သင်ဟာ မိုက်လိုက်တာ (Awesome) ဆိုတဲ့စကားလုံးကို ဘယ်နှစ်ကြိမ် သုံးခဲ့ပြီးပြီလဲ တစ်ကြိမ်၊ နှစ်ကြိမ်လား ? ဒါမှမဟုတ် ဆယ့်ခုနှစ်ခေါက်လား? သင် ဘာအတွက်သုံးခဲ့တယ် ဘယ်တုန်းကး သုံးခဲ့တယ်ဆိုတာကော မှတ်မိလား? မှတ်မိမယ် မထင်ပါဘူး .. ခင်ဗျားတို့ သုံးရုံသုံးလိုက်တာပါ ဒီစကားလုံးကို တလွဲသုံးနေကြတာပါ ဒါကြောင့် ဒီနေ့ ခင်ဗျားတို့ကို မိုက်လိုက်တာ (awesome) ဆိုတဲ့စကားလုံး သုံးပုံကို ရှင်းပြချင်တယ် မကြာခင်တုန်းက ကော်ဖီဆိုင်လေးတစ်ခုမှာ ကျွန်မ ညစာစားနေတုန်း စားပွဲထိုးမလေးက ကျွန်မစားပွဲဆီကို လာမေးတယ် ဒီမှာ အရင်တုန်းက ညစာစားဖူးလားဆိုပြီး ဒါနဲ့ ကျွန်မက "အေးအေး စားဖူးတယ်" လို့ဖြေလိုက်တယ် အဲ့ဒီတော့ သူမက "သိပ်မိုက်လိုက်တာပဲ" တဲ့ စဉ်းစားကြည့်လိုက်တယ်.. တကယ်ကြီးလား တကယ့်ကို မိုက်စရာကြီးများလား.. ဒါမှမဟုတ် သူ့စားသောက်ဆိုင်မှာ ပြန်လာစားတာကို သဘောကျသွားတာလား နောက်တစ်နေ့မှာ ကျတော့ ကျွန်မလုပ်ဖော်ကိုင်ဖက်က မေးတယ် ဒီ ဖိုင်ကို PDF အဖြစ် သိမ်းဆည်းလို့ရလားတဲ့။ ဒါနဲ့ ကျွန်မက "အေး ရတာပေါ့" လို့ဖြေလိုက်တော ့သူက "မိုက်လိုက်တာ"တဲ့.. တကယ်ပါပဲ? PDF အဖြစ်နဲ့ ဘာမဆို သိမ်းနိုင်ခြင်းဟာ မိုက်စရာအချက်များလား? ကျွန်မတို့က မိုက်ုလိုက်တာ ဆိုတဲ့ စကးလုံးကို မကြာခဏ သုံးလာကြခြင်းက သိပ်ကောင်း" နဲ့ "ကျေးဇူးတင်ပါတယ်" စကားလုံးတွေကို အစားထိုး နေရာယူလာခြင်းဟာ ဝမ်းနည်းစရာပါပဲ။ Webster's အဘိဓာန်ထဲ ရှာကြည့်ကြမယ်ဆိုရင် "မိုက်လိုက်တာ"ဆိုတဲ့ စကားလုံးဟာ ချီးကျူးခြင်း နဲ့ ကြည်ညိုခြင်း ရောစပ်နေတေဲ့ ကြီးကျယ်ခမ်းနားဖွယ် စိတ်ခံစားမှုလို့ ဆိုထားပါတယ်။ ဒီတော့ အဲဒါ့ကို ဦးနှောက်ထဲ ထည့်ထားလျက်၊ ခင်ဗျားတို့ရဲ့ Quiznos အသားညှပ်ပေါင်မု့န်ရော မိုက်ခဲ့ပါသလား? ကားကို ထိုးထားခဲ့တဲ့ နေရာကျတော့ကော? အဲဒါကရော မိုက်ခဲ့ပါသလား? ဒါမှမဟုတ် တစ်နေ့တုန်းက ဂိမ်းကော? အဲဒါကရော မိုက်ခဲ့ပါသလား? အဖြေမှာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အသားညှပ်ပေါင်မုန့်ဟာ စားလို့ အရမ်းကို ကောင်းနိုင်ပါတယ်၊ ကားထားတဲ့ရုံဟာ နီးနီးလေး ဖြစ်နိုင်ပါတယ်၊ ပြီးတော့ ခုနက ဂိမ်းဟာလည်း သောက်ရမ်း ကောင်းနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ အားလုံးဟာ မိုက်စရာကြီး မဖြစ်နိုင်ပါ။ (ရယ်မောသံများ) အဲဒါကြောင့်မို့လို့ ခင်ဗျားတို့က "မိုက်လိုက်တာ" စကားလုံးကို သုံးပြီး သာမည ကိစ္စတွေကို ဖေါ်ပြဖို့ သုံးမယ်ဆိုရင်၊ ခင်ဗျားတို့ဟာ အဲဒီစကားလုံးရဲ့ စွမ်းပကားကို ထုတ်ပစ်လိုက်တာနဲ့တူပါတယ်။ စာရေးဆရာ တစ်ယောက်က၊ "ဆီးနှင်းနေ့များ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ဘောင်းဘီထဲ ငွေကို ရှာတွေ့ခြင်းဟာ မိုက်လှတဲ့ အရာတွေပါ"လို့ ဆိုပါတယ်။ (ရယ်မောသံများ) မဟုတ်ပါဘူး၊ အဲဒါ မမှန်ပါဘူး။ ကျွန်မတို့ဟာ အဲဒီငနဲကြီးအတွက် စံနှုန်းကို မြှင့်ပေးကြရပါမယ်။ (ရယ်မောသံများ) နောက်တစ်မျိုး ပြောရရင်၊ တစ်ယောက်ဆီမှာ အားလုံးရှိနေရင်၊ ထိုသူရဲ့ တန်ဖိုးဟာ ဘာမှမရှိတဲ့ သဘောပါပဲ။ အဲဒါက ဒီမှာ မြင်နေရတဲ့ jackass ဂိမ်းလိုပဲ မီးသတ်ပိုက်ထဲက ရေကို သောက်နေရသလိုပါပဲ။ အရာရာတိုင်းက မိုက်စရာကြီး ဖြစ်နေရင်၊ အတက်အကျတွေဆိုတာ ဘယ်လိုလုပ် ရှိနိုင်တော့မလဲ။ လူကြီးမင်းတို့ကို တကယ့်ကို စစ်မှန်တဲ့ မိုက်စရာ အချက်ကြီး ၁၀ ချက်ကို ဒီမှာ ဖေါ်ပြပေးလိုက်ပါတယ်။ ခင်ဗျားတို့ဟာ ရှိသမျှ အရာတွေအားလုံးကို ကိုယ့်ကျောပေါ်မှာ ထမ်းသယ်နေရတာကို စိတ်ကူးကြည့်လိုက်ပါ။ အဲဒီလိုထမ်းနေမယ့်အစား ဘီးဖြင့် လှိမ့်ဆွဲယူသွားနိုင်ရင် ပိုပြီး လွယ်ကူအဆင်ပြေခဲ့မယ် မဟုတ်ပါလား? ဟုတ်ကဲ့၊ ကျွန်မကလည်း ဘီးကို တီထွင်ဖို့ စဉ်းစားမခဲ့မှာပါ။ အဲဒီဘီးကရော၊ မိုက်စရာကြီး မဟုတ်ဘူးလားရှင်? လူကြီးမင်းတို့ အားလုံး ကျွန်မနဲ့အတူ ဖြေကြပါ။ ဟုတ်ကဲ့၊ ဘီးဟာ တကယ့်ကို မိုက်တဲ့အရာပါပဲ! မဟာ ပီရမစ်တွေဟာလည်း နှစ်ပေါင်း ၄၀၀၀ ကြာတဲ့အထိကို လူသားတို့ ဆောက်လုပ်နိုင်ခဲ့ကြတဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကြီးတွေပါ။ ဖာရိုဘုရင်ဟာ သူ့ကျွန်တွေကို သန်းပေါင်းများစွာသော ကျောက်တုံးကြီးတွေကို အဲဒီနေရာဆီကို သယ်ခိုင်းခဲ့ပြီး ဧရာမ အထိမ်းအမှတ်တွေကို ဆောက်လုပ်ခဲ့တယ်။ ဒီတော့ အဲဒီဧရာမ ပီရမစ်တွေကော မိုက်ခဲ့ကြတယ် မဟုတ်လား? မှန်ပါတယ်၊ ပီရမစ်တွဟာ မိုက်ခဲ့ကြတာ အမှန်ပါပဲ။ Grand Canyon ဆိုရင်ကော။ စဉ်းစားကြည့်ကြပါ။ ၎င်းဟာ နှစ်ပေါင်း သန်း ၈၀ နီးပါး သက်တမ်းရှိပါပြီ။ Grand Canyon ကကော မိုက်တယ် မဟုတ်လား?? ဟုတ်ကဲ့၊ Grand Canyon လည်း မိုက်လှပါတယ်။ Louis Daguerre ဟာ ၁၈၂၉ ခုနှစ်မှာ ဓာတ်ပုံကို တီထွင်ခဲ့ပါတယ်၊ ဒီနေ့ စောစောပိုင်းတုန်းက၊ ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ စမတ်တုန်းတွေကို ထုတ်ယူလိုက်ကြကာ မိုက်လှတဲ့ အသားညှပ်ပေါင်မုန့်ကို ဓာတ်ပုံ ရိုက်ယူခဲ့ကြတာက၊ ခင်ဗျားတို့ ဘာနဲ့တူတယ် ထင်ကြလဲ — (ရယ်မောသံများ) — အဲဒါဟာ အိုင်အိုဒိုက် ငွေဖြင့် အရောင်တင်ထားတဲ့ ကြေးနီပြားဆီကို ပုံတစ်ပုံကို အလင်းထိုးပေး ရိုက်ယူခြင်းနဲ့စာရင် များစွာမှ လွယ်ခဲ့တယ် မဟုတ်ပါလား? ကျွန်မ ဆိုလိုချင်တာက ဓာတ်ပုံပညာကရော မိုက်တဲ့အရာ မဟုတ်ပါလား? ဟုတ်ကဲ့၊ ဓာတ်ပုံပညာဟာ အရမ်းကို မိုက်တဲ့အရာပါပဲ။ D-Day လို့ အားလုံး ခေါ်ကြတဲ့ ၁၉၄၄ ခု၊ ဇွန် ၆ ရက်၊ မဟာမိတ်တပ်တွေက Normandy ဒေသမှာ ကမ်းပေါ်ကို တက်ခဲ့ကြတဲ့နေ့၊ ကမ္ဘာ့သမိုင်းထဲက အကြီးကျယ်ဆုံး ကျူးဝင်ထိုးဖောက်တိုက်ခိုက်မှုကြီးပါပဲ။ အဲဒီ D-Day ကကော မိုက်လှတဲ့ ဖြစ်ရပ်မဟုတ်ပါလား? ဟုတ်ကဲ့၊ မိုက်လှပါတယ်။ ခင်ဗျားတို့ ဒီနေ့ တစ်ခုခု စားခဲ့ကြတယ် မဟုတ်လား? စားခဲ့ကြသလား? စားခဲ့ကြတယ်ဆိုရင် ပျားကောင်းတွေကို ကျေးဇူးတင်ကြပါ၊ သီးနှံတွေကို ဝတ်မှုန်ကူးပေးသူ မရှိခဲ့ရင်၊ ကျွန်မတို့ဟာ သီးနှံတွေ ဖြစထွန်းလာခဲ့မှာ မဟုတ်ပါ၊ သီးနှံတွေ မရှိရင်၊ ကျွန်မတို့ အားလုံး သေကြရမှာပါ။ တကယ့်ကို အဟုတ်ပြောနေတာ။ ပန်းတစ်ပွင့်ဟာ သူ့ဘာသာသူ နောက်ပန်းပွင့် တစ်ပွင့်ဆီကို သွားပြီး ကာမစပ်ယှက် မရနိုင်ပါ၊ အဲဒီလို လုပ်ရနိုင်ခဲ့ရင် တကယ်မိုက်ခဲ့မှာ အမှန်ပါပဲ။ (ရယ်မောသံများ) ဒီတော့ ပျားတွေဟာ မိုက်ကြပါတယ်။ ခင်ဗျားတို့ သဘောမတူချင်ကြဘူးလား? လပေါ်ကို လူသား ဆင်းနိုင်ခဲ့ခြင်းကကော! စဉ်းစားကြည့်ကြစမ်းပါ! Apollo ၁၁ကို ခင်ဗျားတို့ မှတ်မိကြတယ် မဟုတ်လား? Wright ညီအကိုတို့က ကာရိုလီနား မြောက်ပိုင်း၊ Kitty Hawk မြို့မှာ ပျံသန်းနိုင်ခဲ့ကြတဲ့နောက်၊ ၆၆ နှစ်အကြာမှာ Neil Armstrong ဟာ မိုင် 240,000 ဝေးအောင်ပျံသန်းနိုင်ခဲ့ပါတယ်။ အဲဒါက ဒီနေရာမှနေပြီး လအထိ အကွာအဝေးပါ။ (ရယ်မောသံများ) တကယ်ပါပဲ လူသား တစ်ယောက်ရဲ့ ခြေလှမ်းလေး တစ်လှမ်းမျှသာဖြစ်ခဲ့ပေမဲ့ တကယ့်ကို မိုက်လှတဲ့ ခုန်ပျံမှုကြီးပါ! ဟုတ်ပါတယ်၊ ခင်ဗျားတို့ ထင်ကြတဲ့အတိုင်း အဲဒါဟာ မိုက်ခဲ့ပါတယ်။ Woodstock၊ ၁၉၆၉၊ Rolling Stone Magazine ရဲ့ အဆိုအရ ဒီအချက်က rock and roll ရဲ့ သမိုင်းတစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်ပါတယ်။ ထိုခေတ်တုန်းက လက်မှတ်ခဟာ ၂၄ ဒေါ်လာမျှပါ။ အခုဆိုရင် ခင်ဗျားတို့ဟာ အဲဒီလိုငွေဖြင့် တီရှပ်ကိုတောင် ဝယ်မရနိုင်ပါ။ "The Star-Spangled Banner"ကို Jimi Hendrix ကနေပြီး တီးမှုတ်ပြခဲ့တာဟာ တကယ့်ကို သမိုင်းဝင်ကြီးပါ။ အဲဒီ Woodstock ကကော မိုက်ခဲ့ပါသလား? ဟုတ်တယ်၊ မိုက်ခဲ့ပါတယ်။ ငါးမန်းကောင်တွေ! သူတို့ဟာ အစားအစာ ကွင်းဆက်ရဲ့ထိပ်ဆုံးမှာ ရှိနေကြပါတယ်။ ငါးမန်းတွေဆီမှာ သွားတွေဟာ အတန်းလိုက် အများအပြား ရှိပါတယ်၊ မေးရိုး တစ်လျှောက်မှာ ပေါက်နေတာပါ၊ အဲဒီသွားတွေဟာ သယ်ပတ်ကြိုးလိုပဲ ရွေ့လျားနိုင်ကြပါတယ်။ တစ်ချို့ငါးမန်းတွေများဆိုရင် သူတို့ တစ်သက်တာမှာ သွားပေါင်း ၃၀၀၀၀ အထိကို ဆုံးရှုံးပြောင်းလဲကြရပါတယ်။ အဲဒီအချက်က ကြောက်စရာ မိုက်လှတဲ့ အချက် မဟုတ်ပါကလား? ဟုတ်လိုက်တာ၊ ငါးမန်းတွေဟာ မိုက်လှပါတယ်! အင်တာနက်ဟာ ၁၉၈၂ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ကာ ချက်ချင်းဆိုသလို ကမ္ဘာ့ဆက်သွယ်မှု ယန္တရာကြီး ဖြစ်လာလို့ PowerPoint လို တီထွင်မှုတွေက အဲဒါတွေအားလုံးကို အင်တာနက်ဆီ တွန်းတင်ပေးလိုက်ကြတဲ့ နောက်မှာ ဆိုက်ဘေးရီးယားမှာတောင် ရှိနေသူတစ်ဦးဟာ အရက်ကိုဇိမ်ခံနေရင်း ကျွန်မတို့ရဲ့ ဟောပြောခန်းကို ကြည့်ရှုလို့ ရနိုင်ပါပြီ၊ အင်တာနက်ဟာလည်း မိုက်တဲ့ အရာတစ်ခုပါ။ နောက်ဆုံး ကျန်နေသေးတာက၊ ခင်ဗျားတို့က ဒီကိုလာပြီး အရမ်းပြောလိုကြတာက၊ ကျွန်မရဲ့ PowerPoint မိုက်တဲ့ အကြောင်းပါပဲ။ ကျွန်မက ခင်ဗျားတို့ရဲ့ အချိန်ကို ချွေတာပေးပါမယ်။ အဲဒါဟာ အမိုက်ဆုံးအရာ မဟုတ်ခဲ့ပါ၊ ဒါပေမဲ့ မှန်တဲ့အချက်က ကျွန်မ မျှော်လင့်လိုတဲ့ အချက်က အဲဒါဟာ စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ၊ ပြီးတော့ ကျွန်မတွေ့ကြုံခဲ့ဘူးသမျှ ပရိသတ်တွေထဲမှာ ခင်ဗျားတို့ဟာ နောက်ဆုံး တွေ့ဆုံခဲ့ရတဲ့ သူတွေပါပဲ။ ကျေးဇူးတင်ပါတယ်၊ မင်္ဂလာညခင်းဖြစ်ပါစေ။ (လက်ခုပ်တီးသံများ)