0:00:06.828,0:00:11.388 ခင်ဗျား ခန္ဓာကိုယ်ထဲမှာရှိသမျှ [br]သွေးကြောတွေ အားလုံး တန်းစီလိုက်မယ်ဆိုရင်၊ 0:00:11.388,0:00:15.429 ၉၅ ၀၀၀ ကီလိုမီတာတောင် ရှည်လျားနိုင်ပါတယ် 0:00:15.429,0:00:21.984 နေ့စဉ်နေ့တိုင်း ၇၅၀၀ လီတာနဲ့ညီတဲ့[br]သွေးပမာဏကို သယ်ဆောင်ပေးကြတယ်၊ 0:00:21.984,0:00:27.508 လေး - ငါး လီတာပဲ ရှိတဲ့ သွေးတွေကို [br]ထပ်ခါထပ်ခါ ပြန်လည်အသုံးပြုတာ ဟုတ်ပေမဲ့ 0:00:27.508,0:00:30.041 အောက်ဆီဂျင် နဲ့ သကြားဓာတ် နဲ့ အမိုင်နို [br]အက်ဆစ်လို 0:00:30.041,0:00:34.960 အဖိုးတန် အာဟာရတွေကို ခန္ဓာကိုယ်ရဲ့ [br]တစ်သျှူးတွေဆီ သယ်ပို့ပေးတယ်။ 0:00:34.960,0:00:40.240 အဲဒီ သွေးတွေအားလုံးက သွေးကြောတွေရဲ့ [br]ကြွက်သားနံရံတွေမှာ ဖိအားသက်ရောက်စေတယ်။ 0:00:40.240,0:00:43.066 အဲဒီအားကို သွေးဖိအား (သွေးပေါင်) လို့ [br]ခေါ်ဝေါ်ကြကာ၊ 0:00:43.066,0:00:46.999 နှလုံးခုန်တာနဲ့အတူ တက်လိုက် [br]ကျလိုက်ဖြစ်နေတတ်တယ်။ 0:00:46.999,0:00:48.995 နှလုံးရဲ့ ညှစ်စဉ် ကာလအတွင်းမှာ၊ 0:00:48.995,0:00:52.854 နှလုံးက သွေးတွေကို သွေးလွှတ်ကြောတလျှောက်[br]ညှစ်ပေးချိန်မှာ ဖိအား ကအမြင့်ဆုံးပဲ။ 0:00:52.854,0:00:55.196 အဲဒါက Systolic Blood Pressure[br](အပေါ်သွေး) ပါ။ 0:00:55.196,0:00:57.694 နှလုံးခုန်ချက်တွေကြားမှာ နှလုံးက [br]အနားယူနေခိုက်မှာ 0:00:57.694,0:01:02.436 သွေးဖိအားက အနိမ့်ဆုံး diastolic pressure[br]သို့ကျသွားတယ် .. (အောက်သွေး) ဖြစ်ပါတယ် 0:01:02.436,0:01:05.862 ပုံမှန်ကျန်းမာတဲ့လူတိုင်းဟာ အပေါ်သွေး [br]( systolic pressure) 0:01:05.862,0:01:10.348 ပြဒါးတိုင်ရဲ့ ၉၀ နဲ့ ၁၂၀ မီလီမီတာ[br]ကြားမှာရှိတတ်ကာ၊ 0:01:10.348,0:01:14.110 diastolic pressure (အောက်သွေး)က[br]၆၀ နဲ့ ၈၀ အကြား ရှိတတ်တယ်။ 0:01:14.110,0:01:19.572 အတူတွဲကြည့်လိုက်ရင် ပုံမှန် [br]၁၂၀/၈၀ ရှိတတ်ပါတယ်။ 0:01:19.572,0:01:21.891 သွေးတွေက ခန္ဓာကိုယ် တပြင်လုံးကိုဖြတ်ထားတဲ့ 0:01:21.891,0:01:24.897 သွေးလည်ပတ်မှုစနစ် ရဲ့ ပိုက်လိုင်းတွေဖြင့် [br]ကူးဖြတ် စီးဆင်းပါတယ်။ 0:01:24.897,0:01:26.517 မည်သည့် ပိုက်လိုင်း စနစ်ထဲမှာမဆို၊ 0:01:26.517,0:01:29.945 ပိုက်ရဲ့နံရံပေါ်သို့ ဖိအားတိုးစေနိုင်တဲ့[br]အကြောင်းအရာတွေ အများကြီးပါ- 0:01:29.945,0:01:31.556 အရည်ရဲ့ အချင်းလက္ခဏာများ၊ 0:01:31.556,0:01:32.708 အရည်များ ပိုစီးဝင်ခြင်း၊ 0:01:32.708,0:01:34.760 ဒါမှမဟုတ် ပိုက်တွေကျဉ်းတာ ဖြစ်နိုင်တယ်။ 0:01:34.760,0:01:36.190 ဒါကြောင့် သွေးပြစ်လာမယ်ဆိုရင်၊ 0:01:36.190,0:01:41.437 အဲဒါကို တွန်းပို့ဖို့ တွန်းအားပိုလိုလို့ [br]နှလုံးဟာ ပိုပြီးညှစ်ပေးရပါတယ်။ 0:01:41.437,0:01:44.782 ဆားများများကို စားသောက်ရင်လည်း [br]အလားတူ ရလဒ်ကို ကြုံရမယ်။ 0:01:44.782,0:01:46.933 ဆားတွေက ရေတွေကို ဆွဲယူတတ်တယ်၊ 0:01:46.933,0:01:51.117 အရည် ပိုများလာခြင်းက သွေးပမာဏကိုရော၊[br]သွေးဖိအား (သွေးပေါင်) ကိုပါ မြင့်တက်စေကာ၊ 0:01:51.117,0:01:54.456 တိုက်ခိုက်မှု ဒါမှမဟုတ် တိုက်ခိုက်မှုအား[br]တုံ့ပြန်ချိန်မှာလို ဖိစီးလျက်၊ 0:01:54.456,0:01:58.365 epinephrine နှင့် norepinephrine [br]ဟိုမုန်းတွေကိုလွှတ်ထုတ်ပေးရာ၊ 0:01:58.365,0:02:00.550 အဓိကရ သွေးကြောတွေကို ကျဉ်းစေပါတယ်၊ 0:02:00.550,0:02:05.061 ဒါကြောင့် သွေးစီးဆင်းဖို့ အတားအဆီးလို[br]ဖြစ်ပြီး ဖိအားတက်စေပါတယ်။ 0:02:05.061,0:02:08.772 ပုံမှန်အားဖြင့် သွေးကြောတွေက အဲဒီလို[br]အတက်အကျတွေကို လွယ်ကူစွာ ကိုင်တွယ်နိုင်တယ်။ 0:02:08.772,0:02:13.521 သွေးကြောနံရံတွေထဲရှိ ဆန့်ကျုံ့နိုင်ကြတဲ့[br]ဖိုင်ဘာမျှင်တွေက အဲဒီဒဏ်ကို ခံယူနိုင်တယ်၊ 0:02:13.521,0:02:18.606 ဒါပေမဲ့ သွေးပေါင်ချိန်က ကျွန်တော်တို့က [br]သွေးတိုးနေပြီလို့ခေါ်ကြတဲ့ 0:02:18.606,0:02:21.846 ၁၄၀/၉၀ ထက် ပုံမှန် မြင့်နေလျက်၊ [br]အဲဒီမှာပဲ ရှိနေမယ် ဆိုရင်၊ 0:02:21.846,0:02:23.970 ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ 0:02:23.970,0:02:26.694 ဘာကြောင့်လဲဆိုတော့ သွေးလွှတ်ကြောနံရံသို့[br]ပိုမိုဝန်ပိခြင်းက 0:02:26.694,0:02:28.456 စုတ်ပြဲမှု ဒဏ်ရာလေးတွေ ဖြစ်စေလို့ပါ။ 0:02:28.456,0:02:30.619 ထိခိုက်မိတဲ့ တစ်သျှူး ရောင်လာတဲ့ အခါ၊ 0:02:30.619,0:02:33.214 ရောင်ကိုင်းမှုကို တုံ့ပြန်ကုစားတတ်တဲ့ [br]ပစ္စည်းလေးတွေ၊ 0:02:33.214,0:02:36.583 သွေးဖြူဥဆဲလ် လိုမျိုးတွေဟာ ပြဲနေတဲ့[br]နေရာနားမှာ လာစုကြတယ်။ 0:02:36.583,0:02:41.014 သွေးထဲမျောနေတဲ့ အဆီ နှင့် ကိုလက်စထရော[br]ကပါ လာကပ်ကြတယ်၊ 0:02:41.014,0:02:43.586 နောက်ဆုံးမှာတော့ အခဲလေးတစ်ခုအဖြစ် [br]ကပ်တွယ်လာကြရာ၊ 0:02:43.586,0:02:47.694 သွေးလွှတ်ကြော အတွင်းနံရံကို [br]မာတောင့် လာစေပါတယ်။ 0:02:47.694,0:02:50.498 ဒီအခြေအနေကို atherosclerosis [br]ရောဂါလို့ ခေါ်ဝေါ်ကြကာ၊ 0:02:50.498,0:02:52.646 အဲဒီက အန္တရာယ်ရှိတဲ့ [br]အကျိုးဆက်တွေရှိနိုင်တယ်။ 0:02:52.646,0:02:56.692 စောစောက အခဲလေးပေါက်ထွက်သွားရင်၊[br]စုတ်ပြဲတဲ့နေရာမှာ သွေးခဲလာမှာဖြစ်ရာ၊ 0:02:56.692,0:02:59.605 ကျဉ်းနေပြီးသား ပိုက်ကို တစ်ဆို့သွားစေတယ်။ 0:02:59.605,0:03:00.922 သွေးခဲမှုက ကြီးတယ်ဆိုရင်၊ 0:03:00.922,0:03:06.745 အောက်ဆီဂျင်နဲ့ အာဟာရ စီးဆင်းမှုကို[br]လုံးဝပိတ်ဆို့ပစ်နိုင်ပါတယ်။ 0:03:06.745,0:03:08.374 နှလုံးအား အာဟာရထောက်ပံ့တဲ့သွေးကြော 0:03:08.374,0:03:10.401 ဖြစ်ပါက နှလုံးလေရိုက်နိုင်တယ်၊ 0:03:10.401,0:03:14.892 အောက်ဆီဂျင် ပြတ်သွားတဲ့ နှလုံးကြွက်သား[br]ဆဲလ်တွေ သေလာကြတော့မှာပါ။ 0:03:14.892,0:03:17.576 ခဲနေတဲ့သွေးက ဦးနှောက် သွေးလမ်းကြောင်းကို[br]ပိတ်ဆို့ရင်၊ 0:03:17.576,0:03:20.266 လေဖြတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ 0:03:20.266,0:03:22.991 အန္တရာယ်ရှိလောက်အောင် ပိတ်နေတဲ့[br]သွေးကြောတွေကို 0:03:22.991,0:03:25.797 angioplasty လို့ခေါ်တဲ့ [br]နည်းလမ်းနဲ့ ချဲ့လို့ရပါတယ်။ 0:03:25.797,0:03:28.870 အဲဒီမှာ ဆရာဝန်များက သွေးကြောမှတဆင့် [br]ဝါယာလေးကို ပိတ်ဆို့နေတဲ့ 0:03:28.870,0:03:30.829 နေရာရောက်အထိ ရောက်အောင် ပို့ကြတယ်၊ 0:03:30.829,0:03:34.903 ထို့နောက် လေထုတ်ထားတဲ့ balloon catheter[br]ကို အဲဒီမှာ နေရာချပေးကြတယ်၊ 0:03:34.903,0:03:38.894 အဲဒီ ပူဖောင်းလေးကို လေထိုးပေးလိုက်တော့[br]သွေးလမ်းကြောင်းကို ပြန်ဖွင့်နိုင်မယ်။ 0:03:38.894,0:03:41.833 တစ်ခါတစ်ရံ stent ခေါ် နံရံကို [br]ပင့်ထောက်ပေးတဲ့ ကွင်းလေးကို 0:03:41.833,0:03:45.118 သွေးကြောထဲထည့်ပြီး [br]သွေးကြောကို ပြန်ဖွင့်ပေးခြင်းဖြင့်၊ 0:03:45.118,0:03:46.747 သွေးတွေ စီးဆင်းလာလို့၊ [br]အောက်ဆီဂျင် 0:03:46.747,0:03:50.280 ငတ်မွတ်နေတဲ့ ဆဲလ်တွေထံ အာဟာရကို[br]ပြန်ဖြည့်တင်းပေးလာနိုင်တာပေါ့။ 0:03:50.280,0:03:53.911 ဖိအားအောက်မှာ သွေးလွှတ်ကြောတွေ[br]ပျော့ပြောင်းလျက်ရှိနေဖို့ အတော့ကိုမလွယ်ပါ။ 0:03:53.911,0:03:56.673 သူတို့ ပို့လွှတ်ရတဲ့ အရည်တွေထဲ[br]ပါတဲ့အရာတွေဟာ 0:03:56.673,0:03:59.278 ပြစ်လာကာ ၎င်းတို့ကို ပိတ်ဆို့ပစ်နိုင်တယ်။ 0:03:59.278,0:04:02.930 ပြီးတော့ ပုံမှန်ကျန်းမာတဲ့ သင့်နှလုံးက [br]တစ်မိနစ်ကို အကြိမ် ၇၀ လောက် ခုန်တယ် 0:04:02.930,0:04:07.723 ပျမ်းမျှ လူ့သက်တမ်း အတွင်းမှာ အနည်းဆုံး[br]အကြိမ်ရေ သန်းပေါင်း ၂၅၀၀ လောက်ခုန်နေတယ်။ 0:04:07.723,0:04:10.899 အဲဒါက ဘယ်လိုမှမဖြစ်နိုင်လောက်တဲ့ [br]ဖိအားလို့ ထင်စရာ ရှိပေမဲ့၊ 0:04:10.899,0:04:15.108 မပူပါနဲ့၊ သင့်သွေးကြောတွေ စိန်ခေါ်မှုအတွက်[br]အသင့် ပြင်ဆင်ထားပြီးသားပါ။