ကောလိပ်ကျောင်း ဘွဲ့ရပြီးလို့
တိုင်ပင်ရေး ကုမ္ပဏီကို
ဝင်ပြီး အလုပ်လုပ်ခဲ့တယ်။
လမ်းညွှန်ပေးကြတဲ့ ခေါင်းဆောင်တွေက
အကြံဉာဏ်တွေကို ပေးတတ်ကြတယ်။
ကျွန်တော် ဘယ်တော့ မှမေ့နိုင်မှာ မဟုတ်တဲ့
တိုတိုတုတ်တုတ် အကြံပေးသူရှိခဲ့တယ်။
"စီမံခန့်ခွဲလွယ်တဲ့ သူတွေ ဖြစ်ကြပါ"
ဆိုပြီး အကြံပေးတယ်။
ကျွန်တော်ဟာ တကယ့်ကို ရိုးအခဲ့လို့
အဲဒီတုန်းက ကြားလိုက်ရတဲ့
အကြံပေးချက်ကို နှလုံး သွင်းခဲ့တယ်။
ကိုယ့်ကိုယ်ကို ပြောလိုက်တယ်၊
"ဟုတ်တယ်၊ အသင်းနှင့်အတူ တွဲပြီး
ကစားသူ ငါဖြစ်မယ်။
ငါ့ကိုပြောတဲ့ အရာတိုင်းကို လိုက်လုပ်မယ်။
ငါဟာ စီမံခန့်ခွဲရတာ လွယ်သူ ဖြစ်စေရမယ်။"
ဘွဲ့ယူမယ့် အတန်းတက်တဲ့အထိ အဲဒီလို
ဟုတ်ခဲ့ပါတယ်၊
Flint၊ Michigan ရေအကျပ်အတည်း ကိစ္စမှာ
သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေရဲ့
ရာဇဝတ်မှု လုပ်ရပ်တွေကို ကိုယ့်ကိုယ်တိုင်
မြင်လိုက်ရတော့၊
အဲဒီလို တွေးခေါ်မှုဟာ အန္တရာယ်များပြီး
တချိန်တည်းမှာ အံ့ဖွယ် လုပ်ရိုးလုပ်စဉ်
တွေးခေါ်မှု ဖြစ်တာကို နားလည်လိုက်တယ်။
အမှား မခံပါနဲ့-
Flint ရေ အကျပ်အတည်းပြီး ဒီခေတ်ရဲ့
အဆိုးဝါးဆုံး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ
မတရားမှုကြီး တစ်ခုပါ။
၁၈ လကျော်အထိကို၊
ကလေးငယ် သောင်းချီ အပါအဝင်
အဲဒီက ပြည်သူ ၁၀၀၀၀၀ တို့ဟာ
ခဲပါဝင်မှုနှန်း မြင့်ပြီး အဆိပ်သင့်နေတဲ့
သောက်ရေကို သောက်သုံးနေခဲ့ကြရပါတယ်။
ခဲဟာ ပြင်းထန်တဲ့ neurotoxin ဖြစ်လို့
သိမြင်နားလည်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ
မသန်စွမ်းမှုကို ဖြစ်ပေါ်စေနိုင်တယ်၊
အထူးသဖြင့် ကြီးထွားဆဲ သန္ဓေသားနဲ့ ကလေးငယ်
အတွက် အန္တရာယ်များတယ်။
အဲဒါ အန္တရာယ်များတာကို ကျွန်တော်တို့ဟာ
ရောမခေတ် ကတည်းက သိကြပါတယ်။
ကျန်းမာရေး ပြဿနာတွေ
မနည်းကြီး ဖြစ်စေတဲ့ အပြင်၊
Legionnaire ရောဂါ ကူးစက်မှုကြောင့်
လူ ၁၂ ဦး သေခဲ့ကြရတယ်။
Flint ရဲ့ ရေဆိုင်ရာ အခြေခံအဆောက်အအုံ-
မြေအောက်ရှိ ရှုပ်ထွေးလှတဲ့
ရေပိုင် ကွက်ရက်ကြီးဟာ -
အပြင်းအထန် ပျက်စီးနေခဲ့တယ်။
ရေရဲ့ အရည်အသွေးဟာ
တဖြည်းဖြည်းချင်း တိုးတက်လာနေပြီး
ရေပိုက်တွေကို အခု အစားထိုးပေးနေပေမဲ့၊
နှစ်နှစ်ကျော် ကြာသွားတောင်မှ၊
ရေဟာ သောက်ဖို့ ဘေးကင်းသေးပါဘူး။
ဒါကြောင့် လူတွေဟာ ထိတ်လန့်နေရဆဲပါ။
သူတို့ဟာ သူတို့ဘာသာသူတို့
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ခဲ့တာလဲ"
မေးနေကြတယ်။။
တိုတိုနဲ့ ဖြေရရင်- Michigan မြို့တော်ဝန်က
ခန့်ထားတဲ့အရေးပေါ် မန်နေဂျာ တစ်ဦးက
အကုန်အကျ သက်သာဖို့
သူတို့ရဲ့ ရေကိုရယူတဲ့ ရင်းမြစ်ကို
ဒေသထဲက မြစ်ဆီကို လွှဲပြောင်းရန်
ဆုံးဖြတ်လိုက်မှုမှ အကျပ်အတည်း စခဲ့တယ်။
ဒါပေမဲ့ Michigan အစိုးရ အေဂျင်စီများမှ
သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများရော
ဖက်ဒရယ်အစိုးရထဲက
အလားတူ တာဝန်ရှိသူတွေပါ
ရေကို သန့်စင်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို
မလိုက်နာခဲ့ကြလို့ အကျပ်အတည်း ကြာလာခဲ့တယ်။
ပိုပြီးဆိုးတဲ့အချက်က၊
ဥပဒေကို မလိမ့်တပတ် အသုံးချခဲ့ကြပြီး
လုပ်ကြံပုံပြင်တွေကို ထုတ်လွင့်ခဲ့ကြတယ်။
သူတို့ဟာ အကူအညီတောင်းဖို့ လာကြတဲ့
ဒေသခံတွေကို လှောင်ကြရင်း
ပိုက်ခေါင်းက ထွက်လာနေတဲ့ အညိုရောင်ရှိပြီး
အနံ့ရတဲ့ ရေကို သောက်မှုဟာ ဘာမှ အန္တရာယ်
မရှိဘူးလို့ ကြေညာခဲ့ကြတယ်။
ဒေသခံ၊ ပြည်နယ်နှင့် ဖက်ဒရယ် အဆင့်
စနစ်များဟာ ကျွန်ုပ်တို့ရဲ့ ထိခိုက်လွယ်ဆုံး
သူတွေကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကြပြီး
ပြည်သူကြီး တစ်ရပ်လုံးဟာ
ကိုယ့်ကိုကိုယ်သာ အားကိုးလာခဲ့ကြရတယ်။
ပြီးတော့၊ အဲဒီလို တရားမမျှတမှု အကြားမှာ
Flint ဒေသခံများဟာ လက်တွဲချီတက်ခဲ့ကြရတယ်။
သူတို့အကြားတွင် Flint ရဲ့ အံ့သြဖွယ်
အမျိုးသမီးအချို့ ရှိခဲ့ကြတယ်-
မိခင်တွေ သူတို့ရဲ့ကလေးတွေ
အတွက် စိုးရိမ်ခဲ့ကြတယ်-
သူတို့ဟာ အောက်ခြေ အဖွဲ့အစည်းတွေကို
ဖွဲ့စည်းလာကြတယ်၊
အဲဒီအုပ်စုတွေက စတင် ဆန္ဒပြလာကြကာ
အပြောင်းလဲတွေကို တောင်းဆိုလာကြတယ်။
အဲဒီအုပ်စုဟာ ပြင်ပမှ သိပ္ပံပညာရှင်များကို
အကူအညီတွေ တောင်းခဲ့ကြတယ်၊
တချို့က ပြန်ဖြေခဲ့ကြတယ်။
သူတို့အကြားမှာ Miguel Del Toral
ဆိုတဲ့သူလည်း ပါခဲ့ပါတယ်၊
အမေရိကန် ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး
အေဂျင်စီ-EPA မှ ရေဆိုင်ရာ ကျွမ်းကျင်သူပါ-
ဒီသိပ္ပံနည်းကျ မှတ်စုတိုကို ရေးခဲ့သူပါ
Michigan နဲ့ ဖက်ဒရယ်အစိုးရထံကို
ပို့ပေးခဲ့ပြီး ဒီပြဿနာကို
သူတို့ အာရုံစူးစိုက်ပေးဖို့ တင်ပြခဲ့တယ်။
သူ့ကို "ဝန်ထမ်းဆိုး" လို့ ခေါ်ဝေါ်ခဲ့ကြကာ၊
အမှောင်ချခဲ့ကြတယ်။
Flint ရပ်ကွက်ပြည်သူတွေနဲ့
ပူးပေါင်းလက်တွဲလျက်၊
Tech မှာရှိတဲ့ ကျွန်တော်တို့ရဲ့
သုတေသနအဖွဲ့က
ပါမောက္ခ Marc Edwards ဦးဆောင်တဲ့
ကျောင်းသားတွေနဲ့ သိပ္ပံပညာရှင်တွေက၊
မြို့တဝိုက်မှာ စမ်းသပ်မှုတွေကို
ပြုလုပ်ခဲ့ကြတယ်
Flint က ရေဟာ တကယ့်ကို
ညစ်ညမ်းနေတာကို သက်သေထူပြန်ဖို့ပါ၊
တချို့အိမ်တွေမှာ ဆိုရင်
အဆိပ်တောင် သင့်နေခဲ့တယ်။
Flint က လချီကြာ ငိုကြွေး တင်ပြလာခဲ့တာကို
ကျွန်တော်တို့က အတည်ပြုနိုင်ခဲ့တယ်၊
တကမ္ဘာလုံး ကြည့်ရှုနိုင်ရန်
အဲဒါကို အင်တာနက်ပေါ် တင်ပေးလိုက်ကြတယ်။
အခုတော့၊ ဒီကိစ္စထဲ ပါဝင်ပတ်သက်ဖို့
စတင်စဉ်၊
ဒါကို ထောက်ခံခဲ့စဉ်တုန်းက၊
ဘာထဲကို ပါဝင်နေကြောင်း
ကျွန်တော် လုံးဝ နားမလည်ခဲ့ပါ။
ဒါပေမဲ့၊ ဒီလမ်းခရီးရဲ့ စက္ကန့်တိုင်းဟာ
တကယ့်ကို ထိုက်တန်ခဲ့ပါတယ်။
အဲဒါက ပြည်သူ့အကျိုးက လုပ်ကျွေးပေးခဲ့တဲ့
သိပ္ပံပညာ ဖြစ်ခဲ့လို့ပါ။
ကျွန်တော် ဘွဲ့ယူဖို့ ကျောင်းတက်ခဲ့တာ
အဲဒါ့အတွက်ကိုပါ။
တကယ်တော့ ကျွန်တော်ဟာ ကိုယ့်ဘဝကို
အဲဒီလိုနည်းဖြင့် သုံးရမှာပါ။
ဒီတော့ လက်ရှိ ညွန့်ပေါင်းအဖွဲ့က-
နိုင်ငံသားများ၊ သင်းအုပ်ဆရာ၊ သတင်းထောက်
သိပ္ပံပညာရှင်တို့ရဲ့ ညွန့်ပေါင်းအဖွဲ့ဟာ-
လက်တွဲလျက် သိပ္ပံပညာ၊ အကျိုးဆောင်မှု နှင့် တက်ကြွမှုကို
အသုံးချပြီး အမှန်တရားကို ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။
ဒေသခံ ကလေးဆရာဝန် ဆိုရင် ကလေးတွေ
ခဲအဆိပ်သင့်မှု ဖြစ်ရပ်တွေ
နှစ်ဆတောင် ဆိုးလာတာကို ရှာတွေ့ခဲ့တယ်၊
အကျပ်အတည်းကာလ Flint ဒေသထဲမှာပါ။
အဲဒါနဲ့ Michigan ပြည်နယ်က
ပြဿနာကို အသိအမှတ် ပြုလာရကာ
အဲဒါ ပြင်ပေးရန် ချမှတ်လာခဲ့တယ်။
ဒီအုပ်စုနှင့်အခြားသော လူများစာတို့က
Flint ရဲ့ကလေးတွေကို ကာကွယ်နိုင်ခဲ့ကြတယ်။
လအနည်းငယ် ကြာလာတော့၊
သမ္မတ Obama ဝင်လာပြီး
ဖက်ဒရယ် အရေးပေါ် ဥပဒေကို ကြေညာလိုက်တယ်၊
အခုဆို Flint ဟာ ဒေါ်လာသန်း ၆၀၀ ကျော်
ရရှိနေပါပြီ
ကျန်းမာရေး စောင့်ရှောက်မှု၊
အာဟာရ၊ ပညာရေး အတွက်ပါ၊
ပြီးတော့ အဲဒီက ရေဆိုင်ရာ
အခြေခံအဆောက်အအုံကို ပြန်ထူထောင်နေတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ အစိုးရ အေဂျင်စီများမှ
သိပ္ပံပညာရှင်များနှင့်အင်ဂျင်နီယာများက
ပြသခဲ့ကြတဲ့ ပြည်သူကျန်းမာရေးဆိုင်ရာ
မာနနဲ့ စာနာစိတ်ကင်းမဲ့မှုဟာ
ယုံကြည်ဖို့ မလွယ်ပါ။
အဲဒီလို အဖွဲ့များထဲမှာ ကျက်စားနေကြတဲ့
ယုတ်ညံ့တဲ့ နာမည်ခံ ပုဂ္ဂိုလ်များဟာ၊
စည်းမျဉ်းများ ပြည့်မီရေးနဲ့ အကွက်များကို
ဖြည့်ပြရေးကိုသာ အဓိက အာရုံစိုက်နေခြင်းဟာ၊
ပြည်သူ့ကျန်းမာရေးကို
ကာကွယ်ရေးနဲ့ ဆန့်ကျင်နေခြင်းဟာ၊
စိတ်တုန်လှုပ်စရာကြီးပါပဲ။
EPA ဝန်ထမ်းတစ်ဦး ရေးခဲ့တဲ့
ဒီအီးမေးလ်ကိုသာ စဉ်းစားကြည့်ကြပါ၊
ဖတ်ပြပါမယ်၊
"Flint ဆိုတဲ့ အသိုင်းအဝိုင်းဟာ သွားပြီး
လေ့လာထိုက်တဲ့ နေရာလား ကျနော်မသေချာဘူး။"
ပြည်သူတစ်ရပ်လုံးကို လုံးဝစာနာမှုမရှိတဲ့
စကားလုံးတွေမှန်း ထင်ရှားနေတယ်။
အဲဒီအချက်ဟာ အင်ဂျင်နီယာပညာရဲ့
ပဓာန နိယာမကြီးကို ဆန့်ကျင်နေပါတယ်၊
‘‘ပြည်သူတို့၏ ကျန်းမာရေး၊ ဘေးကင်းရေးနဲ့
ကောင်းစားမှုကို ရည်မှန်းရန်’’ဆိုတဲ့
လိုက်နာရမယ့် ပထမဦးဆုံး
နိယာမကြီး ဖြစ်ရမှာပါ။
အရာအားလုံးရဲ့ အထက်မှာ ရှိနေရမယ်။
ကျနော်တို့ ရှားရှားပါးပါး အသိအမှတ်ပြုတဲ့
Hippocratic ကျိန်ဆိုချက်ကို
ဖေါ်ညွှန်းပေးမှုပါ။
ဒီတော့၊ ဆေးကုပေးကြတဲ့ ဆရာဝန်တွေနဲ့ တူကြတဲ့
သိပ္ပံပညာရှင်များနဲ့ အင်ဂျင်နီယာများက
လက်တွဲ လုပ်ကြံကြပါက၊
ပြည်သူတွေ နစ်နာကြရမှာပါ-
သေတောင် သေနိုင်ကြပါတယ်။
ကျွန်တော်တို့ရဲ့ ကျွမ်းကျင် ပညာရှင်များနဲ့
ကျောင်းသားတွေတောင် အဲဒါကို ပျက်ကွက်ကြရင်၊
လူ့အဖွဲ့အစည်းဟာ ကြီးမားတဲ့
တန်ဖိုးကို ပေးဆပ်ရပါမယ်။
ကျွန်တော် နက်ရှိုင်းစွာ ချီးကျူးတတ်တဲ့
ပုဂ္ဂိုလ်တစ်ဦး သမိုင်းထဲမှာ ရှိပါတယ်--
Peter Palchinsky ဆိုတဲ့ အင်ဂျင်နီယာပါ။
သူဟာ ဆိုဗီယက်ပြည်ထောင်စု ခေတ်တုန်းက
နေထိုင်ခဲ့တာပါ။
Palchinskyဟာ သိပ်ကို ရိုးသားခဲ့လို့ စက်မှု
လုပ်ငန်းတွေကို ထူထောင်ရေး ဆင်ခြင်မှုမဲ့
လမ်းညွှန်ချက်ရဲ့ လွဲချော်မှုကြီးတွေကို
ထောက်ပြန်ဖို့ အသင့်ရှိနေခဲ့မှုကြောင့်
မကြာခဏ ပြဿနာတွေ တက်ခဲ့ရပါတယ်။
လူတိုင်းဟာ အပေါ်ကနေ ချပေးလိုက်တဲ့
အမိန့်ကို လိုက်နာရမယ့် စနစ် ဖြစ်ခဲ့တယ်။
မေးခွန်း မေးတတ်သူကို၊ ထင်မြင်ချက် ပေးသူကို
မနှစ်ခြိုက်ခဲ့ကြပါဘူး။
ဆိုဗီယက်နိုင်ငံက ကမ္ဘာပေါ်တွင် များပြားတဲ့
အင်ဂျင်နီယာတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်၊
အဲဒီအင်ဂျင်နီယာ အများစုတို့ဟာ ပျက်သုန်းရေး
ယန္တရားကြီးရဲ့ ခွေးသွားစိပ်နဲ့ တူခဲ့ကြတယ်။
Palchinsky ကျတော့ အင်ဂျင်နီယာတွေကို
စူးစမ်းလေ့လာခဲသူပါ၊
အင်ဂျင်နီယာတွေ လုပ်ခဲ့ကြတာရဲ့ စီးပွားရေး၊
နိုင်ငံရေးနှင့် လူမှုရေးအကျိုးဆက်တွေကို
လေ့လာခဲ့ပြီး ပြည်သူတွေကို
အာရုံစိုက်စေလိုခဲ့ပါတယ်။
သူရဲ့ ရဲရင့်လှတဲ့ အကျိုးအကြောင်း တင်ပြချက်
တွေဟာ နိုင်ငံရေးစနစ်အတွက်
ခြိမ်းခြောက်မှု ဖြစ်ခဲ့တယ်၊
အဲဒါနဲ့ စတာလင်ဟာ သူ့ကို
၁၉၂၉ နှစ်တွင် ကွပ်မျက်ခဲ့ပါတယ်။
နည်းပညာပိုင်း ပညာရှင်တွေကို Palchinsky
မြင်ခဲ့ပုံဟာ သိပ်ကို ခြားနားခဲ့တယ်၊
ဒီနေ့အထိ တော်တော်များများက
လက်ခံထားကြတာနဲ့ မတူခဲ့ပါဘူး-
ဆင်စွယ်ရဲတိုက်နဲ့တူတဲ့ ဓာတ်ခွဲခန်းတွင်း
အလုပ်လုပ်နေကြတဲ့ ခံစားမှုမဲ့ သုတေသီတွေ
ဒါမှမဟုတ် ကိုယ့်အခန်းငယ်လေးထဲတွင် အလုပ်
လုပ်နေတဲ့ အင်ဂျင်နီယာတွေနဲ့ မတူတဲ့အမြင်ပါ။
သူတို့ဟာ တော်ထက်ကြတာ မှန်ပေမဲ့၊
ကမ္ဘာကြီးနဲ့ အဆက်ြပတ်နေခဲ့ကြတယ်၊
စိတ်ခံစားမှုဆိုလို့ နည်းနည်းလေးပါ--
"Star Trek" ထဲက Spock လိုဟာမျိုး၊
ခင်ဗျားတို့ သိကြတယ်မှုတ်လား။
ဒီအကောင်လေး။
(ရယ်သံများ)
အားလုံး Spock ကို
နှုတ်ဆက်လိုက်ကြရအောင်။
ကျွန်တော် အောင်မြင်မယ် မထင်မိပါဘူး ...
ကျွန်တော်ဟာ Spock မဖြစ်နိုင်ပါ။
ကျွန်တော် Spock မဖြစ်နိုင်တာ
ဘုရားသခင်ကို ကျေးဇူးတင်ရပါမယ်။
(ရယ်သံများ)
ကျွန်တော် ဒါကို ထောက်ြပနေရတာက
မကြာသေးမီက ပေါ်လာတဲ့ ဆောင်းပါး တစ်ခုထဲမှာ
တော်တော့ကို သိက္ခာရှိတဲ့ ဂျာနယ်ထဲမှာ၊
ကျွန်တော်တို့ရဲ့ Flint ကြိုးပမ်းမှုဟာဖြင့်
"လူငယ် စိတ်ကူးယဉ်ဝါဒ"ပါ၊
"Hollywood ဇာတ်လမ်းတွေရဲ့ ဩဇာသက်ရောက်မှု။"
ဆိုထားလို့ပါ။
အဲဒီမှာ သိပ္ပံပညာရှင်တွေကို သူတို့သုတေသန
ရန်ပုံငွေနဲ့ နှင့် အဖွဲ့အစည်းတွေကို
အတတ်နိုင်ဆုံးဘယ်လို တန်ဖိုးပဲ ပေးရပေးရ
တိုက်ပွဲဝင်ရန် လှုံ့ဆော်ထားတယ်။
ပြီးတော့ သင်ဟာ တစ်ခုခုထဲမှာ
ပါဝင်လှုပ်ရှားချင်ရင်၊
အရေးပေါ်ကိစ္စဆိုတောင်မှ၊
လှုပ်ရှားသူ အုပ်စု
ဒါမှမဟုတ် NGO တစ်ခုကို ရှာ၊
ပြီးတော့ ပညာရှင် အသိုင်းအဝိုင်းကြီးရဲ့
ထောက်ခံမှု အပြည့်အဝကို ရယူ--
ဘယ်လောက်ပဲ ခက်ပေစေ--
အဲဒီနောက်မှသာ ပါဝင်ပေတော့။
ဘယ်သူမှ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားလာ
ကျွမ်းကျင်ပညာ တာဝန်တွေ အကြောင်းကို
အများပြည်သူအတွက်
အန္တရာယ်ကို ဟန့်တားရေး အကြောင်း၊
ဒါမှမဟုတ် ကျွန်တော်တို့ဆီမှာ လိုအပ်တဲ့
ကျွမ်းကျင်မှု ရှိနေတာကို၊
အရင်းအမြစ်များနှင့် တချို့မှာဆိုရင်
လုပ်ပိုင်ခွင့်တောင် ရှိနေတာကို
ဒီတာဝန်ကို ရုပ်လုံးဖေါ်နိုင်စွမ်း ရှိတာကို
ထည့်တောင် မဆိုခဲ့ကြပါဘူး။
သိပ္ပံပညာရှင်တိုင်းဟာ တက်ကြွလှုပ်ရှားသူ
ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။
ကိုယ်က တစ်ခုခု ထုတ်ပြောလိုက်ရင် တခါတစ်ရံ
လေးနက်တဲ့ နာကျင်ဖွယ် အကျိုးဆက် ရှိတတ်တယ်။
ဒါပေမဲ့ အဲဒီစိတ်ကူး၊ ဒီလိုလုပ်ရနိုင်တာကို
လုံးဝကြီး မေ့ပစ်လိုက်ပြီး
ကိုယ့်သုတေသနအတွက် ရနေတဲ့
ထောက်ပံ့မှုတွေကို ခုခံကာကွယ်ပေးဖို့
ဒီလို လုပ်ကိုင်နေကြတာကတော့
သိပ်ကို သူရဲဘော် ကြောင်တဲ့ လုပ်ရပ်ပါ၊
ကျွန်ုပ်တို့ရဲ့ ကျောင်းသားတွေကို မျှဝေ
ပေးသင့်တာက အဲဒီလို အတွေးအခေါ်များ မဟုတ်ပါ။
သိပါတယ်၊ ခင်ဗျားတို့ အားလုံးက
"ခင်ဗျားပြောတာတွေ သိပ်ကောင်းပါတယ်၊
ဒါပေမဲ့ လက်ရှိ စည်းရုံးဖွဲ့စည်းပုံတွေ
လုံးဝပြောင်းလဲဖို့က လုပ်မရနိုင်ပါဘူး။
ဒါမှမဟုတ် ကျောင်းသားတွေနဲ့ ပညာရှင်တွေရဲ့
စိတ်ထားကို ပြောင်းပစ်ဖို့ မဖြစ်နိုင်ဘူး၊
သူတို့ရဲ့ အလုပ်ကို
အများပြည်သူ ကောင်းစားဖို့၊
အများပြည်သူ အကျိုးကို သည်းပိုးပေးတဲ့
သိပ္ပံပညာ ဆိုတာ မလွယ်ပါဘူး။ "
အဲဒါ ဖြစ်နိုင်ပါတယ်။
အဲဒီလို ဖြစ်ရခြင်းအတွက် အကြောင်းရင်းကြီး
တစ်ခုက ကျောင်းသားတွေကို
လေ့ကျင့်ပေးပုံ မမှန်ကန်လို့ ဖြစ်နိုင်တယ်၊
ဟုတ်တယ်မဟုတ်လား။
ဒါတွေကို နီးနီးကပ်ကပ် လေ့လာကြည့်ရင်၊
ကျွန်တော်တို့ရဲ့ ပညာရေးစနစ် အာရုံပြုနေတာက
Yale ပါမောက္ခ Bill Deresiewicz က
"တော်တဲ့ သိုးကောင်"လို့
ခေါ်ထားတဲ့ သူတွေကိုပါ--
တော်ပြီး ရည်မှန်းချက် ကြီးမားကြတဲ့
လူငယ်တွေ ဖြစ်ကြပေမဲ့၊
သိပ်ပြီး အရဲမစွန့်လို၊ သိမ်မွေ့လှပြီး
ဦးတည်ချက်မဲ့နေကြပြီး
တချိန်တည်းမှာ သူတို့ကိုသူတို့ အဟုတ်ကြီး
ထင်နေကြတဲ့ သူတွေပါ။
ကလေးတွေဆိုတာကတော့၊ သိကြတဲ့အတိုင်း၊
ငယ်စဉ်တုန်းက အားလုံး သိပ္ပံကို
သိပ်ကြိုက်ကြတယ်၊
ဒါပေမဲ့ အထက်တန်းနဲ့ ကောလိပ်မှာကျတော့
ကျွန်ုပ်တို့ရဲ့ အချိန်အများစုကို
တစ်ဆင့်ပြီးတစ်ဆင့် ခုန်ကျော်နေကြရတာပါ၊
ကိုယ် လုပ်ချင်တာနဲ့ ကိုယ်ဖြစ်ချင်တာကို
လုပ်ကြဖို့ ကြိုးစားကြမယ့်အစား
ကိုယ်ရဲ့ ကိုယ်ရေးမှတ်တမ်း
လှပဖို့ ချောမွေ့ဖို့ကို
ပိုပြီး စဉ်းစားရင်း အချိန်တွေကို
ကုန်ခဲ့ကြရတာ များပါတယ်။
ဒီတော့၊
ကျွန်ုပ်တို့ရဲ့ ကောလိပ် ဘွဲ့ရတွေအကြားမှာ
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း
စာနာမှုစိတ်တွေဟာဖြင့် သိသိသာသာကြီး
ကျဆင်းလာခဲ့လျက်
ကိုယ့်ကိုယ်ကို ချစ်ြမတ်နိုးသူတွေရဲ့
ဦးရေဟာ တိုးလာခဲ့ပါတယ်။
ပြီးတော့ နည်းပညာတွေကို သင်ယူနေကြတဲ့
ကျောင်းသားတွေနဲ့
ပြည်သူလူထု အကြားမှာ
ချိတ်ဆက်မှုဟာ နည်းနည်းလာနေပါတယ်။
တံတားကြီးတွေ ဆောက်လုပ်ဖို့၊ ပြဿနာတွေ
ဖြေရှင်းဖို့ ကျွန်ုပ်တို့ကို သင်ပေးပါတယ်၊
ဒါပေမဲ့ တွေးခေါ်ပုံ၊ နေထိုင်ပုံ၊
ကမ္ဘာ့နိုင်ငံသားဖြစ်ဖို့ သင်မပေးပါဘူး။
ကျွန်တော့ရဲ့ ကောလိပ်ကျောင်းသား နှစ်တွေဟာ
အလုပ်အတွက် ပြင်ဆင်နေခဲ့တဲ့့ နှစ်တွေပါ၊
အဲဒါဟာ တစ်ခါတစ်ရံတွင် အတော့်ကို
နစ်မွန်စရာနဲ့ နာကျင်စရာ ကောင်းခဲ့ပါတယ်။
အဲဒါနဲ့၊
တော်တဲ့ အင်ဂျင်နီယာတွေ သိပ္ပံပညာရှင်တွေ
ဖြစ်လာဖို့ အတွက် နည်းလမ်းက
နည်းပညာတွေကို ပိုသင်ပေးရန်လို့
တချို့က ယူဆကြပါတယ်။
မှန်ချင်မှန်နိုင်ပါတယ်။
ဒါပေမဲ့၊ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီစွာ
စဉ်းစားဆုံးဖြတ်နိုင်ရေး ကိစ္စကျတော့ကော၊
အကျင့်စာရိတ္တ ပျိုးထောင်ပေးရေး၊
အမှန်ကို အမှားမှ ခွဲခြားရေးကို ကျတော့ကော။
ကျွန်တော် အရမ်းကြိုက်ပြီး ချီးကျူးတဲ့
စီမံကိန်း တစ်ခု ရှိပါတယ်။
"သူရဲကောင်းလို စိတ်ကူးရေး စီမံကိန်း"ပါ။
Dr. Phil Zimbardo က မွေးပေးလိုက်တာပါ။
Stanford Prison Experiment အတွက်
နာမည် ကျော်ကြားလာခဲ့သူပါ။
ကမ္ဘာတဝှမ်းက ကျောင်းတက်နေကြတဲ့
ကျောင်းသားတွေကို သူတို့ကိုယ်တိုင်ရဲ့
ဘဝကို သူရဲကောင်းြဖစ်လာဖို့
စောင့်စားနေသူတွေအဖြစ် လေ့ကျင့်ပေးဖို့ပါ၊
အားလုံးဟာ သင်တန်း တက်နေရတဲ့
သူရဲကောင်းတွေပါ။
အဲဒီလိုနည်ဖြင့် အဲဒီလူငယ်တွေရဲ့ အသိစိတ်ကို
ကျွမ်းကျင်မှုတွေနဲ့ အကျင့်သီလကောင်းတွေ
ဖွံ့ဖြိုးတိုးတက်ဖို့ လေ့ကျင့်ပေးထားရာ
အခွင့်အလမ်းပေါ်လာတာနဲ့၊
ဘယ်လို အခွင့်အလမ်းမျိုးပဲ ဖြစ်ဖြစ်၊
ထရပ်လျက် မှန်ကန်တဲ့ အရာတွေကို
လုပ်ဖို့ လေ့ကျင့်ပေးနေတာပါ။
တစ်နည်းပြောရရင်၊
ဘယ်သူမဆို သူရဲကောင်း ဖြစ်နိုင်ပါတယ်။
အဲဒီလို တစ်စက္ကန့်လောက် စိတ်ကူးကြည့်ကြပါ။
ကျွန်ုပ်တို့ဟာ သိပ္ပံ၊ အင်ဂျင်နီယာ ပညာကို
ဘာဖြစ်လို့ အဲဒီလိုနည်းနဲ့ သင်မပေးကြတာလဲ--
သူရဲကောင်းဝါဒနဲ့ ပြည်သူကို လုပ်ကျေးရွေးကို
သော့ချက် တန်ဖိုးများအဖြစ် ခံယူဖို့ပါ၊
တကယ်ပါ၊ အဲဒါဟာ မကြာခဏဆိုသလို
သူရဲကောင်း လုပ်ရပ် ဖြစ်နိုင်ပါတယ်၊
အများပြည်သူတွေရဲ့ အရေးကို လျစ်လျူ
ရှုလိုစိတ်အတွက် ကုသနည်း ဖြစ်နိုင်တယ်၊
ပြီးတော့ Flint ဖြစ်ရပ်ထဲ မြင်ခဲ့ကြရတဲ့
ကပ်ဘေးကိုလည်း ရှောင်နိုင်မှာပါ။
ကျွန်တော်နဲ့အတူ စိတ်ကူးကြည့်ကြရအောင်
တော်တဲ့ ၂၁ ရာစု သိပ္ပံပညာရှင်
ဘယ်လိုပုံစံမျိုး ဖြစ်သင့်သလဲ-
သိပ္ပံပညာကို ကျွမ်းကျင်ကြသူတွေဟာ
လူ့အဖွဲ့အစည်းကို
လုပ်ကျွေးဖို့ ဦးတည်ကြမယ်၊
ပြီးတော့ သူတို့ဟာ
သူတို့ရဲ့ အသိပညာနှင့်ဆုံးဖြတ်ချက်တွေရဲ့
ဧရာမ စွမ်းပကားကိုလည်း သိကြပါတယ်၊
တချိန်လုံး တိုးတက်ဖွံ့ဖြိုးဖို့အားထုတ်ရင်း
ကိုယ်ကျင့်တရားကို မြှင့်တင်ရင်း သူတို့ဟာ
ပဋိပက္ခနှင့်အငြင်းပွားမှုတွေကို
အမြဲတမ်း ဆိုးတဲ့အရာတွေလို မမြင်သင့်တာကို၊
ကိုယ်က အများပြည်သူရဲ့ အကျိုးကို
ကမ္ဘာဂြိုဟ်ကို သစ္စာရှိမယ်ဆိုရင်၊
နောက်ဆုံးတွင် ကိုယ်ဟာ အများကောင်းကျိုးကို
သည်းပိုးပေးနိုင်မှာပါ။
အဲဒီလိုသူတွေဟာ ကျွန်တော်တို့ Flint ကိစ္စထဲ
မားမားကြီးရပ်တည်ခဲ့ကြသလို ရပ်မယ့်သူတွေပါ--
မီဒီယာထဲမှာ ကယ်တင်ရှင်ြဖစ်လို့ သူရဲကောင်
ဖြစ်ဖို့ ကြိုးစားမယ့်သူတွေ မဟုတ်ကြပါ။
ကျွန်ုပ်တို့ ယုံကြည်လို့ရမယ့် ကိုယ်ကျိုး
စွန့်သူ၊ အခြေခံအရ ကောင်းမွန်တဲ့ သူတွေပါ။
အဲဒီလို ပြည်သူအား လုပ်ကျွေးရေး စိတ်ဓာတ်
ပျိုးထောင်ရေးကို စိတ်ကူးကြည့်ကြပါ၊
အတန်းများထဲတွင်၊ ဝန်ဆောင်မှု ခရီးစဉ်တွေ
ထဲတွင်၊ လှုပ်ရှားမှုတွေထဲတွင်
ကောလိပ် ဒါမှမဟုတ် အထက်တန်းးကျောင်းမှာ၊
အဲဒီလို ရည်မှန်းချက် ရှိကြမယ့်
စိတ်ဓာတ်ရှိ လူငယ်တွေ
ဒီအရှိတရား ကမ္ဘာကြီးထဲ
လက်တွေ့ ခြေချဝင်လာကြတဲ့အခါမှာ
သူတို့ဟာ အကြံပေး ပညာရှင်တွေ ဖြစ်ကြမလား၊
မူဝါဒကို ပြုစုပေးကြတဲ့ သူတွေ ဖြစ်ကြမလား--
ဒါမှမဟုတ် နိုင်ငံတော် သမ္မတပဲ ဖြစ်လာမလား
အရေးမကြီးတော့ပါ။
လူသား တစ်ရပ်လုံးရဲ့ ရှေ့မှာ စိန်ခေါ်မှုတွေ
အများကြီး ရှိနေကြပါတယ်၊
ညစ်ညမ်းတဲ့ သောက်သုံးရေ ဖြစ်ရပ်
ဥပမာ တစ်ခုမျှပါ။
တကယ့်ကို မှန်ကန်တဲ့ အရာတွေအတွက်
ကြိုးပမ်းအားထုတ်ကြလျက်
လွယ်ကူစွာ စီမံအုပ်ချုပ်လို့ ရမှာ မဟုတ်တဲ့
အများပြည်သူ အကျိုးအတွက် မားမားကြီး
ရပ်တည်လျက် အားထုတ်ဆောင်ရွက်ပေးကြမယ့်
သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို
ကျွန်ုပ်တို့ အများကြီး လိုအပ်တာ အမှန်ပါပဲ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)