီး ဖက်ဒရယ် အရေးပေါ် ဥပဒေကို ကြေညာလိုက်တယ်၊ 94 00:04:52,693 --> 00:04:56,201 အခုဆို Flint ဟာ ဒေါ်လာသန်း ၆၀၀ ကျော် ရရှိနေပါပြီ 95 00:04:56,225 --> 00:04:59,624 ကျန်းမာရေး စောင့်ရှောက်မှု၊ အာဟာရ၊ ပညာရေး အတွက်ပါ၊ 96 00:04:59,648 --> 00:05:03,056 ပြီးတော့ အဲဒီက ရေဆိုင်ရာ အခြေခံအဆောက်အအုံကို ပြန်ထူထောင်နေတယ်။ 97 00:05:03,056 --> 00:05:08,887 ဘယ်လိုပဲဖြစ်ဖြစ်၊ အစိုးရ အေဂျင်စီများမှ သိပ္ပံပညာရှင်များနှင့်အင်ဂျင်နီယာများက 98 00:05:08,911 --> 00:05:13,339 ပြသခဲ့ကြတဲ့ ပြည်သူကျန်းမာရေးဆိုင်ရာ မာနနဲ့ စာနာစိတ်ကင်းမဲ့မှုဟာ 99 00:05:13,363 --> 00:05:14,766 ယုံကြည်ဖို့ မလွယ်ပါ။ 100 00:05:15,719 --> 00:05:19,261 အဲဒီလို အဖွဲ့များထဲမှာ ကျက်စားနေကြတဲ့ ယုတ်ညံ့တဲ့ နာမည်ခံ ပုဂ္ဂိုလ်များဟာ၊ 101 00:05:19,285 --> 00:05:23,230 စည်းမျဉ်းများ ပြည့်မီရေးနဲ့ အကွက်များကို ဖြည့်ပြရေးကိုသာ အဓိက အာရုံစိုက်နေခြင်းဟာ၊ 102 00:05:23,254 --> 00:05:25,724 ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရေးနဲ့ ဆန့်ကျင်နေခြင်းဟာ၊ 103 00:05:25,724 --> 00:05:27,511 စိတ်တုန်လှုပ်စရာကြီးပါပဲ။ 104 00:05:27,596 --> 00:05:31,897 EPA ဝန်ထမ်းတစ်ဦး ရေးခဲ့တဲ့ ဒီအီးမေးလ်ကိုသာ စဉ်းစားကြည့်ကြပါ၊ 105 00:05:31,921 --> 00:05:34,143 ဖတ်ပြပါမယ်၊ 106 00:05:34,167 --> 00:05:38,315 "Flint ဆိုတဲ့ အသိုင်းအဝိုင်းဟာ သွားပြီး လေ့လာထိုက်တဲ့ နေရာလား ကျနော်မသေချာဘူး။" 107 00:05:39,990 --> 00:05:44,336 ပြည်သူတစ်ရပ်လုံးကို လုံးဝစာနာမှုမရှိတဲ့ စကားလုံးတွေမှန်း ထင်ရှားနေတယ်။ 108 00:05:44,851 --> 00:05:49,424 အဲဒီအချက်ဟာ အင်ဂျင်နီယာပညာရဲ့ ပဓာန နိယာမကြီးကို ဆန့်ကျင်နေပါတယ်၊ 109 00:05:49,424 --> 00:05:53,045 ‘‘ပြည်သူတို့၏ ကျန်းမာရေး၊ ဘေးကင်းရေးနဲ့ ကောင်းစားမှုကို ရည်မှန်းရန်’’ဆိုတဲ့ 110 00:05:53,069 --> 00:05:57,146 လိုက်နာရမယ့် ပထမဦးဆုံး နိယာမကြီး ဖြစ်ရမှာပါ။ 111 00:05:57,170 --> 00:05:58,840 အရာအားလုံးရဲ့ အထက်မှာ ရှိနေရမယ်။ 112 00:05:58,864 --> 00:06:02,308 ကျနော်တို့ ရှားရှားပါးပါး အသိအမှတ်ပြုတဲ့ Hippocratic ကျိန်ဆိုချက်ကို 113 00:06:02,332 --> 00:06:03,690 ဖေါ်ညွှန်းပေးမှုပါ။ 114 00:06:04,549 --> 00:06:08,775 ဒီတော့၊ ဆေးကုပေးကြတဲ့ ဆရာဝန်တွေနဲ့ တူကြတဲ့ သိပ္ပံပညာရှင်များနဲ့ အင်ဂျင်နီယာများက 115 00:06:08,799 --> 00:06:10,048 လက်တွဲ လုပ်ကြံကြပါက၊ 116 00:06:10,072 --> 00:06:11,913 ပြည်သူတွေ နစ်နာကြရမှာပါ- 117 00:06:11,937 --> 00:06:13,308 သေတောင် သေနိုင်ကြပါတယ်။ 118 00:06:13,332 --> 00:06:17,877 ကျွန်တော်တို့ရဲ့ ကျွမ်းကျင် ပညာရှင်များနဲ့ ကျောင်းသားတွေတောင် အဲဒါကို ပျက်ကွက်ကြရင်၊ 119 00:06:17,901 --> 00:06:20,535 လူ့အဖွဲ့အစည်းဟာ ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရပါမယ်။ 120 00:06:21,652 --> 00:06:25,853 ကျွန်တော် နက်ရှိုင်းစွာ ချီးကျူးတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး သမိုင်းထဲမှာ ရှိပါတယ်-- 121 00:06:25,877 --> 00:06:29,018 Peter Palchinsky ဆိုတဲ့ အင်ဂျင်နီယာပါ။ 122 00:06:29,042 --> 00:06:31,939 သူဟာ ဆိုဗီယက်ပြည်ထောင်စု ခေတ်တုန်းက နေထိုင်ခဲ့တာပါ။ 123 00:06:32,367 --> 00:06:37,359 Palchinskyဟာ သိပ်ကို ရိုးသားခဲ့လို့ စက်မှု လုပ်ငန်းတွေကို ထူထောင်ရေး ဆင်ခြင်မှုမဲ့ 124 00:06:37,383 --> 00:06:42,938 လမ်းညွှန်ချက်ရဲ့ လွဲချော်မှုကြီးတွေကို ထောက်ပြန်ဖို့ အသင့်ရှိနေခဲ့မှုကြောင့် 125 00:06:42,962 --> 00:06:44,895 မကြာခဏ ပြဿနာတွေ တက်ခဲ့ရပါတယ်။ 126 00:06:45,729 --> 00:06:49,747 လူတိုင်းဟာ အပေါ်ကနေ ချပေးလိုက်တဲ့ အမိန့်ကို လိုက်နာရမယ့် စနစ် ဖြစ်ခဲ့တယ်။ 127 00:06:49,771 --> 00:06:53,670 မေးခွန်း မေးတတ်သူကို၊ ထင်မြင်ချက် ပေးသူကို မနှစ်ခြိုက်ခဲ့ကြပါဘူး။ 128 00:06:54,354 --> 00:06:59,632 ဆိုဗီယက်နိုင်ငံက ကမ္ဘာပေါ်တွင် များပြားတဲ့ အင်ဂျင်နီယာတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်၊ 129 00:06:59,656 --> 00:07:04,697 အဲဒီအင်ဂျင်နီယာ အများစုတို့ဟာ ပျက်သုန်းရေး ယန္တရားကြီးရဲ့ ခွေးသွားစိပ်နဲ့ တူခဲ့ကြတယ်။ 130 00:07:05,464 --> 00:07:08,506 Palchinsky ကျတော့ အင်ဂျင်နီယာတွေကို စူးစမ်းလေ့လာခဲသူပါ၊ 131 00:07:08,530 --> 00:07:13,866 အင်ဂျင်နီယာတွေ လုပ်ခဲ့ကြတာရဲ့ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအကျိုးဆက်တွေကို 132 00:07:13,890 --> 00:07:16,879 လေ့လာခဲ့ပြီး ပြည်သူတွေကို အာရုံစိုက်စေလိုခဲ့ပါတယ်။ 133 00:07:16,903 --> 00:07:20,702 သူရဲ့ ရဲရင့်လှတဲ့ အကျိုးအကြောင်း တင်ပြချက် တွေဟာ နိုင်ငံရေးစနစ်အတွက် 134 00:07:20,726 --> 00:07:22,543 ခြိမ်းခြောက်မှု ဖြစ်ခဲ့တယ်၊ 135 00:07:22,567 --> 00:07:26,337 အဲဒါနဲ့ စတာလင်ဟာ သူ့ကို ၁၉၂၉ နှစ်တွင် ကွပ်မျက်ခဲ့ပါတယ်။ 136 00:07:27,691 --> 00:07:31,853 နည်းပညာပိုင်း ပညာရှင်တွေကို Palchinsky မြင်ခဲ့ပုံဟာ သိပ်ကို ခြားနားခဲ့တယ်၊ 137 00:07:31,877 --> 00:07:37,227 ဒီနေ့အထိ တော်တော်များများက လက်ခံထားကြတာနဲ့ မတူခဲ့ပါဘူး- 138 00:07:37,251 --> 00:07:42,674 ဆင်စွယ်ရဲတိုက်နဲ့တူတဲ့ ဓာတ်ခွဲခန်းတွင်း အလုပ်လုပ်နေကြတဲ့ ခံစားမှုမဲ့ သုတေသီတွေ 139 00:07:42,674 --> 00:07:46,551 ဒါမှမဟုတ် ကိုယ့်အခန်းငယ်လေးထဲတွင် အလုပ် လုပ်နေတဲ့ အင်ဂျင်နီယာတွေနဲ့ မတူတဲ့အမြင်ပါ။ 140 00:07:46,551 --> 00:07:48,810 သူတို့ဟာ တော်ထက်ကြတာ မှန်ပေမဲ့၊ 141 00:07:48,834 --> 00:07:50,764 ကမ္ဘာကြီးနဲ့ အဆက်ြပတ်နေခဲ့ကြတယ်၊ 142 00:07:50,788 --> 00:07:53,000 စိတ်ခံစားမှုဆိုလို့ နည်းနည်းလေးပါ-- 143 00:07:53,024 --> 00:07:56,357 "Star Trek" ထဲက Spock လိုဟာမျိုး၊ ခင်ဗျားတို့ သိကြတယ်မှုတ်လား။ 144 00:07:56,947 --> 00:07:58,183 ဒီအကောင်လေး။ 145 00:07:58,207 --> 00:07:59,804 (ရယ်သံများ) 146 00:07:59,828 --> 00:08:02,129 အားလုံး Spock ကို နှုတ်ဆက်လိုက်ကြရအောင်။ 147 00:08:02,276 --> 00:08:04,242 ကျွန်တော် အောင်မြင်မယ် မထင်မိပါဘူး ... 148 00:08:04,509 --> 00:08:06,074 ကျွန်တော်ဟာ Spock မဖြစ်နိုင်ပါ။ 149 00:08:06,098 --> 00:08:09,076 ကျွန်တော် Spock မဖြစ်နိုင်တာ ဘုရားသခင်ကို ကျေးဇူးတင်ရပါမယ်။ 150 00:08:09,076 --> 00:08:10,586 (ရယ်သံများ) 151 00:08:11,332 --> 00:08:16,089 ကျွန်တော် ဒါကို ထောက်ြပနေရတာက မကြာသေးမီက ပေါ်လာတဲ့ ဆောင်းပါး တစ်ခုထဲမှာ 152 00:08:16,113 --> 00:08:19,339 တော်တော့ကို သိက္ခာရှိတဲ့ ဂျာနယ်ထဲမှာ၊ 153 00:08:19,363 --> 00:08:24,686 ကျွန်တော်တို့ရဲ့ Flint ကြိုးပမ်းမှုဟာဖြင့် "လူငယ် စိတ်ကူးယဉ်ဝါဒ"ပါ၊ 154 00:08:24,710 --> 00:08:27,389 "Hollywood ဇာတ်လမ်းတွေရဲ့ ဩဇာသက်ရောက်မှု။" ဆိုထားလို့ပါ။ 155 00:08:27,413 --> 00:08:32,904 အဲဒီမှာ သိပ္ပံပညာရှင်တွေကို သူတို့သုတေသန ရန်ပုံငွေနဲ့ နှင့် အဖွဲ့အစည်းတွေကို 156 00:08:32,928 --> 00:08:36,279 အတတ်နိုင်ဆုံးဘယ်လို တန်ဖိုးပဲ ပေးရပေးရ တိုက်ပွဲဝင်ရန် လှုံ့ဆော်ထားတယ်။ 157 00:08:36,303 --> 00:08:39,625 ပြီးတော့ သင်ဟာ တစ်ခုခုထဲမှာ ပါဝင်လှုပ်ရှားချင်ရင်၊ 158 00:08:39,649 --> 00:08:41,683 အရေးပေါ်ကိစ္စဆိုတောင်မှ၊ 159 00:08:41,707 --> 00:08:45,585 လှုပ်ရှားသူ အုပ်စု ဒါမှမဟုတ် NGO တစ်ခုကို ရှာ၊ 160 00:08:45,585 --> 00:08:48,881 ပြီးတော့ ပညာရှင် အသိုင်းအဝိုင်းကြီးရဲ့ ထောက်ခံမှု အပြည့်အဝကို ရယူ-- 161 00:08:48,905 --> 00:08:50,243 ဘယ်လောက်ပဲ ခက်ပေစေ-- 162 00:08:50,267 --> 00:08:51,979 အဲဒီနောက်မှသာ ပါဝင်ပေတော့။ 163 00:08:52,277 --> 00:08:56,346 ဘယ်သူမှ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားလာ ကျွမ်းကျင်ပညာ တာဝန်တွေ အကြောင်းကို 164 00:08:56,346 --> 00:08:58,859 အများပြည်သူအတွက် အန္တရာယ်ကို ဟန့်တားရေး အကြောင်း၊ 165 00:08:58,883 --> 00:09:02,086 ဒါမှမဟုတ် ကျွန်တော်တို့ဆီမှာ လိုအပ်တဲ့ ကျွမ်းကျင်မှု ရှိနေတာကို၊ 166 00:09:02,086 --> 00:09:05,301 အရင်းအမြစ်များနှင့် တချို့မှာဆိုရင် လုပ်ပိုင်ခွင့်တောင် ရှိနေတာကို 167 00:09:05,325 --> 00:09:08,617 ဒီတာဝန်ကို ရုပ်လုံးဖေါ်နိုင်စွမ်း ရှိတာကို ထည့်တောင် မဆိုခဲ့ကြပါဘူး။ 168 00:09:08,617 --> 00:09:11,745 သိပ္ပံပညာရှင်တိုင်းဟာ တက်ကြွလှုပ်ရှားသူ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ 169 00:09:11,745 --> 00:09:16,348 ကိုယ်က တစ်ခုခု ထုတ်ပြောလိုက်ရင် တခါတစ်ရံ လေးနက်တဲ့ နာကျင်ဖွယ် အကျိုးဆက် ရှိတတ်တယ်။ 170 00:09:16,372 --> 00:09:20,697 ဒါပေမဲ့ အဲဒီစိတ်ကူး၊ ဒီလိုလုပ်ရနိုင်တာကို လုံးဝကြီး မေ့ပစ်လိုက်ပြီး 171 00:09:20,697 --> 00:09:23,623 ကိုယ့်သုတေသနအတွက် ရနေတဲ့ ထောက်ပံ့မှုတွေကို ခုခံကာကွယ်ပေးဖို့ 172 00:09:23,647 --> 00:09:26,732 ဒီလို လုပ်ကိုင်နေကြတာကတော့ သိပ်ကို သူရဲဘော် ကြောင်တဲ့ လုပ်ရပ်ပါ၊ 173 00:09:26,732 --> 00:09:31,497 ကျွန်ုပ်တို့ရဲ့ ကျောင်းသားတွေကို မျှဝေ ပေးသင့်တာက အဲဒီလို အတွေးအခေါ်များ မဟုတ်ပါ။ 174 00:09:32,570 --> 00:09:35,932 သိပါတယ်၊ ခင်ဗျားတို့ အားလုံးက "ခင်ဗျားပြောတာတွေ သိပ်ကောင်းပါတယ်၊ 175 00:09:35,956 --> 00:09:39,579 ဒါပေမဲ့ လက်ရှိ စည်းရုံးဖွဲ့စည်းပုံတွေ လုံးဝပြောင်းလဲဖို့က လုပ်မရနိုင်ပါဘူး။ 176 00:09:39,603 --> 00:09:43,650 ဒါမှမဟုတ် ကျောင်းသားတွေနဲ့ ပညာရှင်တွေရဲ့ စိတ်ထားကို ပြောင်းပစ်ဖို့ မဖြစ်နိုင်ဘူး၊ 177 00:09:43,674 --> 00:09:45,885 သူတို့ရဲ့ အလုပ်ကို အများပြည်သူ ကောင်းစားဖို့၊ 178 00:09:45,885 --> 00:09:49,025 အများပြည်သူ အကျိုးကို သည်းပိုးပေးတဲ့ သိပ္ပံပညာ ဆိုတာ မလွယ်ပါဘူး။ " 179 00:09:49,067 --> 00:09:50,344 အဲဒါ ဖြစ်နိုင်ပါတယ်။ 180 00:09:50,344 --> 00:09:53,436 အဲဒီလို ဖြစ်ရခြင်းအတွက် အကြောင်းရင်းကြီး တစ်ခုက ကျောင်းသားတွေကို 181 00:09:53,436 --> 00:09:56,160 လေ့ကျင့်ပေးပုံ မမှန်ကန်လို့ ဖြစ်နိုင်တယ်၊ ဟုတ်တယ်မဟုတ်လား။ 182 00:09:56,160 --> 00:09:58,323 ဒါတွေကို နီးနီးကပ်ကပ် လေ့လာကြည့်ရင်၊ 183 00:09:58,347 --> 00:10:03,259 ကျွန်တော်တို့ရဲ့ ပညာရေးစနစ် အာရုံပြုနေတာက Yale ပါမောက္ခ Bill Deresiewicz က 184 00:10:03,283 --> 00:10:08,338 "တော်တဲ့ သိုးကောင်"လို့ ခေါ်ထားတဲ့ သူတွေကိုပါ-- 185 00:10:08,362 --> 00:10:11,217 တော်ပြီး ရည်မှန်းချက် ကြီးမားကြတဲ့ လူငယ်တွေ ဖြစ်ကြပေမဲ့၊ 186 00:10:11,241 --> 00:10:16,145 သိပ်ပြီး အရဲမစွန့်လို၊ သိမ်မွေ့လှပြီး ဦးတည်ချက်မဲ့နေကြပြီး 187 00:10:16,169 --> 00:10:18,971 တချိန်တည်းမှာ သူတို့ကိုသူတို့ အဟုတ်ကြီး ထင်နေကြတဲ့ သူတွေပါ။ 188 00:10:18,995 --> 00:10:20,914 ကလေးတွေဆိုတာကတော့၊ သိကြတဲ့အတိုင်း၊ 189 00:10:20,938 --> 00:10:23,554 ငယ်စဉ်တုန်းက အားလုံး သိပ္ပံကို သိပ်ကြိုက်ကြတယ်၊ 190 00:10:23,578 --> 00:10:27,424 ဒါပေမဲ့ အထက်တန်းနဲ့ ကောလိပ်မှာကျတော့ ကျွန်ုပ်တို့ရဲ့ အချိန်အများစုကို 191 00:10:27,424 --> 00:10:29,401 တစ်ဆင့်ပြီးတစ်ဆင့် ခုန်ကျော်နေကြရတာပါ၊ 192 00:10:29,425 --> 00:10:32,656 ကိုယ် လုပ်ချင်တာနဲ့ ကိုယ်ဖြစ်ချင်တာကို လုပ်ကြဖို့ ကြိုးစားကြမယ့်အစား 193 00:10:32,656 --> 00:10:35,066 ကိုယ်ရဲ့ ကိုယ်ရေးမှတ်တမ်း လှပဖို့ ချောမွေ့ဖို့ကို 194 00:10:35,066 --> 00:10:39,129 ပိုပြီး စဉ်းစားရင်း အချိန်တွေကို ကုန်ခဲ့ကြရတာ များပါတယ်။ 195 00:10:41,132 --> 00:10:42,398 ဒီတော့၊ 196 00:10:43,624 --> 00:10:47,259 ကျွန်ုပ်တို့ရဲ့ ကောလိပ် ဘွဲ့ရတွေအကြားမှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း 197 00:10:47,283 --> 00:10:50,426 စာနာမှုစိတ်တွေဟာဖြင့် သိသိသာသာကြီး ကျဆင်းလာခဲ့လျက် 198 00:10:50,450 --> 00:10:53,176 ကိုယ့်ကိုယ်ကို ချစ်ြမတ်နိုးသူတွေရဲ့ ဦးရေဟာ တိုးလာခဲ့ပါတယ်။ 199 00:10:53,200 --> 00:10:55,871 ပြီးတော့ နည်းပညာတွေကို သင်ယူနေကြတဲ့ ကျောင်းသားတွေနဲ့ 200 00:10:55,895 --> 00:10:58,828 ပြည်သူလူထု အကြားမှာ ချိတ်ဆက်မှုဟာ နည်းနည်းလာနေပါတယ်။ 201 00:10:59,611 --> 00:11:04,885 တံတားကြီးတွေ ဆောက်လုပ်ဖို့၊ ပြဿနာတွေ ဖြေရှင်းဖို့ ကျွန်ုပ်တို့ကို သင်ပေးပါတယ်၊ 202 00:11:04,909 --> 00:11:09,923 ဒါပေမဲ့ တွေးခေါ်ပုံ၊ နေထိုင်ပုံ၊ ကမ္ဘာ့နိုင်ငံသားဖြစ်ဖို့ သင်မပေးပါဘူး။ 203 00:11:09,947 --> 00:11:14,340 ကျွန်တော့ရဲ့ ကောလိပ်ကျောင်းသား နှစ်တွေဟာ အလုပ်အတွက် ပြင်ဆင်နေခဲ့တဲ့့ နှစ်တွေပါ၊ 204 00:11:14,364 --> 00:11:18,570 အဲဒါဟာ တစ်ခါတစ်ရံတွင် အတော့်ကို နစ်မွန်စရာနဲ့ နာကျင်စရာ ကောင်းခဲ့ပါတယ်။ 205 00:11:19,928 --> 00:11:21,540 အဲဒါနဲ့၊ 206 00:11:21,564 --> 00:11:24,815 တော်တဲ့ အင်ဂျင်နီယာတွေ သိပ္ပံပညာရှင်တွေ ဖြစ်လာဖို့ အတွက် နည်းလမ်းက 207 00:11:24,815 --> 00:11:27,219 နည်းပညာတွေကို ပိုသင်ပေးရန်လို့ တချို့က ယူဆကြပါတယ်။ 208 00:11:27,219 --> 00:11:28,606 မှန်ချင်မှန်နိုင်ပါတယ်။ 209 00:11:28,606 --> 00:11:32,104 ဒါပေမဲ့၊ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီစွာ စဉ်းစားဆုံးဖြတ်နိုင်ရေး ကိစ္စကျတော့ကော၊ 210 00:11:32,104 --> 00:11:33,883 အကျင့်စာရိတ္တ ပျိုးထောင်ပေးရေး၊ 211 00:11:33,883 --> 00:11:36,457 အမှန်ကို အမှားမှ ခွဲခြားရေးကို ကျတော့ကော။ 212 00:11:37,622 --> 00:11:41,988 ကျွန်တော် အရမ်းကြိုက်ပြီး ချီးကျူးတဲ့ စီမံကိန်း တစ်ခု ရှိပါတယ်။ 213 00:11:42,012 --> 00:11:44,790 "သူရဲကောင်းလို စိတ်ကူးရေး စီမံကိန်း"ပါ။ 214 00:11:44,814 --> 00:11:47,437 Dr. Phil Zimbardo က မွေးပေးလိုက်တာပါ။ 215 00:11:47,461 --> 00:11:50,239 Stanford Prison Experiment အတွက် နာမည် ကျော်ကြားလာခဲ့သူပါ။ 216 00:11:50,263 --> 00:11:55,508 ကမ္ဘာတဝှမ်းက ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေကို သူတို့ကိုယ်တိုင်ရဲ့ 217 00:11:55,532 --> 00:11:58,972 ဘဝကို သူရဲကောင်းြဖစ်လာဖို့ စောင့်စားနေသူတွေအဖြစ် လေ့ကျင့်ပေးဖို့ပါ၊ 218 00:11:58,996 --> 00:12:01,072 အားလုံးဟာ သင်တန်း တက်နေရတဲ့ သူရဲကောင်းတွေပါ။ 219 00:12:01,072 --> 00:12:06,231 အဲဒီလိုနည်ဖြင့် အဲဒီလူငယ်တွေရဲ့ အသိစိတ်ကို ကျွမ်းကျင်မှုတွေနဲ့ အကျင့်သီလကောင်းတွေ 220 00:12:06,231 --> 00:12:09,201 ဖွံ့ဖြိုးတိုးတက်ဖို့ လေ့ကျင့်ပေးထားရာ အခွင့်အလမ်းပေါ်လာတာနဲ့၊ 221 00:12:09,201 --> 00:12:11,065 ဘယ်လို အခွင့်အလမ်းမျိုးပဲ ဖြစ်ဖြစ်၊ 222 00:12:11,089 --> 00:12:13,927 ထရပ်လျက် မှန်ကန်တဲ့ အရာတွေကို လုပ်ဖို့ လေ့ကျင့်ပေးနေတာပါ။ 223 00:12:14,360 --> 00:12:15,647 တစ်နည်းပြောရရင်၊ 224 00:12:15,671 --> 00:12:17,588 ဘယ်သူမဆို သူရဲကောင်း ဖြစ်နိုင်ပါတယ်။ 225 00:12:18,407 --> 00:12:20,381 အဲဒီလို တစ်စက္ကန့်လောက် စိတ်ကူးကြည့်ကြပါ။ 226 00:12:20,381 --> 00:12:24,359 ကျွန်ုပ်တို့ဟာ သိပ္ပံ၊ အင်ဂျင်နီယာ ပညာကို ဘာဖြစ်လို့ အဲဒီလိုနည်းနဲ့ သင်မပေးကြတာလဲ-- 227 00:12:24,359 --> 00:12:28,641 သူရဲကောင်းဝါဒနဲ့ ပြည်သူကို လုပ်ကျေးရွေးကို သော့ချက် တန်ဖိုးများအဖြစ် ခံယူဖို့ပါ၊ 228 00:12:28,665 --> 00:12:31,653 တကယ်ပါ၊ အဲဒါဟာ မကြာခဏဆိုသလို သူရဲကောင်း လုပ်ရပ် ဖြစ်နိုင်ပါတယ်၊ 229 00:12:31,653 --> 00:12:35,055 အများပြည်သူတွေရဲ့ အရေးကို လျစ်လျူ ရှုလိုစိတ်အတွက် ကုသနည်း ဖြစ်နိုင်တယ်၊ 230 00:12:35,079 --> 00:12:39,036 ပြီးတော့ Flint ဖြစ်ရပ်ထဲ မြင်ခဲ့ကြရတဲ့ ကပ်ဘေးကိုလည်း ရှောင်နိုင်မှာပါ။ 231 00:12:39,667 --> 00:12:41,571 ကျွန်တော်နဲ့အတူ စိတ်ကူးကြည့်ကြရအောင် 232 00:12:41,595 --> 00:12:45,752 တော်တဲ့ ၂၁ ရာစု သိပ္ပံပညာရှင် ဘယ်လိုပုံစံမျိုး ဖြစ်သင့်သလဲ- 233 00:12:45,776 --> 00:12:49,329 သိပ္ပံပညာကို ကျွမ်းကျင်ကြသူတွေဟာ လူ့အဖွဲ့အစည်းကို 234 00:12:49,353 --> 00:12:51,327 လုပ်ကျွေးဖို့ ဦးတည်ကြမယ်၊ 235 00:12:51,351 --> 00:12:52,545 ပြီးတော့ သူတို့ဟာ 236 00:12:52,545 --> 00:12:56,021 သူတို့ရဲ့ အသိပညာနှင့်ဆုံးဖြတ်ချက်တွေရဲ့ ဧရာမ စွမ်းပကားကိုလည်း သိကြပါတယ်၊ 237 00:12:56,400 --> 00:13:00,463 တချိန်လုံး တိုးတက်ဖွံ့ဖြိုးဖို့အားထုတ်ရင်း ကိုယ်ကျင့်တရားကို မြှင့်တင်ရင်း သူတို့ဟာ 238 00:13:00,463 --> 00:13:03,927 ပဋိပက္ခနှင့်အငြင်းပွားမှုတွေကို အမြဲတမ်း ဆိုးတဲ့အရာတွေလို မမြင်သင့်တာကို၊ 239 00:13:03,927 --> 00:13:07,011 ကိုယ်က အများပြည်သူရဲ့ အကျိုးကို ကမ္ဘာဂြိုဟ်ကို သစ္စာရှိမယ်ဆိုရင်၊ 240 00:13:07,011 --> 00:13:10,280 နောက်ဆုံးတွင် ကိုယ်ဟာ အများကောင်းကျိုးကို သည်းပိုးပေးနိုင်မှာပါ။ 241 00:13:10,441 --> 00:13:15,863 အဲဒီလိုသူတွေဟာ ကျွန်တော်တို့ Flint ကိစ္စထဲ မားမားကြီးရပ်တည်ခဲ့ကြသလို ရပ်မယ့်သူတွေပါ-- 242 00:13:15,887 --> 00:13:19,622 မီဒီယာထဲမှာ ကယ်တင်ရှင်ြဖစ်လို့ သူရဲကောင် ဖြစ်ဖို့ ကြိုးစားမယ့်သူတွေ မဟုတ်ကြပါ။ 243 00:13:19,646 --> 00:13:26,597 ကျွန်ုပ်တို့ ယုံကြည်လို့ရမယ့် ကိုယ်ကျိုး စွန့်သူ၊ အခြေခံအရ ကောင်းမွန်တဲ့ သူတွေပါ။ 244 00:13:27,717 --> 00:13:32,510 အဲဒီလို ပြည်သူအား လုပ်ကျွေးရေး စိတ်ဓာတ် ပျိုးထောင်ရေးကို စိတ်ကူးကြည့်ကြပါ၊ 245 00:13:32,534 --> 00:13:35,989 အတန်းများထဲတွင်၊ ဝန်ဆောင်မှု ခရီးစဉ်တွေ ထဲတွင်၊ လှုပ်ရှားမှုတွေထဲတွင် 246 00:13:36,013 --> 00:13:38,355 ကောလိပ် ဒါမှမဟုတ် အထက်တန်းးကျောင်းမှာ၊ 247 00:13:38,379 --> 00:13:42,193 အဲဒီလို ရည်မှန်းချက် ရှိကြမယ့် စိတ်ဓာတ်ရှိ လူငယ်တွေ 248 00:13:42,217 --> 00:13:44,689 ဒီအရှိတရား ကမ္ဘာကြီးထဲ လက်တွေ့ ခြေချဝင်လာကြတဲ့အခါမှာ 249 00:13:44,713 --> 00:13:48,836 သူတို့ဟာ အကြံပေး ပညာရှင်တွေ ဖြစ်ကြမလား၊ မူဝါဒကို ပြုစုပေးကြတဲ့ သူတွေ ဖြစ်ကြမလား-- 250 00:13:48,860 --> 00:13:51,652 ဒါမှမဟုတ် နိုင်ငံတော် သမ္မတပဲ ဖြစ်လာမလား အရေးမကြီးတော့ပါ။ 251 00:13:53,542 --> 00:13:57,090 လူသား တစ်ရပ်လုံးရဲ့ ရှေ့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေကြပါတယ်၊ 252 00:13:57,114 --> 00:14:00,081 ညစ်ညမ်းတဲ့ သောက်သုံးရေ ဖြစ်ရပ် ဥပမာ တစ်ခုမျှပါ။ 253 00:14:00,081 --> 00:14:02,661 တကယ့်ကို မှန်ကန်တဲ့ အရာတွေအတွက် ကြိုးပမ်းအားထုတ်ကြလျက် 254 00:14:02,685 --> 00:14:07,672 လွယ်ကူစွာ စီမံအုပ်ချုပ်လို့ ရမှာ မဟုတ်တဲ့ အများပြည်သူ အကျိုးအတွက် မားမားကြီး 255 00:14:07,696 --> 00:14:10,830 ရပ်တည်လျက် အားထုတ်ဆောင်ရွက်ပေးကြမယ့် 256 00:14:10,854 --> 00:14:12,863 သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို 257 00:14:12,887 --> 00:14:14,899 ကျွန်ုပ်တို့ အများကြီး လိုအပ်တာ အမှန်ပါပဲ။ 258 00:14:14,923 --> 00:14:16,094 ကျေးဇူးတင်ပါတယ်။ 259 00:14:16,118 --> 00:14:20,642 (လက်ခုပ်သံများ)