4/9 နဲ့ 11/12 ကိုပေါင်းပါ။ အ ဖြေ ကို
ကိန်းရောနဲ့ ဖော်ပြပါ။ အ ဖြေကို အရှင်းလင်းဆုံးပုံစံနဲ့
ပြပြီး ကိန်းရောနဲ့ဖော်ပြပါလို့ ပေးထားတယ်
အခု ဒီမှာ ကျွန်တော်တို့ကို အပိုင်းကိန်းနှစ်ခု ပေါင်းဖို့ ပေးထားတယ်
ဒါပေမယ့် ပိုင်းခြေတွေ မတူဘူး
သင်တို့ အပိုင်းကိန်းတွေ ပေါင်းတဲ့အခါမှာ ပထမဆုံးလုပ်ရမှာက
ပိုင်းခြေတွေကို စစ်ဖို့ပဲဖြစ်တယ်
ပိုင်းခြေတွေတူရင် သင်တို့ပေါင်းလို့ရတယ်။ မတူရင်တော့
သင်တို့ ပိုင်းခြေတွေတူအောင်
ညှိပေးရမယ်
ဒီတော့ ကျွန်တော်တို့ လုပ်ရမှာက 9 ရော 12 ရောစားလို့ပြတ်တဲ့
ကိန်းတစ်ခုကို ရှာရမှာဖြစ်တယ်။ အဲဒါက ကျွန်တော်တို့ရဲ့
ဘုံပိုင်းခြေ ဖြစ်မှာပါ။ ပြီးရင် သင်တို့ ဘာလို့ 9 ရော 12 ရောနဲ့
စားလို့ပြတ်ရလဲဆိုတာ သိမှာပါ
ဒါဆို ဘယ်ကိန်းဖြစ်မလဲ စဉ်းစားကြည့်ရအောင်
ဒါကို စဉ်းစားဖို့နည်းလမ်းနှစ်လမ်းရှိပါတယ်။ ကျွန်တော်တို့
အငယ်ဆုံး ဘုံဆတိုးကိန်းလို့ခေါ်ပါတယ်။ 9 ရော 12 ရောစားလို့ပြတ်တဲ့
အငယ်ဆုံး ဘုံဆတိုးကိန်းပါ
တစ်နည်းကတော့ 9 ရဲ့ဆတိုးကိန်းတွေကို ကြည့်ပြီး
ဘယ်ဟာက 12 နဲ့စားလို့ပြတ်လဲ ရှာတာဖြစ်တယ်
9 ကိုစရှာမယ်ဆိုရင် ကျွန်တော်တို့ ဒီနားမှာတွက်လို့ရတယ်
9 ရှိတယ်။ 9 က 12 နဲ့စားလို့မပြတ်ဘူး
18 လည်း 12 နဲ့စားလို့မပြတ်ဘူး
27 လည်း 12 နဲ့စားလို့မပြတ်ဘူး
36က ..12 နဲ့စားလို့ပြတ်တယ်
36 က 12 သုံးလီပါ
ဒီတော့ 36 ကို 9 လီလည်းဝင်လို့ရတယ်။ 12 လီလည်းဝင်လို့ရတယ်
ကျွန်တော်တို့ လုပ်မှာက ဘုံပိုင်းခြေကို ရေးချင်တာပါ
ဒီတော့ ကျွန်တော်တို့ 4/9 ကိုပိုင်းခြေ 36 ဖြစ်အောင်ရေးမယ်
ပြီးတော့ 11/12 ကို ပိုင်းခြေ 36 လုပ်မယ်
အခု 9 ကို 36 ဖြစ်အောင်လုပ်ဖို့ဆိုရင်
သင်တို့ 4 နဲ့မြှောက်ရမယ်၊ ဟုတ်လား?
9 × 4 က 36 နဲ့တူတယ်
သင်တို့ ပိုင်းခြေကို ပဲ 4 နဲ့မြှောက်လို့မရပါဘူး
ပိုင်းဝေကိုပါ 4 မြှောက်ရပါမယ်
သင်တို့ ပိုင်းဝေကို 4 နဲ့မြှောက်တော့
4 × 4 က 16 ရတယ်
4/9 က 16/36 နဲ့တူတူပဲ
အကယ်၍ သင်တို့ ဒါကို 4/9 ဖြစ်အောင်ပြန်ရှင်းမယ်ဆိုရင်
ပိုင်းဝေရော ပိုင်းခြေရောကိုပါ 4 နဲ့စားရပါမယ်
အခု ကျွန်တော်တို့ ဒီမှာလည်း အဲ့အတိုင်းတွက်ပါမယ်
36 က 12 × 3 ၊ ဒီတော့ ကျွန်တော်တို့ 36 ရဖို့ 12 နဲ့ 3 နဲ့ မြှောက်ပါမယ်
ကျွန်တော်တို့ ပိုင်းခြေမှာ လုပ်တဲ့အတိုင်း
ပိုင်းဝေမှာလည်း လုပ်ရပါမယ်။ 11 × 3 က 33 ပါ
ဒီလိုပုံစံပဲ ကျွန်တော်တို့ အပိုင်းကိန်းတွေကို
ပိုင်းခြေတွေတူအောင် ညှိပြီးပါပြီ
နှစ်ခုလုံးရဲ့ပိုင်းခြေက 36 ဖြစ်တယ်
အခု ကျွန်တော်တို့ ပေါင်းလို့ရပါပြီ
ဒီနှစ်ခု ကို ပေါင်းတဲ့အခါ ပေါင်းလဒ်က.. ကျွန်တော်တို့ ပိုင်းခြေမှာ 36 ဖြစ်မယ်
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တွက်နေတာက ပိုင်းခြေတူ 36 ဒါမှမဟုတ် 36 အပိုင်းကိန်းတွေ ပေါင်းထားတာမို့လို့ပါ
ပိုင်းဝေမှာ 16 နဲ့ 33 ကိုပေါင်းမယ်
ကျွန်တော်ရေးပါမယ်
ပိုင်းဝေမှာ 16 + 33
16 + 33 ကဘယ်လောက်ရလဲ
6 + 33 က 39
10 ကျန်တာနဲ့ ပေါင်းတော့ 49 ရတယ်
ဒီတော့ 49/36 ရတယ်
အခု ကျွန်တော်တို့ ဒါကို ရှင်းလို့ရလား
49 ကိုခွဲရင် 1 ပြီးတော့ သူက 7 နှစ်ထပ်ဆိုတော့ သူ့ရဲ့ဆခွဲကိန်းတွေက 1၊ 7 နဲ့ 49 ဖြစ်တယ်
ဒီမှာတော့ 1 ရယ် ဂဏန်းတွေရှိပေမယ့်
အဲဒါတွေက 7 နဲ့စားလို့မပြတ်ဘူး။ ဒါကြောင့် ဒါက အရှင်းဆုံးပုံစံပါပဲ
ဒါပေမယ့် အပိုင်းကိန်းတုဖြစ်တယ်
ပိုင်းဝေက ပိုင်းခြေထက်ကြီးနေတယ်
ဒါကို အပိုင်းကိန်းစစ်ပုံစံ ပြောင်းမယ်
အဲ့လိုပြောင်းဖို့ ကျွန်တော်တို့ 49 ကို 36 နဲ့စားမယ်
36 က 49 ကိုဘယ်နှစ်လီဝင်လို့ရလဲ
တစ်ကြိမ်ပဲ ဝင်လို့ရတယ်။ ဒီတော့ 1
ဘယ်လောက်ကျန်မလဲ
49 ကို 36 တစ်လီဝင်ရင် ၊ 36 × 1 က 36 ဆိုတော့
13 ကျန်တယ် 13/49 ကျန်တယ်
ဒီတော့ 1 13/36 ရတယ်
သင်တို့ တွက်ချင်ရင် အစားချိတ်ကောက်နဲ့ တွက်လို့ရတယ်
49 ကို 36 နဲ့စားရင်
36 တစ်လီဝင်လို့ရတယ်
1 × 36 က 36 ပြီးတော့ နှုတ်မယ်
9 - 6 က 3
4 - 3 က 1
သင်တို့အကြွင်း 13 ကျန်မယ်
ဒီတော့ ကျွန်တော်တို့ အဖြေ က 1 13/36 ပါ