ဒီအခန်းထဲက လူတိုင်းဖြစ်လာမယ့် အရာတစ်ခုက ဘာများပါလဲ။ အိုမင်းလာတာ။ ကျွန်မတို့အများစုဟာ ဒီအရေးကို အင်မတန် ကြောက်လန့်ကြတယ်။ ဒီစကားလုံးကို သင် ဘယ်လိုခံစားမိလဲ။ ကျွန်မလည်း အလားတူ ခံစားဖူးတယ်။ ကျွန်မ အပူပန်ဆုံးက ဘာလဲ။ စိတ်ပျက်ဖွယ် စောင့်ရှောက်ရေး စင်္ကြံထဲမှာ သွားရည်ကျပြီး အဆုံးသတ်ခြင်း။ နောက်ပြီး သိရတာက အသက်ကြီးသူ အမေရိကန် လေးရာခိုင်နှုန်းပဲ ပြုစုရေး ဂေဟာတွေမှာနေထိုင်ကာ အဲဒီရာခိုင်နှုန်းက ကျဆင်းနေတာပါ။ ကျွန်မ နောက်ထပ် ပူပန်တာ ဘာရှိသေးလဲ။ စိတ်ဖောက်ပြန်မှုပါ။ ဖြစ်တာက ကျွန်မတို့အများစုဟာ အဆုံးအထိ ကောင်းစွာ တွေးနိုင်မှာပါ။ စိတ်ဖောက်ပြန်မှုနှုန်းလည်း ကျဆင်းနေပါတယ်။ တကယ့် ကပ်ရောဂါက မှတ်ဉာဏ်ဆုံးရှုံးမှာကို စိုးရိမ်မှုပါ။ (ရယ်သံများ) ဇရာအိုတွေဟာ စိတ်ညှိုးငယ်တာကိုလည်း မှန်းဆမိပါတယ်၊ အကြောင်းက သူတို့ အိုမင်းနေပြီး မကြာခင် သေတော့မှာမို့ပါ။ (ရယ်သံများ) ဖြစ်သွားတာက လူတွေ ပိုအသက်ရှည်ရှည်နေလေ သေမှာကြောက်တာ နည်းလေလေဖြစ်ကာ လူတွေဟာ ဘဝရဲ့ အစနဲ့ အဆုံးတွေမှာ အပျော်ဆုံးဖြစ်တာပါ။ ပျော်ရွှင်မှုရဲ့ U မျဉ်းကွေးလို့ခေါ်ပြီး ကမ္ဘာတစ်ဝှမ်းက များပြားလှတဲ့ လေ့လာမှုတွေမှ တွေ့ရှိလာတာပါ။ သင်ဟာ ဗုဒ္ဓဘာသာ (သို့) ဘီလျံနာသူဌေး ဖြစ်ဖို့မလိုပါဘူး။ မျဉ်းကွေးက အိုမင်းခြင်းကိုယ်၌က ဦးနှောက်ကို သက်ရောက်ပုံ လုပ်ဆောင်ချက်ပါ။ ဒါနဲ့ အသက်ကြီးလာမှာနဲ့ ပတ်သက်ြပီး အတော်ကလေး နေလို့ပိုကောင်းလာကာ ဘာကြောင့် ဒီအကြောင်းတွေသိသူ အရမ်းနည်းလဲဆိုတာ ဥပါဒါန်စဖြစ်ခဲ့တယ်။ အကြောင်းခံက အိုပယ်ဝါဒ၊ အသက်ကို အခြေခံကာ ခွဲခြာဆက်ဆံခြင်းနဲ့ တွေးခေါ်ပုံမျိးပါ။ ကျွန်မတို့ ဘယ်သူလဲ၊ ဘာစွမ်းဆောင်နိုင်လဲ ဆိုတာထက် ကျွန်မတို့ဟာ တစ်ခုခုအတွက် အိုလွန်းတယ် သို့မဟုတ် ငယ်လွန်းတဲ့ဆိုပြီး တစ်ဦးဦးက ထင်မြင်တဲ့ အခါတိုင်း တွေ့ကြုံခံစားရတဲ့ဟာပါ။ အိုပယ်ဝါဒက နှစ်ဖက်စလုံးကို ဖြတ်တောက်ချင်တယ်။ ဝါဒအားလုံးဟာ လူမှုရေးကို အခြေခံတဲ့ အယူအဆ တွေပါ၊ လူမျိုး၊ လိင်၊ လိင်တူဆန့်ကျင်မှု- ဆိုလိုတာက ဒါတွေကို ကျွန်မတို့ ထွင်ခဲ့ကြသလို တဖြည်းဖြည်း ပြောင်းလဲနိုင်ကြတယ်လေ။ ဒီမလိုမုန်းထားမှုအားလုံးဟာ ရှိရင်းစွဲကို ထိန်းထားနိုင်ဖို့ ကျွန်မတို့ အချင်းချင်းကို ဖက်ပြိုင်အံတုစေတယ်။ ဥပမာ US က ကားလုပ်သားတွေဟာ Mexico ကား လုပ်သားတွေနဲ့ ပိုကောင်းတဲ့ လစာတွေအတွက် စည်းလုံးရမယ့်အစား ဆန့််ကျင်ယှဉ်ပြိုင်နေကြတာလေ။ (လက်ခုပ်သံများ) လူမျိုးရေး(သို့) လိင်ကနေ အရင်းအမြစ်အလိုက် ခွဲတမ်းချဖို့ အဆင်မပြေတာ သိကြပါတယ်။ ဇရာတေွနဲ့ လူငယ်တွေရဲ့ လိုအပ်မှုတွေက နှိုင်းယှဉ်ကြည့်ရင် ဘယ်ကောင်းမလဲ။ မလိုမုန်းထားမှုအားလုံးဟာ "အခြားလူတွေ" မိမိတို့မှတစ်ပါး လူစုတစ်စုလို့ မြင်ခြင်းပေါ်မှာမူတည်တယ်၊ အခြားလူမျိုး၊ အခြားဘာသာ၊ အခြား နိုင်ငံသားပေါ့။ အိုပယ်ဝါဒရဲ့ ထူးဆန်းတဲ့အချက်က အခြားသူဆိုတာက ကျွန်မတို့ပါ။ အိုပယ်ဝါဒဟာ ငြင်းပယ်မှုကို မှီကာ ကြီးထွားတယ်။ ငါ့တို့ ဒီဇရာအို ဖြစ်လာတော့မယ် ဆိုတာကို အသိအမှတ်ပြုဖို့ ဝန်လေးမှုပါ ငြင်းပယ်မှုက ပိုငယ်တဲ့သူအလား အထင်မှားဖို့ကြိုးစားတာ (သို့) အိုမင်းခြင်းမှ ကာကွယ်ပေးတဲ့ ထုတ်ကုန်တွေကို ယုံကြည်တာ (သို့) ခန္ဓာကိုယ် သူ့ဘာသာသူ ပြောင်းလဲ နေတာကို ကိုယ့်ကို သစ္စာဖောက်မှုလို့ ခံစားမိတဲ့အခါပါ။ ဘဝကို ဖြတ်ကျော်စဉ် လိုက်ဖက်အောင် ပြင်ဆင်ပြီး ကြီးပြင်းဖို့ အရည်အသွေးကို အောင်ပွဲခံတာ ဘာလို့ရပ်လိုက်တာလဲ။ ဘာလို့ အိုမင်းခြင်းဟာ ကျွန်မတို့ရဲ့ ပိုငယ်တဲ့မူတွေလို ပုံပေါက်ဖို့ လှုပ်ရှား ရုန်းကန်ခြင်းလို့ အနက်ဆောင်သင့်လဲ။ ဒါကို ရှက်နေမှုကို မရပ်မစဲချင်း လူအိုလို့အခေါ်ခံရတာ ရှက်စရာဖြစ်ပြီး ကျွန်မတို့အနာဂတ်တွေကို ထိတ်လန့်ရင်း ဘဝကို ဖြတ်သန်ရင် ဘယ်ကောင်းမလဲ။ ဇရာ ငြင်းပယ်မှုရဲ့ ကြွက်ဘီးကနေ မြန်မြန်ဆင်းနိုင်လေလေ ပိုကောင်းလေလေပါ။ သမားရိုးကျတွေးခေါ်မှုဟာ အစဉ် အမှားပါ၊ တကယ်ပါ ဒါပေမဲ့ အထူးသဖြင့် အသက်ရလာတဲ့အခါပါ၊ အကြောင်းက အသက်ရှည်ရှည်နေရလေ ကိုယ်ဟာ အခြားသူနဲ့ ပိုပြီး မတူလေလေပါ။ ဟုတ်လား၊ ဒါကို တွေးကြည့်ပါ။ ရှိသေးတာက အငြိမ်းစား ဂေဟာတစ်ခုက လူတိုင်း အသက်တူတူပဲ၊ အိုတယ်လို့ တွေးမိတတ်ကြတယ်။ (ရယ်သံများ) ဆယ်စုနှစ်လေးခု ဖြတ်သန်းနိုင်တဲ့အခါပေါ့။ အသက် ၂၀ နဲ့ ၆၀ ကြားက လူစုတစ်စုကို ဒီလိုတွေးမိတယ်လို့ စိတ်ကူးကြည့်နိင်လား။ ပါတီတစ်ခုရောက်တဲ့အခါ ကိုယ်နဲ့ သက်တူရွယ်တူတွေဆီ ဦးတည်သွားလား။ ခံစားခွင့်ရှိတဲ့ ထောင်စုနှစ်သားတွေအကြောင်း ညည်းညူဖူးလား။ အရွယ်နဲ့မလိုက်ဘူးဆိုပြီး ဆံပင်ညှပ်တာ (သို့) သံယောဇဉ်ဖွဲ့တာ (သို့) ဝင်ပြိုင်တာကို ပယ်ချဖူးလား။ လူကြီးတွေအတွက် ဒါမျိုးမရှိဘူးပေါ့။ ဒီအပြုအမူအားလုံးဟာ အိုပယ်ဝါဒီပါ။ ဒါတေွကို ကျွန်မတို့အားလုံးလုပ်ပြီး ဒါကို သတိမထားမိရင် ဘက်လိုက်မှုကို ကျွန်မတို့ စိန်ခေါ်မရနိုင်ပါဘူး။ အိုပယ်ဝါဒီအဖြစ် မွေးမလာပေမဲ့ ဒါက အစောပိုင်း ကလေးဘဝက စတင်ပါတယ်၊ လူမျိုး လိင်ဆိုင်ရာ သဘောထားတွေ စဖြစ်တည်တဲ့ အချိန်တူတူလောက်ပါ၊ အကြောင်းက ဘဝ နှောင်းပိုင်းအကြောင်း အပျက်သဘော သတင်းစကားတွေဟာ မီဒီယာနဲ့ လူကြိုက်များတဲ့ ယဉ်ကျေးမှုဆီက နေရာတိုင်းမှာ ထိုးနှက်လို့ပါ။ အရေးအကြောင်းတွေက ရုပ်ဆိုးတယ်လား။ ဇရာအိုတွေဟာ သနားစဖွယ်ပဲ။ အိုရတာ ဝမ်းနည်းစရာပါ။ Hollywood ကို ကြည့်ပါ။ မကြာခင်က Best Picture အဆိုပြုချက် စစ်တမ်းက စကားပြောတဲ့(သို့) နာမည်တပ်ထားတဲ့ ဇာတ်ကောင်တွေရဲ့ ၁၂ ရာခိုင်နှုန်းပဲ အသက် ၆၀ နဲ့အထက်တွေလို့တွေ့ရှိကာ သူတို့အများအပြားကို ချို့ယွင်းနေတယ်လို့ သရုပ်ဖော်ထားတယ်။ အားလုံးထဲမှာ ပိုကြီးတဲ့လူတွေဟာ အိုပယ်ဝါဒီ အဖြစ်ဆုံးဖြစ်နိုင်တာက ဒီသတင်းစကားတွေကို နှလုံးသွင်းဖို့ ဘဝတာရှိပြီး ဒါတွေကကို စိန်ခေါ်ဖို့ တစ်ခါမှ မတွေးမိကြလို့ပါ။ ကျွန်မ ဒါကို အသိအမှတ်ပြုပြီး ပူးပေါင်းကြံတာရပ်ဖို့လိုတယ် ဥပမာ "ဇရာအို ကာလ" ပြက်လုံးတွေပါ။ အထက်တန်းကျောင်းမှာ ကားသော့ပျောက်စဉ်က ကျွန်မ နားလည်ချိန်မှာ ဒါတွေလုပ်တာ ရပ်လိုက်တယ် "ငယ်ရွယ်သူ ကာလ"လို့ မခေါ်ခဲ့ဘူး။ (ရယ်သံများ) ၆၄ ပြည့်လို့ နာနေတဲ့ဒူးကို အပြစ်တင်တာရပ်ခဲ့တယ်။ နောက်တစ်ဖက် ဒူးက မနာဘူးလေ။ ဒါလည်း အိုတာပဲလေ။ (ရယ်သံများ) (လက်ခုပ်သံများ) အားလုံးဟာ အိုမင်းလာခြင်းရဲ့ ရှုထောင့်ကို ပူပန်ကြတယ်၊ ငွေပြတ်သွားမလား၊ နာဖျားမလား အထီးကျန် ဖြစ်သွားမလားပေါ့။ ဒီကြောက်စိတ်တွေဟာ တရားဝင်ဖြစ်ပြီး တကယ်ပါ။ ဒါပေမဲ့ အများစု ဘယ်တော့မှ နားမလည်တာက ဇရာအရွယ်ရောက်ခြင်းရဲ့ အတွေ့အကြုံဟာ ၎င်းတည်ရှိရာ ယဉ်ကျေးမှုကို လိုက်ပြီး ပိုဆိုးတာ (သို့) ပိုကောင်းနိုင်တာပါ။ အမျိုးသမီးတွေအတွက် ဘဝကို ပိုခက်စေတာက မအင်္ဂါရှိလို့မဟုတ်ဘူး၊ လိင်ခွဲခြားမှုပါ။ (လက်ခုပ်သံများ) လိင်တူသမားတွေအတွက် ဘဝပိုခက် စေတာက ယောက်ျားကိုချစ်လို့မဟုတ် လိင်တူဆက်ဆံတာ မုန်းတီးမှုပါ အသက်ကြီးလာတာကို ဖြစ်ခဲ့ဖူးတာထက် အများကြီး ပိုခက်ခဲစေတာက ကုန်လွန်တဲ့ အချိန်မဟုတ်ဘူး၊ အိုပယ်ဝါဒပါ။ တံဆိပ်တွေ ဖတ်ဖို့ခက်တဲ့အခါ (သို့) လက်ရန်းမရှိတဲ့အခါ (သို့) အိုးစုတ်ကို ဖွင့်မရတဲ့အခါ မိမိကိုယ်ကို အပြစ်တင်ကြတယ်၊ အောင်မြင်စွာ အိုမင်းဖို့ကျဆုံးမှုပါ၊ ဒီသဘာဝ အကူးအပြောင်းတွေကို အရှက်ရအောင်လုပ်တဲ့ အိုပယ်ဝါဒနဲ့ ဒီအတားအဆီးတွေကို လက်ခံလာအောင်လုပ်တဲ့ ခွဲခြားဆက်ဆံမှုအစားပေါ့။ စိတ်ကျေနပ်မှုကနေ ငွေရှာလို့မရပေမဲ့ အရှက်နဲ့ အကြောက်က စျေးကွက်တွေဖန်တီးပြီး အရင်းရှင်ဝါဒဟာ အမြဲကို စျေးကွက်သစ်တွေလိုအပ်တယ်။ ပါးရေတွေ ရုပ်ဆိုးတယ်လို့ ဘယ်သူပြောလဲ ဒေါ်လီ ဘီလီယံချီတဲ့ အရေပြား ထိန်းသိမ်းမှုလုပ်ငန်းပါ။ သွေးမဆုံးခင်နဲ့ T နိမ့်တာ၊ သိမှတ်မှု အနည်း ငယ် ချို့ယွင်းတာ ဆေး လိုအပ်ချက်တွေလို့ ဘယ်သူပြောလဲ။ ဒေါ်လာ ထရီလီယန်ချီတဲ့ ဆေးလုပ်ငန်းတွေပါ။ (အားပေးသံများ) အလုပ်မှာ ဒီတွန်းအားတွေ ပိုရှင်းရှင်းမြင်လေလေ အခြာသော ပိုအပြုသဘောဆောင်၊ ပိုတိကျတဲ့ ဇာတ်လမ်းတွေရလာဖို့ ပိုလွယ်လေလေပါ။ အသက်အရွယ်အိုမင်းလာတာက ပြင်ဆင်ဖို့ ပြဿနာ တစ်ရပ်(သို) ကုသဖို့ ရောဂါတစ်ခု မဟုတ်ဘူး၊ ဒါက ကျွန်မတို့ အားလုံးကို စုစည်းပေးတဲ့ စွမ်းအားရှိတဲ့ ရာသက်ပန် သဘာဝ ဖြစ်စဉ်ပါ" ယဉ်ကျေးမှုကို ပြောင်းလဲတာ မလွယ်ကြောလို့ သိပေမဲ့ ယဉ်ကျေးမှုဟာ အသေမဟုတ်ဘူး။ ကိုယ့်ဘဝတာမှာ အမျိုးသမီးတွေရဲ့ အဆင့် ဘယ်လောက် ပြောင်းလဲတာကို ကြည့်ပါ၊ (သို့)ဆယ်စုအနည်းငယ်မှာ လိင်တူအခွင့်အရေး လှုပ်ရှားမှုက လှမ်းခဲ့တဲ့ မယုံနိုင်စရာ ခြေလှမ်းတွေပေါ့၊ (လက်ခုပ်သံများ) လိင်ဖြစ်မှုကို ကြည့်ပါ။ ကျား (သို့) မ ၊ ဒွိစုံအဖြစ်ပဲ တွေးခဲ့ဖူးတယ်လေ။ အခု ဒါက ရောင်စဉ်တစ်ခုဆိုတာ နားလည်ကြတယ်။ လူအို‘လူရွယ် ဒွိစုံကိုလည်း စွန့်ပစ်ဖို့ အချိန်ကောင်းပါ။ လူအိုနဲ့ လူငယ်ကြားက သဲထဲမှာ မျဉ်းမရှိပါဘူး။ ဒါပြီရင် အားလုံး အဆင်းပါပဲ။ ဒီအယူအဆကို စိန်ခေါ်ဖို့ ကြာကြာ စောင့်လေလေ ကျွန်မတို့ကိုယ်တိုင်နဲ့ ကမ္ဘာထဲက ကျွန်မတို့နေရာကို ပိုပျက်စီးစေလေပါ။ အသက်အရွယ် ခွဲခြားမှု သောင်းကျန်းတဲ့ လုပ်အားစုထဲမှာလိုပေါ့။ Silicon Valley မှာ အင်ဂျင်နီယာတွေဟာ အဓိက လူတွေ့မေးမြန်းပွဲတွေမတိုင်ခင် မျက်နှာပြင်၊ ဆံပင်စိုက်တယ်၊ ဒီလူတွေဟာ ၃၀ တွင်း လူဖြူ ကျွမ်းကျင်ဝန်ထမ်းတွေဆိုတော့ ထပ်ဆင်းမယ့် နိုင်ရာစား သက်ရောက်မှုတွေကို မြင်ကြည့်ပါ။ (ရယ်သံများ) ပုဂ္ဂိုလ်ရေးနဲ့ စီးပွားဆိုင်ရာ အကျိုးဆက် တွေ အကြီးအကျယ်ပျက်စီးနေတယ်။ သက်ကြီးလုပ်သားတွေရဲ့ ဘယ်သမားရိုးကျပုံစံမှ အသေးစိတ် မစစ်ဆေးဘူး။ ကုမ္ပဏီတွေ အလိုက်သင့်မပြင်နိုင်၊ မဖန်တီးနိုင်တာက ဝန်ထမ်းတွေက ငယ်လို့ပါ။ ဒါပေမဲ့လည်း သူတို့ ပြုပြင်၊ တီထွင်နိုင်တယ် ကုမ္ပဏီတွေဟာ (ရယ်သံများ) (လက်ခုပ်သံများ) ထွေပြားလှတဲ့ ကုမ္ပဏီတွေဟာ အလုပ်လုပ်ဖို့ ပိုကောင်းတဲ့နေရာတွေသာမက ပိုကောင်းကောင်းလုပ်တယ် လူမျိုးနဲ့ လိင်လိုပဲ အသက်ဟာ မျိုးစုံမှုအတွက် စံတစ်ခုပါ။ စိတ်ဝင်စားစရာ သုတေသနရဲ့ ကြီးလာတဲ့ ခန္ဓာက အိုမင်းတာအပေါ် သဘောထားတွေက ဆယ်လူလာအဆင့်မှာ စိတ်နဲ့ ခန္ဓာတွေလုပ်ဆောင် ပုံကို သက်ရောက်တာကို ပြသတယ်။ အသက်ကြီးသူတွေကို စကားပြောတာ ဒီလိုပါ( ပိုကျယ်လောင်စွာ ပြော) (သို့) ခေါ်တာက"အချစ်လေး" (သို့) "မဒီလေး" လူကြီပြောစကားလို့ ခေါ်တယ်။ သူတို့ဟာ ချက်ချင်း အိုမင်းလာပုံရပြီး လမ်းလျှာက်ရာ၊စကားပြောရာမှာ ပိုင်နိုင်မှုလျော့လာတယ်။ အိုမင်းတာအပေါ် အပြုသဘော စိတ်ခံစားမှု ရှိတဲ့လူတွေက ပိုမြန်မြန် လျှောက်တယ်။ မှတ်ဉာဏ်စစ်ဆေးမှုတွေ ပိုတော်တယ်။ ပျောက်ကင်းတာမြန်ပြီး အသက်ပိုရှည်ကြတယ်။ ဦးနှောက်မှာ အပိုးတွေ၊ အထွေးတွေနဲ့တောင် တစ်ချို့လူတွေက အဆုံးသတ်ထိ ထက်မြက်နေခဲ့တယ် သူတို့တွေမှာ တူညီတာကဘာလဲ။ ရည်ရွယ်ချက် အသိပါ။ ဘဝနှောင်းပိုင်းမှာ ရည်ရွယ်ချက် အသိရှိဖို့ အကြီးမားဆုံး အတားအဆီးက ဘာလဲ။ ယဉ်ကျေးမှုတစ်ခုက အိုမင်းခြင်းဆိုတာ စင်နောက်ကို ရှောင်တာလို့ ပြောပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ဟာ ဘဝ သက်တမ်းတင်မဟုတ်ပဲ ကျန်မာရေး သက်တမ်းပါရှည်ဖို့ ကမ္ဘာလုံးဆိုင်ရာ အိုပယ်ဝါဒဆန့်ကျင်ရေး အစပျိုးမှုတစ်ကို ဖန်တီးနေပါတယ်။ အမျိုသမီးတွေဟာ အိုပယ်ဝါဒနဲ့ လိင်ခွဲခြားမှု ကံဆိုးမှု နှစ်ထပ်ကွမ်း ကြုံရတော့ ကျွန်မတို့ဟာ ကွဲပြားစွာ အိုမင်းနေပါတယ်။ ဟောဒီက အလုပ်မှာ နှစ်ထပ်ကွမ်း စံရှိတယ်၊ အောချလောက်တာလေ (ရယ်သံများ) အိုလာတာက အမျိုးသားတွေကို မြှင့်တင်ကာ အမျိုးသမီးတွေကို တန်ဖိုးချတယ်ဆိုတဲ့အယူပါ။ နုပျိုနေဖို့ ပြိုင်ကြတဲ့အခါ အမျိုးသမီး တွေက ဒီနှစ်ထပ်ကွမ်းစံကို အားဖြည့်ပေးတယ် နောက်ထပ် အပြစ်ပေးခြင်းနဲ့ အဆိုပြုချက် ဆုံးရှုံးခြင်းပါ။ ဒီအခန်းထဲက အမျိုးသမီးတဦးဦး သူမဟာ တစ်ခါက ဖြစ်ခဲ့တာထက် အရေးပါမှုနည်းတဲ့ မူကွဲတစ်ခု၊ စိတ်ဝင်စားမှုပိုနည်းတဲ့၊ အိပ်ရာမှာ ပျော်ရွှင်မှုပိုနည်းတဲ့ တန်ဖိုးနည်းတဲ့သူလို့ ယုံကြည်လား။ ခွဲခြားဆက်ဆံမှုဟာ ကျွန်မတို့ကျန်းမာရေး၊ သုခချမ်းသာနဲ့ ဝင်ငွေကို ထိခိုက်စေကာ ဒီသက်ရောက်မှုတွေက တဖြည်းဖြည်း တိုးသွားတယ်။ လူမျိုးနဲ့ လူတန်းစားကြောင့် ထပ်တိုးသွားတယ်၊ ဒါကြောင့်ပဲ ကမ္ဘာ့နေရာတိုင်းမှာ အဆင်းရဲ့တကာ့ အဆင်းရဲဆုံးဟာ အသားအရောင်ရှိတဲ့ အဖွားအိုတွေပါ ဒီမြေပုံကနေ မှတ်သားစရာက ဘာလဲ။ ၂၀၅၀ မတိုင်မီ ကျွန်မတို့ ငါးဦးထဲက တစ်ဦး၊ လူဦးရေ နှစ်ဘီလီယံနီးပါးဟာ အသက် ၆၀ နဲ့ အထက်မှာရှိလိမ့်မယ်။ အသက်ရှည်မှုဟာ လူသားဖြစ်စဉ်ရဲ့ အခြေခံကျတဲ့ ဝိသေသ လက္ခဏာပါ။ ဒီဇရာအိုတွေအားလုံးဟာ မကြုံစဖူးဖြစ်တဲ့ မဖော်ယူရသေးတဲ့ စျေးကွက်ပါ။ ရှိသေးတာက အရင်းရှင်ဝါဒနဲ့ မြို့ပြပုံစံ သွင်းခြင်းက အရွယ် ဘက်လိုက်မှုကို ကမ္ဘာ့ နေရာတိုင်းဆီ တွန်းပို့လိုက်ပါတယ်၊ ဇရာအိုတွေ အကောင်းဆုံး ကြုံတွေ့ရာ Switzerland ကနေ Global AgeWatch Index အောက်ခြေမှာရှိတဲ့ Afghanistan ထိပါ။ ကမ္ဘာ့နိုင်ငံထက်ဝက်ကို စာရင်းမှာ ဖော်ပြတဲ့အကြောင်းက သန်းချီတဲ့လူတွေအပေါ် ဒေတာကောက်ဖို့ ဒုက္ခမခံကြတာနဲ့ သူတို့ဟာ မငယ်ကြတော့လို့ပါ။ ကမ္ဘာတစ်ဝှမ်းက အသက် ၆၀ ကျော် သုံးပုံနှစ်ပုံဟာ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ ဒုက္ခဖြစ်တယ်ဆိုပါတယ်။ လေးပုံသုံးပုံနီးပါးက သူတို့ဝင်ငွေက စားစရာ၊ ရေနဲ့ လျှပ်စစ်မီး၊ သင့်တင့်တဲ့အိမ်ရာလိုမျိုးတွေအတွက် မကာမိဘူးလို့ပြောပါတယ်။ အသက်တစ်ရာလောက်နေနိုင်ကြမယ့် ကျွန်မတို့ ကလေးတွေကို အမွေခံစေချင်တာ ဒီကမ္ဘာလား။ လူတိုင်း အသက်အရွယ်တိုင်း ကျားမတိုင်း၊ လူမျိုးတိုင်းဟာ လူအို(သို့) အနာဂတ် လူအိုတွေဖြစ်ကာ ဒါကို အဆုံးမသတ်ရင် အိုပယ်ဝါဒက အားလုံးကို ဖိနှိပ်လိမ့်မယ်။ ဒါက စုပေါင်းအားပေးမှုအတွက် ကွက်တိပစ်မှတ်တစ်ခု ဖြစ်စေတယ်။ အထူးသဖြင့် လူမျိုးကြီးဝါဒလို အရမ်းများတဲ့ စာရင်းထဲမှာ အရေးပေါ်လုပ်ဆောင်ချက် နောက်ဝါဒတစ်ခု ဖြည့်လိုက်ရအောင်လား။ အကြောင်းက ဒီမှာပါ။ ကျွန်မတို့ ရွေးစရာမလိုပါဘူး။ ကမ္ဘာကို အိုမင်းဖို့ ပိုကောင်းတဲ့ နေရာတစ်ခု ဖန်တီးတဲ့အခါ အခြားနေရာတစ်ခုကနေ ဒီထဲမှာ ပိုကောင်းတဲ့ နေရာဖန်တီးတာပါ၊ မသန်စွမ်းမှုရှိဖို့ ထူးခြားဖို့၊ မချမ်းသာသူ မဖြစ်ဖို့ပါ။ လူဖြူ မဟုတ်သူ ဖြစ်ဖို့ပါ။ ကိုယ့်အတွက် အရေးပါဆုံးက ဘယ်အကြောင်း အတွက်ဖြစ်ဖြစ် အရွယ်အားလုံး ရောက်လာတဲ့အခါ ဝေလငါးတွေကို ကယ်ပါ၊ ဒီမိုကရေစီကို ကယ်ပါ၊ ပိုထိရောက်တဲ့ အားထုတ်မှု ဖန်တီးတာတင်မကပဲ ဖြစ်စဉ်ထဲက အိုပယ်ဝါဒကို ဖြိုဖျက်ကြပါတယ်။ အသက်ရှည်မှုက ဒီမှာရှိနေဖို့ပါ။ အိုပယ်ဝါဒ အဆုံးသတ်ဖို့ လှုပ်ရှားမှုက လုပ်ဆောင်နေပြီ။ ကျွန်မ ပါပါတယ်၊ သင်တို့ ပူးပေါင်းမယ်လို့ မျှော်လင့်ပါတယ်။ (လက်ခုပ်သံ၊ ဩဘာသံများ) ကျေးဇူးပါ။ ဒါကိုလုပ်ကြပါစို့၊ လုပ်ကြပါစို့။ (လက်ခုပ်သံများ)