1 00:00:06,828 --> 00:00:11,388 ခင်ဗျား ခန္ဓာကိုယ်ထဲမှာရှိသမျှ သွေးကြောတွေ အားလုံး တန်းစီလိုက်မယ်ဆိုရင်၊ 2 00:00:11,388 --> 00:00:15,429 ၉၅ ၀၀၀ ကီလိုမီတာတောင် ရှည်လျားနိုင်ပါတယ် 3 00:00:15,429 --> 00:00:21,984 နေ့စဉ်နေ့တိုင်း ၇၅၀၀ လီတာနဲ့ညီတဲ့ သွေးပမာဏကို သယ်ဆောင်ပေးကြတယ်၊ 4 00:00:21,984 --> 00:00:27,508 လေး - ငါး လီတာပဲ ရှိတဲ့ သွေးတွေကို ထပ်ခါထပ်ခါ ပြန်လည်အသုံးပြုတာ ဟုတ်ပေမဲ့ 5 00:00:27,508 --> 00:00:30,041 အောက်ဆီဂျင် နဲ့ သကြားဓာတ် နဲ့ အမိုင်နို အက်ဆစ်လို 6 00:00:30,041 --> 00:00:34,960 အဖိုးတန် အာဟာရတွေကို ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေဆီ သယ်ပို့ပေးတယ်။ 7 00:00:34,960 --> 00:00:40,240 အဲဒီ သွေးတွေအားလုံးက သွေးကြောတွေရဲ့ ကြွက်သားနံရံတွေမှာ ဖိအားသက်ရောက်စေတယ်။ 8 00:00:40,240 --> 00:00:43,066 အဲဒီအားကို သွေးဖိအား (သွေးပေါင်) လို့ ခေါ်ဝေါ်ကြကာ၊ 9 00:00:43,066 --> 00:00:46,999 နှလုံးခုန်တာနဲ့အတူ တက်လိုက် ကျလိုက်ဖြစ်နေတတ်တယ်။ 10 00:00:46,999 --> 00:00:48,995 နှလုံးရဲ့ ညှစ်စဉ် ကာလအတွင်းမှာ၊ 11 00:00:48,995 --> 00:00:52,854 နှလုံးက သွေးတွေကို သွေးလွှတ်ကြောတလျှောက် ညှစ်ပေးချိန်မှာ ဖိအား ကအမြင့်ဆုံးပဲ။ 12 00:00:52,854 --> 00:00:55,196 အဲဒါက Systolic Blood Pressure (အပေါ်သွေး) ပါ။ 13 00:00:55,196 --> 00:00:57,694 နှလုံးခုန်ချက်တွေကြားမှာ နှလုံးက အနားယူနေခိုက်မှာ 14 00:00:57,694 --> 00:01:02,436 သွေးဖိအားက အနိမ့်ဆုံး diastolic pressure သို့ကျသွားတယ် .. (အောက်သွေး) ဖြစ်ပါတယ် 15 00:01:02,436 --> 00:01:05,862 ပုံမှန်ကျန်းမာတဲ့လူတိုင်းဟာ အပေါ်သွေး ( systolic pressure) 16 00:01:05,862 --> 00:01:10,348 ပြဒါးတိုင်ရဲ့ ၉၀ နဲ့ ၁၂၀ မီလီမီတာ ကြားမှာရှိတတ်ကာ၊ 17 00:01:10,348 --> 00:01:14,110 diastolic pressure (အောက်သွေး)က ၆၀ နဲ့ ၈၀ အကြား ရှိတတ်တယ်။ 18 00:01:14,110 --> 00:01:19,572 အတူတွဲကြည့်လိုက်ရင် ပုံမှန် ၁၂၀/၈၀ ရှိတတ်ပါတယ်။ 19 00:01:19,572 --> 00:01:21,891 သွေးတွေက ခန္ဓာကိုယ် တပြင်လုံးကိုဖြတ်ထားတဲ့ 20 00:01:21,891 --> 00:01:24,897 သွေးလည်ပတ်မှုစနစ် ရဲ့ ပိုက်လိုင်းတွေဖြင့် ကူးဖြတ် စီးဆင်းပါတယ်။ 21 00:01:24,897 --> 00:01:26,517 မည်သည့် ပိုက်လိုင်း စနစ်ထဲမှာမဆို၊ 22 00:01:26,517 --> 00:01:29,945 ပိုက်ရဲ့နံရံပေါ်သို့ ဖိအားတိုးစေနိုင်တဲ့ အကြောင်းအရာတွေ အများကြီးပါ- 23 00:01:29,945 --> 00:01:31,556 အရည်ရဲ့ အချင်းလက္ခဏာများ၊ 24 00:01:31,556 --> 00:01:32,708 အရည်များ ပိုစီးဝင်ခြင်း၊ 25 00:01:32,708 --> 00:01:34,760 ဒါမှမဟုတ် ပိုက်တွေကျဉ်းတာ ဖြစ်နိုင်တယ်။ 26 00:01:34,760 --> 00:01:36,190 ဒါကြောင့် သွေးပြစ်လာမယ်ဆိုရင်၊ 27 00:01:36,190 --> 00:01:41,437 အဲဒါကို တွန်းပို့ဖို့ တွန်းအားပိုလိုလို့ နှလုံးဟာ ပိုပြီးညှစ်ပေးရပါတယ်။ 28 00:01:41,437 --> 00:01:44,782 ဆားများများကို စားသောက်ရင်လည်း အလားတူ ရလဒ်ကို ကြုံရမယ်။ 29 00:01:44,782 --> 00:01:46,933 ဆားတွေက ရေတွေကို ဆွဲယူတတ်တယ်၊ 30 00:01:46,933 --> 00:01:51,117 အရည် ပိုများလာခြင်းက သွေးပမာဏကိုရော၊ သွေးဖိအား (သွေးပေါင်) ကိုပါ မြင့်တက်စေကာ၊ 31 00:01:51,117 --> 00:01:54,456 တိုက်ခိုက်မှု ဒါမှမဟုတ် တိုက်ခိုက်မှုအား တုံ့ပြန်ချိန်မှာလို ဖိစီးလျက်၊ 32 00:01:54,456 --> 00:01:58,365 epinephrine နှင့် norepinephrine ဟိုမုန်းတွေကိုလွှတ်ထုတ်ပေးရာ၊ 33 00:01:58,365 --> 00:02:00,550 အဓိကရ သွေးကြောတွေကို ကျဉ်းစေပါတယ်၊ 34 00:02:00,550 --> 00:02:05,061 ဒါကြောင့် သွေးစီးဆင်းဖို့ အတားအဆီးလို ဖြစ်ပြီး ဖိအားတက်စေပါတယ်။ 35 00:02:05,061 --> 00:02:08,772 ပုံမှန်အားဖြင့် သွေးကြောတွေက အဲဒီလို အတက်အကျတွေကို လွယ်ကူစွာ ကိုင်တွယ်နိုင်တယ်။ 36 00:02:08,772 --> 00:02:13,521 သွေးကြောနံရံတွေထဲရှိ ဆန့်ကျုံ့နိုင်ကြတဲ့ ဖိုင်ဘာမျှင်တွေက အဲဒီဒဏ်ကို ခံယူနိုင်တယ်၊ 37 00:02:13,521 --> 00:02:18,606 ဒါပေမဲ့ သွေးပေါင်ချိန်က ကျွန်တော်တို့က သွေးတိုးနေပြီလို့ခေါ်ကြတဲ့ 38 00:02:18,606 --> 00:02:21,846 ၁၄၀/၉၀ ထက် ပုံမှန် မြင့်နေလျက်၊ အဲဒီမှာပဲ ရှိနေမယ် ဆိုရင်၊ 39 00:02:21,846 --> 00:02:23,970 ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ 40 00:02:23,970 --> 00:02:26,694 ဘာကြောင့်လဲဆိုတော့ သွေးလွှတ်ကြောနံရံသို့ ပိုမိုဝန်ပိခြင်းက 41 00:02:26,694 --> 00:02:28,456 စုတ်ပြဲမှု ဒဏ်ရာလေးတွေ ဖြစ်စေလို့ပါ။ 42 00:02:28,456 --> 00:02:30,619 ထိခိုက်မိတဲ့ တစ်သျှူး ရောင်လာတဲ့ အခါ၊ 43 00:02:30,619 --> 00:02:33,214 ရောင်ကိုင်းမှုကို တုံ့ပြန်ကုစားတတ်တဲ့ ပစ္စည်းလေးတွေ၊ 44 00:02:33,214 --> 00:02:36,583 သွေးဖြူဥဆဲလ် လိုမျိုးတွေဟာ ပြဲနေတဲ့ နေရာနားမှာ လာစုကြတယ်။ 45 00:02:36,583 --> 00:02:41,014 သွေးထဲမျောနေတဲ့ အဆီ နှင့် ကိုလက်စထရော ကပါ လာကပ်ကြတယ်၊ 46 00:02:41,014 --> 00:02:43,586 နောက်ဆုံးမှာတော့ အခဲလေးတစ်ခုအဖြစ် ကပ်တွယ်လာကြရာ၊ 47 00:02:43,586 --> 00:02:47,694 သွေးလွှတ်ကြော အတွင်းနံရံကို မာတောင့် လာစေပါတယ်။ 48 00:02:47,694 --> 00:02:50,498 ဒီအခြေအနေကို atherosclerosis ရောဂါလို့ ခေါ်ဝေါ်ကြကာ၊ 49 00:02:50,498 --> 00:02:52,646 အဲဒီက အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေရှိနိုင်တယ်။ 50 00:02:52,646 --> 00:02:56,692 စောစောက အခဲလေးပေါက်ထွက်သွားရင်၊ စုတ်ပြဲတဲ့နေရာမှာ သွေးခဲလာမှာဖြစ်ရာ၊ 51 00:02:56,692 --> 00:02:59,605 ကျဉ်းနေပြီးသား ပိုက်ကို တစ်ဆို့သွားစေတယ်။ 52 00:02:59,605 --> 00:03:00,922 သွေးခဲမှုက ကြီးတယ်ဆိုရင်၊ 53 00:03:00,922 --> 00:03:06,745 အောက်ဆီဂျင်နဲ့ အာဟာရ စီးဆင်းမှုကို လုံးဝပိတ်ဆို့ပစ်နိုင်ပါတယ်။ 54 00:03:06,745 --> 00:03:08,374 နှလုံးအား အာဟာရထောက်ပံ့တဲ့သွေးကြော 55 00:03:08,374 --> 00:03:10,401 ဖြစ်ပါက နှလုံးလေရိုက်နိုင်တယ်၊ 56 00:03:10,401 --> 00:03:14,892 အောက်ဆီဂျင် ပြတ်သွားတဲ့ နှလုံးကြွက်သား ဆဲလ်တွေ သေလာကြတော့မှာပါ။ 57 00:03:14,892 --> 00:03:17,576 ခဲနေတဲ့သွေးက ဦးနှောက် သွေးလမ်းကြောင်းကို ပိတ်ဆို့ရင်၊ 58 00:03:17,576 --> 00:03:20,266 လေဖြတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ 59 00:03:20,266 --> 00:03:22,991 အန္တရာယ်ရှိလောက်အောင် ပိတ်နေတဲ့ သွေးကြောတွေကို 60 00:03:22,991 --> 00:03:25,797 angioplasty လို့ခေါ်တဲ့ နည်းလမ်းနဲ့ ချဲ့လို့ရပါတယ်။ 61 00:03:25,797 --> 00:03:28,870 အဲဒီမှာ ဆရာဝန်များက သွေးကြောမှတဆင့် ဝါယာလေးကို ပိတ်ဆို့နေတဲ့ 62 00:03:28,870 --> 00:03:30,829 နေရာရောက်အထိ ရောက်အောင် ပို့ကြတယ်၊ 63 00:03:30,829 --> 00:03:34,903 ထို့နောက် လေထုတ်ထားတဲ့ balloon catheter ကို အဲဒီမှာ နေရာချပေးကြတယ်၊ 64 00:03:34,903 --> 00:03:38,894 အဲဒီ ပူဖောင်းလေးကို လေထိုးပေးလိုက်တော့ သွေးလမ်းကြောင်းကို ပြန်ဖွင့်နိုင်မယ်။ 65 00:03:38,894 --> 00:03:41,833 တစ်ခါတစ်ရံ stent ခေါ် နံရံကို ပင့်ထောက်ပေးတဲ့ ကွင်းလေးကို 66 00:03:41,833 --> 00:03:45,118 သွေးကြောထဲထည့်ပြီး သွေးကြောကို ပြန်ဖွင့်ပေးခြင်းဖြင့်၊ 67 00:03:45,118 --> 00:03:46,747 သွေးတွေ စီးဆင်းလာလို့၊ အောက်ဆီဂျင် 68 00:03:46,747 --> 00:03:50,280 ငတ်မွတ်နေတဲ့ ဆဲလ်တွေထံ အာဟာရကို ပြန်ဖြည့်တင်းပေးလာနိုင်တာပေါ့။ 69 00:03:50,280 --> 00:03:53,911 ဖိအားအောက်မှာ သွေးလွှတ်ကြောတွေ ပျော့ပြောင်းလျက်ရှိနေဖို့ အတော့ကိုမလွယ်ပါ။ 70 00:03:53,911 --> 00:03:56,673 သူတို့ ပို့လွှတ်ရတဲ့ အရည်တွေထဲ ပါတဲ့အရာတွေဟာ 71 00:03:56,673 --> 00:03:59,278 ပြစ်လာကာ ၎င်းတို့ကို ပိတ်ဆို့ပစ်နိုင်တယ်။ 72 00:03:59,278 --> 00:04:02,930 ပြီးတော့ ပုံမှန်ကျန်းမာတဲ့ သင့်နှလုံးက တစ်မိနစ်ကို အကြိမ် ၇၀ လောက် ခုန်တယ် 73 00:04:02,930 --> 00:04:07,723 ပျမ်းမျှ လူ့သက်တမ်း အတွင်းမှာ အနည်းဆုံး အကြိမ်ရေ သန်းပေါင်း ၂၅၀၀ လောက်ခုန်နေတယ်။ 74 00:04:07,723 --> 00:04:10,899 အဲဒါက ဘယ်လိုမှမဖြစ်နိုင်လောက်တဲ့ ဖိအားလို့ ထင်စရာ ရှိပေမဲ့၊ 75 00:04:10,899 --> 00:04:15,108 မပူပါနဲ့၊ သင့်သွေးကြောတွေ စိန်ခေါ်မှုအတွက် အသင့် ပြင်ဆင်ထားပြီးသားပါ။