ခင်ဗျား ခန္ဓာကိုယ်ထဲမှာရှိသမျှ
သွေးကြောတွေ အားလုံး တန်းစီလိုက်မယ်ဆိုရင်၊
၉၅ ၀၀၀ ကီလိုမီတာတောင် ရှည်လျားနိုင်ပါတယ်
နေ့စဉ်နေ့တိုင်း ၇၅၀၀ လီတာနဲ့ညီတဲ့
သွေးပမာဏကို သယ်ဆောင်ပေးကြတယ်၊
လေး - ငါး လီတာပဲ ရှိတဲ့ သွေးတွေကို
ထပ်ခါထပ်ခါ ပြန်လည်အသုံးပြုတာ ဟုတ်ပေမဲ့
အောက်ဆီဂျင် နဲ့ သကြားဓာတ် နဲ့ အမိုင်နို
အက်ဆစ်လို
အဖိုးတန် အာဟာရတွေကို ခန္ဓာကိုယ်ရဲ့
တစ်သျှူးတွေဆီ သယ်ပို့ပေးတယ်။
အဲဒီ သွေးတွေအားလုံးက သွေးကြောတွေရဲ့
ကြွက်သားနံရံတွေမှာ ဖိအားသက်ရောက်စေတယ်။
အဲဒီအားကို သွေးဖိအား (သွေးပေါင်) လို့
ခေါ်ဝေါ်ကြကာ၊
နှလုံးခုန်တာနဲ့အတူ တက်လိုက်
ကျလိုက်ဖြစ်နေတတ်တယ်။
နှလုံးရဲ့ ညှစ်စဉ် ကာလအတွင်းမှာ၊
နှလုံးက သွေးတွေကို သွေးလွှတ်ကြောတလျှောက်
ညှစ်ပေးချိန်မှာ ဖိအား ကအမြင့်ဆုံးပဲ။
အဲဒါက Systolic Blood Pressure
(အပေါ်သွေး) ပါ။
နှလုံးခုန်ချက်တွေကြားမှာ နှလုံးက
အနားယူနေခိုက်မှာ
သွေးဖိအားက အနိမ့်ဆုံး diastolic pressure
သို့ကျသွားတယ် .. (အောက်သွေး) ဖြစ်ပါတယ်
ပုံမှန်ကျန်းမာတဲ့လူတိုင်းဟာ အပေါ်သွေး
( systolic pressure)
ပြဒါးတိုင်ရဲ့ ၉၀ နဲ့ ၁၂၀ မီလီမီတာ
ကြားမှာရှိတတ်ကာ၊
diastolic pressure (အောက်သွေး)က
၆၀ နဲ့ ၈၀ အကြား ရှိတတ်တယ်။
အတူတွဲကြည့်လိုက်ရင် ပုံမှန်
၁၂၀/၈၀ ရှိတတ်ပါတယ်။
သွေးတွေက ခန္ဓာကိုယ် တပြင်လုံးကိုဖြတ်ထားတဲ့
သွေးလည်ပတ်မှုစနစ် ရဲ့ ပိုက်လိုင်းတွေဖြင့်
ကူးဖြတ် စီးဆင်းပါတယ်။
မည်သည့် ပိုက်လိုင်း စနစ်ထဲမှာမဆို၊
ပိုက်ရဲ့နံရံပေါ်သို့ ဖိအားတိုးစေနိုင်တဲ့
အကြောင်းအရာတွေ အများကြီးပါ-
အရည်ရဲ့ အချင်းလက္ခဏာများ၊
အရည်များ ပိုစီးဝင်ခြင်း၊
ဒါမှမဟုတ် ပိုက်တွေကျဉ်းတာ ဖြစ်နိုင်တယ်။
ဒါကြောင့် သွေးပြစ်လာမယ်ဆိုရင်၊
အဲဒါကို တွန်းပို့ဖို့ တွန်းအားပိုလိုလို့
နှလုံးဟာ ပိုပြီးညှစ်ပေးရပါတယ်။
ဆားများများကို စားသောက်ရင်လည်း
အလားတူ ရလဒ်ကို ကြုံရမယ်။
ဆားတွေက ရေတွေကို ဆွဲယူတတ်တယ်၊
အရည် ပိုများလာခြင်းက သွေးပမာဏကိုရော၊
သွေးဖိအား (သွေးပေါင်) ကိုပါ မြင့်တက်စေကာ၊
တိုက်ခိုက်မှု ဒါမှမဟုတ် တိုက်ခိုက်မှုအား
တုံ့ပြန်ချိန်မှာလို ဖိစီးလျက်၊
epinephrine နှင့် norepinephrine
ဟိုမုန်းတွေကိုလွှတ်ထုတ်ပေးရာ၊
အဓိကရ သွေးကြောတွေကို ကျဉ်းစေပါတယ်၊
ဒါကြောင့် သွေးစီးဆင်းဖို့ အတားအဆီးလို
ဖြစ်ပြီး ဖိအားတက်စေပါတယ်။
ပုံမှန်အားဖြင့် သွေးကြောတွေက အဲဒီလို
အတက်အကျတွေကို လွယ်ကူစွာ ကိုင်တွယ်နိုင်တယ်။
သွေးကြောနံရံတွေထဲရှိ ဆန့်ကျုံ့နိုင်ကြတဲ့
ဖိုင်ဘာမျှင်တွေက အဲဒီဒဏ်ကို ခံယူနိုင်တယ်၊
ဒါပေမဲ့ သွေးပေါင်ချိန်က ကျွန်တော်တို့က
သွေးတိုးနေပြီလို့ခေါ်ကြတဲ့
၁၄၀/၉၀ ထက် ပုံမှန် မြင့်နေလျက်၊
အဲဒီမှာပဲ ရှိနေမယ် ဆိုရင်၊
ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သွေးလွှတ်ကြောနံရံသို့
ပိုမိုဝန်ပိခြင်းက
စုတ်ပြဲမှု ဒဏ်ရာလေးတွေ ဖြစ်စေလို့ပါ။
ထိခိုက်မိတဲ့ တစ်သျှူး ရောင်လာတဲ့ အခါ၊
ရောင်ကိုင်းမှုကို တုံ့ပြန်ကုစားတတ်တဲ့
ပစ္စည်းလေးတွေ၊
သွေးဖြူဥဆဲလ် လိုမျိုးတွေဟာ ပြဲနေတဲ့
နေရာနားမှာ လာစုကြတယ်။
သွေးထဲမျောနေတဲ့ အဆီ နှင့် ကိုလက်စထရော
ကပါ လာကပ်ကြတယ်၊
နောက်ဆုံးမှာတော့ အခဲလေးတစ်ခုအဖြစ်
ကပ်တွယ်လာကြရာ၊
သွေးလွှတ်ကြော အတွင်းနံရံကို
မာတောင့် လာစေပါတယ်။
ဒီအခြေအနေကို atherosclerosis
ရောဂါလို့ ခေါ်ဝေါ်ကြကာ၊
အဲဒီက အန္တရာယ်ရှိတဲ့
အကျိုးဆက်တွေရှိနိုင်တယ်။
စောစောက အခဲလေးပေါက်ထွက်သွားရင်၊
စုတ်ပြဲတဲ့နေရာမှာ သွေးခဲလာမှာဖြစ်ရာ၊
ကျဉ်းနေပြီးသား ပိုက်ကို တစ်ဆို့သွားစေတယ်။
သွေးခဲမှုက ကြီးတယ်ဆိုရင်၊
အောက်ဆီဂျင်နဲ့ အာဟာရ စီးဆင်းမှုကို
လုံးဝပိတ်ဆို့ပစ်နိုင်ပါတယ်။
နှလုံးအား အာဟာရထောက်ပံ့တဲ့သွေးကြော
ဖြစ်ပါက နှလုံးလေရိုက်နိုင်တယ်၊
အောက်ဆီဂျင် ပြတ်သွားတဲ့ နှလုံးကြွက်သား
ဆဲလ်တွေ သေလာကြတော့မှာပါ။
ခဲနေတဲ့သွေးက ဦးနှောက် သွေးလမ်းကြောင်းကို
ပိတ်ဆို့ရင်၊
လေဖြတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
အန္တရာယ်ရှိလောက်အောင် ပိတ်နေတဲ့
သွေးကြောတွေကို
angioplasty လို့ခေါ်တဲ့
နည်းလမ်းနဲ့ ချဲ့လို့ရပါတယ်။
အဲဒီမှာ ဆရာဝန်များက သွေးကြောမှတဆင့်
ဝါယာလေးကို ပိတ်ဆို့နေတဲ့
နေရာရောက်အထိ ရောက်အောင် ပို့ကြတယ်၊
ထို့နောက် လေထုတ်ထားတဲ့ balloon catheter
ကို အဲဒီမှာ နေရာချပေးကြတယ်၊
အဲဒီ ပူဖောင်းလေးကို လေထိုးပေးလိုက်တော့
သွေးလမ်းကြောင်းကို ပြန်ဖွင့်နိုင်မယ်။
တစ်ခါတစ်ရံ stent ခေါ် နံရံကို
ပင့်ထောက်ပေးတဲ့ ကွင်းလေးကို
သွေးကြောထဲထည့်ပြီး
သွေးကြောကို ပြန်ဖွင့်ပေးခြင်းဖြင့်၊
သွေးတွေ စီးဆင်းလာလို့၊
အောက်ဆီဂျင်
ငတ်မွတ်နေတဲ့ ဆဲလ်တွေထံ အာဟာရကို
ပြန်ဖြည့်တင်းပေးလာနိုင်တာပေါ့။
ဖိအားအောက်မှာ သွေးလွှတ်ကြောတွေ
ပျော့ပြောင်းလျက်ရှိနေဖို့ အတော့ကိုမလွယ်ပါ။
သူတို့ ပို့လွှတ်ရတဲ့ အရည်တွေထဲ
ပါတဲ့အရာတွေဟာ
ပြစ်လာကာ ၎င်းတို့ကို ပိတ်ဆို့ပစ်နိုင်တယ်။
ပြီးတော့ ပုံမှန်ကျန်းမာတဲ့ သင့်နှလုံးက
တစ်မိနစ်ကို အကြိမ် ၇၀ လောက် ခုန်တယ်
ပျမ်းမျှ လူ့သက်တမ်း အတွင်းမှာ အနည်းဆုံး
အကြိမ်ရေ သန်းပေါင်း ၂၅၀၀ လောက်ခုန်နေတယ်။
အဲဒါက ဘယ်လိုမှမဖြစ်နိုင်လောက်တဲ့
ဖိအားလို့ ထင်စရာ ရှိပေမဲ့၊
မပူပါနဲ့၊ သင့်သွေးကြောတွေ စိန်ခေါ်မှုအတွက်
အသင့် ပြင်ဆင်ထားပြီးသားပါ။