WEBVTT 00:00:01.315 --> 00:00:04.362 သင်ဟာ မိုက်လိုက်တာ (Awesome) ဆိုတဲ့စကားလုံးကို ဘယ်နှစ်ကြိမ် သုံးခဲ့ပြီးပြီလဲ 00:00:04.362 --> 00:00:08.497 တစ်ကြိမ်၊ နှစ်ကြိမ်လား ? ဒါမှမဟုတ် ဆယ့်ခုနှစ်ခေါက်လား? 00:00:08.497 --> 00:00:09.863 သင် ဘာအတွက်သုံးခဲ့တယ် 00:00:09.863 --> 00:00:11.213 ဘယ်တုန်းကး သုံးခဲ့တယ်ဆိုတာကော မှတ်မိလား? 00:00:11.213 --> 00:00:14.453 မှတ်မိမယ် မထင်ပါဘူး .. ခင်ဗျားတို့ သုံးရုံသုံးလိုက်တာပါ 00:00:14.453 --> 00:00:16.355 ဒီစကားလုံးကို တလွဲသုံးနေကြတာပါ 00:00:16.355 --> 00:00:18.424 ဒါကြောင့် ဒီနေ့ ခင်ဗျားတို့ကို 00:00:18.424 --> 00:00:21.506 မိုက်လိုက်တာ (awesome) ဆိုတဲ့စကားလုံး သုံးပုံကို ရှင်းပြချင်တယ် 00:00:21.506 --> 00:00:24.330 မကြာခင်တုန်းက ကော်ဖီဆိုင်လေးတစ်ခုမှာ ကျွန်မ ညစာစားနေတုန်း 00:00:24.330 --> 00:00:26.243 စားပွဲထိုးမလေးက ကျွန်မစားပွဲဆီကို လာမေးတယ် 00:00:26.243 --> 00:00:27.790 ဒီမှာ အရင်တုန်းက ညစာစားဖူးလားဆိုပြီး 00:00:27.790 --> 00:00:29.739 ဒါနဲ့ ကျွန်မက "အေးအေး စားဖူးတယ်" လို့ဖြေလိုက်တယ် 00:00:29.739 --> 00:00:32.519 အဲ့ဒီတော့ သူမက "သိပ်မိုက်လိုက်တာပဲ" တဲ့ 00:00:32.519 --> 00:00:34.754 စဉ်းစားကြည့်လိုက်တယ်.. တကယ်ကြီးလား 00:00:34.754 --> 00:00:37.376 တကယ့်ကို မိုက်စရာကြီးများလား.. 00:00:37.376 --> 00:00:42.040 ဒါမှမဟုတ် သူ့စားသောက်ဆိုင်မှာ ပြန်လာစားတာကို သဘောကျသွားတာလား 00:00:42.040 --> 00:00:44.400 နောက်တစ်နေ့မှာ ကျတော့ ကျွန်မလုပ်ဖော်ကိုင်ဖက်က မေးတယ် 00:00:44.400 --> 00:00:46.880 ဒီ ဖိုင်ကို PDF အဖြစ် သိမ်းဆည်းလို့ရလားတဲ့။ ဒါနဲ့ ကျွန်မက 00:00:46.880 --> 00:00:50.621 "အေး ရတာပေါ့" လို့ဖြေလိုက်တော ့သူက "မိုက်လိုက်တာ"တဲ့.. 00:00:50.621 --> 00:00:56.848 တကယ်ပါပဲ? PDF အဖြစ်နဲ့ ဘာမဆို သိမ်းနိုင်ခြင်းဟာ 00:00:56.848 --> 00:00:59.796 မိုက်စရာအချက်များလား? 00:00:59.796 --> 00:01:02.956 ကျွန်မတို့က မိုက်ုလိုက်တာ ဆိုတဲ့ စကးလုံးကို မကြာခဏ သုံးလာကြခြင်းက 00:01:02.956 --> 00:01:07.123 သိပ်ကောင်း" နဲ့ "ကျေးဇူးတင်ပါတယ်" စကားလုံးတွေကို အစားထိုး နေရာယူလာခြင်းဟာ ဝမ်းနည်းစရာပါပဲ။ 00:01:07.123 --> 00:01:11.495 Webster's အဘိဓာန်ထဲ ရှာကြည့်ကြမယ်ဆိုရင် "မိုက်လိုက်တာ"ဆိုတဲ့ စကားလုံးဟာ 00:01:11.495 --> 00:01:15.623 ချီးကျူးခြင်း နဲ့ ကြည်ညိုခြင်း ရောစပ်နေတေဲ့ 00:01:15.623 --> 00:01:19.019 ကြီးကျယ်ခမ်းနားဖွယ် စိတ်ခံစားမှုလို့ ဆိုထားပါတယ်။ 00:01:19.019 --> 00:01:20.943 ဒီတော့ အဲဒါ့ကို ဦးနှောက်ထဲ ထည့်ထားလျက်၊ 00:01:20.943 --> 00:01:24.240 ခင်ဗျားတို့ရဲ့ Quiznos အသားညှပ်ပေါင်မု့န်ရော မိုက်ခဲ့ပါသလား? 00:01:24.240 --> 00:01:26.510 ကားကို ထိုးထားခဲ့တဲ့ နေရာကျတော့ကော? အဲဒါကရော မိုက်ခဲ့ပါသလား? 00:01:26.510 --> 00:01:29.056 ဒါမှမဟုတ် တစ်နေ့တုန်းက ဂိမ်းကော? အဲဒါကရော မိုက်ခဲ့ပါသလား? 00:01:29.056 --> 00:01:31.440 အဖြေမှာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ 00:01:31.440 --> 00:01:33.113 အသားညှပ်ပေါင်မုန့်ဟာ စားလို့ အရမ်းကို ကောင်းနိုင်ပါတယ်၊ 00:01:33.113 --> 00:01:35.415 ကားထားတဲ့ရုံဟာ နီးနီးလေး ဖြစ်နိုင်ပါတယ်၊ 00:01:35.415 --> 00:01:38.155 ပြီးတော့ ခုနက ဂိမ်းဟာလည်း သောက်ရမ်း ကောင်းနိုင်ခဲ့ပါတယ်၊ 00:01:38.155 --> 00:01:42.380 ဒါပေမဲ့ အားလုံးဟာ မိုက်စရာကြီး မဖြစ်နိုင်ပါ။ 00:01:42.380 --> 00:01:44.010 (ရယ်မောသံများ) 00:01:44.010 --> 00:01:45.659 အဲဒါကြောင့်မို့လို့ ခင်ဗျားတို့က "မိုက်လိုက်တာ" စကားလုံးကို သုံးပြီး 00:01:45.659 --> 00:01:48.977 သာမည ကိစ္စတွေကို ဖေါ်ပြဖို့ သုံးမယ်ဆိုရင်၊ 00:01:48.977 --> 00:01:51.880 ခင်ဗျားတို့ဟာ အဲဒီစကားလုံးရဲ့ စွမ်းပကားကို ထုတ်ပစ်လိုက်တာနဲ့တူပါတယ်။ 00:01:51.880 --> 00:01:54.298 စာရေးဆရာ တစ်ယောက်က၊ "ဆီးနှင်းနေ့များ 00:01:54.298 --> 00:01:58.573 ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ဘောင်းဘီထဲ ငွေကို ရှာတွေ့ခြင်းဟာ မိုက်လှတဲ့ အရာတွေပါ"လို့ ဆိုပါတယ်။ 00:01:58.573 --> 00:01:59.451 (ရယ်မောသံများ) 00:01:59.451 --> 00:02:01.433 မဟုတ်ပါဘူး၊ အဲဒါ မမှန်ပါဘူး။ 00:02:01.433 --> 00:02:07.831 ကျွန်မတို့ဟာ အဲဒီငနဲကြီးအတွက် စံနှုန်းကို မြှင့်ပေးကြရပါမယ်။ (ရယ်မောသံများ) 00:02:07.831 --> 00:02:11.401 နောက်တစ်မျိုး ပြောရရင်၊ တစ်ယောက်ဆီမှာ အားလုံးရှိနေရင်၊ ထိုသူရဲ့ တန်ဖိုးဟာ ဘာမှမရှိတဲ့ သဘောပါပဲ။ 00:02:11.401 --> 00:02:13.771 အဲဒါက ဒီမှာ မြင်နေရတဲ့ jackass ဂိမ်းလိုပဲ 00:02:13.771 --> 00:02:17.719 မီးသတ်ပိုက်ထဲက ရေကို သောက်နေရသလိုပါပဲ။ 00:02:17.719 --> 00:02:20.138 အရာရာတိုင်းက မိုက်စရာကြီး ဖြစ်နေရင်၊ 00:02:20.138 --> 00:02:22.000 အတက်အကျတွေဆိုတာ ဘယ်လိုလုပ် ရှိနိုင်တော့မလဲ။ 00:02:22.000 --> 00:02:24.165 လူကြီးမင်းတို့ကို တကယ့်ကို စစ်မှန်တဲ့ မိုက်စရာ အချက်ကြီး 00:02:24.165 --> 00:02:26.083 ၁၀ ချက်ကို ဒီမှာ ဖေါ်ပြပေးလိုက်ပါတယ်။ 00:02:26.083 --> 00:02:28.766 ခင်ဗျားတို့ဟာ ရှိသမျှ အရာတွေအားလုံးကို 00:02:28.766 --> 00:02:30.227 ကိုယ့်ကျောပေါ်မှာ ထမ်းသယ်နေရတာကို စိတ်ကူးကြည့်လိုက်ပါ။ 00:02:30.227 --> 00:02:32.220 အဲဒီလိုထမ်းနေမယ့်အစား ဘီးဖြင့် လှိမ့်ဆွဲယူသွားနိုင်ရင် 00:02:32.220 --> 00:02:34.188 ပိုပြီး လွယ်ကူအဆင်ပြေခဲ့မယ် မဟုတ်ပါလား? 00:02:34.188 --> 00:02:36.517 ဟုတ်ကဲ့၊ ကျွန်မကလည်း ဘီးကို တီထွင်ဖို့ စဉ်းစားမခဲ့မှာပါ။ 00:02:36.517 --> 00:02:39.389 အဲဒီဘီးကရော၊ မိုက်စရာကြီး မဟုတ်ဘူးလားရှင်? 00:02:39.389 --> 00:02:42.186 လူကြီးမင်းတို့ အားလုံး ကျွန်မနဲ့အတူ ဖြေကြပါ။ 00:02:42.186 --> 00:02:45.809 ဟုတ်ကဲ့၊ ဘီးဟာ တကယ့်ကို မိုက်တဲ့အရာပါပဲ! 00:02:45.809 --> 00:02:47.870 မဟာ ပီရမစ်တွေဟာလည်း နှစ်ပေါင်း ၄၀၀၀ ကြာတဲ့အထိကို 00:02:47.870 --> 00:02:49.488 လူသားတို့ ဆောက်လုပ်နိုင်ခဲ့ကြတဲ့ 00:02:49.488 --> 00:02:51.872 ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကြီးတွေပါ။ 00:02:51.872 --> 00:02:55.411 ဖာရိုဘုရင်ဟာ သူ့ကျွန်တွေကို သန်းပေါင်းများစွာသော ကျောက်တုံးကြီးတွေကို 00:02:55.411 --> 00:02:59.427 အဲဒီနေရာဆီကို သယ်ခိုင်းခဲ့ပြီး ဧရာမ အထိမ်းအမှတ်တွေကို ဆောက်လုပ်ခဲ့တယ်။ 00:02:59.427 --> 00:03:00.780 ဒီတော့ အဲဒီဧရာမ ပီရမစ်တွေကော မိုက်ခဲ့ကြတယ် မဟုတ်လား? 00:03:00.780 --> 00:03:03.030 မှန်ပါတယ်၊ ပီရမစ်တွဟာ မိုက်ခဲ့ကြတာ အမှန်ပါပဲ။ 00:03:03.030 --> 00:03:05.176 Grand Canyon ဆိုရင်ကော။ စဉ်းစားကြည့်ကြပါ။ 00:03:05.176 --> 00:03:08.404 ၎င်းဟာ နှစ်ပေါင်း သန်း ၈၀ နီးပါး သက်တမ်းရှိပါပြီ။ 00:03:08.404 --> 00:03:10.171 Grand Canyon ကကော မိုက်တယ် မဟုတ်လား?? 00:03:10.171 --> 00:03:11.712 ဟုတ်ကဲ့၊ Grand Canyon လည်း မိုက်လှပါတယ်။ 00:03:11.712 --> 00:03:16.470 Louis Daguerre ဟာ ၁၈၂၉ ခုနှစ်မှာ ဓာတ်ပုံကို တီထွင်ခဲ့ပါတယ်၊ 00:03:16.470 --> 00:03:17.989 ဒီနေ့ စောစောပိုင်းတုန်းက၊ 00:03:17.989 --> 00:03:19.954 ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ စမတ်တုန်းတွေကို ထုတ်ယူလိုက်ကြကာ 00:03:19.954 --> 00:03:22.566 မိုက်လှတဲ့ အသားညှပ်ပေါင်မုန့်ကို ဓာတ်ပုံ ရိုက်ယူခဲ့ကြတာက၊ 00:03:22.566 --> 00:03:24.311 ခင်ဗျားတို့ ဘာနဲ့တူတယ် ထင်ကြလဲ — 00:03:24.311 --> 00:03:26.527 (ရယ်မောသံများ) — 00:03:26.527 --> 00:03:28.867 အဲဒါဟာ အိုင်အိုဒိုက် ငွေဖြင့် အရောင်တင်ထားတဲ့ ကြေးနီပြားဆီကို 00:03:28.867 --> 00:03:31.443 ပုံတစ်ပုံကို အလင်းထိုးပေး ရိုက်ယူခြင်းနဲ့စာရင် များစွာမှ လွယ်ခဲ့တယ် မဟုတ်ပါလား? 00:03:31.443 --> 00:03:33.515 ကျွန်မ ဆိုလိုချင်တာက ဓာတ်ပုံပညာကရော မိုက်တဲ့အရာ မဟုတ်ပါလား? 00:03:33.515 --> 00:03:35.405 ဟုတ်ကဲ့၊ ဓာတ်ပုံပညာဟာ အရမ်းကို မိုက်တဲ့အရာပါပဲ။ 00:03:35.405 --> 00:03:37.818 D-Day လို့ အားလုံး ခေါ်ကြတဲ့ ၁၉၄၄ ခု၊ ဇွန် ၆ ရက်၊ 00:03:37.818 --> 00:03:40.186 မဟာမိတ်တပ်တွေက Normandy ဒေသမှာ ကမ်းပေါ်ကို တက်ခဲ့ကြတဲ့နေ့၊ 00:03:40.186 --> 00:03:44.282 ကမ္ဘာ့သမိုင်းထဲက အကြီးကျယ်ဆုံး ကျူးဝင်ထိုးဖောက်တိုက်ခိုက်မှုကြီးပါပဲ။ 00:03:44.282 --> 00:03:47.422 အဲဒီ D-Day ကကော မိုက်လှတဲ့ ဖြစ်ရပ်မဟုတ်ပါလား? ဟုတ်ကဲ့၊ မိုက်လှပါတယ်။ 00:03:47.422 --> 00:03:49.973 ခင်ဗျားတို့ ဒီနေ့ တစ်ခုခု စားခဲ့ကြတယ် မဟုတ်လား? စားခဲ့ကြသလား? 00:03:49.973 --> 00:03:52.301 စားခဲ့ကြတယ်ဆိုရင် ပျားကောင်းတွေကို ကျေးဇူးတင်ကြပါ၊ 00:03:52.301 --> 00:03:55.395 သီးနှံတွေကို ဝတ်မှုန်ကူးပေးသူ မရှိခဲ့ရင်၊ ကျွန်မတို့ဟာ သီးနှံတွေ ဖြစထွန်းလာခဲ့မှာ မဟုတ်ပါ၊ 00:03:55.395 --> 00:03:57.217 သီးနှံတွေ မရှိရင်၊ ကျွန်မတို့ အားလုံး သေကြရမှာပါ။ 00:03:57.217 --> 00:03:58.337 တကယ့်ကို အဟုတ်ပြောနေတာ။ 00:03:58.337 --> 00:04:00.682 ပန်းတစ်ပွင့်ဟာ သူ့ဘာသာသူ 00:04:00.682 --> 00:04:03.154 နောက်ပန်းပွင့် တစ်ပွင့်ဆီကို သွားပြီး ကာမစပ်ယှက် မရနိုင်ပါ၊ 00:04:03.154 --> 00:04:05.485 အဲဒီလို လုပ်ရနိုင်ခဲ့ရင် တကယ်မိုက်ခဲ့မှာ အမှန်ပါပဲ။ 00:04:05.485 --> 00:04:08.304 (ရယ်မောသံများ) 00:04:08.304 --> 00:04:11.242 ဒီတော့ ပျားတွေဟာ မိုက်ကြပါတယ်။ ခင်ဗျားတို့ သဘောမတူချင်ကြဘူးလား? 00:04:11.242 --> 00:04:15.198 လပေါ်ကို လူသား ဆင်းနိုင်ခဲ့ခြင်းကကော! စဉ်းစားကြည့်ကြစမ်းပါ! 00:04:15.198 --> 00:04:18.171 Apollo ၁၁ကို ခင်ဗျားတို့ မှတ်မိကြတယ် မဟုတ်လား? 00:04:18.171 --> 00:04:20.995 Wright ညီအကိုတို့က ကာရိုလီနား မြောက်ပိုင်း၊ Kitty Hawk မြို့မှာ 00:04:20.995 --> 00:04:23.605 ပျံသန်းနိုင်ခဲ့ကြတဲ့နောက်၊ ၆၆ နှစ်အကြာမှာ 00:04:23.605 --> 00:04:26.934 Neil Armstrong ဟာ မိုင် 240,000 ဝေးအောင်ပျံသန်းနိုင်ခဲ့ပါတယ်။ 00:04:26.934 --> 00:04:28.959 အဲဒါက ဒီနေရာမှနေပြီး လအထိ အကွာအဝေးပါ။ 00:04:28.959 --> 00:04:31.195 (ရယ်မောသံများ) 00:04:31.195 --> 00:04:33.549 တကယ်ပါပဲ လူသား တစ်ယောက်ရဲ့ ခြေလှမ်းလေး တစ်လှမ်းမျှသာဖြစ်ခဲ့ပေမဲ့ 00:04:33.549 --> 00:04:36.131 တကယ့်ကို မိုက်လှတဲ့ ခုန်ပျံမှုကြီးပါ! 00:04:36.131 --> 00:04:38.152 ဟုတ်ပါတယ်၊ ခင်ဗျားတို့ ထင်ကြတဲ့အတိုင်း အဲဒါဟာ မိုက်ခဲ့ပါတယ်။ 00:04:38.152 --> 00:04:41.928 Woodstock၊ ၁၉၆၉၊ Rolling Stone Magazine ရဲ့ အဆိုအရ 00:04:41.928 --> 00:04:45.097 ဒီအချက်က rock and roll ရဲ့ သမိုင်းတစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်ပါတယ်။ 00:04:45.097 --> 00:04:47.707 ထိုခေတ်တုန်းက လက်မှတ်ခဟာ ၂၄ ဒေါ်လာမျှပါ။ 00:04:47.707 --> 00:04:51.339 အခုဆိုရင် ခင်ဗျားတို့ဟာ အဲဒီလိုငွေဖြင့် တီရှပ်ကိုတောင် ဝယ်မရနိုင်ပါ။ 00:04:51.339 --> 00:04:54.459 "The Star-Spangled Banner"ကို Jimi Hendrix ကနေပြီး 00:04:54.459 --> 00:04:56.690 တီးမှုတ်ပြခဲ့တာဟာ တကယ့်ကို သမိုင်းဝင်ကြီးပါ။ 00:04:56.690 --> 00:04:59.238 အဲဒီ Woodstock ကကော မိုက်ခဲ့ပါသလား? ဟုတ်တယ်၊ မိုက်ခဲ့ပါတယ်။ 00:04:59.238 --> 00:05:01.987 ငါးမန်းကောင်တွေ! သူတို့ဟာ အစားအစာ ကွင်းဆက်ရဲ့ထိပ်ဆုံးမှာ ရှိနေကြပါတယ်။ 00:05:01.987 --> 00:05:04.424 ငါးမန်းတွေဆီမှာ သွားတွေဟာ အတန်းလိုက် အများအပြား ရှိပါတယ်၊ 00:05:04.424 --> 00:05:05.669 မေးရိုး တစ်လျှောက်မှာ ပေါက်နေတာပါ၊ 00:05:05.669 --> 00:05:09.067 အဲဒီသွားတွေဟာ သယ်ပတ်ကြိုးလိုပဲ ရွေ့လျားနိုင်ကြပါတယ်။ 00:05:09.067 --> 00:05:12.760 တစ်ချို့ငါးမန်းတွေများဆိုရင် သူတို့ တစ်သက်တာမှာ သွားပေါင်း ၃၀၀၀၀ အထိကို ဆုံးရှုံးပြောင်းလဲကြရပါတယ်။ 00:05:12.760 --> 00:05:15.357 အဲဒီအချက်က ကြောက်စရာ မိုက်လှတဲ့ အချက် မဟုတ်ပါကလား? 00:05:15.357 --> 00:05:19.103 ဟုတ်လိုက်တာ၊ ငါးမန်းတွေဟာ မိုက်လှပါတယ်! 00:05:19.103 --> 00:05:21.930 အင်တာနက်ဟာ ၁၉၈၂ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ကာ 00:05:21.930 --> 00:05:25.695 ချက်ချင်းဆိုသလို ကမ္ဘာ့ဆက်သွယ်မှု ယန္တရာကြီး ဖြစ်လာလို့ 00:05:25.695 --> 00:05:27.798 PowerPoint လို တီထွင်မှုတွေက အဲဒါတွေအားလုံးကို 00:05:27.798 --> 00:05:29.756 အင်တာနက်ဆီ တွန်းတင်ပေးလိုက်ကြတဲ့ နောက်မှာ 00:05:29.756 --> 00:05:32.580 ဆိုက်ဘေးရီးယားမှာတောင် ရှိနေသူတစ်ဦးဟာ အရက်ကိုဇိမ်ခံနေရင်း 00:05:32.580 --> 00:05:35.549 ကျွန်မတို့ရဲ့ ဟောပြောခန်းကို ကြည့်ရှုလို့ ရနိုင်ပါပြီ၊ 00:05:35.549 --> 00:05:38.303 အင်တာနက်ဟာလည်း မိုက်တဲ့ အရာတစ်ခုပါ။ 00:05:38.303 --> 00:05:40.790 နောက်ဆုံး ကျန်နေသေးတာက၊ ခင်ဗျားတို့က ဒီကိုလာပြီး 00:05:40.790 --> 00:05:43.952 အရမ်းပြောလိုကြတာက၊ ကျွန်မရဲ့ PowerPoint မိုက်တဲ့ အကြောင်းပါပဲ။ 00:05:43.952 --> 00:05:45.620 ကျွန်မက ခင်ဗျားတို့ရဲ့ အချိန်ကို ချွေတာပေးပါမယ်။ 00:05:45.620 --> 00:05:48.282 အဲဒါဟာ အမိုက်ဆုံးအရာ မဟုတ်ခဲ့ပါ၊ ဒါပေမဲ့ မှန်တဲ့အချက်က 00:05:48.282 --> 00:05:50.060 ကျွန်မ မျှော်လင့်လိုတဲ့ အချက်က အဲဒါဟာ စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ၊ 00:05:50.060 --> 00:05:53.407 ပြီးတော့ ကျွန်မတွေ့ကြုံခဲ့ဘူးသမျှ ပရိသတ်တွေထဲမှာ 00:05:53.407 --> 00:05:56.107 ခင်ဗျားတို့ဟာ နောက်ဆုံး တွေ့ဆုံခဲ့ရတဲ့ သူတွေပါပဲ။ ကျေးဇူးတင်ပါတယ်၊ မင်္ဂလာညခင်းဖြစ်ပါစေ။ 00:05:56.107 --> 00:06:00.107 (လက်ခုပ်တီးသံများ)